ဆာကိုဇီက ကဒါဖီထံမှ တရားမဝင် ဒေါ်လာသန်းပေါင်းများစွာ မည်သို့ရရှိခဲ့သလဲ

News Image

ဆာကိုဇီက ကဒါဖီထံမှ တရားမဝင် ဒေါ်လာသန်းပေါင်းများစွာ မည်သို့ရရှိခဲ့သလဲ

ပြင်သစ်သမ္မတဟောင်း နီကိုလစ်ဆာကိုဇီသည် ၂၀၀၇ ခုနှစ် ရွေးကောက် ပွဲတွင် အနိုင်ရရှိရေး အသုံးပြုရန်  ဒေါ်လာသန်းပေါင်း များစွာကို လစ်ဗျား ခေါင်းဆောင် မွမ်မာကဒါဖီထံမှ  တရားမဝင် လက်ခံရရှိခဲ့ကြောင်း စွပ်စွဲခံရ သဖြင့် ရုံးတင်စစ်ဆေးနေမှုမှာ ယခု သီတင်းပတ်တွင် ပြီးဆုံးသွားပြီဖြစ် ပါသည်။ 

အခွန်စည်းကြပ်မှုကြေညာပြီး စတော့ဝယ်ယူခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အပေါင်းအပါများကို စစ်ဆေးပေးရန် အမတ်များ တိုက်တွန်း

News Image

အခွန်စည်းကြပ်မှုကြေညာပြီး စတော့ဝယ်ယူခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အပေါင်းအပါများကို စစ်ဆေးပေးရန် အမတ်များ တိုက်တွန်း

ဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုဆိုင်ရာ ကြေညာပြီးနောက် စတော့ ရှယ်ယာဈေးကွက် ကျဆင်းနေချိန်တွင် စတော့ရှယ်ယာများ ဝယ်ယူခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် သူ့မိတ်ဆွေများအပေါ် စုံစမ်းစစ်ဆေး ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်အချို့က အစိုးရစောင့် ကြည့်ရေးအဖွဲ့ ( Government Watchdog ) ကို  သောကြာနေ့က တိုက်တွန်း ထားပါသည်။

ဗီယက်နမ်၊မလေးရှားနှင့်ကမ္ဘောဒီးယားသို့ တရုတ်သမ္မတ သွားရောက်

News Image

ဗီယက်နမ်၊မလေးရှားနှင့်ကမ္ဘောဒီးယားသို့  တရုတ်သမ္မတ  သွားရောက်

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ဧပြီ ၁၄ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်ခရီးစဉ် သွားရောက် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဗီယက်နမ်သမ္မတ Luong Cuong တို့၏ ဖိတ်ကြားချက်အရ ရှီကျင့်ဖျင်သည် ဧပြီလ ၁၄ ရက်မှ ၁၅ ရက်အထိ ဟနွိုင်းသို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အမေရိကန်- အီရန် ဆွေးနွေးပွဲ ဆက်လက်ကောင်းမွန်ကြောင်း ထရန့်ပြောကြား

News Image

အမေရိကန်- အီရန်  ဆွေးနွေးပွဲ ဆက်လက်ကောင်းမွန်ကြောင်း ထရန့်ပြောကြား

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးနေမှုသည် လမ်းကြောင်းမှန် အတိုင်း အခြေအနေဆက်လက်ကောင်းမွန်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတလေယာဉ်ပေါ်တွင် သတင်းထောက် များအား ပြောကြားလိုက်ပါသည်။

“ယခုအချိန်ထိ အားလုံးအေးအေးဆေးဆေးဖြစ်နေပါတယ်၊ ဒါပေမယ့် အပြီးသတ် အောင်မြင်မှုရရှိဖို့က ပိုအရေးကြီးကြောင်း၊ ထိုအချိန်မှသာ ထုတ်ဖော်ပြောကြားနိုင်မည်ဖြစ်ပါတယ်”ဟု ဒေါ်နယ်ထရန့်ကပြောကြား ထားပါသည်။