ထရမ့်က EU သည် ဝါရှင်တန်အား ဆိုးရွားစွာ ဆက်ဆံသည်ဟု စွပ်စွဲ

News Image

ထရမ့်က EU သည် ဝါရှင်တန်အား ဆိုးရွားစွာ ဆက်ဆံသည်ဟု စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရပ်ဆဲလ်မြို့ (ဥရောပသမဂ္ဂဌာနချုပ်)သည် ဝါရှင်တန်အား “ဆိုးရွားစွာ ဆက်ဆံ” သည်ဟု စွပ်စွဲပြောကြားခဲ့ပြီး၊ ဥရောပသမဂ္ဂ ထုတ်ကုန်များအပေါ် သွင်းကုန်အခွန်များ စတင် တင်းကြပ် အသုံးပြုရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ကြေညာခဲ့ပါသည်။

ကိုးကား - RIA Novosti

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာ

News Image

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာ

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာသည်ဟု Bloomberg သတင်းဌာနကရေးသားဖော်ပြထားပါသည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဇီလန်စကီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် စလိုဗက်ကီးယား၊ သြစတြီးယား၊ ခရိုအေးရှားနှင့် ဟန်ဂေရီစသည့် နိုင်ငံများရှိ အမျိုးသားရေးဝါဒီများက ယူကရိန်းအား ထောက်ခံမှုကိုမေးခွန်းထုတ်လာကြသည်” ဟု Bloomberg သတင်းဌာနက ရေးသားထားပါသည်။

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန် အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြု

News Image

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန် အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြု

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန်အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး၊ ယင်းကျည်ဆံ အမျိုးအစားအသစ်ကို မောင်းသူမဲ့လေယာဉ် (UAV) များအား ပစ်ခတ်ဖျက်ဆီးရန်အတွက် အသုံးပြုနေကြောင်း သိရှိရပါသည်။

Zvezda ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုတစ်ခုတွင် စစ်သည်များက ၇.၆၂ x ၃၉ မီလီမီတာ ကယ်လီဘာရှိသော ကျည်ဆန်အသစ်များပါဝင်သည့် ကျည်ကတ်ကို ပြသခဲ့ပါသည်။ ယင်းတို့တွင် သာမန်သတ္တုကျည်ဆန်အစား 3D ပရင့်နည်းပညာဖြင့် ဖောက်ထွင်းထားသော အခေါင်းပေါက်ကျည်ဆန်များပါဝင်ပြီး၊ အတွင်းတွင် ကျည်ဆံငယ်များ (buckshot) ဖြည့်ထားပါသည်။