သိပ္ပံပညာရှင်များသည် သမုဒ္ဒရာရေစီးကြောင်းများ၏ အရေးပါသော စနစ်ပျက်စီးပါက ဖြစ်ပေါ်လာမည့်အခြေအနေကို မြေပုံရေးဆွဲခဲ့ပြီး ထိုသို့ ဖြစ်လာပါက ရာသီဥတုအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိမည်ဟုဆို

News Image

သိပ္ပံပညာရှင်များသည် သမုဒ္ဒရာရေစီးကြောင်းများ၏ အရေးပါသော စနစ်ပျက်စီးပါက ဖြစ်ပေါ်လာမည့်အခြေအနေကို မြေပုံရေးဆွဲခဲ့ပြီး ထိုသို့ ဖြစ်လာပါက ရာသီဥတုအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိမည်ဟုဆို

အတ္တလန္တိတ်သမုဒ္ဒရာရှိ အရေးပါသော ရေစီးကြောင်း ကွန်ရက် ပျက်စီးပါက ကမ္ဘာ၏အချို့ဒေသများသည် ဆောင်းရာသီတွင် အနုတ် ၅၅ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းကာ ပြင်းထန်သော ရာသီဥတုနှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားသည်။ 

မက္ကဆီကိုအလံသည် LA ဆန္ဒပြပွဲများ၏ အဓိက သင်္ကေတ တစ်ခုဖြစ်လာခဲ့

News Image

မက္ကဆီကိုအလံသည် LA ဆန္ဒပြပွဲများ၏ အဓိက သင်္ကေတ တစ်ခုဖြစ်လာခဲ့

မက္ကဆီကို၏ အစိမ်း၊ အဖြူနှင့် အနီရောင်အလံသည် လော့စ်အိန်ဂျယ်လိစ် မြို့ရှိ ဆန္ဒပြပွဲများ၏ အထင်ကရသင်္ကေတ ဖြစ်လာခဲ့သည်။

ဆန္ဒပြသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့် သမ္မတ Trump အစိုးရ၏ လူမဆန်စွာ ဖမ်းဆီးမှုများကို ကန့်ကွက်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် သံတမန်ရေးအရ စည်းလုံးမှုပြသရန် မက္ကဆီကိုအလံ၊ အမေရိကန်အလံနှင့် အခြားလက်တင်အမေရိကနိုင်ငံများ၏ အလံများကို လွှင့်ထူခဲ့ကြသည်။ ထိုအချက်သည် သမ္မတ၏ ထောက်ခံသူများကို အမျက်ထွက်စေခဲ့သည်။

ထရမ့်က YMCA အက စည်းချက်နှင့်လိုက်ကာ ကပြခဲ့ပြီး စစ်သည်များက လှိုက်လှဲစွာ ဩဘာပေးခဲ့ကြ

News Image

ထရမ့်က YMCA အက စည်းချက်နှင့်လိုက်ကာ ကပြခဲ့ပြီး စစ်သည်များက လှိုက်လှဲစွာ ဩဘာပေးခဲ့ကြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၁၀ ရက်နေ့တွင် မြောက် ကာရိုလိုင်းနားပြည်နယ် Fort Bragg တွင် အမေရိကန်စစ်တပ်၏ ၂၅၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသော စစ်သည် များအား မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းပြီးဆုံးသွားချိန်တွင် ၎င်းကြိုက်နှစ်သက်သော YMCA သီချင်းသံနှင့်အတူ ကပြခဲ့ရာ ပရိသတ်များက လှိုက်လှဲစွာ ဩဘာပေးခဲ့ကြပြီးနောက် ၎င်းက နောက်သို့လှည့်ကာ ချီးမြှောက်သည့်အမူအရာဖြင့် စင်နောက်တွင် ထိုင်နေသော စစ်သည် များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် နယ်စပ်တွင် အသံချဲ့စက်များနှင့် ထုတ်လွှင့်နေသည့် ဝါဒဖြန့်ချိမှုများကို ရပ်ဆိုင်း

News Image

တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် နယ်စပ်တွင် အသံချဲ့စက်များနှင့် ထုတ်လွှင့်နေသည့် ဝါဒဖြန့်ချိမှုများကို ရပ်ဆိုင်း

မြောက်ကိုရီးယားဘက်သို့ အသံချဲ့စက်များဖြင့် ဝါဒဖြန့်ချိမှုများ ထုတ်လွှင့် ခြင်းကို တောင်ကိုရီးယားစစ်တပ်က ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ သမ္မတသစ် လီဂျေမြောင် (Lee Jae-myung) က ရွေးကောက်ပွဲအတွင်း ကတိပြုထားသည့်အတိုင်း ဖြစ်သည်။

“အထက်အမိန့်အရ အသံချဲ့ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ပါပြီ” ဟု တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ် (Yonhap) က ဇွန် ၁၁ ရက်တွင် စစ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။