မီဒီယာများက ကိုယ်စားလှယ်ဆန္ဒမဲ ၂၇၀ ထက် မနည်းရရှိမည်ဟု ခန့်မှန်းခဲ့ပြီးနောက် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပြိုင်ပွဲတွင် မိမိအနိုင်ရရှိခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်အစောပိုင်းက ကြေညာ ခဲ့သည်။
အမေရိကန်သမ္မတရာထူးကို ရရှိရန် ကိုယ်စားလှယ်ဆန္ဒမဲအနည်းဆုံး ၂၇၀ လိုအပ်သည်။
ဖလော်ရီဒါ West Palm Beach ရှိ ၎င်း၏ ရွေးကောက်ပွဲရုံးချုပ်၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကို ကုစားရန် ကတိပေးခဲ့သလို အမေရိကန်-မက္ကဆီကို နယ်စပ်ကိုလည်း ပြင်ဆင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။