၂၀၂၀ ကယ်ပီတယ် အဓိကရုဏ်းကို တရားစွဲခဲ့သည့် ရှေ့နေများနှင့်စုံထောက်များကို ထရမ့်က အလုပ်ဖြုတ်
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်အား ထောက်ခံ ခဲ့သည် သိန်းနှင့်ချီသော ထောက်ခံသူများက ဝါရှင်တန် ဒီစီရှိ လွှတ်တော်အဆောက်အဦအတွင်း အဓိကရုဏ်း တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဝင်ရောက် အကြမ်းဖက်သူ ၁၅၀၀ ခန့် ထိန်းသိမ်းခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် FBI မှ အေးဂျင့်များနှင့် တရားစွဲခဲ့သည့် ရှေ့နေများကို ထရမ့်က အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သိရှိရပါသည်။
ယာယီရှေ့နေချုပ် အီမေးလ်ဘိုဗ် အပါအဝင် အမေရိကန် အစိုးရရှေ့နေရုံးမှ ဝန်ထမ်းနှစ်ဒါဇင်ခန့် အလုပ်ဖြုတ်ခံရကြောင်း အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားခဲ့ပြီး မည်သည့်စောဒကတက်ခွင့်မျှ မရကြောင်း သိရှိရပါသည်။ ထို့အပြင် ဇန်နဝါရီ ၂၇ ရက်နေ့က FBI အကြီးတန်း အမှုဆောင် ဒါဇင်ထက်ဝက်ကျော် အငြိမ်းစားယူရန် ဖိအားပေးခံရပြီး အချို့ကထုတ်ပယ်ခြင်းခံလိုက်ရကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post