ထရမ့်-ပူတင် မဆွေးနွေးမီ သယံဇာတလဲလှယ်မှု သဘောတူညီချက် အမေရိကန် လိုချင်
News Image

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဆော်ဒီအာရေးဗီးယား တွင် ရုရှားသမ္မတပူတင်နှင့် သမ္မတထရမ့်တို့ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ ယူကရိန်းနှင့် သတ္တုသယံဇာတဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း၊ အစီအစဉ်အသေးစိတ်ကို နောက်ပိုင်း တွင်မှသာ ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း၊ နှစ်ဖက်လုံးအတွက် ရိုးရှင်းသော သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း ရိုက်တာသတင်းဌာနကို ကိုးကား၍ TASS က ဖော်ပြထားပါသည်။