လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး

News Image

လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး

ပေကျင်း၊ နည်းပညာ

တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က လပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

လပေါ်တွင်တည်ဆောက်မည့် သုတေသနစခန်းအား လျှပ်စစ်ဓာတ်အားပေးရန် ရည်ရွယ်၍ အဆိုပါ နျူကလီးယားဓာတ် အားပေးစက်ရုံကိုတည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၃၆ ခုနှစ်အရောက်တွင်လုပ်ငန်းလည်ပတ်နိုင်ရန်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောသည်။

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိ

News Image

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်

News Image

အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်

နယူးဒေလီ၊ သံတမန်ရေး

အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်းသိရသည်။ နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်း များကိုလုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံရခြင်းဖြစ်သည် ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများကပြောသည်။

အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိပါကစ္စတန်သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်းတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုကဖော်ပြထားသည်။

တိမ်းမှောက်နေသည့်ခရီးသည်တင်ယာဥ်အတွင်းပိတ်မိနေသူများကိုကယ်ထုတ်ပေးခဲ့သော Elite Express ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်

News Image

တိမ်းမှော-က်နေသည့်ခရီးသည်တင်ယာဥ်အတွင်းပိတ်မိနေသူများကိုကယ်ထုတ်ပေးခဲ့သော Elite Express ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်

ပြီးခဲ့သည့် မတ် ၂၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၄၆/၀ အနီးတွင် အဝေးပြေးခရီးသည်တင်ယာဥ်တစ်စီးတိမ်းမှောက်ကာ လိုက်ပါလာသောခရီးသည်များ ယာဥ်အတွင်း၌ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထိုသို့ ပိတ်မိနေသည့်ခရီးသည်များအား မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသော Elite Express ယာဥ်လိုင်းမှ ယာဥ်အမှတ် 1F-8742 မှတွေ့ရှိခဲ့သဖြင့် ယာဥ်ပေါ်တွင်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများမှ ပိတ်မိနေသောခရီးသည်(၁၇)ဦးအား အပြင်သို့ကူညီကယ်ထုတ်ပေးခဲ့ကြသည်။