တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧက သုံးရာကျော်နယ်မြေကို နမ့်ပွန်း ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်
News Image

ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧကရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုသို့သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။