ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပ

News Image

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပ

ကျောက်ဆည်  ဇွန်-၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်းစိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်၊ အပူဒဏ်လျော့နည်း သက်သာစေရန်၊ သစ်ပင်များအားကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်၏တန်ဖိုးကိုသိရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရ သည်။

ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

News Image

ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး
ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေး အထူးဈေးနှုန်းများဖြင့် ပြည်သူ့သက်သာဈေး ဖွင့်လှစ်ကာ ရောင်းချပေးလျက် ရှိရာ ယမန်နေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် အခြေခံ စားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

IAEA အကြီးအကဲအား သေဒဏ်ပေးရန် အီရန်မှ တောင်းဆိုမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှုတ်ချ

News Image

IAEA အကြီးအကဲအား သေဒဏ်ပေးရန် အီရန်မှ တောင်းဆိုမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ ရာဖေးလ် ဂရိုစီအား သေဒဏ်ပေးရန် အီရန်နိုင်ငံတွင်း တောင်းဆိုမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်းပြင်း ထန်ထန် ရှုတ်ချလိုက်သည်။

အီရန်သတင်းစာ Kayhan က ဂရိုစီအား အစ္စရေးအတွက် သူလျှို လုပ်သည်ဟု စွပ်စွဲကာ အကယ်၍ ၎င်းသည် အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက် လာပါက အပြစ်ပေးခံရမည်ဖြစ်ပြီး သေဒဏ်ပေးသင့်ကြောင်း အဆိုပြု ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အီရန်သည် လပိုင်းအတွင်း နျူကလီးယားအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်သည်ဟု IAEA အကြီးအကဲ ပြောကြား

News Image

အီရန်သည် လပိုင်းအတွင်း နျူကလီးယားအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်သည်ဟု IAEA အကြီးအကဲ ပြောကြား

အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့၏ နျူကလီးယားစက်ရုံများကို လတ်တလော လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း လပိုင်း အတွင်း ယူရေနီယမ်ထပ်တိုးသန့်စင်မှုကို ပြန်လည်စတင်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ ရာဖေးလ် ဂရိုစီက ပြောကြားခဲ့သည်။