အစ္စရေးစစ်တပ်က ဂါဇာဒေသ ပစ္စည်းခွဲဝေရာနေရာ၌ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးဟု ပါလက်စတိုင်း မီဒီယာဆို

News Image

အစ္စရေးစစ်တပ်က ဂါဇာဒေသ ပစ္စည်းခွဲဝေရာနေရာ၌ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးဟု ပါလက်စတိုင်း မီဒီယာဆို

အစ္စရေးစစ်တပ်သည် ဇွန် ၁၀ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Netzarim စင်္ကြံရှိ ကူညီရေးပစ္စည်း ခွဲဝေပေးရာနေရာတစ်ခု၌ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၇ ဦး သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ထိုနေ့တွင်သတင်းဖော်ပြခဲ့သည်။

ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွင် ဝမ်ယိ ဗီဒီယိုမိန့်ခွန်းပြောကြား

News Image

ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွင် ဝမ်ယိ ဗီဒီယိုမိန့်ခွန်းပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇွန် ၁၀ ရက်တွင် ကျင်းပသော ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်အပေါ် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက စွဲချက် တင်ထားသည့်အမှုအား ဇွန် ၁၂ တွင် အမေရိကန်တရားရုံး ကြားနာမည်

News Image

ဒေါ်နယ်ထရမ့်အပေါ် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက စွဲချက် တင်ထားသည့်အမှုအား ဇွန် ၁၂ တွင် အမေရိကန်တရားရုံး ကြားနာမည်

လော့စ်အိန်ဂျလိစ်မြို့၌ ဆူပူမှုများဖြစ်ပွားနေစဉ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်သားများစေလွှတ်ရန် ဆုံးဖြတ်ချက်ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ်၏ ရှေ့နေ့က စွဲချက်တင်သွင်းလိုက်သည့် အမှုကို ဇွန် ၁၂ ရက်နေ့တွင် အမေရိကန်တရားရုံးတွင် ကြားနာစစ်ဆေးမည် ဖြစ်ပါသည်။

တရားရုံးကြားနာစစ်ဆေးမှုကို ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၁နာရီ ၃၀ အချိန်တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဖက်အဖွဲ့များအနေဖြင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်နိုင်ကြောင်း သိရပါသည်။

ရုရှားနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် စတင် ကျင်းပ

တတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် "Shaping the Future" သည် ရုရှားနိုင်ငံ၊ တာတာစတန်ဒေသရှိ ကာဇန် မြို့တွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) က တရားဝင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ နှစ်ရက်ကြာ ဆွေးနွေးဖလှယ်ရန် တက်ရာက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်သို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘယ်လာရုစ်၊ အဘ်ခါဇီးယား၊ တောင်အော်ဆီတီးယား၊ မြန်မာ၊ လာအို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကင်မရွန်း၊ ဘာကီနာဖာဆို၊ ဇင်ဘာဘွေနှင့် အခြားနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အရာရှိများ တက်ရောက်ခဲ့ ကြသည်။