ဂါဇာမြောက်ပိုင်းကို အစ္စရေးကဗုံးကြဲမှုများပြုလုပ် အနည်းဆုံးလူ ၆၅ ဦးသေဆုံး
အစ္စရေးက ဂါဇာဒေသမြောက်ပိုင်းရှိဂျာဘာလီယာဒုက္ခသည်စခန်းနှင့် အနီးရှိမြို့တို့မှ လူနေအိမ်ရာခြောက်ခုကို မေလ ၁၄ ရက်နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက် မှုများလုပ်ဆောင်ရာ အနည်းဆုံးလူ ၆၅ ဦးသေဆုံးကြောင်း ပါလက်စတိုင်းတာဝန် ရှိသူများကပြောသည်။
အစ္စရေး၏တိုက်ခိုက်မှုသည် အိပ်ပျော်နေသောပြည်သူများကိုထိမှန်သွားခြင်း ဖြစ်ကြောင်း၊ အများစုမှာ အမျိုးသမီးများ နှင့်ကလေးငယ်များဖြစ်ကြောင်း၊ ကယ် ဆယ်ရေးပစ္စည်းများနှင့် လူ၊ ပစ္စည်းအင်အားပြတ်လပ်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ထို့ပြင် အရေးပေါ်ခွဲစိတ်ကုသမှုများ နှင့် လိုအပ်သောခြေ၊ လက်ဖြတ်တောက် ခွဲစိတ်မှုများကို စင်္ကြံများတွင်လုပ်နေရ ကြောင်း ဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုခံရသော နေအိမ်များသည် အရပ်သားများပိုင်ဆိုင် သောနေအိမ်များဖြစ်ပြီး ဒုက္ခသည်များနေ ထိုင်နေကြောင်းသိရသည်။
Ref: Xinhua
Source: Myawady Daily Newspaper