ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံသား ရှစ်ဦးကို ရုရှားက ပြစ်ဒဏ်များ ချမှတ်

News Image

  • ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံသား ရှစ်ဦးကို ရုရှားက ပြစ်ဒဏ်များ ချမှတ်

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် ရုရှားနိုင်ငံအတွင်း အဖျက်အမှောင့်နှင့် အကြမ်းဖက်မှုများလုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည့်ရုရှားနိုင်ငံသား ရှစ်ဦးကို ရုရှားနိုင်ငံက ပြစ်ဒဏ်များချမှတ် ခဲ့ကြောင်းသိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ရုရှားနိုင်ငံသားများအား ယူကရိန်းထောက်လှမ်းရေး အဖွဲ့က အွန်လိုင်းမှတစ်ဆင့် ငွေကြေးဖြင့် စည်းရုံးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၎င်းတို့သည် ယူကရိန်း ထောက်လှမ်းရေး ၏ အစီအမံဖြင့် ရုရှားနိုင်ငံအတွင်းရှိဒေသ ၆ ခုတွင် အဓိကအရေးပါသည့် သယ်ယူ ပို့ဆောင်ရေးနှင့်စေတနာ့ဝန်ထမ်းလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများကို မီးရှို့တိုက်ခိုက်ခဲ့ပြီး ရုရှားတပ်မတော်၏ စစ်စခန်းနှင့် စစ်ဘက်အဆောက်အအုံများကို အဓိက ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများအနက် တစ်ဦးက ၎င်းအနေဖြင့် ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်အား မီးရှို့ရန်စေခိုင်းခံခဲ့ရသည်ဟု ဝန်ခံထားသည်။ ၎င်းတို့ အားလုံးကို ရုရှားအာဏာပိုင်အဖွဲ့က ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အချို့ ကို ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ခဲ့ ကြောင်းသိရသည်။

Ref: Sputnikint