အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပျက်ကျမှုဖြစ်ပွား ၊ လူအများအပြားသေဆုံး
News Image

ခရီးသည်နှင့်လေယာဉ်အမှုထမ်း စုစု ပေါင်း ၂၄၂ ဦး လိုက်ပါလာသည့် အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ဇွန်လ ၁၂ ရက်တွင် ပျက်ကျမှုဖြစ်ပွားရာ လူအများအပြား သေဆုံးကြောင်းနှင့် ခရီးသည်တစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။
အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ အမည်မှာ ဗစ်ရှဝါကူးမားရာမက်ဖြစ်ပြီး ထိုင်ခုံ နံပါတ် 11A တွင်ထိုင်သူဖြစ်ကြောင်းနှင့် ၎င်းကိုရဲတပ်ဖွဲ့ဝင်များက တွေ့ရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာဝန်ရှိသူများ ကပြောသည်။