မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။ ဝဥသီးနှံသည် မြန်မာနိုင်ငံတွင် တစ်ချိန်က သဘာဝတောင်တန်းများ၌ ပေါက်ရောက်လျက်ရှိသည်။ ဝဥကို ကျေးလက်နေ တိုင်းရင်းသားများ ချက်ပြုတ်စားသောက်ခဲ့သည်။ ယခုအခါ ကုန်ချော ထုတ်လုပ်ပြုပြင်၍ စားသုံးကုန်များ၊ ဆေးဝါးအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်လာကြသည်။ သို့ဖြစ်ပါ၍ ဘက်စုံအသုံးဝင်သော ဝဥသီးနှံအား စနစ်တကျစိုက်ပျိုးလာခြင်း ဖြစ်သည်။

ဝဥသီးနှံ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့တွင် စတင်ပေါက်ရောက်သည်။
ဝဥ သီးနှံတွင် မျိုးကွဲပေါင်း ၈၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၌ ဝဥအသားမှာ ပန်းရောင်ရှိသောမျိုးရင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အသားအဖြူရောင်မျိုးရင်းများ ပေါက်ရောက်လျက်ရှိသည်။ တစ်ချိန်က သဘာဝပေါက်နေသော်လည်း ယခုအခါ ဥယျာဉ်ခြံများတွင် ကြားသီးနှံအနေဖြင့် အိတ်ထည့်စိုက်ပျိုးခြင်း၊ ပေါင်ဖြင့် စိုက်ပျိုးခြင်း၊ ကျင်းဖြင့်စိုက်ပျိုးခြင်းများ စိုက်ပျိုးလာကြသည်။
ဝဥစိုက်ပျိုးနိုင်သောမြေ
ဝဥစိုက်ပျိုးရန် သင့်လျော်သော ရာသီဥတုမှာ ပျမ်းမျှမိုးရေချိန် ၆၀ မှ ၁၂၀ လက်မဖြစ်ပြီး အပူချိန်၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ တောင်လတ္တီကျု၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု ၃၀ ဒီဂရီ မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၀၀၀-၅၀၀၀ အကြားတွင် စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ၂၅၀၀ အထက်တွင် စိုက်ပျိုးပါက အရိပ်ပြုလုပ်ပေးရန် မလိုအပ်ဘဲ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၀၀အောက်တွင် စိုက်ပျိုးပါက ၆၀-၇၅ ရာခိုင်နှုန်းအရိပ်ပြုလုပ်ပေးရသည်။ ဝဥကြိုက်နှစ်သက်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ၌ မြေဆွေးဓာတ်များပြီး ရေမဝပ်သောမြေနှင့် သဲဆန်သောမြေများတွင် စိုက်ပျိုးနိုင်သည်။
မျိုးရွေးချယ်စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးနည်း
ဝဥမျိုးရယူစိုက်ပျိုးရန် မျိုးဥခွဲခြမ်းစိုက်ပျိုးခြင်း၊ ရွက်ကြားဖုသီး၊ အဖူးသီးများ စိုက်ပျိုးနိုင်သည်။
မျိုးနှုန်းထားအနေဖြင့် တစ်ဧကလျှင် မျိုးဥ ၅၀၀၀ မှ ၆၀၀၀ အထိ စုဆောင်းစိုက်ပျိုးရသည်။ အဖူးတံအသီးကို တစ်နှစ်စိုက်ပျိုးမွေးမြူပါက အရွက်သီးအရွယ် ဥငယ်များရရှိသည်။ အရွက်သီးတစ်နှစ် စိုက်ပျိုး မွေးမြူပြီးလျှင် ၁၅-၂၅ ကျပ်သား ဝဥငယ်များရရှိသည်။ မျိုးဥ ၂၅-၃၀ ကျပ်သားအရွယ် မျိုးဥကို တစ်နှစ်စိုက်ပျိုးလျှင် ၈၀-၉၀ ကျပ်သားအရွယ်ရရှိသည်။
အရိပ်ရှိသော ဥယျာဉ်ခြံများတွင် အပင်ကြီးများ၏အမြစ်များမှာ ဝဥကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် ဘိလပ်မြေအိတ်ခွံတစ်အိတ်လျှင် ကြက်ချေးနှစ်ဘူး၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံမြေသား ရောနှောအိတ်ထည့်၍ စိုက်ပျိုးရသည်။ ပေါင်စနစ်၊ ကျင်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေ စိုက်ပျိုးနိုင်ပြီး တစ်ဧက အပင် ဝင်ဆံ့မှု ၅၄၄၅ ပင် ဝင်ဆံ့အောင်စိုက်ပျိုးသင့်သည်။
စိုက်ပျိုးပြီး တစ်လခွဲသားတွင် တစ်ကြိမ်၊ နှစ်လခွဲသားတွင်တစ်ကြိမ် ပေါင်းရှင်းခြင်းနှင့် သဘာဝမြေဩဇာ ထည့်သွင်းပြီး ပေါင်တင်ပေးရသည်။ နောက်နှစ်တွင် တစ်ပင်လျှင် ကြက်ချေးနှစ်ဘူးနှင့် မဖောက်ထုံးသုံးကျပ်သား၊ မြေဆွေးနှစ်ပြည်နှုန်း နှစ်စဉ်ထည့်သွင်းပေးရသည်။
တစ်ဧကအပင်ဝင်ဆံ့မှု ပြည့်မီသော ငါးနှစ်သားစိုက်ခင်းကို ရိတ်သိမ်းပါက တစ်ဧက အထွက်နှုန်း ဝဥအစို ပိဿာချိန် ၁၀၀၀၀ ထွက်ရှိနိုင်သည်။
ဝဥသီးနှံမှ အသုံးဝင်သောအစိတ်အပိုင်းမှာ ဥကိုသာ ထုတ်လုပ်အသုံးပြုကြသည်။ ဝဥအား ကုန်ချောထုတ်လုပ်ရန်အတွက် စက်ရုံသို့မပို့မီနှင့် မျိုးဥအဖြစ် အသုံးမပြုမီ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောနေရာတွင် သိုလှောင်ထားနိုင်သည်။
ဝဥထုတ်ကုန်နှင့်ဈေးကွက်
ဝဥကုန်ချောထုတ်လုပ်ရန် ဝဥအစိုများကို ရေဆေးသန့်စင်ပြီး ပါးပါးလှီး အခြောက်ခံရသည်။ ဝဥအခြောက်ပြားရရှိမှုမှာ အစိုချိန်၏ ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကုန်ချောရရှိနိုင်သည်။
အခြားတစ်နည်းအားဖြင့် (အမှုန့်ကြိတ်နည်း) ဝဥ အစိုအား ရေဆေးသန့်စင်၊ အမှုန့်ကြိတ် အခြောက်ခံရာတွင် ပေါ့ပါးသောအမှုန့်နှင့် အလေးချိန်ရှိသော အမှုန့်/အပွင့်များရရှိသည်။ အလေးချိန်ရှိသော ဝဥ အမှုန့်/အပွင့် များကို ကုန်ချောပြုလုပ်ရန် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး ပေါ့ပါးသော အမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။
ဝဥကို အာရှနိုင်ငံများ(ထိုင်း၊ အိန္ဒိယ၊ တရုတ်)သို့ တင်ပို့လေ့ရှိသည်။ တရုတ်နိုင်ငံသည် ဝဥ၏ အဓိက တင်ပို့ဈေးကွက်ဖြစ်ပြီး ထိုင်းဈေးကွက်တွင် ဝဥကို ဟင်းလျာများနှင့် ဆေးဘက်ဆိုင်ရာထုတ်ကုန်များတွင် အသုံးပြုသည်။
မြန်မာနိုင်ငံမှ ဝဥ တင်ပို့ရောင်းချမှု အခြေအနေသည် နိုင်ငံတကာဈေးကွက်နှင့် ပြည်တွင်းလိုအပ်ချက်ပေါ်တွင် မူတည်လျက်ရှိသည်။ ဝဥသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော သီးနှံတစ်မျိုး ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးသည်။ စိုက်ပျိုးနည်းပညာများ တိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှု ပမာဏလည်း တိုးတက်လာစေသည်။
ဝဥစိုက်ပျိုးထုတ်လုပ်မှုတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် လိုအပ်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်မှု အားနည်းလျက်ရှိသည်။
ဝဥတင်ပို့မှုကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများ၊ ထုတ်လုပ်မှုစနစ်များနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်လာစေရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်တွင် ဝဥ၏ အရည်အသွေးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများကို မြှင့်တင်ခြင်းဖြင့် တင်ပို့မှုကို ပိုမိုတိုးတက်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဝဥတင်ပို့မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်လာနိုင်သော်လည်း စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်သည်။
ဝဥနှင့် ကျန်းမာရေး
ဝဥသည် ကျန်းမာရေးအတွက် စားသုံးရန်သင့်လျော်သော သီးနှံတစ်မျိုးဖြစ်သည်။ ၎င်း၏ အရည်အသွေးနှင့် ထုတ်ကုန်အရည်အသွေး တိုးတက်လာရန် စိုက်ပျိုးရေးနည်းပညာ၊ ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်လျက်ရှိသည်။
ဝဥအစိုကို ကျေးလက်ဒေသများတွင် ရိုးရာ ဝတုန် ပြုလုပ်စားသုံးလေ့ရှိကြသည်။ ဝဥအစို ၅ ပိဿာအား ဝဥပေါ်ရှိ မြေသားနှင့်အမွေးများကိုဖယ်ရှားပြီး ရေဆေးသန့်စင်ရသည်။ သန့်ရှင်းစင်ကြယ်ပြီးသော ဝဥအလုံး လိုက်သော်လည်းကောင်း၊ အလုံးကြီးလျှင် ခွဲစိတ်၍သော်လည်းကောင်း ကျက်သည်အထိ ပြုတ်ရသည်။ ကျက်ပြီးသော ဝဥများကို ဆုံထဲထည့်၍ ကြေမွသည်အထိ ထောင်းရသည်။ ထောင်းပြီး ကြေမွနေသော ဝဥများကို ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ထိုသို့ နယ်နေစဉ် ခြောက်လာပါက နယ်လို့ကောင်းရုံ ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ဝဥနယ်နေစဉ် မကြေသော ဝဥအသားစေ့များ/ အဖတ်များကို ဖယ်ရှားသန့်စင်ရသည်။ ဝဥအပြုတ် ပွသည်အထိနယ်ပြီး (ဝဥ ၅ ပိဿာတွင်) ဖောက်ထုံး၂၀ ကျပ်သားထည့်ကာ သမစွာရောနှော၍ နှံ့စပ်စွာမွှေနယ်ပေးရသည်။ ထိုကဲ့သို့ ထုံးထည့်မွှေပြီး ၃ မိနစ်အတွင်း ဝဥများမာလာသည်။ ထိုအခါ ဗန်း(ထည့်ခွက်)ထဲထည့်၍ ဓားဖြင့် ၄ လက်မအရွယ် အတုံးများစိတ်ပြီး ရေနွေးအိုးတွင် တစ်နာရီခန့် ပြုတ်ပါက အသင့်သုပ်စားရန် ဝတုန်များရရှိသည်။ ဝဥအစို ၅ ပိဿာအား ဝတုန်ပြုလုပ်လျှင် ဝတုန် ၁၀ ပိဿာရရှိသည်။ အဆိုပါ ဝတုန် ၁၀ ပိဿာတွင် ဝဥအစို ၅ ပိဿာ၊ ဖောက်ထုံး ၂၀ ကျပ်သားနှင့် ရေ ၄ ဒသမ ၈ ပိဿာ ပါဝင်သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝဥအစို တစ်ပိဿာ ဈေးနှုန်းမှာ ၃၀၀၀ ကျပ်နှုန်းရှိပြီး ဝတုန်တစ်ပိဿာဈေးနှုန်းမှာ ၄၀၀၀ ကျပ်နှုန်းရရှိသည်။ ကျေးလက်ဒေသများတွင် ဝတုန်ကို သုပ်စားခြင်း၊ ချက်စားခြင်းနှင့် တုတ်ထိုးလုပ်စားလေ့ရှိကြသည်။
ဝဥ၏အပေါ်အရောင်သည် အညိုရောင်ဖျော့ဖျော့ သို့မဟုတ် မီးခိုးရောင်ဖြစ်ပြီး အတွင်းသားသည် အဖြူရောင်၊ ပန်းရောင်နှင့် အဝါရောင်များရှိသည်။ အနံ့သည် ပေါ့ပါးပြီး သဘာဝအတိုင်းရှိသည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် ဝဥတွင် ပိုးမွှားများ၊ မှိုများနှင့် ဓာတုပစ္စည်းများ ကင်းစင်ရန် လိုအပ်သည်။ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို အသုံးပြုရန် လိုအပ်သည်။ ထုတ်လုပ်မှု စံချိန်စံညွှန်း ဝဥထုတ်ကုန်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။ ထုတ်ကုန်များကို သန့်ရှင်းသောပတ်ဝန်းကျင်တွင် ထုတ်လုပ်ရပြီး ထုပ်ပိုးမှုနှင့် သိုလှောင်မှုစနစ်များလည်း စနစ်တကျ ဖြစ်ရန် လိုအပ်သည်။
ဝဥစိုက်ပျိုးခြင်းသည် ကျေးရွာများတွင် လူမှုရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပြီး စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေသည်။ ဝဥသည် မြေဆီလွှာတွင် အာဟာရဓာတ်များကို ထိန်းသိမ်းပေးပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးသည်။ ဝဥစိုက်ပျိုးခြင်းသည် ရေအရင်းအမြစ်ကို ထိရောက်စွာ အသုံးပြုနိုင်သည်။ ဝဥသည် ရေလိုအပ်ချက်နည်းပြီး ရေရှားပါးသောဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။ ဝဥသည် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော သီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံမှ ဝဥကို အာရှနိုင်ငံများသို့ ဝဥတင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေသည်။
ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ထို့ပြင် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်မှု များတိုးတက်လာခြင်းဖြင့် ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာ့လူထုအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်သည်။ ထို့ကြောင့် ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသည်။ သို့ဖြစ်ပါ၍ ဝဥသီးနှံအား တောင်သူများ တိုးချဲ့စိုက်ပျိုးထုတ်လုပ် သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance cos
ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance costs) များအပေါ်တွင် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။
ယင်းအခွန်စနစ်သစ်အရ ထိုင်းအစိုးရသည် အခွန်ဥပဒေ ပုဒ်မ ၄၁ ကို ပြောင်းလဲပြီး ထိုင်းနိုင်ငံသားများ၏ ကမ္ဘာတစ်ဝန်းတွင် ရရှိသော ဝင်ငွေအားလုံးအပေါ် အခွန်ကောက်ခံနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော မည်သည့် နိုင်ငံသားမဆို ရရှိသည့် ဝင်ငွေ (ဝင်ငွေအား ပြင်ပမှ ရရှိပြီး ထိုင်းနိုင်ငံသို့ ငွေပြန် လွှဲသည့် ဝင်ငွေများအပါအဝင်) အပေါ် အခွန်ကောက်ခံမည် ဖြစ်ပါသည်။
ဖော်ပြပါ အခွန်စနစ်သစ်အား ၂၀၂၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဟု လျာထားသော်လည်း ထိုင်းနိုင်ငံပြင်ပတွင် နေထိုင်သည့် နိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသားများအကြား ၎င်းတို့၏ ပြည်ပတွင် နေထိုင်သည့် ကာလနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိပါသည်။
သို့ပါ၍ အဆိုပါ ဥပဒေမူကြမ်းအား အတည်ပြုထုတ်ပြုခြင်းမပြုမီ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ပြန်လည်ချင့်ချိန်သုံးသပ်ရမည်ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အခွန်စနစ် အပြောင်းအလဲ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် တွင် ထိုင်းအစိုးရသည် ပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမှုအား ပြောင်းလဲခဲ့ပါသည်။ အခွန်စနစ်ဟောင်း အရ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက်နေထိုင်သူများ၏ နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေသည် ဝင်ငွေရရှိသည့်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်းမှသာ ယင်းနိုင်ငံခြားဝင်ငွေအပေါ် အခွန် ကောက်ခံခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ အခွန်စနစ်ပြောင်းလဲမှုအရ မည်သူမဆို ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ငွေ ရရှိသည့်နှစ်အတွင်း ဝင်ငွေလွှဲပြောင်းသည်ဖြစ်စေ၊ မဖြစ်စေ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းနိုင်ငံခြား မှ ရရှိသည့်ဝင်ငွေအပေါ် အခွန်ကောက်ခံခဲ့ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများမှ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေ ပမာဏ (Taxable Income) သည် သိသာစွာ တိုးတက်ခဲ့ပါသည်။
ကိုးကား- ASEAN Briefing
Photo: pimaccounting.com
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ငှက်ပျောသီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးကြသော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောပင်သည် မြန်မာတိုင်းရင်းသားတို့ယဉ်ကျေးမှုနှင့်ဆက်စပ်ဒွန်တွဲလျက်ရှိသည်။မြန်မာ့ဓလေ့အစဉ်အလာအရငှက်ပျောသည် အရေးပါသောအခန်းကဏ္ဍကပါဝင်နေသည်။ ငှက်ပျောနှင့်အုန်းသီးသည်မြန်မာမှုနယ်ပယ်တွင်နေရာတော်တော်များများ၌ပါဝင်နေသည်။ ဘုရားပွဲမှာလည်း ငှက်ပျောသီးပါသည်။

မင်္ဂလာဆောင်မှာလည်း အုန်းနှင့်ငှက်ပျောတွဲဖက်၍ပါသည်။အလှူပွဲတွေမှာလည်းအုန်း၊ ငှက်ပျောပါသည်။ဗုဒ္ဓပူဇနိယပွဲများ၊နတ်ပွဲများနှင့်နတ်ပူဇော်ပသရာမှာလည်းငှက်ပျောပါသည်။ မင်းခမ်းမင်းနားနှင့်ရှင်ပြုနားသပွဲများမှာလည်း ငှက်ပျောပါသည်။ ထို့ကြောင့် ငှက်ပျောပင်ကို “မြန်မာအမျိုးသားရေး ပဒေသာပင်”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
မြန်မာငှက်ပျောမျိုးများ
ငှက်ပျောပင်ကို အင်္ဂလိပ်လို Banana ဟုခေါ်ပြီး ရုက္ခဗေဒအမည်မှာ Musa Sapientum linn ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသောငှက်ပျော မျိုးများရှိသည်။ယင်းတို့မှာ ဖီးကြမ်းငှက်ပျော၊ ဗျပ်ပြည့် ငှက်ပျော၊ ငှက်ပျောသူငယ်စာ၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ရွှေဝါငှက်ပျော၊ နံ့သာပုငှက်ပျော၊ထောပတ် ငှက်ပျော၊ ဆင်စွယ်ငှက်ပျော၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာစသည်ဖြင့်ရှိသည်။ သုံးလုံးတစ်ပိဿာ ငှက်ပျောအလုံးကြီးသည်သုံးလုံးလောက်ကို ချိန်ကြည့်ပါက တစ်ပိဿာခန့်ရှိသောကြောင့် သုံးလုံးတစ်ပိဿာဟုခေါ်ခြင်းဖြစ်သည်။
ငှက်ပျောစိုက်ပျိုးနည်း
ငှက်ပျောပင်သည် ပူအိုက်စိုစွတ်သော၊အပူပိုင်းမိုးများသောရာသီမျိုးကိုကြိုက်သည်။ သို့သော်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးလေ့ရှိသည်ကိုလည်းတွေ့ရသည်။ ငှက်ပျောသည် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်၌ဖြစ်ထွန်းသည်။ အပင်ကြီးသောမျိုးများမှာမူ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်သည်အကောင်းဆုံးဖြစ်သည်။ငှက်ပျောစိုက်ပျိုးရန် အကောင်းဆုံးမြေမှာမြေဆီလွှာကောင်းမွန်ရန်လိုသည်။ အလွယ်တကူထွန်ယက်နိုင်သောမြေမျိုး၊မြေဆွေးဓာတ်နှင့်မြေတွင်းအာဟာရဓာတ်ကြွယ်ဝသောမြေမျိုးဖြစ်ဖို့လိုသည်။မြေကြီးသည်လေဝင်လေထွက်ကောင်းရမည်။နုန်းတင်မြေနု၊သဲနုန်းမြေများမှာလည်းဖြစ်ထွန်းသည်။ မြေစေး၊မြေနက်များ တွင်မစိုက်ပျိုးသင့်ပေ။ အမြစ်တိုးဝင်မှုကိုအဟန့်အတား ဖြစ်စေသောကြောင့်ဖြစ်သည်။
ငှက်ပျောအတွက်မြေချဉ်ငန်ကိန်းမှာ ၄ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ ငှက်ပျောစိုက်မည်ဆိုပါက လေတိုက်နှုန်းနည်းသည့်နေရာမျိုးကိုရွေးချယ်ရမည်။အကြောင်းမှာတစ်နာရီ ၂၅ မိုင်နှုန်းလေတိုက်ခတ်ပါက အပင်လဲကျပြီး ပျက်စီးတတ်သည်။ ငှက်ပျောပင်အတွက် ရေသည် မိုးရေချိန် ၄ လက်မရသောဒေသမျိုးဖြစ်ရမည်။
မြေအမျိုးအစားနှင့် ရေပေးဝေနည်း
ငှက်ပျောစိုက်မည့်မြေကို ထွန်စက်ဖြင့် မြေအမျိုးအစားကိုလိုက်၍လေးသွားစက်ထယ် တစ်စပ်(ခါ)၊ ၁၆ သွား သို့မဟုတ် ၁၈ သွားစက်ထယ် နှစ်စပ်(ခါ)ဖြင့် မြေပြင်ပေးရမည်။မြေအနက်က ၆ လက်မမှ ၈ လက်မအထိ ထယ်ရေးနက်ဖို့လိုသည်။ ငှက်ပျောပင်ကိုအများအားဖြင့် ဇွန်လနှင့်မေလတို့တွင်အစိုက်များကြသည်။ ငှက်ပျောပင်ကိုစိုက်မည်ဆိုပါက သားတက်ကိုသာအစိုက်များကြသည်။ စိုက်ကျင်းအနက်ကို ၁၅ လက်မတူးစိုက်ကြသည်။ တချို့က ၂၄ လက်မအထိလည်းတူးစိုက်ကြသည်။ ကမ္ဘာ့ငှက်ပျောစိုက်စနစ်အရမူ ၁၂ လက်မ x ၁၂ လက်မမှ၂၀ လက်မ x ၂၀ လက်မဖြစ်သည်။ မြေညံ့လျှင်ကျင်းနက်နက်တူး၍စိုက်ရသည်။ ငှက်ပျောပင်ကိုရေပေးရာတွင် အပင်ရင်း၌ ရေမဝပ်အောင်အထူးဂရုစိုက်ရမည်။ ရေဝပ်ပါက ရေနုတ်ပေးရမည်။ ဤအချက်ကအရေးကြီးသည်။ ရေဝပ်ပါကအပင်သေတတ်သည်။ မြေအနေအထားနှင့် ငှက်ပျောပင်ကြီးထွားနှုန်းအရရေပေးရသည်။
မြေအနက် ၄ လက်မအထိ ရေရောက်ရန်လိုသည်။ ရေပေးမှန်ကန်ပါက အသီးအထွက်နှုန်း ၇၀ ရာခိုင်နှုန်းအထိကောင်းသည်။ ရေပေးရာတွင် အပင်ခြေ၌ကျင်းဖွဲ့ရေလောင်းနည်း၊ ထယ်ကြောင်းပေးရေသွင်းနည်း၊ စိုက်ခင်းတစ်ခုလုံးရေလွှမ်းစေသောနည်းနှင့် ရေဖျန်းနည်းတို့ဖြစ်သည်။ ငှက်ပျောစိုက်ပြီးနောက် တစ်လသားအချိန်တွင် ပျိုးပင်အထက်ပိုင်းပင်စည်ကို မြေအထက်တစ်တောင်ခန့်က ဓားဖြင့်ဖြတ်ပေးရသည်။
ယင်းကိုငှက်ပျောပင်ဓားလိုက်ခြင်းဟုခေါ်သည်။ ဓားလိုက်ရာတွင် ခပ်စောင်းစောင်းလိုက်ပေးရမည်။ ခပ်စောင်းစောင်းဓားလိုက်ခြင်းမှာ အပင်အတွင်းမိုးရေမဝင်စေရန်ဖြစ်သည်။ မိုးရေဝင်လျှင် အပင် သေတတ်သည်။ပင်သက်ခြောက်လ၊ ခုနစ်လအရောက်မှာ သားတက်များထွက်လာတတ်သည်။ထိုသားတက်များအနက်မှ အကြီးဆုံးနှင့် အသန်ဆုံးအပင်ကိုချန်ထား၍ ကျန်သားတက်များကို ရှင်းလင်းပေးရမည်။ ငှက်ပျောအခိုင်ထွက်လာပြီး အနည်းငယ်ရင့်လာပါက ဝါးထောက်ပေးရသည်။ ငှက်ပျောခိုင်ကို ငှက်ပျောသီးအလွန်မရင့်မီ ခုတ်ယူကြသည်။ ဝေးလံသောအရပ်ဒေသသို့တင်ပို့မည်ဆိုလျှင် ၈၀ ရာခိုင်နှုန်းရင့်သောအချိန်မှာ ခုတ်ယူရသည်။ ငှက်ပျောတစ်ဧကလျှင် ၁၀ တန်မှ ၁၂ တန်အထိထွက်သည်ဟုသိရသည်။
မြန်မာနိုင်ငံတွင်မူ ငှက်ပျောကိုအလေးချိန်နှင့်မပြပါ။ အခိုင် သို့မဟုတ် ငှက်ပျောဖီးအလိုက်သာရောင်းဝယ်ကြသည်။ တစ်ဧကတွင် အခိုင်ရေ ၆၇၀ ခန့်ရနိုင်ကြောင်းသိရသည်။ လှည်း ၁၅ စီးတိုက်ခန့်ရနိုင်သည်။လှည်းတစ်စီးတင်ဆို အဖီး ၂၄၀ သတ်မှတ်ကြသည်။
ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး
ငှက်ပျောသည် မြန်မာနိုင်ငံ၌စျေးကွက်ရှိသည်။ စာရေးသူတို့ဘက်မှာဆို ငှက်ပျောကိုခြံပြတ်ဝယ်ယူ ကြသည်။ တစ်နိုင်စိုက်ပျိုးသူများက လက်လီရောင်းကြသည်။ လက်လီရောင်းချရာတွင် ငှက်ပျောဖီးအရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ အထက်မှာ ငှက်ပျောအထွက်နှုန်းကိုဖော်ပြခဲ့သည်။ ရွှေငှက်ပျော၊ နံ့သာပုတို့ဆိုလျှင် ဈေးနှုန်းပိုမိုရရှိသည်။ ထို့ကြောင့် ငှက်ပျောစိုက်ပျိုးပါက တောင်သူများဝင်ငွေတိုးပွားမည်ဖြစ်သည်။
မြန်မာ့ငှက်ပျောထုတ်ကုန်နှင့်ကမ္ဘာ့ငှက်ပျောထုတ်ကုန်
မြန်မာနိုင်ငံတွင် ငှက်ပျောသီးထုတ်ကုန်တစ်ခုမှာငှက်ပျောကြော်လုပ်ငန်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ငှက်ပျောကြော်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ပထမဆုံး ငှက်ပျောသီးကိုလိုသလောက်ရှာထားရသည်။ ပြီးနောက် အစိမ်း၊ အမှည့်ခွဲထားရသည်။ ထို့နောက် ငှက်ပျောသီးအစိမ်းနှင့်အမှည့်များကို ခပ်ပါးပါးလှီးကာ ဖွဲမီးဖြင့်ကြော်ရသည်။
ငှက်ပျောကြော်ကို စနစ်တကျထုပ်ပိုး၍မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။ ငှက်ပျောကြော်ကို အစိမ်းကြော်နှင့်အမှည့်ကြော်ဟူ၍နှစ်မျိုးကြော်ကြသည်။ ထိုဒေသ၏ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းရှိသဖြင့်ထိုဒေသရှိငှက်ပျောစိုက်တောင်သူများလည်း ငှက်ပျောစျေးကွက်ရရှိလာသည်။ ပိုလျှံသည့်ငှက်ပျောများကို ရန်ကုန်သို့တင်ပို့ရောင်းချကြသည်။
မြန်မာနိုင်ငံမှာတော့ ငှက်ပျောနှင့်ပတ်သက်ပြီး ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုများများမရှိပါ။ မြန်မာနိုင်ငံမှာ ငှက်ပျောပင်မှအမျှင်ထုတ်ယူ၍ အဝတ်အထည်များပြုလုပ်သည်ကို Facebook ပေါ်မှာတင်ထားသည်ကိုဖတ်လိုက်ရသည်။ ဤကား ကောင်းသောအလားအလာဖြစ်သည်။ စွန့်ဦးတီထွင်မှုဟုပင်ဆိုရပေမည်။ ထိုသူ၏အမည်မှာ ဦးမြင့်သိန်းဟု သိရသည်။ ငှက်ပျောပင်မှထုတ်ယူရရှိသောချည်ဖြင့် အင်္ကျီနှင့်အဝတ်အထည်များပြုလုပ်သည်။ အမျိုးသမီးစီးဖိနပ်နှင့် အမျိုးသားစီးဖိနပ်တို့ပြုလုပ်သည်။ ထို့ပြင် ငှက်ပျောဖတ်ဖြင့်ခေါင်းအုံးပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။ ဒါ့အပြင် ပဝါ၊ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်အစရှိသည့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ထားသည်။ ငှက်ပျောပင်စည်အလွှာကိုအမျှင်ထုတ်ယူ၍လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ထားခြင်းဖြစ်သည်။အမှိုက်ထဲကရွှေဟုပင်ဆိုရပေမည်။ ထို့ပြင်မြန်မာလူမျိုးများသည်ငှက်ပျောသီးကိုအခြေခံ၍ မြန်မာမုန့်များပြုလုပ်ရောင်းချခြင်းဖြင့်မိသားစုစားဝတ်နေရေးကိုဖြေရှင်းကြသည်များလည်း ရှိသည်။ ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များမှာ ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေချီ၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောမုန့်ပွကြီး၊ ငှက်ပျောကော်ပြန့်ကြော်စသည်တို့သည် ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များဖြစ်သည်။တစ်နည်းအားဖြင့်ငှက်ပျောသီးအခြေခံသောမိသားစုစီးပွားရေးလုပ်ငန်းဟုပင်ဆိုရပေမည်။ မြန်မာနိုင်ငံတွင်အခြားငှက်ပျောစားသောက်စရာတစ်မျိုးမှာ ငှက်ပျောသီးကိုဖျော်ရည်အဖြစ်ပြုလုပ် သောက်သုံးခြင်း ပင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့စျေးကွက်မှာလည်း ငှက်ပျောသီးထုတ်ကုန်များရှိသည်။ ငှက်ပျောသီး ခြောက်မှုန့်၊ စည်သွတ်ငှက်ပျောသီး၊ ထိုထုတ်ကုန်ကို အမေရိကန်ပြည်ထောင်စုမှာ အပူချိန်နည်းနည်းဖြင့်အခြောက်ခံ၍ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ငှက်ပျောအနှစ်ထုတ်ကုန်ကိုလည်း အမေရိကန်နိုင်ငံကအများဆုံးမှာယူကြောင်း၊ စိုက်ပျိုးရေးဌာန၏ ၁၉၆၅ ခုနှစ်မှတ်တမ်းအရ တန်ချိန် ၃၅၀၀ ခန့်မှာယူတင်သွင်းစားသုံးခဲ့ကြောင်း သိရသည်။ ယခုဆို ထိုထက်ပိုများနိုင်မည်ဟုယူဆရပေမည်။ ငှက်ပျောအနှစ်ထုတ်လုပ်မှုကို ၁၉၆၅ ခုနှစ် ဒိုမီနီကန်နိုင်ငံက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၂ ဒေါ်လာရသည်ဟုသိရသည်။ တန်ချိန် ၃၅၀၀ ဆိုလျှင် အမေရိကန်ဒေါ်လာ ၆၇၂၀၀၀ ခန့်ရသည်။ ထုပ်ပိုးရာမှာလည်း မှိုပါဝင်မှု ၄ ရာခိုင်နှုန်းထက်မကျော်လွန်အောင် စနစ်တကျထုပ်ပိုးရသည်။ ထို့ပြင် ငှက်ပျောသီးကို ဘီယာချက်ခြင်း၊ ဝိုင်အရက်ပြုလုပ်ခြင်း၊ ငှက်ပျောဆီထုတ်လုပ်ခြင်းတို့ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင်ယခုအခါငှက်ပျောသီးသည်စျေးကွက်ရှိပြီး စျေးကောင်းသောအသီးတစ်မျိုးဖြစ်သည်။ အထက်မှာစာရေးသူတွက်ပြခဲ့သလို တစ်ဧကအထွက်နှုန်းနှင့် တစ်ဖီးတန်ဖိုးအရ သိန်းပေါင်းမနည်းရသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံအနေဖြင့်ငှက်ပျောပင်ထွက်ထုတ်ကုန်များကို ဦးမြင့်သိန်းကဲ့သို့ ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်သည်။ ထိုထုတ်လုပ်မှုလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းအနေဖြင့်အောင်မြင်ဖြစ်ထွန်းပါက ပြည်ပနိုင်ငံများကိုပင် ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်ဖို့မျှော်လင့်ချက်ပင်ဖြစ်သည်။ ထို့ပြင်အခြားငှက်ပျောထုတ်ကုန်များ ထပ်မံထုတ်လုပ်နိုင်ပါကပြည်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် ပြည်သူကိုအကျိုးပြုနိုင်သလိုနိုင်ငံ့အတွက်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ငှက်ပျောစိုက်တောင်သူများ လည်းအကျိုးများမည် ဖြစ်သောကြောင့် ငှက်ပျောစိုက်ကြဖို့တိုက်တွန်းလိုပါသည်။ ။
Source: Myawady Web Portal

သတင်းထုတ်ပြန်သည့်ရက်စွဲ - ၂၀ မေ ၂၀၂၅
တရုတ်အခြေစိုက် ကရိန်းကုမ္ပဏီများမှ တရုတ်ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် အမေရိကန်ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အဆိုပါမှတ်ချက်အား အမေရိကန်ဆိပ်ကမ်း အသင်းမှလည်း သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ ကရိန်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Shanghai Zhenhua Heavy Industries (ZPMC) က အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ်ရုံး (USTR) ထံ သုံးသပ်ချက်တင်သွင်းရာတွင် ၎င်းတို့ထုတ်ကုန်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိပါကြောင်းနှင့် တရုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းသည် အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် အထောက်အကူမဖြစ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ZPMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံထုတ် သင်္ဘောဆိပ်ကမ်းကရိန်းများတွင် စွပ်စွဲထားသည့် ဆိုက်ဘာလုံခြုံရေးအန္တရာယ်မရှိပါ။ အဆိုပါ အကောက်ခွန်များသည် တရားဝင် ဖြေရှင်းနည်းလည်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။
ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းများက ကန့်ကွက်
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရုတ်ထုတ် ကရိန်းများအပေါ် အကောက်ခွန် ၁၀၀% တိုးမြှင့်ရန် အဆိုပြုချက်အား ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ဆိပ်ကမ်းများအသင်းကလည်း အဆိုပြုချက်အား ကန့်ကွက်ခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ဧပြီလကုန်တွင် တရုတ်ထုတ် ကွန်တိန်နာနှင့် တပ်ဆင်ပြီး မော်တော်ယာဉ်အောက်ပိုင်းများအပေါ် ၂၀% မှ ၁၀၀% ထိ စည်းကြပ်ခွန် ကောက်ခံရန် စတင်အဆိုပြုခဲ့သည်။ အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်အားကောင်းစေရန်နှင့် ရေကြောင်းကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှု အားနည်းစေရန်အတွက် တရုတ်သင်္ဘောများကို ပစ်မှတ်ထား၍ ဆိပ်ကမ်းအခကြေးငွေများကို မြှင့်တင်ကောက်ခံခဲ့ခြင်းဖြစ်သည်။
သို့သော် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် လွန်ခဲ့သည့် တစ်လခန့်က ပြည်သူများထံမှ အကြံပြုချက်များကို စတင်တောင်းခံပြီး ကန့်ကွက်သူများပြားကြောင်း၊ ရှန်ဟိုင်း Zhenhua က “ထိုအကောက်ခွန် များသည် အမေရိကန်ဆိပ်ကမ်းများ၏ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။
အမေရိကန်ဆိပ်ကမ်းများအသင်းကြီးက တရုတ်ထုတ်ကရိန်းများအပေါ် အကောက်ခွန် တိုးမြှင့်မှုအား ကန့်ကွက်သည့် အစီရင်ခံစာတင်သွင်း
အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်း(AAPA)က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးထံ ပေးပို့သည့် အစီရင်ခံစာတွင် “ဈေးကွက်၌ တရုတ်ထုတ်ကရိန်းများအား အစားထိုးနိုင်သည့် အခြားရွေးချယ်စရာ မရှိခြင်းကြောင့် အဆိုပါအကောက်ခွန်များ အောင်မြင်မည်မဟုတ်” ဟု သတိပေးခဲ့သည်။ အသင်းက “အဆိုပါ အကောက်ခွန် များသည် အမေရိကန်တွင် ကရိန်းထုတ်လုပ်မှုလုပ်ငန်းကို မြန်ဆန်စွာ ပေါ်ပေါက်လာစေမည်မဟုတ်ဘဲ၊ အများပိုင် ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်” ဟု ထောက်ပြခဲ့သည်။ အမေရိကန် ဆိပ်ကမ်း အာဏာပိုင်အသင်းမှ လက်ရှိတွင် အမေရိကန်၌ ဆိပ်ကမ်းကရိန်း ထုတ်လုပ်သည့် ကုမ္ပဏီမရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် တရုတ်ကုမ္ပဏီ မဟုတ်သည့် ဂျပန်မှ Mitsui နှင့် ဥရောပကုမ္ပဏီများဖြစ်သည့် Konecranes နှင့် Liebherr ကုမ္ပဏီများသာ ထုတ်လုပ်ကြသည်။သို့သော် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းရည်ကို အစားထိုးရန် လိုအပ်ချက်ရှိကြကြောင်း အသင်းမှ ပြောကြားခဲ့သည်။
ZPMC ၏ ကမ္ဘာ့ဈေးကွက်လွှမ်းမိုးမှု
သတင်းများအရ ရှန်ဟိုင်း Zhenhua (ZPMC) သည် ကမ္ဘာ့ဆိပ်ကမ်းကရိန်းဈေးကွက်၏ ၇၀% ခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၈ သို့ ရောင်းချလျက်ရှိသည်။ ကုမ္ပဏီ၏ ၂၀၂၃ ဘဏ္ဍာရေးအစီရင်ခံစာအရ မြောက်အမေရိကတွင် အမြတ်ငွေ ၄.၈% ရရှိခဲ့သော်လည်း ယခင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ Joe Biden အစိုးရက တရုတ်ထုတ် STS ကရိန်းများအပေါ် အကောက်ခွန် ၂၅% စတင်ကောက်ခံခဲ့သည်။
ဆယ်စုနှစ်အတွင်း ဘီလီယံချီကုန်ကျနိုင်
အမေရိကန် ဆိပ်ကမ်းအာဏာပိုင်အသင်း၏ အဆိုအရ အမေရိကန်ဆိပ်ကမ်းများတွင် အသုံးပြုရန် ကရိန်း ၅၅ လုံး မှာယူထားပြီး လာမည့် ၆ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် ၁၅၁ လုံး လိုအပ်မည်ဖြစ်သည်။ အကောက်ခွန်သစ်များ အတည်ပြုခဲ့ပါက လာမည့် ၁၀ နှစ် အတွင်း ဒေါ်လာ ၆.၇ ဘီလီယံအထိ ပိုမိုကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။ ဥပမာအား ဖြင့် တက္ကဆက်ပြည်နယ်ရှိ Houston ဆိပ်ကမ်းသည် ZPMC ထုတ် ကရိန်း ၈ လုံးကို ၂၀၂၆ ခုနှစ် နွေဦးတွင် ဒေါ်လာ ၁၄ သန်းစီဖြင့် မှာယူထားပြီး၊ ၁၀၀% အကောက်ခွန်စည်းကြပ်ပါက အခွန်ဒေါ်လာ ၃၀၂.၄ သန်း အပိုပေးရမည်ဖြစ်သည်။
ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တည်ဆောက်ရန် အခက်အခဲများ
အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်းက အမေရိကန်နိုင်ငံတွင် ကရိန်း ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်စတင်ရန် အားပေးသော်လည်း၊ ပြည်တွင်းသံမဏိစျေးနှုန်းမြင့်မားခြင်း၊ ဂဟေဆက်ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းနှင့် ကရိန်းအစိတ်အပိုင်းများရှားပါးခြင်း စသည့် အကြောင်းအရင်းများကြောင့် ပြန်လည်တည်ဆောက်ရန် အချိန် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အသင်းက အမေရိကန် ကွန်ဂရက်အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးသည့် အခွန်ကင်းလွတ်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အကြံပြုခဲ့ပြီး၊ ထိုသို့သော ဥပဒေများ မပြဋ္ဌာန်းမီအထိ ကရိန်းများအပေါ် ထပ်မံ၍ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်း မပြုရန် အကြံပြုထားသည်။
ထို့အပြင် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်မတိုင်မီ မှာယူထားသော ကရိန်းများအား အကောက်ခွန် ကင်းလွတ်ခွင့် ပေးရန်နှင့် ၁၀၀% အကောက်ခွန်ကို ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းပေးရန် အသင်းက တောင်းဆိုထားသည်။
ကိုးကား- South China Morining Post
South China Morning Post တွင် Carol Yang ရေးသားသည့် Chinese crane maker raises questions over US tariff plans: ‘not a real remedy’ ဆောင်းပါးအား ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစကမှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဌာနအနေဖြင့်လည်း ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဌာနအနေဖြင့်လည်း ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်းကောင်းစေရေးကိုလည်း အားပေးလျက်ရှိသည်။ ဆီထွက်သီးနှံမြေပဲကို တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း တင်း ၇၀ ထွက်ရှိရေး၊စနစ်တကျစိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မြင့်မားရေး၊ မြေပဲသီးနှံထုတ်လုပ်မှုမှ ဝင်ငွေပိုမိုရရှိရေးအတွက် ရည်ရွယ်စိုက်ပျိုးရန်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့်စာရေးသူအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲကို ပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးမည်ဆိုပါက စနစ်တကျစိုက်ပျိုးရန်လိုအပ်သဖြင့် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါက သိသင့်၊ သိထိုက်သည်များကို လေ့လာတင်ပြပေးမည်ဖြစ်သည်။
မြေပဲအမျိုးအစားနှင့်မျိုးရွေးချယ်ခြင်း
မြေပဲမှာ အမျိုးအစားအားဖြင့် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။ ပင်ထောင်မြေပဲကိုမိုးဦးကျကျခြင်းစိုက်ပျိုးနိုင်အောင် သဲဆန်သောမြေများကို မတ်လလောက်ကတည်းကထယ်ရေးကြိုခံထားရသည်။ အနည်းငယ်စေးသောမြေမျိုးဖြစ်ပါက မတ်လနှင့်ဧပြီလလောက်တွင် ထယ်ရေးကြိုခံထားရသည်။ ထယ်ထိုးပြီးပြီဆိုလျှင် ထွန်ဖြင့်နှစ်စပ် (ခါ)၊ သုံးစပ် (ခါ) အထိ မွှေပေးရသည်။
ထို့နောက် စိုက်ကွင်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းထားရသည်။ ပင်ထောင်မြေပဲကို မိုးဦးကျစိုက်ရာတွင် မိုးနည်းသောဒေသများမှာသာစိုက်ပျိုးကြသည်။ မြေပဲသည် ဥကိုအသုံးပြုရသဖြင့် မိုးများသောဒေသများ၌စိုက်ပျိုးပါက မြေကျပ်၍ ဥနှုန်းကောင်းမည်မဟုတ်ပါ။ စာရေးသူတို့ဒေသတွင် မိုးရာသီမှလွဲ၍ ကျန်ရာသီများတွင်စိုက်ပျိုးကြသည်။ မိုးဦးကျတွင် မိုးရေချိန် လက်မဝက်ခန့်တစ်ကြိမ်ရွာပါက စတင်စိုက်ပျိုးနိုင်သည်။ သို့သော် သတ်မှတ်မိုးရေချိန်ပြည့်မီခြင်းမရှိသေးပါက ပေါင်းမြက်ကလေးများရှင်းလင်းနေစေရန်၊ ထွန်ရေးပိုမိုကောင်းမွန်စေရန် ထွန်ရေး နှစ်စပ်(ခါ)၊ သုံးစပ်(ခါ)ခန့်ထပ်မွှေပေးရသည်။ မြေပဲကို ပင်ထောင်မြေပဲစိုက်ပျိုးခြင်း၊ ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးခြင်း စသည်ဖြင့်စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲမျိုးကိုရွေးချယ်ရာတွင် ပန်းတိုင်အထွက်နှုန်းကို လျာထားရွေးချယ်သင့်သည်။ မြေပဲမျိုးရွေးချယ်ရာတွင် လုံးပိန်လုံးညှက်များကိုဖယ်ပစ်ရမည်။ လက်ရှိ စာရေးသူတို့မြန်မာနိုင်ငံတွင်စိုက်ပျိုးလျက်ရှိသော မြေပဲမျိုးများမှာ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁၊ SP 121၊ တွန်တာနီ၊ မကွေး ၁၀၊ ၁၁၊ ၁၂ နှင့်ကျောင်းကုန်းပင်ပြန့်မျိုးတို့ဖြစ်သည်။
ရေမြေနှင့်ရာသီဥတု
မြေပဲစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေ၏မြေချဉ်ငန်ကိန်းသည် ၅ ဒသမ ၅ မှ ၇ အတွင်းရှိရမည်ဖြစ်သည်။ မြေပဲအကောင်းဆုံးဖြစ်ထွန်းသောမြေမှာ နုန်းမြေ၊ သဲမြေတို့ဖြစ်သည်။ အကောင်းဆုံးမြေမှာ မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားဖြစ်သည်။ ရွှံ့စေးမြေ၊ မြေနီမြေစေးနှင့် မြေနီကျောက်စရစ်တို့တွင် ဖြစ်ထွန်းမှုမရှိပေ။မြေပဲစိုက်ပျိုးရာတွင် စိုက်ပျိုးမြေသည် မှုန့်ညက်နေသည်။ အကောင်းဆုံးမြေမှုန့်ပေါင်းစပ်မှုနှုန်းမှာ သဲ၊ နုန်း၊ မြေစေး ၇၅: ၁၅:၁၀ နှုန်းဖြစ်သည်။ အပူချိန်အားဖြင်၂၅ မှ ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန် ၂၅ မှ ၃၅ လက်မအတွင်းရွာသွန်းပါက ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းသည်။ သို့သော်လည်း မိုးရေချိန် လက်မ ၄၀ကျော်လွန်ပြီး လက်မ၂၀ အောက်ကျပါက ဖြစ်ထွန်းမှုမရှိဘဲ အထွက်နှုန်းကျဆင်းစေသည်။ နွားထိုးကြီးမြို့နယ်တွင်မူ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မြေပဲသီးနှံကို ရေသွင်း၊ ရေထုတ်လွယ်ကူသော မြေနီသဲဝန်းမြေမျိုးများမှာစိုက်ပျိုးကြသည်။မြေပဲစိုက်ပျိုးရာမှာလည်း သတ်မှတ်အရေအတွက်ရရှိရေး အတွက် တစ်ဧကကို အပင်အရေအတွက် ၁၀၄၅၄၄ ဝင်ဆံ့အောင် တန်းကြား ၁၅ လက်မနှင့် ပင်ကြား ၄ လက်မစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရသည်။ ထိုကဲ့သို့စိုက်ပျိုးခြင်းက ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျစိုက်ပျိုးခြင်းဖြစ်သည်။
မြေပဲစိုက်ပျိုးနည်း
မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်စိုက်ပျိုးခြင်း၊ ပင်ပြန့်စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းစသည်ဖြင့်ရှိသည်။ မြေပဲသည် ပဲမျိုးရင်းဝင်ဖြစ်သဖြင့် ပဲမြစ်ဖုများထွက်ရှိပြီး လေထုအတွင်းမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်စေရန်အတွက် မြေပဲမျိုးကောင်းများကိုပဲမြစ်ဖုဇီဝမြေဩဇာနှင့်လူးနယ်ပြီးမှစိုက်ပျိုးသင့်သည်။
(၁) ပင်ထောင်စိုက်ပျိုးခြင်း- အများအားဖြင့် ပင်ထောင်မြေပဲကို မြစ်၊ ချောင်း၊ အင်း၊ အိုင်များဘေးရှိနေရာများမှာ ရေကျချိန်၌ စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ ဧရာဝတီမြစ်ဘေးတွင်စိုက်ပျိုးကြသည်ကိုတွေ့ဖူးသည်။ မြစ်ရေခန်းချိန်တွင် ထယ်ထိုးပေးရသည်။ ထယ်ထိုးခြင်း၊ ထယ်စာခဲခြေခြင်းကို သုံးကြိမ်ခန့်ပြုလုပ်ပေးရသည်။ ထယ်စာခဲများကိုခြေပြီး ကျမ်းတုံးဖြင့်အုပ်ထား(မြေပြန်ညှိ)ပေးရသည်။ မြေမှုန်ရရှိအောင် အနည်းဆုံး ထယ် ၁၀ စပ်(ခါ)မှ ၁၂ စပ်(ခါ)အထိထွန်ပေးရသည်။
မြေမှုန်ရသောအခါ ကျမ်းတုံးရိုက်(မြေပြန်ညှိ)ပေးပြီး ၁၅ လက်မအကွာ လေးသွားထွန်ဖြင့်အကြောင်းဆွဲပြီးမျိုးစေ့ချရသည်။ ပင်ထောင်မြေပဲကို စိုက်ပျိုးပြီး ၁၁၅ ရက်မှ ၁၂၀ ရက်အတွင်းနုတ်သိမ်းနိုင်သည်။
ထိုရက်များထက်နောက်ကျပါက မြေပဲများ အပင်ပြန်ပေါက်လာတတ်သည်။ မြေပဲများကို နုတ်ယူပြီးနှစ်ရက်ခန့်နေလှန်းကာ ဆွတ်ယူရသည်။ မြေပဲတောင့်များကိုမူ ငါးရက်ခန့်နေလှန်းပေးရသည်။
(၂) သီးထပ်စိုက်ပျိုးခြင်း- မြေပဲသီးထပ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသည်။ မိုးစပါးအပြီးတွင် စိုက်ပျိုးကြသည်။ အထူးသတိပြုရမည့်အချက်မှာ မြေပဲစိုက်ပျိုးမည့် လယ်မြေသည် ကောက်ကြီးစပါးစိုက်ပျိုးသောလယ်မြေမျိုးမဖြစ်စေရန် သတိပြုရမည်။ ကောက်လတ်နှင့်ကောက်လျင်စိုက်ပျိုးသောမြေမျိုးမှာစိုက်ပျိုးရမည်။ မြေပဲသီးထပ်စိုက်ပျိုးရန် လယ်မြေရှိစပါးကိုရိတ်သိမ်းရာတွင် အပင်ရင်းမှကပ်ရိတ်ပေးရမည်။ တချို့က ရိုးပြတ်များကိုမီးရှို့ပစ်ရမည်။ မီးရှို့ခြင်းကြောင့် မြေဆီလွှာပေါ်ရှိ အပင်အကျိုးပြုဗက်တီးရီးယားများသေကျေပျက်စီးသွားကြသည်။ ထို့ကြောင့် ရိုးပြတ်များကို အောက်ခံမြေဆွေးအဖြစ် မြေကြီးအတွင်းထည့်၍အသုံးပြုသင့်သည်။ ထို့နောက် မြေအစိုအခြောက်ပေါ်မူတည်၍ ထွန်လေးစပ်(ခါ)မှရှစ်စပ်(ခါ)အထိ မွှေပေးရသည်။
သီးထပ်စိုက်မြေသည် အထူးသဖြင့် မြေစေးဆန်သဖြင့်မြေမှုန့်ရရှိအောင်အထူးပြုလုပ်ပြီး ထယ်ကြောင်းနက်နက်ဆွဲပေးရမည်။ မြေမှုန့်ရရှိပါက သီးထပ်မြေပဲကို ခရုပတ်ပုံစံစိုက်ရသည်။ ထို့နောက် မြေဖုံးပေးရသည်။
(၃) ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း - ပင်ပြန့်မြေပဲကိုအများအားဖြင့်ယာမြေနှင့်သဲအနည်းငယ်ဆန်သည့်ကုန်းမြေများတွင်စိုက်ပျိုးကြသည်။ သဲဆန်သောမြေမျိုးတွင် ၁၈ လက်မခြားစိုက်ရသည်။ ပင်ပြန့်မြေပဲကိုပေါင်တင်မစိုက်ရပေ။ မိုးဦးကျ မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးရပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် ရိတ်သိမ်းရသည်။ ပင်ပြန့်မြေပဲကိုရိတ်သိမ်းရာတွင် အရင့်လွန်မှ နုတ်သိမ်းရသည်ကများသည်။
သတိပြုရမည့်အချက်မှာ နုတ်သိမ်းချိန်နောက်ကျပါက အပင်မပေါက်နိုင်ပါ။
အပင်ပြုစုထိန်းသိမ်းခြင်း
မြေပဲသီးနှံအပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပေါင်းမြက်ရှင်းလင်းပါက မြေပဲပွင့်များကိုထိခိုက်စေနိုင်သည်။
ထို့ကြောင့် ပေါင်းရှင်းပြီဆိုပါက စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ မှ ၃၅ ရက်အတွင်း ပေါင်းမြက်များကိုရှင်းလင်းပေးရမည်။ ထို့ပြင် အပင်သက်တမ်း ၄၅ ရက်နှင့် ၇၅ရက်သားတွင် အစိုဓာတ်လုံလောက်စွာရရှိရန်လိုသည်။ ထိုအချိန်သည် မြေပဲပင်ပန်းပွင့်ချိန်၊ အဆန်ဖြည့်တင်းချိန်များဖြစ်သောကြောင့်ဖြစ်သည်။
မြေဩဇာကျွေးခြင်း
မြေပဲစိုက်ပျိုးမည်ဆိုလျှင် မြေပြင်ချိန်မှာပင် အောက်ခံအဖြစ် သဘာဝမြေဩဇာဖြစ်သောနွားချေးမြေဆွေးကို တစ်ဧကလျှင် လှည်းခုနစ်စီး၊ ကွန်ပေါင်းတစ်အိတ်၊ ကျောက်မှုန့် ၂၅ ကီလိုနှစ်အိတ်ကိုထယ်ရေးပြင်ချိန်တွင် ထည့်ပေးရသည်။ ပင်ထောင်မြေပဲအတွက်မြေဩဇာချရန်မလိုပေ။ သီးထပ်မြေပဲမှာလည်းမြေဩဇာအသုံးမပြုကြဟုသိရသည်။ ပင်ထောင်မြေပဲကိုမူ မိုးကျခါနီးတစ်ဧကလျှင် နွားချေးလှည်းရှစ်စီးနှုန်းအထိချပေးပြီး ထွန်ဖြင့်မွှေပေးရသည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း
မြေပဲစိုက်ခင်းများတွင် အပင်ငယ်စဉ်အချိန်မှာ စုပ်စားပိုး၊ ရွက်လိပ်ပိုး၊ ကပ်ပိုးများကျရောက်တတ်သည်။ ထိုအခါ ပင်လုံးပြန့်ထိသေပိုးသတ်ဆေးကိုအသုံးပြုပေးရမည်။ ဖိုးလမင်းကျိုင်းနှင့်ခြများကျရောက်တတ်သောမြေမျိုးဖြစ်ပါက စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ပင်လုံးပြန့်ထိသေပိုးသတ်ဆေး
တစ်မျိုးမျိုးထည့်ပေးရမည်။ ထို့ပြင်ရာသီဥတုကြောင့်လည်း ပိုးကျတတ်သည်ကိုသတိပြုသင့်သည်။
မိုးခေါင်ပါက ပျပိုးကျရောက်တတ်သည်။ အရွက်ပေါ်တွင်လည်းကောင်း၊ ခေါင်ညွန့်တွင်လည်းကောင်း၊အရွက်ကိုင်းခွနေရာများတွင်လည်းကောင်း တွေ့ရတတ်သည်။ ထို့ပြင် မြေပဲပင်ခြေနှင့်မြေပဲတောင့်များကို ကိုက်ဖြတ်စားသောက်တတ်သော ပိုးတီကောင်မျိုးလည်းကျရောက်တတ်သည်။ ထိုသို့မဖြစ်အောင်အော်ဒရင်ဆေးရည်ကိုမြေပဲမစိုက်မီ ကြိုတင်ချထားရမည်။ရွက်ပြောက်ရောဂါလည်းကျရောက်တတ်သည်။ ရွက်ပြောက်ရောဂါကျရောက်ပါက အရွက်များမှာ အမဲစက်၊ အမဲကွက်များဖြစ်နေတတ်သည်။ ယင်းကိုကာကွယ်ရန်အတွက်ရောဂါမကျရောက်မီ တစ်ဧကလျှင် ကျောက်မှုန့်ငါးပြည်ကို ၁၅ ရက်ခြား လေးကြိမ်ထည့်ပေးရမည်။ထို့ပြင်မြေပဲစိုက်ပျိုးပြီး တစ်လအကြာ၌ဖြစ်တတ်သော ပင်ရင်းပုပ်ရောဂါကိုလည်း မြေပဲစိုက်တောင်သူများအနေဖြင့် အထူးသတိပြုသင့်သည်။ အထူးသတိပြုရမည့်အချက်မှာမြေပဲရောဂါကျရောက်တတ်သဖြင့်မှိုနှင့်ပိုးမွှားရောဂါကင်းစင်စေရန်အတွက် မြေပဲမျိုးဆန်အား မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးရန်လိုသည်။
မြေပဲပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည့်အချက်များ
ယခုအခါ နိုင်ငံတော်အနေဖြင့် မြေပဲကို တစ်ဧက တင်း ၇၀ ရရှိအောင် ပန်းတိုင်ထားစိုက်ပျိုးရန်ရည်ရွယ်ပြီး စိုက်ပျိုးသူများကို အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဧကကို တင်း ၇၀ ရရှိအောင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများမှာ မိုးခေါင်သည့်ဒဏ်ကိုခံနိုင်သည့် မြေပဲစိုက်ခင်းမှမြေပဲကိုမျိုးအဖြစ်အသုံးမပြုရန်၊ မြေပဲမျိုးစေ့အဆန်သည် မနုလွန်း၊ မရင့်လွန်းသောအဆန်မဖြစ်စေရန်၊ အစေ့အခွံထိခိုက်သောအစေ့များအားဖယ်ရှားပြီးမျိုးစေ့ကိုအပင်ပေါက်နှုန်းစမ်းသပ်ပြီးမှစိုက်ပျိုးရန်၊ မြေပဲစိုက်ပျိုးမည့်အချိန်ကိုမှန်ကန်စွာရွေးချယ်ရန်၊ စိုက်ပျိုးမြေအမျိုးအစားရွေးချယ်ခြင်းနှင့်စနစ်တကျ မြေပြင်ရန်၊ ကယ်စီယမ်ဓာတ်အပြည့်အဝပါစေရန် အပင်သက်တမ်း ၄၅ ရက်သား၌ကျောက်မှုန့်သုံးထားသောစိုက်ကွက်မှမြေပဲကိုသာ မျိုးအဖြစ်အသုံးပြုရန်၊ မျိုးအဖြစ်ထားရှိမည့် စိုက်ခင်းအား ရိတ်သိမ်းချိန်နီးပါက ရေမသွင်းရန်၊ ရိတ်သိမ်းချိန်သည် စောလွန်း၊ နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်သတ်မှတ်ချက်များအတိုင်း တိကျစွာလိုက်နာစိုက်ပျိုးမည်ဆိုပါက လျာထားသည့်အတိုင်း တစ်ဧက တင်း ၇၀ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်သည်။
ရိတ်သိမ်းခြင်း သို့မဟုတ် မြေပဲဆွတ်ခြင်း
မြေပဲသည် ဥဥပြီး ရိတ်သိမ်းချိန် သို့မဟုတ် ဆွတ်ယူချိန်သက်တမ်းရောက်ပါက အရွက်များရင့်ဝါလာသည်။ ထိုအခါ စနစ်တကျရိတ်သိမ်းဖို့လိုသည်။ အထူးသဖြင့်မြေကျပ်သောအနေအထားမျိုးဖြစ်နေပါက အလေအလွင့်နည်းအောင်ဂရုစိုက်ရိတ်သိမ်းရမည်။မြေပဲကိုရိတ်သိမ်းခြွေယူပြီးနောက် စနစ်တကျနေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်သာကျန်သည်အထိ နေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်ထက်များနေပါက မြေပဲဆန်တွင်အယ်ဖာတောက်စင်မှိုတစ်မျိုးဖြစ်တတ်သည်။ထိုမှိုသည်ကင်ဆာဖြစ်စေနိုင်သည်။ ထိုမှိုဆိပ်မဖြစ်စေရန်နှင့်ကာကွယ်ရန် မြေပဲရိတ်သိမ်း၍ဆွတ်ယူရာတွင် အောက်ပါအချက်များကိုလိုက်နာရန်လိုသည်။ မြေပဲတောင့်များကိုမထိခိုက်အောင်ဆွတ်ယူရမည်။ ခြွေယူပြီးသီးတောင့်များကို တာပေါ်လင်စ သို့မဟုတ် ပလတ်စတစ်ခံ၍နေလှန်းရမည်။ နေလှန်းနေစဉ် မှိုတတ်နေသောသီးတောင့်များမပါအောင်ပြုလုပ်ရမည်။ပါလျှင်ဖယ်ပစ်ရမည်။မြေပဲဆန်များကိုသိုလှောင်ရာတွင် အရည်အသွေးမမီသောအဆန်များ၊ အမှိုက်သရိုက်များနှင့်ဖုန်သဲကင်းစင်ရမည်။ သတ်မှတ်အစိုဓာတ်ဖြစ်သော ခုနစ်ရာခိုင်နှုန်းအောက်မှာသာထားရှိပြီးသိုလှောင်ရမည်။ ဤအချက်များသည် မှိုဆိပ်မရှိအောင်စနစ်တကျရိတ်သိမ်းသိုလှောင်ရမည့်အချက်များပင်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြေပဲသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအပြင် ပြည်ပတင်ပို့နိုင်သည်အထိ မျှော်မှန်းစိုက်ပျိုးသင့်သော ဆီထွက်သီးနှံဖြစ်သည်။ မြေပဲမှမြေပဲဆီ၊ မြေပဲယို၊မြေပဲလှော်၊ ပဲဖတ်တို့ထုတ်လုပ်ရရှိသည်။ မြေပဲဆီသည် စျေးကွက်ဝင်ပြီး စျေးကောင်းလှသည်။မြေပဲဆီ ၁၀ ပိဿာတစ်ပုံးကို ယနေ့ကာလပေါက်စျေး ၁၉၀၀၀၀-၂၀၀၀၀၀ ခန့်ရှိသည်။ထို့ကြောင့်နိုင်ငံတော်ကမျှော်မှန်းထားသလို ပန်းတိုင်အထွက်နှုန်းရရှိပြီး မြေပဲစိုက်တောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိစေရန်ရည်ရွယ်လျက် မြေပဲစိုက်ပျိုးရာတွင် သိထားသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။ မြေပဲစိုက်ပျိုးဝင်ငွေတိုးကြပါစေ။ ။
Source: https://myawady.net.mm/stories

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်သော စပါးမျိုး စုစုပေါင်း ၂၀၀ ကျော် စိုက်ပျိုးလျက်ရှိပါသည်။ ဆန်စပါးသည် တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာ၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး မိုးစပါးနှင့် နွေစပါးစုစုပေါင်း စိုက်ဧက ၁၇ သန်း ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ နှစ်စဉ်ထွက်ရှိသည့် ဆန်စပါး၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း စားသုံးမှုနှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြု၍ ကျန် ၂၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
စိုက်ပျိုးထွက်ရှိသော ဆန်စပါးများ
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဆန်စပါးများကို ဆန်လုံးအရှည်၊ ဆန်သားအရောင်နှင့် အရွယ်အစားတို့အပေါ်မူတည်ပြီး ဧည့်မထ၊ လက်ရွေးစင်၊ ငစိန်၊ ဗြတ်နှင့် မြီးတုံးအုပ်စုဟူ၍ အုပ်စုငါးမျိုး ခွဲခြားထားပါသည်။ လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ ပြည်တွင်းစားသုံးမှုအများဆုံးနှင့် အကြိုက်နှစ်သက်ဆုံး ဆန်အမျိုးအစားများမှာ မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ ဧည့်မထအုပ်စုဝင် ဧရာမင်းနှင့် လက်ရွေးစင် အုပ်စုဝင် မနောသုခဆန်အမျိုးအစားတို့ ဖြစ်ပါသည်။
ဆန်လုံးရှည်၍ သေးသွယ်ပြီး ဆန်သားကြည်လင်သော ဧည့်မထအုပ်စုဝင် ဆန်အမျိုးအစားများကို ပြည်ပသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ဆန်ဈေးကွက် လေ့လာတွေ့ရှိချက်များအရ အရှေ့အလယ်ပိုင်းဈေးကွက်သည် မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ လုံးသွယ်မွှေးနှင့် ဇီယာဆန်အမျိုးအစားတို့ကို နှစ်သက်ပြီး လက်ရွေးစင်အုပ်စုဝင်ဆင်းသုခကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများက ကြိုက်နှစ်သက်ကြကြောင်း တွေ့ရှိရပါသည်။
မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် မွှေးကြိုင်သောရနံ့၊ နူးညံ့သောအရသာနှင့် ဆန်သားအရည်အသွေး ကောင်းမွန်မှုတို့ကြောင့် ပြည်တွင်းဈေးကွက်တွင် လူကြိုက်များ၍ ဝယ်လိုအားမြင့်မားပြီး ရေပန်းစားသော ဆန်အမျိုးအစားဖြစ်သည်။ ထို့ပြင် မြန်မာ့ပေါ်ဆန်းမွှေးသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရသော မြန်မာ့မျိုးရင်းစပါးတစ်ခုဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်၏ ပင်ကိုအရည်အသွေး ကောင်းမွန်မှုသည် အားသာချက်တစ်ခုဖြစ်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဆန်ဈေးကွက်တွင် ဈေးကောင်းရသည့် အရည်အသွေးမြင့်ဆန်များဖြစ်သော ထိုင်းနိုင်ငံမှ စံပယ်နံ့မွှေးသောဆန်၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဘာစမာတီဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနှင့် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးကောင်းရသည့် တန်ဖိုးမြင့် ဆန်အမျိုးအစားဖြစ်ပါသည်။
ရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုး
၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ မူရင်းပေါ်ဆန်းမွှေးစပါးကို စတင် သတိပြုမိခဲ့ကြပြီး ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးစပါးမျိုးများကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြပါသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပေါ်ဆန်းဘေးကျား စပါးမျိုးအနည်းငယ်ကို စစ်ကိုင်း တိုင်းဒေသကြီးရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုးရာမှ ထွက်ပေါ်လာခဲ့သည့် ရွှေဘိုပေါ်ဆန်းမွှေးစပါးမျိုးကို မြန်မာနိုင်ငံတွင် ယခုအခါ တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။
လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးသည့် ဒေသ၊ ရာသီဥတု၊ မြေဆီလွှာနှင့် စိုက်ပျိုးနည်းစနစ်များပေါ်မူတည်၍ ပေါ်ဆန်းမွှေးစပါး၏ အထွက်နှုန်းနှင့် အရည်အသွေးသည် ကွဲပြားခြားနားမှုရှိသကဲ့သို့ ပြည်တွင်းဆန်ဈေးကွက်တွင်လည်း ထွက်ရှိရာဒေသပေါ်မူတည်၍ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကျားစသည်ဖြင့် နာမည်ကွဲများစွာလည်း ခေါ်ဝေါ်ကြပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသော ပေါ်ဆန်းမွှေးဆန်အမျိုးအစားများအနက် ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံက ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံရသည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်သည် ကောင်းမွန်သောအရည်အသွေးများကို ပိုင်ဆိုင်ထားသည့် တန်ဖိုးမြင့် မြန်မာ့ပုလဲဆန်အဖြစ် ထင်ရှားလှပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့ဆန်သည် နိုင်ငံတကာဈေးကွက် အခိုင်အမာရရှိပြီးဖြစ်သည့်အပြင် ယခုထက် ပိုမိုတင်ပို့ရောင်းချနိုင်ရေး အရည်အသွေးကောင်းမွန်၍ ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လမ်းညွှန်မှာကြားထားပါသည်။
ပေါ်ဆန်းမွှေးဆန်သည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကြိုက်နှစ်သက်မှု၊ စားသုံးမှုနှင့် ဝယ်လိုအား များသည့်အတွက် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်စေရန် ချမှတ်ထားသောမူဝါဒများသည် ပြည်ပတင်ပို့နိုင်စွမ်းအပေါ် သက်ရောက်မှုများရှိနိုင်ပါသည်။ ထို့ကြောင့် ပေါ်ဆန်းမွှေးဆန်များ ပြည်တွင်းစားသုံးမှုဖူလုံရေး လိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေး ရည်မှန်းချက်တို့ကို ချိန်ခွင်လျှာညှိရန်မှာ အရေးကြီးသော မူဝါဒဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။
သုတေသန လေ့လာတွေ့ရှိချက်များအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ဈေးနှုန်းသည် ရာသီဥတု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်ဝယ်လိုအားပေါ်တွင် မူတည်၍ပြောင်းလဲမှုများရှိရာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရရှိစေရန် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ပြီး ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်
မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ အရည်အသွေးကို တစ်သမတ်တည်းထိန်းသိမ်းထားနိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် ဆီလျော်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးပြုမှု နည်းစနစ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ကိုအသုံးပြုခြင်း၊ သင့်လျော်သော သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် ဓာတုဆေးများအသုံးပြုခြင်းနှင့် ရေသွင်းရေထုတ်စနစ်များ အသုံးပြုခြင်းတို့သည် ပေါ်ဆန်းမွှေး၏ အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်ပါသည်။
ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်သော ပေါ်ဆန်းမွှေးစပါးမျိုးများကို စိုက်ပျိုးရေးဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကဌာနများ၊ အဖွဲ့အစည်းများက စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးပစ္စည်းများ (ဓာတ်မြေသြဇာ၊ မျိုးစေ့များ) ထောက်ပံ့ပေးခြင်းနှင့် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးအထောက်အပံ့ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(စိုက်ပျိုးစီးပွားပညာဌာန)မှ လေ့လာထားသော သုတေသနများအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှထွက်ရှိသော ဧရာဝတီပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်းစပါးမျိုးတို့သည် ၂၀၀၈ ခုနှစ်တွင် တစ်ဧက ပျမ်းမျှအထွက်နှုန်းတင်း ၄၀ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၃ ခုနှစ်တွင် တစ်ဧကလျှင် ပျမ်းမျှ ၆၂ တင်းခန့်နှင့် ခင်ဦးမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၈ ခုနှစ်တွင် တစ်ဧကပျမ်းမျှ ၇၅ တင်းခန့် ထွက်ရှိခဲ့သည်ကို သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စုစုပေါင်း စပါးစိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ရွှေဘိုပေါ်ဆန်းစပါးများ စိုက်ပျိုးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၈၁ တင်းခန့်ထိ ထွက်ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်က အထောက်အပံ့ပေးမှုများနှင့် တောင်သူများ၏ ကြိုးပမ်းမှုရလဒ်များအဖြစ် မြန်မာ့ပေါ်ဆန်းမွှေးစပါးမျိုးများ၏ အထွက်နှုန်းများ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသာစွာတိုးတက်လာနေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။
ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာပြီး ပြည်ပတင်ပို့ရောင်းချရာတွင်လည်း နိုင်ငံတကာဈေးကွက် ပိုမိုရရှိစေရန် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှုစနစ်များသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လေ့လာထားသော သုတေသနများအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်များ ပြည်ပတင်ပို့ရန်အတွက် ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် ပါဝင်သူများသည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဆန်စက်များ၊ နည်းပညာများဖြင့် ကြိတ်ခွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် ခေတ်မီထုပ်ပိုးနည်းစနစ်များ ပြောင်းလဲလုပ်ကိုင်လာကြသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် အရည်အသွေးအသိအမှတ်ပြုလက်မှတ်နှင့် အမှတ်တံဆိပ်များ ပိုမိုအားကောင်းစေရန်အတွက် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက် ရွှေဘိုပေါ်ဆန်းအပါအဝင် မြန်မာ့ပေါ်ဆန်းမွှေးဆန်များကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (Geographical Indication - GI) ရရှိရေးအတွက် ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ GI များရရှိပါက စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှသည် ပြည်ပတင်ပို့ရောင်းချသူများအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည့်အပြင် ပြည်ပဈေးကွက်များသို့ တင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် အခြေခံကောင်းများ ရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းမပြုမီ ကြိတ်ခွဲရရှိလာသော ပေါ်ဆန်းဆန်များကို ခေတ်မီသိုလှောင်ရုံများအသုံးပြု၍ သိုလှောင်ခြင်း၊ တင်ပို့ရောင်းချရာ လမ်းကြောင်းများတစ်လျှောက် ပို့ဆောင်ရေးကွန်ရက်များတွင် အရေးပါသည့်လမ်းများ၊ တံတားများ၊ ဆိပ်ကမ်းများနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ
အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိကဝယ်ယူသောနိုင်ငံများဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် အာဖရိကဈေးကွက်ဖြစ်သော တောင်အာဖရိကနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ ဖြစ်လာပါသည်။
ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက်ကို ချဲ့ထွင်ရန်အတွက် အာရှ၊ ဥရောပ၊ အမေရိကနှင့် အာဖရိကဈေးကွက်များကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။ ပေါ်ဆန်းမွှေးဆန် စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများအကြား ချိတ်ဆက်မှုများလွယ်ကူချောမွေ့ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ဈေးကွက်ဆိုင်ရာနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ အခြေအနေများကို ဆန်းစစ်လေ့လာသော သုတေသနများ စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း အရေးကြီးလှပါသည်။
ထို့ပြင် တင်ပို့ရောင်းချလိုသည့် နိုင်ငံများ၏ သွင်းကုန်မူဝါဒများ၊ အခွန်များ၊ ခွဲတမ်းများနှင့် အခြားကုန်သွယ်ရေး အတားအဆီးများသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းအပေါ် များစွာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်အတွက် ပြည်ပဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် မြန်မာ့ပို့ကုန်မဟာဗျူဟာ၊ ပြည်ပတင်ပို့ခွင့်လိုင်စင်နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာမူဝါဒများ အရေးကြီးသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများနှင့် အားသာသောကုန်သွယ်ရေး သဘောတူညီချက်များ ညှိနှိုင်းရရှိရန် တာဝန်ရှိသူများ၏ ကြိုးပမ်းမှုများသည်လည်း အရေးပါလှပါသည်။
မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသည့်အပြင် မူလပင်ကို အရည်အသွေးအားသာချက်ရှိကြောင်း သုတေသနများစွာက ဖော်ပြထားပြီးဖြစ်ရာ ထိုအားသာချက်ကိုအခြေပြု၍ ဈေးကွက်အလားအလာအမြင့်ဆုံးရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိရေးနှင့် ပြည်ပဈေးကွက်တိုးမြှင့်ရရှိနိုင်ရေးတို့အတွက် ထုတ်လုပ်မှု၊ အရည်အသွေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံတို့ကို ကိုင်တွယ်ဖြေရှင်းသော ဘက်စုံချဉ်းကပ်မှုများ ပြုလုပ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာခြင်း၊ အရည်အသွေးထိန်းချုပ်နိုင်ခြင်း၊ ဈေးကွက်အလားအလာများရှိခြင်းနှင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာခြင်းသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရေးကြီးပါသည်။ ထို့ပြင် အစိုးရ၏ ထိရောက်သော မူဝါဒများဖြင့်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ပြည်ပတင်ပို့မှုအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမည် ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ရှေ့အလားအလာများ ယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ။
Source: MOI

ယမန်နေ့မှအဆက်
အသားစားနွားမွေးမြူရေးနှင့် အစာကျွေးမွေးနည်းစနစ်အသားစားနွားမွေးမြူရာတွင် အစာကျွေးမွေးနည်းသည် လွန်စွာအရေးကြီးသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုကို အဓိကရည်ရွယ်သောကြောင့် စားကျက်တွင် သာမန်လွှတ်ကျောင်းခြင်း၊ ကောက်ရိုး၊မြက်ခြောက်များကိုသာ အားပြုကျွေးမွေးခြင်းနှင့် အာဟာရဓာတ်မစုံလင်ဘဲကျွေးမွေးခြင်းသည် ထုတ်လုပ်မှုနှုန်းကိုကျဆင်းစေသဖြင့် ဈေးကွက်ပို့ချိန် ရောက်သည့်တိုင် ဈေးကွက်ဝင်ထုတ်ကုန်အဆင့်သို့ မရောက်ရှိ၍ စီးပွားရေးအရ ဆုံးရှုံးမှုကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။

အာဟာရဓာတ်ဆိုသည်မှာ အသက်ရှင်ရပ်တည်မှုအတွက် ဇီဝကမ္မဖြစ်စဉ် လည်ပတ်နိုင်ရေးနှင့် အသား၊ နို့စသည့်မျှော်မှန်းထုတ်ကုန်ရရှိရေးတို့အတွက် စားသုံးသည့် အစာတစ်မျိုး(ဝါ) အစာအမျိုးမျိုးတွင် ပါဝင်သော အကျိုးပြုအရာများဖြစ်သည်။
ဒေသထွက်အစာအမျိုးအစားနှင့် အာဟာရတန်ဖိုးများယေဘုယျအားဖြင့် အာဟာရတန်ဖိုးအကြောင်းနားလည်သိရှိနိုင်ရန်အတွက် အစာကြေချက်ရခက်သောအရာများနှင့် အမျှင်များစွာပါဝင်သောအစာများ ဖြစ်သည့် အစာကြမ်းနှင့် အမျှင်ပါဝင်မှုနည်းပြီး အစာကြေချက်ရန်လွယ်ကူသော အစာမျိုးဖြစ်သည့် အစာနုတို့တွင် ပါဝင်သော အာဟာရတန်ဖိုးများကို ဒေသထွက်အစာကုန်ကြမ်းတချို့ဖြင့် ဖော်ပြလိုပါသည်။
အစာကြမ်းကျွေးမွေးရာတွင် ရိတ်သိမ်းချိန်၌ အာဟာရပြည့်ဝနေမှသာ ကြီးထွားနှုန်းကောင်း ပါမည်။ အာဟာရအပြည့်ဝဆုံးအချိန်မှာ နွားစာပင်၏ အောက်ဆုံးရှိအရွက် အဝါရောင်သို့ စတင်ပြောင်းချိန်ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ အာဟာရနည်းပါးသည့် ရင့်မှည့်ခြောက်သွေ့ချိန်တွင် ကျွေးပါက အစာစားနှုန်း ထိခိုက်စေမည့်အပြင် ကြီးထွားနှုန်းကိုပါ လျော့နည်းစေပါသည်။ အစာကြမ်းတွင် ပါရှိသည့်အသားဓာတ်ပါဝင်နှုန်း ၈ ရာခိုင်နှုန်းအောက်ကျပါက စပ်စာဖြည့်စွက်ကျွေးမွေးရမည်။
စပ်စာပြုလုပ်ကျွေးမွေးခြင်း
အသားစားနွားမွေးမြူထုတ်လုပ်ရာတွင် ကျွေးသောအစာသည် နွားတစ်ကောင်အတွက် တစ်နေ့တာလိုအပ်သော စွမ်းအင်ပမာဏနှင့် အသားဓာတ်ပရိုတင်းရာခိုင်နှုန်းတို့ မှန်ကန်ရန် လိုအပ်ပါသည်။ တိရစ္ဆာန်စားသုံးရန်အတွက် လိုအပ်သောအာဟာရနှင့် အညီ အချိုးကျပေါင်းစပ်ထားသောအစာကို စပ်စာဟုခေါ်ပါသည်။ အစာကြမ်းတွင် အာဟာရဓာတ်မပြည့်ဝသည့်အခါ လိုအပ်သောအသားဓာတ်နှင့် စွမ်းအင်ဓာတ်ကိုရရှိရန် အစာနုတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပို၍ ရောစပ်ပြီး အစာကြမ်းနှင့် ရောနှောကျွေးမွေးနိုင်ပါသည်။ စပ်စာ၏ အရည်အချင်းကောင်းများမှာ-
(၁) အစာများကိုဒေသအတွင်းအလွယ်တကူရှာဖွေစုဆောင်းနိုင်ခြင်း
(၂) ဈေးနှုန်းချိုသာခြင်း
(၃) အရသာရှိခြင်း
(၄) အရည်အသွေးကောင်းခြင်းနှင့်
(၅) စီးပွားရေးတွက်ခြေကိုက်ခြင်း စသော အရည်အချင်းများပါဝင်ရပါမည်။
ပြုပြင်ပြောင်းလဲထားသောအစာများ ပြုလုပ်နည်းနှင့် ကျွေးမွေးနည်းပြုပြင်ပြောင်းလဲထားသော အစာများဆိုသည်မှာ အစာကြမ်းအုပ်စုနှင့် အစာနုအုပ်စုနှစ်မျိုးကို ပိုလျှံနေသဖြင့် အချိန်ကာလတစ်ခုအထိ အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍ လိုအပ်ချိန်မှ ထုတ်ယူ ကျွေးမွေးရန်၊ အာဟာရမပြည့်သော အစာခြောက်ကို အာဟာရပြည့် အစာဖြစ်စေရန်နှင့် အာဟာရ လိုအပ်ချက်အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန် စသည့် လိုအပ်သောအာဟာရကို လိုအပ်ချိန်တွင် ရရှိသုံးစွဲရန် ရည်ရွယ်၍ လိုအပ်သောအထောက်အကူပစ္စည်းနှင့် နည်းပညာများဖြင့် ပြုပြင်ထားသည့် အစာအမျိုးအစားသစ်ဖြစ်ပါသည်။ ယင်းတို့အနက် မြက်နှင့် ပြောင်းကို ချဉ်ဖတ်ပြုလုပ်ခြင်းမှာ ပိုလျှံနေသဖြင့် အချိန်ကာလတစ်ခုအထိ အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍ လိုအပ်ချိန်မှ ထုတ်ယူ ကျွေးမွေးရန်ဖြစ်ပါသည်။ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းမှာ အာဟာရမပြည့်သော အစာခြောက်ကို အာဟာရပြည့်အစာဖြစ်စေရန်ဖြစ်ပြီး ယူရီးယားသကာတုံးမှာ အာဟာရလိုအပ်ချက် အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန်ဖြစ်သည်။
(ယခုဆောင်းပါးတွင် ပြုလုပ်နည်းစနစ်များကို မဖော်ပြတော့ဘဲ ကျွေးမွေးနည်းနှင့် အကျိုးကျေးဇူးတချို့ကိုသာ ဖော်ပြလိုပါသည်။ ပြုလုပ်နည်းအသေးစိတ်ကို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ဆက်သွယ်အကြံဉာဏ်ရယူနိုင်ပါသည်)
(က) နွားစာချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းနွားစာချဉ်ဖတ်ပြုလုပ်နိုင်သောသီးနှံများမှာ ဖူးစားပြောင်း၊ နှံစားပြောင်းနှင့် မြက်တို့ဖြစ်ပြီး ပြုလုပ်မည့်အချိန်တွင် အစိုဓာတ် ၇၅ ရာခိုင်နှုန်းရှိရန်လိုအပ်ပါသည်။ ပိဿာ ၁၀၀ အခြောက်လှန်းလျှင် အခြောက်၂၅ ပိဿာရသော အခြေအနေဖြစ်ပါမည်။ ဖူးစားပြောင်း၊ နှံစားပြောင်းပင်နှင့် မြက်နွယ်မျိုးအပင်များတွင် အစေ့အဆန်နို့ရည်သမ်းချိန် ရိတ်ဖြတ်ပြုလုပ်ပါက အာဟာရပြည့်စုံသော ကြာရှည်အထားခံ နွားစာချဉ်ဖတ်ကောင်းရရှိမည်။
သကာရည်/ဖွဲ/ဆန်မှုန့်/ သကြားစသည့် အချဉ်ပေါက်မှုကိုအားပေးသောပစ္စည်း တစ်မျိုးမျိုးကို ရောထည့်သုံးပါက ချဉ်ဖတ်အရည်အသွေးကောင်းပြီး အစာစားနှုန်းကောင်းသော ချဉ်ဖတ်ရရှိနိုင်သည်။ ပြုပြင်ပြောင်းလဲထားသော အစာတစ်မျိုးဖြစ်သည့် နွားစာချဉ်ဖတ်ကို အသုံးချသင့်သည့် အကောင်းဆုံးအချိန်မှာ စိုက်ပျိုးရေးဘေးထွက်ပစ္စည်း သို့မဟုတ် စားကျက်ခြောက်ခန်းသည့် အစာစိုရှားပါးသောအချိန်ဖြစ်သည်။ ယင်းအချိန်ကာလတွင် အစာနုကို အားပြုကျွေးမွေးပါက အစာနုသည် အာဟာရတန်ဖိုးမြင့်သော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်းဆိုးကျိုးအပြင် မိမိတို့မျှော်မှန်းသည့်ဈေးကွက်ပို့ချိန် ကိုယ်အလေးချိန်ရရှိရန် ခက်ခဲသည်ကို ကြုံတွေ့ရမည်ဖြစ်သည်။
(ခ) ကောက်ရိုးပြုပြင်ကျွေးမွေးခြင်းသာမန်ကောက်ရိုးတွင် အာဟာရဓာတ်လွန်စွာနည်းပါးသဖြင့် မူလအတိုင်းကျွေးမွေးလျှင် ထုတ်လုပ်မှု စွမ်းရည်မတိုးတက်ပါ။ ထို့ကြောင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးသင့်ပါသည်။ ကောက်ရိုးကို ယူရီးယားပုလဲဓာတ်မြေသြဇာဖြင့် ပြုပြင်ကျွေးမွေးပါက ရရှိမည့်အကျိုးကျေးဇူးများ-
(၁) ပိုမိုနှစ်ခြိုက်စွာ စားသုံးလာခြင်း၊ အစာခြေနိုင်စွမ်းရည်တိုးတက်လာခြင်း
(၂) အသားဓာတ်ပိုမိုများပြားလာပြီး အာဟာရတန်ဖိုးမြင့်လာခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာခြင်း
(၃) ကျန်းမာသန်စွမ်းလာသဖြင့် မျိုးပွားမှုဆိုင်ရာကောင်းမွန်ခြင်း
(၄) နို့ထုတ်လုပ်မှုတိုးလာပြီး နို့တွင် အဆီပါဝင်မှုများလာခြင်း
(၅) ဖြည့်စွက်စာကို လျှော့ချကျွေးမွေးနိုင်သဖြင့် ကုန်ကျစရိတ်သက်သာခြင်း
(ဂ) ယူရီးယားသကာတုံးပြုလုပ်ကျွေးမွေးခြင်းယူရီးယားသကာတုံးကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့ စားမြုံ့ပြန် သတ္တဝါများအား ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ကြီးထွားမှု၊ ထုတ်လုပ်မှုကိုပိုမိုကောင်းမွန်စေပါသည်။ ယူရီးယားသကာတုံးသည် အရည်အသွေး နိမ့်သော အစာကြမ်းများကိုသာစားရသော တိရစ္ဆာန်များ သို့မဟုတ် အထွက်နှုန်းညံ့ဖျင်းသောစားကျက်တွင် လွှတ်ကျောင်းမွေးထားသော တိရစ္ဆာန်များအတွက် အထူးလိုအပ်ပြီး ယင်းမှအသားဓာတ်၊ စွမ်းအင်နှင့် သတ္တုဓာတ်များကို ဖြည့်စွက်ရရှိစေပါသည်။
ယူရီးယားသကာတုံးကို ကျွေးမွေးခြင်းဖြင့် သုံးစွဲသူတိရစ္ဆာန်သာမက အစာအိမ်အတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများအတွက် လိုအပ်သော အာဟာရနှင့်စွမ်းအင်ကိုပါ ရရှိစေသည်။ တစ်ရက်လျှင် ကိုယ်အလေးချိန် သုည ဒသမ ၂ မှ သုည ဒသမ ၄၅ ကီလိုဂရမ်အထိ တိုးစေနိုင်ပါသည်။
သတိပြုရမည့်အချက်မှာ အာဟာရပြည့်အစာစိုပေါများစွာကျွေးမွေးနိုင်ချိန်တွင် ယူရီးယားသကာတုံးပြုလုပ်ဖြည့်စွက်ကျွေးမွေးရန်မလိုပါ။ နွားအားလုံး အလွယ်တကူလျက်နိုင်အောင် စီမံပေးထားရမည်ဖြစ်ပါသည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်မှာ အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ပြည့်စုံစွာ ရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျ ကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်
ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြပါသည်။ လေ့လာသူများ သိရှိ နိုင်ရန် အသားစားနွားမွေးမြူ ထုတ်လုပ်ရေးခြံများတွင် မဖြစ်မနေထိုးနှံပေးရမည့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ-
(၁) ခွာနာလျှာနာရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်
(၂) ထောင့်သန်းရောဂါကာကွယ်ဆေး -တစ်နှစ် တစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်
(၃) ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်
(၄) လည်ချောင်းကွဲရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်
ခြံစီမံခန့်ခွဲမှုနည်းစနစ်ဖြင့် မဖြစ်မနေကာကွယ်ဆေးထိုးနှံပေးရန်မလိုအပ်ဘဲ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မွေးမြူရေးခြံနှင့် ဦးစီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်ပေးရမည့် ရောဂါတချို့ရှိပါသည်။ အဆိုပါရောဂါများမှာလည်း ကာကွယ်ဆေးပုံမှန်ထိုးနှံပေးရသည့် ကူးစက်ရောဂါများကဲ့သို့ ပြည်တွင်းစားသုံးသူသာမက ပြည်ပစားသုံးသူအတွက်ပါ လွှမ်းခြုံကာကွယ်ပေးထားသော ရောဂါများဖြစ်၍ ပြည်ပပို့ကုန်အတွက် အရေးကြီး၍ လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပေးရပါမည်။ ယင်းရောဂါများမှာ -
(၁) အရေပြားအကျိတ်နာ-မှက်၊ ခြင်၊ ယင် ကင်းရှင်းရေးဆောင်ရန်
(၂) ကပ်ပါးရောဂါ-လိုအပ်ဆေးဝါးစနစ်တကျသုံးရန်
(၃) ကျွဲ၊ နွားတီဘီရောဂါ -တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်
(၄) ကျွဲ၊ နွား သားလျှောရောဂါ-တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်
တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိပါသည်။
အမဲသား၊ အေးခဲအမဲသားနှင့် ကလီစာအတွက်စံချိန်စံညွှန်း
ဤစံချိန်စံညွှန်းသည် ကျွဲ၊ နွားနှင့် နွားနောက်စသည့် Bovine species များမှ ထုတ်လုပ်ထားသော အမဲသား၊ အေးခဲအမဲသားနှင့် ကလီစာစသည်တို့အားလုံးအတွက်အကျုံးဝင်သည်။ ထုတ်ပြန်ပြီးစံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုပါသည်။
ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်းသိရှိပြီးဖြစ်မည်။
နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။ ထုတ်ပြန်ပြီး အမဲသားဆိုင်ရာ စံချိန်စံညွှန်းတွင် ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
(၁) အမဲသား၊ အေးခဲအမဲသားနှင့် စားသုံးနိုင်သော ကလီစာအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း
(၂) သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း
(၃) သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကိုစစ်ဆေးခြင်း
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကိုအရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့်သိုလှောင်သိမ်းဆည်းခြင်း
(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်ဖော်ပြသည့်တံဆိပ်တပ်ခြင်း
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း
ဆက်လက်၍ ဝက်သား၊ ဆိတ်သားနှင့် ကြက်ဥ၊ကြက်သားထုတ်လုပ်မှုဆိုင်ရာများကို ဖော်ပြရှင်းလင်း ပေးသွားပါမည်။ ။

တစ်ခေတ်ဆန်းလာသော အသားတိုးနွားမွေးမြူရေးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲကောင်ရေ ၈၇၀၅၅၇ ကောင်၊ နို့စားကျွဲကောင်ရေ ၄၁၁၇ ကောင်၊ ခိုင်းနွားကောင်ရေ၈၈၄၉၁၁၈ ကောင်၊ နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်၊ အသားတိုးနွားကောင်ရေ ၇၄၆၄ ကောင်၊ သိုး၊ ဆိတ်ကောင်ရေ ၂၅၆၄၁၄၆ ကောင်၊ ဝက်ကောင်ရေ ၄၄၇၁၉၆၂ ကောင်၊ ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်၊ ဒေသဘဲကောင်ရေ ၃၉၃၆၀၉၁ ကောင်၊ ဥစားဘဲကောင်ရေ ၁၅၄၀၀၀၇ ကေ
တစ်ခေတ်ဆန်းလာသော အသားတိုးနွားမွေးမြူရေးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲကောင်ရေ ၈၇၀၅၅၇ ကောင်၊ နို့စားကျွဲကောင်ရေ ၄၁၁၇ ကောင်၊ ခိုင်းနွားကောင်ရေ၈၈၄၉၁၁၈ ကောင်၊ နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်၊ အသားတိုးနွားကောင်ရေ ၇၄၆၄ ကောင်၊ သိုး၊ ဆိတ်ကောင်ရေ ၂၅၆၄၁၄၆ ကောင်၊ ဝက်ကောင်ရေ ၄၄၇၁၉၆၂ ကောင်၊ ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်၊ ဒေသဘဲကောင်ရေ ၃၉၃၆၀၉၁ ကောင်၊ ဥစားဘဲကောင်ရေ ၁၅၄၀၀၀၇ ကောင်၊ အသားစားဘဲကောင်ရေ ၁၀၅၃၆၄ ကောင် မွေးမြူထားရှိသည်။
စာရင်းကောက်ယူရရှိသော အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန် မွေးမြူထားသောအိမ်ထောင်စုဦးရေ၏ ၄၅ ရာခိုင်နှုန်း ခန့်သည် ကျွဲ၊ နွားမွေးမြူသူများဖြစ်သည်ကိုတွေ့ရှိရသည်။ ယခင်က ဒေသနွားများကို ခိုင်းနွားအဖြစ် အဓိကထားမွေးမြူကြသော်လည်း ယခုအခါ ဒေသနွားများကို အသားစားနွားအဖြစ် ထိန်းကျောင်းကျွေးမွေး၍ နိုင်ငံခြားသို့ရောင်းချခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာကြသည့်အပြင် နိုင်ငံခြားအသားစားနွားမျိုးများကိုလည်းဒေသနွားမဖြင့်မျိုးပွား၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော မေထုန်မဲ့ မျိုးရည်ခဲချောင်းများဖြန့်ဝေပေးခြင်းနှင့် မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ အမဲသားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် အသားစားနွားမျိုးများအကြောင်း၊ အသားစားနွားမျိုးရွေးချယ်မွေးမြူနည်း၊ အစာရွေးချယ်ခြင်းနှင့် အခြေခံအာဟာရဗေဒပညာ၊ အသားစား နွားများတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ မေထုန်မဲ့မျိုးမြှင့်တင်ခြင်း၊ စားကျက်စိုက်ခင်းထူထောင်ခြင်း၊ ကျွေးမွေးခြင်းနည်းပညာနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်းဖော်ပြအပ်သည်။
အသားစားနွားမျိုးများ
ကမ္ဘာပေါ်တွင် အသားစားနွားမျိုးပေါင်း ၂၅၀ကျော်ရှိပြီး မွေးမြူသူအကြိုက်မျိုး ၁၂ မျိုးရှိသည့် အနက် မြန်မာနိုင်ငံတွင်ဖြစ်ထွန်းပြီး မွေးမြူသူနှစ်သက်သည့်မျိုးလေးမျိုးမှာ-
(က) ဘရာမင် (BRAHMAN)
အိန္ဒိယနွားမျိုးဖြစ်သော Guzeart, Nellore နှင့် Gir အစရှိသည့် ဇီဘူး (ZEBU)နွားမျိုးမှာ မျိုးမြှင့်ထုတ်လုပ်ထားသောနွားမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သည်။ ဦးချိုပါသည်။ ကြီးမားထင်ရှားသောဘို့ပါရှိသည်။ နားရွက်ရှည်ပြီး လည်ပတ်ကြီးသည်။ အမွေးအရောင်မှာ မီးခိုးဖျော့၊ အနီ၊ အနက်တို့ရှိပြီး အဓိကအရောင်မှာ မီးခိုးရောင်ဖြစ်သည်။ နွားထီးသည် ကိုယ်အလေးချိန် ၈၀၀ မှ ၁၁၀၀ ကီလိုဂရမ်ထိရှိပြီး နွားမသည် ၅၀၀ မှ ၇၀၀ ကီလိုဂရမ်ထိရှိသည်။ ကာလတိုအတွင်း အသားထုတ်လုပ်မှုကောင်းသော မျိုးများအနက်ထင်ရှားသောမျိုးဖြစ်သည်။
(ခ) အန်းဂတ် (ANGUS)
မူရင်းမှာစကော့တလန်နွားမျိုးဖြစ်ပြီးထင်ရှားသော အသားစားနွားမျိုးတစ်မျိုးဖြစ်သည်။အန်းဂတ်အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၈၅၀ကီလိုဂရမ်ရှိပြီး အမသည် ၇၅၀ ကီလိုဂရမ်ရှိသည်။ ဘရာမင်နှင့်နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အရွယ်အစားသေးငယ်သောအသားစားနွားမျိုးဖြစ်သည်။ ဆလင်ဒါပုံပြည့်ဖြိုးသောခန္ဓာကိုယ်အနေအထားရှိပြီး အနီနှင့် အနက်ရောင်ရှိသည်။ ဦးချိုမဲ့မျိုးဖြစ်သည်။ အသားအရည်အသွေးကောင်းမွန်မှုအတွက် လူကြိုက်များသည့်နွားမျိုးဖြစ်သည်။
(ဂ) ဘရမ်းဂတ် (BRANGUS)
အန်းဂတ်နှင့်ဘရာမင်မျိုးဖြစ်သည်။ အသားနှင့်နို့အတွက်ပါမွေးမြူနိုင်သော ထုတ်လုပ်မှုကောင်းသည့်နွားမျိုးဖြစ်သည်။ ထိန်းကျောင်းရလွယ်ကူပြီး အမများသည် မျိုးအောင်နှုန်းနှင့် နို့ထွက်နှုန်းမြင့်သည်။
အခြားမျိုးများနှင့်နှိုင်းယှဉ်ပါကအရွယ်ရောက်ချိန် အနည်းငယ်နောက်ကျသည်။ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ အနီရင့် သို့မဟုတ် အနက်ရောင်အမွေးရှိသည်။ အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၉၀၀ ကီလိုဂရမ်ရှိပြီး အမသည် ၆၅၀ ကီလိုဂရမ်ရှိသည်။
(ဃ) ရင်လင်း(Yunling)
ဘရာမင် ၅၀ ရာခိုင်နှုန်း၊ တရုတ်ယူနန်ဒေသနွားမျိုး၂၅ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုကောင်းသော အခြား အပူပိုင်းဒေသနွားမျိုး ၂၅ ရာခိုင်နှုန်းဖြင့် မျိုးကွဲသုံးမျိုးပေါင်းစပ်ထားသည့် Yunling နွားမျိုးသည် ကြီးထွားနှုန်းမြန်ခြင်း၊ အသားအရည်အသွေးကောင်းမွန်ခြင်း၊ ပူပြင်းစိုစွတ်သောရာသီဥတုတွင် ခံနိုင်ရည်ရှိခြင်း၊မှက်၊ခြင်ဒဏ်ခံနိုင်ခြင်းအပါအဝင် အားသာချက်များစွာရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီး၌ မွေးမြူလျက်ရှိသည်။
အသားစားနွားမျိုးရွေးချယ်ရာတွင် အဓိကကျသည့် အချက်များရွေးချယ်သောမျိုးသည် ကြီးထွားနှုန်းကောင်းခြင်း၊ထုတ်လုပ်မှုစွမ်းရည်မြင့်ခြင်းနှင့် စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်းတို့သည် ဟန်ချက်ညီနေရမည်ဖြစ်သည်။
ဥပမာ- ကြီးထွားနှုန်းကောင်းသော်လည်း စားသုံးသူကြိုက်နှစ်သက်သောအသားအရည်အသွေးမပြည့်စုံပါက ဈေးကွက်မအောင်မြင်၍ စီးပွားရေးအရ ဆုံးရှုံးနိုင်သည်။ထုတ်လုပ်မှုမြင့်သော်လည်း အစာအာဟာရပိုင်းတွင်ကုန်ကျစရိတ်မြင့်မားနေပါက စီးပွားရေးအရ တွက်ခြေမကိုက်ပါ။
မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိသောမျိုးဖြစ်ခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်း၊ မျိုးသားပေါက်ဝယ်ယူရန် လွယ်ကူမှုရှိခြင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ကျွဲ၊ နွားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်များဖြင့် မိမိတို့နိုင်ငံမှမွေးမြူသူအများစုသည် ဘရာမင်အသားစားနွားမျိုးကို ရွေးချယ်ခဲ့ကြသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ဘရာမင်၊ အင်ဒိုဘရာဇီးနှင့် အန်းဂတ်နွားမျိုးတို့ကိုစမ်းသပ်မွေးမြူခဲ့ရာ ဘရာမင်နွားမျိုးကိုမြန်မာ့မွေးမြူသူများက ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့ရ၍ ဒေသနွားမများကိုဘရာမင်မျိုးရည်ခဲချောင်းဖြင့် မေထုန်မဲ့မျိုးပွားနိုင်ရန် ဌာနမှ ဘရာမင် ၁၀၀ ရာခိုင်နှုန်း မျိုးသန့်နွားသိုးဝယ်ယူ၍ မျိုးရည်ခဲချောင်း ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် ထိုင်းနိုင်ငံမှ မျိုးရည်ခဲချောင်းများမှာယူ၍ ဖြန့်ဖြူးမျိုးပွားပေးခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်တွင်ဘရာမင်မျိုးအသားစားနွားများကိုဈေးကွက်တွင်ထုတ်လုပ်ရောင်းချနိုင်သည့် မွေးမြူသူများပေါ်ထွက်လာပြီဖြစ်သည်။ ဌာနမှလည်း ဘရာမင်မျိုးနွားမတမ်းများကို မွေးမြူသူများထံမှ ရွေးချယ်ဝယ်ယူ၍ အသုံးချသုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
နွားခြံတည်ထောင်ခြင်း
နွားခြံတစ်ခုတည်ထောင်မည်ဆိုလျှင်အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရမည်။ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံ ဉာဏ်ရယူနိုင်သည်။
၁။ မြေနေရာရွေးချယ်ခြင်း
(က) လူနေရပ်ကွက်၊ကျေးရွာနှင့်သတ်မှတ်ထားသော အကွာအဝေးရှိရမည်။
(ခ) သန့်ရှင်းသောသောက်သုံးရေရရှိရမည်။
(ဂ) လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာစွမ်းအင်ရရှိရမည်။
(ဃ) လိုအပ်သော အဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်နှင့် အကျိုး အမြတ်ပိုမိုရရှိစေရေးအတွက်စားကျက်စိုက်ခင်းထူထောင်ရန် လုံလောက်သောအကျယ်အဝန်း ရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။
၂။ အဆောက်အအုံတည်ဆောက်ခြင်း
(က) မိမိဒေသ ရာသီဥတုနှင့်ကိုက်ညီသောဒီဇိုင်းဖြင့်ဆောက်လုပ်နိုင်ရမည်။သစ်၊ဝါးစသည့် သစ်တော ထွက်ပစ္စည်းများအစား သံနှင့် သံထည် ပစ္စည်းများဖြင့် ဆောက်လုပ်ပါက အမိုးအမြင့် အနည်း ဆုံး ၁၀ ပေထား၍တိရစ္ဆာန်များ အပူဒဏ်မခံရ စေရန်နှင့် လေဝင်လေထွက် ကောင်းစေရန် စီမံပေးရမည်။
(ခ) တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သော နေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီ ဆောက်လုပ်နိုင်ရမည်။
(ဂ) လေဝင်လေထွက် ကောင်းမွန်ပြီးလုံလောက်သော အလင်းရောင်ရရှိစေရမည်။ ရေစီး ရေလာ ကောင်းမွန်ရန် ပြင်ဆင်ရာတွင်ချောမွတ်သောကြမ်းခင်းမဖြစ်ရ။
(ဃ) မွေးမြူမည့် နည်းလမ်း/ရည်ရွယ်ချက်နှင့်အညီ လိုအပ်သော အဆောက်အအုံများတည်ဆောက်ပေးရမည်။
ဥပမာ-အသားထုတ်ရန်အတွက်သာ သီးသန့်မွေးမြူပါကသားမွေးနှင့် သားထိန်းဆိုင်ရာ အခန်း/ အဆောက်အအုံငယ်များထည့်သွင်းရန်မလိုအပ်ပါ။
(င) နာမကျန်းတိရစ္ဆာန် သီးသန့်ဆောင်နှင့် ဆေးဝါးကုသဆောင်ထည့်သွင်းရမည်။
(စ) ဇီဝလုံခြုံမှုနည်းလမ်းများနှင့်အညီလိုအပ်သော စာရင်းနှင့်မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင် ရန် အလုပ်ရုံးခန်းနှင့် အလုပ်သမား နေအိမ်များတည်ဆောက်ရမည်။
(ဆ) အစာကြမ်း၊ အစာနုများ သိုလှောင်ရန်သီးခြားအဆောက်အအုံ တည်ဆောက်ရမည်။ အဆောက် အအုံဆောက်လုပ်ခြင်းဆိုင်ရာသိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် ဆက်သွယ်၍ အကြံဉာဏ် ရယူနိုင်သည်။
၃။ သွင်းအားစုများထည့်သွင်းခြင်း
(က) မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော နွားမျိုးထည့်သွင်းရန်။
(ခ) အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်။
(ဂ) နွားခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးပစ္စည်းများထားရှိရန်။
ဥပမာ-အစာကြမ်း ရိတ်ဖြတ်စက်၊ အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊ အညစ်အကြေးသန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊ တိရစ္ဆာန် ထိန်းချုပ်ပစ္စည်းများ။
(ဃ) တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်။
(င) မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီးဇီဝလုံခြုံမှုနှင့်ကိုက်ညီသောခြံစည်းရိုးကာရံရန်နှင့် ခြံအဝင် အထွက်ပေါက်တွင်ပိုးသတ်ဆေးကန်ထားရှိရန်။
နွားခြံအဆောက်အအုံသည် မွေးမြူမည့်ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် မိမိသုံးစွဲမည့်ငွေကြေးအရင်းအနှီးအင်အားအပေါ်မူတည်၍ ဆောက်လုပ်နည်းနှင့် အဆောက်အအုံဒီဇိုင်းကွဲပြားသည်။မည်သည့်နည်းစနစ်ဖြင့်မွေးမြူသည်ဖြစ်စေ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် သန့်ရှင်းသောသောက်သုံးရေ အလုံအလောက်ရရှိစေရန်၊ ရေစီးရေလာကောင်းမွန်ရန်နှင့် ကုန်ထုတ်လမ်းရရှိရန်လိုအပ်သည်။
ဆက်လက်ဖော်ပြပါမည်။

ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့် အိမ်တွင်းဆေးဝါးအဖြစ်လည်း
ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့် အိမ်တွင်းဆေးဝါးအဖြစ်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲလေ့ရှိကြသည်။
ကြက်သွန်ဖြူ၏အသုံးဝင်ပုံ
စားဖိုဆောင်သီးနှံကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်းသည် ၎င်းတွင် ပါဝင်သောဓာတ်များကို အပြည့်အဝရရှိစေနိုင်သော စားသုံးနည်းတစ်ခုဖြစ်သည်။ အစာမစားရသေးမီ မနက်ခင်းတိုင်းတွင် ကြက်သွန်ဖြူအမြွှာအနည်းငယ်ကို ရေတစ်ဖန်ခွက်နှင့် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူအစိမ်းစားသုံးခြင်းကဲ့သို့ပင် ကြက်သွန်ဖြူအား လက်ဖက်ရည်အဖြစ် မနက်ခင်းတိုင်း သောက်သုံးပေးခြင်းသည်လည်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။ ထိုသို့ သောက်သုံးရန်အတွက် ကြိတ်ခြေထားသော ကြက်သွန်ဖြူများကို ရေတစ်ဖန်ခွက်ထဲသို့ထည့်ပြီး ကြိုချက်ပေးကာ အနည်းငယ်ဆူပွက်လာပါက သစ်ကြံပိုးခေါက် ၁-၂ ဇွန်းထည့်မွှေပြီး နှစ်မိနစ်ခန့် ထပ်မံကြိုချက်ပေးပြီးနောက် အပူလျော့သွားပါက ပျားရည်နှင့်သံပရာရည်တစ်ဇွန်းစီထည့်မွှေ၍ သောက်သုံးနိုင်သည်။ ထို့ပြင် ကြက်သွန်ဖြူဆီအဖြစ် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးကောင်းသောဆီထဲသို့ ကြိတ်ခြေထားသော ကြက်သွန်ဖြူအမြောက်အမြားကိုထည့်သွင်းပြီး မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် အပူပေးရမည်ဖြစ်သည်။ ထို့နောက် ကြက်သွန်ဖြူဖတ်များကိုစစ်ထုတ်ပြီး ဆီများကို ပုလင်းတစ်ခုထဲသို့စစ်ယူ၍ ရေခဲသေတ္တာတွင် သိုလှောင်သိမ်းဆည်းကာ နှစ်ပတ်ခန့်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။
ကြက်သွန်ဖြူစိုက်ပျိုးရာဒေသ
ကြက်သွန်ဖြူသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲမှုမြင့်မားသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုမှုများပြားရုံသာမက ကမ္ဘာ့နေရာဒေသအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသောကြောင့် နှစ်စဉ် စိုက်ပျိုးဧရိယာများတိုးတက်လာပြီး ထုတ်လုပ်မှုလည်း မြင့်မားလျက်ရှိသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏ ၈၅ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် အခြားသောနိုင်ငံများမှာ တောင်ကိုရီးယား၊ အီဂျစ်၊ စပိန်၊ ယူကရိန်း၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်သည်။
အဓိကစိုက်ပျိုးသောမျိုး
မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူစိုက်ဧကပေါင်း ခုနစ်သောင်းနီးပါးခန့်ရှိပြီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သော ရှမ်းပြည်နယ်တွင် မိုင်းပန်၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် လဲချားမြို့နယ်တို့၌ ဧရိယာအမြောက်အမြား စိုက်ပျိုးထုတ်လုပ်ကြပြီး ကျန်မြို့နယ်များတွင်လည်း စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ကြက်သွန်ဖြူမျိုးများမှာ ရှမ်းမျိုး(အခွံဖြူ)၊ ရှမ်းမျိုး (အခွံနီ)နှင့် တရုတ်မျိုးတို့ဖြစ်ကြသည်။
ကြက်သွန်ဖြူစိုက်ပျိုးနည်း
ကြက်သွန်ဖြူကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မတ်လအတွင်းတွင် တူးဖော်ရိတ်သိမ်းလေ့ရှိသည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၆ ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ အပူအအေးသင့်လျော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်လျော်ဆုံးအပူချိန် ၁၈ ‒ ၂၀ ဒီဂရီစင်တီဂရိတ်တွင် ဖြစ်ထွန်းပြီး ဥမှ အညှောက်ပေါက်ရန်အတွက် မြေတွင်းအပူချိန် ၂၂ ‒၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ ၂၇ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ၅ ‒ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံး ၁-၂ လရှိရန် လိုအပ်သည်။ တစ်ဧကလျှင် မျိုးအဖြစ် ကြက်သွန်ဖြူဥ ပိဿာချိန် ၂၅၀‒၃၀၀ ခန့်လိုအပ်သည်။ မျိုးဥအား အမြွှာကြီးပြီး ရောဂါကင်းသောမျိုးများကို အသုံးပြုရမည်။
မြေပြင်နည်း
တစ်ဧကတွင် သဘာဝမြေသြဇာ ၁၀-၂၀ တန်၊ ယူရီးယားနှစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်အသုံးပြုရမည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကျမ်းတုံးရိုက်၍ ပေါင်ဖော်စိုက်ပျိုးလေ့ရှိသည်။ မြေခံအဖြစ် ယူရီးယားတစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်ထည့်ပေးပြီး ကျန်ယူရီးယားတစ်အိတ်ကို ကြားပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်း ချိန်တွင် ထည့်ပေးရမည်။ ပေါင်အမြင့် ၈ လက်မ၊ အကျယ် ၃ ပေခန့်ထား၍ ပေါင်ဖော်ပြီး တစ်တန်းနှင့်တစ်တန်း ၄ လက်မခွာ၍ တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ စိုက်ပျိုးသည်။ စိုက်ပြီးပေါင်အမြင့်နှင့်အညီ ရေပေးသွင်းရသည်။ ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည် အထူးအရေးကြီးသည်။ လက်ဖြင့် ပေါင်းနှိမ်နင်းလေ့ရှိပြီး စိုက်ပြီး တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်နင်းပေးရမည်။ အပင်နှစ်လသားအထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရမည်။ မြေအလွန်ကျပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရမည်။ ကြက်သွန်ဖူးများကို အပတ်စဉ်ချိုးပေးရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက ၄‒၅ ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ ရေသွင်းချိန် ရှစ်ကြိမ်မှ ၁၀ ကြိမ်ထိလိုအပ်သည်။ အပင်နှစ်လသား အမြင့် ၁ ပေခွဲခန့်ရှိချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ ပိုးမွှားရောဂါကျရောက်ပါက သင့်လျော်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်သည်။ အပင်သက်တမ်းမှာ ၁၃၅‒၁၅၀ ရက် ရှိသည်။ ပင်စည်နှင့် အရွက် ၁၅‒၂၅ ရာခိုင်နှုန်းခန့် ဝါလာလျှင်သို့မဟုတ် ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍ သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါက အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍ နေနှစ်ရက်ခန့်လှန်းထားနိုင်သည်။ တစ်ဧကပိဿာချိန် ၁၅၀၀ မှ ၃၀၀၀ ထိ ထွက်နိုင်သည်။ ကြက်သွန်ဖြူဥများ နုတ်သိမ်းရာတွင် မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန် သတိပြုရမည်။
ကြက်သွန်ဖြူဈေးကွက်
ကြက်သွန်ဖြူဈေးနှုန်းများသည် ယေဘုယျအားဖြင့် ဇန်နဝါရီလမှ မေလအတွင်း ဈေးနှုန်းအမြင့်ဆုံးရရှိလေ့ရှိကြပြီး ဇွန်လမှ အောက်တိုဘာလအတွင်းတွင် ဈေးအနိမ့်ဆုံးရရှိလေ့ရှိကြသည်။ ရှမ်းကြက်သွန်ဖြူများသည် တရုတ်ကြက်သွန်ဖြူများထက် ဈေးနှုန်းပိုမိုမြင့်မားတတ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သည့်အတွက် လူကြိုက်များသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလေ့ရှိပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချမှုအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(မြေပြန့်)အဖြစ် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြပြီး တရုတ်ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(ကြူကုတ်)အဖြစ် ရောင်းချလေ့ရှိသည်။
မြန်မာနိုင်ငံသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဓိကဒေသဖြစ်သော ရှမ်းပြည်နယ်တွင် စိုက်ဧကသောင်းချီ၍နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ထွက်ရှိသော ပြည်တွင်းကြက်သွန်ဖြူမျိုးများဖြစ်သည့် ဗမာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူတို့သည် အနံ့အရသာပိုမိုကောင်းမွန်သည့်အတွက် ပြည်တွင်းဈေးကွက်အခိုင်အမာရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်၍ တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများကို ဈေးနှုန်းသက်သာစွာဝယ်ယူတင်သွင်းခဲ့သဖြင့်မြန်မာ့ကြက်သွန်ဖြူမျိုးများသည် ဈေးကွက်လွှမ်းမိုးမှုဒဏ်ကြုံတွေ့ခဲ့ရသည်။ အရွယ်အစားကြီးပြီး အခွံခွာရလွယ်ကူသဖြင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။
ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများသည် တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ခြင်းနှင့် ရှမ်းကြက်သွန်ဖြူများ၏ထုတ်လုပ်မှုအခြေအနေများအပေါ်မူတည်၍ပြောင်းလဲနိုင်သဖြင့် တရုတ်ကြက်သွန်ဖြူများ၏ အဓိကဝင်ရောက်သည့်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကို ထိန်းချုပ်ပေးခြင်းနှင့် ပြည်တွင်းကြက်သွန်ဖြူများ၏ဈေးကွက်ကို ချဲ့ထွင်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းဈေးကွက်ပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

နိုင်ငံတစ်နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်ဆိတ်မွေးမြူရေးသည် ဦးစားပေးရွေးချယ်သင့်သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဆိတ်သည် အခြားသော အသားစားကြက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွားမွေးမြူရေးထက် အစာကုန်ကျစရိတ် အသက်သာဆုံးဖြင့် မွေးမြူနိုင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင
နိုင်ငံတစ်နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်ဆိတ်မွေးမြူရေးသည် ဦးစားပေးရွေးချယ်သင့်သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဆိတ်သည် အခြားသော အသားစားကြက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွားမွေးမြူရေးထက် အစာကုန်ကျစရိတ် အသက်သာဆုံးဖြင့် မွေးမြူနိုင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ဆိတ်သည် အခြားသော တိရစ္ဆာန်များထက် ရာသီဥတုအကြမ်းဒဏ်ကိုခံနိုင်သည့်အပြင် အချိန်တိုကာလအတွင်း ကောင်ရေတိုးပွားမှု လျင်မြန်စေသောကြောင့်လည်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းတွင် လူဦးရေ ၅၁ သန်းကျော်ခန့်ရှိသည့်အနက် ဆိတ်မွေးမြူထားရှိမှုသည် ၂ ဒသမ ၂ မီလီယံခန့် မွေးမြူထားရှိသည်။ ဆိတ်မွေးမြူရာတွင် ဒေသနှင့်ကိုက်ညီပြီး အသားအထွက်နှုန်းကောင်းသော ဆိတ်မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူရန် လိုအပ်သည်။ မျိုးရွေးချယ်ရာတွင် ကြီးထွားနှုန်းကောင်းခြင်း၊ သားပေါက်နှုန်းကောင်းပြီး မွေးမြူမည့်နေရာဒေသ၏ ရာသီဥတုနှင့် အကိုက်ညီဆုံးသော ဆိတ်မျိုးကို ဦးစားပေးရွေးချယ်ရပါမည်။ မြန်မာနိုင်ငံအတွင်းတွင် ယခုလက်ရှိ မွေးမြူလျက်ရှိသော ဆိတ်မျိုးများမှာ ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီနှင့် ဘိုဝါဆိတ်မျိုးတို့ဖြစ်သည်။
ထိန်စမ်းဆိတ်မျိုးသည် ခန္ဓာကိုယ်ထွားကြိုင်းပြီး ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းဖြူ၊ ခန္ဓာကိုယ်အဖြူပေါ် တွင် အနက်ကွက်များရှိကာ မုတ်ဆိတ်နှင့်နားရွက်ရှည်ပြီး တွဲလောင်းကျသောနားရွက်များ ပိုင်ဆိုင်ထားသော ဆိတ်မျိုးဖြစ်သည်။ အထီး၏ ကိုယ်အလေးချိန်မှာ ၅၀ ကီလိုနှင့် အမမှာ ၂၉ ကီလိုခန့်ရှိသည်။
ဂျိတ်နီဆိတ်မျိုးသည် အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ရောင်ရှိသည်။ နားရွက်သည် အလယ်အလတ်ရှည်ကာ အထီးသည် ၄၅ ကီလိုရှိပြီး အမမှာ ၄၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့် ဂျိတ်နီဆိတ်မျိုးများကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ တံတားဦးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် မွေးမြူလေ့ရှိကြသည်။ဝေသာလီဆိတ်မျိုးသည် အလုံးအထည်သွယ်ပြီး အမွေးအရောင်မှာ အညိုအနက်ဘက်နွှယ်သည်။ အထီးသည် ၃၈ ကီလိုရှိပြီး အမသည် ၃၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့် ဝေသာလီဆိတ်မျိုးများကို မကွေးမြို့၊ ပခုက္ကူမြို့၊ ပေါက်မြို့နှင့် မြိုင်မြို့တို့တွင် မွေးမြူလေ့ရှိကြသည်။
ဘိုဝါဆိတ်မျိုးသည် မူလဒေသ တောင်အာဖရိကမှ ဆင်းသက်လာသော နိုင်ငံခြားဆိတ်မျိုးများဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖြူရောင်ရှိကာ လည်ပင်းနှင့်ဦးခေါင်းမှာ အညိုရောင်ရှိသော ဆိတ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန်အားဖြင့် အထီးသည် ၃၅-၄၅ ကီလိုခန့်ရှိပြီး အမမှာ ကိုယ်အလေးချိန် ၂၅-၃၅ ကီလိုအတွင်းရှိသည်။ ယခုလက်ရှိမွေးမြူထားသော ဘိုဝါဆိတ်မျိုးမှာ မြန်မာနိုင်ငံ၏ရာသီဥတုနှင့် ကိုက်ညီမှုရှိအောင် ဒေသဆိတ်မျိုးများနှင့် သားစပ်ထားသော ဘိုဝါသွေး ၅၀ ရာခိုင်နှုန်းခန့်ရှိသည့် ဆိတ်မျိုးများဖြစ်သည်။
ဆိတ်မွေးမြူနိုင်သော နည်းစနစ် (၅)ခုရှိသည်-
ချည်၍မွေးခြင်း
လွှတ်ကျောင်းမွေးခြင်း
ခြံလှောင်မွေးမြူခြင်း
ကွင်းလွှတ်ခြံလှောင်မွေးမြူခြင်းနှင့်
နှစ်ရှည်သီးနှံများနှင့်တွဲ၍မွေးမြူခြင်း တို့ဖြစ်သည်။
ကျေးလက်ဒေသ၌ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများရရှိရန် ဆိတ်မွေးမြူရာတွင် များသောအားဖြင့် အရင်းအနှီးကုန်ကျစရိတ်အသက်သာဆုံးဖြစ်သော ချည်၍မွေးခြင်းနှင့် လွှတ်ကျောင်းမွေးမြူခြင်းနည်းစနစ်ကို အသုံးများကြသည်။ လွှတ်ကျောင်းမွေးမြူရာတွင် ဆိတ်ကျောင်းသားတစ်ဦးလျှင် ဆိတ်ကောင်ရေ ၃၅-၄၀ ကောင်ခန့် ထိန်းကျောင်းနိုင်သည်။ ဆိတ်အုပ်တစ်အုပ်တွင် ဆိတ်လိုက် အကြီးတစ်ကောင်နှင့် လက်အောက်လိုက်ပါ တစ်နှစ်သားခန့်တစ်ကောင် ထားရမည်။ ကျန်ဆိတ်ထီးများ ကို ၇-၈ လခန့်တွင် သင်းကွပ်ထားရမည်။ ဆိတ်မတမ်းများသည် ၇-၈ လတွင် အရွယ်ရောက်သော်လည်း အသက် ၈-၉ လတွင် သားတင်မှသာလျှင် မိခင်ရောကလေးပါ ဖွံ့ဖြိုးမှုတွင် ချို့တဲ့မှုမဖြစ်နိုင်တော့ပါ။ ဆိတ်မ၏ ကိုယ်ဝန်ဆောင်ရက်မှာ ၁၄၆-၁၅၁ ရက်ခန့်ရှိ၍ ဆိတ်မကြီးတစ်ကောင်လျှင် တစ်နှစ်အတွင်း နှစ်သားကျလေ့ရှိသည်။ ဆိတ်မတစ်ကောင် တစ်ကြိမ်သားပေါက်လျှင် နှစ်ကောင်မှ လေးကောင်အထိပေါက်နိုင်သည်။
ခြံလှောင်စနစ်ဖြင့်မွေးမြူရာတွင် မြေစိုက်ခြံဖြစ်ပါက မြေမာပြီးခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လေကောင်း လေသန့်ရရှိပြီး ကုန်းမြင့်သော ရေမဝပ်သည့်မြေနေရာမျိုးတွင် ရွေးချယ်ဆောက်လုပ်ရမည်။ ခေါင်အမြင့် ၁၀ ပေ၊ လက်ခံတိုင် ၇ ပေခန့် ထားရှိရမည်။ လွှတ်ကျောင်းခြင်းမရှိလျှင် ဆိတ်တစ်ကောင်အတွက် ပျမ်းမျှ ၁၄ စတုရန်းပေ နေရာအကျယ်အဝန်းလိုအပ်သည်။ အစာခွက်၊ ရေခွက်၊ နားနေရန်နှင့် မွေးဖွားအခန်းများ ထားရှိနိုင်ပါက ပိုကောင်းမည်။ ထို့ပြင် လေစိမ်းများမတိုက်စေရန် ဝါးထရံများ ကာထားပေးရပါမည်။ ဆိတ်သည် စိုစွတ်သောမိုးရာသီကို မကြိုက်တတ်သော တိရစ္ဆာန်များဖြစ်သောကြောင့် မိုးများသောဒေသများတွင် မြေစိုက်ခြံအစားကြမ်းခင်းစနစ်ဖြင့် မွေးမြူသင့်ပါသည်။
ဆိတ်ခြံအတွင်း ဆိတ်တစ်ကောင်အတွက် လိုအပ်သော အခန်းအကျယ်အဝန်းများမှာ -
• ဆိတ်ကလေးတစ်ကောင် - ၃ ဒသမ ၃ စတုရန်းပေ
• ဆိတ်မ(ဇီးမရှိ) - ၁၄ စတုရန်းပေ
• ဆိတ်မ(ဇီးရှိ) - ၁၈ စတုရန်းပေ
• ဆိတ်သိုး - ၂၈ စတုရန်းပေ လိုအပ်သည်။
အညစ်အကြေးနှင့် တံစက်မြိတ်ရေများ၊ မိုးရေများ အလွယ်တကူ စီးဆင်းနိုင်အောင် စီမံထားရမည်။
ထို့ပြင် ဆိတ်ခြံသန့်ရှင်းရေးလုပ်ပေးခြင်း၊ ယင်ကောင်နှင့် အခြားသောသန်ကောင်များရန်မှ ကင်းဝေးအောင်ဆောင်ထုံးဖြူးပေးခြင်းဖြင့်ရောဂါဖြစ်ပွားမှုကိုလည်းများစွာကာကွယ်ပေးနိုင်မည်။ သို့မှသာ ကျန်းမာဖြစ်ထွန်းပြီး ဝင်ငွေတိုးစေသော ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။
ဆိတ်များသည် ရေမဝပ်သောနေရာ၊ တောင်ကုန်း၊ တောင်စောင်းများတွင် မည်မျှပင်မတ်စောက်စေကာမူ တက်နိုင်ဆင်းနိုင်သော ခြေမြဲသည့်ခွာများရှိသည်။ ဆိတ်များကို လွှတ်ကျောင်းမွေးမြူထိန်းကျောင်းရာတွင် ပေါက်ဖတ်များ မကိုက်မိအောင် သတိထားရမည်။ ဆိတ်များသည် ဆူးမည်မျှပင်ရှိစေကာမူ တိုးဝင်စားသောက်နိုင်သော်လည်း ပေါက်ဖတ်ဟုခေါ်သောသစ်ပင်ချုံပုတ်များပေါ်တွင်နေသည့် အစိမ်းရောင်ရှိ ပိုးကောင်များအား ကြောက်တတ်သည်။ ပေါက်ဖတ်များကိုက်လျှင် ဆိတ်သည် သေတတ်သဖြင့် စီးပွားရေးအရ ဆုံးရှုံးမှုမဖြစ်အောင် အထူးသတိထားထိန်းကျောင်းသင့်သည်။
ဖြည့်စွက်စာအဖြစ် ကုလားပဲခွံ၊ ဝါကြိတ်ဖတ်၊ ဖွဲနု၊ ပဲပုပ်စေ့ဖတ်၊ မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ပဲအမျိုးမျိုးအဖတ် စသည်တို့ကို ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျမ်းမျှ အစာနု ၃၀/၅၀ ကျပ်သားခန့် ကျွေးနိုင်သည်။ ထို့ပြင် ဆိတ်ခြံတွင် ဆိတ်ကြီးများလျက်နိုင်စေရန်အတွက် ယူရီးယားသကာတုံးများကိုလည်း ချိတ်ဆွဲထားပေးရမည်။ အရေးကြီးဆုံးအချက်မှာ သောက်ရေထားပေးခြင်းပင်ဖြစ်သည်။
ရေသည် ခန္ဓာကိုယ်ကြီးထွားရန်နှင့်အစာကြေညက်မှုအတွက်မရှိမဖြစ်လိုအပ်သောကြောင့်သန့်ရှင်းပြီးကြည်လင်သော သောက်သုံးရေထားပေးရန် လိုအပ်ပေသည်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သော်လည်း ဆိတ်တစ်ကောင်အတွက် ပျမ်းမျှရေသောက်နှုန်းမှာ တစ်နေ့လျှင် ရေတစ်ဂါလန်ခန့်ရရှိနိုင်ရန် စီစဉ်ထားပေးရမည်။
ဆိတ်မွေးမြူရေးမှ အသား၊ သားရေရောင်းချမှုမှာ အလွန်ဈေးကောင်းပါသည်။ သက်ဆိုင်ရာဌာနများ၊ပုဂ္ဂလိကခြံများမှ ဆိတ်အရှင်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေလည်း များစွာရရှိလာမည်ဖြစ်သည်။ ထို့ပြင်ဆိတ်ချေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြန်လည်အသုံးချနိုင်သည့် အထူးအသုံးဝင်သောမြေဩဇာကောင်းတစ်ခုဖြစ်သဖြင့် ဆိတ်ချေးများရောင်းချခြင်းအားဖြင့် ဝင်ငွေတစ်ခုထပ်တိုးလာမည်ဖြစ်သည်။ ဆိတ်နို့တွင် ရေ ၈၆ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ အသားဓာတ် ၄ ဒသမ ၃ ရာခိုင်နှုန်း၊ သကြား ၄ ဒသမ ၁ရာခိုင်နှုန်း၊ သတ္တုဓာတ် သုည ဒသမ ၈၉ ရာခိုင်နှုန်း ပါဝင်ပါသည်။ ဆိတ်နို့သည် နွားနို့ထက် အမိုင်နိုအက်စစ်ဓာတ် ပြည့်ဝစွာပါဝင်ပြီး အဆီဥ သေးနုပ်စွာဖွဲ့စည်းပါဝင်မှုကြောင့် အစာကြေချက်မှု ပိုမိုလွယ်ကူစေသည်။ ဆိတ်နို့တွင် သတ္တုဓာတ်ဖြစ်သည့် ဆိုဒီယမ်သံဓာတ်၊ ကြေးနီဓာတ်ပါဝင်မှုသည် အခြားသောနို့များထက် ပိုများသည်။ ဗီတာမင်အေပါဝင်မှုမှာလည်းတခြားနို့များထက်ပိုများသည်။
ထို့ကြောင့် ဆိတ်နို့သည် အာဟာရပြည့်စုံပြီး အစာကြေညက်လွယ်သဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ နာလန်ထလူမမာများအတွက် အထူးသင့်လျော်သည်။ ဆိတ်မ၏နို့ပေးကာလသည် ၃-၁၂ လ အထိကြာမြင့်တတ်သဖြင့်ဆိတ်နို့ရောင်းချခြင်းအားဖြင့်လည်းဝင်ငွေတစ်ခုတိုးပွားလာမည်ဖြစ်သည်။
ဆိတ်မွေးမြူရေးလုပ်ငန်းကို“တစ်နိုင်တစ်ပိုင်မှသည်စီးပွားဖြစ်ဆီသို့” တိုးချဲ့မွေးမြူလာနိုင်ပါကဆိတ်များမှထွက်ရှိသော ဆိတ်သား၊ ဆိတ်သားခြောက်၊ဆိတ်သားရေ၊ ဆိတ်သားရေမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဖိနပ်၊ ဂျာကင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆိတ်နို့၊ ဆိတ်နို့မှသည် ဆိတ်နို့ရေချိုးဆပ်ပြာခရင်၊ လိုးရှင်းစသော အလှကုန်ပစ္စည်းများအပြင် ဆိတ်နို့ခဲစသည့် စားသောက်ကုန်ပစ္စည်းများ၊ဆိတ်ချေးမှသည် စိုက်ပျိုးရေးသုံးမြေဩဇာများအဖြစ် ထုတ်လုပ် ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားလာမည်ဖြစ်သည်။ ဒါ့အပြင် ပြည်တွင်းဆိတ်သားထုတ်လုပ်မှု ပိုလျှံလာပါက နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် အော်ဂဲနစ်ဆိတ်သားများအဖြစ် ပြည်ပတွင် ဈေးကွက်ကောင်းစွာရရှိလာမည်ဖြစ်သည်။
ဆိတ်သည် သဘာဝအလျောက် သစ်ပင်၊ သစ်ဖု၊ သစ်မြစ်များကိုကိုက်ဖြတ်စားသောက်တတ်သောအလေ့အကျင့်များရှိခြင်းကြောင့် အစာအတွက် ကုန်ကျရသောစရိတ်များနည်းပါးခြင်း၊ ဆိတ်ခြံမှာလည်း ဝက်ခြံ၊ ဥစားကြက်ခြံတို့ကဲ့သို့ ဆောက်လုပ်ရန်မလိုအပ်ဘဲ ဒေသတွင်းရှိ သစ်၊ ဝါးများဖြင့်သာ လွယ်လင့်တကူဆောက်လုပ်နိုင်ခြင်းကြောင့် ခြံအတွက်ကုန်ကျရသောစရိတ်များ သက်သာခြင်း၊ ဆိတ်များကိုလွှတ်ကျောင်းမွေးမြူရာတွင် ဆိတ်ကောင်ရေ ၄၀ အထိတွင် ဆိတ်ကျောင်းသားတစ်ယောက်နှုန်းဖြင့်သာ ထိန်းကျောင်း၍ရသောကြောင့် လုပ်သားစရိတ်သက်သာခြင်း၊ ဆိတ်သည် အကြမ်းဒဏ်ခံနိုင်သောတိရစ္ဆာန်ဖြစ်သောကြောင့် ကျန်းမာရေးအတွက် ဆေးကုသရသော ကုန်ကျစရိတ်သက်သာခြင်း၊ ဆိတ်သည် တစ်နှစ်အတွင်းတွင် နှစ်သားတင်ပြီး တစ်သားလျှင် ၂-၄ အထိ သားပေါက်နိုင်သောကြောင့် အချိန်တိုအတွင်း စီးပွားရေးတွက်ခြေကိုက်စေသော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်း စသောအချက်များကြောင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်ဆောင်ရွက်ကြရန် အားပေးတိုက်တွန်းအပ်ပါသည်။ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ဆိတ်မွေးမြူရေးမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်လာနိုင်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်လာကာ လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးကို မိသားစုတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ် စနစ်တကျမွေးမြူခြင်းဖြင့်သော်လည်းကောင်း အင်တိုက်အားတိုက်မွေးမြူကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။