တရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ ရုရှား၊ အီရန်ထံမှ ရေနံ ဝယ်ယူမှုများ ပါဝင်လာနိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေး အကြီးအကဲက ပြောကြား

ထရမ့်အစိုးရအဖွဲ့သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အလျင်စလို ဖျက်သိမ်းမှု ပြုလုပ်ရန် မရှိသော်လည်း၊ နှစ်နိုင်ငံစလုံးသည် လာမည့်လ အခွန်စည်းကြပ်မှု သက်တမ်း မကုန်ဆုံးမီဆွေးနွေးမှုများ ပြုလုပ်နေသောကြောင့် ဆွေးနွေးပွဲများသည် “ကောင်းမွန်သည့် အခြေအနေ၌ ရှိနေပါသည်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က  တနင်္လာနေ့ (ဇူလိုင် ၂၁)က ပြောကြားလိုက်ပါကြောင်း ဇူလိုင် ၂၂ ရက်နေ့ ထုတ် South China Morning Post သတင်းတွင် ဖော်ပြပါရှိပါသည်။

CNBC ၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Bessent က တရုတ်၏ ရုရှားနှင့် အီရန်တို့ထံမှ ရေနံဝယ်ယူနေခြင်းကို ထည့်သွင်းဆွေးနွေးသွားရန် ရည်ရွယ်ကြောင်း၊ “မိမိအနေဖြင့် ကုန်သွယ်မှုသည် အခြေအနေကောင်းတွင်ရှိပြီဟု ထင်ပါသည်” ဟု ပြောကြားခဲ့ပြီး ထရမ့် အစိုးရအနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက် အရည်အသွေးထက်၊ သတ်မှတ်ချိန် အတွင်း ပြီးစီးရေးကို အလေးထား ပူပန်လျက်ရှိကြောင်း၊ “အခု မိမိအထင်တော့ အခြား အကြောင်းအရာ တွေကို စတင်ဆွေးနွေးနေကြပါပြီ” ဟု ၎င်းက ထပ်လောင်း ပြောကြားပါ သည်။

ကမ္ဘာ့ကုန်သွယ်မှု စီးပွားရေး အင်အား အကြီးမားဆုံးနှစ်နိုင်ငံသည် ဧပြီနှင့်မေလများအတွင်း အကောက်အခွန်နှုန်းထား ဂဏန်းသုံးခုအထိ အပြန်အလှန် တိုးမြှင့်၍ ကုန်သွယ်မှု စစ်ဖြစ်ခဲ့ ပါသည်။ 

သို့ရာတွင် Bessent နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့အကြား ဂျီနီဗာနှင့် လန်ဒန်တို့၌ ဆွေးနွေးခဲ့အပြီး‌င့် တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့၊ ဝါရှင်တန်အား အကြီးမားဆုံးသော ၊ သတ်မှတ်ချိန်ကို ဦးစားပေး ပူပန်ည့်လ အခွန်စည်းကြပ်မှု၊ ဝါရှင်တန်နှင့် ပေကျင်းတို့သည် ယာယီအားဖြင့် အနိမ့်ဆုံး အကောက်အခွန်နှုန်းထားဖြင့် ဩဂုတ်လလည်အထိကောက်ခံ၍  ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက် ရှိကြပါသည်။

ဇွန်လ အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ဝန်ကြီးချုပ် ရှီကျင့်ဖျင်ထံ ဖုန်းခေါ်ဆိုမှုပြုလုပ်၍ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ခဲ့ပါသည်။ ထို့အတူတရုတ်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည်လည်း ယခုလအတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပါသည်။

သို့သော်လည်း Bessent ၏ နောက်ဆုံးမှတ်ချက်များအရ ဆွေးနွေးပွဲများ၏ အာရုံစိုက်မှုသည် အခွန်ကောက်ခံမှုမှ ပထဝီဝင်နိုင်ငံရေးအဖြစ်၊ မော်စကို၊ တီဟီရန်တို့နှင့် ပေကျင်း၏ ဆက်ဆံရေးအပေါ်သို့ ကူးပြောင်းနေကြောင်း အချက်ပြနေပါသည်။  “တရုတ်သည် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် အီရန်နိုင်ငံနှင့် ရုရှားတို့ထံမှ ရေနံအမြောက်အများ ဝယ်ယူသူဖြစ်နေခြင်းသည် အလွန်ဆိုးဝါးသည့်အချက်ဖြစ်ပါသည်၊ မိမိတို့အနေဖြင့် အဆိုပါအချက်နှင့် စပ်လျဉ်းပြီး စတင်ဆွေးနွေးရမည်” ဟု ပြောကြားပါသည်။

ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးက ယင်းအပေါ် ချက်ချင်းတုန့်ပြန်မှုမရှိသေးပေ။ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က မကြာသေးမီက  အမေရိကန်နှင့်တရုတ်ခေါင်းဆောင်တို့  တွေ့ဆုံမှုသည် အနာဂတ်တွင် အဆင့်မြင့် အရာရှိများ အကြား ဆွေးနွေးပွဲအတွက် အလားအလာဖြစ်ပါသည်။  “မိမိတို့သည်  တရုတ်နှင့် အမေရိကန်အကြား တည်ငြိမ်သာယာ၍ စဉ်ဆက်မပြတ်တိုးတက်နေစေရေး၊ သာတူညီမျှ စိတ်နှင့် အပြန်အလှန် လေးစားစိတ်ရှိသည့် စီးပွားရေးနှင့် ကုန်သွယ်ဆက်ဆံမှုဖြစ်ရန် ညှိနှိုင်းဆွေးနွေးရေးအတွက် ယန္တရားတစ်ခု ထူထောင်ရန်လိုပါကြောင်း” Liu က ပြောကြားပါသည်။

၂၀၂၅ ဒုတိယသုံးလပတ်အတွင်း တရုတ်မှ အမေရိကန်သို့ ပို့ကုန်တန်ဖိုးသည် ယမန်နှစ် ကထက် ၂၄ ရာခိုင်နှုန်းလျော့ကျခဲ့ပါသည်။ ရုရှားနှင့် အီရန်တို့ထံမှ ရေနံနှင့် စွမ်းအင် ထွက်ကုန်များ အဓိက ဝယ်ယူနေသည့် တရုတ်နိုင်ငံကို အနောက်နိုင်ငံများက မော်စကိုနှင့် တီဟီရန်ထံမှ ယင်းသို့ ဝယ်ယူခြင်းဖြင့် နိုင်ငံတကာမှ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားခြင်း အပေါ် ယင်းနိုင်ငံများက ခုသာခံသာရှိစေရန် ကူညီနေခြင်းဖြစ်သည်ဟု ပေကျင်းကို စွပ်စွဲ လျက်ရှိပါသည်။ 

တရုတ်နိုင်ငံသည် ရုရှားထံမှ စွမ်းအင်ဝယ်ယူတင်သွင်းနေပြီး၊ ယင်းသည် ရုရှား၏ အသက်သွေးကြောဖြစ်ကာ၊ ယူကရိန်းအပေါ် ကျူးကျော်သည်ဟုစွပ်စွဲချက်ဖြင့် ပိတ်ဆို့ ကန့်သတ် ထားကြခြင်းဖြစ်ပါသည်။ ရှန်ဟိုင်းရှိ Fudan University မှ နိုင်ငံတကာလေ့လာရေး ပရော်ဖက်ဆာ Xin Qiang က ပေကျင်းအနေဖြင့် အမေရိကန်က ကုန်သွယ်ရေး ဆွေးနွေးမှု တွင် အခြား အကောက်အခွန်ဆိုင်ရာ ကိစ္စများထက်၊ ယင်းကိစ္စကို “ထည့်သွင်း” ဆွေးနွေး ခြင်းကို မကြိုက်နှစ်သက်ကြောင်း “မိမိအနေဖြင့် ပေကျင်းသည် တရုတ်၏ ရုရှားနှင့် အီရန်တို့ထံမှ ရေနံဝယ်ယူ နေခြင်းအပေါ် အခြားတစ်နည်းဖြင့်ဆောင်ရွက်ရန် ဝါရှင်တန်ကို အကြံပြုလိမ့်မည်ဟု ထင်ကြောင်း” ပြောကြားပါသည်။

တနင်္လာနေ့က “မည်သည့်နိုင်ငံမဆို အရေးယူပိတ်ဆို့ထားသည့် ရုရှားရေနံကို ဆက်လက် ဝယ်ယူနေလျှင် ဒုတိယအနေဖြင့် အခွန်အကောက် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်” ဟု Bessent က ပြောကြားပါသည်။

ယခင်ရက်သတ္တပတ်က ထရမ့်က ရုရှားကို ရက် ၅၀ အတွင်း ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သို့မဟုတ်ပါက ကြီးမားသည့် စီးပွားရေးပိတ်ဆို့မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ရာဇသံ ပေးခဲ့ပါသည်။ 

Ref: South China Morning Post

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

Subject-Image

  • တရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ ရုရှား၊ အီရန်ထံမှ ရေနံ ဝယ်ယူမှုများ ပါဝင်လာနိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေး အကြီးအကဲက ပြောကြား

Posted-Date