အမေရိကန်တရားရုံးက ထရမ့်၏ ကုန်သွယ်ခွန်များ တိုးမြှင့် စည်းကြပ်ခြင်းကို တားမြစ်
News Image

ဗဟိုအစိုးရတရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် သမ္မတ ဒေါ်နယ်ထရမ့်အား စီးပွားရေးလုပ်ငန်းကြီးများမှ သာမန်အမေရိကန် နိုင်ငံသားများအထိ လူတိုင်းအတွက် သွင်းကုန်စျေးနှုန်းများ မြင့်တက်စေခဲ့သည့် ကုန်သွယ်ခွန်များ တိုးမြှင့်စည်းကြပ်ရန် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်အသုံးပြုခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။