အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကိုရောက်ရှိ

News Image

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကိုရောက်ရှိ

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ်ဘတ်စ် အရာချီသည် မော်စကိုမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းရောက်ရှိလာသည့်ဗီဒီယိုကို သူ၏ Telegram တွင် ပြသထားပါသည်။ 

ယခုခရီးစဉ်မစတင်မီက  အီရန်၏ အဆင့်မြင့်သံတမန်တစ်ဦးဖြစ်သူ အရာချီ သည်  မော်စကိုသို့သွားရောက်၍ အီရန်ခေါင်းဆောင် အလီခါမေနီ၏ သတင်းစကားကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ ပေးပို့ရန် စီစဉ်နေ ကြောင်း ခရီးစဉ်သတင်းကို မျှဝေခဲ့သည်။ 

ကိုးကား- TASS

ဟောလိဝုဒ်စတား Jean-Claude Van Damme က ရုရှားသို့ သွား၍ ငြိမ်းချမ်းရေးသံတမန် လုပ်ရန် အသင့်ရှိကြောင်း ပြောကြား

News Image

ဟောလိဝုဒ်စတား  Jean-Claude Van Damme က ရုရှားသို့ သွား၍ ငြိမ်းချမ်းရေးသံတမန် လုပ်ရန် အသင့်ရှိကြောင်း ပြောကြား

ဘယ်လ်ဂျီယန်ဖွား ဟောလိဝုဒ် သရုပ်ဆောင် Jean-Claude Van Damme က ရုရှားကို ငြိမ်းချမ်းရေးသံအမတ်အဖြစ် သွားရောက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းသတင်းထေက် Diana Panchenko ၏ Telegram မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါသည်။

အာကာသနယ်ပယ်တွင် နိုင်ငံအတော်များများက ပူးပေါင်းဆောင်ရွက် လိုသည့်ဆန္ဒရှိနေကြောင်း ပူတင်ပြော

News Image

အာကာသနယ်ပယ်တွင် နိုင်ငံအတော်များများက ပူးပေါင်းဆောင်ရွက် လိုသည့်ဆန္ဒရှိနေကြောင်း ပူတင်ပြော

BRICS အဖွဲ့ဝင်များ အပါအဝင် နိုင်ငံအများအပြားသည် အာကာသ နယ်ပယ်တွင် ရုရှားနှင့် ပူးပေါင်းရန် စိတ်ဝင်တစားရှိကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ကျောင်းသားများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ 

ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီတို့ ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ် လျက်ရှိ

News Image

ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီတို့ ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ် လျက်ရှိ

ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီနိုင်ငံတို့သည် ပင်လယ်နက် လုံခြုံရေး အခြေအနေများအပေါ် ဆွေးနွေးရန်အတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့၌၂ ကြာအစည်းအဝေးတစ်ရပ်ကျင်းပနေကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်းစကီးက ထုတ်ဖော်ပြောကြားလိုက်ပါသည်။