ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ သွင်းခွန်တိုးမြှင့် ကောက်ခံမှုအပေါ် တားဆီးနိုင်မည်မဟုတ်ဟု ထရမ့် ပြောကြား

News Image

ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ သွင်းခွန်တိုးမြှင့် ကောက်ခံမှုအပေါ် တားဆီးနိုင်မည်မဟုတ်ဟု ထရမ့် ပြောကြား

ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ကောက်ခံမည့် ဝါရှင်တန်၏ သွင်းခွန်နှုန်းထားအသစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၂၀ ကယ်ပီတယ် အဓိကရုဏ်းကို တရားစွဲခဲ့သည့် ရှေ့နေများနှင့်စုံထောက်များကို ထရမ့်က အလုပ်ဖြုတ်

News Image

၂၀၂၀ ကယ်ပီတယ် အဓိကရုဏ်းကို တရားစွဲခဲ့သည့် ရှေ့နေများနှင့်စုံထောက်များကို ထရမ့်က အလုပ်ဖြုတ်

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်အား ထောက်ခံ ခဲ့သည် သိန်းနှင့်ချီသော ထောက်ခံသူများက ဝါရှင်တန် ဒီစီရှိ လွှတ်တော်အဆောက်အဦအတွင်း အဓိကရုဏ်း တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဝင်ရောက် အကြမ်းဖက်သူ ၁၅၀၀ ခန့် ထိန်းသိမ်းခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် FBI မှ အေးဂျင့်များနှင့် တရားစွဲခဲ့သည့် ရှေ့နေများကို ထရမ့်က အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သိရှိရပါသည်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု

News Image

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု

ထိုင်းတရားရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။ သက်ဆင်ကို မလေးရှားနိုင်ငံသို့သွားရောက်ခွင့် ပေး၊ မပေး ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကြားနာပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂါဇာမှ ကလေးများကို ဆေးကုသရန် အီဂျစ် ဝင်ခွင့်ပြု

News Image

ဂါဇာမှ ကလေးများကို ဆေးကုသရန် အီဂျစ် ဝင်ခွင့်ပြု

အီဂျစ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ဂါဇာ၏ တောင်ဘက် အစွန်ဆုံး ရာဖာမြို့ရှိ နာမကျန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော ပါလက်စတိုင်း ကလေး ၅၀ ကျော်ကို ဆေးကုသရန်အတွက် အီဂျစ်ဘက်မှ နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ကြောင်း သိရပါသည်။ အီဂျစ်ရုပ်သံလိုင်းတစ်ခု၌ လူနာတင်ကားများစွာ နယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံထဲသို့ ဝင်လာခြင်းကို ပြသခဲ့ပါသည်။