သက်လတ်ပိုင်းမှာ အကြားအာရုံချို့ယွင်းမှုနဲ့ဆက်စပ်နေတဲ့ မှတ်ဉာဏ်ကျဆင်းမှု
News Image

ရှစ်နှစ်ကြာသုတေသနပြုလေ့လာမှုတစ်ခုမှာ အကြားအာရုံကျန်းမာရေးကမှတ်ဉာဏ် ကျဆင်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အချက် တစ်ချက်ကို ပညာရှင်များကတွေ့ရှိလိုက်ပါတယ်။ ပညာရှင်များက ဘရာဇီးနိုင်ငံသား ၈၀၅ ဦးကိုရှစ်နှစ်ကြာလေ့လာမှုတွေလုပ်ခဲ့တာပါ။ သူတို့ရဲ့လေ့လာမှုအရတွေ့ရှိချက် မှာတော့ အသက် ၅၀ ကျော်လာချိန် သက်လတ်ပိုင်းမှာတွေ့ကြုံရတဲ့ အကြားအာရုံချို့ယွင်းမှုက အသက်အရွယ်ရလာချိန်မှာ မှတ်ဉာဏ်ကျဆင်းမှုဖြစ်ပေါ်စေနိုင်တယ် ဆိုတဲ့အချက်ကိုဖော်ပြထားတာ တွေ့ရပါတယ်။