ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ယမန်နေ့မှအဆက်

အီးအမ်မြေဆွေးသည် အကျိုးပြုအဏုဇီဝသက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြုလုပ်၍ရရှိသော မြေဆွေးဖြစ်သည်။ အီးအမ်မြေဆွေးပုံပြုလုပ်ရန်အတွက် ပထမဦးစွာ အသင့်သုံးအီးအမ်ဖျော်ရည်ပြုလုပ်ရမည်ဖြစ်သည်။ အသင့်သုံးအီးအမ်ဖျော်ရည်ရရှိရန်အတွက် အီးအမ်အပြင်း တစ်ဆ၊ တင်လဲရည် လေးဆ အား ရေ ၉၅ ဆ ဖြင့် ရောစပ်ရမည်။ ယင်းတို့ကိုရောစပ်ပြီး သမအောင်လှုပ်ပေးပြီးနောက်  လေလုံအောင် ပိတ်ထားရမည်။ ရောစပ်ပြီး သုံးရက်အကြာတွင် မူလအမည်းရောင်မှ အဝါရောင်သို့ ပြောင်းသွားမည်။ အဝါရောင်ပြောင်းပြီး ခုနစ်ရက်မှ   ၁၀  ရက်အတွင်း  သုံးစွဲရမည်ဖြစ်သည်။

အီးအမ်မြေဆွေးပြုပုံအဆင့်ဆင့်မှာ-

(က)   ဖျော်စပ်ထားသည့် အသင့်သုံးအီးအမ်ဖျော်ရည် တစ်ဆ (တစ်လီတာ) + တင်လဲရည် တစ်ဆ (တစ်လီတာ) + ရေ ၉၈ ဆ ( ၂၀ ဂါလန်)တို့ကို ရောစပ်ဖျော်၍ မြေဆွေးပုံပြုလုပ်ရာတွင် အသုံးပြုရမည်။ လယ်ယာစွန့်ပစ်ပစ္စည်းများအား ၎င်းအရည်တွင် စိမ်နှစ်၍ ဆယ်ယူစုပုံပေးပါ။ သို့မဟုတ် လယ်ယာစွန့်ပစ်ပစ္စည်းများအား အလျား ၆ ပေ၊ အနံ ၃ ပေ၊ ထု ၆ လက်မခန့် တစ်လွှာပြုလုပ်ပါ။  ၆ လက်မ အထူရရှိရန် ဖြန့်ခင်းပြီး သိပ်သည်းမှုရှိစေရန် လူဖြင့်နင်းရမည်။

(ခ)     ထို့နောက် နွားချေး ရှစ်ပြည် ဖြူးပေးပြီး မြေဆွေးပြုလုပ်ရန် ဖျော်စပ်ထားသည့် အီးအမ်ဖျော်ရည် ၃ ဂါလန်ခန့်ကို နှံ့စပ်စွာဖျန်းပေးပါ။

(ဂ)     ဤနည်းစဉ်အတိုင်း အလွှာခြောက်လွှာပြုလုပ်ပြီး မြေဆွေးပုံအမြင့် ၃ ပေခန့်အထိပြုလုပ်ပါ။

(ဃ)   ထို့နောက် မြေဆွေးပုံအတွင်း ရေမဝင်စေရန်နှင့် အပုံအား အခြားလူ/တိရစ္ဆာန် ဖျက်ဆီးမှုမဖြစ်စေရန်အတွက် ပလတ်စတစ် သို့မဟုတ် အခြားစွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လေလုံအောင်ဖုံးပေးရမည်။

(င)     ခုနစ်ရက်မှ  ၁၀ ရက်အတွင်း တစ်ဝက်တစ်ပျက်ဆွေးမြည့်စပြုချိန်တွင် သီးနှံစိုက်ခင်းပြုပြင်ချိန်၌ ထည့်သွင်းသုံးစွဲနိုင်သည်။ နှစ်ရှည်ပင်၊  ဟင်းသီးဟင်းရွက်နှင့်   ဥယျာဉ်ခြံသီးနှံပင်များတွင်  အစိုဓာတ်ရှိချိန်၌ ထည့်သွင်း၍  မြေဖုံးပြုလုပ်ပေးနိုင်သည်။

(ခ) ဒိုချက်ကင်(Dochakin) သဘာဝမြေဩဇာပြုလုပ်ခြင်း

သဘာဝသစ်တောမြေများသည် အဏုဇီဝသက်ရှိပါဝင်မှုများသောကြောင့် မြေဆီဩဇာထက်သန်သော မြေများဖြစ်သည်။ မိမိတို့ ဒေသအတွင်းရှိ သဘာဝသစ်တောမြေ၊  ဝါးရုံတောမြေများတွင်ပါဝင်နေသည့်  အဏုဇီဝပိုးများကို   မွေးမြူပွားများပြီး  စိုက်ခင်းတွင်ပြန်လည်အသုံးပြုနိုင်သော  အဏုဇီဝမြေဩဇာကို  ဂျပန်ဘာသာဖြင့် ဒိုချက်ကင်ဟု  ခေါ်ဆိုကြခြင်းဖြစ်သည်။ အဏုဇီဝသက်ရှိများကို မွေးမြူရာတွင် သာမန်သစ်ပင်များထက် ဝါးရုံပင်အောက်နှင့်  ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောသစ်ပင်အောက်များရှိ အဏုဇီဝများဖြင့် ပြုလုပ်ပါက ပိုမိုကောင်းမွန်သော ဒိုချက်ကင်ကို ရရှိမည်ဖြစ်သည်။

ဒိုချက်ကင်ကိုအသုံးပြုခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ မဆွေးမြည့်သောအပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီး အပင်အတွက် အာဟာရဓာတ်အဖြစ်ပြောင်းလဲရရှိစေခြင်း၊ မြေဆီလွှာအတွင်း လေဝင်လေထွက်၊ ရေဝင်ရေထွက်ကောင်းမွန်စေပြီး သီးနှံများကောင်းစွာဖွံ့ဖြိုးကြီးထွားစေခြင်း၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဝက်ချေးများတွင် ရောဂါ/ပိုးမွှားများ ပါဝင်လာပါက  မြေဆွေးပုံပြုလုပ်စဉ်  အပူချိန်ကြောင့် နှိမ်နင်းပြီး ဖြစ်သဖြင့်   ရောဂါ/ပိုးမွှားကင်းစင်သော  သဘာဝမြေဩဇာကောင်းများရရှိစေခြင်း၊    အာဟာရဓာတ်နည်းပါးစေပြီး  စေးလွန်းသော/ ကြမ်းလွန်းသောမြေများကိုကောင်းမွန်စေပြီး      အာဟာရဓာတ်ထက်သန်လာစေခြင်း   စသည့်အကျိုးကျေးဇူးများကို   ရရှိစေနိုင်သည်။

ဒိုချက်ကင်ပြုလုပ်ရာတွင် ပထမအဆင့်တွင် ဒိုချက်ကင်အဏုဇီဝမွေးမြူရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒိုချက်ကင်သဘာဝမြေဩဇာပြုလုပ်ရမည် ဖြစ်သည်။

ဒိုချက်ကင်အဏုဇီဝမွေးခြင်း

လိုအပ်သောပစ္စည်းများ-

(၁) ဝါးရုံတောမြေ / သစ်တောမြေဆွေး

(၂) တင်လဲရည် (သို့) ထန်းလျက်

(၃) ဖွဲနု

(၄) နွားချေး၊ ဝက်ချေး၊ ကြက်ချေး

(၅) ကောက်ရိုး၊ ပေါင်းမြက်များ

(၆) စပါးခွံ

ဒိုချက်ကင်မွေးမြူရန် ဝါးရုံပင်(သို့)သစ်ပင်အောက်များတွင် လူတို့ မီးမရှို့၊ ပြုပြင်ခြင်းမရှိ၊ တူးဆွထားခြင်းမရှိသည့်နေရာမှ အကျယ် ၃ ပေ ရှိသည့်နေရာမှ  အပေါ်ယံမြေသား ၅-၆ လက်မကို တူးဆွခြေမွရမည်။ ဖွဲနု တစ်ပြည်ခန့်ကို တူးဆွထားသည့် မြေများနှင့် ရောစပ်ရမည်။ တင်လဲရည်  တစ်ပုလင်း( ထန်းလျက် ၅၀ ကျပ်သား)အား ရေ ၃ ဂါလန်ဖြင့် ရော၍ဖျော်ပါ။ ထို့နောက် ဖွဲနုနှင့်မြေရောစပ်ထားသည့် အပုံပေါ်သို့ တင်လဲရည်ဖျန်းပြီး မွှေပေးရမည်။ ရေအား လိုအပ်သလိုဖျန်းပေးနိုင်ပြီး ရေနည်းလွန်းခြင်း၊ များလွန်းခြင်းမဖြစ်စေရပါ။ ရောစပ်ထားသည့်ဖွဲနုနှင့် မြေအရောအပေါ်တွင် သစ်ရွက်ခြောက်(သို့)ဝါးရွက်ခြောက်များနှင့် ဖုံးထားပြီး အပေါ်မှ မြွေရေခွံအိတ်များဖြင့် ထပ်မံဖုံး၍ သုံးညအိပ်ထားရမည်။  လေးရက်မြောက်သောနေ့တွင် အနံ့သင်းသောအဖြူရောင်မှိုမျှင်များတွေ့ရှိရမည်ဖြစ်ပြီး ၎င်းမြေများကို ဒိုချက်ကင်အဖြစ် အိတ်များဖြင့် စုဆောင်းသိမ်းဆည်းထားပြီး လိုအပ်သလိုအသုံးပြုနိုင်သည်။ ရရှိလာသော ဒိုချက်ကင်အဏုဇီဝအား စိုက်ခင်းတွင် ပမာဏအများအပြားအသုံးပြုလိုပါက ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ပြီး သုံးစွဲနိုင်သော်လည်း ဒိုချက်ကင်အဏုဇီဝမွေးမြူပြီး တစ်ပတ်အတွင်း‌ပြုလုပ်ရန်လိုအပ်သည်။

ဒိုချက်ကင်အသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်ခြင်း

ဒိုချက်ကင်သဘာဝမြေဩဇာပုံပြုလုပ်မည့် နေရာအား ညီညာပြန့်ပြူးပြီး အရိပ်ရ၍ ရေမဝပ်သောနေရာတွင် ရွေးချယ်ပြုလုပ်သင့်သည်။

(၁)     စပါးခွံကို ၆ ပေပတ်လည်နှင့် ၃ လက်မအထူရအောင်ဖြန့်ခင်း၍ ရေဖျန်းပေးပါ။

(၂)     ထို့နောက် ကောက်ရိုး/သီးနှံအကြွင်းအကျန်များကို ၆ လက်မ ခန့် ဖြန့်ခင်း၍ သိပ်သည်းစေရန် လူဖြင့်နင်းပါ။

(၃)     ယင်းအပေါ်မှ နွားချေး/ကြက်ချေး/ဝက်ချေး တိရစ္ဆာန်ချေးများကို ၆ လက်မ ဖြန့်ခင်းပါ။

(၄)     ယင်းနောက် ဒိုချက်ကင်များကို ပါးပါးဖြူးပေးပါ။

(၅)     အလွှာတစ်လွှာခင်းပြီးတိုင်း အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။

(၆)     စပါးခွံ၊ ကောက်ရိုးနှင့် နွားချေးအလွှာများသည် တစ်ထပ်ဖြစ်သည်။ အဆိုပါနည်းအတိုင်း အထပ် လေးထပ်၊ အမြင့် ၄ ပေခန့်ရှိသည့် မြေဆွေးပုံရရှိလာပါက အပေါ်ဆုံးမှ စပါးခွံများဖြင့် ဖုံးအုပ်ပေးပါ။

(၇)     မြေဆွေးပုံအား အစိုဓာတ်လိုအပ်ပါက ရေထပ်မံဖျန်းပေးရန် လိုအပ်သည်။

(၈)     ၃-၄ ပတ်ကြာလျှင် အတွင်းအပြင်သမစေရန်အပုံပြောင်းပြီး ရေဖျန်းပေးပါ။  ပထမအကြိမ် အပုံပြောင်းပြီး နှစ်ပတ်ကြာလျှင် ထပ်မံ၍ အပုံပြောင်းပေးရမည်။

(၉)     ဒိုချက်ကင်မြေဆွေးပြုလုပ်ပြီး နှစ်လအကြာတွင် စိုက်ခင်းအတွင်း အသုံးပြုနိုင်သော သဘာဝမြေဩဇာရရှိနိုင်ပြီဖြစ်သည်။

(၃) အဏုဇီဝအားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)

(က) စပါးခွံမီးသွေး

လယ်ယာသီးနှံများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထွက်ရှိလာသည့် လယ်ယာစွန့်ပစ်ပစ္စည်းများ (စပါးခွံ၊ ပြောင်းရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပဲခွံ) များအား မီးသွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းအားဖြင့် အပင်ကြီးထွားမှုကောင်းစေပြီး သီးနှံအထွက်နှုန်းကိုတိုးတက်စေကြောင်းကို ဂျပန်နိုင်ငံအစိုးရမဟုတ်သော စိမ်းလန်းမြေအဖွဲ့မှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင်   စမ်းသပ်ခဲ့သော   နည်းပညာတစ်ခုဖြစ်သည်။ လယ်ယာစွန့်ပစ်ကုန်ကြမ်းများ၊ စပါးခွံများပြားစွာရရှိနိုင်သောဒေသများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သောနည်းပညာတစ်ခု ဖြစ်သည်။

စပါးခွံမီးသွေးပြုလုပ်ခြင်း

(၁)     ၁၀ 5  ၁၀ 5  ၁၅ လက်မ အရွယ်ခန့်ရှိ အပေါက်ငယ်ဖောက်ထားသော  လေးထောင့်သံပုံးငယ်ကို ခေါင်းတိုင်တစ်ခုတပ်ဆင်ပါ။ ခေါင်းတိုင်သည် ချွတ်နိုင်တပ်နိုင်သော အနေအထားဖြစ်ရမည်။

(၂)     သံပုံးပေါ်တွင် စပါးခွံများကို စုပုံပါ။

(၃)     ထိုပုံးထဲသို့ လောင်စာအဖြစ် စက္ကူစများထည့်ပါ။

(၄)     စက္ကူစများကို မီးရှို့ပြီးနောက် ခေါင်းတိုင်ကို ပြန်ဖုံးပေးပါ။

(၅)     လိုအပ်ပါက ဂေါ်ပြားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်ခန့် လှန်ပေးပါ။

(၆)     အပေါ်ယံအထိမည်းလာပါက ရေလောင်းပေးပြီး မီးငြှိမ်းသတ်ကာ စပါးခွံဖွဲပြာပုံကိုအအေးခံ၍ စိုက်ခင်းထဲသို့ အသုံးပြုနိုင်သည်။

စပါးခွံမီးသွေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-

(၁)     မြေချဉ်ငန်ဓာတ်ကိုထိန်းညှိပြီး ရေထိန်းစွမ်းအားကိုကောင်းစေခြင်း

(၂)     မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိကောင်းလာစေခြင်း

(၃)     ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း

(၄)     မြေဆီလွှာအတွင်းကာဗွန်ပမာဏတိုးမြင့်စေပြီးပိုတက်စီယမ်၊မဂ္ဂနိနှင့် အနည်းလိုအာဟာရဓာတ် များရရှိစေခြင်း

(၅)     မြေဆီလွှာအတွင်း အာဟာရဓာတ်များရွေ့လျားပျောက်ဆုံးခြင်းမှ ကာကွယ်ပေးခြင်း

(၆)     မြေဆီလွှာမှထွက်သောအနံ့ဆိုးများနှင့် လေထုပတ်ဝန်းကျင်ကို သန့်ရှင်းစေခြင်းတို့ဖြစ်သည်။

(ခ) ငါးအမိုင်နိုအက်စစ်

ငါးအမိုင်နိုအက်စစ်သည် နိုက်ထရိုဂျင်ရရှိရန် အရင်းအမြစ်တစ်ခုဖြစ်ပြီး   သီးနှံပင်များကြီးထွားဖွံ့ဖြိုးရန်အတွက်  အပင်အာဟာရဓာတ်အမြောက်အမြား   ပါဝင်သည်။  ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း အဆင့်ဆင့်မှာ-

(၁)     ငါးအမိုင်နိုအက်စစ်ပြုလုပ်ရာတွင် ငါးအစို/ ငါးဘေးထွက်ပစ္စည်းများ တစ်ပိဿာအား ရေပြောင်အောင်ဆေး၍ ထုခြေပြီး မြေအိုး သို့မဟုတ် ပလတ်စတစ်ပုံးထဲထည့်ပါ။

(၂)     တင်လဲရည်  သို့မဟုတ် ထန်းလျက် တစ်ပိဿာအားထည့်ပေးပါ။

(၃)     ငါးနှင့်တင်လဲရည်တို့သည် ပုံမှာပြထားသည့်အတိုင်းဖြစ်ရမည်။ အိုး၏ သုံးပုံနှစ်ပုံခန့်ရှိရမည်။

(၄)     အိုးအား လေလုံအောင် စက္ကူဖြင့်ပိတ်၍ ကြိုးဖြင့်ချည်ပါ။

(၅)     နေရောင်တိုက်ရိုက်မကျသည့် အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။ တစ်လပြည့်လျှင် ငါးအမိုင်နိုအက်စစ်အားရရှိပြီ ဖြစ်သည်။

(၆)     ရရှိလာသည့် ငါးအမိုင်နိုအက်စစ်  တစ်ဆလျှင် ရေ အဆ ၁၀၀၀နှင့်ရော၍ တစ်ပတ်လျှင် တစ်ကြိမ်ဖျန်းပက်နိုင်သည်။

ငါးအမိုင်နိုအက်စစ်အသုံးပြုပုံ

(က)   ငါးအမိုင်နိုအက်စစ်အား ရွက်ဖျန်းဆေးအဖြစ် အသုံးပြုရာတွင် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေအဆ ၁၀၀၀  နှင့်ရော၍ အသုံးပြုပါ။

(ခ)     ခုနစ်ရက်ခြားတစ်ကြိမ် အပင်ကြီးထွားချိန်တွင် အသုံးပြုပါ။

(ဂ)     သီးနှံပင်၏ အရွက်ပေါ် သို့မဟုတ် မြေပေါ်သို့ ပက်ဖျန်းနိုင်သည်။

(ဃ)   ငါးအမိုင်နိုအက်စစ်ကို ရေနှင့်မရောဘဲ တိုက်ရိုက်အပင်ပေါ်ဖျန်းခြင်း/အပင်ခြေတွင်ပုံပါက အပင်ညှိုးခြောက်နိုင်သည်။

(င)     ငါးအမိုင်နိုအက်စစ်ကို သဘာဝမြေဩဇာပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

(စ)     ငါးအမိုင်နိုအက်စစ်အသုံးပြုရာတွင်  သက်ရှိများလှုပ်ရှားမှုအကောင်းဆုံးအချိန်ဖြစ်သည့် နံနက်အစောနှင့် ညနေပိုင်းအချိန်တွင် ပက်ဖျန်းသင့်သည်။

(ဆ)   မျိုးစေ့/ပျိုးပင်များ သို့မဟုတ် မျိုးစေ့စိမ်ရာတွင်လည်း အသုံးပြုနိုင်သည်။

(ဈ)    ငါးအမိုင်နိုအက်စစ်ကို သီးနှံပင်များ သီးပွင့်ချိန်တွင် အသုံးမပြုသင့်ပါ။ အသုံးပြုရာတွင် ရောစပ်မည့် ရေအဆမှန်ကန်ရန်လိုအပ်ပြီး ရေအဆနည်းပါက အပင်အရွက်များ ဝါလာနိုင်သည်။

(၄) အခြားမြေဆွေးများ

တီကျစ်စာမြေဆွေး

တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်းအကျန်များ၊ သစ်ရွက်များ၊ နွားချေး၊ လယ်ယာစွန့်ပစ်ပစ္စည်းများနှင့်  မီးဖိုချောင်စွန့်ပစ်ဟင်းသီးဟင်းရွက် စသည့် စွန့်ပစ်ပစ္စည်းများကို   အစာအဖြစ်ကျွေးမွေး၍   တီကောင်များမှ ပြန်လည်စွန့်ထုတ်လိုက်သည့်ပစ္စည်းများကို  ခေါ်ဆိုသည်။  ထို့ကြောင့် တီကောင်လေးများကို လူတို့ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်တွင် ပွားများစေပြီး မြေဆွေးထုတ်လုပ်ခြင်းဖြင့် တီကျစ်စာမြေဆွေးကို ရရှိစေနိုင်သည်။  တီကျစ်စာမြေဆွေးအား  မြေကျင်းတူး၍ ပလတ်စတစ်ဖြင့် တီမွေးမြူခြင်း၊ အမိုးအကာအောက်တွင် ဝါးကပ်များကာ၍ မြေပေါ်တွင် ပလတ်စတစ်ကန်များပြုလုပ်၍ တီမွေးမြူခြင်း၊ ကွန်ကရစ်ကန်များ သို့မဟုတ် ကွန်ကရစ်အခွေများပြုလုပ်၍ တီမွေးမြူ၍ တီကျစ်စာ  ထုတ်လုပ်နိုင်သည်။   တောင်သူများသည်  မိမိတို့နှင့်သင့်လျော်သည့်   နည်းစနစ်များကိုအသုံးပြု၍  တီကောင်မွေးမြူ၍ တီကျစ်စာမြေဆွေးထုတ်လုပ်နိုင်သည်။

ကွန်ကရစ်ကန်ဖြင့် တီကျစ်စာမြေဆွေးပြုလုပ်နည်း

(၁)     ကြိုက်နှစ်သက်ရာအရွယ်အစားရှိ ကွန်ကရစ်ကန်၏အောက်ခြေတွင် တီကျစ်စွန့်ပစ်ရည်ထုတ်ယူနိုင်ရန် ရေထုတ်ပေါက်ဖောက်ပေးပါ။

(၂)     တီစွန့်ပစ်ရည် အလွယ်တကူစီးဆင်းနိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေလျှောပြုလုပ်ပေးပါ။

(၃)     အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မကျောက် သို့မဟုတ် အုတ်ကျိုးတစ်ထပ်ခင်းပေးပါ။

(၄)     ၎င်းအပေါ်မှ နွားချေး ၆  လက်မခန့်  ထုရအောင်ထည့်ပေးပါ။ ထို့နောက် သီးနှံအကြွင်းအကျန်များ၊ အရွက်များစင်းထားသော ငှက်ပျောအူ၊ ဗေဒါ စသောအစာစိမ်းများ၊ မြက်များ၊ ပေါင်းပင်များကိုစုစည်းပြီး ၈-၁၀ လက်မခန့်ထည့်ပေးပါ။

(၅)     ၎င်းအလွှာများပေါ်မှ ကောင်းစွာဆွေးသော နွားချေးဆွေးကို ၆ လက်မအလွှာခန့်ရအောင်ဖြန့်ထည့်ပြီး အရွက်များကို ၄-၆ လက်မခန့်ထည့်ပေးပါ။

(၆)     တီကောင်များကိုထည့်ပေးပါ။

(၇)     အစိုဓာတ်မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးပါ။

(၈)     အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း၊ ဓနိရွက်များ၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးပါ။

(၉)     သစ်ရွက်ပေါင်းမြက်စွန့်ပစ်ပစ္စည်းများအား နှစ်ပတ်လျှင်တစ်ခါဖြည့်တင်းပေးရမည်။

(၁၀)  သုံးလကြာမြင့်ပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည်ဖြစ်သည်။

(၁၁)   တီကောင်စွန့်ပစ်မြေဆွေးပြုလုပ်ရန်မြေဆွေးကန်အား ရေ ၂-၃ ရက်ဖြတ်ရမည်။

(၁၂)   တီကောင်များသည် ကန်အောက်ရှိ အစိုဓာတ်ရှိသည့်နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။

(၁၃)   အပေါ်ယံမြေဆွေးများအား   ဖယ်ထုတ်ပြီး   နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။

တီစွန့်ပစ်ထုတ်ယူသုံးစွဲခြင်း

တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ကန်၏အောက်ခြေတွင် ၁ ပေခန့်ရှိသည့် ပလတ်စတစ် သို့မဟုတ် ပြွန်တစ်ချောင်း တပ်ဆင်ထားရမည်။ အဆိုပါပိုက်သည် ကန်အတွင်းထိုးသွင်းရာ ၎င်းဘေးပတ်လည်မှ တီကျစ်စာမြေဆွေးအရည်များ ပြင်ပသို့မထွက်စေရန်အတွက် သေချာစွာ ဖိကပ်ထားပြီး ထွက်ရှိလာသည့် တီအရည်များအား ပလတ်စတစ်ပုံးများဖြင့် စုဆောင်းထားရှိပြီး စိုက်ခင်းအတွင်း အသုံးပြုနိုင်သည်။ တီကောင်စွန့်ပစ်ရည်သည် တီမွေးမြူပြီး သုံးပတ်ခန့်အကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန်သည်။ တီကျစ်စွန့်ပစ်ရည်အား တီကျစ် စွန့်ပစ်ရည် တစ်ဆလျှင် ရေ ၅-၁၀ ဆနှင့်ရော၍ ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။

တီကျစ်စာမြေဆွေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ

(က) သစ်ပင်သီးနှံများအတွက် အပင်အာဟာရဓာတ်စုံပါဝင်သော သဘာဝမြေဩဇာဖြစ်ခြင်း

(ခ)     မြေချဉ်ငန်ဓာတ်မျှတပြီး မြေဆီလွှာဖွဲ့စည်းမှုကိုပြုပြင်ပေးနိုင်ခြင်း

(ဂ)     အပင်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း

(ဃ) အပင်ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်သော ဓာတ်ပစ္စည်းများ၊ အင်ဇိုင်းများပါဝင်ခြင်း

(င)     တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေးထက် နိုက်ထရိုဂျင် ၅ ဆ၊ ပိုတက်စီယမ် ၁၀ ဆ၊ ဖော့စဖိတ် ၃ ဆ မှ ၅ ဆ၊ မဂ္ဂနီဆီယမ် ၃ ဆ၊ ကယ်လစီယမ် ၁ ဒသမ ၅ ဆ ပိုမိုပါဝင်ခြင်းတို့ဖြစ်သည်။  

MWD Web Portal

မြင့်မြင့်ထွန်း(စိုက်ပျိုးရေးဦးစီးဌာန)

သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ
-

မြေဩဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့်အပင်များရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေရန်နှင့် အပင်အာဟာရဓာတ်များကို အခြားနည်းလမ်း တစ်ခုခုဖြင့်  ထောက်ပံ့ပေးနိုင်သောပစ္စည်းများကိုခေါ်ဆိုသည်။   စိုက်ပျိုးရေး ပညာရှင်များနှင့် မြေဆီလွှာ သိပ္ပံပညာရှင်များက မြေဩဇာအမျိုးအစားများအား (က) ဓာတ်မြေဩဇာ (ခ) သဘာဝမြေဩဇာ (ဂ) ဇီဝမြေဩဇာများ ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝအရပြုလုပ်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုပြင်စီမံထားသည့်မြေဩဇာများကို ခေါ်ဆိုသည်။ မြန်မာနိုင်ငံတွင် တောင်သူအသုံးများသည့် ဓာတ်မြေဩဇာများမှာ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကိုအားပေးသည့် နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော ယူရီးယားဓာတ်မြေဩဇာ၊ အမြစ်များကြီးထွားမှုနှင့် ပန်းပွင့်ချိန်ကို လှုံ့ဆော်အားပေးသော ဖော့စဖိတ်ဓာတ် ၄၆ ရာခိုင်နှုန်း ပါဝင်သော တီစူပါ(Triple Super Phosphate)  ဓာတ်မြေဩဇာ၊ ရေနှင့်အာဟာရဓာတ်များပို့ဆောင်ပေးခြင်း၊ အပင်၏ဇီဝကမ္မဖြစ်စဉ်များ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ပိုတက်စီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်သော  ပိုတက်ဓာတ်မြေဩဇာ၊   နိုက်ထရိုဂျင်ဓာတ်၊  ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ် အာဟာရ ဓာတ်သုံးမျိုးပါဝင်သော ကွန်ပေါင်းဓာတ်မြေဩဇာအချိုးအမျိုးမျိုးနှင့်  အရွက်ဖျန်း ဓာတ်မြေဩဇာတို့ ဖြစ်သည်။

ဇီဝမြေဩဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ်သည့်  ဗက်တီးရီးယား၊ မှိုစသည်တို့ဖြင့် ပွားများထုတ်လုပ်သည့်မြေဩဇာများကိုခေါ်ဆိုသည်။ ဇီဝမြေဩဇာ အမျိုးအစားများမှာ ရိုင်ဇိုဘီယမ်၊ စိမ်းပြာရေညှိ၊ အဇိုလာ၊ ထရိုင်ခိုဓားမား၊ အီးအမ်၊ ဒိုချက်ကင်နှင့် မိုင်ကိုရိုက်ဇာတို့ ဖြစ်သည်။

သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ အဏုဇီဝပိုးများ၏အကူအညီဖြင့်ဆွေးမြည့်စေပြီး  အပင်များမှ အသင့်စားသုံး နိုင်သည့် အာဟာရဓာတ်များရရှိစေရေးအတွက် ပြုပြင်စီမံ၍ရရှိလာသောပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ် သည်။ သဘာဝမြေဩဇာများမှာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ(နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး)နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ(ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်)များကို ဆွေးမြည့်စေပြီး သဘာဝ မြေဩဇာ ပြုလုပ်ခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ သစ်ဆွေးမြေ၊ အရိုးမှုန့်၊  အီးအမ်မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ်နှင့် ကြံမြှုပ်ချေးတို့ ဖြစ်သည်။

သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများလောက် အာဟာရဓာတ်ပါဝင်မှုမများသော်လည်း မြေဆီလွှာထက်သန်ကောင်းမွန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများဖြစ်သည့် မြေသားဖွဲ့စည်းမှုကောင်းစေခြင်း၊ လေဝင်လေထွက်ကောင်း စေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း၊ အပင်အာဟာရဓာတ်စုပ်ယူနိုင်မှုကောင်းစေခြင်းနှင့် မြေဆီ လွှာအစိုဓာတ်ကိုထိန်းသိမ်းပေးခြင်း၊ စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကိုစေးစေခြင်းနှင့် မြေဆီ လွှာ၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတုဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်လာစေနိုင်သည်။

မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ

(က)   တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး

(ခ)     လယ်ယာကုန်ထုတ်စက်ရုံဘေးထွက်ပစ္စည်းများ- လွှစာမှုန့်၊ ကော်ဖီကြိတ်ဖတ်၊ စပါးခွံ

(ဂ)     အပင်နှင့် အပင်အကြွင်းအကျန်များ - ကောက်ရိုး၊ ပြောင်းရိုး၊ မြက်၊ မြက်ခြောက်၊ ဗေဒါ

(ဃ) ဇီဝသက်ရှိများ - အီးအမ်၊ ထရိုင်ကိုဒါးမား (မှို)၊ ဒိုချက်ကင်မြေဆွေးပြုလုပ်ရာတွင် ကောင်းစွာဆွေးမြည့်သော မြေဆွေးကောင်းရရှိရန်အတွက်  အဓိကကျသည့်အချက်များရှိသည်။   ၎င်းတို့မှာ အော်ဂဲနစ်ပစ္စည်း၏ ကာဗွန်၊ နိုက်ထရိုဂျင် အချိုး၊ အသုံးပြုမည့်ပစ္စည်း၏ အရွယ်အစား၊ အစိုဓာတ်၊ လေဝင်လေထွက်အခြေအနေ၊ အပူချိန်၊ သင့်လျော်သော မြေဆွေးပုံအရွယ်အစားနှင့် အာဟာရဓာတ်ဖြစ်စေသော အခြားပစ္စည်းများ ထည့်သွင်းခြင်းတို့ဖြစ်သည်။

မြေဆွေးပြုလုပ်နည်းများမှာ-

(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း

- မြေဆွေးပုံ

(၂) အကျိုးပြုအဏုဇီဝများဖြင့်ပြုလုပ်နည်း

- အီးအမ် (Effective microorganism)၊ ထရိုင်ကိုဒါးမား (Trichoderma)- ဒိုချက်ကင်(Dochekin)၊

(၃) အဏုဇီဝအားဖြည့်စာများဖြင့် ပြုလုပ်နည်း (ME: Microbe Enhancer Technology)

- အော်ဂဲနစ်ရှလကာရည်၊ စပါးခွံမီးသွေး၊ ခိုင်တိုစန်၊ စပီရူလိုင်းနားရေညှိ၊

- ကြံမြှုပ်ချေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်သီးချဉ်ဖောက်ရည်၊ ကုက္ကိုသီး

(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း (မြေဆွေးပုံ)

(က) အရိပ်ရပြီး ညီညာပြန့်ပြူးသောနေရာ၊ ရေမဝပ်သောနေရာတွင် မြေဆွေးပုံပြုလုပ်ပါ။

(ခ)     အော်ဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို အလွှာလိုက်စုပါ။

(ဂ)     ပထမအလွှာတွင် သီးနှံအကြွင်းအကျန်အရိုး/အရွက်ခြောက်များကို (၈-၁၀) လက်မ  အထူဖြန့်ခင်း၍  နုန်းမြေ၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ခပ်ပျစ်ပျစ်ဖျော်ပြီးဖျန်းရမည်။

(ဃ) ဒုတိယအလွှာတွင် လတ်ဆတ်သော အစိမ်းရောင်ရှိ အပင်ထွက်ပစ္စည်းများကို (၈-၁၀)  လက်မ အထူဖြန့်ခင်းရပါမည်။(ရေလောင်းရန်မလိုပါ။)

(င)     တတိယအလွှာတွင် နွားချေး၊ ကြက်ချေး၊ ဝက်ချေးများကို (အခြောက်/အစို)ကို မြေကြီး/  သစ်ဆွေးများနှင့်ရော၍ (၂-၄)လက်မအထိရအောင်ဖြန့်ရပါမည်။   တိရစ္ဆာန်အညစ်အကြေး ရရှိနိုင်မှုနည်း ပါက ရေနှင့်ဖျော်၍(၁/၂)လက်မရရှိအောင် ဖျန်းရပါမည်။

(စ)     အလွှာများကို တစ်လွှာချင်း အမြင့် ၃ ပေ သို့မဟုတ် ၄ ပေ ရရှိသည်အထိ စုပုံပါ။ မြေဆွေးပုံရာတွင် အလယ်ပိုင်းကပိုထူပြီး အဖျားပိုင်းများက အနည်းငယ်စီနိမ့်၍ လိပ်ခုံးပုံသဏ္ဌာန်စုပုံပါ။ မြေဆွေးပုံ အမြင့်သည် ၄ ပေခွဲကျော်သွားပါက အောက်ဆုံးအလွှာရှိ အဏုဇီဝများမှာ ကောင်းစွာ အလုပ်မလုပ် နိုင်သဖြင့် ဆွေးမြည့်မှုနောက်ကျမည် ဖြစ်သည်။

(ဆ)   မြေဆွေးပုံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဒေါင်လိုက်(သို့)   ဝါးတုတ်များထိုးစိုက်ပါ။

(ဇ) မြေဆွေးပုံအား ပလတ်စတစ် သို့မဟုတ်   ရွှံ့စေးဖြင့်ဖုံးအုပ်ပါ။ မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း/ အကာအရံ ပြုလုပ်ပါ။

(ဈ) မြေဆွေးပုံအလယ်သားများဆွေးမြည့်လာပါ အပုံကိုအထက်အောက်လှန်ပေးပြီး ရေအနည်းငယ် ဖျန်းပေးရန် လိုအပ်သည်။ သို့မှသာ အပုံရှိ မြေဆွေးအားလုံးစိုထိုင်းစေမည်ဖြစ်သည်။

(ည)   ဆွေးမြည့်ပြီး မြေဆွေးပုံသည် ယခင်မြေဆွေးပုံအမြင့်၏ ထက်ဝက်ခန့်သာ   ရှိမည်ဖြစ်သည်။  အတွင်းသားအရောင်မှာ ညိုမည်းနက်‌မှောင်နေပြီး အနံ့လည်းကောင်းမွန်လာမည်ဖြစ်သည်။ 

(၂)အကျိုးပြုအဏုဇီဝများဖြင့် မြေဆွေးပြုလုပ်နည်း

(က) အီးအမ် မြေဆွေးပြုလုပ်ခြင်း

အကျိုးပြုအဏုဇီဝဖျော်ရည်(Effective Microorganisms -EM)ဆိုသည်မှာ မြေဆီလွှာအတွင်း ရှိသီးနှံပင်တို့၏ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြုအဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျစုပေါင်း မွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်သည်။ အဓိကပါဝင်သောအဏုဇီဝများမှာ လက်တစ်အက်စစ်ဗက်တီးရီးယား (Lactic acid bacteria)၊ Yeast ၊ Photosyenthetic bacteria၊ Actinomyces bacteria နှင့် Fermenting fungi တို့ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်…

ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအောင်မြင်ရန် လမ်းညွှန်ချက်များ
-

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ဖရဲသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း

ဖရဲစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်သုံးစွဲခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဆိုသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။ ထို့ပြင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအား မြင့်မားသောမျိုးများကို ရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသောမျိုးများကိုဦးစားပေးရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။  မျိုးကောင်းမျိုးသန့်ကိုရွေးချယ်ရာတွင်   စိုက်ပျိုးရေးဦးစီးဌာနမှ    ထောက်ခံထားသောမျိုးများကို   ဦးစားပေးရွေးချယ်သင့်သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ   ထောက်ခံထားသောမျိုးများသည်  ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး   ရောဂါပိုးမွှားဒဏ်ကို   ခံနိုင်ရည်ရှိသောမျိုးများဖြစ်သည်။

မြေပြုပြင်ခြင်း

ဖရဲသီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ ဖရဲသီးနှံသည် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားကို နှစ်သက်သည်။ ထို့ကြောင့် မြေကိုကောင်းစွာပြုပြင်ပြီး မြေဆီလွှာတွင် သဘာဝမြေဩဇာများ ထည့်သွင်းပေးသင့်သည်။ မြေကို ကောင်းစွာထွန်ယက်ပြီး မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းမွန်စေရန် ပြုလုပ်ပေးရမည်။

စိုက်ပျိုးနည်းစနစ်

ဖရဲကိုမိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ  စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။  ဖရဲစေ့ကို မြေတွင်တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်သည်။ ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင်ပြုပြင်ပြီး စိုက်ပေါင်များဖော်ရမည်။ ဖရဲပင်များစိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့်ရှိလာချိန်တွင် နွယ်များကိုဖြောင့်တန်းပေးပြီး တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့်  ပေါင်းမြက်များကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုပ်တွယ်ထားခြင်းဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရစေနိုင်သည်။

ရာသီဥတုဒဏ်ခံနိုင်ရည်

ဖရဲသည် ပူပြင်းသောရာသီဥတုကို နှစ်သက်သော်လည်း မိုးရွာသွန်းမှုများပါက ရောဂါပိုးမွှားများကျရောက်နိုင်သည်။ ထို့ကြောင့် ရွေးချယ်မည့် မျိုးသည် မိုးရွာသွန်းမှုများပြားသောဒေသများတွင် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။

ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်

ဖရဲသည် ရောဂါပိုးမွှားများစွာကျရောက်နိုင်သောသီးနှံဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မည့်မျိုးသည် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးဖြစ်ရမည်။

အထွက်နှုန်းကောင်းမွန်ခြင်း

ဖရဲမျိုးရွေးချယ်ရာတွင် အထွက်နှုန်းကောင်းမွန်သောမျိုးဖြစ်ရမည်။ အထွက်နှုန်းကောင်းမွန်သောမျိုးများကိုရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။

ဈေးကွက်တွင် ဝယ်လိုအားမြင့်မားခြင်း

မျိုးကောင်းမျိုးသန့်ဆိုသည်မှာ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော မျိုးဖြစ်ရမည်။ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသောမျိုးများကို ရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။

သီးနှံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း

ဖရဲသီးနှံစိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများကိုကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော ဇီဝပိုးသတ်ဆေးများသုံးစွဲခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ “ဖရဲ သရဲထက်ကြောက်စရာကောင်းတယ်’’ဟူသောတောင်သူများ၏ အဆိုအရ ဖရဲသီးနှံတွင် ကြောက်စရာအကောင်းဆုံးပြဿနာမှာ မှိုရောဂါပင်ဖြစ်သည်။ သက်ရှိမှိုမျှင်များသည် မြေကြီးထဲ၌ ၁၀ နှစ်မှ ၁၅ နှစ်အထိရှင်သန်နိုင်ပြီး အပင်များကို အမြစ်ကနေဝင်ရောက်ပြီး  ဒုက္ခပေးလေ့ရှိသည်။  ထိုမှိုရောဂါကိုဖြေရှင်းနိုင်မည့်နည်းလမ်းသည် ဓာတုဆေးဝါး များဖြင့်  နှိမ်နင်းလို့မရချေ။  အကောင်းဆုံးနည်းလမ်းမှာ သီးလှည့်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ထို့ပြင် ပိုးမွှားနှင့်ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် စိုက်ခင်းကိုပုံမှန်စစ်ဆေးပေးရမည်။

တစ်ဧကအထွက်နှုန်း တိုးတက်စေရေး

တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ခြင်း၊ မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း၊ သီးနှံပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းစသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ ထို့ပြင်သီးနှံအထွက်နှုန်းကို တိုးတက်စေရန် သင့်လျော်သော မြေဩဇာများကို ထည့်သွင်းပေးရမည်။

နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများ

နိုင်ငံတော်အစိုးရမှလည်း ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပံ့ပိုးမှုများကိုရယူခြင်းဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများတွင် မျိုးကောင်းမျိုးသန့်များပံ့ပိုးပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖြန့်ဖြူးခြင်း၊  ငွေကြေးကူညီပံ့ပိုးမှုများပေးခြင်း စသည့်အစီအစဉ်များပါဝင်သည်။

ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ

ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို လေ့လာခြင်းဖြင့် ဖရဲသီးနှံ၏ ဈေးကွက်လိုအပ်ချက်များကိုသိရှိနိုင်ပြီး ထိုအချက်များကို အခြေခံကာ စိုက်ပျိုးထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကိုသိရှိရန် ဈေးကွက် စစ်တမ်းများကောက်ယူခြင်း၊ ဒေသခံလယ်သမားများနှင့်တိုင်ပင်ဆွေးနွေးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။

ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက်သာမက စားသုံးသူများအတွက်ပါ အကျိုးပြုမှုများစွာရှိသည်။ ဖရဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး လူတို့၏အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည်  တောင်သူလယ်သမားများအတွက်  ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။

ဥယျာဉ်ခြံသီးနှံတစ်မျိုးဖြစ်သည့် ဖရဲသီးနှံသည် သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိပါက စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်သည်။ ဖရဲသီးနှံကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားနှင့် ရောဂါဒဏ်ကာကွယ်ခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်း  စသည့်အချက်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်မှ ပံ့ပိုးမှုများနှင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကိုသိရှိခြင်းဖြင့်  ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။    ။

Source: MWD Web Portal

ဝင်းပပ(Horti)

တိုးတက်လာသော အသားတိုးကြက်မွေးမြူရေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ   မြန်မာနိုင်ငံတွင်   ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်မွေးမြူထားသဖြင့်    ကြက်ကောင်ရေပေါင်း ၈၀၈၆၁၈၀၉ ကောင် ဖြစ်သည်ကိုတွေ့ရှိရသည်။စာရင်းအချက်အလက်များအရ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန်မွေးမြူသည့်  အိမ်ထောင်စုဦးရေ၏  ၅၀  ရာခိုင်နှုန်းခန့်သည် ကြက်မွေးမြူသူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင် ၂၀၁၈ ခုနှစ် မြေပြင်ကောက်ယူစာရင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ကြက်မွေးမြူမှုရာခိုင်နှုန်းတိုးမြင့်လာသည်ကို  တွေ့ရှိရသည်။

အသားတိုးကြက်မျိုး (Broiler)   ဆိုသည်မှာ

အသားစားရန်အတွက်သာရည်ရွယ်၍ မွေးမြူသည့် ကြက်မျိုးဖြစ်သည်။  အသားစားရန်အတွက် မွေးမြူကြသည်ဖြစ်၍ ကြက်မျိုးများစွာအနက်မှ အသားဖြစ်ထွန်းနှုန်းကောင်းသော  ကြက်မျိုးသီးသန့်ကိုသာ  ရွေးချယ်စိစစ်၍   အဆင့်ဆင့်   မျိုးမြှင့်ထားခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အသားတိုးကြက်မျိုးဆိုသည်မှာ အချိန်တိုအတွင်း  ကြီးထွားမှုမြန်ဆန်ပြီး  အသားထွက်နှုန်းကောင်းမွန်သည့်ကြက်မျိုးဟုဆိုနိုင်သည်။  ကမ္ဘာတစ်ဝန်းရှိ    ကြက်မျိုးထုတ်လုပ်ငန်းရှင်များသည်  အသားထုတ်လုပ်ရန်အတွက်  အသုံးပြုသော Broilerကြက်မျိုးများ၏ အသားထွက်နှုန်းမြင့်မားပြီး ကြီးထွားမှုမြန်ဆန်သည့် အားသာချက်များကိုရယူ၍ မျိုးမြှင့်သားဖောက်ထုတ်လုပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် မွေးမြူမှုအများဆုံး အသားစားကြက်မျိုးများမှာ Cobb 500၊ Ross 308၊ Hubbard F15၊ Arbor Acres၊ Lohmann၊ Hy-Line  စသည်တို့ဖြစ်သည်။ အခြားမျိုးမြှင့်မျိုးသစ်များလည်း  မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။  မည်သည့်မျိုးမြင့်အသားစားကြက်မျိုးဖြစ်စေ  အစာမှအသားဖြစ်မှုသို့ ထိရောက်စွာပြောင်းလဲနိုင်သည့် အာဟာရပြည့်ဝသောအစာကိုပေးရန်လိုအပ်သည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော်လည်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန်  လိုအပ်သည်ကို အထူးသတိပြုရန်နှင့် နိုင်ငံဒေသအလိုက် ရေမြေရာသီဥတုတို့နှင့် လိုက်လျောညီစွာထုတ်ပြန်ထားသော ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAHP)တို့နှင့်အညီ   မွေးမြူထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့   ဆက်သွယ်မေးမြန်းအကြံဉာဏ်ရယူရန် လိုအပ်ကြောင်းကို အကြံပြုလိုသည်။

မွေးမြူသောနည်းစနစ်များ

မွေးမြူသောနည်းစနစ်များသည် တစ်နိုင်တစ်ပိုင်မွေးမြူသောနည်းစနစ်မှစီးပွားဖြစ်မွေးမြူသော နည်းစနစ်ဟူ၍ခွဲခြားထားသည်။ တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ၊ မည်သည့်စနစ်ဖြင့် မွေးမြူစေကာမူ မိမိမွေးမြူမည့်တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူရာတွင် သိပ္ပံနည်းကျမွေးမြူတတ်စေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊  လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မွေးမြူလိုသူထံသို့ ကွင်းဆင်းလိုက်ပါ  နည်းပညာပေးခြင်းတို့ဆောင်ရွက်လျက်ရှိသဖြင့် အသားတိုးကြက်မွေးမြူရေးလုပ်ကိုင်ရန်    စိတ်ပါဝင်စားသူမည်သူမဆို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ခြံတည်ထောင်ခြင်းနှင့် အရင်းအနှီး

အသားတိုးကြက်မွေးမြူရာတွင် ကောင်ရေ ၃၀၀၀ အနည်းဆုံးမွေးမြူလျှင် တစ်ယူနစ်ဟုသတ်မှတ်သည်။ ကာလတိုအတွင်း  မွေးမြူထုတ်လုပ်ရသည်ဖြစ်၍ ခြံတည်ထောင်ခြင်း၊  ကြက်မျိုးထည့်သွင်းခြင်းမှသည် ကုန်ထုတ်ခြင်းလုပ်ငန်းစဉ်အထိ   စနစ်ကျရန်  အထူးလိုအပ်သည်။   သို့ဖြစ်ပါ၍ အသားတိုးကြက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အဓိကလုပ်ငန်းစဉ်ဖြစ်သော မြေနေရာရွေးချယ်ခြင်း၊  အဆောက်အအုံတည်ဆောက်ခြင်းနှင့်  သွင်းအားစုများထည့်သွင်းခြင်းလုပ်ငန်းများတွင်   လုပ်ငန်းတစ်ခုချင်းအလိုက်  စနစ်တကျဆောင်ရွက်ရမည်။   သို့မှသာ    မိမိရင်းနှီးမြှုပ်နှံထားရှိမှု၏ အကျိုးအမြတ်ကို  မိမိခံစားရမည်။ မြေနေရာရွေးချယ်ခြင်း၊  ခြံတည်ဆောက်ခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ စာရင်းဇယားပြုစုခြင်း စသည့်လုပ်ငန်းစဉ်တစ်လျှောက် တစ်နေရာရာတွင်  သတ်မှတ်လုပ်ငန်းတစ်ခုခုကိုလိုက်နာခြင်းမရှိခဲ့ပါက ဇီဝလုံခြုံမှုစနစ်ကျိုးပေါက်၍ ကူးစက်ရောဂါဝင်ရောက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်၍ အမှုအခင်းကြုံတွေ့ဖြေရှင်းရခြင်း၊ ကုန်ထုတ်ချိန်ရောက်ရှိသည့်တိုင်   ဈေးကွက်ဝင်အဆင့်မရရှိ၍   အကျိုးစီးပွားထိခိုက်ခြင်းစသည်တို့ ကြုံတွေ့ရမည်ဖြစ်သည်။ ထိုသို့မဖြစ်စေရန်နှင့် ဘေးကင်းလုံခြုံသော မွေးမြူရေးထုတ်ကုန်ရရှိစေရန်ရည်ရွယ်၍  ကောင်းမွန်သော  မွေးမြူရေးကျင့်စဉ် (GAHP) များကို  တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်၍    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပေးခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အတိုင်း စနစ်တကျလိုက်နာသူတိုင်းသို့ GAHP အသိအမှတ်ပြုလက်မှတ်ပေးအပ်သည်။ လက်မှတ်ရခြံ၏ ထုတ်ကုန်သည် ဘေးကင်းလုံခြုံသော    ထုတ်ကုန်ကြမ်းဖြစ်မည်။   အဆိုပါ   ထုတ်ကုန်ကြမ်းများကို  ကုန်ချောအဖြစ်  ဆက်လက်ထုတ်လုပ်ရာတွင်လည်း  စံချိန်စံညွှန်းများဖြင့်စိစစ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်ထပ်မံထုတ်ပေးလျက်ရှိသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်အဖြစ် ထောက်ခံချက်ပေးခြင်းဟု ယေဘုယျဆိုနိုင်သည်။

မတည်အရင်းအနှီးအနေဖြင့် နိုင်ငံတော်အစိုးရက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   အသားတိုးကြက်အကောင် ၃၀၀၀  တစ်ယူနစ်မွေးမြူသူများကို  သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက  လျှောက်ထားသည့် ချေးငွေပမာဏကို    စိစစ်ထုတ်ပေးလျက်ရှိသည်။ တစ်ယူနစ်လျှင် ငွေကျပ် ၁၅ သန်းနှုန်း ထုတ်ပေးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒုတိယသက်တမ်းအဖြစ် ဖော်ပြပါအတိုင်းထပ်မံထုတ်ချေးလျက်ရှိသည်။

အသားတိုးကြက်မွေးမြူခြင်းလုပ်ငန်းစဉ်များ

စတင်မွေးမြူလိုသူများအတွက် အခြေခံအသိပညာအနေဖြင့်  မွေးမြူခြင်းလုပ်ငန်းစဉ်များကို ဖော်ပြပါအတိုင်း ယေဘုယျနားလည်ထားရမည်-

(က) ကြက်မီးကိုင်ခန်းပြင်ဆင်ခြင်း

( ခ ) ကြက်မထည့်မီ ပြင်ဆင်ခြင်း

ဆုံလည်အစာခွက် ၁၂ ခွက်ထဲ အစာကြိုထည့်ထားပေးပါ။ ရေထည့်ပြီးသား တစ်ဂါလန်ရေဘူး နေရာချထားပေးပါ။ အစာအိတ်ခွံလေးလုံးခင်း၍ အစာများပုံထည့်ထားပေးပါ။ အစာ၊ ရေတို့ကို ကြက်မရောက်မီ နှစ်နာရီကြိုတင်၍ ပြင်ဆင်ရမည်။

( ဂ ) ကြက်ပေါက်ထည့်သွင်းခြင်း

မီးကိုင်မည့်အခန်းကို လိုအပ်သောအပူချိန် (၃၅ဒီဂရီစင်တီဂရိတ်)ရရန် ကြိုတင်၍အပူပေးပါ။

•        အစာနှင့်ရေကို ကြိုတင်ထည့်သွင်းပြင်ဆင်ထားပါ။

•        ကြက်ပေါက်အလေးချိန် ချိန်တွက်ပါ။

•        ကြက်ကလေးအကောင်ရေ ပြည့်မပြည့်ရေတွက်ပါ။

•        ကြက်ကလေးကို မီးကိုင်ခန်းထဲသို့ထည့်ပါ။

•        ကြက်ကလေးအမူအရာကိုလေ့လာပြီး အပူချိန်ကိုထိန်းညှိပါ။

•        အစာ စား၊ မစား ကြက်စလုတ်ကို စမ်းသပ်စစ်ဆေးပါ။

•        မှတ်တမ်းဖြည့်သွင်းပါ။

(ဃ)   မီးကိုင်ခြင်း

ရက်သားအလိုက် သတ်မှတ်ထားသော အပူချိန်ချိန်ညှိပေးခြင်း၊ ရေနှင့်အစာ အချိုးကျကျွေးမွေးခြင်းနှင့် အသက်အရွယ်အလိုက် သတ်မှတ်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ရသည်။ ကာလတိုအတွင်း(၄၂-၄၅ ရက်သားအတွင်း) မွေးမြူထုတ်လုပ်ရခြင်းဖြစ်၍ လုပ်ငန်းစဉ်တိုင်းတွင် နည်းစနစ်တကျဆောင်ရွက်ရမည်။ အပူချိန်၊   ရေနှင့် အစာတို့ကို သတ်မှတ်နည်းစနစ်အတိုင်းလိုက်နာဆောင်ရွက်ပေးရန်  အထူးအရေးကြီးသည်။ 

အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

အသားတိုးကြက်မွေးမြူရေးခြံအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ကိုသတ်မှတ်ထုတ်ပြန်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် နားလည်သိရှိ၍ လိုက်နာ

ဆောင်ရွက်နိုင်စေရန် ဖော်ပြအပ်ပါသည်-

(က)   မွေးမြူရေးခြံတည်နေရာ

•        တရားဝင်ခွင့်ပြုထားသည့်မြေနေရာဖြစ်ရမည်။

•        လျှပ်စစ်ဓာတ်အား၊ရေအရင်းအမြစ်နှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရ မည်။

•        လူနေအိမ်၊ သားသတ်ရုံ၊ တိရစ္ဆာန်အရှင် စျေးကွက်တို့နှင့်  ဝေးကွာသည့်နေရာဖြစ်ရမည်။

•        ဓာတုပစ္စည်း၊ အဏုဇီဝပစ္စည်းများ၏ဘေးအန္တရာယ်တို့မှ ကင်းဝေးသည့်မြေနေရာဖြစ်ရမည်။

•        ရေလွှမ်းမိုးမှုမရှိနိုင်သောနေရာဖြစ်ရမည်။

•        တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာတို့တွင် ဆောက်လုပ်ရမည်။

(ခ)     မွေးမြူရေးခြံပုံစံ

•        ဇီဝလုံခြုံရေး၊ အလုပ်သမားများ လုပ်ငန်းခွင်

ဘေးအန္တရာယ်မဖြစ်စေရေး၊ တိရစ္ဆာန်များ ဘဝ သာယာဝပြောရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေးကို အလေးထားဖွဲ့စည်းတည်ဆောက် ထားသည့်ခြံပုံစံဖြစ်ရမည်။

(ဂ)     မွေးမြူရေးခြံအဆောက်အအုံ

•        မွေးမြူကောင်ရေ၊ အမျိုးအစားနှင့် အသက်အရွယ်အလိုက် သင့်လျော်သည့်ပုံစံဖြစ်ရမည်။

•        လေဝင်လေထွက်ကောင်းမွန်စေရန်၊သန့်ရှင်းရေးလုပ်ငန်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင် စေရမည်။

•        အပူဒဏ်၊ အအေးဒဏ်နှင့် မိုးရေထိခိုက်မှုဒဏ်များမှ ကင်းဝေးစေရန်  တည်ဆောက်ရမည်။

•        အသားတိုးကြက်အကောင် ၃၀၀၀ ခြံအတွက်လိုအပ်သည့်အဆောက်အအုံအကျယ်အဝန်းကို ယေဘုယျအားဖြင့် ဖော်ပြပါ နမူနာခြံအချိုးအစားဖြင့် မွေးမြူနိုင်ပါသည်-      

 (ဃ)  အစာ

•        အစာကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် အရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။

•        အစာကို အချိန်မှန်ကျွေးမွေးပေးရမည်။

•        အသုံးပြုရန်မသင့်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများ ပါဝင်မှုမရှိစေရ။

(င)     ရေ

•        သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေကို လုံလောက်စွာ ထောက်ပံ့ပေးရမည်။

(စ)     မွေးမြူရေးခြံလုပ်ကိုင်သူများ

•        မိမိကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ  အများပြည်သူကျန်းမာရေး ထိခိုက်မှုမရှိစေရန်အတွက်မိမိကိုယ်တိုင်ကျန်းမာရေးကောင်းမွန်ရမည်။အလုပ်တာဝန်ကျွမ်းကျင်မှု ရှိရမည်။

•        မတော်တဆကိစ္စရပ်များတွင် ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို သိရှိထားရမည်။

•        သင့်လျော်သည့် အကာအကွယ်များ ဝတ်ဆင်လုပ်ကိုင်ရမည်။

•        သန့်စင်ခြင်းနှင့်ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

(ဆ)   ကြက်အသစ်သွင်းခြင်း

•        ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာကြောင်းထောက်ခံချက်ပါရှိမှသာ မွေးမြူရမည်။

•        အသစ်ရောက်ရှိလာသောကြက်များကို သတ်မှတ်ကာလအပိုင်းအခြားအထိသီးသန့်ခွဲခြားထားရမည်။

(ဇ)     ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း

•        ဦးစီးဌာနမှ   ခွင့်ပြုထားသည့် ကာကွယ်ဆေး၊ ကုသဆေး၊ ဖြည့်စွက်ဆေးများကို အသုံးပြုရမည်။

•        ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ပုံမှန်ပြုလုပ်ရမည်။

•        ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များကိုစနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

•        ကူးစက်ရောဂါကျရောက်ပါကဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရ မည်။

 (ဈ)   တိရစ္ဆာန်အခွင့်အရေးလိုက်နာဆောင်ရွက်မှု

•        မွေးမြူရေးကြက်များကို ကြောက်ရွံ့စေခြင်း၊စိတ်ဖိစီးစေခြင်း၊ နာကျင်စေခြင်း၊ ဒဏ်ရာရရှိ    စေခြင်း မရှိစေရ။

•        အစာ၊ ရေနှင့် လုံလောက်သောအကျယ်အဝန်းရအောင် စီစဉ်ထားရှိရမည်။

(ည)   ခြံသန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

•        သင့်လျော်သည့် ပစ္စည်းကိရိယာများ၊ ခွင့်ပြုထားသည့် ဓာတုပစ္စည်းများကိုသာအသုံးပြု ရမည်။

•        စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ရမည်။

(ဋ)    မွေးမြူရေးခြံမှတ်တမ်း

•        မွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်အားလုံးအတွက် မှတ်တမ်းများထိန်းသိမ်းထားရှိရမည်၊။

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ စားသောက်ရန်အတွက်  ရည်ရွယ်မွေးမြူသည့်  မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ  ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်  ဈေးကွက်တင်ပို့စရိတ်တို့အကြား  အမြတ်အစွန်းကျန်သော  မွေးမြူရေးဖြစ်ရမည်။

ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့်   ထုတ်ကုန်အတွက်  အမြတ်အစွန်းရရှိရန်မှာ  လွန်စွာအရေးကြီးသည်။ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ကုန်အတွက်အမြတ်အစွန်းရရှိရေး ဟန်ချက်ညီရန်မှာ  မွေးမြူရေးခြံအတွက်သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရမည်။  သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို  အဓိက ထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးအစာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန် အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက် ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေမြေရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုးကွာခြားနိုင်သဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိ အစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ ဓာတ်ခွဲခန်းဖြင့် စိစစ်ဆောင်ရွက်ပေးနေသည်။                                                               

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက် ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

တန်ဖိုးမြှင့်‌ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ်  GAHP များအတိုင်း  လိုက်နာဆောင်ရွက်သူတိုင်းအတွက်  ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက်  ဌာနမှ  ထုတ်ကုန်ဆိုင်ရာ  စံချိန်စံညွှန်းများကို   ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်း

ဤစံချိန်စံညွှန်းသည် စျေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပြုပြင် ပြောင်းလဲထားခြင်းမရှိသေးသော Gallus Domesticus အနွယ်ဝင် ကြက်၏အသားစိမ်းကိုဆိုသည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများ သတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်ထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။

ထုတ်ပြန်ပြီး ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်းတွင် ပါဝင်သည် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်သည်-

(၁)     ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသဲအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၂)     သားသတ်ပြီးနောက် ကြက်ကောင်လုံးအရည်အသွေးကို စစ်ဆေးခြင်း

(၃)     သားသတ်ပြီးနောက်  ခုတ်ပိုင်းသားပစ္စည်းများနှင့်အမြစ်အသဲကို အရည်အသွေး စစ်ဆေးခြင်း

(၄)     နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

(၅)     နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

(၆)     သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၇)     မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှု ဆိုင်ရာ စံချိန်စံညွှန်းများ

(၈)     အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၉)     နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

(၁၀)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း

(၁၁)   နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေး ဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်သည်။

အမည်          -      ဒေါက်တာကျော်ကျော်လန်း(ဒုတိယညွှန်ကြားရေးမှူး)

ကလောင်     -        ဒေါက်တာရင်းမြစ်(မွေး/ကု)

ဌာန             -        မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

                            လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ

ဖုန်း             -        ၀၉ ၇၆၈၁၅၃၈၇၆

ဒေါက်တာရင်းမြစ်(မွေး/ကု)

အသားတိုးကြက်သားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီမွေးမြူစို့
-

ယမန်နေ့မှအဆက်

•        လူနေအိမ်၊ သားသတ်ရုံ၊  တိရစ္ဆာန်အရှင်စျေးကွက်တို့နှင့်  ဝေးကွာသည့်နေရာဖြစ်ရမည်။

•        ဓာတုပစ္စည်း၊  အဏုဇီဝပစ္စည်းများ၏ဘေးအန္တရာယ်တို့မှ ကင်းဝေးသည့်မြေနေရာဖြစ်ရမည်။

•        ရေလွှမ်းမိုးမှုမရှိနိုင်သောနေရာဖြစ်ရမည်။

ယမန်နေ့မှအဆက်

•        လူနေအိမ်၊ သားသတ်ရုံ၊  တိရစ္ဆာန်အရှင်စျေးကွက်တို့နှင့်  ဝေးကွာသည့်နေရာဖြစ်ရမည်။

•        ဓာတုပစ္စည်း၊  အဏုဇီဝပစ္စည်းများ၏ဘေးအန္တရာယ်တို့မှ ကင်းဝေးသည့်မြေနေရာဖြစ်ရမည်။

•        ရေလွှမ်းမိုးမှုမရှိနိုင်သောနေရာဖြစ်ရမည်။

•        တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာတို့တွင် ဆောက်လုပ်ရမည်။

(ခ)     မွေးမြူရေးခြံပုံစံ

•        ဇီဝလုံခြုံရေး၊ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်မဖြစ်စေရေး၊ တိရစ္ဆာန်များ ဘဝ  သာယာဝပြောရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေးကို အလေးထားဖွဲ့စည်းတည်ဆောက်ထားသည့်   ခြံပုံစံဖြစ်ရမည်။

(ဂ)    မွေးမြူရေးခြံအဆောက်အအုံ

•        မွေးမြူကောင်ရေ၊ အမျိုးအစားနှင့် အသက်အရွယ်အလိုက် သင့်လျော်သည့်ပုံစံဖြစ်ရမည်။

•        လေဝင်လေထွက်  ကောင်းမွန်စေရန်၊ သန့်ရှင်းရေးလုပ်ငန်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်စေရမည်။

•        အပူဒဏ်၊ အအေးဒဏ်နှင့် မိုးရေထိခိုက်မှုဒဏ်များမှ ကင်းဝေးစေရန်  တည်ဆောက်ရမည်။

•        အသားတိုးကြက်  အကောင် ၃၀၀၀ ခြံအတွက်  လိုအပ်သည့်အဆောက်အအုံအကျယ်အဝန်းကို ယေဘုယျအားဖြင့် ဖော်ပြပါ နမူနာခြံအချိုးအစားဖြင့် မွေးမြူနိုင်ပါသည်-    

 (ဃ)  အစာ• အစာကို ထုတ်လုပ်ခြင်း၊  သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊   ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် အရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။

•        အစာကိုအချိန်မှန်ကျွေးမွေးပေးရမည်။

•        အသုံးပြုရန်မသင့်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများ ပါဝင်မှုမရှိစေရ။

(င)     ရေ

•        သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေကိုလုံလောက်စွာ ထောက်ပံ့ပေးရမည်။

(စ)    မွေးမြူရေးခြံလုပ်ကိုင်သူများ

•        မိမိကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ  အများပြည်သူကျန်းမာရေး ထိခိုက်မှု မရှိစေရန်အတွက်   မိမိကိုယ်တိုင်   ကျန်းမာရေးကောင်းမွန်ရမည်။  အလုပ်တာဝန်ကျွမ်းကျင်မှုရှိရမည်။

•        မတော်တဆကိစ္စရပ်များတွင် ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို သိရှိထားရမည်။

•        သင့်လျော်သည့်    အကာအကွယ်များ ဝတ်ဆင်လုပ်ကိုင်ရမည်။

•        သန့်စင်ခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရမည်။

(ဆ)   ကြက်အသစ်သွင်းခြင်း

•        ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာကြောင်းထောက်ခံချက်ပါရှိမှသာ မွေးမြူရမည်။

•        အသစ်ရောက်ရှိလာသော ကြက်များကို သတ်မှတ်ကာလ  အပိုင်းအခြားအထိသီးသန့်ခွဲခြားထားရမည်။

(ဇ)    ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း

•        ဦးစီးဌာနမှခွင့်ပြုထားသည့် ကာကွယ်ဆေး၊ ကုသဆေး၊ ဖြည့်စွက်ဆေးများကို အသုံးပြုရမည်။

•        ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ပုံမှန်ပြုလုပ်ရမည်။

•        ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

•        ကူးစက်ရောဂါကျရောက်ပါကဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

 (ဈ)   တိရစ္ဆာန်အခွင့်အရေးလိုက်နာ      ဆောင်ရွက်မှု

•        မွေးမြူရေးကြက်များကို ကြောက်ရွံ့စေခြင်း၊ စိတ်ဖိစီးစေခြင်း၊ နာကျင်စေခြင်း၊ ဒဏ်ရာရရှိစေခြင်းမရှိစေရ။

•        အစာ၊ ရေနှင့် လုံလောက်သောအကျယ်အဝန်းရအောင် စီစဉ်ထားရှိရမည်။

(ည)   ခြံသန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

•        သင့်လျော်သည့် ပစ္စည်းကိရိယာများ၊ ခွင့်ပြုထားသည့် ဓာတုပစ္စည်းများကိုသာ အသုံးပြုရမည်။

•        စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့်

လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ရမည်။

(ဋ)    မွေးမြူရေးခြံမှတ်တမ်း

•        မွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်အားလုံးအတွက် မှတ်တမ်းများထိန်းသိမ်းထားရှိရမည်၊။

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးအစာ စားသောက်ရန်အတွက်  ရည်ရွယ်မွေးမြူသည့်  မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ  ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်  ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော  မွေးမြူရေးဖြစ်ရမည်။

ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့်   ထုတ်ကုန်အတွက်  အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။

ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေးဟန်ချက်ညီရန်မှာ မွေးမြူရေးခြံအတွက် သုံးစွဲရသည့်   သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရမည်။ သွင်းအားစုပေါင်းများစွာ အနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို  မွေးမြူသူတိုင်းသိရှိကြပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍   အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးအစာဆက်သွယ်နေမှုကို သိရှိနိုင်ရန်ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန် အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။  အစာကုန်ကြမ်းထွက်ရှိသည့်ရေမြေရာသီဥတုအရ အစာကုန်ကြမ်း၏  အာဟာရတန်ဖိုးကွာခြားနိုင်သဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင်ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ ဓာတ်ခွဲခန်းဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက် ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသည်းစံချိန်စံညွှန်းဤစံချိန်စံညွှန်းသည်   စျေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပြုပြင်ပြောင်းလဲထားခြင်းမရှိသေးသော Gallus Domesticus အနွယ်ဝင် ကြက်၏အသားစိမ်းကိုဆိုသည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင်   အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။

 ထုတ်ပြန်ပြီး ကြက်သား၊ အေးခဲကြက်သားနှင့်  အမြစ်အသည်းစံချိန်စံညွှန်းတွင် ပါဝင်သည့် အခန်းကဏ္ဍများမှာဖော်ပြပါအတိုင်းဖြစ်သည်-

(၁)     ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသည်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊

(၂)     သားသတ်ပြီးနောက် ကြက်ကောင်လုံးအရည်အသွေးကို စစ်ဆေးခြင်း၊

(၃)     သားသတ်ပြီးနောက်  ခုတ်ပိုင်းသားပစ္စည်းများနှင့် အမြစ်အသည်းကို အရည်အသွေးစစ်ဆေးခြင်း၊

(၄)     နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း၊

(၅)    နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း၊

(၆)    သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊

(၇)    မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ၊

(၈)    အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ  စံချိန်စံညွှန်းများ၊

(၉)    နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း၊

(၁၀)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်ဖော်ပြသည့်တံဆိပ်တပ်ခြင်း၊

(၁၁)  နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း။

နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့်   အသားကဏ္ဍစံချိန်စံညွှန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်  ဆက်သွယ်မေးမြန်း လေ့လာနိုင်ပါသည်။          ။

Source: Myawady Web Portal

ဒေါက်တာရင်းမြစ်(မွေး/ ကု)

မြေဆီလွှာ အာဟာရတိုးတက်ရေး နည်းလမ်းမှန်များအသုံးချပေး
-

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီလွှာ၏  အာဟာရဓာတ်အခြေအနေကိုသိရှိထားရန် လိုအပ်သည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက် ဖြစ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ သစ်ဆွေးဓာတ်နည်းပါးရခြင်းသည် သဘာဝမြေဩဇာများဖြစ်ကြသော တိရစ္ဆာန်အညစ်အကြေးများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ မြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များအား  ပြန်လည်ထည့်သွင်းမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများအား လိုအပ်သောပမာဏကိ

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီလွှာ၏  အာဟာရဓာတ်အခြေအနေကိုသိရှိထားရန် လိုအပ်သည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက် ဖြစ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ သစ်ဆွေးဓာတ်နည်းပါးရခြင်းသည် သဘာဝမြေဩဇာများဖြစ်ကြသော တိရစ္ဆာန်အညစ်အကြေးများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ မြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များအား  ပြန်လည်ထည့်သွင်းမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများအား လိုအပ်သောပမာဏကို အချိန်ကိုက်အချိုးကျထည့်သွင်းရမည်။ ထိုသို့မထည့်သွင်းဘဲ စိုက်ပျိုးမှုများလာပါက သီးနှံပင်များမှ မြေဆီလွှာအတွင်းရှိ နဂိုရှိရင်းစွဲ အာဟာရဓာတ်များအား  နုတ်ယူသုံးစွဲသွားသဖြင့် မြေတွင် အာဟာရဓာတ်ကုန်ခန်းလာသည်။ အကျိုးဆက်အနေဖြင့် သီးနှံပင်များ၏ အထွက်နှုန်းများကျဆင်းလာသည်။ သို့ဖြစ်ပါ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် မြေဆီလွှာအာဟာရဓာတ် တိုးတက်ကောင်းမွန်စေနိုင်သည့် အောက်ပါနည်းလမ်းများကို အသုံးချပေးသင့်ပါသည်။

သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း

ယခုအခါ ဓာတ်မြေဩဇာရှားပါးပြီး အဆမတန်ဈေးကြီးလာသော အခြေအနေတွင် စိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို တောင်သူများလက်တွေ့အသုံးချစိုက်ပျိုးသင့်သည်။

ကောက်ရိုးအား ပြန်လည်အသုံးချခြင်း

စပါးသီးနှံရိတ်သိမ်းပြီးနောက် ကောက်ရိုး ရိုးပြတ်များကို ထယ်ထိုး မြေမြှုပ်ပေးခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှုတိုးလာကာ မြေဆီလွှာ အာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့် ရေတိုက်စားမှုအား လျော့ကျစေခြင်း၊ အာဟာရဓာတ်များ ရေစီးကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့အား လျော့ကျသွားစေသော အကျိုးသက်ရောက်မှုရှိသည်။ ထို့ပြင် ကောက်ရိုးများကို သီးနှံများစိုက်ပျိုးရာ၌ မြေဖုံးပစ္စည်းအဖြစ် အသုံးချခြင်းဖြင့် ရေငွေ့ပြန်မှုကိုလျှော့ချနိုင်ခြင်း၊ မြေဆီလွှာအစိုဓာတ်ကိုထိန်းသိမ်းခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှုကို ဟန့်တားနိုင်ခြင်း၊ ရေရှည်တွင် မြေဆီလွှာအာဟာရဓာတ်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုကို တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်၍ ရေရှည်တည်တံ့ခိုင်မြဲသော  စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်စေနိုင်မည်ဖြစ်သည်။

သီးထပ်၊ သီးညှပ်သီးနှံပုံစံတွင် ပဲမျိုးစုံထည့်သွင်းစိုက်ပျိုးခြင်းမြေတစ်နေရာတည်း၌ နှစ်စဉ်သီးနှံတစ်မျိုးတည်း  ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များ လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် သီးနှံပုံစံ (သီးထပ်၊ သီးညှပ်) များတွင် ပဲမျိုးစုံသီးနှံအား ထည့်သွင်းစိုက်ပျိုးပေးသင့်သည်။ သုတေသနတွေ့ရှိချက်အရ စပါး-ပဲ-စပါး သီးနှံပုံစံတွင်  မိုးစပါးအပြီး မိုးနှောင်းတွင်စိုက်ပျိုးခဲ့သော ပဲသီးနှံ၏အရိုးအမှော်များ မြေဆီလွှာတွင် ပြန်လည်ထည့်သွင်းထယ်ထိုးမြေမြှုပ်ပေးခြင်းသည် နွေစပါးအတွက် အထောက်အကူဖြစ်စေပြီး မိုးနှောင်းမြေလှပ်ထားခြင်းထက် စပါးအထွက် ၅-၁၀ရာခိုင်နှုန်းပိုသည်ကို တွေ့ရှိခဲ့ရသည်။

ပြောင်းရိုးအား ဘိုင်အိုချာပြုလုပ်သုံးစွဲခြင်းဘိုင်အိုချာသည် သဘာဝစွန့်ပစ်ပစ္စည်းများနှင့် သီးနှံအကြွင်းအကျန်များကို အပူပေးလောင်ကျွမ်းစေခြင်းမှရရှိလာသော ကာဗွန်ကြွယ်ဝသည့် ကွန်ပေါင်းတစ်ခုဖြစ်ပြီး မြေဆီအာဟာရဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေသည်။  ပြောင်းရိုးဘိုင်အိုချာကို  အသုံးပြုခြင်းဖြင့် အာဟာရဓာတ်ဆုံးရှုံးမှုတို့ကို လျော့နည်းစေနိုင်ပြီး သီးနှံစိုက်ပျိုးရာတွင် မြေခံအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။ ဘိုင်အိုချာကို သင့်လျော်သော ဓာတ်မြေဩဇာများနှင့်ရောစပ်အသုံးပြုခြင်းဖြင့် သီးနှံကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်သည်။

စပါးခွံဖွဲပြာ ထည့်သွင်းအသုံးပြုခြင်း

အချဉ်ဘက်ယိုင်သောမြေများတွင်  စပါးခွံများကို လောင်ကျွမ်းသွားအောင် မီးရှို့ခြင်းမပြုဘဲ မည်းသွားရုံသာ မီးလောင်စေ၍ ထိုစပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း ထည့်ပေးခြင်းဖြင့် သုတေသနတွေ့ရှိချက်အရ စပါးအထွက်  ၅ ရာခိုင်နှုန်းပိုစေသည်။ ထို့ပြင် စပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း သုံးရာသီဆက်တိုက်ထည့်သွင်းသုံးစွဲပါက မြေ၏ ချဉ်ငန်ဓာတ်မှာ ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ ထိ တိုးလာခြင်းနှင့် မြေသားဖွဲ့စည်းမှုကောင်းပြီး အပင်စားသုံးနိုင်သော ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ်များလည်း တိုးတက်စေသည်။

မြေဆွေးပုံပြုလုပ်သုံးစွဲခြင်း

မြေဆွေးပုံပြုလုပ်သုံးစွဲပေးခြင်းဖြင့် ဓာတ်မြေဩဇာလိုအပ်မှုအား လျှော့ချနိုင်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များအား ဖြည့်တင်းပေးနိုင်ပြီး မြေအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ခြင်း၊ သစ်ဆွေးဓာတ်များကို အမြန်ဆွေးမြည့်စေရန် လုပ်ဆောင်ပေးသည့် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ ပွားများလာမှုကို အားပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုလည်း ထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည်။

နှမ်းရိုးများအား စပါးစိုက်ခင်းအတွင်းသို့ ပြန်လည်ထည့်သွင်းခြင်းနှမ်းရိုးများသည် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသည်။ စပါးစိုက်ခင်းများအတွင်းတွင် နှမ်းရိုးများကို ရေထဲသို့ နင်းမြှုပ်ပေးခြင်းဖြင့် နှမ်းရိုးထဲရှိ ပိုတက်စီယမ်ဓာတ်များသည် အပင်စားသုံးနိုင်သည့်ပုံစံဖြင့် ထွက်ရှိလာနိုင်ပြီး စပါးပင်များမှ တိုက်ရိုက်စုပ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် စပါးယိုင်လဲမှု လျော့နည်းစေခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိလာခြင်း၊ အမြစ်ဖွဲ့စည်းပုံအားကောင်းလာခြင်း၊  အစေ့အဆန်များ  ပြည့်ဖြိုးအောင်မြင်လာခြင်းတို့ကြောင့်  အထွက်နှုန်းတိုးတက်လာ၍ အရည်အသွေးကောင်းမွန်ခြင်းစသော အကျိုးကျေးဇူးများရရှိစေသည်။

ပဲမြစ်ဖုဇီဝမြေဩဇာများနှင့် ထရိုင်ခိုဒါးမားမှိုအား သုံးစွဲပေးခြင်း

မြေမှ နိုက်ထရိုဂျင်ဓာတ်လျော့ပါးမှုကိုကာကွယ်ရန်နှင့် ပဲပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန် ပဲမြစ်ဖုဇီဝမြေဩဇာများကို ထည့်သွင်းသုံးစွဲပေးနိုင်သည်။ ပဲမျိုးစုံသီးနှံတွင် ပဲမြစ်ဖုဇီဝမြေဩဇာအသုံးပြုခြင်းဖြင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပေးခြင်း၊ အပင်များကြီးထွားမှုကို အားပေးခြင်း၊ မြေဆီလွှာအာဟာရဓာတ်ကို ထိန်းပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အပင်ကြီးထွားမှုကိုအားပေးသော ပဋိဇီဝပစ္စည်းများ (Antibiotics) ထုတ်နိုင်ပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝသက်ရှိမှိုတစ်မျိုးဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို သီးနှံစိုက်ခင်းများနှင့် မြေဆွေးပြုလုပ်ရာတွင် အသုံးပြုသင့်သည်။ ထရိုင်ခိုဒါးမားမှို အသုံးပြုခြင်းဖြင့် အပင်ဟော်မုန်းများ ထုတ်ပေးခြင်း ဖြင့် ကြီးထွားမှုကို အားပေးခြင်း၊ အပင်များအတွက် အာဟာရဓာတ်များ စုပ်ယူအသုံးပြုမှုကို တိုးမြင့်စေခြင်း၊ နှမ်းရိုးမည်းရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါနှင့် ပင်ရင်းပုပ်ရောဂါတို့ကို ကာကွယ်ပေးနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိစေသည်။

စိုက်ပျိုးမြေအများစုသည် သစ်ဆွေးဓာတ်နည်းပါးသည့်အတွက် မြေတွင်းသစ်ဆွေးဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှသာ မြေဆီလွှာ၏ သီးနှံထုတ်လုပ်နိုင်စွမ်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဓာတ်မြေဩဇာကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ လယ်ယာထွက် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ၊ ထရိုင်ခိုဒါးမားမှိုနှင့် မြေဆွေးပြုလုပ်နည်းများ ပညာပေးခြင်း၊ သဘာဝမြေဩဇာများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးခြင်း၊ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများနှင့် ဓာတ်မြေဩဇာကို အကျိုးရှိစွာသုံးစွဲမှု နည်းပညာပေးခြင်းများဖြင့် မြေဆီလွှာကို ထိန်းသိမ်းနိုင်သည်။ မြေဆီလွှာကျန်းမာမှ မျှော်မှန်းအထွက်နှုန်းကိုရရှိစေမည်ဖြစ်၍   မြေဆီလွှာမယိုယွင်း မပျက်စီးအောင် ကာကွယ်ရန်အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

ဒေါက်တာနီနီတင့်(စိုက်သု)

သဘာဝအလှအပများသာမက စီးပွားရေးအချက်အချာကျ အတွင်းမွန်ဂိုလီးယားဒေသ
-

လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။

ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။

ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။

နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။

ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။

ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။

ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။

စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

ကိုးကား- MOI

လင်းလင်း

စီးပွားဖြစ် ငုံးမွေးမြူရာတွင် သိသင့်သည်များ
-

မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည်။  စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပြည်သူတို့၏အကျိုးစီးပွား၊  နိုင်ငံ့အကျိုးစီးပွားကိုမြှင့်တင်ကြရသည်။စိုက်ပျိုးမွေးမြူရေးကို ပြည်တွင်းစီးပွားရေးအပြင် ပြည်ပပို့ကုန်အဖြစ်လည်းတင်ပို့ပြီး    စိုက်ပျိုးမွေးမြူသူများအနေဖြင့် အခြေခံစီးပွားရေးကို  ခိုင်မာတောင့်တင်းစေရန်ဖြစ်သည်။   

မြန်မာနိုင်ငံမှာ မွေးမြူရေးအနေဖြင့် ဝက်မွေးမြူရေး၊ကြက်မွေးမြူရေး၊ ကျွဲ၊ နွားမွေးမြူရေး၊ ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး၊  ဘဲမွေးမြူရေးစသည်ဖြင့်အမျိုးမျိုးရှိသည်။ ထိုမွေးမြူရေးလုပ်ငန်းများအနက် ငုံးမွေးမြူရေးလုပ်ငန်းလည်း  တစ်ခုအပါအဝင်ဖြစ်သည်။  ငုံးဥသည်  လူကြိုက်များသော ဥတစ်မျိုးဖြစ်သည်။  ငုံးကိုဥအတွက်မွေးမြူကြသလို အသားအတွက်လည်းမွေးမြူကြသည်။အထူးသဖြင့်ငုံးကို ဥထုတ်လုပ်ရန်အတွက်သာမွေးမြူကြသည်။   

ဥထုတ်ပြီးငုံးများကိုမူ   အသားအဖြစ်ပြန်လည်ထုတ်လုပ်ကြသည်။  စာရေးသူအနေဖြင့် ငုံးမွေးမြူရေးလုပ်ငန်းအကြောင်းကို  လေ့လာတင်ပြမည်ဖြစ်သည်။

ငုံးအမျိုးအစားနှင့်သဘာဝ

ငုံးသည် ရစ်ငှက်မျိုးနွယ်ဝင်ဖြစ်ပြီး  အင်္ဂလိပ်လို Quail ဟုခေါ်သည်။   သိပ္ပံအမည်မှာ Coturnix ဖြစ်သည်။   ငုံးသည်  ငှက်တစ်မျိုးဖြစ်သည်။အကောင်အရွယ်အစားက လက်သီးဆုပ်ခန့်ရှိသည်။ အလျား၆ လက်မခန့်ရှိပြီး သေးငယ်ကျစ်လျစ်သည်။ အဖိုနှင့်အမမှာ     အရောင်အဆင်းမတူကြပေ။ ငုံးဖိုမှာ ကျောဘက်တွင်   အမည်းပြောက်နှင့် သံချေးရောင်ခပ်မှိုင်းမှိုင်းအပြောက်ပါရှိသည်။  ခြေထောက်ကအဝါရောင်ဖြစ်သည်။ ငုံးမမှာမူ ငုံးဖိုထက် အရောင်ဖျော့သည်။ ဝမ်းဗိုက်နှင့်ရင်မှာ အညိုဝါရင့်ရောင်ရှိသည်။  ရင်နှင့်ဘေးမှာ   အမည်းကန့်လန့်စင်းများသည်။    မြန်မာနိုင်ငံတွင် မိုးဥတု၌ ဥတတ်ကြသည်။ တချို့က   ဇန်နဝါရီလမှာလည်း ဥတတ်ကြသည်။ ဥအရောင်မှာအဝါရောင်၊   အညိုရင့်ရောင်စသည်ဖြင့်ရှိသည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံးမျိုးကိုမြန်မာနိုင်ငံရှမ်းကုန်းမြင့်ဒေသများ၌တွေ့ရတတ်သည်။ ငုံးအမျိုးအစားသုံးမျိုးရှိသည်။ ကိုတာနစ်ချိုင်းနန်းဆစ်ငုံးနှင့်ကိုတာနစ်ကိုရိုမန်လစ်ဒ်အမည်ရှိငုံးတို့ဖြစ်သည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံး၏အရောင်အဆင်းနှင့် အရွယ်အစားမှာ အထက်မှာစာရေးသူဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။ ကိုတာနစ်ကိုရိုမန်လစ်ဒ်ငုံးသည် အလျား ၇လက်မခန့်ရှိသည်။   ငုံးဖို၏ရင်ပိုင်းမှာ အလွန်မည်းနက်သည်။  ကျယ်လောင်စွာအော်မြည်တတ်ပြီး  နေရာတစ်ခုတည်းတွင်ကျက်စားတတ်သည်။မြေပေါ်တွင်ဥတတ်ပြီး ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်းဥမှအကောင်ပေါက်သည်။ နောက်တစ်မျိုးမှာ ကိုတာနစ်ဂျပွန်နီကာငုံးမျိုးဖြစ်သည်။   အလျား ၇  လက်မ - ၈ လက်မခန့်ရှိပြီး အမြီးလုံးဝမရှိပေ။ ဦးခေါင်းအဖြူရစ်များသည်။ ကျောဘက်ကမည်းသည့်အပြင် အညိုကွက်များလည်းပါသည်။   အသိုက်ကိုစိုက်ခင်းများ၊မြက်ခင်းများတွင်ပြုလုပ်လေ့ရှိကြသည်။  ဥမှာ နီဝါရောင်ရှိသည်။  သားပေါက်ချိန်မှာ မတ်လမှ မေလအတွင်းဖြစ်သည်။   မြန်မာနိုင်ငံတွင်မွေးမြူသောငုံးအမျိုးအစားမှာ  ကိုတာနစ်၊  ကိုတာနစ်ဂျပွန်နီကာမျိုးတို့ဖြစ်သည်။  ကိုတာနစ်ဂျပွန်နီကာမျိုးကို ဂျပန်မျိုးဟုလည်းခေါ်ကြသည်။

ငုံးသားဖောက်ခြင်း

ငုံးမွေးမြူရာတွင် တချို့ကအကောင်လိုက်ဝယ်ယူမွေးမြူကြသလို   ကိုယ်တိုင်သားဖောက်မွေးမြူသူများလည်းရှိသည်။  ငုံးသားဖောက်ရန်အတွက် သားဖောက်မည့်ငုံးကို  စနစ်တကျရွေးချယ်ရသည်။ငုံးဥကိုအလုံးကြီးကြီး၊ အလုံးသေးသေး   ဥများကိုရွေးချယ်ခြင်းမပြုသင့်ပေ။ မကြီးလွန်းမငယ်လွန်းသောဥများကိုရွေးချယ်ရပါမည်။သားဖောက်ရန်အတွက် ရွေးချယ်ထားသောဥများကို သိမ်းဆည်းရာတွင်  ရက်ကြာကြာမထားသင့်ပေ။ သားဖောက်မည့်ဥများကိုရွေးချယ်ပြီးပါက လေးရက်ထက်မကျော်လွန်သင့်ပေ။ သတ်မှတ်ရက်ကျော်လွန်သောဥများကိုသားဖောက်မည်ဆိုပါက အကောင်ပေါက်ရာတွင် သန်စွမ်းမှုသိပ်ရှိမည်မဟုတ်ပေ။  သားမဖောက်မီဥများကိုသိမ်းဆည်းရာတွင် အပူချိန်လုံလောက်သောနေရာတွင်သိမ်းဆည်းထားဖို့လိုသည်။ ငုံးသားဖောက်ရာတွင်သားဖောက်စက်ဖြင့်ဖောက်ကြသည်။

ဖောက်စက်သည် အပူချိန်ကွာခြားမှုမရှိဖို့အထူးဂရုစိုက်ရမည်။  အပူချိန်လျော့ပါက သားပေါက်ကြန့်ကြာသည်။ သားဖောက်ရာတွင် အဓိကရည်ရွယ်ချက်မှာ သားပေါက်နှုန်းကောင်းပြီးငုံးသားပေါက်များ ကျန်းမာသန်စွမ်းကာ ဖွံ့ဖြိုးဖို့အဓိကဖြစ်သည်။ ထို့ပြင်ဖောက်စက်ကိုသင့်လျော်သည့်နေရာတွင်ထားရှိရန်လိုအပ်သည်။ဖောက်စက်ထားသည့်အခန်းထဲသို့ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးထားရသည်။ ဖောက်စက်ကို သစ်သားနံရံ  သို့မဟုတ် အုတ်နံရံကာထားသည့်နေရာအနီးတွင်ထားရှိပေးရမည်။ အပူချိန်ပြောင်းလဲမှုမရှိဘဲ တစ်သမတ်တည်းရှိသောနေရာကိုသာရွေးချယ်သားဖောက်ဖို့လိုသည်။ 

ငုံးဥများကို ဖောက်စက်ထဲသို့စနစ်တကျထည့်ပြီးပါကအေးသောရာသီဥတုဆိုလျှင် အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိရမည်ဖြစ်ပြီး ပူသောရာသီတွင် ၉၅ ဒီဂရီဖာရင်ဟိုက်ထားပေးရမည်။ အပူချိန်များလျှင်လည်း ငုံးသားပေါက်လေးများ   ခွန်အားနည်းပါးခြင်း၊ဥဥသည့်အရွယ်ရောက်လျှင်ဥဥနှုန်းမကောင်းခြင်း၊   တချို့ကလုံးဝမဥတော့ပေ။ ဥဖောက်ရန်ညီမျှသောအပူချိန်ပေးထားချိန်တွင် ဥကိုသုံးကြိမ်လှည့်ပေးရမည်။ အကောင်ပေါက်ရန် ၁၄-၂၀  ရက် ကြာတတ်သည်။

အကောင်ပေါက်လာပါက ဖောက်စက်ထဲတွင် ၁၀ နာရီခန့်ထားပြီးနောက်မှ    အပူငွေ့ပေးအိမ်အတွင်းသို့ပြောင်းရွှေ့ပေးရသည်။ အပူပေးအိမ်ကို အလျား ၄ ပေ၊ အနံ ၂ ပေ၊ အမြင့် ၈ လက်မပြုလုပ်ပေးရမည်။  ငုံးအိမ်တစ်ဝက်ကို ပျဉ်ဖြင့်အလုံပိတ်ပြီး  ကျန်တစ်ဝက်ကိုသံဆန်ခါဖြင့်ပိတ်ရမည်။  ထိုနေရာမှာအပူပေးရန် လျှပ်စစ်မီးသီးထားရမည်။ အခင်းကိုသံဆန်ခါကွက်ခင်းပေးရသည်။

ငုံးသားပေါက်အပူပေးခြင်း

ငုံးအိမ်ကို အထက်ပါအတိုင်းပြုလုပ်ပြီးနောက် ငုံးအိမ်သံဆန်ခါအခင်းပေါ်တွင် ဂုန်နီအိတ်ခင်းပြီးထိုအပေါ်မှစက္ကူခင်းပေးရသည်။  ထိုစက္ကူအခင်းပေါ်တွင် ငုံးပေါက်ကလေးများအတွက် အစာပုံးနှင့်ရေခွက်ထားပေးရမည်။ ငုံးငယ်များအား အပူပေးရာတွင် ရက်သားအလိုက်ပေးရသည်။ ရက်သားအလိုက်အပူချိန်မတူပေ။

- ရက်သား                       /       အပူချိန်

- ၁ မှ ၇ ရက်သား           - ၆၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက်

- ၇ မှ ၂၄ ရက်သား         -  ၄၀ မှ ၄၅ ဒီဂရီဖာရင်ဟိုက်

- ၂၅ မှ ၂၈ ရက်သား      -  ၁၅ မှ ၂၀ဒီဂရီဖာရင်ဟိုက် စသည်တို့ဖြစ်သည်။

ငုံးကလေးများသည် ၂၈ ရက်ကျော်ပါက မီးပေးစရာမလိုပေ။ ထို့နောက် မီးလွတ်ငုံးပေါက်ကလေးများအား ငုံးအိမ်အတွင်းအကောင်ရေခွဲ၍ မွေးမြူရမည်ဖြစ်သည်။ဖော်ပြပါအပူချိန်များကို အေးသောရာသီဥတုနှင့်ညအချိန်များတွင်ရက်သားအလိုက်ငုံးများအတွက် အပူချိန်ကို အထက်ဖော်ပြပါအပူချိန်အောက်   လျော့ကျခြင်းမရှိအောင် အထူးဂရုစိုက်လုပ်ဆောင်ပေးရပါမည်။

ငုံးအိမ်တည်ဆောက်ခြင်း

မီးလွတ် ၂၈ ရက်သားငုံးကလေးများကို ငုံးအိမ်အတွင်း အကောင်ရေခွဲမွေးမြူမည်ဆိုပါက ငုံးအိမ်တည်ဆောက်ပေးရမည်ဖြစ်သည်။ ငုံးအိမ်တည်ဆောက်ရာတွင် အလျား ၁ ပေ၊ အနံ၁ ပေ၊ အမြင့် ၁ ပေရှိရမည်။ 

အခန်းဆက်အနေဖြင့်လေးခန်းမှခြောက်ခန်းတွဲအထိပြုလုပ်နိုင်သည်။   အခန်းတွဲအခန်းဆက်နေရာတွင်၂ လက်မခြားထားပေးရသည်။ ခြားထားသည့်နေရာသည် ငုံးချေး၊ အံဆွဲထားရန်ဖြစ်သည်။  အခင်းကို ငါးမူးကွက်ခြောက်ထောင့်သံဆန်ခါ ကာပေးရမည်။

အလယ်အခန်းနံရံများကိုပျဉ်ချပ်များဖြင့်  အလုံပိတ်ထားရမည်။  ငုံးအိမ်ရှေ့တံခါးပေါက်ကို တံခါးဆုံလည်ဖြင့်ထားပေးရသည်။ ငုံးချေးခံခွက်ထားပေးပြီး ချေးခံခွက်အတွင်း လွှစာမှုန့်ခင်းပေးကာ တစ်ပတ်တစ်ခါလှည်းပေးရမည်။    ငုံးစင်အဆင့်တိုင်း၏ဘေးတစ်ဖက်တွင် လွှစာမှုန့်နှင့်ရေအား ရေတံလျှောက်ဖြင့်တည်ပေးရမည်။ သောက်ရေအား တစ်နေ့နှစ်ကြိမ်လဲပေးရသည်။ အားဆေးတိုက်ကျွေးမည်ဆိုပါကလိုအပ်သောအားဆေးကို ရေအတွင်းထည့်သွင်းတိုက်ကျွေးနိုင်သည်။ အခန်းတွဲလေးတွဲရှိငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၆၀ မှ ၈၀ အထိထည့်သွင်းမွေးမြူနိုင်သည်။ ခြောက်ဆင့်ငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၁၄၀ မှ ၁၈၀ အထိမွေးမြူနိုင်သည်။ ဥစားငုံးဆိုလျှင် ခြံဖြင့်မွေးမြူမည်ဆိုပါက ၁  ပေပတ်လည်ခြံတစ်ခြံတွင်   ငုံးကောင်ရေ   ငါးကောင်သာမွေးမြူနိုင်သည်။ အကောင်ဖောက်ရန်မျိုးဥအတွက်မွေးမြူမည်ဆိုပါက၁  ပေပတ်လည်ခြံတစ်ခြံတွင် ငုံးမသုံးကောင်၊ ငုံးထီးတစ်ကောင်နှုန်းထားရှိရမည်ဖြစ်သည်။  ငုံးတစ်ကောင်၏သက်တမ်းမှာ သုံးနှစ်ကျော်ဖြစ်သည်။

ငုံးမွေးမြူရာတွင်သိသင့်သည်များငုံးမွေးမြူရာတွင် ကိုယ်တိုင်ဥဖောက်မွေးမြူနိုင်သလို ငုံးအရွယ်အစားအလိုက်ဝယ်ယူ၍လည်းမွေးမြူနိုင်သည်။  အရွယ်အစားအလိုက်မွေးမြူမည်ဆိုပါက   မွေးမြူနိုင်သည့်အရွယ်အစားမှာအောက်ပါအတိုင်းဖြစ်သည်-

- ၂ ရက်သားငုံးကလေးများအားဝယ်ယူမွေးမြူခြင်း

- ၇ ရက်သားငုံးများအားဝယ်ယူမွေးမြူခြင်း

- ၁၄ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၁ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၈ ရက်သား မီးလွတ်ငုံးအားဝယ်ယူမွေးမြူခြင်း

- ၃၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

- ၄၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

ငုံးမွေးမြူရာတွင် နှစ်ရက်သက်တမ်းရှိငုံးကလေးများအား ဝယ်ယူမွေးမြူပါက တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့သယ်ယူရာတွင်ခက်ခဲသည်။ အသေအပျောက်လည်းရှိနိုင်သည်။ သယ်ယူရာတွင် အပူဓာတ်ရရှိစေရန်အတွက် သယ်ယူရာလမ်းတစ်လျှောက်တွင် အပူပေးရသဖြင့်   အလုပ်ပိုရှုပ်စေသည်။  အပူမပေးဘဲသယ်ယူပါကလည်း ငုံးကလေးများသေသွားနိုင်သည်။  ငုံးမွေးမြူသူများအနေဖြင့် ဝယ်ယူမွေးမြူမည်ဆိုပါက ၂၈ ရက်သားမီးလွတ်ငုံးပေါက်များကိုသာ   ဝယ်ယူမွေးမြူသင့်သည်။   ၂၈ ရက်သားငုံးပေါက်ကလေးများအားဝယ်ယူမွေးမြူပါက အောက်ပါအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်သည်။

ယင်းတို့မှာ-

- ငုံးကလေးများကြီးထွားမှုညီခြင်း

- အရွယ်အစားတညီတည်းဖြစ်ခြင်း

- အစာကျွေးရာတွင် ကုန်ကျစရိတ်တူညီခြင်း

-ငုံးအိမ်တည်ဆောက်ရာတွင်တညီတည်းတည်ဆောက်ရ၍လုပ်ငန်းတွင်ကျယ်ပြီးကုန်ကျစရိတ်သက်သာခြင်း

-ဥသောအရွယ်သို့ရောက်သောအခါ တစ်ပြိုင်နက်ဥခြင်း

-ဥများတစ်ပြိုင်နက်ဥသဖြင့် ဥအများအပြားထုတ်လုပ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေသည်။ ငုံးများအတွက် သင့်လျော်သောအစာခွက်၊ ရေခွက်တို့ကိုစနစ်တကျပြုလုပ်မွေးမြူကြရမည်။

ငုံးအတွက်စပ်စာပြုလုပ်ကျွေးခြင်း

ငုံးကိုအစာကျွေးရာတွင် စပ်စာများကိုသာ အများအားဖြင့်ကျွေးကြသည်။  အစာကိုစနစ်တကျကျွေးပါက  ဥဥနှုန်းကောင်းပြီး    ငုံးကောင်၏သက်တမ်းပိုရှည်သည်။ ငုံးများတွင်လိုအပ်သောအာဟာရဓာတ်ချို့တဲ့ပါက ဥဥနှုန်းကိုထိခိုက်စေနိုင်သည်။ ငုံးများအတွက်အစာအာဟာရကို အရွယ်အစားအလိုက် စပ်စာပြုလုပ်ကျွေးမွေးကြသည်။  ငုံးငယ်၊ ငုံးလတ်၊ ငုံးကြီးစသည်ဖြင့်ခွဲခြား၍   စပ်စာပြုလုပ်ကျွေးကြသည်။ ထိုစပ်စာအတွင်း ငါးကြီးဆီကိုလည်းထည့်ကျွေးပေးနိုင်သည်။   ဖော်ပြပါအစာများတွင် သတ္တုဓာတ်၊ ပရိုတင်းဓာတ်နှင့်ဗီတာမင်ဓာတ်များပါဝင်သည်။ ကန်စွန်းရွက်၊ ဆလတ်ရွက်တို့ကိုလည်း သင့်လျော်သလိုချိန်ဆကျွေးမွေးနိုင်သည်။ အဓိကအားဖြင့် ရေဖြစ်သည်။ ရေမပြတ်အောင်ဂရုစိုက်ရမည်။ ရေသည်စားသမျှအစာကို ကြေညက်စေသည်။ ငုံးကောင်၏ခန္ဓာကိုယ်အပူချိန်ကိုဟန့်တားရာတွင် အထောက်အကူဖြစ်စေသည်။

ဖြစ်တတ်သောရောဂါနှင့်ကာကွယ်နည်း

ငုံးမွေးမြူရာတွင် အထက်ကစာရေးသူဖော်ပြခဲ့သည့် သိသင့်သည့်အချက်များ၊  နည်းစနစ်များကိုသိရှိလိုက်နာဆောင်ရွက်သော်လည်း ရောဂါကျရောက်ပါက သေဆုံးတတ်သလို ဥဥနှုန်းကိုလည်းထိခိုက်စေနိုင်သည်။ ထို့ကြောင့်  စီးပွားဖြစ်ငုံးမွေးမြူသူများအနေဖြင့် ငုံးမှာကျရောက်တတ်သည့်ရောဂါများနှင့်ကာကွယ်နည်းများကိုလည်း သိထားဖို့လိုသည်။

ဝမ်းရောဂါ - ထိုရောဂါဖြစ်ပါက မှိုင်ကုပ်၍အစာမစားပေ။ မျက်နှာရောင်ခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းလက္ခဏာများဖြစ်တတ်သည်။ ထိုရောဂါဖြစ်ပါက ရုတ်တရက်သေဆုံးခြင်းမျိုးဖြစ်တတ်သည်။ထိုအခါ အစာနှင့်ရေအတွင်း တက်ထရာဆိုက်ကလင်းဆေးထည့်၍ ကာကွယ်ကုသနိုင်သည်။

အူရောင်ရောဂါ - ထိုရောဂါသည် ငုံးခြံများ၏ဇီဝလုံခြုံရေးညံ့ခြင်း၊ ခြံသန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်တတ်သည်။  ထိုရောဂါဖြစ်နေပါက မှိုင်နေခြင်း၊ အမွေးအတောင်ကျခြင်း၊  အစားပျက်၍အညိုရောင်နှင့်အဖြူရောင်ဝမ်းသွားခြင်းလက္ခဏာများတွေ့ရမည်။ ထိုအခါအမောက်စလင်ဆေးကိုဆေးညွှန်းအတိုင်းတိုက်ကျွေးပေးရပါမည်။

လည်လိမ်ရောဂါ - ထိုရောဂါသည်ကူးစက်မြန်သည်။ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးတတ်သည်။ ထိုရောဂါဖြစ်ပါက ငုံးကောင်အသက်ရှူရာတွင်ချွဲသံကိုကြားရသည်။ မျက်နှာရောင်၍မျက်ရည်ကျသည်။ ထိုအခါဥဥချိန်ဆိုဥနှုန်းကျဆင်းသွားတတ်သဖြင့် အထူးသတိပြုရမည့်ရောဂါဖြစ်သည်။ အသက်ရှူခက်ခဲခြင်း၊ နှာရည်ကျခြင်း၊ မျက်စိနာခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းတို့တွေ့ရသည်။ ထိုအခါ လည်လိမ်ရောဂါကာကွယ်ဆေးကို တိုက်ကျွေးပေးရပါမည်။

သွေးဝမ်းကျရောဂါ - ထိုရောဂါဖြစ်ပါက ငုံးကောင်များငြိမ်နေတတ်သည်။ အစာစားပျက်လာပြီးကြီးထွားနှုန်းလည်းနှေးလာသည်။ အထူးသဖြင့်ဝမ်းသွားရာမှာသွေးပါလာသည်။ ထိုအခါသွေးဝမ်းကာကွယ်ဆေးကို သောက်ရေမှာရောထည့်၍တိုက်ပေးရသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့  ငုံးမွေးမြူခြင်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်နေကြပြီဖြစ်သည်။ ငုံးဥသည် အာဟာရဓာတ်ကြွယ်ဝသဖြင့်လူကြိုက်များသည်။ ၂၈ ရက်သားမီးလွတ်ဝယ်ယူမွေးမြူပါက စရိတ်စကသက်သာသလို ကြက်ကဲ့သို့ မီးမပေးရသဖြင့် ကုန်ကျစရိတ်လည်းပိုသက်သာသည်။ ထို့ပြင် ငုံးဥသည်   စျေးကွက်ရှိသောဥတစ်မျိုးဖြစ်သည့်အတွက် စီးပွားဖြစ်မွေးမြူသင့်သည်။  ကမ္ဘာတစ်ဝန်းလုံးခြုံကြည့်ပါက ငုံးကိုမြန်မာနိုင်ငံတွင်    စီးပွားဖြစ်မွေးမြူမှုမှာသုည ဒသမ ၇ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအကျိုးအမြတ်ရရှိသောမွေးမြူရေးဖြစ်သည်။ တရုတ်နိုင်ငံမှာ တစ်နှစ်လျှင်ငုံးဥ ၄၉၀၀၀၀ မက်ထရစ်တန်ချိန်အထိထုတ်လုပ်သည်။  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ငုံးဥပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ တစ်နိုင်ငံလုံး၏ ငုံးဥထွက်နှုန်း ၆၀ ရာခိုင်နှုန်းသည် ငုံးမွေးမြူရေးအများဆုံးလုပ်ကိုင်သည့် မုံရွာဘက်မှဖြစ်သည်။ ငုံးကိုဥထုတ်နိုင်သလို အသားလည်းထုတ်ယူရရှိသည့်အပြင် ငုံးချေးကိုမြေသြဇာအဖြစ်ပါအသုံးပြုနိုင်သည်

ထို့ကြောင့် စာရေးသူအနေဖြင့် ငုံးမွေးမြူမည့်သူများအတွက် ငုံးမွေးမြူရာတွင်သိရှိလိုက်နာသင့်သည်များကို  သိရှိနိုင်စေရန် လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ရပါသည်။    ။

quail

Source: Myawady Web Portal

ကိုကျော်စွာ(ကျိုက်ပိ)

တောင်သူဝင်ငွေတိုးဖို့ ဝါသီးနှံကို စနစ်တကျစိုက်ပျိုးကြပါစို့
-

ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက်  ပုံစံအမျိုးမျိုးဖြင့်  အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအတွက် တွန်းအ

ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက်  ပုံစံအမျိုးမျိုးဖြင့်  အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

ဝါသီးနှံကိုမြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဝါမျိုးစုံစိုက်ပျိုးမှုမှာ ဧက ၅ ဒသမ ၄၅ သိန်းစိုက်ပျိုးပြီးဖြစ်ရာ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုမှာ စုစုပေါင်း ဝါမျိုးစုံစိုက်ပျိုးမှု၏ ၉၄ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ချည်မျှင်တိုဝါ စိုက်ပျိုးမှုမှာ ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။   ဝါစိုက်ပျိုးထုတ်လုပ်မှုအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး     စုစုပေါင်းစိုက်ဧရိယာ၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိစိုက်ပျိုးလျက်ရှိသော ချည်မျှင်ရှည်ဝါမျိုးများမှာ  စိုက်ပျိုးရေးဦးစီးဌာနမှ  သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးသော ငွေချည် -၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ ချည်မျှင်ရှည်ဝါမျိုးများနှင့်  ပုဂ္ဂလိကကုမ္ပဏီများမှဖြန့်ဖြူးသောမျိုးများဖြစ်သည့် ရာကာ-၆၆၆၊ ဘီ-၃၁နှင့် တီဘီအယ်လ်-၁၉၅ တို့ဖြစ်ပြီး ချည်မျှင်တိုဝါမျိုးများမှာ မလှိုင်ဝါ၊ ဝါကြီး၊ ဝါကလေးတို့ဖြစ်သည်။ ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း ရွှေတောင်-၁၀ကို အများဆုံး စိုက်ပျိုးပြီး စုစုပေါင်း ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၄၈ ဒသမ  ၅၁ ရာခိုင်နှုန်းနှင့်  ဒုတိယအများဆုံးမှာ ရွှေတောင်-၈ ဖြစ်ပြီး ၃၄ ဒသမ ၆၉ ရာခိုင်နှုန်း စိုက်ပျိုးသည်။ တိုင်းဒေသကြီးအလိုက်၊ မျိုးအလိုက်စိုက်ပျိုးမှုကိုကြည့်ပါက ရွှေတောင်-၁၀ ဝါမျိုးကို မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံး၊ ရွှေတောင်-၈ ဝါမျိုးကို မကွေးတိုင်းဒေသကြီးတွင်  အများဆုံးစိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါစိုက်ဧက၏   ၂၇  ဒသမ  ၁၁ ရာခိုင်နှုန်းနှင့်  ၂၁ ဒသမ ၇၂  ရာခိုင်နှုန်းတို့ဖြစ်သည်။

စိုက်ပျိုးထွက်ရှိသောဝါများအား ကြိတ်ခွဲထုတ်လုပ်၍ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဝါ ၃၉၈၅၆၄ မက်ထရစ်တန်  (ဂွမ်း ၁၃၁၅၂၆ မက်ထရစ်တန်) ထွက်ရှိ၍ ပြည်တွင်းသုံးစွဲမှုမှာ ဂွမ်း ၂၆၃၄၅ မက်ထရစ်တန်ဖြစ်ပြီး ပြည်ပတင်ပို့မှုမှာ ဂွမ်း ၉၄၁၉ မက်ထရစ်တန်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများအနေဖြင့် ဝါသီးနှံအထွက်နှုန်းတိုးတက်၍အရည်အသွေးကောင်းမွန်သော ဝါများရရှိပါက ဈေးကောင်းရရှိကာ တစ်ဦးချင်းဝင်ငွေ  တိုးတက်လာစေရေးအတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ရည်ရှိသော ဝါမျိုးများ ကို  စဉ်ဆက်မပြတ်သုတေသနပြု၍   ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းအပြင် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကိုလည်း သုတေသနပြုလုပ်၍ ရရှိလာသော ရလဒ်ကောင်းများကို တောင်သူများထံသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း  တစ်ဧက  ပိဿာ  ၇၀၀  ထွက်ရှိရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ ချည်မျှင်ရှည်ဝါ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၉၇ ဒသမ  ၅၁ ပိဿာဖြစ်သည်။ တောင်သူများအနေဖြင့် တစ်ဧကဝါပိဿာ ၇၀၀ ထွက်ရှိပါကလက်ရှိဝါရောင်းချဈေးနှုန်းသည် ၁ ပိဿာလျှင် ပျမ်းမျှငွေကျပ်  ၃၀၀၀ မှ ငွေကျပ် ၄၀၀၀ အတွင်း ရရှိသည်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ၂၁ သိန်းမှ ငွေကျပ် ၂၈ သိန်းရရှိမည်ဖြစ်ပြီး တစ်ဧက ဝါစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်ရှစ်သိန်းကျော် ဖြစ်သဖြင့် ၁ ဧကလျှင် ငွေကျပ် ၁၃ သိန်းမှ ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုခြင်းနှင့်စိုက်ပျိုးနည်း

ဝါစိုက်ပျိုးရာတွင် ထည့်သွင်းရမည့် သွင်းအားစုများအနက်မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုး ခြင်းသည်အဓိကကျသောအချက်ဖြစ်သည်။ မည်မျှပင်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုပါစေ  “မျိုးစေ့မမှန်ပင်မသန်”ဆိုသည့် ဆိုရိုးစကားအတိုင်း မျိုးကောင်းမျိုးသန့်အသုံးပြု စိုက်ပျိုးထားခြင်းမဟုတ်ပါက မျှော်မှန်းအထွက်နှုန်းနှင့် အကျိုးအမြတ်   ရရှိနိုင်မည်မဟုတ်ပါ။သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့စီးဆင်းမှုစနစ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်- ၉၊ ရွှေတောင်-၁၀နှင့် ငွေချည်-၁၁ ဝါမျိုးများကို စိုက်ပျိုးရန်ဖြစ်ပြီး ကုမ္ပဏီများမှ မှတ်ပုံတင်၍ ဖြန့်ဖြူးသော     မျိုးဝါများကိုလည်း စိုက်ပျိုးနိုင်ပါသည်။

ဝါမျိုးစေ့များကိုကြိုတင်စုဆောင်း၍  အနည်းဆုံး သုံးရက်နေလှန်းပြီးမှသာ   အသုံးပြုစိုက်ပျိုးရန် ဖြစ်သည်။ ဝါမျိုးစေ့အိတ်များကို မြေကြီးပေါ်တွင်ထားပါက အစိုပြန်၍ ပျက်စီးတတ်သဖြင့် စင်ပေါ်တွင်ဖြစ်စေ၊ တုံးခံ၍ဖြစ်စေ၊ ဝါးကပ်ခင်း၍ဖြစ်စေ တင်ထားရန်လိုအပ်သည်။ ဝါစေ့များကို မစိုက်ပျိုးမီ ၁၅ ရက်ခန့် ကြိုတင်၍ အပင်ပေါက်စမ်းသပ်ကြည့်ပြီး ဝါစေ့ ၁၀၀ လျှင် ၇၅ စေ့ အပင်ပေါက်မှ မျိုးအဖြစ် အသုံးပြုရမည်ဖြစ်သည်။

မြေအမျိုးအစားရွေးချယ်ခြင်း

ဝါသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုကောင်းသော နုန်းမြေ၊ သဲနုန်းမြေ ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်ပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိရပါမည်။ ဆပ်ပြာ၊ ယမ်းစိမ်းမပေါက်သောမြေဖြစ်ရပါမည်။

စိုက်ချိန်မှန်ကန်စေခြင်း၊  ထယ်ရေးနက်နက်နှင့် ညက်ညက်ရအောင်ဆောင်ရွက်ခြင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတို့တွင်စိုက်ပျိုးလျက်ရှိရာ ဆည်ရေသောက်ဒေသများတွင် မိုးကြိုရာသီစိုက်ဝါကို ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးကောင်းသောက် ဧရိယာများတွင်  မိုးရာသီစိုက်ဝါကို  မေလလယ်မှ ဇွန်လကုန်အတွင်း၊   မိုးနှောင်းရာသီစိုက်   ဝါကို ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အတွင်း အပြီးရာသီချိန်မီစိုက်ပျိုးရန် လိုအပ်ပါသည်။ ဝါစိုက်ထယ်ရေးအဖြစ် ထယ်နှစ်စပ်(ခါ)ထိုးပြီး စက်ထွန်နှစ်စပ်(ခါ)(သို့) နွားထွန် လေးစပ်(ခါ)ထွန်မွှေပေးခြင်းဖြင့် ထယ်ရေးနက်နက်နှင့်ညက်ညက်ရအောင်ဆောင်ရွက်ရပါသည်။  ဤသို့မြေကို   စနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေအတွင်းအစိုဓာတ်ကို   ကောင်းစွာထိန်းနိုင်ခြင်း၊ မြေအတွင်းလေဝင်လေထွက်ကောင်းခြင်း၊ မြေအတွင်း အကျိုးပြုပိုးများလှုပ်ရှားနိုင်ခြင်းကြောင့် အပင်အတွက် အာဟာရဓာတ်ကောင်းစွာရရှိနိုင်ခြင်း၊ ပေါင်းမြက်များကိုသေစေနိုင်ခြင်းနှင့် အပင်၏အမြစ်ဖွဲ့စည်းမှု ကောင်းစေခြင်းစသည့်   အကျိုးကျေးဇူးများကို ရရှိစေသည်။ မြေအတွင်းရှိ အစိုဓာတ်မပျက်စေရန် ကျမ်းတုံးဖြင့်မြေကိုဖိ၍ညီညာအောင်ညှိပြီး စိုက်ကြောင်းဆွဲပေးရပါမည်။

တစ်ဧက    သတ်မှတ်အပင်ဦးရေပြည့်မီအောင်ဆောင်ရွက်ခြင်း

တစ်ဧကတွင် ဝင်ဆံ့ရမည့် သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်းသည် အထွက်နှုန်းတိုးတက်ရန်အတွက် အရေးကြီးသည်။ သို့ဖြစ်၍ မိမိစိုက်ပျိုးသည့် မြေအမျိုးအစားအလိုက် သတ်မှတ်အပင်ဦးရေပြည့်မီရေး ပင်ကြား၊ တန်းကြားအကွာအဝေးကို  ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမည့်မြေသည်   မြေကောင်းဖြစ်ပါက တန်းကြား (တစ်တန်းနှင့် တစ်တန်းအကွာအဝေး) ၃ ပေ၊ ပင်ကြား (တစ်ကျင်းနှင့် တစ်ကျင်းအကွာအဝေး) ၃ ပေဖြင့်လည်းကောင်း၊ မြေသင့်ဖြစ်ပါက တန်းကြား ၃ ပေ၊ ပင်ကြား ၂ ပေဖြင့်လည်းကောင်း၊ မြေညံ့ဖြစ်ပါက တန်းကြား ၂ ဒသမ ၅ ပေ၊ ပင်ကြား ၂ ဒသမ ၅ ပေဖြင့် လည်းကောင်း စိုက်ပျိုးသင့်သည်။ စိုက်ပေါင်ဖော်ပြီးပါက  သတ်မှတ်ထားသည့်  ပင်ကြား၊ တန်းကြားအကွာအဝေးအတိုင်း  တစ်ကျင်းလျှင်  ဝါမျိုးစေ့ သုံးစေ့ထက်မပိုဘဲ  မြေချစိုက်ပျိုးပြီး မျိုးစေ့များအပေါ်တွင် မြေပါးပါးပြန်ဖုံးပေးရပါမည်။ စိုက်ပျိုးပြီး သုံးရက်မှ   ငါးရက်အကြာ  ဝါပင်ပေါက်စုံလျှင် မပေါက်သည့်နေရာ ကျင်းလပ်များအား အမြန်ဆုံးမျိုးစေ့ချ၍    အစိုဓာတ်ရအောင်ဆောင်ရွက်ပြီး ပြန်လည်ဖာထေးစိုက်ပျိုးရပါမည်။ ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅ ရာခိုင်နှုန်းပြည့်မီစွာ ဝါကောက်သိမ်းနိုင်ရေးအတွက် ဝါပင်များအသေအပျောက်မရှိစေရေးကို အလေးထားစီစဉ်ဆောင်ရွက်ရပါမည်။

သဘာဝမြေဩဇာနှင့်  ဓာတ်မြေဩဇာတွဲဖက်၍အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုခြင်းဝါသီးနှံစိုက်ပျိုးရာတွင် ဝါအထွက်နှုန်းတိုးတက်ရေးနှင့် ဂွမ်းမွေးအရည်အသွေးကောင်းမွန်ရေးတို့အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို အချိန်ကိုက် အချိုးကျ တွဲဖက်ထည့်သွင်းအသုံးပြုရေးသည်    အရေးပါသောလုပ်ငန်းတစ်ခုဖြစ်သည်။

သို့ဖြစ်၍ တစ်ဧကလျှင် သဘာဝမြေဩဇာ နွားချေးလှည်း ၁၀ စီး၊  ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့် ပိုတက်မြေဩဇာအိတ်ဝက်ကို မြေခံအဖြစ်လည်းကောင်း၊  အပိန့်ဝင်ချိန်တွင်  ကွန်ပေါင်းအိတ်ဝက်၊ ယူရီးယားအိတ်ဝက်နှင့်  ပိုတက်အိတ်ဝက်ရောပြီး အပင်ခြေမှ  ၆  လက်မအကွာတွင်လည်းကောင်း၊ ပန်းပွင့်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မအကွာတွင်လည်းကောင်း၊ ဝါသီးကြီးထွားမှုနောက်ပိုင်းကာလ၇၅-၈၀ ရက်သားတွင်  ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင်လည်းကောင်း အချိန်ကိုက်  အချိုးကျ ထည့်သွင်းပေးရန်လိုအပ်သည်။   ပိုတက်ဆီယမ်ရွက်ဖျန်းမြေဩဇာ၊   အနည်းလို  အာဟာရဘိုရွန် ရွက်ဖျန်းမြေဩဇာနှင့်   ဇင့်ရွက်ဖျန်းမြေဩဇာများ ဖြည့်စွက်အသုံးပြုနိုင်သည်။  ဝါသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန်အတွက် ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေဩဇာများကိုလည်း မဖြစ်မနေတွဲဖက် အသုံးပြုရန်လိုအပ်ပါသည်။ 

သဘာဝမြေဩဇာအားသုံးစွဲခြင်းဖြင့်အဓိကလိုအပ်သော အာဟာရဓာတ်၊ သာမန်လိုအပ်သော အာဟာရဓာတ်နှင့် အနည်းလိုအာဟာရဓာတ်များစုံလင်စွာရရှိနိုင်ခြင်း၊    မြေအတွင်းအဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှုကောင်းမွန်စေခြင်း၊   မြေဆီလွှာဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်စေခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို    လျှော့ချနိုင်ပြီး  စိုက်ပျိုးရေးတိုးတက်မှုကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။

အချိန်မီအပင်သားခွဲခြင်း

ရွက်ဆစ် ၃-၄ ရွက်ထွက်ချိန်တွင် စိုက်ပြီး ၁၈-၂၁ရက်အတွင်း စိုက်ကျင်းတစ်ကျင်းလျှင် နှစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ စနစ်တကျနှင့် အချိန်မီသားခွဲခြင်းဖြင့် ဝါပင်ပုံမှန်ဖြစ်ထွန်းစေခြင်း၊ သီးကိုင်းများ ပုံမှန်ကြီးထွားခြင်း၊ ဂွမ်းနှင့် ဝါစေ့အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်စေမည်ဖြစ်သည်။

ပေါင်းမြက်နှိမ်နင်းခြင်း၊ ကြားထွန်ဝင်ခြင်း

အပင်ငယ်စဉ် မြစ်စဉ်ထုအား ကြီးထွားမှုမြန်ပြီး အပင်ပိုင်းကြီးထွားမှုနှေးသဖြင့် ဝါပင်သက်တမ်းနှစ်လအတွင်း ပေါင်းမြက်မအုပ်မိစေရန်အတွက် ငယ်ပေါင်းနှိမ်နင်းရန် အထူးလိုအပ်သည်။

နောက်ပိုင်းကြားထွန်ဝင်ခြင်းကို  ၁၅  ရက်တစ်ကြိမ်(သို့)ရေသွင်းပြီးတိုင်း၊ မိုးရွာပြီးတိုင်း၊ ပေါင်းမြက်ထတိုင်းဆောင်ရွက်ရပါမည်။ ကြားထွန်ဝင်ခြင်းကို အပင်ခြေမှ အနည်းဆုံး ၆ လက်မခွာ၍ ပြုလုပ်ရမည်။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန်လိုအပ်သည်။

အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း၊ လိုအပ်သလို ရေသွင်း၊ ရေထုတ်ပြုလုပ်ခြင်းဖြည့်စွက်ရေသည် ဝါအထွက်နှုန်းတိုးတက်ရေးအတွက် အရေးကြီးသော သွင်းအားစုတစ်ခုဖြစ်သည်။ ရေပေးသွင်းခြင်းကို ဝါစိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက်အလိုက် မိုးကြိုရာသီတွင်  စိုက်ရေ တစ်ကြိမ်၊ အပင်ဖြစ်ရေ ၄-၅ ကြိမ် သွင်းပေးခြင်းနှင့် မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂-၃ ကြိမ် သွင်းပေးရမည်။ အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်း မိုးများ၍ ရေဝပ်နေလျှင် ရေထုတ်ပေးခြင်း၊ အထူးသဖြင့် အပင်ငယ်စဉ်တွင်  ရေမဝပ်စေရန်နှင့် ရေပို၊ ရေလျှံများ အမြန်ဆုံးထုတ်ပေးခြင်းတို့   ဆောင်ရွက်ရမည်။  အပိန့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့်  ဝါသီးကြီးထွားချိန်တို့တွင်   အစိုဓာတ်လုံလောက်စွာမရပါက ရေသွင်းရန်လိုအပ်ပါသည်။

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ဝါသီးနှံ၏အထွက်နှုန်းကိုလျော့ကျစေသော  အချက်များတွင် ပိုးမွှားရောဂါကျရောက်မှုသည်   အဓိကအချက်ဖြစ်သဖြင့် ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းရန် အရေးကြီးပါသည်။ ဝါသီးနှံတွင်ကျရောက်တတ်သော ပိုးများမှာ အရွက်များတွင်ကျရောက်တတ်သော ဖြုတ်စိမ်း၊ ပျ၊ ယင်ဖြူ၊ ရွက်လိပ်၊ ရွက်စားပိုးများနှင့် သီးပွင့်အင်္ဂါများတွင် ကျရောက်တတ်သော အစိမ်းရောင်သီးလုံးဖောက်ပိုး၊ ပန်းရောင်သီးလုံးဖောက်ပိုး၊ အစက်အပြောက်သီးလုံးဖောက်ပိုး၊ ဝါဂွမ်းပိုးနီနှင့် ပင်စည်တွင်ကျရောက်တတ်သော ပင်စည်ထိုးကျိုင်းတို့ဖြစ်သည်။ ထို့ကြောင့်  အပင်ငယ်စဉ်တွင်  ကျရောက်တတ်သော ပိုးမွှားရောဂါများကိုကာကွယ်ရန် မျိုးစေ့လူးနယ်ဆေး လူးနယ်ထားသော မျိုးစေ့ကို စိုက်ပျိုးရမည်။ ဝါပင် ၅၀ ရက်သားအထိ စုပ်စားပိုးကာကွယ်ဆေးနှစ်ကြိမ်နှင့်  ဝါပင် ၆၀ ရက်သား နောက်ပိုင်း ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုးနှင့် စုပ်စားပိုးကာကွယ်ဆေးလေးကြိမ် ပက်ဖျန်းရမည်ဖြစ်ပြီး  လိုအပ်ပါက အခြားပိုးများအတွက်လည်း ဆေးဖျန်းကာကွယ်ရပါမည်။ ထို့ပြင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုလည်း အသုံးပြုရန်လိုအပ်သည်။

ပိုးသတ်ဆေးများကို ကျရောက်သော ပိုးအမျိုးအစားအလိုက် တစ်ဧကသုံးစွဲရမည့်နှုန်းထားအတိုင်းမှန်ကန်စွာသုံးစွဲရန်ဖြစ်သည်။ ပိုးသတ်ဆေးများကို ကိုင်တွယ်ပက်ဖျန်းသည့်အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ ဖိနပ်များကို ပြည့်စုံစွာဝတ်ဆင်ရမည်။  ဆေးဖျန်းလုပ်သားသည်  အမြဲတမ်း လေတင်မှနေ၍ ဖျန်းရမည်။

စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလိုက်နာခြင်း

ဝါစိုက်တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါခင်းအတွင်း၌ ဝါသီး ၃၀ ရာခိုင်နှုန်းကွဲချိန်တွင် စတင်ကောက်သိမ်း၍ ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို အလေအလွင့်မရှိအောင် ကောက်သိမ်းရမည်။ ဝါကောင်းနှင့်ကြွယ်ဝါကို ခွဲခြားကောက်သိမ်းရမည်။ ဝါကို ၁-၂ ရက်ခန့် နေလှန်းပြီးမှသာ သိုလှောင်သိမ်းဆည်းရမည်။ အလွန်ပူသော နေ့လယ်ခင်း၊  အလွန်စိုစွတ်သော ရာသီဥတုအခြေအနေများနှင့် မိုးရွာပြီးစအချိန်တို့တွင် ဝါကောက်သိမ်းခြင်းမပြုလုပ်သင့်ပါ။ ကောင်းစွာခြောက်သွေ့သော ဝါပေါက်ကိုကောက်သိမ်းခြင်းသည် ဝါစေ့များတွင် အစိုဓာတ်ပါဝင်မှုနည်းပြီး မျိုးစေ့အပင်ပေါက်မှု စွမ်းရည်ကောင်းမည်။ ဝါကောင်းမှ အရည်အသွေးကောင်းဝါမျိုးစေ့များရရှိမည်။

ဝါကြိတ်ခွဲသူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါကြိတ်ခွဲသူများအနေဖြင့် ဝါအရည်အသွေးစစ်ဆေးဝယ်ယူခြင်းနှင့်  အရည်အသွေးကောင်းဝါများကို ဈေးကောင်းသတ်မှတ်ဝယ်ယူခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝါ၏ပင်ကိုအရည်အသွေး ထိန်းသိမ်းနိုင်ရန် ချည်မျှင်တို၊ ချည်မျှင်လတ်၊ ချည်မျှင်ရှည်ခွဲခြား၍ ကြိတ်ခွဲခြင်း၊ ဝါမျိုးအလိုက်  ခွဲခြားသိုလှောင်ပြီး  အရောင်အစွန်းအထင်းပါသော ဝါပေါက်များကို ဖယ်ရှားသန့်စင်ပြီးမှ ကြိတ်ခွဲခြင်း၊ မျိုးတစ်မျိုးနှင့်တစ်မျိုး ပြောင်းလဲကြိတ်ခွဲပါက မျိုးကွဲများရောနှောခြင်းမရှိစေရန်အတွက် စက်အစိတ်အပိုင်းများအားလုံးကို  စနစ်တကျ အသေးစိတ်သန့်စင်ပြီးမှ ကြိတ်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။   ကြိတ်ခွဲပြီးဂွမ်းများအား ကူးစက်ညစ်ညမ်းမှုများမရှိစေရန် စနစ်တကျ ထုပ်ပိုးသိုလှောင်ခြင်း၊ မျိုးစေ့များကို ဆန်ခါချ၍ လုံးပိန်၊ လုံးညှက်၊ အရောင်ပျက်များ ဖယ်ရှားခြင်းတို့ ဆောင်ရွက်ရမည်။

သို့ဖြစ်ပါ၍ ဝါစိုက်တောင်သူများ၊ ဝါကြိတ်ခွဲထုတ်လုပ်သူများ၊ တစ်ဦးချင်းအနေဖြင့် အထက်ပါနည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်လာခြင်းဖြင့်  တစ်ဧကအထွက်နှုန်းတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေမည်ဖြစ်ကာ  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  ထို့ပြင် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းဝါလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်းအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိ၍နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။   ။

Source: Myawady Web Portal

မြင့်မြင့်စိန်(ဝါ/လျှော်)

ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး သဘာဝပိုးပြေးဆေးပြုလုပ်သုံးစွဲပေး
-

သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားရောဂါများမကျရောက်အောင် ကြိုတင်ကာကွယ်ရေးသည် အထူးအရေးကြီးလှသည်။ ပိုးမွှားရောဂါကင်းပါမှ သီးနှံများအထွက်နှုန်းကောင်းမှာဖြစ်သလို အရည်အသွေးလည်းကောင်းမှာဖြစ်သည်။ ထို့ကြောင့် တောင်သူဦးကြီးများ၏ သီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲသင့်သည်။

သဘာဝပိုးပြေးဆေးဆိုသည်မှာ  ဖျက်ပိုးတစ်မျိုးတည်းကိုသာ ဦးတည်တိုက်ခိုက်သည့် ဓာတုပိုးသတ် ဆေးကဲ့သို့မဟုတ်ဘဲ ပိုးမွှားရောဂါများကို ကာကွယ်ဟန့်တားနိုင်သည့် အာနိသင်များရှိသည်။ဓာတု ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ကာသီးနှံများတွင် ဓာတု ဓာတ်ကြွင်းများပါသွားပြီး စားသုံးသည့်အခါ ဘေးအန္တရာယ်များဖြစ်နိုင်သည်။

ထို့ကြောင့် တောင်သူများ၏ပတ်ဝန်းကျင်အနီးတွင် အလွယ်တကူရရှိနိုင်သည့်ပစ္စည်းများကိုအသုံးပြု၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရာတွင် လိုအပ်သည့်ပစ္စည်းများမှာကြက်သွန်ဖြူ ၁ ပိဿာ၊ချင်းတက် ၁ ပိဿာ၊  ငရုတ်သီးစိမ်း ၁ ပိဿာ၊ တမာရွက် ၁ ပိဿာ၊ဆင်တုံးမနွယ် ၁ ပိဿာ၊ ဆေးရွက်ကြီး ၁ ပိဿာ၊ အီးအမ်ဖျော်ရည်၁ လီတာ၊တင်လဲရည် ၂ လီတာ၊ ဒုတ္ထာ ၂၅ ကျပ်သား၊ရေ ၁၀၀ လီတာ၊ရာဝင်စဉ့်အိုးကြီး တစ်လုံး သို့မဟုတ်  ပလတ်စတစ်ပုံးကြီး တစ်ပုံးတို့ဖြစ်သည်။

လိုအပ်သည်များ စုဆောင်းပြီးပါက ဦးစွာ ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်းများကို ကြေညက် အောင်ထောင်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်သည်။ ပြီးပါက တမာရွက်နှင့် ဆင်တုံးမနွယ် ကို ဓားဖြင့်နုပ်နုပ်စဉ်းပါ။ ဆေးရွက်ကြီးကို ကြေညက်အောင်ခြေပေးရမည်။ ထိုသို့ဆောင်ရွက်ပြီးပါက ရာဝင်စဉ့်အိုးကြီး သို့မဟုတ် အဖုံးပါ ပလတ်စတစ်ပုံးကြီးတွင် ပြင်ဆင်ပြီးသွားသော ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်း၊ တမာရွက်၊ ဆင်တုံးမနွယ်နှင့် ဆေးရွက်ကြီးတို့ကို စုပေါင်း၍ထည့်ပေးရသည်။ ထို့နောက် ဒုတ္ထာ၊ တင်လဲရည်နှင့် အီးအမ်ဖျော်ရည်တို့ကိုထပ်ထည့်ပေးပြီး ရေ ၁၀၀ လီတာထည့်ကာ တုတ်ဖြင့်နှံ့စပ်အောင် မွှေပေးရမည်။ ပြီးပါက သဘာဝပိုးပြေးဆေးစဉ့်အိုးကို လေလုံအောင်ပိတ်ပေး ရမည်။ သဘာဝပိုးပြေးဆေးအိုးကို တစ်ရက်ခြားမွှေပေးရပြီး အဖုံးကို လေလုံအောင် ပြန်ဖုံး ပေးရသည်။ ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာသောအခါ အဖတ်များကိုဆယ်ယူပြီး  ဆေးရည်ကို ရေစစ်ဖြင့် စစ်ယူ၍ လေလုံ သော ပလတ်စတစ်ပုံးများတွင်ထည့်ကာ အဖုံးပြန်ပိတ်ထားရသည်။

သီးနှံများတွင်ပက်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံးတစ်ပုံးလျှင် သဘာဝပိုးပြေးဆေး တစ်လီတာနှုန်း ထည့်ပြီး တစ်ဧကလျှင် ဆေးဖျန်းပုံးငါးပုံး ပက်ဖျန်းရန်အတွက် သဘာဝပိုးပြေးဆေးငါးလီတာကိုသာ သုံးစွဲရသည်။သီးနှံပင်များကို ၁၄ ရက်သားမှ စတင်ဖျန်းပေးနိုင်ပြီး ခုနစ်ရက် သို့မဟုတ် ၁၀ ရက်ခြားတစ်ကြိမ် သီးနှံပင်သက်တမ်းတစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ် နိုင်သည်။

သဘာဝပိုးပြေးဆေးကို တောင်သူကြီးများ ဖျော်စပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ တစ်ဧက ကုန်ကျစရိတ်သက်သာခြင်း၊  တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း၊ ဓာတုဆေးများကဲ့သို့ လူနှင့်တိရစ္ဆာန်များအပေါ် အဆိပ်အတောက်မဖြစ်ခြင်း၊ သီးနှံ များ၏အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း၊ သဘာဝဂေဟစနစ်ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

တောင်သူလယ်သမားအများစုသည် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်လာမှ ဓာတုပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲမည့်အစား သဘာဝပိုးပြေးဆေးများကိုပြုလုပ်ထားရှိပြီး သီးနှံပင်သက်တမ်း တစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါများကို ကြိုတင်ကာ  ကွယ်နိုင်မည်ဖြစ်သည်။ သဘာဝ ပိုးပြေးဆေး တစ်အိုးကုန်ကျစရိတ်မှာ ငွေကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်သာကုန်ကျပြီး ဆေးတစ်လီတာ လျှင် ငွေကျပ် ၅၀၀ မှ ၆၀၀ သာ ကုန်ကျသဖြင့် တောင်သူကြီးများ မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်သည်။ ဆေးရည်စစ်ယူပြီး ကျန်ရှိသည့် စစ်ဖတ်များကိုလည်း စိုက်ခင်းပတ်လည်တွင်ချပေးခြင်းဖြင့် ကြွက်များ မလာအောင် ကာကွယ်တားဆီးနိုင်သည်။

သို့ဖြစ်ပါ၍ ဓာတုဆေးများကဲ့သို့ ပြင်းထန်သော ထိသေ၊ စားသေ အဆိပ်အာနိသင်မျိုးမဟုတ်ဘဲ ဖျက်ပိုးများ မကြိုက်နှစ်သက်သည့် အနံ့အရသာများနှင့် ပက်ဖျန်းထားခြင်းဖြစ်၍ ပိုးမွှားများ မလာရောက်နိုင်သည့် သဘာဝပိုးပြေးဆေးများကို တောင်သူတိုင်းသုံးစွဲကြခြင်းဖြင့် သီးနှံဖျက်ပိုးမွှား အန္တရာယ်များမှကင်းလွတ်နိုင်ပါသဖြင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး  သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲ ပေးသင့်ပါကြောင်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

မြတ်ခင်ခင်၊ စစ်ကိုင်း DOA