ဂျာမနီခေါင်းဆောင်များက ၎င်းတို့နိုင်ငံကို ရုရှားနှင့်စစ်ဖြစ်စေရန် တွန်းပို့ နေဟု ဒူးမားဥက္ကဋ္ဌ ဆို
News Image

ဂျာမနီသည် ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ခြင်းဖြင့် နာဇီအတိတ်ကို ပြန်လည်ရှင်သန်စေနေသည် ဟု ရုရှားနိုင်ငံ၊ ဒူမား ဥက္ကဋ္ဌ Vyacheslav Volodin က ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များအကြာတွင် ဘာလင်၏ သဘောထားသည် မော်စကိုနှင့် လက်နက်ကိုင်ပဋိပက္ခအသစ်ကို ဖြစ်ပေါ်စေ နိုင်ကြောင်း အဆိုပါအကြီးအကဲက သတိပေးခဲ့သည်။
ဗိုလိုဒင် သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဒူမား၏တရားဝင် ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သော စာတစ်စောင်တွင် ယူကရိန်းသို့ ဂျာမနီ၏ စစ်ရေးအကူအညီ ဆက်လက်ထောက်ပံ့မှုအပေါ် အမျက်ထွက်နေသည်ဟု ဖော်ပြခဲ့သည်။