အမျိုးသမီးများသာ ပါဝင်သည့် ကမ္ဘာ့ပထမဆုံး အာကာသခရီးစဉ် အောင်မြင်စွာ လွှတ်တင်

News Image

အမျိုးသမီးများသာ ပါဝင်သည့် ကမ္ဘာ့ပထမဆုံး အာကာသခရီးစဉ် အောင်မြင်စွာ လွှတ်တင်

၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်နေ့တွင် ဘီလီယံနာ သူဌေးကြီး Jeff Bezos ၏ Blue Origin ကုမ္ပဏီမှ New Shepard ဒုံးပျံဖြင့် အမျိုးသမီးများသာ ပါဝင် သော ပထမဆုံး အာကာသခရီးစဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ 

အဆိုပါ ခရီးစဉ်တွင် နာမည်ကြီးအဆိုတော် Katy Perry၊ အမေရိကန် စီးပွါးရေးလုပ်ငန်းရှင် Lauren Sánchez၊ CBS သတင်းတင်ဆက်သူ Gayle King၊ NASA ၏ အာကာသအင်ဂျင်နီယာဟောင်း Aisha Bowe နှင့် Amanda Nguyen နှင့် ရုပ်ရှင်ထုတ်လုပ်သူ Kerianne Flynn တို့ ပါဝင်ခဲ့သည်။ 

ဥရောပ၏ ပမာဏအစီအစဉ်အရ ဂျာမနီက ယူကရိန်းကို လက်နက်ခဲယမ်း ၅၀၀,၀၀၀ ကို ပေးပို့မည် - ဂျာမနီခေတ္တနိုင်ငံခြားရေးဝန်ကြီး

News Image

ဥရောပ၏ ပမာဏအစီအစဉ်အရ ဂျာမနီက ယူကရိန်းကို  လက်နက်ခဲယမ်း ၅၀၀,၀၀၀ ကို ပေးပို့မည် - ဂျာမနီခေတ္တနိုင်ငံခြားရေးဝန်ကြီး

ဥရောပ၏ ယူကရိန်းထံ လက်နက်ခဲယမ်း စုစုပေါင်း ၂ သန်း ပေးအပ်ရန် ပမာဏအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအရ ဂျာမနီအနေဖြင့် ယူကရိန်းသို့ လက်နက်ခဲယမ်း ၅၀၀,၀၀၀ (စုစုပေါင်း၏ ၄ ပုံ ၁ ပုံ ) ပေးပို့မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံ ခေတ္တနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က လူဇင်ဘတ်တွင်ကျင်းပသည့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် ကြေညာလိုက်ပါသည်။

ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်း Global Fund မှ ပေးအပ်မည်

News Image

ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်း Global Fund မှ ပေးအပ်မည်

မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဖြစ်ခဲ့ရသော ထိခိုက်ဆုံးရှုံးမှုများအတွက် AIDS၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) မှ  ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး နိုင်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်းခွဲဝေ ချထားခြင်းကို ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်ပါသည်။

အမေရိကန်က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသော လောင်စာဆီ ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

News Image

အမေရိကန်က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသော လောင်စာဆီ ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

အမေရိကန်က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသော Ras Isa လောင်စာဆီ ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဤစစ်ဆင်ရေးသည် သမ္မတ Donald Trump ၏ ဟူသီသောင်းကျန်းသူများအား ဆူးအက် တူးမြောင်းနှင့် Bab-el-Mandeb ရေလက်ကြားမှ ဖြတ်သန်းသွားလာနေသော သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ကာကွယ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။