တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စေဈးကွက်ဝင်ရေချို ငါးသားပေါက်များ ကို သက်သာသောစေဈးနှုန်းများဖြင့် ရောင်းချပေးမည်
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စျေးကွက်ဝင်ရေချိုငါးသားပေါက်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ ပြန်လည်ထည့်သွင်း မွေးမြူကြမည်ဖြစ်သဖြင့် ကျန်းမာသန်စွမ်းပြီး ကြီးထွားနှုန်းကောင်းမွန်သည့် ငါး သားပေါက်များကို ထည့်သွင်းမွေးမြူ၍ ဝင်ငွေတိုးတက်ရရှိစေရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ ကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ငါးတန်၊ ရေချိုငါးမုတ် စသည့်ဈေးကွက်ဝင်ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ် သည်။
ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်း ၀၉-၇၉ ၁၀၉၅၀၆၀၊ ရန်ကုန်လှော်ကားငါးလုပ်ငန်း စခန်း ၀၉-၇၈၃၇၈၈၁၆၃၊ လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်း ၀၉-၄၂၈၅၀၆၂၀၀၊ ပဲခူး ငါးလုပ်ငန်းစခန်း ၀၉-၄၂၅၃၀၀၅၆၈၊ မန္တလေး သရက်ကုန်းငါးလုပ်ငန်းစခန်း ၀၉- ၄၅၆၀၀၃၀၂၇၊ သထုံငါးလုပ်ငန်းစခန်း ၀၉-၇၉၃၄၅၅၀၀၈၊ ပုသိမ်ငါးလုပ်ငန်း စခန်း ၀၉-၇၈၇၉၈၀၆၀၆ နှင့် မအူပင် တလုပ်လှငါးလုပ်ငန်းစခန်း ၀၉-၇၈၁၅-၉၂၀၀၃ တို့သို့ ဆက်သွယ်စုံစမ်းဝယ်ယူနိုင် မည်ဖြစ်သည်။
ထို့ပြင် စိတ်ပါဝင်စားသောငါးမွေးမြူ သူများ၊ လုပ်ငန်းရှင်များအနေဖြင့် ငါး လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုး သားဖောက်သင်တန်းများကိုတက် ရောက်နိုင်ကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများ၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်း ဦးစီးဌာန မွေးမြူရေးဌာနခွဲ(နေပြည်တော်) ဖုန်း- ၀၆၇-၄၀၈၄၇၆ နှင့် ၀၆၇- ၄၁၈၅၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန သည် ပြည်တွင်းငါးစားသုံးမှုတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေး၊ ငါးမွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ငါးသားပေါက် များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသကဲ့သို့ ရေအရည်အသွေး တိုင်းတာစစ်ဆေးပေးခြင်း၊ ငါးရောဂါ ရှာဖွေစစ်ဆေးပေးခြင်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
Source: https://myawady.net.mm/eco