နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်ရန် ဇီလန်စကီးကို တောင်အာဖရိက သမ္မတ ဖိတ်ကြား

News Image

နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်ရန် ဇီလန်စကီးကို တောင်အာဖရိက သမ္မတ ဖိတ်ကြား

တောင်အာဖရိကသမ္မတ Cyril Ramaphosa က ယူကရိန်းသမ္မတ Volodymyr Zelensky ကို တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်ခရီး အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း တောင်အာဖရိကသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က TASS သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

News Image

ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။

 ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဖားလျှန့်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်းသုံးဧကခန့်နှင့် မိုင်းပန်အောက်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့်တစ်ပေခန့် ဘိန်းခင်းငါးဧကခွဲခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 


 

ပုသိမ်ကြီးမြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၄၃၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ဝင်းအောင်၊ မသန်းလှေနှင့် မချိုချိုသန်း(ခ)မချို တို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။
လွမ်းဝေထွန်း အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်အရှေ့ကျေးရွာရှိ ဝင်းအောင်နှင့် မသန်းလှေတို့၏ နေအိမ်တွင် မူးယစ်ဆေးဝါးများအား ဘေထုပ်အတွင်းထည့်၍ ဟုမ္မလင်းမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့မည်ဖြစ်ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၈၅၄ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၈ ဒသမ ၅၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ် ၂,၁၃၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီ ၅

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

News Image

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။