PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

News Image

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

BRICS အနေဖြင့် အမေရိကန်ဒေါ်လာနှင့် အစားထိုးရန် ကြိုးစားပါက အခွန် ၁၅၀ % စည်းကြပ်မည်ဟု ဒေါ်နယ်ထရမ့် သတိပေး

News Image

BRICS အနေဖြင့် အမေရိကန်ဒေါ်လာနှင့် အစားထိုးရန် ကြိုးစားပါက အခွန် ၁၅၀ % စည်းကြပ်မည်ဟု ဒေါ်နယ်ထရမ့် သတိပေး

BRICS နိုင်ငံများအနေဖြင့် မိမိတို့၏ အမေရိကန်ဒေါ်လာကို ဖျက်ဆီးကာ ငွေကြေးအသစ်တစ်ခု ဖန်တီးချင်နေကြကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့) တွင် ဝါရှင်တန်၊ ရီပတ်ဘလီကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ကို ပြောကြား သည့် မိန့်ခွန်းထဲတွင် ထည့်သွင်းသတိပေးလိုက်ပါသည်။ 

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့

News Image

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံသား ရှစ်ဦးကို ရုရှားက ပြစ်ဒဏ်များ ချမှတ်

News Image

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံသား ရှစ်ဦးကို ရုရှားက ပြစ်ဒဏ်များ ချမှတ်

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် ရုရှားနိုင်ငံအတွင်း အဖျက်အမှောင့်နှင့် အကြမ်းဖက်မှုများလုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည့်ရုရှားနိုင်ငံသား ရှစ်ဦးကို ရုရှားနိုင်ငံက ပြစ်ဒဏ်များချမှတ် ခဲ့ကြောင်းသိရသည်။