တောင်ကိုရီးယား၌ ရေကြောင်းကင်းလှည့် လေယာဉ်ပျက်ကျ လိုက်ပါသူ လေးဦးစလုံးသေဆုံး
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ပိုဟန်းမြို့၌ မေလ ၂၉ ရက်တွင် ရေကြောင်းကင်းလှည့် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ အဆိုပါလေယာဉ်နှင့် လိုက်ပါသူလေးဦးစလုံး သေဆုံးကြောင်း တောင်ကိုရီးယား ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကင်းလှည့်လေယာဉ်သည် မွန်းလွဲ ၁ နာရီ ၄၉ မိနစ်တွင် ပိုဟန်းမြို့ရှိတောင် တစ်လုံးကို ဝင်တိုက်ကာ ပျက်ကျသွားခြင်း ဖြစ်ကြောင်း၊ လေယာဉ်ပေါက်ကွဲသံနှင့် အတူ မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများ ကပြောသည်။
"P-3 ကင်းလှည့်လေယာဉ်တစ်စင်း က ပျံသန်းခြင်းနဲ့ ဆင်းသက်ခြင်း လေ့ကျင့်ခန်းလုပ်ဖို့ ၁ နာရီ ၄၃ မိနစ်လောက်မှာ လေတပ်စခန်းကနေ ထွက်သွားတာပါ။ ၁ နာရီ ၄၉ မိနစ်မှာတော့ တောင်နဲ့တိုက်မိပြီး ပျက်ကျသွားတာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတာတော့ အခုထိမသိရသေးပါဘူး" ဟု ရေတပ်ကထုတ်ပြန်သည်။ သေဆုံးသူလေးဦးမှာ အရာရှိနှစ်ဦးနှင့် အခြားအဆင့်နှစ်ဦး ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal