NATO အကြီးအကဲက အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကား ပြန်မရုပ်သိမ်းဟုဆို

News Image

NATO အကြီးအကဲက အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကား ပြန်မရုပ်သိမ်းဟုဆို

NATO အကြီးအကဲ Mark Rutte က အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကားကို ပြန်မရုပ်သိမ်းဟု ဆိုပါသည်။ 

NATO အတွင်းရေးမှူးချုပ် Rutte က အီရန်တိုက်ခိုက်မှုတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး လုပ်ဆောင်နိုင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးစကား ပြောကြားခဲ့သည်။

ထရမ့်က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် ပို့စ်၌ Rutte က အမေရိကန်၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန်ထူးခြားသော လုပ်ဆောင်မှု” ဟု ချီးကျူးခဲ့ခြင်းဖြစ်သည်။

ထရမ့်က ရုရှားနှင့် သဘောတူညီမှု ရရန်လိုသည်ဟု ပြော

News Image

ထရမ့်က ရုရှားနှင့် သဘောတူညီမှု ရရန်လိုသည်ဟု ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း၏ ရန်လိုမှုများကို အဆုံးသတ်နိုင်မည့် ရုရှားနှင့် သဘောတူညီမှုတစ်ရပ် ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့ (ဇွန် ၂၄) မွန်းတည့်ပိုင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ် မြို့တွင် ကျင်းပမည့် NATO အစည်းအဝေးသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့် ရှင်းလင်းစဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများက အီရန်၏နျူကလီးယား အစီအစဉ်အကြောင်း မှားယွင်းစွာ ပြောဆိုခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ပြောဆို

News Image

အနောက်နိုင်ငံများက အီရန်၏နျူကလီးယား အစီအစဉ်အကြောင်း မှားယွင်းစွာ ပြောဆိုခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ပြောဆို

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Vassily Nebenzia က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ မှားယွင်းသောသတင်းများကို ဖြန့်ဝေကာ တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြား ရာတွင် ၎င်းသံတမန်က အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ကြောင်း ရှုတ်ချခဲ့ပြီး ယင်းတို့သည် ရေဒီယိုသတ္တိကြွညစ်ညမ်းမှု၏ လက်တွေ့ ခြိမ်းခြောက်မှုကို ဖန်တီးခဲ့သည်ဟု ဆိုခဲ့သည်။

ပူတင်က အစိုးရအား နိုင်ငံခြား ကုမ္ပဏီများ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်

News Image

ပူတင်က အစိုးရအား နိုင်ငံခြား ကုမ္ပဏီများ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်

သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းပဋိပက္ခကြောင့် ရုရှားဈေးကွက်မှ ထွက်ခွာသွားခဲ့သော နိုင်ငံခြားကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရန်အတွက် အခြေခံအဆောက်အအုံများ ပြင်ဆင်ရန် ရုရှားအစိုးရအား ညွှန်ကြားခဲ့သည်။