ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ယာယီဖြေလျှော့မှုအပေါ် ရှုမြင်ခြင်း ဆောင်းပါးရှင် - Philip Luck
-

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ထရမ့်အစိုးရအဖွဲ့က အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်လျှော့ချမှုများပြုလုပ်ရန် ကြေညာခဲ့သည်။ ၎င်းတွင် အမေရိကန်က အကောက်ခွန်နှုန်းထားများကို ၁၄၅% မှ ၃၀% အထိ လျှော့ချခြင်း (ကဏ္ဍ အလိုက်နှင့် Section 301 အကောက်ခွန်များအပါအဝင်) နှင့် တရုတ်နိုင်ငံက အမေရိကန်ကုန်ပစ္စည်းများအတွက် ၁၂၅% မှ ၁၀% အထိ လျှော့ချခြင်း တို့သာမက ထရမ့်က “လွတ်မြောက်ရေးနေ့” ဟု ကြေညာအပြီး တရုတ်နိုင်ငံက ချမှတ်ထားသော အရေးကြီးသတ္တုတင်ပို့မှု ကန့်သတ်ချက်များကိုပါ ဖြေလျှော့ပေးခြင်းတို့ ပါဝင်သည်။

အသေးစိတ်ကိစ္စများစွာ မဖြေရှင်းရသေးသော်လည်း ဤအကောက်ခွန်လျှော့ချမှုသည် ငွေကြေးဖောင်းပွမှုကို သက်သာစေရန်နှင့် စီးပွားရေးအလားအလာများကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည့် ကြိုဆိုဖွယ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် မြင့်မားနေဆဲကုန်ကျစရိတ်များ၊ ပျက်ယွင်းနေသော ထောက်ပံ့ရေးကွင်းဆက်များ၊ မြင့်တက်လာသည့် မရေရာမှုများနှင့် မဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ယုံကြည်စိတ်ချရမှု ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော အကျိုးဆက်များကို ဤအစီအမံက ပြန်လည်ကုစားနိုင်မှုမရှိသေးပါ။ ယာယီဖြေရှင်းချက်များ၊ ဗျူဟာလွဲချော်မှုများနှင့် အဆက်မပြတ်မတည်ငြိမ်မှုများဖြင့် အရောင်းအဝယ်မူဝါဒအပေါ် ဆက်လက် မှီခိုနေရခြင်းသည် ရေရှည်စီးပွားရေးခံနိုင်ရည်နှင့် အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍတို့အပေါ် ဆက်လက်ထိခိုက်စေပြီး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကုန်ကျစရိတ် များစွာ ဆက်လက်ဖြစ်ပေါ်နေစေသည်။

ဦးတည်ချက်မှန်ကန်သည့် ခြေလှမ်းတစ်ရပ်…..

ပထမဆုံးအချက်မှာ ယနေ့အကောက်ခွန်နှုန်းထားများသည် မနေ့ကထက် လျော့နည်းနေပြီး ဤအချက်မှာ ငြင်းဆန်၍မရသော အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ရေလတ်ကာလတွင် ဤလျှော့ချမှုသည် အမေရိကန်၏ ငွေကြေးဖောင်းပွမှုဖိအားကို သက်သာ စေရန်၊ စီးပွားရေးကျဆင်းမှုမဖြစ်အောင်တားဆီးနိုင်ခြေမြှင့်တင်ရန်နှင့် တရုတ်နှင့် နည်းဗျူဟာ ကျကျယှဉ်ပြိုင်နိုင်ရန်အတွက် လိုအပ်သောမတည်ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့်ရန် အထောက်အကူ ဖြစ်စေမည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်းရှိခဲ့သည့်အခြေအနေနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ အမှန်တကယ်တိုးတက်မှုတစ်ရပ်ဟုဆိုရမည်။

….သို့သော် ထိခိုက်မှုများ ရှိနှင့်ပြီ

အကောက်ခွန်နှုန်းလျှော့ချမှုကို ကြိုဆိုသော်လည်း တစ်လကျော်ကြာ အကောက်ခွန်ဒဏ် သင့်ခဲ့ရသည်။ တင်သွင်းကုန်များအပေါ်မှီခိုနေရသည့် အမေရိကန်လုပ်ငန်းစုများသည် ဤမြင့်မားသောကုန်ကျစရိတ်များကို ခံစားရခြင်း (သို့မဟုတ်) ဝယ်ယူမှုနှောင့်နှေးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေသည် လုပ်ငန်းစုများနှင့် စားသုံးသူများအတွက် ချက်ချင်းအထိနာစေခဲ့ပြီး အနာဂတ် ကာလတွင် ဈေးနှုန်းမြင့်မားမှုများနှင့် ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်နိုင်ခြေအတွက် အခြေခံဖြစ်စေ ခဲ့ကာရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် ထုတ်လုပ်မှုကျဆင်းမှုများကို ဦးတည်စေခဲ့သည်။ လတ်တလောသုတေသနများက ဤအချက်ကိုထောက်ခံထားပြီး အထူးသဖြင့် “လွတ်မြောက်ရေးနေ့”တွင်ပြဋ္ဌာန်းခဲ့သည့် အမေရိကန်အကောက်ခွန်များသည် ၂၀၂၈ ခုနှစ်မတိုင်မီ တစ်နှစ်လျှင် အမေရိကန်၏ အမှန်ဝင်ငွေကို ဒေါ်လာ ၃၀၀ ဘီလီယံအထိ လျော့ကျစေမည်ဟု ခန့်မှန်းထားသည်။

မြင့်မားနေဆဲ အကောက်ခွန်နှုန်းထား

ယာယီလျှော့ချမှုအပြီးတွင်ပင် အမေရိကန်အကောက်ခွန်နှုန်းထားများသည် လူမှုဖူလုံရေး အမြင့်ဆုံးအဆင့်ထက် သိသိသာသာမြင့်မားနေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်အများစုက သုံးသပ်ကြသည်။ အမျိုးသားစီးပွားရေးသုတေသနဌာန (NBER) မှ လတ်တလောထုတ်ဝေသည့် အစီရင်ခံစာတွင် အကောင်းဆုံးအကောက်ခွန်ပုံစံသည် ယခုထက် နည်းပါးသောနှုန်းထားနှင့် အလယ်အလတ်တန်းကုန်ပစ္စည်းများနှင့်ဝေးရာသို့ ပြန်လည်သတ်မှတ်ခြင်းတို့ ပါဝင်သင့်ကြောင်း တိုက်တွန်းထားသည်။ ထိုသို့သောပုံစံသည် ပြည်တွင်းထုတ်လုပ်သူများ၏ ကုန်ကျစရိတ်ကိုလျှော့ချ ပေးနိုင်ခြင်း၊ အမေရိကန်ထုတ်ကုန်များ၏ ကမ္ဘာ့စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်မှုစွမ်းရည်နှင့် ဝင်ငွေတိုးတက်စေခြင်း စသည့် အလားအလာကောင်းများစွာ ရရှိစေမည်။ လက်ရှိအကောက်ခွန်ပုံစံရှိ ဤထိရောက်မှုမရှိသော အချက်တစ်ခုတည်းကိုပင်ပြုပြင်ပါက ဝင်ငွေများ သိသာစွာတိုးမြင့်လာစေနိုင်ကြောင်း အထောက်အထားများက ဖော်ပြနေသည်။

လက်ရှိအခြေအနေအရ ထရမ့်လက်ထက် အကောက်ခွန်၏ ၆၀% နီးပါးသည် ဗျူဟာမြောက်ပြိုင်ဘက်များ၏ ကုန်ချောပစ္စည်းများထက် အမေရိကန်လုပ်ငန်းစုများတွင် အသုံးပြုသော ကုန်ကြမ်းများကိုဦးတည်နေသည်။ ဤအခြေအနေသည် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေပြီး ဗျူဟာမြောက်အကျိုးကျေးဇူးမှာမူ အနည်းငယ်သာရှိသည်။ အကောက်ခွန်နှုန်းလျှော့ချပြီး နောက်ပိုင်းတွင်ပင် အများအပြား ဆက်လက်ထိခိုက်နေဆဲဖြစ်သည်။

စီးပွားရေးအပေါ် မရေရာမှုဒဏ် သက်ရောက်မှု

အရေးကြီးသည်မှာ ယခုအကောက်ခွန်နှုန်းလျှော့ချမှုသည် အမြဲတမ်းအတွက်မဟုတ်ပါ။ ကုန်သွယ်ရေးအဟန့်အတားများကို လျှော့ချရန်အတွက် “ဘုံအကျိုးစီးပွား”အကြောင်း ထုတ်ပြန်ချက်များရှိသော်လည်း နှစ်ဖက်စလုံးသည် ရက် ၉၀ တိုးမြှင့်ရန် သဘောတူညီမှုသာရရှိခဲ့သည်။ လုပ်ငန်းစုများသည် ကုန်ကြမ်းရေရှည်ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစီအမံများ ချမှတ်ရန် ကြိုးစားနေစဉ် မရေရာသည့်အခြေအနေတွင် ဆိုင်းငံ့နေရဆဲဖြစ်သည်။ ဤ “ရပ်လိုက်-ပြန်စလိုက်” ချဉ်းကပ်မှုသည် မတည်ငြိမ်မှုနှင့် မရေရာမှုများကို ဆက်လက်ဖြစ်ပေါ်စေကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် ဝန်ထုပ်ဝန်ပိုးသဖွယ် သက်ရောက်နေသည်။ အကောက်ခွန်မူဝါဒ၏ မတည်ငြိမ်သော အပြောင်းအလဲများအပေါ် ရင်းနှီးမြှုပ်နှံမှု၏အခြေခံအကျိုးအမြတ်များ မူတည်နေပါက လုပ်ငန်းစု များသည် အမေရိကန် သို့မဟုတ် တရုတ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံရန် ယခင်ကထက် စိတ်အား ထက်သန်မှု နည်းပါးလာမည်ဖြစ်သည်။

ဤအလွန်ရှင်းလင်းသောအချက်ကို Handley နှင့် Limão (၂၀၁၇) အပါအဝင် ပညာရပ် ဆိုင်ရာလေ့လာချက်များက အတည်ပြုထားသည်။ ၎င်းတို့၏သုတေသနအရ ကုန်သွယ်ရေးမူဝါဒ မတည်ငြိမ်မှုသည် အကောက်ခွန်နှုန်းထားများကဲ့သို့ပင် ရင်းနှီးမြှုပ်နှံမှုကိုဆိုးရွားစွာထိခိုက်စေ နိုင်သည်။ အထူးသဖြင့် မော်တော်ယာဉ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းကဲ့သို့သော အရင်းအနှီးများပြားသည့် စက်မှုကဏ္ဍများတွင် မတည်ငြိမ်မှုသည် စီမံကိန်းရေးဆွဲခြင်း အတွက် အပိုအခွန်သဖွယ် သက်ရောက်မှုရှိသည်။

ယုံကြည်အားထားရမှု ယုတ်လျော့လာခြင်းသည် အန္တရာယ်ရှိသည်

အစိုးရအဖွဲ့က ကုန်သွယ်ရေးလက်တုံ့ပြန်မှုများနောက်တွင် အကျိုးဆက်များရှိလာမည်ဟု သတိပေးခဲ့သည်။ သို့သော် တရုတ်၏ တန်ပြန်မှုနောက်ပိုင်းတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည့် အကောက်ခွန်နှုန်းထက် ပိုမိုနိမ့်ကျသောနှုန်းဖြင့် ပေါ်ထွက်လာသည်။ ဤဖြစ်စဉ်သည် အစိုးရအဖွဲ့၏ သဘောထားဖြစ်သည့် “ကုန်သွယ်ရေးအငြင်းပွားမှုများတွင် အဆင့်မြှင့် တုံ့ပြန်မှုဖြင့် အမြဲနိုင်ရမည်” ဆိုသည့် ချဉ်းကပ်မှုကို အားနည်းစေခဲ့သည်။ ယခုအခါ ထိုအချက်သည် မှားယွင်းကြောင်း ထင်ရှားခဲ့ပြီး အမေရိကန်၏ ယုံကြည်အားထားရမှုသည်လည်း ပိုမိုအားနည်းလာ ခဲ့သည်။

အစိုးရအဖွဲ့၏ရည်မှန်းချက်များကို ထိခိုက်စေပြီး သာမန်အမေရိကန်ပြည်သူများအတွက် အန္တရာယ်ရှိစေသည့် စံမမှီ၊ လက်တွေ့အကောင်အထည်မဖော်နိုင်သော ခြိမ်းခြောက်မှုအခြေခံ ကုန်သွယ်ရေးမူဝါဒသည် အကျိုးမရှိရုံသာမက ပြောင်းပြန်အကျိုးဆက်ကိုပါ ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ အစိုးရအဖွဲ့သည် နောက်ဆက်တွဲအကျိုးဆက်များကို ပဓာနမထားဘဲ ခြိမ်းခြောက်မှု တစ်ရပ်ကိုလိုက်နာခြင်းဖြင့် မိမိတို့၏ယုံကြည်အားထားရမှုကို ပြန်လည်ရယူရန်လိုအပ်သည်ဟု ခံစားမိပါက မည်သို့ဖြစ်လာနိုင်သနည်း။

ပြိုင်ဘက်များကို အခွင့်အရေးပေး၍ မိတ်ဘက်များနှင့် ကင်းကွာလာ

ယုံကြည်အားထားရမှုနောက်တွင် အစိုးရအဖွဲ့သည် ကာလရှည်မိတ်ဘက်များ၏ ယုံကြည်မှုများကိုပါ ကုန်ခမ်းစေခဲ့သည်။ ဗြိတိန်နှင့်သဘောတူညီမှုအရ အမေရိကန်သုံးစွဲသူများအတွက် Land Rover နှင့် Jaguar ကားများ၏စျေးနှုန်းကို လျှော့ချပေးခဲ့သော်လည်း များပြားသောအလုပ်သမား လူတန်းစားအတွက် အထောက်အကူဖြစ်စရာသည် မရှိသလောက်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားမိတ်ဘက်နိုင်ငံများက “ငါတို့နှင့်ဆက်ဆံ၊ မဟုတ်လျှင်ဒုက္ခခံ” ဆိုသည့် စီးပွားရေး ဖိအားပေးမှုနည်းလမ်းကို ပိုမိုမြင်တွေ့လာရသည်နှင့်အမျှ စိတ်ပျက်လာကြသည်။

ဤချဉ်းကပ်မှုသည် အမေရိကန်၏ဂုဏ်သတင်းကို ထိခိုက်စေပြီး ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ယုတ်လျော့စေသည်။ Freund, Mattoo, Mulabdic နှင့် Ruta (၂၀၂၃) ၏ လေ့လာမှုအရ အမေရိကန်နှင့်တရုတ်တို့အနေဖြင့် ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးပြုလာသည်နှင့်အမျှ တတိယနိုင်ငံများက ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းများ စတင်ကျင့်သုံးလာကြသည်။ ၂၀၁၈ နောက်ပိုင်း ကုန်သွယ်ရေးစီးဆင်းမှုများကို ၎င်းတို့၏ဆန်းစစ်ချက်အရ “မူဝါဒဆိုင်ရာ ကွဲပြားမှုများ” တိုးပွားလာသည်ကိုတွေ့ရပြီး ထောက်ပံ့ရေးကွင်းဆက်များကို စွမ်းဆောင်ရည်ထက် ယုံကြည်စိတ်ချရမှုအပေါ်အခြေခံ၍ ပြောင်းလဲလာကြသည်။

၂၀၁၈ ခုနှစ်မှစ၍ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်ပါဝင်မှု မရှိသည့် ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်များကို တိုးချဲ့လာကြသည်။ အမေရိကန်သည် မိမိ၏မိတ်ဘက်များကို ပြိုင်ဘက်များထက် ပိုမိုကြမ်းတမ်းစွာ ဆက်လက်ဆက်ဆံနေပါက ဤအလားအလာသည် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာမည်သာဖြစ်သည်။

အမှန်တရားနှစ်ခု တစ်ပြိုင်တည်း

အစိုးရအဖွဲ့၏ အခြားသောကပြောင်းကပြန်ဆောင်ရွက်မှုများကဲ့သို့ပင် ယခုအကောက်ခွန်နှုန်း လျှော့ချခြင်းသည် အမှန်တရားနှစ်ခုကို တစ်ပြိုင်တည်းလက်ခံရန် လိုအပ်ပါသည်။ ပထမအချက်မှာ ယင်းသည် ပျက်စီးစေသောမူဝါဒအတွက် လိုအပ်ပြီး နောက်ကျနေသည့် ပြုပြင်မှုတစ်ခုဖြစ်သည်။ ဒုတိယအချက်မှာ ဤကပြောင်းကပြန်ဆောင်ရွက်မှုများ၏ အကျိုးဆက်များအနေဖြင့် ပိုမိုမြင့်မား သောငွေကြေးဖောင်းပွမှု၊ အားနည်းသောရင်းနှီးမြှုပ်နှံမှုနှင့် တင်းမာလာသော မိတ်ဘက်ဆက်ဆံရေး တို့သည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

တဖြည်းဖြည်းပေါ်ထွက်လာသော အထောက်အထားများက ပုံစံတူဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြနေသည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်သော အကောက်ခွန်နှုန်းမြှင့်တင်မှုများသည် ရေတိုရည်မှန်းချက်များအတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း ၎င်းတို့သည် ရေရှည်စီးပွားရေး ခံနိုင်ရည်ကို အားနည်းစေပြီး အဖွဲ့အစည်းများကို ထိခိုက်စေကာ အမေရိကန်၏ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍကို ယုတ်လျော့စေသည်။ မတည်ငြိမ်မှု၏တန်ဖိုးသည် မြင့်မားပြီး ဆက်လက်တိုးမြင့် နေဆဲဖြစ်သည်။

စားသုံးသူကို ထည့်သွင်းစဉ်းစားပါ

မျှော်လင့်ရသည်မှာ ဤအကောက်ခွန်လျှော့ချမှုသည် အစိုးရအဖွဲ့အနေဖြင့် အမေရိကန် စားသုံးသူများ၏အရေးပါမှုကို ပြန်လည်သတိရလာနိုင်ခြေရှိသည်ဆိုသည့် အရေးကြီးသောအချက်ကို ညွှန်ပြနေပါသည်။ ဧပြီ ၂ ရက်နေ့မှစ၍ အမေရိကန်ပြည်သူများကို ကုန်ထုတ်လုပ်သူများအဖြစ်သာ တစ်ဖက်သတ်ဖော်ပြသည့် စိုးရိမ်ဖွယ်ရာကြေညာချက်များ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။ ထိုသို့ဆိုလျှင် ဤကုန်ပစ္စည်းများကို မည်သူစားသုံးနိုင်မည်ကို စိုးရိမ်စရာမလိုဟု ဆိုလိုနေပါသည်။

ဤသတင်းစကားသည် အစိုးရအဖွဲ့ဝင်များ ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိပေးခဲ့သည့် အာမခံချက်များနှင့် ကိုက်ညီမှုမရှိပါ။ သို့သော် ဤမူဝါဒပြောင်းလဲမှုသည် အခြေခံသဘောတရား တစ်ရပ်ကို ပြန်လည်အတည်ပြုရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အစိုးရ၏တာဝန်မှာ ပြည်သူများ၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးရန်ဖြစ်သည်။ ဆိုလိုသည်မှာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ပြီး နိမ့်ကျစေရန် မဟုတ်ပါ။

ထို့ကြောင့် အနည်းငယ်မျှော်လင့်ချက်ရှိသည့်အချက်ဖြင့် အဆုံးသတ်ရပါလျှင် ကုန်သွယ်ရေး ပဋိပက္ခများ ယခုခေတ္တရပ်နားထားသည့်အချိန်တွင် အစိုးရအဖွဲ့သည် နဂိုမူလအလုပ်အကိုင်များ ပြန်လည်ရရှိရေးအတွက် အမေရိကန်စားသုံးသူများကို ဒုက္ခပေးသည့်နည်းလမ်းမှာ အကောင်းဆုံး ရွေးချယ်မှုမဟုတ်ကြောင်း ပိုမိုလက်ခံလာဟန်ရှိပါသည်။ ဤသည်မှာ ကောင်းမွန်သောအချက်တစ်ခုပင် ဖြစ်ပေသည်။

Center for Strategic and International Studies (CSIS) တွင် စာရေးသူ Philip Luck ရေးသား ထားသည့် “Understanding the Temporary De-Escalation of the US-China Trade War” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထား ပါသည်။

Philip Luck

မိသားစုအပိုဝင်ငွေတိုးစေဖို့ ခရမ်းစိုက်ပျိုးကြပါစို့
-

ခရမ်းပင်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင်ပါဝင်သည်။ဟင်းသီးဟင်းရွက်ကို လူတို့နေ့စဉ်စားသုံး နေကြရသည်။ ထို့ကြောင့်ဟင်းသီးဟင်းရွက်သည်လူတို့၏နေ့စဉ်သုံးအစားအစာများဖြစ်သည်။ မြန်မာနိုင်ငံတွင်ဟင်းသီးဟင်းရွက်သည် မြို့ပြနှင့်ကျေးလက်ပါမကျန် နှစ်သက်စွာစားသုံးနေကြသည်။ ဟင်းသီးဟင်းရွက်များကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသည်။ထိုဟင်းသီးဟင်းရွက်များတွင် ခရမ်းသီး လည်းပါဝင်သည်။ ခရမ်းသီးသည် အာဟာရဓာတ်အမျိုးမျိုးပါဝင်သည့်အပြင် ဆေးဖက်လည်းဝင်သည်။ မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသောအသီးဟင်းလျာ တစ်မျိုးလည်းဖြစ်သည်။ ခရမ်းသီးကို နှပ်စားကြသည်။ အခြားသီးနှံများဖြင့်လည်း ရောနှောစားကြသည်။ခရမ်းသီးကိုပ

ခရမ်းပင်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင်ပါဝင်သည်။ဟင်းသီးဟင်းရွက်ကို လူတို့နေ့စဉ်စားသုံး နေကြရသည်။ ထို့ကြောင့်ဟင်းသီးဟင်းရွက်သည်လူတို့၏နေ့စဉ်သုံးအစားအစာများဖြစ်သည်။ မြန်မာနိုင်ငံတွင်ဟင်းသီးဟင်းရွက်သည် မြို့ပြနှင့်ကျေးလက်ပါမကျန် နှစ်သက်စွာစားသုံးနေကြသည်။ ဟင်းသီးဟင်းရွက်များကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသည်။ထိုဟင်းသီးဟင်းရွက်များတွင် ခရမ်းသီး လည်းပါဝင်သည်။ ခရမ်းသီးသည် အာဟာရဓာတ်အမျိုးမျိုးပါဝင်သည့်အပြင် ဆေးဖက်လည်းဝင်သည်။ မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသောအသီးဟင်းလျာ တစ်မျိုးလည်းဖြစ်သည်။ ခရမ်းသီးကို နှပ်စားကြသည်။ အခြားသီးနှံများဖြင့်လည်း ရောနှောစားကြသည်။ခရမ်းသီးကိုပါးပါးလှီးပြီး အသားတစ် မျိုးမျိုးညှပ်ကာကြော်စားလေ့လည်းရှိကြသည်။ ပြုတ်ပြီးတို့စားလေ့လည်းရှိသည်။ ခရမ်းသီးကို အများအားဖြင့် ကျေးလက်ဒေသများတွင် မိသားစုအပိုဝင်ငွေရရှိအောင်တစ်နိုင်စိုက်ပျိုးကြသလို တချို့ ဒေသများတွင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။

မူရင်းဒေသနှင့်ခရမ်းမျိုးများ

ခရမ်းပင်၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်သည်။မြန်မာအမည်တွင်ခရမ်းသီးဖြစ်ပြီး အင်္ဂလိပ်အမည်တွင် Egg Plant (or) Brinjal ဖြစ်သည်။ ရုက္ခဗေဒအမည်မှာSolanum Melongena ဖြစ်ပြီး မျိုးရင်းအမည်တွင် Solanaceae ဖြစ်သည်။ မြန်မာနိုင်ငံတွင်ခရမ်းအမျိုးအစားသုံးမျိုးရှိသည်။ ယင်းမှာပင်ထောင် (Upright)မျိုး၊ ပင်ပြန့်(Spread Type)မျိုးနှင့် တစ်ဝက်ပြန့်(Semi-Spread)မျိုးတို့ဖြစ်သည်။ ပင်ပြန့်မျိုး သည် သက်လျင်မျိုးများဖြစ်ပြီး ပင်ထောင်မျိုးများသည် သက်ကြီးမျိုးများဖြစ်သည်။ မြန်မာနိုင်ငံတွင်  ခရမ်းသီးကို အမျိုးအစားအားဖြင့် ခရမ်းရောင်ရှိသောခရမ်းရှည်သီး၊ အဖြူရောင်ရှိသော ဆင်စွယ်ခရမ်း၊ အဖြူရောင်နှင့်ခရမ်းရောင်ရှိသော ခရမ်းကြွပ်သီး၊ ခရမ်းခါး၊  ခရမ်းကစော့သီး၊ ခရမ်းခေါင်းသီး၊ အစုလိုက်အပြုံလိုက်သီးသည့် ခရမ်းပဒေသာသီးနှင့် ထောပတ်ခရမ်းဟူ၍အမျိုးမျိုးရှိသည်။ ဒေသ အလိုက်ခေါ်ဝေါ်သည့်အခေါ်အဝေါ်များလည်းရှိနိုင်သေးသည်။ အများအားဖြင့်ခရမ်းကိုအရှည်မျိုးနှင့်  အဝိုင်းမျိုးသာ  အကြမ်းအားဖြင့်သတ်မှတ်ထားသည်။ အရှည်မျိုးမှာ အလုံးသေးမျိုးနှင့်အလုံးကြီး မျိုး ဟူ၍လည်းကောင်း၊ အဝိုင်းမျိုးမှာလည်း အဝိုင်းအလုံးကြီးမျိုးနှင့် အဝိုင်းအလုံးသေးမျိုးဟူ၍ လည်းကောင်း ခွဲထားသည်။ အရောင်အားဖြင့်မူ ခရမ်းရောင်၊ အဖြူရောင်နှင့် အစိမ်းရောင်တို့ရှိကြသည်။

ခရမ်းစိုက်ပျိုးသင့်သည့်မြေနှင့်စိုက်နည်းစနစ်

ခရမ်းစိုက်ပျိုးသင့်သည့်မြေနှင့်စိုက်နည်းစနစ်ခရမ်းပင်စိုက်ပျိုးမည်ဆိုလျှင်  စိုက်ပျိုးသူများအနေဖြင့် သိထားသင့်သည့် စိုက်ပျိုးရေးနည်းစနစ်များကိုတင်ပြလိုသည်။ ခရမ်းပင်ကို မြန်မာနိုင်ငံ တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ခရမ်းပင်သည် ရေသွင်း ရေထုတ်လွယ်ကူပြီး မြေဆီသြဇာကြွယ်ဝသော သဲနုန်းမြေကိုကြိုက်နှစ်သက်သည်။ အာဟာရဓာတ်ကို အလွန်နှစ်သက်သောအပင်မျိုးဖြစ်သဖြင့်  အထူးသဖြင့်မြေသြဇာကောင်းသော  မြေမျိုးဖြစ်ရန်လိုသည်။ မြေချဉ်ငန်ကိန်းတွင်၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်းဖြစ်ရမည်။ ခရမ်းပင်ကြိုက်နှစ်သက်သော ရာသီဥတုတွင်အပူချိန်အားဖြင့် ၁၃ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်သည် အကောင်းဆုံး ဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးလိုသူများအနေဖြင့် တစ်ဧကလျှင်မျိုးစေ့ ၃၀ ကျပ်သားနှုန်းစိုက်ပျိုးရသည်။  ခရမ်းကို မစိုက်ပျိုးခင် မြေပြင်ဖို့လိုသည်။  မြေပြင်ရာတွင် ထယ်သုံးစပ်မှလေးစပ်ထိုး၍ ထွန်ရေးညက်အောင် ထွန်ပေးရသည်။ ခရမ်းပင်ကိုပျိုးထောင်စိုက်ပျိုးသည်ကများသည်။ စာရေးသူတို့ဒေသမှာလည်း ပျိုးထောင်စိုက်ပျိုးကြသည်။  ပျိုးထောင်ရာတွင်  မြေဆွေး၊နွားချေးဆွေး၊ သစ်ရွက်ဆွေးတို့ဖြင့်  ၃ ပေအကျယ်၊အရှည်ပေ ၃၀ ပျိုးပေါင်ပြုလုပ်ကာ  မျိုးစေ့များကို တစ်တန်းနှင့်တစ်တန်း  ၄  ပေခန့်ခြားကာ  အစေ့ချပျိုးထောင်ရသည်။ ပြီးလျှင် ကောက်ရိုးပါးပါးအုပ်ပေးပြီး ရေပန်းကရားဖြင့်ရေပါးပါး လောင်းပေး ရသည်။

ကောက်ရိုးအုပ်ပေးခြင်းသည် အစိုဓာတ်ရရှိစေရန်နှင့်အစိုဓာတ်ကိုထိန်းပေးနိုင်စေရန်ဖြစ်သည်။ အပင် ပေါက်လာပါက   မဖွံ့ထွားသောအပင်  သို့မဟုတ်လှီသောအပင်များကိုနုတ်ပေးရသည်။ ပျိုးထောင်ပြီး အပင်ပေါက်ကာ ပျိုးပင်အရွက်ငါးရွက်ခန့်ရရှိလာလျှင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ပင်ကြား၂ ပေ၊ တန်းကြား ၃ ပေ သို့မဟုတ် ၄ ပေခြား စိုက်ပျိုးနိုင်သည်။   ကျင်းတူး၍စိုက်ပျိုးလေ့ရှိသည်။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် သတိပြုရမည့်အချက်တွင်  ပျိုးပင်များကို  နုတ်ယူရာတွင် ညနေခင်းမှနုတ်ယူရမည်။ နုတ်ယူပြီးပျိုးပင်များကို မြေချစိုက်ပျိုးရာတွင် အမြစ်ဖြောင့် တန်းအောင်ချစိုက်ရမည်။ စိုက်ပျိုးချိန်၌ အစိုဓာတ်လုံလောက်စွာရရှိရမည်။ ခြောက်သွေ့သောဒေသ ဖြစ်ပါက စိုက်ပျိုးပြီးအပင်ငယ်များ နေပူဒဏ်ကာကွယ်ရန် စီမံပေးရမည်။ တချို့က သစ်ကိုင်းများအုပ် ပေးခြင်း၊ အလင်းဖောက်မိုးကာများမိုးပေးခြင်းပြုလုပ်ကြသည်။ ပျိုးပင်များအမြစ်စွဲသွားမှ အကာအကွယ် များကိုဖယ်ပေးရမည်။ တချို့က မြေဧရိယာမရှိသဖြင့် မိသားစုတစ်နိုင်စားသုံးနိုင်ရန် စိုက်ပျိုးကြသည်။ 

အပင်ပြုစုခြင်းနှင့်မြေသြဇာကျွေးခြင်း

စိုက်ပျိုးပြီးခရမ်းပင်များကို  အပင်ပြုစုခြင်း၊မြေသြဇာကျွေးခြင်းတို့ကို   ပြုလုပ်ပေးရသည်။အချိန်မှန်ပေါင်းရှင်းခြင်း၊ မိုးခရမ်းဖြစ်ပါက စိုက်ခင်းကိုရေမဝပ်စေရန်ပြုလုပ်ပေးရမည်။ မြေတောင်မြှောက်ပေးခြင်းတို့ပြုလုပ်ပေးရမည်။ ဆောင်းစိုက်ခင်းဖြစ်ပါက အစိုဓာတ်ကိုထိန်းပေးနိုင်စေရန် ကောက်ရိုး၊မြက်ခြောက်များအုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်တွင် ယူရီးယားမြေသြဇာကိုထပ်မံထည့်သွင်းပေးရသည်။ မြေသြဇာအနေဖြင့် တစ်ဧကလျှင် သဘာဝမြေသြဇာဖြစ်သည့်နွားချေး ၁၀ တန်၊ ဓာတ်မြေသြဇာအနေဖြင့် ယူရီးယား ၅၀ ကီလို နှစ်အိတ်၊ ပိုတက် ၅၀ ကီလို နှစ်အိတ်ကျွေးပေးရသည်။ ယူရီးယားဓာတ်မြေသြဇာကို မြေပြင်စဉ် ၅၀ ကီလိုတစ်အိတ်ထည့်ပေးရပြီး စိုက်ပျိုးပြီး တစ်လနှင့်နှစ်လအကြာတွင်၅၀ ကီလိုကိုထပ်ထည့်ပေးရသည်။  အသီးသီးချိန်ရောက်လျှင်သတိပြုရမည့်အချက်ရှိသည်။ ထိုအချက်မှာအသီး၏အလေးချိန်ကြောင့် အပင်ယိုင်လဲခြင်းဖြစ်သည်။ အပင်ယိုင်လဲခြင်းမရှိအောင် တိုင်ထောင်ပေးခြင်းပြုလုပ်ရသည်။ ပိုးမွှားရောဂါအနေဖြင့် ခရမ်းခေါင်ညွန့်ထိုးပိုးကျတတ်သည်။ ထိုအခါ ခရမ်းပင်၏ခေါင်ညွန့်များညှိုးခြောက်လာတတ်သည်။ သီးလုံးဖောက်ပိုးလည်း ကျရောက်တတ်သည်။ ထိုအခါပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ရောဂါအနေဖြင့် ပင်ညှိုးရောဂါဖြစ်တန်သည်ကိုသတိပြုသင့်သည်။

ခရမ်းစိုက်ပျိုးအပိုဝင်ငွေတိုး

ခရမ်းသီးခူးဆွတ်မည်ဆိုပါက အသီး၏ပုံပန်းသဏ္ဌာန်ကိုကြည့်၍ ခူးဆွတ်နိုင်သည်။  အဝိုင်းသီးများကို ပန်းပွင့်ပြီး ၂၅ ရက်မှ ရက် ၃၀ အတွင်းခူးဆွတ်နိုင်သည်။ လုံးရှည်မျိုးကို ပန်းပွင့်ပြီး ရက် ၃၀ တွင်လည်းကောင်း၊  အလုံးရှည်နှင့်  အလွန်ရှည်သောအသီးမျိုးများကို ၃၅ ရက်မှ ၄၀ ရက်အကြာတွင်လည်းကောင်း  ခူးဆွတ်နိုင်သည်။ အသီးအရောင်တောက်နေသောအချိန်သည် ခူးဆွတ်စားသုံးရန်အကောင်းဆုံးဖြစ်ပြီး အရောင်မှိုင်းပြီး အသီးရင့်သွားပါက စားသုံးရန်မသင့်တော့ပေ။ အသီးကိုရက်ပတ်ဖြင့် ပုံမှန်ခူးပေးနိုင်သည်။ တစ်ဧကတွင် ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ အထိထွက်သည်။ ခရမ်းသီးကိုတချို့ဒေသများတွင် အလေးချိန်ဖြင့်ရောင်းကြသလို တချို့ဒေသများတွင် တစ်လုံးကိုသတ်မှတ်စျေးနှုန်းဖြင့် တစ်လုံးချင်းရောင်းကြသည်။ ခရမ်းသီးခူးဆွတ်ပြီးအသီးထွက်နှုန်းကျဆင်းသွားပါက လမိုင်းထားခြင်းဖြင့်အသီးထပ်မံရရှိနိုင်သည်။ ပင်ခြေမှ သုံးဆစ်ခန့်ချန်၍  ၆ လက်မ မှ ၈ လက်မအမြင့်မှအပင်ကိုဖြတ်၍  အာဟာရထပ်မံကျွေးခြင်းဖြင့် တစ်လခန့်အကြာတွင် အသီးထပ်မံခူးဆွတ်နိုင်သည်။ ခရမ်းသီးအထွက်နှုန်း ပိဿာ ၈၀၀၀  ထွက်လျှင် အမြတ်ငွေ ၁၀ သိန်းအထိရရှိနိုင်သည်။ စာရေးသူဆို အိမ်နောက်ဖေးစျေးဆိုင်တည်ဟူသောစကားအရ အိမ်နောက်ဖေး၌ ခရမ်းပင် ၄-၅ ပင်စိုက်ပျိုးထားရာ  စျေးမှဝယ်မစားရပေ။  မိသားစုတစ်နိုင်စိုက်ပျိုးထားခြင်းဖြစ်သည်။ခရမ်းသီး သုံး၊ လေးလုံးကိုကြိုးစည်း၍လည်း ရောင်းကြသည်။ 

စာရေးသူအသိတစ်ယောက်ဆို   နောက်ဖေးခြံအတွင်း၌   ခရမ်းပင်များစိုက်ပျိုးထားရာ မိသားစုစားသုံးပြီး ပိုလျှံသည်များကို ရောင်းချနိုင်သဖြင့် မိသားစုအပိုဝင်ငွေရရှိသည်ကိုတွေ့ရသည်။

တစ်ခါတစ်ရံဝယ်သူရှိသော်လည်း အသီးနည်းသဖြင့်မရောင်းချရပေ။ ထို့ကြောင့်ခရမ်းသီးသည် စားသုံးသူများသောအသီးဖြစ်ကြောင်းသိနိုင်သည်။ ထို့ကြောင့်ခရမ်းပင်ကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်သော်လည်းကောင်း၊ အကျိုးအမြတ်များများရရှိရန်အတွက် စီးပွားဖြစ်သော်လည်းကောင်းစိုက်ပျိုးသင့်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံအနေဖြင့် မိသားစုအပိုဝင်ငွေအတွက်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း သီးပင်စားပင်များကို စိုက်ပျိုးသင့်သည်။

ထိုအခါ  အခြားမှဝယ်ယူမစားရသဖြင့်  ငွေကုန်သက်သာသလို  ပိုလျှံသည်များကိုရောင်းချခြင်းအားဖြင့် အပိုဝင်ငွေကိုရရှိစေသည်။ ခရမ်းသီးသည်ကျန်းမာရေးကိုလည်း အကျိုးပြုသည်။  မိသားစုအတွက် အပိုဝင်ငွေကိုလည်းရရှိစေသည်။ ထို့ကြောင့်စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။ ယခုအခါ ခရမ်းမျိုးစေ့များကိုစိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံနှင့် ဇီဝဌာနကလည်း ခရမ်းမျိုးများကိုသုတေသနပြုလုပ်၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် နိုင်ငံတော်မျိုးစေ့ကော်မတီမှ မှတ်ပုံတင်ခွင့်ရရှိထားသော မျိုးစေ့ထုတ်ကုမ္ပဏီများကလည်း ရောင်းချပေးလျက်ရှိသဖြင့် မိမိကြိုက်နှစ်သက်ရာမျိုးများကိုရွေးချယ်ဝယ်ယူစိုက်ပျိုးခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိစေဖို့   ခရမ်းစိုက်ပျိုးကြပါစို့ဟုသာတိုက်တွန်းလိုက်ချင်ပါသည်။     ။

Source: https://myawady.net.mm/stories

ကိုကျော်စွာ(ကျိုက်ပိ)

မိသားစုဝင်ငွေတိုးဖို့ ဘူးပင်စိုက်ကြစို့
-

ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် ၎င်းတို့အတွက်  အခြေခံကျသောလူမှုစီးပွားရေးဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်  စီးပွားဖြစ် ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်ဖြစ်စေ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုဝလံအုပ်စုဝင် ဘူးပင်စိုက်ပျိုးရေးအား တင်ပြသွားမည်ဖြစ်သည်။

ဘူးပင်၏မူရင်းဒေသမှာ အာဖရိကတိုက်မှစတင်ပေါက်ရောက်ပြီးနောက် တောင်အမေရိကတိုက်ဘက်သို့ပျံ့နှံ့ရောက်သည်ဟုသိရသည်။ ဘူးပင်သည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဝလံမျိုးနွယ်တစ်မျိုးဖြစ်၍  ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးနိုင်သော ဝလံမျိုးနွယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး    တစ်နှစ်ပတ်လုံးအသီးသီးအောင် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရသည်။

ဘူးပင်သည် အရွက်ဖားဖားနှင့် နွယ်တက်ပင်မျိုးဖြစ်ပြီး သုံးလတစ်ကြိမ် အသီးသီးသည်။ အပွင့်မှာ မြေဖြူရောင်ရှိပြီး ညအချိန်တွင်သာပွင့်၍ ပင်တည်းဝတ်မှုန်ကူးခြင်းဖြင့် မျိုးပွားသည်။ ဘူးသီးများသည် အရွယ်အစားစုံသီးတတ်ပြီး အရည်ရွှမ်းသည်၊  စိုက်ပြီးနှစ်လအကြာတွင် ပန်းစတင်ပွင့်သည်။ ဘူးပင်သည် မိုးရေကို အဓိကထားစိုက်ပျိုးကြသော်လည်း ရေအခြေအနေပေးပါက   တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အားသာချက်ရှိသောအပင်ဖြစ်သည်။

ဘူးသီး၏  ပုံသဏ္ဌာန်ကိုလိုက်၍   ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်၊ ဘူးရှည်စက၊ ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးခေါ်တွင်ကြသည်-

(က) ဘူးသပိတ် - ဤဘူးပုံသဏ္ဌာန်သည် သပိတ်ပုံ ရှိပြီး အလွန်အလုံးကြီးသည်။ လည်ပင်းမရှိချေ။

(ခ)ဘူးလည်လှ   -  ဤဘူးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည့် တိုင်အောင်ထားပြီး  အထဲမှအစေ့များ ထုတ်၍ ရေဘူးလုပ်ကြသည်။အလွန်ပူအိုက်သော နွေရာသီတွင်ကျေးလက်တောရွာများ၌ ဘူးခါး ရေနှင့်ကြမ်းကြားလေသည် အေးမြ သောအသွင်ကိုဖော်ကျူးကြသည်။

(ဂ) ဘူးရှည်စက     - ဤဘူးမျိုးသည်   အရှည်လည်း မဟုတ်၊ အပုလည်းမဟုတ် စက ဖြစ်သည်။

(ဃ)  ဘူးရှည်      -   ဤဘူးမျိုးကို ဆင်နှာမောင်းမျိုး ဟုလည်းခေါ်သည်။  အချို့ ၇ ပေ ခန့်ထိရှည်သည်။

(င) ဘူးရေမှုတ်-ဤဘူးမျိုးသည် လက်သီးဆုပ်သာသာရှိပြီး  လည်ပင်းမှာတစ်တောင်ခန့် ရှည်သည်။  တောင်သူ ကြီးများသည် ၎င်းဘူးကို အလျား လိုက် အလယ်မှခွဲပြီးလျှင် ရေခပ်ရန်ရေမှုတ်ပြုလုပ်ကြသည်။

ဘူးပင်၏ အင်္ဂလိပ်အမည်မှာ Bottle Gourd ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Lagenria Vulgaris ဖြစ်သည်။ မျိုးရင်း Cucurbitaceae အတွင်းပါဝင်သည်။

မြေအမျိုးအစားအများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း သဘာဝမြေဆွေးများနှင့် ကြွယ်ဝနေသော၊ ရေသွင်းရေထုတ်ကောင်းမွန်စွာပြုလုပ်နိုင်သော နုန်းမြေအမျိုးအစားတွင်   ပိုမိုအထွက်ကောင်း၍   အရည်အသွေးပြည့်မီသော   အသီးများထုတ်လုပ်ပေးနိုင်သည်။ မြေချဉ်ငန်ဓာတ် ၆ နှင့် ၇ ကြားတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။

ပူနွေးသောရာသီဥတုကို    ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို    အသင့်အတင့်ခံနိုင်ရည်ရှိသည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။

ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးသည်။ စိုက်ပျိုးနည်းမှာ  မြေဆွေး ဓာတ်မြေဩဇာများ သမအောင်မွှေထားသောမြေကို စိုက်ပေါင်များပြုလုပ်၍ စတင်စိုက်ပျိုးသည်။

ဘူးသည်   စင်တင်စိုက်ပျိုးရသော အပင်တစ်မျိုးဖြစ်ပြီး ပေါင်တင်၍စိုက်ပျိုးနိုင်သည်။ စိုက်ပေါင်မြေကို ပေါက်တူးဖြင့်ပေါက်ပြီး မြေဆွေးနှင့်သမအောင်ရော၍ စိုက်ပေါင်ပြုလုပ်သည်။ စိုက်ပေါင်တစ်ပေါင်လျှင် အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့်ထား၍ပြုလုပ်ကြသည်။

ဘူးပင်တစ်ဧကလျှင် နွားချေး  သို့မဟုတ် သစ်ဆွေးမြေဩဇာ နွားလှည်း ၁၀ မှ ၂၀ အထိလိုအပ်ပြီး ဓာတ်မြေဩဇာတစ်ဧကလျှင် ယူရီးယား ၂၀ ကီလိုဂရမ် (၁၂ ပိဿာ)နှင့် တီစူပါ ၂၄ ကီလိုဂရမ် (၁၄ ပိဿာ) ကျော်ခန့်လိုသည်။ စိုက်ပေါင်များပြုလုပ်ရာတွင် ဓာတ်မြေဩဇာနှင့်မြေဆွေးများကို သမအောင်ရောမွှေပေးရမည်။ တီစူပါမြေဩဇာကို ပထမအကြိမ် ၂၀ ကီလိုဂရမ် (၁၂ ပိဿာ) နှင့် ယူရီးယားဓာတ်မြေဩဇာ ၁၀ ကီလိုဂရမ် (ခြောက်ပိဿာ)ကို စိုက်ပေါင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်သောယူရီးယား ၁၀ ဂရမ်ကို ပန်းစတင်ပွင့်ချိန်တွင် ထည့်ပေးရမည်ဖြစ်သည်။

ဘူးပင်ကိုပျိုးထောင်ရာတွင် မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်အတွင်း   ဘူးစေ့နှစ်စေ့ခန့်  အပင်အရွက်သုံးရွက်၊ လေးရွက်ထွက်လျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

စင်တင်စိုက်ပါက စိုက်ပေါင်အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့် ပေါင်ပြုလုပ်ပြီး မျိုးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း တစ်ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့ခုနစ်စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်နှစ်ပင်ချန်ထားလျှင် သင့်လျော်သည်။ကျင်းဖြင့်စိုက်ပျိုးပါက အနက် ၁ ဒသမ ၅ ပေ၊ အနံနှစ်ပေ၊ အလျားသုံးပေရှိ ကျင်းများတူးပြီး နွားချေးနှင့်မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း ၃-၄ လက်မအလိုခန့်ထိထည့်ပြီးလျှင် အပေါ်မှမြေရိုးရိုးကိုဖို့ရမည်။ တစ်ကျင်းလျှင်ခုနစ်ပင်၊ ရှစ်ပင်ခန့်စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင်နှစ်ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရမည်။

ဘူးပင်ကို တစ်နိုင်တစ်ပိုင်  စင်တင်စိုက်ပျိုးနိုင်သကဲ့သို့ အရွက်စားသုံးနိုင်ရန်အတွက် ခြံစည်းရိုးများတွင်တင်၍လည်းကောင်း၊ စိုက်ခင်းများတွင်ကျင်းတူး၍လည်းကောင်း စိုက်ပျိုး၍ အပင်တစ်လသားတွင် စတင်ကာ   ဘူးညွန့်များခူး၍ရောင်းချခြင်း၊ စားသောက်ခြင်းများ ပြုလုပ်နိုင်သည်။

ဘူးပင်ကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ ၂-၃ ကီလိုဂရမ် (၁ ပိဿာ၂၀ ကျပ်သားမှ ၁ ပိဿာ ၈၀ ကျပ်သား) လိုအပ်သည်။ နောင်နှစ်တွင်စိုက်ပျိုးရန် ဘူးမျိုးစေ့ရရှိရန်အတွက် မိမိစိုက်ပျိုးသော စိုက်ခင်းအတွင်းမှ အကောင်းဆုံး၊ အကြီးဆုံးဘူးသီးသုံးလုံးခန့်ကို အပင်တွင်ရင့်အောင်ထားရှိပြီး မျိုးထားရန်လိုသည်။ ဘူးသီးတစ်လုံးလျှင် မျိုးစေ့ ၁၅၀ မှ ၂၀၀  ခန့်အထိရရှိနိုင်သည်။ မျိုးကောင်းမျိုးသန့်ရရှိရန်အတွက် မိမိဒေသထွက်မျိုးများကိုထားရှိပြီး စနစ်တကျထိန်းသိမ်းထားရန်လိုအပ်သည်။  အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင်စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်သည်။

အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ သုံးရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုအပ်သည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုသည်။

ဘူးစိုက်ရာတွင်ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာနှိမ်နင်းရန်လိုအပ်သည်။ ထိရောက်စွာမနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကျေပျက်စီးနိုင်သည်။ ဘူးပင်ကို ပိုးသတ်ဆေးပက်ဖျန်းပါက ဓာတ်ကြွင်းအာနိသင်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေးများမပက်ဖျန်းမိစေရန်အတွက် နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည်။

ဘူးပင်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ဘူးညွန့်များခူးရသည်။ ဘူးညွန့်ခေါင်ညွန့်ကိုချိုးနှိမ်ပေးမှသာလျှင် ဘူးညွန့်များများထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်သည်။ ဘူးခေါင်ညွန့်ကို     ဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှအရွက်များထွက်ပေါ်လာပြီး အတက်များမှအသီးများလည်း  တင်လာမည်ဖြစ်သည်။ ကိုင်းကျွန်းမြေများတွင် ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး ၃၀ ခန့်သီးကြောင်း လေ့လာသိရှိရသည်။

ဘူးသီးကိုစိုက်ပြီးနောက် ၇၅ ရက်မှ ရက်  ၉၀  အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါကချက်ပြုတ်စားသောက်ရန်   မကောင်းသကဲ့သို့ နုပါကလည်း  အခါးဓာတ်ရှိသည်။သို့အတွက် ဘူးကိုမနုမရင့်အနေတော်ခူးရသည်။ တစ်ဧကလျှင် ဘူးသီးအလုံးရေ ၆၀၀၀ မှ ၈၀၀၀ အထိထွက်သည်။ ဘူးသီးနှင့်ဘူးညွန့်များ၏ ဈေးကွက်အခြေအနေကိုလိုက်၍ တစ်ဧကလျှင် ငွေကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ အကျိုးအမြတ်ရရှိနိုင်သည်။ ထို့ကြောင့်ပင် မြန်မာလူမျိုးတို့၏စကားပုံများတွင် ဘူးဆိုဖရုံမသီး၊ ဘူးလေးရာဖရုံဆင့်၊ ဘူးသီးသီးမှ အရီးလာမတော်နှင့် စသည့်စကားပုံများရှိခဲ့ခြင်းဖြစ်သည်။

ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း၊ ဘူးသီးကြော်၊ ဘူးသီးချဉ်၊ ဘူးသီးကြက်သားဟင်း၊ ဘူးသီးမြေပဲထောင်းသုပ်၊ ဘူးသီးခေါက်ဆွဲကြော်၊ ဘူးသီးဟင်းခါးအဖြစ် အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ ဘူးညွန့်ကိုလည်း ကြော်၍စားခြင်း၊  ချက်၍စားခြင်း၊   အတို့အမြှုပ်ပြုလုပ်၍စားခြင်းအပြင်ဆောင်းရာသီတွင် နှင်းဓာတ်ဖြင့်သီးသော ဘူးသီးများကိုလည်း ဘူးသီးချောင်းကြော်အဖြစ်ပြုလုပ်၍ လူတိုင်းကြိုက်နှစ်သက်စွာ စားသုံးကြသည်။

ဘူးသီးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်ရရှိသော ကောင်းကျိုးများမှာ ဘူးသီးမှရရှိ သောသတ္တုရည်သည် အမြဲတမ်းသုံးစွဲပါက ကျန်းမာရေးအထောက်အကူဖြစ်စေသည်။  အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်သွေးအတွင်းရှိ   သကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုသွေးချိုရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ပြီး ဝမ်းချုပ်ခြင်းကိုသက်သာစေကာ အိပ်မပျော်သောရောဂါကိုကုသရန်အတွက် အသုံးပြုနိုင်သည်။ ဘူးရွက်မှာလည်း အမျှင်ဓာတ်များစွာပါရှိ၍ အစာအိမ်အူလမ်းကြောင်းကိုသန့်စင်ပေးသည့်အတွက် ကျန်းမာရေးအတွက်      အထောက်အကူဖြစ်စေသောကြောင့် နေ့စဉ်စားသုံးပေးသင့်သော     သီးနှံတစ်မျိုးဖြစ်သည်။

ဘူးပင်စိုက်ပျိုးခြင်းဖြင့် ထွက်ရှိသောဘူးသီး၊ဘူးရွက်များကို စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးရပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးစိုက်ထုတ်ငွေနည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံးနေ့စဉ်ဝင်ငွေရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး စိုက်ပျိုး၍လွယ်ကူသော ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့ အိမ်ခြံမြေများတွင်လည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့်    မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက်ကောင်းကျိုးပြုသည့်ဘူးပင်ကို စိုက်ပျိုးသွားရန်တင်ပြအပ်ပါသည်။      ။

Source: https://myawady.net.mm/stories

ဟိန်းထက်နိုင်(ဥဿာ)

အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ပေး
-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် သက်မွေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေနှင့်ရာသီဥတုအနေအထားအရလည်း စိုက်ပျိုးမွေးမြူရေးကို နိုင်ငံ့စီးပွားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ လုပ်ငန်းသဘောသဘာဝအရ တိရစ္ဆာန်အစာအဖြစ် လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဇီဝမြေသြဇာများကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်အသုံးပြုရခြင်းဖြင့် အပြန်အလှန်အကျိုးသက်ရောက်မှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် သက်မွေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေနှင့်ရာသီဥတုအနေအထားအရလည်း စိုက်ပျိုးမွေးမြူရေးကို နိုင်ငံ့စီးပွားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ လုပ်ငန်းသဘောသဘာဝအရ တိရစ္ဆာန်အစာအဖြစ် လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဇီဝမြေသြဇာများကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်အသုံးပြုရခြင်းဖြင့် အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေသည်။ ထို့ပြင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခြင်းတို့တွင်လည်း စက်ကိရိယာအသုံးမပြုနိုင်သေးသော လယ်ယာမြေများအတွက် ကျွဲ/နွားများကို အသုံးပြုခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့သည်  ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသဘာဝရှိပေသည်။

နိုင်ငံတွင်းရှိတိုးတက်များပြားလာသော လူဦးရေအချိုးအစားနှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် ဆန်၊ ဆီ၊ အသားငါး၊ နို့နှင့်ဥ စသည့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရမှလည်း မူဝါဒများချမှတ်လျက် ကာလတို၊  ကာလရှည်စီမံကိန်းများဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်  စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းသည့် အသား၊ နို့ ၊ ဥ ထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးကို  ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ အသား၊ နို့၊ ဥ စားသုံးမှုဖူလုံပြီးနောက် ပိုလျှံသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ပါ  စီးပွားရေးဦးတည်ချက်သုံးရပ်၏ ပထမဦးတည်ချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဆိုသည့်  စီးပွားရေးဦးတည်ချက်နှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုထုတ်ပြန်လျက်  မွေးမြူထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်နေသည်။ ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာတွင် ဌာနအနေဖြင့် အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာထုတ်လုပ်နိုင်ရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသမျိုးရင်းတိရစ္ဆာန်များကို မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်ခြင်း၊ နိုင်ငံခြားမျိုးကောင်းမျိုးသန့်များကို စိစစ် တင်သွင်းခြင်းနှင့် နိုင်ငံခြားမျိုးစစ်မျိုးသန့်များဖြင့် ဒေသမျိုးကောင်းများကို ထုတ်လုပ်မှုကောင်းသော တိရစ္ဆာန်မျိုးများအဖြစ်  ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အဓိကဖြစ်သော မျိုး၊ မြေ၊ ရေနှင့် နည်းပညာဆိုသည့် ဒေါက်တိုင် (၄)ရပ်ကိုအခြေပြုလျက်  နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်စနစ်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မျှော်မှန်းချက်မှာ ဖော်ပြပါအတိုင်းဖြစ်သည်-

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ သားငါးကဏ္ဍနှင့်  ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။

ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဌာန၏လုပ်ငန်းတာဝန်များမှာ ဖော်ပြပါအတိုင်းဖြစ်သည်-

(က)   တစ်နိုင်ငံလုံး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

(ခ) တိရစ္ဆာန် မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများကောက်ယူပြုစုခြင်း၊

(ဂ) တိရစ္ဆာန်ရောဂါ ကာကွယ်ကုသဆေးများထုတ်လုပ်ခြင်းနှင့်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဃ)   စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(င) မျိုးကောင်းမျိုးသန့် တိရစ္ဆာန်တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(စ) မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဆ) ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များဖော်ထုတ်ဆောင်ရွက်ခြင်း၊

(ဇ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

(ဈ) တိရစ္ဆာန်နှင့်  တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထိန်းသိမ်းစစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊

(ည) တိုင်းဒေသကြီး/  ပြည်နယ်အသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ  မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း၊

(ဋ)     စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း။

 MSME နှင့် မွေးမြူရေးထုတ်ကုန်ကဏ္ဍမွေးမြူရေးနှင့်   ကုသရေးဦးစီးဌာနအနေဖြင့် MSME ဆိုင်ရာ မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်အနက် ဒုတိယဦးတည်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”  ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံနည်းကျမွေးမြူရေးစနစ်များကို မွေးမြူထုတ်လုပ်သူများ စနစ်တကျလိုက်နာကျင့်သုံးနိုင်ရေးအတွက် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကို  ဖော်ပြပါရည်ရွယ်ချက်များဖြင့် ရေးဆွဲထုတ်ပြန်လျက်ရှိသည်-

(က)   အရည်အသွေးကောင်း   တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိရေး

(ခ)စားသုံးသူ ဘေးကင်းလုံခြုံရေး

(ဂ) တိရစ္ဆာန်များ သက်သာချောင်ချိရေး

(ဃ)မွေးမြူရေးခြံလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး

(င) ရေရှည်တည်တံ့သည့်ပတ်ဝန်းကျင်အကျိုးပြု မွေးမြူထုတ်လုပ်မှုဖြစ်စေရေး

(စ) ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကိုပြည်ပသို့တင်ပို့နိုင်ရေးထုတ်ပြန်ထားရှိသည့် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကိုစနစ်တကျ လိုက်နာကျင့်သုံးသည့်  မွေးမြူထုတ်လုပ်သူများအနေဖြင့် ဖော်ပြပါအကျိုးကျေးဇူးများကို  ရရှိခံစားကြရမည်ဖြစ်သည်-

(က)   အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊

(ခ)စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊

(ဂ) ဇီဝလုံခြုံမှုကောင်းမွန်လာပြီး  သဘာဝပတ်ဝန်းကျင်အကျိုးပြု မွေးမြူရေးများဖြစ်ထွန်းလာခြင်း၊

(ဃ) မွေးမြူရေးခြံအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊

(င) တိရစ္ဆာန်  သက်သာချောင်ချိရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊

(စ) GAHP ထုတ်ကုန်ဈေးကွက်ဖြစ်ပေါ်၍ စံချိန်စံညွှန်းနှင့်အညီ  ထုတ်လုပ်နိုင်၍ ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်ခြင်း။

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ထုတ်ပြန်ပြီးဖြစ်သည့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ကိုးမျိုးမှာ ဖော်ပြပါအတိုင်းဖြစ်သည်။

(က) နို့စားနွားမွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ခ)     အသားတိုးနွားမွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဂ)     ဆိတ်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဃ) မိရိုးဖလာ ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(င) ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(စ)တိုင်းရင်းကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဆ) ဥစားကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဇ) အသားတိုးကြက် မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဈ) ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

ဆိုသည်နှင့်အညီ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးသို့ တက်လှမ်းရာတွင် မွေးမြူမည့်တိရစ္ဆာန်မျိုး၊ မွေးမြူမည့်မြေ၊  မွေးမြူမည့်  တိရစ္ဆာန်အမျိုးအစားနှင့် ကောင်ရေအလိုက် လိုအပ်မည့်သုံးရေနှင့် အာဟာရပြည့်အစာ၊ မွေးမြူရေးဆိုင်ရာနည်းစနစ်စသည်တို့ကို ဇီဝလုံခြုံမှုစနစ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး(ထိခိုက်မှုမရှိစေရန်ရည်ရွယ်၍)ဖြင့်  မွေးမြူသူနှင့်  စားသုံးသူနှစ်ဦးနှစ်ဖက်ဘေးအန္တရာယ်ကင်းရှင်းစွာ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်လုပ်ငန်းစဉ်များ သတ်မှတ် ထုတ်ပြန်ပေးထားခြင်းပင်ဖြစ်သည်။  ဦးစီးဌာနကလည်း  စီးပွားဖြစ်မွေးမြူသူများထံသို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ရေး စည်းရုံးခြင်း၊ ပညာပေးပြုပြင်ပြင်ဆင်ပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ရခြံမှ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပပို့ကုန်အဆင့်အထိ ထုတ်လုပ်တင်ပို့နိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။                               

ယေဘုယျအားဖြင့်ဆိုပါလျှင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို ဖော်ပြပါအတိုင်း အပိုင်း(၇)ပိုင်းဖြင့်  လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်၍ အဆိုပါအပိုင်းအလိုက် အမှန်တကယ်လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို  ဌာနမှသတ်မှတ်ထားသော စိစစ်ရေးအချက်အလက်များဖြင့် စိစစ်ပြီး  လိုက်နာဆောင်ရွက်ပါက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်-

(က)   မွေးမြူရေးခြံ

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် မြေနေရာအကျယ်အဝန်းနှင့် မြေအနေအထား၊   တရားဝင်မြေယာ အသုံးချမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ခ)     မွေးမြူရေးခြံအဆောက်အအုံနှင့်ခြံအထောက်အပံ့ပစ္စည်းများ၊ စားကျက်ဧရိယာ

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့်   ခြံအကျယ်အဝန်းနှင့်  ခြံအဆောက်အအုံဒီဇိုင်း၊ လိုအပ်သည့် ခြံသုံးပစ္စည်း၊အစာသိုလှောင်ရုံ၊  အာဟာရပြည့် တိရစ္ဆာန်စားကျက်စိုက်ခင်း   မြေအနေအထားတို့ကို  သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ဂ)     မွေးမြူရေးခြံစီမံခန့်ခွဲမှု

(မျိုး၊ မြေ၊ ရေ၊ နည်းပညာ၊ လုပ်သား)မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊  အစာနှင့် ဆေးဝါး၊  နည်းပညာ၊ ခြံအလုပ်သမားများအတွက်ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းခွင်ဖန်တီးထားမှုစသည်တို့ကို သတ်မှတ်ချက်အတိုင်း ဇီဝလုံခြုံမှုစနစ်နှင့်အညီ ဆောင်ရွက်မှု   ရှိ၊  မရှိနှင့် လိုအပ်သည့်စာရင်းမှတ်တမ်းပြုစုခြင်း ရှိ၊ မရှိကို စိစစ်ပါသည်။

(ဃ)   တိရစ္ဆာန်များအား ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သယ်ဆောင်ခြင်း

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်ထားသော တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု  ရှိ၊ မရှိကို စိစစ်ပါသည်။

(င)     ဇီဝလုံခြုံမှု

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ဇီဝလုံခြုံမှုလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(စ)     ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု                       

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ဆ)   မှတ်တမ်းများထိန်းသိမ်းခြင်း

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊  အစာနှင့် ဆေးဝါး၊ နည်းပညာ၊ခြံအလုပ်သမားများအတွက်  ဘဏ္ဍာငွေအရ အသုံး  စသည်တို့ကို  သတ်မှတ်နည်းစနစ်အတိုင်း သတ်မှတ်ကာလအလိုက် မှတ်တမ်း၊ စာရင်းများနှင့်အညီဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူထုတ်လုပ်သူများထံသို့ အဆိုပါထုတ်ပြန်ပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs) နှင့်အညီ လိုက်နာကျင့်သုံးစေရေး စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အကြံပြုနည်းပညာပေးခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို  လုပ်ငန်းစဉ်(SOPs)အဆင့်အတိုင်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

အသားကဏ္ဍအတွက် ထုတ်လုပ်သည့် တိရစ္ဆာန်ထုတ်ကုန်အလိုက် MSME ဆိုင်ရာ သိကောင်းစရာများကို   ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)နှင့်အညီ ဆက်လက်ဖော်ပြသွားပါမည်။  ။

Source: https://myawady.net.mm/stories

ဒေါက်တာရင်းမြစ်(မွေး/ကု)

ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း သိကောင်းစရာ
-

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာ့စားသောက်ကုန်တွင် အရေးပါသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး နေ့စဉ်ချက်ပြုတ်ရာတွင် အသုံးများသည်။ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ကြက်သွန်စိုက်ပျိုးခြင်းသည် ရိုးရာဓလေ့တစ်ခုအဖြစ်ရှိနေပြီး ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ထို့ပြင် ကြက်သွန်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ ဤ ဆောင်းပါးတွင် ကြက်သွန်စိုက်ပျိုးရေးနှင့်ပတ်သက်သော အဓိကအကြောင်းအရာများဖြစ်သည့် သီးနှံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ နိုင်ငံတော်မှပံ့ပိုးမှုများ၊ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်း၊ လူထုအကျိုးပြုမှုနှင့် စတင်စိုက်ပျိုးသည်မှ ရောင်းချသည်အထိ အဆင့်ဆင့်များကို စိုက်ပျိုးရေးဆိုင်ရာစကားပုံများ၊ စာဆိုများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း

မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသောမျိုးများမှာ ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံးနှင့် မင်းတုန်းဥမြွှာမျိုးတို့ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်သည်။ “မျိုးစေ့ကောင်းမှ အပင်ကောင်း၊   အပင်ကောင်းမှအသီးကောင်း”ဟူသည့်အဆိုအရ ကြက်သွန်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်အသုံးပြုခြင်းသည် အဓိကအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကိုအသုံးပြုခြင်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်စေသည်။

မျိုးကောင်းမျိုးသန့်မျိုးစေ့များကို မိမိတို့ မြို့၊ ရွာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ယုံကြည်စိတ်ချရသော စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ ဝယ်ယူသင့်သည်။ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့် ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးကောင်းမျိုးသန့်သည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ မျိုးကောင်းမျိုးသန့်သည် အထွက်နှုန်းကောင်းမွန်စေပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။ မျိုးကောင်းမျိုးသန့်သည် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့်ကိုက်ညီသောမျိုးကို  ရွေးချယ်ရမည်။ မျိုးစေ့များကို စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့်ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးစေ့များကို ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ရမည်။  အထွက်နှုန်းကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို စစ်ဆေးပြီး အရည်အသွေးကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို သိုလှောင်ရာတွင်  စိုထိုင်းဆနှင့် အပူချိန်ကို ထိန်းသိမ်းရမည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် သတိထားရမည့်အချက်များမှာ မျိုးစေ့များကို အလွန်အကျွံသုံးစွဲပါက အပင်ထွက်ရှိမှုများကို အန္တရာယ်ဖြစ်စေနိုင်သည်။ မျိုးစေ့များကို     မှန်ကန်စွာသိုလှောင်ရန်မှာလည်း အဓိကကျသောအချက်တစ်ချက်ပင်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်စိုက်ပျိုး ထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။

ပျိုးထောင်ခြင်း

ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် သုည ဒသမ ၀၅ ဧကအရွယ်ရှိရမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်သည်။ စိုက်ပြီးသောမျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့် ပြန်လည်ဖုံးအုပ်ပေးရမည်။ အောက်တိုဘာလမှ နိုဝင်ဘာလလယ်ထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောက်ပေါက်ညီညာစေရန် ကောက်ရိုး၊ မြက်ခြောက်များဖြင့်    ဖုံးအုပ်ပေးရမည်။ ၃x၁၈ ပေပေါင်အတွက်  တစ်ဧကလျှင် မျိုးစေ့နို့ဆီဘူးတစ်ဘူးလိုအပ်သည်။ ပျိုးသက်တစ်လခန့်ရှိလျှင်  ၃x၁၈ ပေအရွယ် ပျိုးပေါင်တစ်ပေါင်လျှင် ယူရီးယားနို့ဆီဘူးနှစ်ဘူးထည့်ပေးရမည်။

မြေပြုပြင်ခြင်း

ကြက်သွန်စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ အစိုဓာတ်ရှိသောမြေအမျိုးအစားများတွင် ကြက်သွန်ကိုစိုက်ပျိုးနိုင်သည်။ ကြက်သွန်သည် ရေသွင်းရေထုတ်ကောင်းသော မြေကိုနှစ်သက်သည်။ ကြက်သွန်စိုက်ပျိုးမည့်မြေကို   ကောင်းစွာပြုပြင်ရန်လိုအပ်ပြီး မြေဆီလွှာကို သင့်လျော်သောမြေချဉ်ငန်ဓာတ်ပမာဏ ၆ မှ ၇ ဒသမ ၅ ရှိစေရန်ထိန်းသိမ်းရမည်။ စိုက်ပျိုးမြေကိုထွန်ယက်ပြီး သဘာဝမြေဩဇာများထည့်သွင်းပေးရမည်။ မြေပြုပြင်ခြင်းသည် စိုက်ပျိုးရေးတွင် အဓိကကျသောအဆင့်တစ်ခုဖြစ်သည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး အပင်များ၏ကြီးထွားမှုကို အားပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ရေထိန်းစွမ်းအားကိုမြှင့်တင်ပေးပြီး အာဟာရဓာတ်များကို ဖြည့်တင်းပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကိုကောင်းမွန်စေပြီး   အပင်များ၏ အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်။ မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို မြှင့်တင်ပေးပြီး အပင်များကို ရေရရှိစေသည်။ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးပြီး အပင်များ၏ ကြီးထွားမှုကို အားပေးသည်။ မြေကို ထွန်ယက်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကိုထိန်းသိမ်းခြင်းနှင့် ရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း စသည့်အချက်များသည် အဓိကအရေးပါသောအချက်များဖြစ်သည်။ ထို့အတူ  မြေပြုပြင်ခြင်းလုပ်ငန်းစဉ်များတွင်   သတိထားရမည့်အချက်များစွာလည်းရှိသည်။  မြေကို အလွန်အကျွံထွန်ယက်ပါက မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပျက်စီးစေနိုင်သည်။ မြေဩဇာများကို အလွန်အကျွံထည့်သွင်းပါက မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မြင့်တက်စေနိုင်သည်။ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မထိန်းသိမ်းပါက   အပင်များ၏ကြီးထွားမှုကို ဟန့်တားစေနိုင်သည်။

ကြက်သွန်စိုက်ပျိုးရာတွင် အကောင်းဆုံးမြေဩဇာနှုန်းထား

ကြက်သွန်စိုက်ပျိုးရာတွင် မြေဩဇာသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ မြေဩဇာကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် ကြက်သွန်ပင်များ၏ ကြီးထွားမှုကိုအားပေးပြီး အထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် အော်ဂဲနစ်မြေဩဇာများဖြစ်သည့် နွားချေး၊ ကြက်ချေး၊  သဘာဝမြေဩဇာ(Compost)နှင့်  ဓာတုမြေဩဇာများဖြစ်သည့် ယူရီးယား၊   တီစူပါ၊ ပိုတက်တို့ကိုအသုံးပြုနိုင်သည်။ မြေဩဇာနှုန်းထားအနေဖြင့် တီစူပါကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ ပိုတက်ကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ နွားချေး (သို့) ကြက်ချေးကို တစ်ဧကလျှင် ၂-၃ တန်၊ ယူရီးယားကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်နှုန်းထားဖြင့်စိုက်ပြီး ၂၀ ရက်သားတွင် ပထမအကြိမ်ထည့်သွင်း၍ ၄၀ ရက်သားတွင်  ဒုတိယအကြိမ် ထည့်သွင်းပေးရမည်။ မြေဩဇာထည့်သွင်းရာတွင် မြေဩဇာများ အလွန်အကျွံထည့်သွင်းခြင်းကို ရှောင်ကြဉ်ရမည်။ မြေဩဇာများကို စနစ်တကျထည့်သွင်းပြီးနောက် ရေကိုလုံလောက်စွာပေးသွင်းရမည်။စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုရာသီဥတုသည် စိုက်ပျိုးရေးတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရာသီဥတုသည် အပင်များ၏ကြီးထွားမှုကို သက်ရောက်မှုရှိပြီး အထွက်နှုန်းကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးရာတွင် ရာသီဥတုကို သတိပြုရမည်။ ရာသီဥတုသည် အပင်များ၏ ရောဂါဒဏ်ခံနိုင်ရည်ကိုမြှင့်တင်ပေးပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ ရာသီဥတုသည် အထွက်နှုန်းကို မြှင့်တင်ပေးပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။

ရာသီဥတုအနေဖြင့် ကြက်သွန်သည် အပူအအေးသင့်တင့်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ အပင်ကြီးထွားချိန်တွင် ၂၀-၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင် ၂၀-၂၇ ဒီဂရီစင်တီဂရိတ်နှင့် နေ့တာရှည်ရန်လိုအပ်သည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့်မြင့်ပြီး နေ့တာရှည်ပါက ကြက်သွန်ဥဖြစ်မှုကိုအားပေးသည်။ အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။ ၁၀-၁၆  ဒီဂရီစင်တီဂရိတ်တွင် နေ့တာ  ၉ နာရီမှ ၁၂ နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။

ပိုးမွှားနှင့်ရောဂါများ

ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အထွက်နှုန်းကိုလျော့ကျစေနိုင်သည်။ ထို့ကြောင့် ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အပင်များကို သေဆုံးစေနိုင်သည်။ ပိုးမွှားနှင့်ရောဂါများသည် အထွက်နှုန်းကိုလျော့ကျစေနိုင်ပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားများ၏အန္တရာယ်ကိုလည်း သတိပြုရမည်။ ပိုးမွှားများသည် ကြက်သွန်ပင်များကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ပိုးမွှားများကို ကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော တမာဆီ၊ မြေပဲဖတ် စသည့်သဘာဝပိုးသတ်ဆေးများကို   အသုံးပြုနိုင်သည်။ ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်။

ကြက်သွန်စိုက်ခင်းတွင် ကျရောက်တတ်သောရောဂါနှင့် ကာကွယ်နည်းများကိုလည်း ဗဟုသုတဖြစ်ဖွယ်ရေးသားလိုက်ရသည်။ ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်စိုက်ပျိုးရာတွင် အဓိကကျရောက်လေ့ရှိသည်။ ကြက်သွန်ဒေါင်းနီးမှိုရောဂါ (Purple Blotch Disease) သည် မှိုကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် ကြက်သွန်ရွက်များပေါ်တွင် ခရမ်းရောင်အစက်အပြောက်များပေါ်လာစေပြီး အရွက်များညှိုးနွမ်းခြောက်သွေ့ကာ အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် ဤရောဂါကို စောစီးစွာကာကွယ်ကုသရန် အရေးကြီးသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများမှာ စိုထိုင်းဆများခြင်း၊  မြေဆီလွှာ၏ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပိုးမွှားများမှကူးစက်မှုများကြောင့်ဖြစ်သည်။    ကာကွယ်နှိမ်နင်းနိုင်သောနည်းလမ်းများအနေဖြင့် ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်ခြင်း၊ ရောဂါဖြစ်နေသောအပင်များကိုဖယ်ရှားပြီး မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ခင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးများဖြစ်သော မန်ကိုဇက်ဘ်(Mancozeb)နှင့် ကော့ပါးပါဝင်သောမှိုသတ်ဆေးများကို ဆေးညွှန်းပါညွှန်ကြားချက်များအတိုင်းလိုက်နာ၍အသုံးပြုရမည်။

သဘာဝနည်းလမ်းများအနေဖြင့်တမာဆီကိုရေဖြင့်ရောစပ်ပြီး  အပင်များပေါ်တွင်ဖျန်းခြင်းသည်အထိရောက်ဆုံးဖြစ်သည်။ ကြက်သွန်စိုက်ခင်းတွင် ရောဂါတွေ့ရှိပါက  ရောဂါဖြစ်နေသောအပင်များကို ချက်ချင်းဖယ်ရှားပေးရမည်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဟူသောအဆိုအရ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မျိုးကောင်းမျိုးသန့်များရွေးချယ်ခြင်း၊ စိုက်ခင်းသန့်ရှင်းရေးနှင့် ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်းတို့ကို  ပုံမှန်လုပ်ဆောင်ပေးရမည်။

တစ်ဧကအထွက်နှုန်းတိုးတက်ရေးကြက်သွန်တစ်ဧကအထွက်နှုန်းတိုးတက်ရန် အထွက်နှုန်းကောင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးခြင်း၊ သင့်လျော်သော မြေသြဇာများကို ထည့်သွင်းပေးခြင်း၊ ပုံမှန်ရေပေးသွင်းပေးခြင်း၊ ပိုးမွှားများ ကို စနစ်တကျကာကွယ်နှိမ်နင်းခြင်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးကဏ္ဍများတွင် အဘက်ဘက်မှ များစွာပံ့ပိုးလျက်ရှိသည်။ ကြက်သွန်စိုက်ပျိုးသူများ အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ချေးငွေများကို ပံ့ပိုးပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက် ဒေသများတွင် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို လေ့ကျင့်သင်ကြားပေးခြင်းများကို ပြုလုပ် ပေးလျက်ရှိသည်။

ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု အခြေအနေများဒေသတွင်းရောင်းဝယ်ဖောက်ကားမှုသည် စိုက်ပျိုးရေးတွင် အရေးပါသော အချက်တစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်ပြီး ဒေသတွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ ဈေးကွက်တွင် ကြက်သွန်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသည်။ ကြက်သွန်စိုက်ပျိုးသူတောင်သူများအတွက် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို သိရှိထားရန်အရေးကြီးသည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုအခြေအနေများသည် စိုက်ပျိုးသူတောင်သူများ၏ အကျိုး အမြတ်ကို သက်ရောက်မှုရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုအောင်မြင်စေနိုင်သည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု၏ အားသာချက်များမှာ ဝယ်လိုအားမြင့်မားခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်းနှင့် ကျေးလက်ဒေသများတွင် နေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့်အကျိုးအမြတ်များစွာရရှိစေသည်။ ဒေသတွင်းဈေးကွက်တွင် ကြက်သွန်၏ ဝယ်လိုအားနှင့် ဈေးနှုန်းများကို စုဆောင်းရမည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိရန်လည်း လိုအပ်သည်။ ဈေးကွက်သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက် များကိုမသိရှိခြင်းနှင့်  ဈေးကွက်တွင် မရောင်းချနိုင်ခြင်းများသည် စိုက်ပျိုးသူတောင်သူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။

ကြက်သွန်ကို ဒေသတွင်းဈေးများတွင် ရောင်းချနိုင်သလို နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနိုင်သည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိနိုင်ရန် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်သတင်း အချက်အလက်များကို စနစ်တကျစုဆောင်းထားရန်လည်း လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း     လေ့လာခြင်းနှင့်    စိုက်ပျိုးရေးနှင့်ပတ်သက်သော    သိလိုသည့်နည်းပညာများနှင့် အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Call Center သို့လည်း တိုက်ရိုက်မေးမြန်းနိုင်သည်။

ပန်းတိုင်အထွက်နှုန်း

“ပန်းတိုင်မရှိလျှင် လမ်းပျောက်” ဟူသည့်အဆိုအရ   ကြက်သွန်စိုက်ပျိုးရာတွင် ပန်းတိုင် အထွက်နှုန်းကိုလည်း သတ်မှတ်ထားရန်လည်း လိုအပ်သည်။  ပန်းတိုင်အထွက်နှုန်းသည် စိုက်ပျိုးသူ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာအသုံးပြုမှုနှင့် မြေအမျိုးအစားပေါ်တွင် မူတည်သည်။

ပန်းတိုင်အထွက်နှုန်းကိုရရှိရန်   စနစ်တကျစီမံခန့်ခွဲမှုများပြုလုပ်ရမည်။ ကြက်သွန်စိုက်ပျိုးရောင်းချခြင်း လုပ်ငန်းစဉ်များကို အဆင့်ဆင့် စနစ်တကျလုပ်ဆောင်ရမည်။ ကြက်သွန်စိုက်ပျိုးခြင်းသည် ကျေးလက်ဒေသများတွင် နေထိုင်သောလူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီး ပေးနိုင်သည်။

 ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် နိုင်ငံတော်မှပံ့ပိုးမှုများကို စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသော ကြက်သွန်စိုက်ပျိုးရေးသည် နောင်တွင်လည်း ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories

ဝင်းပပ(Horti)

cow
-

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော  မြန်မာနိုင်ငံ၏ စီးပွားရေးသည်  စိုက်ပျိုးရေးနှင့်   မွေးမြူရေးထုတ်ကုန်များပေါ်တွင်  အဓိကအခြေခံလျက်ရှိသည်။  ၂၀၁၇ ခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်များအရ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနည်းစနစ်များသည် လူမှုရေး၊ စီးပွားရေးတိုးတက်မှုကိုသာမက ထိုလူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာဖူလုံမှုကိုပါ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေအနက် ခန့်မှန်းခြေလူဦးရေ တစ်ဘီလီယံခန့်သည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ်တွင် မှီခိုနေရသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့်   ဝင်ငွေရရ

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော  မြန်မာနိုင်ငံ၏ စီးပွားရေးသည်  စိုက်ပျိုးရေးနှင့်   မွေးမြူရေးထုတ်ကုန်များပေါ်တွင်  အဓိကအခြေခံလျက်ရှိသည်။  ၂၀၁၇ ခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်များအရ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနည်းစနစ်များသည် လူမှုရေး၊ စီးပွားရေးတိုးတက်မှုကိုသာမက ထိုလူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာဖူလုံမှုကိုပါ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေအနက် ခန့်မှန်းခြေလူဦးရေ တစ်ဘီလီယံခန့်သည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ်တွင် မှီခိုနေရသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့်   ဝင်ငွေရရှိရန်အတွက် မွေးမြူထုတ်လုပ်မှုကို     တိုးမြှင့်ရန်လိုအပ်သည်။ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ နွားကောင်ရေစုစုပေါင်း ကိုးသန်းခန့်ရှိပြီး အမဲသားထုတ်လုပ်မှုမှာ မက်ထရစ်တန်  စုစုပေါင်း  တစ်သိန်းကျော်ရှိကြောင်း သိရှိရသည်။အမဲသားထုတ်လုပ်မှုကို ဒေသနွားမွေးမြူရေးမှ အဓိကထုတ်လုပ်လျက်ရှိသည်။ ထို့ကြောင့်  မြန်မာ့ဒေသနွားမွေးမြူရေးကို အသားစားနွားမျိုးများဖြင့် သားစပ်မျိုးမြှင့်တင်ပြီး မွေးမြူနိုင်ပါက အသားကဏ္ဍတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင်တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အသားကဏ္ဍအစားအစာဖူလုံပြီး ရေရှည်တည်တံ့ခိုင်မြဲသော မွေးမြူရေးစနစ်ထွန်းကားလာကာ မိသားစုဝင်ငွေလည်း တိုးတက်လာမည်ဖြစ်သည်။ ထိုသို့မြန်မာ့တိုင်းရင်းနွားများကို မျိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်သင့်လျော်သောနွားမျိုးများကို ရွေးချယ်ရန် လိုအပ်လာသည်။

မြန်မာ့ဒေသနွားအမျိုးအစားမှာ Asian Zebu (Bos  indicus)  နွားမျိုးများဖြစ်ကြပြီး ခိုင်းနွား အဖြစ် အများဆုံးမွေးမြူကြသည်။ မြန်မာနွားများသည် နေရာဒေသနှင့် အမွေးအရောင်ပေါ် မူတည်၍ အခေါ်အဝေါ်ကွဲပြားသွားကြခြင်းဖြစ်သည်။ မြန်မာ့နွားမျိုးများကို နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ ခေါ်ဆိုကြကြောင်းကိုလည်း စာအုပ်အကိုးအကားများအရသိရှိရသည်။  ထို့ပြင်  နေရာဒေသပေါ်မူတည်ပြီး နွားနီအုပ်စုတွင်  နွားနီ၊ နွားရွှေနီ၊ နွားကျစ်နီ၊ နွားနီထိပ်ကွက်၊ နွားဝါနီဟူ၍လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ သံရောင်ချိပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသံရောင်ဟူ၍လည်းကောင်း၊ နွားဖြူအုပ်စုတွင် စာဥ၊ စံပယ်ဖြူ၊ စံပယ်၊ စာဥဝါ၊ စာဥဝါကျား၊ စာဥထိပ်ကွက်၊ စာဥပြာ၊ စာဥအုန်းခွံဟူ၍လည်းကောင်းဒေသအလိုက်ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်။ မြန်မာတိုင်းရင်းနွားမျိုးများစွာထဲမှ ရွှေနီနွားမျိုးနှင့် ပြာစိမ်းနွားမျိုးတို့ကို အဓိကမွေးမြူကြသည်။  ပြာစိမ်းနွားမျိုးများသည် အိန္ဒိယနွားမျိုးနှင့် တိုင်းရင်းနွားမျိုးများ သားစပ်ခြင်းဖြင့် ရရှိလာသည့် နွားမျိုးဖြစ်ပြီး ရွှေနီနွားမျိုးသည် တိုင်းရင်းနွားမျိုးစစ်စစ်ဖြစ်ကြောင်း  စာတမ်းများအရသိရှိရသည်။ မြန်မာ့တိုင်းရင်းနွားမျိုးများသည်   မြန်မာနိုင်ငံဒေသတော်တော်များများ၏ ကြမ်းတမ်းသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသကဲ့သို့ ရောဂါပိုးမွှားဒဏ်ကိုလည်း   ခုခံနိုင်စွမ်း ရှိကြသည်။ မြန်မာနိုင်ငံတွင်  တိုင်းရင်းနွားများကို လယ်ယာများထွန်ယက်ရန်၊ ပစ္စည်းများသယ်ယူ ပို့ဆောင်ပေးရန်နှင့် အသားနှင့်နို့အတွက်သာမက နွားချေးများကိုလည်း  သဘာဝမြေသြဇာအဖြစ် အသုံးပြုရန်မွေးမြူကြသည်။

ထိုသို့  ဒေသနွားမျိုးများကို အလုပ်ကြမ်းခိုင်းရန်အတွက် အဓိကမွေးမြူကြသောကြောင့်  စားသုံးသူများအတွက် လိုအပ်သောအသားပမာဏနှင့် အရည်အသွေးကောင်းမွန်သော အသားကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ထုတ်လုပ်မှုကောင်းမွန်ပြီး အသားအရည်အသွေးကောင်းမွန်သော နွားမျိုးများကို  ထုတ်လုပ်နိုင်ရန်အတွက် မျိုးမြှင့်တင်ပြီး မွေးမြူရန်လိုအပ်သည်။ မွေးမြူရေးသုတေသနဦးစီးဌာနအနေဖြင့်လည်း မြန်မာ့တိုင်းရင်းနွားမျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး  အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ ပထမဦးဆုံးအဆင့်အနေဖြင့် မြန်မာတိုင်းရင်းနွားများကို မျိုးမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်နွားများရွေးချယ်ခြင်းသုတေသနကို ဆောင်ရွက်ခဲ့သည်။  ထိုသုတေသနတွင် ရွှေနီနှင့် ပြာစိမ်းတို့၏ Phenotypic လက္ခဏာများကို လေ့လာပြီး ထုတ်လုပ်မှုကောင်းမွန်သော  နွားမျိုးကိုရွေးချယ်ရန်အတွက်ဖြစ်သည်။   ထို့ပြင် Phenotypic သွင်ပြင်လက္ခဏာများကို လေ့လာခြင်းသည်   ဒေသတွင်းသာမက  နိုင်ငံတကာအဆင့် မျိုးရိုးဗီဇဆိုင်ရာ  စီမံခန့်ခွဲမှုများအတွက်ပါ  မရှိမဖြစ်လိုအပ်သော   အခြေခံလေ့လာမှုတစ်ခုဖြစ်လာနေသည်ကို တွေ့ရသည်။ မျိုးရိုးဗီဇဆိုင်ရာ စီမံခန့်ခွဲမှုများကို  ကျွမ်းကျင်စွာလုပ်ကိုင်နိုင်မှသာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

Phenotypic လက္ခဏာနှစ်မျိုးရှိပြီး အရည်အသွေးဆိုင်ရာလက္ခဏာများနှင့်  အရေအတွက်ဆိုင်ရာ လက္ခဏာများပင်ဖြစ်သည်။  အရည်အသွေးဆိုင်ရာ လက္ခဏာဆိုသည်မှာ   တိရစ္ဆာန်၏ပုံသဏ္ဌာန်၊ အရောင်နှင့်အသွင်အပြင် (ဥပမာ-အမွေးအရောင်၊ အမွေးအမျိုးအစား၊ ဦးချိုပုံသဏ္ဌာန်နှင့်  နားရွက်အရှည်) တို့ဖြစ်သည်။ အရေအတွက်ဆိုင်ရာ လက္ခဏာဆိုသည်မှာ အရည်အသွေးဆိုင်ရာ လက္ခဏာများထက် မွေးမြူထုတ်လုပ်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် တိရစ္ဆာန်၏ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အရွယ်အစားနှင့် အတိုင်းအတာများပင်ဖြစ်သည်။

သုတေသနပြုလုပ်ရာတွင် နေပြည်တော်ကောင်စီနယ်မြေမှ ပြာစိမ်းနွားမျိုးနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှရွှေနီနွားမျိုးတို့၏ အရည်အသွေးဆိုင်ရာလက္ခဏာ၊အရေအတွက် ဆိုင်ရာလက္ခဏာများနှင့်ပတ်သက်၍ အချက်အလက်များကောက်ယူခဲ့သည်။ ဤသုတေသနကို ပြုလုပ်ခြင်းအားဖြင့် ပွင့်ဖြူမြို့နယ်ရှိ  ရွှေနီနွားမျိုးများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ပြာစိမ်းနွားမျိုးများထက်ပိုကြီးပြီး ခန္ဓာကိုယ်အသားများသည်လည်း ပိုပြီးကျစ်လျစ်သန်မာကြောင်း လေ့လာသိရှိရသည်။

ထို့ကြောင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားအဖြစ် မျိုးမြှင့်တင်ပြီး မွေးမြူမည်ဆိုလျှင်  ရွှေနီနွားမျိုးများကို အသုံးပြုသင့်ကြောင်း လေ့လာသိရှိခဲ့ရသည်။ ထို့ပြင် မြန်မာ့တိုင်းရင်းနွား မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ထုတ်လုပ်နိုင်ရန် ပြင်ပသွင်ပြင်လက္ခဏာများကို လေ့လာခြင်းအပြင် မြန်မာ့တိုင်းရင်းနွားများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော မျိုးရိုးဗီဇလက္ခဏာများကိုလည်း လေ့လာရန်လိုအပ်သည်။

ခန္ဓာကိုယ်ကြီးထွားမှုနှင့်  သက်ဆိုင်သော  မျိုးရိုးဗီဇလက္ခဏာများကို သိရှိနိုင်ရန်အတွက် ခန္ဓာကိုယ်ကြီးထွားမှုနှင့်သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိ/မရှိကိုလည်း  မွေးမြူရေးသုတေသနဦးစီးဌာနတွင် ရှာဖွေဖော်ထုတ်ခြင်းကို သုတေသနပြုလုပ်ခဲ့သည်။ ထိုသို့သုတေသနပြုလုပ်ရာတွင်မြန်မာ့တိုင်းရင်းနွားမျိုးများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့ပြင်  မြန်မာတိုင်းရင်းနွားမျိုးများသည်ရာသီဥတုကြမ်းတမ်းမှုဒဏ်ကို ခံနိုင်သလိုအစားအစာကြမ်းတမ်းမှုဒဏ်ကိုလည်း   ခံနိုင်ရည်ရှိကြသည်။ မြန်မာတိုင်းရင်းနွားများသည်  လူတို့မစားသော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုးနှင့် မြက်များကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်ကြသည်။ ဖြည့်စွက်စာအဖြစ် ရာသီအလိုက်ပေါ်သော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မြေပဲဖတ်နှင့် ပြောင်းရိုးတို့ကိုကျွေးကြသည်။  အစာရှားပါးသောဒေသများတွင်  ထန်းသီးများကျွေးကြသလို ကောက်ရိုးချဉ်ဖတ်၊ မြက်ချဉ်ဖတ်နှင့် နှံစားပြောင်းချဉ်ဖတ်တို့ကိုကျွေး၍မွေးမြူကြသည်။    မြန်မာတိုင်းရင်းနွားများကို သေချာပြုစုစောင့်ရှောက်ပေးမည်ဆိုလျှင် တစ်နှစ်တစ်သားမွေးမြူနိုင်သောကြောင့် စီးပွားရေးအရ ပိုမိုဝင်ငွေရရှိနိုင်သည်။ မြန်မာတိုင်းရင်းနွားများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခွာနာလျှာနာရောဂါကာကွယ်ဆေး၊ ထောင့်သန်းရောဂါကာကွယ်ဆေးနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကိုလည်း ပုံမှန်ထိုးနှံပေးသင့်သည်။ မြန်မာတိုင်းရင်းနွားမျိုးများကို မျိုးမြှင့်တင်သားစပ်မည်ဆိုလျှင် နိုင်ငံခြားနွားမျိုးများဖြစ်သည့် ဘရာမန်(Brahman)နှင့်  အင်ဒိုဘရာဇီး (Indobrazil)  နွားမျိုးများကို အသုံးပြုနိုင်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာ့တိုင်းရင်းနွားများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော  မျိုးဗီဇများပါဝင်ပါကြောင်းနှင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားများအဖြစ် မျိုးမြှင့်တင်ပြီးမွေးမြူမည်ဆိုလျှင် ရွှေနီနွားမျိုးများသည်  ခန္ဓာကိုယ်ကျစ်လျစ်ပြီး အသားများသောကြောင့်  အသားစားနွားအဖြစ်ထုတ်လုပ်ရန်  ပိုမိုသင့်လျော်ကာမွေးမြူသူတောင်သူများအတွက်လည်း ဝင်ငွေများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

ပန်းလှိုင်(မွေးသု)

တောင်သူစီးပွားတိုးတက်ဖို့ နှမ်းသီးနှံကို စိုက်ကြပါစို့
-

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်း ဦးတည်ချက်များချမှတ်ဆောင်ရွက်နေသကဲ့သို့ သီးနှံများဓာတ်ကြွင်းအာနိသင်လျော့နည်းပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးမှုအာဟာရတန်ဖိုးများကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာစိုက်ပျိုးခဲ့သောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊  မိုးနှမ်း၊   ဆောင်းနှမ်း (မိုးနှောင်းနှမ်း)စသည်ဖြင့် တစ်နှစ်လျှင်   သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။  နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ဝါကဲ့သို့    ရွက်ပြန့်ပင်ဖြစ်ပြီး မြေနှင့် အစိုဓာတ်အပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေ အထိမြင့်နိုင်ပြီး အပူပိုင်းဒေသတွင်   ၃ ပေ  မှ  ၅   ပေ အထိရှိနိုင်ကြောင်း သိရသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး   ဆုံးရှုံးမှုလည်းနည်းပါးကာ ငှက်၊ ကြွက် စသည့်အကောင်များ၏  ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့်ပိုးများကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော   ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ   ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။  နှမ်းသီးနှံသည်  ဆီထွက်သီးနှံစိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများအလွယ်တကူစိုက်ပျိုးနေသည့် သီးနှံဖြစ်သည်။ နှမ်းသည် ဆီထွက်သီးနှံစိုက်ဧရိယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့်  နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့်  ဒေသများတွင် တစ်ဧကတင်း  ၂၀  ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်ချက်ထားရှိ၍  အလေးထားစိုက်ပျိုးရန် လိုအပ်ကြောင်းတိုက်တွန်းလိုသည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်ရှိ စိုက်ပျိုးမြေအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၇၁  ရာခိုင်နှုန်းကျော်သည်  မိုးနှမ်းသီးနှံစိုက်ဧရိယာများဖြစ်သည်။ သို့ဖြစ်ပါ၍   မကွေးတိုင်းဒေသကြီး   ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ပြီး  ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ  ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့်  ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍  အရည်အသွေးကောင်းမွန်သော နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊    ပြည်ပပို့ကုန် ဈေးကွက်ကောင်းရရှိသည့်    နှမ်းမျိုးသန့်များ အာဟာရတန်ဖိုးမလျော့ကျစေရေးနှင့် ဓာတ်ကြွင်းအာနိသင်မရှိစေရေး၊ နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  တောင်သူများသိရှိလိုက်နာလာစေရန်၊ တောင်သူများ၏ သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုအပေါ် သိပ္ပံနည်းကျလေ့လာသုံးသပ်၍  ခေတ်မီနည်းပညာများလိုက်နာကျင့်သုံး လာစေရန်၊   တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ပြီး စိုက်ပျိုးရေးကဏ္ဍများ  ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောသူများလည်း ကျယ်ပြန့်စွာပါဝင်ဆောင်ရွက်လာခြင်းဖြင့်  တန်ဖိုးမြှင့်ထုတ်ကုန်များအထိ တိုးတက်ထုတ်လုပ်နိုင်စေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။

တောင်သူများအနေဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်၍   အရည်အသွေးကောင်းမွန်ပြည့်ဝပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန်  အောက်ပါနည်းပညာများကို   ကျင့်သုံးဆောင်ရွက်သင့်ကြောင်း  အကြံပြုတိုက်တွန်းလိုသည်။နှမ်းသည် ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သောမြေမျိုး၊ မစေးလွန်းမဖွယ်လွန်းသောမြေမျိုးနှင့်  မချဉ်လွန်းမငန်လွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အစိုဓာတ်ထိန်းသိမ်း၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်သည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်သည်။

နှမ်းသည် မြေ၏ အပူချိန် ၇၀° F / ၂၁°C ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀°F / ၂၆°C ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးသည်။ နှမ်းမှာမိုးရေချိန်လက်မ ၂၀ ခန့်ကို ညီညွတ်မျှတစွာရပါက လုံလောက်သည်။ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်သည်။မိုးကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင် တစ်ကြိမ်၊  စိုက်ပြီး အပင် ၄ - ၆ လက်မရှိချိန်  သို့မဟုတ်  ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင် တစ်ကြိမ် စုစုပေါင်း ရေသုံးကြိမ်ပေးသွင်းသင့်သည်။ စိုထိုင်းဆအနေဖြင့် ၇၀ ရာခိုင်နှုန်းအောက်ကျပါက အပွင့်အောင်မြင်မှုနည်းသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ  ၄၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်သည်။လက်ရှိစိုက်ပျိုးလျက်ရှိသောနှမ်းမျိုးများမှ  ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်း   ကွဲပြားလျက်ရှိသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြသည်။

နှမ်းလျင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီ-မတ်လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် မေ-ဇွန်လတွင်စိုက်ပျိုးနိုင်သည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ - နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ အသက်ရက်မှာ ၇၅ - ၉၀ ရက်ခန့်ရှိသည်။နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် ဩဂုတ် - စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ နေ့တာတုံ့ပြန်မှုရှိသဖြင့် အခြားအချိန်တွင်  စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်မှာ ၁၂၀-၁၃၅ ရက်ခန့်ရှိသည်။ သက်လျင်  သက်ရက် ၆၀-၇၀၊ သက်လတ်သက်ရက် ၈၀-၉၀၊ သက်ကြီးသက်ရက် ၁၂၀-၁၅၀ ဟူ၍လည်း သက်ရက်အလိုက်  နှမ်းမျိုးအုပ်စုသုံးမျိုးခွဲခြားကြသည်။

မြန်မာနိုင်ငံတွင်  လက်ရှိစိုက်ပျိုးနေသော   နှမ်းမျိုးများ၏အများစုမှာ   ကိုင်းဖြာသောမျိုးများဖြစ်ကြသည်။ တစ်ပင်တိုင်ကိုင်းမဖြာမျိုးအချို့လည်းရှိသည်။နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှ တိုးထွက်နိုင်ရန်  ထွန်ရေးညက်ရန်လိုသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန်လိုအပ်သည်။ မိုးဦးစိုက်ပျိုးပါက သင်္ကြန်မတိုင်မီ  မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန်လိုအပ်သည်။ ထယ်ရေးနက်နက်ရရှိစေရန်သုံးသွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်သည်။သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကျမ်းတုံးဖြင့် ဖုံးဖိထားရမည်။ ဒလိမ့်တုံး၊ ဓားကျမ်းတုံးများကိုသုံး၍လည်း ထယ်ခဲခြေပေးပြီး ထွန်ရေးပြုပြင်နိုင်သည်။

နှမ်းစိုက်ရန်အတွက်   သင့်လျော်သည့်အတန်းအကွာအဝေးမှာ   တစ်ပင်တိုင်မျိုးအတွက်  ၂၁ လက်မ၊ ကိုင်းဖြာမျိုးအတွက် ၁၅ လက်မဖြစ်သည်။ ပင်ကြားမှာ ၄ လက်မဖြစ်သည်။  မြေသန်လျှင် ၁၈ လက်မအတန်း စိုက်ပျိုးနိုင်သည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုသည်။  ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ဘဲ  အပင်ပေါက်ညံ့မည်ဖြစ်သည်။ တစ်ဧကလျှင် မျိုးစေ့  ၂-၄ ပြည်အထိ  အသုံးပြုနိုင်ပြီး အသင့်လျော်ဆုံးအပင်ဦးရေမှာ တစ်သိန်းခွဲခန့် လိုအပ်သည်။

နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊  အပင်ပေါက်နှုန်းကောင်းရန်၊  အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါများကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုရန်လိုအပ်မည်ဖြစ်သည်။ နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း  မိုးမိသွားလျှင် ထိပ်တင်း၍နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းနိုင်ဘဲနေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင် ထွန်သွားချွန်ချွန်တပ်ဆင်၍  ကန့်လန့်ဖြတ်ဖွင့်ပေးရမည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍  အထွက်ကောင်းမည်ဖြစ်သည်။ စိုက်တန်းအတွင်း    မျိုးစေ့ချရမည့်   အကွာအဝေးမှာ  ၃ - ၅ လက်မဖြစ်ပြီး  တစ်ကြိမ်မျိုးစေ့ချလျှင် ၁၀ စေ့ခန့်ချပေးရန်လိုအပ်သည်။ မျိုးစေ့များ  မြေတွင်းချပေးရမည့်အနက်မှာ ၁-၂- ၃-၄ လက်မခန့်ဖြစ်သည်။နို့ဆီဘူးအောက်ခြေတွင် ၃ လက်မ သံချောင်းဖြင့် အပေါက်တစ်ပေါက်ဖောက်ပြီး မျိုးစေ့ချကိရိယာအဖြစ်လည်းအသုံးပြုနိုင်သည်။  ထွန်ကြောင်းခံလက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်သည်။

နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့်မျိုးစေ့များမြေကြီးထဲနက်နက်ချထားပါက မတွန်းကန်နိုင်ဘဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးပေးရန်လိုအပ်သည်။   အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့်  ပေါင်းရှင်းရလွယ်ကူခြင်း၊ ပင်ကြားတန်းကြား  ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရလွယ်ကူခြင်း၊  လေဝင်လေထွက်ကောင်းမွန်စေခြင်း၊  ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင်လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုစေသည်။ ၁၅ ရက်သားတွင်တစ်ကြိမ် ၃၅ ရက်သားတွင် တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန်လိုအပ်သည်။ပေါင်းမြက်ကင်းစင်လေ အထွက်ကောင်းလေဖြစ်သည်။  လက်ပေါင်းမရှင်းပါက   အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်သည်။ ၁၅ ရက်သားတွင်  လက်ပေါင်းမလိုက်မီ အပင်ငယ်များကို လေးသွားထွန်ဖြင့်မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကိုဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး သုံးကြိမ်ခန့် ကြားထွန်လိုက်ပေးရမည်။

နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းကင်းစေရန်  အပင်ခြေအထိကပ်၍ ကြားထွန်လိုက်ပေးရန်လိုအပ်သည်။ နှမ်းကိုအပူပိုင်းဒေသများတွင်စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးသည်။ အစိုဓာတ်နှင့် အာဟာရကို ပေါင်းမြက်များကလုယူစားသုံးခြင်းမှကာကွယ်ရန်အတွက် အပင်ငယ်စဉ်ကပင် ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်သည်။

နှမ်းအထွက်ကောင်းစေရန်   မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေးလှည်းအစီး ၅ - ၁၀ စီးခန့်ထည့် ပေးရန်လိုအပ်သည်။ မြေဆီလွှာကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍    စိုက်ပျိုးရာသီတစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို   အချိုးညီအချိန်ကိုက်ကျွေးသင့်သည်။  မြေဩဇာအသင့်အတင့် ကြွယ်ဝသောမြေအတွင်း (၂၆:၁၃:၇) (နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်း ထားသုံးသင့်သည်။

အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အထွက်ကောင်းစွာမရရှိစေသဖြင့် ထည့်သွင်းနည်းမှန်ကျင့်သုံးရန်လိုသည်။ မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ ပိုမိုစိုက်ပျိုးကြသဖြင့် နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို မစိုက်မီ ၇-၁၀ ရက်ခန့် ကြိုတင်၍ထည့်ပေးရန်လိုသည်။မြေဩဇာများကို ကြိုတင်ထည့်ပေးခြင်းဖြင့် စိုက်ချိန်၌အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်သည်။နှမ်းသီးနှံတွင် အထွက်နှုန်းကိုထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ဖြစ်ကြသည်။

အပင်ငယ်စဉ်ကျရောက်မည့် စုပ်စားပိုးများအတွက်  မျိုးစေ့လူးနယ်ဆေးက  ကာကွယ်ပေးမည်ဖြစ်ပြီးသက်ရက် ၂၅ - ၃၀ ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း၊ ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေအထူးကာကွယ်ရန်လိုအပ်သည်။

နှမ်းဖိုရောဂါကျရောက်ပါက  အရွက်သေးငယ်ခြင်း၊  ဆစ်ကြားတိုခြင်း၊   ကြားဖူးများမှ  မူမမှန် ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ  အစိမ်းရောင်ဖြစ်ခြင်းတို့ကိုတွေ့ရှိနိုင်သည်။

နှမ်းရိုးမည်းရောဂါသည်  ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်သည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ်  စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်းဖွာလန်၍လာသည်။ ယင်းတစ်သျှူးသားပေါ်တွင် ခပ်မည်းမည်းအဖုလေးများဖြစ်ပေါ်လာသည်။  ထိုအချိန်တွင် နှမ်းပင် ခြေရင်းတွင် လုံးဝမည်းနက်ပြီး အပင်အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာညှိုးစပြုလာသည်။ နောက်ဆုံး တစ်ပင်လုံးမည်းခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကို  ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။

အထွက်နှုန်းလျော့နည်းရသည့်   အဓိကအကြောင်းရင်းဖြစ်သည့်  အောက်သီးများကွဲခြင်းမဖြစ်စေရန် မျိုးအလိုက်အသီးပီပြင်သည့် အဖျားသီးများခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် သို့မဟုတ် နှမ်းပင်အရွက်များဝါလာလျှင် ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းပြီးနောက်  ထွာဆိုင်ခန့်စည်းပြီး  ဖိုခုံလောက်ဆိုင် အစည်းများထောင်၍နေလှန်းပေးရမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက   အစည်းကိုဇောက်ထိုးထားပြီး သန့်ရှင်းစင်ကြယ်သော စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍ အစေ့ခြွေခြင်းပြုလုပ်နိုင်သည်။ သန့်စင်ပြီးနှမ်းစေ့များအား  အစိုဓာတ်  ၉ ရာခိုင်နှုန်း ရှိအောင်လှန်းပြီး အလုံပိတ်ထားသောပုံးများ၊ သိုလှောင်အိတ်များ၊  ပုတ်များဖြင့်သိုလှောင်ရမည်ဖြစ်သည်။မြေ၊ မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် တင်း  ၃၂၀ အထိထွက်ရှိနိုင်သည်။ နှမ်းတစ်တင်းမှ နှမ်းဆီခြောက်ပိဿာထွက်ရှိသည်။ နှမ်းသီးနှံမှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်သည်။

နှမ်းကိုစားသုံးခြင်းဖြင့် ဆံသားကျန်းမာခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်စေခြင်း၊  အရေပြားကျန်းမာခြင်း၊ သွားကျန်းမာခြင်း၊ အစာခြေလွယ်စေခြင်း၊ စွမ်းအင်ရရှိစေသော အရင်းအမြစ်ဖြစ်ခြင်း၊ သွေးဖိအားထိန်းပေးခြင်း၊ အရိုးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းကိုသက်သာစေခြင်း၊ Unsaturated Fats ကြွယ်ဝခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်လည်း ဖော်ပြပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ဆက်တိုက်  ဓာတုဓာတ်ကြွင်းကင်းစင်၍  အရည်အသွေးပြည့်ဝပြီး ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှမ်းနီ ၂၅/၁၆၀၊ မကွေးဖြူ၊ စမုန်နက်၊ ဆင်းရတနာ -၅၊ ဆင်းရတနာ - ၃ စသည့်မျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် နှမ်းစိုက်ဧက၅၅၅၂၆ စိုက်ပျိုးပြီး တစ်ဧကလျှင် ၆ ဒသမ  ၉၁ တင်းနှုန်းဖြင့်  ၃၈၃၆၇၄ တင်း ထွက်ရှိပြီးပန်းတိုင်ဧက ၅၀၀၀ တွင်  ၂၀  ဒသမ   ၂၀ တင်းနှုန်းဖြင့် ၁၀၁၀၀၀  တင်း  ထွက်ရှိကာ  ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ဧက ၅၅၇၀၉ စိုက်ပျိုးပြီး တစ်ဧကလျှင်  ၉ ဒသမ ၄၈ တင်းနှုန်းဖြင့်  ၅၂၈၀၀၀ တင်းထွက်ရှိပြီး ပန်းတိုင်ဧက ၅၅၀၀ တွင်  ၂၀ ဒသမ  ၄၅ တင်းနှုန်းဖြင့်  ၁၁၂၅၀၀ တင်းထွက်ရှိသည်အထိ ဖြစ်ထွန်းအောင်မြင်ပြီး ဒေသတွင်းကြိတ်ခွဲ၍လည်းကောင်း၊ အခြားဒေသများသို့ တင်ပို့ရောင်းချ၍လည်းကောင်း  ဆောင်ရွက်လျက်ရှိပြီး တောင်သူများဝင်ငွေတိုးပွား၍ ပြုံးပျော်ရွှင်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို   အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီး   ကောင်းမွန်ခိုင်မာသော   ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော သီးနှံထုတ်ကုန်များထွက်ရှိရေးအတွက် တောင်သူများ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့်  ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများအားလုံး  စီးပွားရေးများတိုးတက်အောင်မြင်ပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံးကြစေရန်   ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

ဝါဆို(ဂန့်ဂေါ)

မြေပဲသီးနှံအထွက်တိုးရေးအတွက် ဂရုပြုဆောင်ရွက်သင့်သည့်အချက်များ
-

မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး   ၂၀၂၃-၂၀၂၄  ခုနှစ်   ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ  ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့်   မြေပဲသီ

မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး   ၂၀၂၃-၂၀၂၄  ခုနှစ်   ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ  ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့်   မြေပဲသီးနှံမှဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်းဆီထွက်ရှိမှု၏ ၅၂ ဒသမ ၄၁ ရာခိုင်နှုန်း ထွက်ရှိခဲ့သည်။

မြေပဲသီးနှံသည် တစ်နှစ်ခံပဲမျိုးရင်းဝင်ပင်ဖြစ်ပြီး မြေပဲမျိုးကွဲများသည် စိုက်ပျိုးသည့်ဒေသအလိုက် ကွဲပြားလေ့ရှိပြီး အဓိကအားဖြင့် ပင်ထောင်မြေပဲမျိုးနှင့် ပင်ပြန့်မြေပဲမျိုးဟု ခွဲခြားထားသည်။ ပင်ထောင်မျိုးသည် ဘေးကိုင်းများထောင်၍ အပင်အမြင့်မှာ ၁၂ လက်မခန့်ရှိပြီး  ပင်စည်တွင် ပန်းပွင့်၍ သီးတောင့်နှစ်ဆစ်ပါပြီး သီးတောင့်တိုမျိုးဖြစ်သည်။ ပင်ပြန့်မျိုးတွင် ဘေးကိုင်းများသည် မြေတွင်ကပ်၍ ကြီးထွားပန်းပွင့်ပြီး အပင်သိပ်မမြင့်ဘဲ သီးတောင့်အဆစ်မှာ    ၂ - ၄ ဆစ်အထိရှိပြီး အတောင့်ကြီးမျိုးဖြစ်သည်။

မြေပဲစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြားဆီထွက်သီးနှံများထက်များလာခဲ့သော်လည်း မြေပဲစိုက်ပျိုးထုတ်လုပ်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။   ယခုအချိန်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး နိုင်ငံခြားမှ သွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ဆီထွက်သီးနှံအထွက်တိုးရေးအတွက် ဆီထွက် သီးနှံဇုန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တောင်သူများသည် ဆီထွက်သီးနှံများအထွက်တိုးရေးကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ရေးတို့သည် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်လာသည်။

ရာသီဥတု

မြေပဲသီးနှံသည် အပင်အညှောက်ပေါက်သည်မှ ရိတ်သိမ်းချိန်အထိ မျိုးကွဲအလိုက် အသက် ရက် ၁၁၀ - ၁၃၀ ခန့်ရှိပြီး တစ်နှစ်မိုးရွာသွန်းမှု ၂၀ - ၃၉  လက်မ စိုက်ပျိုးနိုင်သော်လည်း မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်အတွက် မိုးရေချိန် ၁၂ - ၁၆ လက်မ ရွာသွန်းသည့်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်သည် မြေပဲစိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း မြေပဲပန်းပွင့်ခြင်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး သီးနှံအထွက်နှုန်းကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံကြိုက်နှစ်သက်မှုမရှိသည့် ရာသီဥတုအခြေအနေများကိုလည်း ရှောင်လွှဲပြီး စိုက်ပျိုးမည့်ရာသီချိန်ကို သေချာစွာဂရုပြုရွေးချယ်သင့်သည်။

မြေအမျိုးအစား

မြေပဲသီးနှံသည် ရေစိမ့်ဝင်အားကောင်းပြီး မြေသားပွရွ၍ ကယ်စီယမ်နှင့် မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြေပဲပင်များကောင်းစွာကြီးထွားပြီး မြေပဲစွယ်များမြေထဲသို့ လွယ်ကူစွာထိုးဝင်နိုင်ရန်နှင့် ရိတ်သိမ်းရာတွင် မြေပဲတောင့်များ မြေထဲတွင်ကျန်ရစ်နိုင်မှု နည်းပါးစေရန်အတွက် မြေပဲစိုက်ပျိုးသည့်မြေသည် မြေမှုန်ဖွဲ့စည်းမှုအသွင်အပြင်နှင့် မြေမှုန်ဖွဲ့စည်းမှုကောင်းမွန်ရန် လိုအပ်သည်။ မြန်မာနိုင်ငံရှိ မြေပဲစိုက်ပျိုးရာဒေသများတွင် သဲနုန်း၊ နုန်းမြေ၊ နုန်းမြေစေးနှင့် သမမြေစေး စသည့်မြေများတွင်   စိုက်ပျိုးလျက်ရှိသော်လည်း ရွှံ့စေးမြေများတွင်စိုက်ပျိုးပါက နုတ်သိမ်းရာတွင် အခက်အခဲရှိသဖြင့် ရွှံ့စေးများတွင် မြေပဲစိုက်ပျိုးရန် မသင့်လျော်ပါ။ မြေပဲသီးနှံကို အနည်းငယ်စေးသောမြေများတွင် မြေပဲစိုက်ပျိုးပါက သဘာဝမြေဆွေးများနှင့်ရောမွှေ၍ ထွန်ရေးမှုန့်ညက်အောင် ပြုပြင်ဆောင်ရွက်သင့်သည်။ မြေပဲသီးနှံအား  မြေချဉ်ငန်ကိန်း   ၆ - ၆ ဒသမ ၅   တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။

စိုက်ပျိုးချိန်မြေပဲအစေ့အဆန်သည် အခြားဆီထွက်သီးနှံများထက် အစေ့အရွယ်အစားပိုကြီးသဖြင့် မြေပဲပင်မျိုးအညှောက်ပေါက်ရန်အတွက် အခြားသီးနှံများထက် အစိုဓာတ်ပိုမိုလိုအပ်သည်။ မိုးမြေပဲအား မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲအား အထက်မြန်မာပြည်တွင် စက်တင်ဘာလ၌ စိုက်ပျိုးကြပြီး ကိုင်းမြေကျွန်းမြေ၊ နုန်းတင်မြေနုမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးစိုက်ပျိုးအပြီးတွင် စိုက်ပျိုးကြသည်။

မြေပြုပြင်ခြင်း

မြေပဲသီးနှံကို ယာသီးနှံများအဖြစ်စိုက်ပျိုးကြရာတွင် မိုးရေများစိမ့်ဝင်ပြီး အစိုဓာတ်ထိန်းထားရန်အတွက် မိုးကြိုထယ်ရေးကြိုတင်ဆောင်ရွက်ထားသင့်သည်။ ထိုသို့ထယ်ရေးပြင်သည့်အခါ သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များကို မီးမရှို့ဘဲ မြေထဲသို့ပြန်ထည့်ခြင်းဖြင့် မြေဆွေးဓာတ်ရရှိစေပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုင်းမြေများနှင့် လယ်သီးထပ်စိုက်သောမြေများတွင် ထယ်ရေးကောင်းစေရန်အတွက် ပထမအကြိမ်ထယ်ထိုးပြီး ကျမ်းတုံးရိုက်ကာ  တစ်ညသိပ်ထားပြီးသည့်နောက် ထွန်မွှေခြင်းသည်လည်း မြေတွင်းအပူချိန်နှင့်    အစိုဓာတ်များထွက်ရှိလာမှုတို့ကြောင့်မြေသားမွလာပြီး ထယ်ရေးကောင်းစေမည်ဖြစ်သည်။ မြေမာကြော( Hard pan)ဖြစ်ပေါ်တတ်သည့် သဲမြေများတွင် မြေပဲစိုက်ပျိုးပါက မြေပဲပင်အမြစ်များသည် မြေမာကြောကို မထိုးဖောက်နိုင်ဘဲ အပေါ်ယံမြေရှိ အစိုဓာတ်နှင့်အာဟာရဓာတ်ကိုသာစုပ်ယူနိုင်ပြီး မြေမာကြောအောက်ရှိအစိုဓာတ်နှင့် အာဟာရဓာတ်များကို မစုပ်ယူနိုင်သည့်အတွက် မြေပဲအထွက်နှုန်းကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့်  မြေပဲသီးနှံစိုက်ပျိုးရာတွင် မြေသားမွပြီး ရေနှင့်အာဟာရဓာတ်စုပ်ယူမှုကောင်းစေရန်အတွက် ထယ်ရေးနက်နက် ပြုပြင်ခြင်းအားဖြင့် မြေပဲသီးနှံအထွက်တိုးရေးကို ဆောင်ရွက်သင့်သည်။

မျိုးရွေးချယ်ခြင်း

မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အရည်အသွေးကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသည့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မျိုးစေ့အဆန်ရွေးချယ်ရာတွင် မျိုးစေ့အဆန်ကွဲများ၊ လုံးပိန်လုံးညှက်များကိုဖယ်ရှား၍ မျိုးစေ့လုံးချောများကိုသာ   ရွေးချယ်စိုက်ပျိုးသင့်သည်။ လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် မြေပဲမျိုးများမှာ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ SP-121၊ တွန်တာနီ၊ မကွေး-၁၀၊ မကွေး-၁၁၊ မကွေး-၁၂ နှင့်  ကျောင်းကုန်းပင်ပြန့်တို့ဖြစ်သည်။ မြေပဲသီးနှံသည် ပဲမျိုးရင်းဝင်အပင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများထွက်ရှိပြီး လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်ရန်အတွက် မြေပဲမျိုးဆန်များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ ထို့ပြင် အပင်ပေါက်အားကောင်းစေရန်နှင့်  မှိုနှင့်ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေးအတွက် မျိုးဆန်အား မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရန် လိုအပ်သည်။

စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းမြေပဲသီးနှံအထွက်တိုးရေးတွင် တစ်ဧကသတ်မှတ်အပင်ဦးရေဝင်ဆံ့မှုသည် အရေးကြီးသည်။ ထို့ကြောင့် သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရာတွင် လွယ်ကူစေရန်အတွက် မြေပဲအားကြဲပက်စိုက်ပျိုးခြင်းထက် အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပင်ထောင်မြေပဲအား ပင်ကြား၊ တန်းကြား ၁၅"x ၄"နှင့် ပင်ပြန့်မြေပဲကို ပင်ကြား၊ တန်းကြား ၁၈" x ၆"ဖြင့် မျိုးစေ့အား ၁ ဒသမ ၅ လက်မ အနက်ထား၍ တစ်ဧကလျှင် မြေပဲမျိုးတောင့် ၆-၈ တင်း စိုက်ပျိုးသင့်သည်။ မြေပဲစိုက်ပျိုးရာတွင် အပူချိန်များ၍ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် နံနက်စောစောမှ နံနက် ၁၀ နာရီခွဲအထိနှင့် ညနေ နေကျချိန် ၄ နာရီနောက်ပိုင်းတွင်သာ စိုက်ပျိုးသင့်သည်။ ထို့ပြင် မြေပဲမျိုးစေ့ဆန်မျိုးစေ့ချပြီးပြီးချင်း (သို့) နာရီဝက်အတွင်း ကျမ်းတုံးရိုက်၍ ဖုံးအုပ်ရန်လိုအပ်သည်။ မြေပဲစိုက်ပျိုးရာတွင် အစိုဓာတ်အုပ်မိစေရန်၊ သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရန်နှင့် မျိုးစေ့နှုန်းထားသက်သာစေရန်အတွက်    လက်ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာကိုအသုံးပြု၍ စိုက်ပျိုးသင့်သည်။

မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈-၁၀ ပတ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီးသီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံးကာလများဖြစ်သည်။  ထို့ကြောင့်  ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင်ဆောင်ရွက်ပေးခြင်းသည် မြေပဲသီးနှံအထွက်တိုးစေနိုင်မည်ဖြစ်သည်။

မြေပဲသီးနှံစိုက်ပျိုးရာတွင် ပေါင်းမြက်နှင့် ပိုးမွှားရောဂါကြောင့် သီးနှံအထွက်ထိခိုက်စေနိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်သည်။ မြေပဲစိုက်ပျိုးပြီး ၄ - ၅ ရက်သားတွင် စိုက်ပျိုးမြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်း၍ မြေတွင်းအပူချိန်လျော့နည်းပြီး အစာရေစာချက်လုပ်မှုအားကောင်းစေရန် မျိုးအညှောက်ကုန်းချိန် ကြားတိုက်ပေးရန်လိုအပ်သည်။ ထို့ပြင်  ကြားတိုက်ခြင်းအားဖြင့် တန်းကြားတွင်ပေါက်ရောက်နေသည့် ပေါင်းမြက်များကို ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေသည်။ လေ့လာတွေ့ရှိချက်များအရ မြေပဲသီးနှံအတွက် ပေါင်းမြက်ကင်းစင်ရန်ကာလသို့မဟုတ်လက်ပေါင်းရှင်းသင့်သည့်အချိန်မှာ စိုက်ပျိုးပြီး ၁၀ - ၂၀ ရက်သားတွင် အလေးပေးဆောင်ရွက်သင့်သည်။ လက်ပေါင်းလိုက်ခြင်းအပြင် ဓာတုပေါင်းသတ်ဆေးများကိုလည်းအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။

ယာသီးနှံများစိုက်ပျိုးရာတွင် မြေကြီးအစိုဓာတ်ထိန်းရန်နှင့် သီးနှံပင်အတွက်သစ်ဆွေးဓာတ်များရရှိစေရန်အတွက် သဘာဝမြေဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် တင်း ၂၀ ပါ လှည်းငါးစီးမှခြောက်စီးနှုန်းကို နှစ်စဉ်ထည့်ပေးသင့်သည်။ မြေပဲသီးနှံသည် ပဲမြစ်ဖုဗက်တီးရီးယား (Rhizobium) ၏အစွမ်းဖြင့် လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမျိုးရင်းဝင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများဖြစ်ပေါ်ရန်အတွက် နိုက်ထရိုဂျင်မြေဩဇာအား  သီးနှံစိုက်ပျိုးချိန်တွင် ထည့်သွင်းပေးသင့်

သည်။ ပဲမြစ်ဖုများမှ ဖမ်းယူပေးသော  နိုက်ထရိုဂျင်သည် သီးနှံပင်လိုအပ်သည့် နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းကို သာရရှိနိုင်သဖြင့် မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင်မြေဩဇာထည့်သွင်းပေးခြင်း အားဖြင့် သီးတောင့်အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်သည်။ မြေပဲပန်းတိုင်သီးနှံ အထွက်တိုးရန်အတွက် ယူရီးယား တစ်ဧက ၁၉ ကီလိုဂရမ်အား မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်းပေးသင့်သည်။

 မြေပဲမြစ်ဖုများများထွက်စေရန်နှင့် မြေပဲအတောင့်များဖြစ်ပေါ်စေရန်အတွက် တစ်ဧကလျှင် တီစူပါ ၃၈ ကီလိုဂရမ်နှုန်းနှင့်  မြေပဲသီးနှံပင်များ အစာချက်လုပ်ရန်နှင့် အတောင့်ကြီးထွားစေရန် ပိုတက်မြေဩဇာအား တစ်ဧက ၁၉ ကီလိုဂရမ်တို့အား မြေပြုပြင်ချိန်တွင် ထည့်သွင်းပေးသင့် သည်။ မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆမ်ကျောက်မှုန့်အား ထည့်သွင်းပေးခြင်းအားဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင်လိုအပ်သည့် ကယ်စီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဂျစ်ပဆမ် ကျောက်မှုန့်အား စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၁၁၄-၁၃၆ ကီလိုဂရမ်အား ထည့်သွင်း ပေးသင့်သည်။

သို့ရာတွင် ဂျစ်ပဆမ်ကျောက်မှုန့်ထည့်သွင်းချိန်တွင် အစိုဓာတ်လုံလောက်ရန်လည်း အရေးကြီးသည်။

လေ့လာတွေ့ရှိချက်များအရ ပိုးမွှားရောဂါကျရောက်မှုကြောင့် နှစ်စဉ်သီးနှံ၏အထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်ပြီး မိုးမြေပဲတွင် ပင်ငယ်စဉ်တွင် ဖိုးလမင်းကျိုင်း၊ ခြ၊ ရွက်လိပ် ရွက်ကပ်ပိုးနှင့် စုပ်စားပိုးများကျရောက်တတ်ပြီး ဆောင်းမြေပဲတွင် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှောင်တောင်နှင့် ရွက်စုံစားခူများ ကျရောက်တတ်သည်။ မြေပဲသီးနှံသည် ရောဂါကျရောက်မှုများသော သီးနှံဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မြေပဲရွက်ပြောက်ရောဂါ၊ ပင်စည်ရင်းပုပ်၊ ပင်စည်ပုပ်နှင့် သံချေးရောဂါများ ကျရောက်ကြောင်းတွေ့ရှိရသည်။ မြေပဲရွက်ပြောက်ရောဂါကာကွယ်ရန်အတွက် သီးနှံပင်မြေပဲပင်အကြွင်းအကျန်များကို မီးရှို့ခြင်း၊ အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးဖျန်း၍ ကာကွယ်သင့်သည်။ မြေပဲအညွန့်ပုပ်( Aspergilus crownrot)၊ ပင်စည်ရင်းပုပ်နှင့် အပင်ပေါက်လောင်မီးရောဂါတို့သည် မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မြေပဲပင် သက်တမ်းတစ်လျှောက် ကျရောက်နိုင်သဖြင့် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် သေချာစွာ လူးနယ် စိုက်ပျိုးသင့်သည်။

မြေပဲအထွက်နှုန်းလျော့နည်းမှုမဖြစ်စေရန်အတွက် ရိတ်သိမ်းချိန်တွင် ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည်။ မျိုးကွဲအလိုက်သက်တမ်းအလိုက် မြေပဲရွက်များ အဝါရောင်သို့ပြောင်းသည့်အချိန်တွင် အပင်အချို့အားနုတ်ယူ၍ မြေပဲတောင့်ရင့်မှည့်မှုအား စစ်ဆေးရ မည်ဖြစ်သည်။ မြေပဲအတောင့် ၇၀ ရာခိုင်နှုန်းနှင့်အထက် ရင့်မှည့်ပါက မြေပဲအား ရိတ်သိမ်းရန် လိုအပ်သည်။ မရင့်မှည့်သေးသည့် မြေပဲအတောင့်အနုများကို စောင့်ဆိုင်းခြင်းဖြင့် ရင့်မှည့်ပြီး မြေပဲတောင့်များ အဆန်များကွဲထွက်၍ ဆုံးရှုံးစေနိုင်သဖြင့် ရိတ်သိမ်းရန်စစ်ဆေးခြင်းအား တောင်သူ များဂရုပြု၍ ဆောင်ရွက်သင့်သည်။ ရိတ်သိမ်းပြီးသည့်အခါ မြေပဲအတောင့်ခူးဆွတ်ခြင်းအား အလျင်အမြန်ဆောင်ရွက်နိုင်ရန် ရိတ်သိမ်းပြီး မြေပဲပင်များအား ခုနစ်ရက်ခန့်နေလှန်း၍ အသီးတောင့် ခြွေခြင်းများပြုလုပ်သင့်သည်။ ခူးဆွတ်ပြီးမြေပဲတောင့်များသိုလှောင်ရာတွင် မှိုကြောင့် အတောင့်များ မပုပ်စေရန်အတွက် မြေပဲအတောင့်အား အစိုဓာတ် ၆-၈ ရာခိုင်နှုန်းမှာ လေလုံအိတ်/ခွက်များ အတွင်း သိမ်းဆည်းသိုလှောင်သင့်ပါသည်။

မြေပဲသီးနှံပန်းတိုင်အထွက်နှုန်း တင်း ၇၀ ရရှိရေးဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် လုပ်ငန်းများမှာ-

(၁) မျိုးရွေးချယ်ရာတွင် မိုးခေါင်ဒဏ်ခံရသည့် မြေပဲစိုက်ခင်းမှမြေပဲကို မျိုးအဖြစ်အသုံးမပြုရန်၊

(၂) မျိုးစေ့အဆန်ရွေးချယ်ရာတွင်  နုလွန်း၊ ရင့်လွန်းခြင်းမရှိစေရေန်နှင့် အစေ့၊  အခွံထိခိုက်သော အစေ့များအား ဖယ်ရှားရန်၊ မျိုးစေ့- အပင်ပေါက်ရာခိုင်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးရန်၊

(၃) စိုက်ပျိုးရာသီချိန်မှန်ကန်စွာရွေးချယ်ရန်၊

(၄) စိုက်ပျိုးမည့်မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊

(၅) ကယ်စီယမ်ဓာတ် အပြည့်ပါရန် အပင် ၄၅ ရက်သား၌ လချေး/ကျောက်မှုန့် သုံးထားသော အကွက်မှ မြေပဲကိုမျိုးအဖြစ်သုံးပါ။

(၆) မျိုးထားမည့်စိုက်ခင်းအား နုတ်သိမ်းချိန်နီးက ရေမသွင်းရန်၊

(၇) ရိတ်သိမ်းချိန် စောလွန်း/နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်အချက်များအား အလေးထား ဆောင်ရွက်သင့်သည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ

မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်သည်။ မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြ သည်။

နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုး၍ ရရှိသည့်မြေများတွင်  နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။    ။      

Source: https://myawady.net.mm/stories

မြင့်မြင့်ထွန်း(စိုက်ပျိုးရေးဦးစီးဌာန)

ကျေးလက်နေတောင်သူများ လူနေမှုဘဝမြင့်မားလာစေရေး ပဲစင်းငုံစိုက်ပျိုးပေး
-

စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌မှီတင်းနေထိုင်ကြသည့် ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖူလုံရေးအတွက် များစွာအရေးပါသည်။ စိုက်ပျိုးရေးကဏ္ဍ အရေးပါသည့် အလျောက် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအနက် ပြည်ပဝင်ငွေများစွာရရှိသည့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးမှာလည်း အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည်။ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့မှုရှိသည်။

ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဦးဆောင်နိုင်ငံဖြစ်ပြီး   ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည်။ ပဲမျိုးစုံသီးနှံများအနက် ပဲစင်းငုံသီးနှံသည် အယ်နီညိုကျရောက်ခြင်းကဲ့သို့သော မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ အမြစ်ဆင်းအား ကောင်းမွန်ခြင်းကြောင့်     ရေစုပ်ယူမှုအားကောင်းခြင်း၊ ငယ်စဉ်တွင်    အပင်ဖြစ်ထွန်းမှုနှေးခြင်းကြာင့် သီးညှပ်စိုက်ပျိုးရန် အလွန်ကောင်းမွန်ခြင်း စသည့် အားသာချက်များစွာ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အပူပိုင်း ခြောက်သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။

ပဲစင်းငုံ၏မူရင်းဒေသမှာ အပူပိုင်းအာဖရိက၊  ဇန်ဇီဘာမှ  ဂီးနီးဒေသများထိဖြစ်မည်ဟုယူဆကြပြီး ဘီစီ ၂၂၀၀ မှ ၂၄၀၀ ကြား အီဂျစ်ရှိ သင်္ချိုင်းဂူများတွင် ပဲစင်းငုံဆိုင်ရာယဉ်ကျေးမှုအကြွင်းအကျန်များ တွေ့ရှိခဲ့ကြကြောင်း လေ့လာသိရှိရသည်။

ပဲစင်းငုံသည် နှစ်ရှည်ချုံပင်မျိုးဖြစ်သော်လည်း တစ်ရာသီ  သီးနှံအမျိုးအစားဖြစ်သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့တွင် အဓိက သီးနှံတစ်ခုအဖြစ် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။ ပဲစင်းငုံကို ကုလားပဲနီ၊ ကွန်ဂိုပဲစေ့၊ မျက်ကန်းပဲ၊ ခါးဒီရို၊ အပူပိုင်းပဲစိမ်းဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်သော ပဲမျိုးရင်းဝင်တစ်ခုဖြစ်သည်။ လူသားတို့အတွက် အစားအစာအဖြစ်သာမက တိရစ္ဆာန်အစားအစာနှင့် သဘာဝသစ်စိမ်းမြေဩဇာများအဖြစ်လည်း အသုံးပြုကြသည်။ ကမ္ဘာပေါ်တွင် ပဲစင်းငုံကို  နိုင်ငံပေါင်း ၈၂ နိုင်ငံခန့် စိုက်ပျိုးထုတ်လုပ်ကြပြီး အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုဧရိယာ၏ ၇၂ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိသည်။

ပဲစင်းငုံတွင် သိုင်ရမင်း၊ ရွိုင်ဘိုဖလေဘင်၊ နီယစင်း၊ ဗီတာမင် ဘီ-၆၊ ဖောလိတ်၊ ဗီတာမင်အေ၊ကယ်စီယမ်၊ သံ၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်တို့များစွာပါဝင်ခြင်းကြောင့် ပဲစင်းငုံ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကိုထိန်းပေးခြင်း၊ သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကိုကုသခြင်း၊ ကိုယ်အလေးချိန်လျော့စေရန်ကူညီပေးခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင် ပေးခြင်း၊ နှလုံးကျန်းမာရေးနှင့် အစာချေဖျက်အားစနစ်တို့ကိုလည်းကောင်းမွန်ခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိသည်။ အထူးသဖြင့် ပဲစင်းငုံတွင် အဓိကအများဆုံးပါရှိသည့် ပိုတက်စီယမ်သတ္တုဓာတ်သည် ခန္ဓာကိုယ်ထဲတွင်ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးနိုင်စွမ်းရှိခြင်းကြောင့် သွေးတိုးရောဂါရှိနေသောသူများအနေဖြင့် နေ့စဉ်စားသုံး ပေးသင့်သည်။

ပဲစင်းငုံစိုက်ပျိုးခြင်းအတွက်  အသင့်လျော်ဆုံးအပူချိန်မှာ  ၂၀  ဒီဂရီစင်တီဂရိတ်မှ   ၃၀  ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက်   လျော့နည်းပါက အပင်ကြီးထွားမှုကို နှေးကွေးစေသည်။ အပင်သက်တမ်း တစ်လျှောက် နှင်းခါးရိုက်မှုနှင့် ရေဝပ်ခြင်းဒဏ်ခံနိုင်ရည်မရှိပါ။ ပင်လယ်ရေမျက်နှာပြင်အထက်  ပေ ၆၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး မိုးရေချိန် ၁၀၀ လက်မအထက် ရွာသွန်းသည့်ဒေသများတွင် ရေဝပ်မှုမရှိပါက ကောင်းစွာစိုက်ပျိုးနိုင်သည်။ ပဲစင်းငုံသည် နေ့တာတိုပင်ဖြစ်၍ စိုက်ပျိုးချိန်တွင် အပင်ကြီးထွားမှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်မားခြင်း စသည့်အခြေအနေများမှ လွတ်ကင်းအောင်စိုက်ပျိုးရန် လိုအပ်သည်။

ပန်းပွင့်ရန်    နေ့တာတို လိုအပ်သည်။ အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ရှိပါက နေ့တာရှည်သော်လည်း  ပန်းပွင့်ရက်စောနိုင်သည်။ ပူလွန်း၍ ပန်းပွင့်စောလျှင် အဆန်မတည်ခြင်းဖြစ်တတ်၍ ဒေသမျိုးများကို မိုးဦး ကာလတွင်စိုက်ပျိုးသင့်သည်။ ပဲစင်းငုံသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း ပန်းပွင့်ချိန်တွင် မိုးမိခြင်းနှင့် အပူချိန်မြင့်ခြင်းတို့မှ ကင်းဝေးရန်လိုအပ်သည်။ ဒေသမျိုးများကို မိုးဦးကာလဖြစ်သည့်   မေလလယ်မှ ဩဂုတ်လထိ စတင်စိုက်ပျိုးပြီး  ဇန်နဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ မြေအမျိုးအစား ရွေးချယ်မှုမရှိခြင်းကြောင့် သဲသမမြေမှ ရွှံ့စေးသမမြေအထိ စိုက်ပျိုးနိုင်သည်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင်ဖြစ်ထွန်း၍ နုန်းမြေစေးကဲ့သို့ မြေဩဇာထက်သန်ပြီး မြေသားနက်သည့်သမမြေတွင် ပိုမိုဖြစ်ထွန်းသည်။ မြေချဉ်ငန်ဓာတ် ၇ ဝန်းကျင်ရှိပြီး ရေစီးရေလာကောင်းသည့် မြေမျိုးတွင် ရွေးချယ်စိုက်ပျိုးသင့်သည်။

အခြေခံအားဖြင့်   ပဲစင်းငုံပင်ပြန့်နှင့် ပဲစင်းငုံပင်ထောင်ဟူ၍  နှစ်မျိုးရှိပြီး  မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးသည့် ပဲစင်းငုံမျိုးများမှာ သက်ကြီးမျိုးများဖြစ်ပြီး သက်တမ်း ၂၇၅ ရက်ခန့်ရှိသည်။ အသက်ရက်အလိုက်  သက်ကြီးမျိုး၊ သက်လတ်မျိုးနှင့် သက်လျင်မျိုးဟူ၍ ခေါ်ဆိုကြသည်။   မြန်မာနိုင်ငံအထက်ပိုင်းနှင့် အပူပိုင်းခြောက်သွေ့သည့် ဒေသများတွင် ရွှေဒင်္ဂါးနှင့် ငါးဆံပဲစသည့် သက်ကြီးပဲစင်းငုံမျိုးများကို စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား ၄ ဒသမ ၅ ပေ၊ ပင်ကြားတစ်ပေ၊  သက်လတ်မျိုးကို တန်းကြားသုံးပေ၊ ပင်ကြားတစ်ပေ၊  သက်လျင်မျိုးကို တန်းကြားနှစ်ပေ၊ ပင်ကြားခြောက်လက်မဖြင့် စိုက်ပျိုးကြသည်။ ပဲစင်းငုံကို  သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၁ ဒသမ ၅-၃ ပေ၊ ၇ - ၁၀ ဒသမ ၅ ပေ အထိထား၍ စိုက်ပျိုးကြသည်။  ပဲစင်းငုံသီးနှံကို သီးသန့် သို့မဟုတ်  သီးညှပ်စိုက်ပျိုးလေ့ရှိသော်လည်း စိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တမ်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက်ဝင်အောင်စိုက်ပျိုးရမည်။ သီးညှပ်စိုက်ပျိုးရာတွင် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်းများကို သုံးတန်းမှငါးတန်းထိ ညှပ်၍စိုက်ပျိုးကြသည်။   ထိုသို့ကြားညှပ်စိုက်ပျိုးခြင်းအားဖြင့် ပဲစင်းငုံသီးနှံမပေါ်မီ အခြားသီးနှံများ ရိတ်သိမ်းရသဖြင့် အပိုဝင်ငွေများစွာရရှိနိုင်သည်။

၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်  ပြည်နယ်နှင့်  တိုင်းဒေသကြီး ၁၅ ခု၌ ပဲစင်းငုံဟက်တာထောင် ပေါင်း ၄၂၄ ကျော် စိုက်ပျိုးထုတ်လုပ်မှုရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၈၇ ဖြင့် ပထမအများဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၄၂ ဖြင့် ဒုတိယအများဆုံး၊ မကွေးတိုင်းဒေသကြီးတွင်  ဟက်တာထောင်ပေါင်း ၆၃ ဖြင့် တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ဟက်တာထောင်ပေါင်း ၂၀ ဖြင့် စတုတ္ထအများဆုံး    စိုက်ပျိုးထုတ်လုပ်မှုရှိပြီး ပဲစင်းငုံထုတ်လုပ်နိုင်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးသည်     မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၀၀ ကျော်နှင့် မကွေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၅၅   ကျော်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့်      စိုက်ပျိုးရေးဂေဟစနစ်အားကောင်းစေခြင်း၊ ဒေသမရွေးစိုက်ပျိုးနိုင်သည့် အားသာချက်များရှိခြင်း၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ခြင်း၊ ကမ္ဘာ့ နိုင်ငံများထဲမှ ပဲစင်းငုံစားသုံးမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှ မြန်မာပဲစင်းငုံ အများအပြား   ဝယ်ယူတင်သွင်းမှုရှိခြင်း၊ မြန်မာပဲစင်းငုံသည် ဓာတုဓာတ်ကြွင်းကင်းစင်ခြင်း၊ စားသုံးရာတွင် အရသာ ကောင်းမွန်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှလည်း ဝယ်လိုအားရှိပြီး ပဲစင်းငုံသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့်   စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး တိုင်းပြည်ဝင်ငွေမြင့်မားစေမည်။

မြန်မာနိုင်ငံမှ ပဲစင်းငုံများကို နှစ်စဉ်နယ်စပ်ကုန်သွယ်ရေးနှင့်    ပင်လယ်ရေကြောင်းတို့မှတင်ပို့လျက်ရှိရာ ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၁၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၅၈၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၈ သန်းဖြင့်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၁၄၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ   ၇၆ ဒသမ  ၃၆ သန်းဖြင့်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၄၄၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆၉ သန်းဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၃၉၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၃၉ သန်းဖြင့်လည်းကောင်း    တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ပဲစင်းငုံများကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့လျက်ရှိရာ ပဲစင်းငုံတစ်တန်လျှင် ရရှိသည့် ဈေးနှုန်းများမှာ နိုင်ငံအလိုက်ကွာခြားမှုရှိသည်ကို တွေ့ရှိရသည်။ ၂၀၂၂  ခုနှစ်တွင်   မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းအခြေအနေများကို နိုင်ငံအလိုက်လေ့လာကြည့်ပါက အိန္ဒိယနိုင်ငံတွင် မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၂၅၁၇  ဖြင့် ပထမအများဆုံး၊ ယူအေအီးနိုင်ငံတွင် ၁၈၉၇ ဒေါ်လာဖြင့် ဒုတိယအများဆုံးရရှိခဲ့ပြီး နီပေါနိုင်ငံတွင် ၁၁၁၆ ဒေါ်လာဖြင့် တတိယအများဆုံးရရှိသည်ကိုတွေ့ရှိရသည်။ နယူးဇီလန်နိုင်ငံနှင့် အီရန်နိုင်ငံတို့တွင် ၂ ဒေါ်လာနှင့် ၁ ဒေါ်လာတို့ဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။ ပဲစင်းငုံတစ်တန်အပေါ်ရရှိသည့် ဈေးနှုန်းကွာခြားချက်မြင့်မားခြင်းကြောင့် ဈေးနှုန်းရရှိမှုမြင့်မားသည့်နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်သည့် နိုင်ငံများအား ပို့ကုန်တိုးမြှင့်ခြင်းအားဖြင့် ပြည်ပဝင်ငွေရရှိမှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။  ပြည်ပဈေးကွက်ရရှိပြီးဖြစ်သည့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကွင်းဆက် ပိုမိုအားကောင်း စေရေး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက်ညီစွာချိတ်ဆက်ဆောင်ရွက်သင့်သည်။

ပြည်ပဝင်ငွေရရှိသောပဲစင်းငုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများအား တွန်းအားပေးဆောင်ရွက်သင့်သည်။ 

ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်ခြင်းသည်  ဂေဟစနစ်ကောင်းစေခြင်း၊  အသားဓာတ်ပါဝင်မှုရှိခြင်း၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် အပင်အကြွင်းအကျန်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အစားအစာပစ္စည်းများ ချက်ပြုတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပဲစင်းငုံပင်၏  ပင်စည်များကို ခြံစည်းရိုးအဖြစ် အသုံးပြုနိုင်ခြင်း အပြင် သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ခြင်းတို့ကြောင့် ပဲစင်းငုံထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ချိတ်ဆက်သည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းစေမည်ဖြစ်သည်။    ။

Source: https://myawady.net.mm/stories

ဉမ္မာစိုး

တိုးတက်မွေးမြူထုတ်လုပ်ပေး  အသားတိုးဝက်မွေးမြူရေး
-

မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင်  မွေးမြူရေးလုပ်ငန်းများကို   ယခင်က  မိရိုးဖလာမွေးမြူရေးအနေဖြင့်  မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို   မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏   ၈၉  ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက်   တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို    ဖြည့

မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင်  မွေးမြူရေးလုပ်ငန်းများကို   ယခင်က  မိရိုးဖလာမွေးမြူရေးအနေဖြင့်  မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို   မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏   ၈၉  ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက်   တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို    ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဝက်မွေးမြူရေးကို  တိုးချဲ့မွေးမြူရန်လိုအပ်လျက်ရှိပေသည်။

“သဗ္ဗေသတ္တာ   အာဟာရသုခိတာ” ဆိုသည့်အတိုင်းလူသားတို့ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီးသက်ရှည်ကျန်းမာရန်အတွက်အသားကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်ပေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်   ဝက်မွေးမြူရေးလုပ်ငန်းသည်လည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးတက်ဖော်ဆောင်ထုတ်လုပ်လာကြပြီဖြစ်သည်။

ဝက်မွေးမြူရေးလုပ်ငန်းတွင်  ယခင်က  အာဟာရဗေဒသဘောတရားအရ  ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ  (Nutrition Factor) များကို မသိရှိကြသောကြောင့် ဖွံ့ဖြိုးမှုနှေးကွေးကာ  ဝက်တစ်သုတ်လျှင် အချိန်အကြာကြီးမွေး၍ ကျွေးမွေးရပြီး တွက်ခြေမကိုက်ဖြစ်ရသည်။  ယခုအခါ ဝက်မျိုးကောင်းမျိုးသန့်များကို အာဟာရပြည့်ဝသောအစာများကျွေး၍ အချိန်တိုအတွင်းရောင်းချနိုင်အောင်၊ အကျိုးအမြတ်ရရှိအောင် မွေးမြူလာကြသည်။ မည်မျှရင်း၍မည်မျှမြတ်မည်၊ ဘယ်နှလမွေးလျှင် ဘယ်လောက်အမြတ်ရနိုင်မည် စသည့်အချက်များကိုပါ  ထည့်တွက်စဉ်းစားမွေးမြူ၍  စီးပွားရေးအကျိုးအမြတ်ကို ကြည့်လာကြသည်။   အောင်မြင်သော ဝက်မွေးမြူရေးခြံတစ်ခြံဖြစ်ရန်အတွက် အောက်ဖော်ပြပါအချက်များကို  အထူးအလေးထားဆောင်ရွက်ရမည်-

(၁)     မြေနေရာရွေးချယ်မှုနှင့် ခြံတည်ဆောက်ပုံစနစ်ကျခြင်း

(၂)     မျိုးကောင်းမျိုးသန့်  ရွေးချယ်မွေးမြူခြင်း

(၃)     မွေးမြူရေးနည်းစနစ်မှန်ကန်မှုရှိခြင်း

(၄)     အာဟာရပြည့်ဝသည့်အစာကျွေးမွေးခြင်း

(၅)     ရောဂါကြိုတင်ကာကွယ်ခြင်း

(၆)     ဈေးကွက်ရှာဖွေခြင်း

စသည့်အချက်များကို သေချာစွာဂရုစိုက်ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။ ဝက်ခြံအဆောက်အအုံ၊ အစာခွက်၊ ရေခွက်များအား သန့်ရှင်းအောင်ထား၍ မွေးမြူထားသော ဝက်ကောင်ရေအတွက်လုံလောက်သောအစာခွက်၊ရေခွက်ထားပေးရမည်။ ဝက်များကို  အသက်အရွယ်အစုံ၊  အကြီးအငယ်ဆိုဒ်စုံထား၍ မမွေးရပါ။ အသက်ညီသော၊ အရွယ်ညီသော ဝက်များကိုသာ ထည့်သွင်း၍မွေးမြူရပါမည်။

ကျန်းမာရေးစောင့်ရှောက်မှု   စီမံခန့်ခွဲမှုကောင်းမွန်ပါက  ရောဂါအန္တရာယ်နည်းပါး၍  ကြီးထွားနှုန်းမြန်မည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်း၍ စီမံခန့်ခွဲမှုညံ့ပါက ဝက်များဒဏ်ပိ၍ ကိုယ်ခံစွမ်းအားကျဆင်းပြီး   ကူးစက်ရောဂါများဖြစ်ပွားရန် အခွင့်အလမ်းများ ပိုများမည်ဖြစ်သည်။

ကြိုတင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရမည်။   လုံလောက်သောအစာအာဟာရ အပြည့်အဝကျွေးမွေးပေးရမည်။ ဝက်မကြီးများသားပေါက်ချိန်တွင် ဝက်မကြီးမပိမိစေရန် အထူးဂရုစိုက်ရမည်။ နှာခေါင်းနှင့် ပါးစပ်တွင်ပိတ်မိနေသော ရေအိတ်အမြှေးပါးကြောင့် အသက်ရှူကျပ်ကာ   အသက်ရှူမဝဘဲ   ဝက်ငယ်ကလေးများ သေဆုံးတတ်သည့်အတွက် ရေမြွှာအိတ်အမြှေးပါးများကို အဝတ်သန့် ဖြင့် ဖယ်ရှားသန့်စင်ပေးရမည်။ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီးအသက်ရှူအောင် ဖြည်းဖြည်းမှန်မှန်ဖိပေးပုတ်ပေးရမည်၊ ဝက်ကလေးများချက်ကြိုးပြတ်၍ သွေးထွက်နေပါက Gental Violent မင်ပြာဖျန်းဆေး သို့မဟုတ် Septidine၊ တင်ချာအိုင်အိုဒင်းဆေးရည်ဖြင့် သုတ်လိမ်းပေးရမည်။

ဝက်ပေါက်ကလေးများတွင်  ချွန်ထက်သောသွားများပါရှိလာသည့်အတွက်  မိခင်၏နို့အားမကိုက်မိစေရန်နှင့်  နို့အုံအနာမဖြစ်စေရန်အတွက် သွားများကိုဖြတ်ပေးရမည်။ ဝက်များသည် လှုပ်ရှားနေသော  အမြီးများကိုကိုက်တတ်သဖြင့် အမြီးကိုအရင်းမှတစ်လက်မသာချန်၍  ဖြတ်ပေးရမည်။

သားပေါက်၍မွေးဖွားပြီးခါစ ဝက်မကြီးများ၏နို့ဦးရည်တွင် တန်ဖိုးရှိသောပဋိပစ္စည်းပါဝင်သည့်အတွက် မွေးစဝက်ငယ်လေးများအား နို့ဦးရည်ကိုမဖြစ်မနေတိုက်ပေးရမည်။  မွေးပြီး  ၂၄ နာရီအတွင်း နို့ဦးရည်ကို မဖြစ်မနေတိုက်ပေးရမည်။ ဝက်ငယ်ကလေးများသည် အအေးဒဏ်ကို   မခံနိုင်သည့်အတွက် နွေးနွေးထွေးထွေးထားပေးရမည်။ နို့ပေးဝက်မကြီးများသည်   တစ်လအထိသာ နို့ကောင်းကောင်းပေးနိုင်ပြီး တစ်လကျော်သွားလျှင် နို့ထွက်နည်းသွားသည်။ ဝက်ကလေးများကြီးထွားဖွံ့ဖြိုးရန် အာဟာရပိုပြီးလိုအပ်သည့်အတွက် ဝက်ငယ်ကလေးများ  နှစ်ပတ်သားအရွယ်မှစ၍ အစာစားတတ်ရန် လေ့ကျင့်ပေးရမည်။

ဝက်ငယ်ကလေးများ  တစ်လသားအရွယ်တွင် သားခွဲပေးနိုင်ပါက  ဝက်မကြီးသည်  စောစောမြိုင်ပြန်လာကာ သားတောင်း၍  စောစောသားပေါက်နိုင်သည်။ သားပေါက်ကြိမ်ရေတိုးလာသောကြောင့်  ဝက်သားပေါက်ပိုမိုရရှိကာစီးပွားရေးအရ တွက်ခြေပိုကိုက်သည်။

အသားတိုးဝက်မွေးမြူရန်အတွက် နို့ခွဲဝက်ငယ်လေးများကို ရွေးချယ်ရာတွင် ကနဦးအရေးကြီးဆုံးအချက်မှာ မျိုးဝက်မ၊ဝက်သိုးများ၏  မျိုးရိုးဗီဇနှင့်  ကြီးထွားနှုန်းစံချိန် မီ၊ မမီ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဝယ်ယူမွေးမြူလျှင် အကောင်းဆုံးဖြစ်သည်။

ခန္ဓာကိုယ်   တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရာတွင်  ပခုံးနှင့်တင်ပါးတွင် ခန္ဓာကိုယ်အသားအစိုင်အခဲ ထင်ရှားသောဝက်ကလေးများကို ရွေးချယ်မွေးမြူရမည်။ သွားလာမှု ဖျတ်လတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တွင်စိတ်ဝင်စားမှုရှိခြင်းသည် ကျန်းမာသောလက္ခဏာဖြစ်သည့်အတွက် ဝက်ကလေးများ၏ လှုပ်ရှားမှုကိုကြည့်၍လည်း ရွေးချယ်မွေးမြူရမည်။ လှုပ်ရှားမှုနှေးကွေးပြီး  အမြီးတွဲလောင်းကျနေသောဝက်ကို မရွေးချယ်သင့်ပေ။ သားပေါက်တစ်အုပ်အတွင်း   ညှက်၍ကျန်ခဲ့သော အုပ်ညှက်ဝက်ကို ဘယ်သောအခါမှမမွေးသင့်ပါ။

ဝက်ကလေးများတွင် ကျောပြင်ကျယ်၍ ခါးလျားရှည်ခြင်း၊ ရင်အုပ်ကား၍ မေးရိုးခိုင်မာမှုရှိခြင်း၊  ပခုံး၊  တင်ပါးအသားထင်ထင်ရှားရှားရှိခြင်းသည်  ဝက်ငယ်ကလေးများကြီးထွားနှုန်းကောင်းမည့် လက္ခဏာရပ်များဖြစ်သည်။ အရေပြားပေါ်တွင် အနာများရှိခြင်း၊ မျက်ဝတ်ထွက်ခြင်း၊  ဝမ်းပျက်ဝမ်းသွားခြင်းများသည် နောင်တစ်ချိန်တွင်    ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည့်အချက်များဖြစ်သည်။

အသားတိုးဝက်မွေးမြူရာတွင် ဝက်ထီးကို ဝက်မထက် ပို၍နှစ်သက်ရွေးချယ်ဝယ်ယူမွေးမြူလေ့ရှိကြသည်။  ဝက်မများသည် ခြောက်လအထိ ကြီးထွားနှုန်းမြန်ပြီး မြိုင်ပေါ်ပါက အစာစားပျက်၍ ပိန်ပြီး ကြီးထွားနှုန်းကျသွားတတ်သည့်အတွက်ဖြစ်သည်။

မျိုးဝက်မရွေးချယ်ရာတွင် အသားတိုးဝက်နှင့် မျိုးဝက်မရွေးချယ်ရခြင်းများ ဆင်တူသည်။ မျိုးပွားရန်အတွက် ရွေးချယ်ရခြင်းကြောင့်ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု၊ မျိုးရိုးဗီဇစသည့်အချက်အလက်များကို အဓိကထားရွေးချယ်ရမည်။ ဝက်မ၏နို့အုံဖွံ့ဖြိုးမှုရှိ၍  နို့အုံ၌နို့သီးအနည်းဆုံး ၁၂ လုံးနှင့် အထက်ရှိရမည်။ နို့သီးအရွယ်ညီ၍ အကွာအဝေးညီရမည်။ နို့သီးခေါင်းများပေါ်လွင်ထင်ရှားနေရမည်။ ချိုင့်ပြီးအတွင်းသို့ဝင်နေသော နို့သီး( နို့ပါးစပ်)ပါရှိသောဝက်မများကို    မျိုးအဖြစ်မရွေးချယ်ရပါ။

ဝက်မကြီး၏မျိုးရိုး၊  သားပေါက်နှုန်းကောင်းခြင်း၊ နို့ပေးနှုန်းကောင်းခြင်း၊ ဝက်ငယ်ကလေးများအား  ထိန်းသိမ်းစောင့်ရှောက်မှုကောင်းခြင်း၊   ကြီးထွားဖွံ့ဖြိုးမှုကောင်းခြင်း၊ သားထိန်းကောင်း ခြင်း စသည့်အမူအကျင့်လက္ခဏာများကိုလည်း သေချာလေ့လာ၍ မျိုးဝက်မကို ရွေးချယ်မွေးမြူရမည်။ သားလျှော၊ သားပျက်တတ်သောရာဇဝင်နှင့် အသေမွေးဖွားဖူးသော   ဝက်မမှပေါက်ဖွား လာသော ဝက်မများကို မျိုးဝက်မအဖြစ် မရွေးချယ်ရပါ။ သားစဉ်မြေးဆက်အထိ ရောဂါသဏ္ဌာန် လက္ခဏာပါလာတတ်သည့်အတွက် မျိုးဝက်မအဖြစ် မရွေးချယ်သင့်ပါ။

မျိုးဝက်မအဖြစ်    ရွေးချယ်ရာတွင်  မိခင်ကိုစံနှုန်းထားပြီး  အလားအလာရှိနိုင်သည့်  အချက်အလက်များကို ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပေသည်။ သားပေါက်နှုန်း၊ နို့ထွက်နှုန်း၊ ဝက်ငယ်ကလေးများထိန်းသိမ်းနှုန်း(သားထိန်းနှုန်း)ကောင်းသည့် ဝက်မ၏ဗီဇသည် ၎င်း၏သမီး ဝက်ကလေးထံသို့လည်း   ဆက်လက်ဆင်းသက်လက်ဆင့်ကမ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။

မျိုးဝက်မသည် အသက်ရှစ်လမှ ၁၀ လ အရွယ်တွင် သားပေါက်သည်။ ဝက်မမြိုင်လာရက်(သားတောင်းရက်)သည်တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ကြာမြင့်သည်။ မြိုင်ပေါ်ကာလသည် သုံးရက်မှငါးရက်အထိကြာတတ်သည်။ မျိုးဝက်မကို  ပထမအကြိမ်မြိုင်လာချိန် (သားတောင်းချိန်)တွင်   သားမတင်သင့်ပါ။   ပထမအကြိမ်သားတောင်းချိန်တွင်  သားဥကြွေနှုန်းနည်း၍ သားပေါက်ကောင်ရေ နည်းတတ်သောကြောင့်ဖြစ်သည်။

ဝက်မတမ်းဝက်မကို   တတိယအကြိမ် သားတောင်းမြိုင်လာမှသားတင်လျှင် သားပေါက်ကောင်ရေ အများဆုံးရရှိနိုင်ပေသည်။ ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလသည် သုံးလ သုံးပတ် သုံးရက် စုစုပေါင်း ၁၁၄ ရက်ဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်သားနှင့် တစ်ဗိုက် သားပေါက်၍ ကိုယ်ဝန်ဆောင်နိုင်ပေသည်။

သားတင်ပြီး မျိုးပွားမည့်ဝက်မကလေးများကို နို့စို့စဉ် တစ်ပတ်သားမှစ၍ အစာစားလေ့ကျင့်ပေးရမည်။ သုံးလသားအရွယ်အထိ အစာကိုဝဝလင်လင်ကျွေးမွေးပေးရမည်။ သုံးလသားအရွယ်မှစ၍  ပထမမြိုင်ပေါ်သည်အထိ ခန္ဓာကိုယ်အဆီမပိုစေရန်အတွက်  ပုံမှန်ကျွေးနေကျအစာ၏   ၇၅  ရာခိုင်နှုန်းသာ ကျွေးပေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက်အစာကိုအဝပြန်ကျွေး၍ ဒုတိယမြိုင်ကို   လွှတ်၍   တတိယမြိုင်ပေါ်မှသာ သားတင်လျှင် သားပေါက်နှုန်းကောင်းကောင်းရမည်ဖြစ်ပေသည်။

ဝက်မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဝက်မကောင်းရရှိရန်လိုအပ်သကဲ့သို့  မျိုးဝက်သိုးကောင်းလည်း ရရှိရန်လိုအပ်သည်။ မိဘများမှ သားသမီးများဆီသို့ မျိုးရိုးဗီဇကောင်းများ ထပ်ဆင့်ဖြန့်ဖြူးရာတွင် ဝက်သိုး၏စွမ်းဆောင်ရည်မှာ ဝက်မထက်သာလွန်ကောင်းမွန်သည့်အတွက် ဝက်သိုးရွေးချယ်မှုသည်လည်း အရေးကြီးပေသည်။ 

ဝက်သိုး၏အရိုးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းရမည်။ အိပ်နေရာမှ မတ်တတ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးနေရမည်။   ဝက်သိုးကောင်း၏ လက္ခဏာများမှာ -

(၁)     ခြေထောက်လေးချောင်း တောင့်တင်းခိုင်မာမှုရှိရမည်။

(၂)     ထိပ်ခင်ကျယ်၍ တင်ပါးနှင့်ပခုံးများ အသားဖွံ့ဖြိုးပြီး အသားအစိုင်အခဲပေါ်လွင်ရမည်။

(၃)     ကျောပြင်ကျယ်၍ ကျောရိုးသန်မာပြီး ခပ်ခုံးခုံးအနေအထားပေါ်လွင်နေရမည်။

(၄)     ဝမ်းဗိုက်ချပ်၍ သိုကပ်နေရမည်။

(၅)     ကပ်ပယ်အိတ်နှစ်လုံး အရွယ်ညီ၍ ဖွံ့ဖြိုးမှုရှိရမည်။

အရွယ်ရောက်ပြီး ဝက်သိုးတစ်ကောင်၏ စွမ်းဆောင်ရည်သည် တစ်ရက်ခြားတစ်ကြိမ်သာအောင်မြင်စွာမိတ်လိုက်နိုင်သည်။ ဝက်သိုးကို နေ့စဉ်ရက်ဆက် မိတ်မလိုက်သင့်ပါ။

ကျွေးမွေးသောအစာအာဟာရကောင်းမှသာ ဝက်များကြီးထွားနှုန်းမြန်ပြီး သားအောင်သားပေါက်နှုန်းကောင်းမွန်မည်ဖြစ်သည်။  ဝက်မွေးမြူရေးတွင် ကုန်ကျစရိတ်အားလုံး၏ ၇၀ ရာခိုင်နှုန်းသည်   အစာအတွက်ကုန်ကျစရိတ်ဖြစ်သည်။  ဝက်များသည်  အစာမှအသားအဖြစ်သို့   ပြောင်းလဲမှုနှုန်းမြန်၍ ကြီးထွားမြန်တိရစ္ဆာန်များဖြစ်သည်။  ကြီးထွားနှုန်းမြန်ရန်အတွက်လုံလောက်သောအစာအာဟာရပါဝင်သည့်အစာများအား ကျွေးမွေးပေးရန်လိုအပ်သည်။

ဝက်မွေးမြူရေးအတွက် လိုအပ်သောအစာအာဟာရများ-

(၁)     ကစီဓာတ် - ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆပ်

(၂)     အဆီဓာတ် - ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊   အုန်းဖတ်၊  ဝါစေ့ ကြိတ်ဖတ်၊  နေကြာဖတ်၊ ကြယ်ပဲဖတ်

(၃)     အသားဓာတ် - ငါးမှုန့်၊ ပုစွန်ဖွဲ၊ ခရု၊ ကဏန်း၊ တီ၊ ခြ

(၄)     ဗီတာမင် - အသီး၊ အရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ

(၅)     သတ္တုဓာတ် - ခရုခွံ၊ ခုံးခွံ၊ ကဏန်း ခွံ၊ သစ်ရွက်ခြောက်၊ မြေကြီး

(၆)     ရေဓာတ် - သန့်ရှင်းသောရေအာဟာရဓာတ်များသည် ကုန်ကြမ်း

အမယ်တစ်မျိုးချင်းအလိုက်လည်း ရောနှောပါဝင်နေပေသည်။ စိုက်ပျိုးရေးထွက်သီးနှံများကို မွေးမြူရေးတွင်သုံးစွဲ၍ မွေးမြူရေးထွက်စွန့်ပစ်ပစ္စည်း (ဝက်ချေး၊ နွားချေး၊ ကြက်ချေး)  များကို စိုက်ပျိုးရေးတွင် တစ်ဖန်ပြန်လည်အသုံးချခြင်းဖြင့် လူသားတို့အတွက် လိုအပ်သောအစာအာဟာရ၊ စားရေရိက္ခာ၊ အစာကွင်းဆက်၊ အစာသံသရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းအရ  ဝက်ကောင်ရေ စုစုပေါင်း ၄၄ ဒသမ ၃ သန်းကျော်ရှိကာ နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည်လည်း ဝက်သားစားသုံး၍ ဝက်သားလိုအပ်ချက်ဈေးကွက်သည်လည်း ရှိနေမြဲဖြစ်ပေသည်။  တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းစနစ်မှန်မှန်ဖြင့်  လုပ်ကိုင်ဆောင်ရွက်သွားပါကစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် ထုတ်လုပ်လာနိုင်ကာ ပိုလျှံသည်များကို ကုန်ချောများ(အေးခဲသား၊  ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားလုံး၊ ဝက်စည်သွတ်ဘူး) စသည်ဖြင့်   ထုတ်လုပ်ပြီး     ပြည်ပပို့ကုန်ဈေးကွက်ရှာဖွေ၍  ထုတ်လုပ်ရောင်းချကာ    နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးကဏ္ဍမှ  အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

အောင်သူရိန် (လယ်ဝေး)