စကော့တလန်ရှိ သီးသန့်ကျွန်း တစ်ကျွန်းကို ပျက်စီးနေသော ရဲတိုက်နှင့်အတူ အမေရိကန်ဒေါ်လာ ၇.၅ သန်းဖြင့် ရောင်းချ

News Image

စကော့တလန်ရှိ သီးသန့်ကျွန်း တစ်ကျွန်းကို ပျက်စီးနေသော ရဲတိုက်နှင့်အတူ အမေရိကန်ဒေါ်လာ ၇.၅ သန်းဖြင့် ရောင်းချ

စကော့တလန် အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် တည်ရှိသော ရှူးနားကျွန်း (Shuna Island) ကို ပျက်စီးနေသည့် ရဲတိုက်ဟောင်းနှင့်အတူ ပေါင် ၅.၅ သန်း (အမေရိကန်ဒေါ်လာ ၇.၄၈ သန်း) ဖြင့် ရောင်းချ လိုက်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Knight Frank နှင့် Sotheby’s International Realty တို့၏ ကြော်ငြာအရ အဆိုပါကျွန်းကို နှစ် ၈၀ အတွင်း ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်သည်။

မက္ကဆီကိုသို့ ကားအသစ်များ သယ်ဆောင်လာသည့် ကုန်တင် သင်္ဘော တစ်စီး မီးလောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား

News Image

မက္ကဆီကိုသို့ ကားအသစ်များ သယ်ဆောင်လာသည့် ကုန်တင် သင်္ဘော တစ်စီး မီးလောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား

မက္ကဆီကိုသို့ ကားအသစ်များ ပို့ဆောင်နေသော ကုန်တင်သင်္ဘော တစ်စီးသည် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး မီးငြှိမ်းသတ်၍မ ရသည့်အတွက် သင်္ဘောသားများ သင်္ဘောစွန့်ခွာထွက်ပြေးခဲ့ရကာ ရက် သတ္တပတ်အတန်ကြာပြီးနောက် မြောက်ပစိဖိတ်သမုဒ္ဒရာတွင် နစ်မြုပ် သွားခဲ့သည်။

အဆိုပါ "Morning Midas" သင်္ဘောသည် အလာစကာပြည်နယ်ရှိ အလူရှီယန်ကျွန်းစုများအနီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်အတွင်းတနင်္လာနေ့ (ဇွန် ၂၃) က နစ်မြုပ်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် Zodiac Maritime သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

ကိယက်ဗ်၏ မဟာမိတ်များ NATO ထိပ်သီးအစည်းအဝေးအတွက် ရောက်ရှိနေချိန်တွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း နိုင်ငံသား ဒါဇင်ချီ သေဆုံးခဲ့ရ

News Image

ကိယက်ဗ်၏ မဟာမိတ်များ NATO ထိပ်သီးအစည်းအဝေးအတွက် ရောက်ရှိနေချိန်တွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း နိုင်ငံသား ဒါဇင်ချီ သေဆုံးခဲ့ရ

ယူကရိန်းအရာရှိများ၏ ဖော်ပြချက်အရ ရုရှားတပ်များ၏ တိုက်ခိုက်မှု များကြောင့် တနင်္လာနှင့် အင်္ဂါနေ့ (ဇွန် ၂၃ ၊ ၂၄) တို့တွင် ၄၈ နာရီအတွင်း ယူကရိန်းနိုင်ငံသား အရပ်သားဒါဇင်ချီ၍ သေဆုံးခဲ့ပြီး လပေါင်း များစွာ အတွင်း အသေအပျောက်အများဆုံး နေ့ရက်များဖြစ်ခဲ့သည်။

ရုရှား၏တိုက်ခိုက်မှုများတွင် သေဆုံးခဲ့သူများထဲ၌ အသက် ၅ နှစ်အရွယ် ကလေးနှင့် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးလည်း ပါဝင်နေပြီး ယင်းတိုက်ခိုက်မှုများကို ယူကရိန်း၏မဟာမိတ်များ နယ်သာလန်နိုင်ငံတွင် NATO ထိပ်သီး အစည်းအဝေးအတွက် ရောက်ရှိနေချိန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

UK က အမေရိကန်ထံမှ နျူကလီယားလက်နက် သယ်ဆောင်နိုင်သော F-35A တိုက်လေယာဉ် ၁၂ စီးကို ဝယ်ယူရန် နှင့် NATO ၏ နျူကလီယား စီမံကိန်းတွင် ပါဝင်ရန် ပြင်ဆင်နေ

News Image

UK က အမေရိကန်ထံမှ နျူကလီယားလက်နက် သယ်ဆောင်နိုင်သော F-35A တိုက်လေယာဉ် ၁၂ စီးကို ဝယ်ယူရန် နှင့် NATO ၏ နျူကလီယား စီမံကိန်းတွင် ပါဝင်ရန် ပြင်ဆင်နေ

UK သည် နျူကလီယားလက်နက်သယ်ဆောင်နိုင်သည့် F-35A တိုက်လေယာဉ် ၁၂ စီးကို အမေရိကန်ထံမှ ဝယ်ယူရန် စီစဉ်နေပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပမည့် NATO အစည်းအဝေးတွင် အဆိုပါကြေညာချက်ကို ပြုလုပ်မည်ဖြစ်ပြီး NATO အဖွဲ့ဝင်နိုင်ငံများအား မဟာမိတ်အဖွဲ့အတွက် ပိုမို ပံ့ပိုးကူညီရန် တိုက်တွန်းမည်ဖြစ်သည်။