Medevac ဂျက်လေယာဉ် US ရှိ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျ
News Image

လူခြောက်ဦးလိုက်ပါလာသည့် Learjet 55 ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းတွင် အမေရိကန် အရှေ့မြောက်ပိုင်း Philadelphia ၌ ပျက်ကျခဲ့သည်။ ပျက်ကျမှုမတိုင်မီ ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ထွက်ပေါ်ခဲ့ပြီး ပေါက်ကွဲသံများနှင့် မီးခိုးမြူများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ခြင်းကို လုံခြုံရေးကင်မရာ များမှ မှတ်တမ်းတင်နိုင်ခဲ့သည်။
ရုရှားပိုင်နက် Kursk ဒေသရှိ ကျေးရွာမှ ရွာသူ၊ ရွာသားများကို ယူကရိန်းတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်
News Image

ယူကရိန်းစစ်တပ်က ရုရှားကျေးရွာ Russkoye Porechnoye ရှိ အမျိုးသမီး ၈ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးရမိခဲ့သည့် ယူကရိန်းစစ်သား Yevgeny Fabrisenko က ရုရှား စုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးစဉ် ဝန်ခံခဲ့သည်ဟု သိရှိရပါသည်။
လူ ၃၀၀ ဝန်းကျင်နေထိုင်သည့် Russkoye Porechnoye သည် Kursk ဒေသသို့ အနောက်ဥရောပ ထောက်ပံ့ကူညီမှုဖြင့် ယူကရိန်းတပ်များက ဝင်ရောက်ကျူးကျော် ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်သို့ကျရောက်ခဲ့ရသည်။
ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် ထောက်ပံ့ငွေများကို ရပ်ဆိုင်းပြီးနောက် ဂျော့ဆိုးရော့စ်၏သားက ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်နှင့်တွေ့ဆုံ
News Image

အမေရိကန် သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်၏ ရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီးနောက် ဂျော့ဆိုးရော့စ်၏သား ဖြစ်သူက ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်နှင့် ဒါကာမြို့၌ လာရောက်တွေ့ဆုံကြောင်း၊ ၎င်းတို့ နှစ်ဦး၏ တွေ့ဆုံမှုသည် သုံးလအတွင်း ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ဖယ်ရှားခံရသည့် ရှိတ်ဟာစီနာ အစိုးရ နေရာတွင် နိုဘယ်ဆုရှင်က ကြားဖြတ်အစိုးရ အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ်အကြာ အောက်တိုဘာလအတွင်းက နယူးယောက်မြို့တွင်လည်း တွေ့ဆုံခဲ့ကြဖူးသည်ဟု နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”တွင် ဇန်နဝါရီလ ၃ဝ ရက်က ရေးသားဖော်ပြခဲ့ပါသည်။