ထရမ့်-ပူတင် မဆွေးနွေးမီ သယံဇာတလဲလှယ်မှု သဘောတူညီချက် အမေရိကန် လိုချင်

News Image

  • ထရမ့်-ပူတင် မဆွေးနွေးမီ သယံဇာတလဲလှယ်မှု သဘောတူညီချက် အမေရိကန် လိုချင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဆော်ဒီအာရေးဗီးယား တွင် ရုရှားသမ္မတပူတင်နှင့် သမ္မတထရမ့်တို့ ပြုလုပ်မည့် ငြိမ်းချမ်းရေး‌ ဆွေးနွေးပွဲမတိုင်မီ ယူကရိန်းနှင့် သတ္တုသယံဇာတဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း၊ အစီအစဉ်အသေးစိတ်ကို နောက်ပိုင်း တွင်မှသာ ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း၊ နှစ်ဖက်လုံးအတွက် ရိုးရှင်းသော သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း ရိုက်တာသတင်းဌာနကို ကိုးကား၍ TASS က ဖော်ပြထားပါသည်။ 

ပြီးခဲ့သည့်မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်ဘက်က ကမ်းလှမ်းထားသည့် သယံဇာတလဲလှယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ယူကရိန်း သမ္မတဇီလန်စကီးက ငြင်းပယ်ခဲ့ပါသည်။ ထိုကမ်းလှမ်းချက်တွင် ယူကရိန်း၏ မြေရှားသတ္တုသယံဇာတ ၅၀ % ကို အမေရိကန်က ပိုင်ဆိုင်ရန် အဆိုပြုထားပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ မပါဝင်ခဲ့ချေ။ ယူကရိန်းအကျိုးစီးပွားကို ကာကွယ်ရန် လုံခြုံရေး အာမခံ ချက်များ ပါဝင်သည့် သဘောတူညီချက် တစ်ရပ်ကိုသာ လက်ခံနိုင်မည် ဖြစ်ကြောင်း ဇီလန်စကီးက တုံ့ပြန်ပြောကြားခဲ့ပါသည်။ 

ယခုအခြေအနေတွင် ယူကရိန်းနှင့် အမေရိကန်အကြား သတ္တု သယံဇာတ ဆိုင်ရာ သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများမှာ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်နေပြီး ယူကရိန်း၏ အနာဂတ်နှင့် လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။

ကိုးကား-TASS