ဆွီဒင်အကယ်ဒမီသည် တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်ကို ယခုနှစ် စာပေနိုဘယ်ဆုရှင် အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အာရှိနွယ်ဖွား အမျိုးသမီးတစ်ဦးကို စာပေလောက၏ ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဟန်ကန်ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ ဖခင်သည် ကျော်ကြားသောဝတ္တုရေးဆရာ ဖြစ်သောကြောင့် စာပေမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။