ရုရှား၏ NATO ချဲ့ထွင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုသည် မျှတမှုရှိသည်ဟု Trump ၏ ကိုယ်စားလှယ်ပြောကြား
News Image

NATO ၏ ချဲ့ထွင်မှုနှင့်ပတ်သက်၍ ရုရှား၏ ကာလရှည်ကြာ လုံခြုံရေးစိုးရိမ်မှုများသည် သင့်တင့်မျှတသည်ဟု အမေရိကန်သမ္မတ၏ အထူး ကိုယ်စားလှယ် Keith Kellogg က ABC သတင်းဌာနနှင့် အင်တာဗျူးတွင် ကြာသပတေးနေ့ (မေ ၂၉) က ပြောကြားခဲ့သည်။
မော်စကိုက NATO ခေါင်းဆောင်များအနေဖြင့် အထူးသဖြင့် ယူကရိန်း၊ မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာတို့ကို အမေရိကန်ဦးဆောင်သော စစ်ရေး မဟာမိတ်အဖွဲ့အတွင်းသို့ ထည့်သွင်းခြင်းကို ရပ်တန့်ရန် စာဖြင့် ကတိပြု ထုတ်ပြန်ပေးရန် တောင်းဆိုနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ၎င်းက ထိုသို့ပြန်လည်ဖြေကြားခဲ့သည်။