တံတားဦးမြို့နယ်တွင် ဝါးထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဝါးထရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူများထံမှ သိရသည် ။

ဝါးအမျိုးအစားမှာ အမျိုးမျိုးရှိပြီး  ထရံယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားကိုသာ အဓိကသုံးစွဲကြကြောင်းနှင့် အနံ(၆)ပေ ၊ အလျား(၁၅)ပေ ၊ရိုးရိုးထရံတစ်ချပ်ယက်လုပ်မည်ဆိုပါက တင်းဝါး(၁၀)လုံး အသုံးပြုရကြောင်း၊ ကုန်ကျမှုအနေဖြင့် လုပ်အားခအပါအဝင် ငွေကျပ်(၄)သောင်း ကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ်(၇) သောင်း ကျော် ရရှိကြောင်း ၊ ပုံစံဒီဇိုင်းများ ၊ ဝါးအကြောများဖြင့် လုပ်ထားသော နှီးပူးဝါးထရံ အမျိုးအစားများ ယက်လုပ် ရောင်းချပါက ရောင်းဈေးပို၍ရရှိသဖြင့် ဝင်ငွေပို၍ရရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူ ကူတိုးဆိပ်ကျေးရွား သရဖူဝါးရောင်းဝယ်ရေး လုပ်ငန်းပိုင် ဦးထွန်းထွန်းထံမှ သိရသည် ။ 

ဝါးထရံများ ယက်လုပ်ရာတွင် ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအားရေဝအောင်စိမ်ထားရကြောင်း၊ ရေမစိမ်သည့် ဝါးများဖြင့် ယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှု မရှိကြောင်း၊ ဝါးထရံ ဝယ်ယူများ အနေဖြင့် ရေစိမ်ဝါးဖြင့်ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်းနှင့် ဝါးထရံ ယက်လုပ်မည် ဆိုပါက ရေစိမ်ဝါးရောင်းချသူများထံမှ အများဆုံးဝယ်ယူပြီး ထရံယက်လုပ်ရောင်းချကြောင်း သိရသည်။    

ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)

 

Subject-Image

  • တံတားဦးမြို့နယ်တွင် ဝါးထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

Posted-Date