မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ(၃၇၀၀) ကျော်နှင့် ပျောက်ဆုံးသူ (၁၃၀)နီးပါးအထိ ရှိလာ

News Image

  • မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ(၃၇၀၀) ကျော်နှင့် ပျောက်ဆုံးသူ (၁၃၀)နီးပါးအထိ ရှိလာ

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ယမန်နေ့(ဧပြီလ ၁၈ ရက်)၊ နံနက် ၇ နာရီအထိ သေဆုံးသူမှာ (၃,၇၂၆) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅,၁၀၅) ဦးနှင့် ပျောက်ဆုံးသူ (၁၂၉) ဦးထိ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် နေအိမ်၊ အဆောက်အဦ (၆၅,၀၉၆) လုံး၊ စာသင်ကျောင်း (၂,၅၁၄) ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၄,၃၁၇) ကျောင်း၊ ဘုရားစေတီ (၆,၀၂၇) ဆူ၊ ဆေးရုံ၊ ဆေးခန်း (၃၅၀) ခု၊ ရထားလမ်း (၃၈) ခု၊ လမ်း (၂၆၉) ခု၊ အမြန်(လမ်းပိုင်း) (၂၀၃) ခု၊ ဆည်၊ တမံ (၅၈၆) ခုနှင့် တံတား (၁၇၀) စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယမန်နေ့ (ဧပြီလ ၁၈ ရက်)အထိ နိုင်ငံပေါင်း (၂၅) နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် (၁၃၆) စီး၊ သင်္ဘော (၆) စီး၊ မော်တော်ယာဉ် (၂၃)စီး ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း (၁,၉၇၅) ဦး၊ ထောက်ပံ့ရေးပစ္စည်း (၂၃၃၂ ဒသမ ၉၈)တန်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၁၇၀ ဒသမ ၅၉)တန်၊ စုစုပေါင်းတန်ချိန် (၃၅၀၃ ဒသမ ၅၇)တန်တို့ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။