ကျုံပျော်မြို့နယ်၌ ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်နေ
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ကုလားပဲများအရောင်း အဝယ်ကောင်းမွန်နေကြောင်း ကျုံပျော် မြို့နယ်မှပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်မာမာအေး၏ ပြောပြချက်အရ သိရသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလတတိယပတ်မှစ၍ ကုလားပဲများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်သည်။
''ကုလားပဲတွေက အရင်ထက် အရောင်းအဝယ် ကောင်းလာပါတယ်။ ပြည်တွင်း စားသုံးမှုအားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ် ကောင်းလာတာပါ။ လက်ရှိ အရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲတွေက လက်ကျန်ပဲအဟောင်းတွေပါ။ အရောင်း အဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်သူတွေအလုပ်အကိုင်အခွင့်အလမ်းရရှိလာပါတယ်။ လက်ရှိ ဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါဝယ်လိုအားကောင်းနေပါတယ်'' ဟုဒေါ်မာမာအေး ကပြောသည်။
ကျုံပျော်မြို့နယ်၌ ကုလားပဲအပါအဝင် တခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
Source: https://myawady.net.mm/eco