ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ စားရေးအတွက် စီစဥ်ပေးထားသလို ယာယီနေထိုင်မည့်နေရာများကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်
News Image

ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ယာယီနေထိုင်မည့်နေရာများကို ဆောက်လုပ်ရာတွင် စနစ်တကျဖြင့်တည်ဆောက်ပေးသွားရန်နှင့် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အလားတူ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများ၏ စားရေးအဆင်ပြေစေရေးအတွက်လည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားသည်ဟုလည်းဆိုသည်။