ကနီမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ဧက ၃၉၁၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်
News Image

ကနီ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ဧက ၃၉၁ဝ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကနီမြို့နယ်တွင် စပါး ၂၃၂၈၅ ဧကစိုက်ပျိုးရန် လျာထားပြီး အဆိုပါစပါးစိုက်ပျိုးမှုကို ယခုနှစ် မေလပထမပတ်မှစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဧက ၃၉၁ဝ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။