ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့

News Image

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဓနုဖြူ   ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖီးကြမ်းငှက်ပျောသီးအဖီးရေအများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ငှက်ပျောသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း အဖီးရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။