BRICS အနေဖြင့် အမေရိကန်ဒေါ်လာနှင့် အစားထိုးရန် ကြိုးစားပါက အခွန် ၁၅၀ % စည်းကြပ်မည်ဟု ဒေါ်နယ်ထရမ့် သတိပေး
BRICS နိုင်ငံများအနေဖြင့် မိမိတို့၏ အမေရိကန်ဒေါ်လာကို ဖျက်ဆီးကာ ငွေကြေးအသစ်တစ်ခု ဖန်တီးချင်နေကြကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့) တွင် ဝါရှင်တန်၊ ရီပတ်ဘလီကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ကို ပြောကြား သည့် မိန့်ခွန်းထဲတွင် ထည့်သွင်းသတိပေးလိုက်ပါသည်။
BRICS နိုင်ငံများသည် တရုတ်ယွမ်ငွေများကို အသုံးပြုလိုကြကြောင်း၊ အမေရိကန်ဒေါ်လာ ပျက်စီးရာပျက်စီးကြောင်း လုပ်မည်ဆိုပါက BRICS နိုင်ငံတိုင်းကို အခွန် ၁၅၀ % ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို မလိုချင်ကြောင်း” ဒေါ်နယ်ထရမ့် က ပြောကြားလိုက်ပါသည်။
ကိုးကား-TASS
MM-News-Category