ဒီမိုကရေစီအရေးကြွေးကြော်၊ လူ့အခွင့်အရေးရှေ့တန်းတင်၊ လစ်ဘရယ်လမ်းကြောင်း ထာဝရလျှောက်လှမ်းနိုင်ရေး ရေသောက်မြစ်များဖြစ်တဲ့ USAID နဲ့ NED...၊ ထိုအေဂျင်စီနဲ့ ဖောင်ဒေးရှင်းနှစ်ခုကို ဒီမိုကရေစီနဲ့ လစ်ဘရယ်အရေး ဦးဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက ယနေ့ဒီမိုကရေစီဘက်တော်သားများဖြစ်တဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင် အီလွန်မတ်စ်တို့ကိုယ်တိုင် USAID နဲ့ NED တို့ရဲ့ဆောင်ရွက်ချက်နဲ့ အဂတိဖြစ်မှုတွေအပေါ် ပိတ်ဆို့ဟန့်တားစိစစ်ခြင်း တွေကို ဘာကြောင့်များ ပြင်းပြင်းထန်ထန်ဆောင်ရွက်နေကြပါသလဲ။

အမှန်တကယ် ထိုကမ္ဘာလုံးဆိုင်ရာ USAID နဲ့ NED တို့ဟာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေ၊ လစ်ဘရယ်တန်ဖိုးတွေနဲ့ မကိုက်ညီပါကြောင်း အကြောင်းအချက်များစွာကို ယနေ့အမေရိကန်ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုယ်တိုင်က သိမြင်နားလည်လက်ခံသွားကြလို့ပဲလား။ ဖြစ်ပေါ်လာသော အတွေးသစ်အမြင်သစ်များနဲ့အတူ...။
စေတနာမမှန် အကြောင်းမကောင်းခြင်းကနေ သင်ခန်းစာယူနိုင်ရန်
မှန်ကန်တဲ့ အပြောင်းအလဲတစ်ခုဆိုတာ လူနည်းစု သိနေရုံနဲ့မပြီး လူအများစုက လက်ခံလာဖို့လည်း လိုပါတယ်။ အမေရိကန်တို့သာ သိနေရုံမဟုတ်၊ EU လို နိုင်ငံတွေ အချို့အချို့သောလူတွေ နားလည်လက်ခံလာဖို့လည်း လိုပါသေးတယ်။
မဟုတ်ရင် ယူကရိန်းလို၊ အီရတ်၊ လစ်ဗျားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့သလို အကြောင်းကြောင့် အကျိုးဖြစ်ရတဲ့ အကြောင်းအကျိုးဆက် ဆိုးကျိုးသဘောတွေ များစွာရှိလာနိုင်ပါတယ်။ သင်ခန်းစာ ယူစရာတစ်ခုက... ဘယ်လောက်ပဲကောင်းတဲ့ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ ချမှတ်ထားသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်သူတွေမှာ အတ္တနဲ့ ကိုယ်ကျိုးစီးပွား အလွန်အမင်းရှေးရှု မိတဲ့အခါ မကောင်းစေတနာအရင်းခံ အဖျက်လုပ်ရပ်တွေနဲ့ အကျိုးဆက်မကောင်းခြင်းများ ဖြစ်ပေါ်လာရကြောင်း လက်ခံနိုင်ဖို့ဖြစ်ပါတယ်။ ပညာဉာဏ်အမြော်အမြင်နည်းပြီး လုပ်နည်းလုပ်ဟန်မမှန်တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်က အဆုံးသတ်မကောင်း၊ ဇာတ်သိမ်းမလှဖြစ်ရတယ်ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။
ဆက်ရရင် အမေရိကန်နိုင်ငံရေးဟာ ကမ္ဘာအနှံ့ရောင်စုံတော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်ခဲ့တာကြာပါပြီ။ မိမိ တို့အလိုကျ မတရားပုံသွင်းယူ အားလုံးအပေါ် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ ရာစု နှစ်တစ်ခု မကတော့ဘူး ထင်ပါတယ်။ မူဝါဒရေးရာမှာ ငါသာ Unipolar တစ်ကိုယ်တော် ထင်တိုင်းကြဲ ကမ္ဘာ့စူပါပါဝါအဆင့်ကနေ တဖြည်းဖြည်းလျှောကျလာပြီး နိုင်ငံတကာ Multipolar အရွေ့မှာ နိုင်ငံရေး၊ စီးပွားရေး အစစအရာရာဆုတ်ယုတ်လာတဲ့ အမေရိကန်နိုင်ငံကြီးကို ပြန်လည် ဆွဲတင်နေတဲ့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်တို့ဟာ ယခုအချိန်မှာတော့ အမေရိကန်တို့အတွက် သူရဲကောင်းများ ဖြစ်နေကြပါပြီ။ ဒီမှာတင် ရီပတ်ဘလစ်ကင်ပြိုင်ဘက် ဒီမိုကရက်တို့ ကျဆုံးသွားခဲ့ရပြီး အမေရိကန်ပထမဆိုတဲ့ အမျိုးသားရေးဆန်ဆန် MAGA တို့က ရှေ့တန်း ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဟုတ်ခဲ့ပါ
အမျိုးသားရေးဆန်တဲ့ လက်ရှိခေါင်းဆောင်တွေရဲ့ အမေရိကန်အကျိုးစီးပွား ဦးစားပေးမူဝါဒတွေဟာ ခေါင်းဆောင်အစဉ်အဆက် ကိုင်စွဲလာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာဖွယ်ရာရှိနေပါတယ်။ ကိုယ်မလိုလားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ယခင်ကလို မစဉ်းစားနိုင်တော့ဘဲ ပြည်တွင်းရေးမှာ ဦးစားပေးပြုပြင်ရမယ့် ပြောင်းလဲမှုများဘက် ဦးတည်နေခြင်းက အမေရိကန်နဲ့တကွ ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မှန်ကန်တယ်လို့ ယူဆပါတယ်။
အရင်က ဒီမိုကရေစီ တန်ဖိုးစစ်စစ်နဲ့ လူ့အခွင့်တန်ဖိုး အမှန်အကန်တွေကို USAID နဲ့ NED တို့ကို အသုံးပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသုံးချနေတယ်လို့ ယူဆခဲ့ကြတယ်။ သို့ပေမယ့် အမေရိကန်ခေါင်းဆောင်အဆက်ဆက်ဟာ ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ်မှာ မိမိအလိုကျ ပုံစံသွင်းဖို့၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးဖို့သာ အလားတူ ဖောင်ဒေးရှင်းတွေ၊ အေဂျင်စီတွေကို အသုံးချခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီစံတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ၊ သက်ဆိုင်ရာနိုင်ငံတန်ဖိုးတွေနဲ့ ကိုက်ညီဖို့ မလိုပါဘူး။ အဓိကအရေးကြီးတာက မိမိအလိုကျ Global Agenda အတိုင်း ကမ္ဘာကြီးတစ်ခုလုံးက လိုက်ပါဆောင်ရွက်ကြဖို့ပါပဲ။ မိမိတို့အစီအစဉ်အတိုင်း မဆောင်ရွက်နိုင်တဲ့ အစိုးရများဟာ ပြုတ်ကျအောင် ဖြုတ်ချခံခဲ့ရပါတယ်။
မူလလစ်ဘရယ်စံနှုန်းများနဲ့ရော ကိုက်ညီပါရဲ့လား
Agenda ဆိုရာမှာ အနာဂတ်ကာလ တစ်ချိန်ချိန်မှာ အဆမတန်အင်အားကြီးထွားတိုးတက်လာမယ့် တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ကို ကြိုတင်ဟန့်တား ပိတ်ဆို့ထားပြီး ထိုနှစ်နိုင်ငံနဲ့ ပလဲနံပသင့်နိုင်ငံတွေ ပြိုကျပျက်သုဉ်းသွားရန် အစီအစဉ်ဖြစ်ပါတယ်။ ဒီ Agenda အစီအစဉ်ကြောင့်ပဲ ယနေ့ကမ္ဘာမှာ စိတ်မချမ်းသာဖွယ် အဖြစ်အပျက်များစွာ မြင်တွေ့နေရခြင်းဖြစ်ပါတယ်။ လက်ရှိရော အတိတ်က မြန်မာနိုင်ငံနဲ့ ယူကရိန်းဖြစ်စဉ်ဖြစ်ရပ်များကိုကြည့်ရင် တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ကန့်သတ်ရေး China containment မှသည် China confinement နဲ့ Russia containment အထိ သွားနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစီအစဉ်များရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်စပ်မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန်နဲ့အနောက်အုပ်စုတို့မှာ အလားတူအစီအစဉ်များစွာ ရှိခဲ့ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့နဲ့အတူ လစ်ဘရယ်အယူဝါဒတစ်ခုကို မတူကွဲပြားခြားနားမှုရှိကြတဲ့ လူ့အဖွဲ့ အစည်းများအတွင်း အတင်းအဓမ္မသွတ်သွင်းနေခြင်းပါပဲ။ ကမ္ဘာကြီးမှာ မတူညီတဲ့ယဉ်ကျေးမှု၊ ကွဲပြားတဲ့ဘာသာ တရား၊ ခြားနားတဲ့ နောက်ခံသမိုင်းအသီးသီးရှိကြပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် လူတစ်ဦးချင်းစီတိုင်း ကိုယ်ကြိုက်တဲ့ ဘာသာအယူဝါဒကို ကိုးကွယ်နိုင်တယ်၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ မူလလစ်ဘရယ်ဆိုင်ရာ တန်းတူညီမျှတရားမျှတမှုစံနှုန်းတချို့က အချို့သောသူတွေအတွက်တော့ နမူနာယူစရာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် မိမိတို့ကျင့်သုံးနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစနစ်များ၊ တန်ဖိုးများ၊ စံနှုန်းများအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကောင်းသည်ထက်ကောင်းအောင် မပြုပြင်နိုင်ခဲ့ကြပါဘူး။ ဒီအချက်ကို အခြေခံပြီး အမေရိကန်နဲ့ အနောက်အုပ်စုတို့က ကမ္ဘာကြီးကို လွှမ်းမိုးပြီးမှ ဖြစ်နိုင်ရင် ရွာကြီးတစ်ရွာတည်းအဖြစ် မြင်လိုနေခြင်း ဖြစ်ဟန်တူပါတယ်။ လိုချင်တာကို မရမကပုံဖော်မယ်၊ အကျိုးဆက်အနေနဲ့ ရောင်စုံတော်လှန်ရေးနဲ့ အကြမ်းဖက် မှုတွေ၊ အာခံအန်တုမှုနဲ့ အရိုအသေတန်မဲ့ ရိုင်းစိုင်းမှုတွေ၊ ဘာသာတရားစော်ကားမှုနဲ့ ခွဲခြားမှုတွေ၊ ကျင့်ဝတ်ဖောက်ဖျက်မှုတွေ၊ Sex education နဲ့ ရုပ်ရှင်ဗီဒီယိုနဲ့ မီဒီယာကနေ ပျံ့နှံ့လာတဲ့ လိင်တူလိင်ကွဲ LGBT Lesbianနဲ့ sex change operation ကိစ္စတွေစတဲ့ သဘာဝလွန်ဆန့်ကျင်ဘက် သက်ရောက်မှုများစွာကို ယနေ့ခေတ်မှာ မြင်တွေ့ ကြားသိလာကြရပါတယ်။
ကျောထောက်နောက်ခံနဲ့ အသွင်ယူပုံ
ဒီလိုသက်ရောက်မှုတွေနဲ့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်များဖြစ်လာဖို့ မီဒီယာလွတ်လပ်ခွင့် ခေါင်းစဉ်အောက်မှာ မီဒီယာကို ကောင်းကောင်းအသုံးချခဲ့ကြ တယ်၊ CIA လို ထောက်လှမ်းရေးအဖွဲ့ အစည်းများရဲ့ ကျောထောက်နောက်ခံနဲ့ INGO, NGO တွေက အေဂျင်စီဖောင်ဒေးရှင်းများအဖြစ် အသွင်အမျိုးမျိုး ယူခဲ့ကြတယ်။ လူသားချင်းကူညီထောက်ပံ့မှု ခေါင်းစဉ်အောက်မှာ စစ်ဘေးရှောင်၊ သဘာဝဘေး၊ ကျန်းမာရေး၊ ပညာရေးအကြောင်းပြ ထောက်ပံ့မှုမျိုးစုံနဲ့ အမျိုးမျိုးကူညီပြကြပါလိမ့်မယ်။ ဒါပေမယ့် ထိုကူညီမှုမျိုးစုံကတစ်နိုင်ငံလုံးမှာ လွှမ်းခြုံမှုမရှိဘဲ နယ်စပ်ဒေသက ရောင်စုံလက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ရာဒေသခံတွေနဲ့ လက်နက်ကိုင်တွေအတွက်ပဲဖြစ်နေတာ တွေ့ရတယ်။ သက်ဆိုင်ရာ နိုင်ငံရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မယ်၊ ကိုယ်လိုချင်တဲ့သူ အနိုင်ရအောင်လုပ်၊ ကိုယ့်လူတည်မြဲဖို့အတွက် သာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရေးအရာတွေမှာ လွှမ်းမိုးမှုယူ၊ ချုပ်ကိုင်ခြယ်လှယ်မှုအမျိုးမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။
ဒီလို ခြယ်လှယ်ချုပ်ကိုင်မှုအမျိုးမျိုးအတွက် US နဲ့ အနောက်အုပ်စုရဲ့ လက်တံခြေတံများစွာအနက်က USAID နဲ့ NED တို့ကို မျက်နှာဖုံးလှလှစွပ်ထားတဲ့ INGO အဖွဲ့များအဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒီနေရာမှာ အမေရိကန် CIA သည် USAID နဲ့ NED တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုအဖြစ် လျှို့ဝှက်လှုပ်ရှားပါတယ်။
အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာဘီလီယံချီငွေများစွာဟာ CIA က တစ်ဆင့် ထိုအဖွဲ့နှစ်ဖွဲ့ဆီ စီးဝင်စေပြီးမှ အစိုးရဆန့်ကျင်သူတွေဆီကို ပြည်တွင်း NGO တွေကတစ်ဆင့် လျှို့ဝှက်ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဒီနေရာ မှာ USAID နဲ့NED တို့ကို ပရိယာယ်ဝေဝုစ်၊ အလိမ်အညာ၊ အဂတိတွေနဲ့ ပွစာတက် နေတဲ့ အဖွဲ့တွေအဖြစ် အီလွန်မတ်စ် ကိုယ်တိုင်ရဲ့ ဖော်ပြထားချက်များကို မှတ်သားမိပါတယ်။
ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ် မြေပေါ်မြေအောက်နည်းလမ်းစုံနဲ့ ချဉ်းကပ်ရာမှာ အင်မတန်လက်သံပြောင်တဲ့အဖွဲ့တွေဖြစ်ပါတယ်၊၊ မီဒီယာကို ငွေကြေးပုံအောပြီး သူတို့ ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့သင်ခန်းစာမျိုးကတော့ အတုယူစရာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျမဖြစ်တဲ့ နိုင်ငံတွေကို မတည်မငြိမ်ဖြစ် စေဖို့၊ လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားဖို့၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်းစတဲ့ လူ့အဖွဲ့အစည်းတွေအတွင်း စိမ့်ဝင်ပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲရာမှာ ထိရောက်ထက်မြက်တဲ့ လက်နက်ကိရိယာများ ဖြစ်ခဲ့ပါတယ်။
ဘယ်လောက်ပဲ လူထုထောက်ခံတဲ့အစိုးရတစ်ခု ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စီးပွားရေးဖွံ့ဖြိုးနေပါစေ၊ ဘယ်လိုပဲတည်ငြိမ်တဲ့နိုင်ငံဖြစ်နေပါစေ ဒေါ်လာလွှမ်းမိုးမှုပါတဲ့ လမ်းပေါ်ထွက် ဆူပူအုံကြွဆန္ဒပြမှုဒဏ်ကို နိုင်ငံအစိုးရတွေ၊ ပြည်သူတွေဟာ မခံနိုင်ကြပါဘူး။ အာဏာရှင်နဲ့ အဂတိခေါင်းစဉ်တပ် နည်းလမ်းပေါင်းစုံနဲ့ အပုပ်ချမှုများအောက်က လှုံ့ဆော်မှုမှန်သမျှဟာ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်ရာမှာ အလွန်လွယ်ကူပါတယ်။ နိုင်ငံတကာ၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေးဖွံ့ဖြိုးရေး၊ ပွင့်လင်းမြင်သာမှုစတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်က ဘာဖိုရမ်၊ ညာဖိုရမ်၊ ဘယ်လိုလူ့အဖွဲ့ အစည်းဆိုတာတွေဟာ အလွန်အန္တရာယ်များတဲ့အတွက် ထိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆက်ဆံရာမှာ များစွာသတိ ထားရမှာဖြစ်ကြောင်း ဖော်ပြလိုတယ်။
ပရိယာယ်ဝေဝုစ်များဖြင့် NED
ဒီနေရာမှာ USAID နဲ့ NED နှစ်ခု အနက် National Endowment for Democracy (NED) ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ ဒီမိုကရေစီအထောက်အပံ့ဖောင်ဒေးရှင်းတစ်ခုအကြောင်း ဦးစွာ တင်ပြလိုပါတယ်။ သမ္မတရော်နယ်ရေဂင် လက်ထက် ၁၉၈၃ ခုနှစ်က စတင်သန္ဓေတည်လာခဲ့တဲ့ NED ဟာ NDI National Democratic Institute နဲ့ IRI International Republican Institute ဆိုပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်အထိုင်နှစ်ဖွဲ့ ခွဲခြားလှုပ်ရှားပါတယ်။
မူလရည်ရွယ်ချက်က ဒီမိုကရေစီအရေး၊ မီဒီယာလွတ်လပ်မှုနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဖြစ်ပြီး ဆိုဗီယက်နဲ့ အရှေ့ဥရောပကို ဖြိုခွဲဖို့အဓိကဖြစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာ NED ရဲ့ မူလအစီအစဉ်တွေ ဘေးရောက်သွားရပြီး အမေရိကန်ဒီမိုကရေစီစနစ် ကမ္ဘာအနှံ့ခြေဆန့်နိုင်ရေး CIA ရဲ့ လက်ရုံးတစ်ခုဖြစ်လာခဲ့တယ်။ NED ကြောင့် ပိုလန်အစိုးရ ပြိုကွဲခဲ့ရဖူးတယ်၊ ယူဂိုဆလားဗီးယားနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ရတယ်။ ယနေ့ရုရှား - ယူကရိန်းပဋိပက္ခဟာဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရုရှားယိမ်းတဲ့ ယူကရိန်းအစိုးရကို အနောက်အုပ်စုထောက်ခံတဲ့ပါတီတွေက ဖြုတ်ချခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။
၂၀၀၃ ဂျော်ဂျီယာ နှင်းဆီတော်လှန် ရေးနဲ့ ၂၀၀၄ ယူကရိန်း လိမ္မော်ရောင် အုံကြွမှုတွေမှာ NED ရဲ့ များပြားတဲ့ ငွေကြေးအကူအညီတွေက အဓိကကျခဲ့ကြောင်း တွေ့ရှိချက်တွေရှိပါတယ်။ အမေရိကန်ရဲ့ NED လုပ်ရပ်တွေဟာ ဥရောပတင်လား၊ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် အီဂျစ်သမ္မတ မူဘာရက်ပြုတ်ကျခဲ့မှုနဲ့အတူ ယီမင်၊ လစ်ဗျား၊ အယ်လ်ဂျီး ရီးယားနိုင်ငံတွေဆီက အာရပ်နွေဦး တော်လှန်ရေးတွေ၊ လက်တင်အမေရိက ဘိုလီဗီးယားနိုင်ငံက ပြည်သူအရွေးချယ် ခံသမ္မတ မိုဆာရေးလ် ပြုတ်ကျသွားတဲ့ဖြစ်စဉ်တွေမှာ NED က ခိုးကြောင်ခိုးဝှက်နဲ့ ပါဝင်ပတ်သက်ခဲ့ပုံတွေကို လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအမေရိကန်နိုင်ငံရဲ့ အဖြစ်အပျက်များစွာက လျင်မြန်စွာ ပြောင်းလဲနေပါပြီ။ အရင်အစိုးအဆက်ဆက်ထားရှိခဲ့တဲ့ အစီအစဉ်တွေ နေရာမှာ လိုလားချက်အသစ်တွေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ ပုံဖော်မှုများ တွေ့နေရပြီဖြစ်ပါတယ်။ ရိုက်ခတ်မှုက အတော်ပြင်းထန်မယ့် လက္ခဏာရှိနေ တယ်။ အမြဲတမ်းမိတ်ဆွေဆိုတာမရှိ၊ ထာဝရရန်သူဆိုတာမရှိဆိုတဲ့စကားကို လက်ခံနိုင်ရင် အပြောင်းအလဲက တည်ငြိမ်မယ့်သဘော ရှိပါတယ်။
ရွေ့လျောနေတဲ့ အပြုသဘောဖြစ်တည်မှုတစ်ခုကို မရမက ဟန့်တားရင်တော့ ရှိပြီးသားပဋိပက္ခက ပိုမိုကြီးထွားလာရုံပါပဲ။ ဘယ်လိုအပြောင်းအလဲပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့က ကမ္ဘာ့ရေးရာနဲ့ မြန်မာ့အရေးအဆက်အစပ်များကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ အကွက်ကျကျအရွေ့တွေမှာ အမြော်အမြင်ရှိရှိ လိုက်ပါနိုင်ရင်တော့ အပြောင်းအလဲက ကိုယ့်အတွက်ပါပဲ။ ဘယ်လိုပဲရိုက်ခတ်ရိုက်ခတ် အပြုသဘောဆန်နေမှာသာဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အမေရိကန် NED အပေါ်မှာ ရေးရေးလေးမြင်သာရုံ ဖော်ပြထားပါတယ်။ နောက်ဆောင်းပါးမှာတော့ USAID နဲ့ NED နှစ်ဖွဲ့ ပူးပေါင်းပြီး ကမ္ဘာ့ရေးရာများစွာမှာ ဘယ်လို လျှို့ဝှက်ပါဝင်ပတ်သက်နေကြပါသလဲ ဆက်လက်လေ့လာဖော်ပြသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
Source: www.moi.gov.mm

အမိပြည်ထောင်စုမြန်မာတော်သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် တင့်တည်ထည်ဝါစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်ပါသည်။ တကောင်းအဘိရာဇာမင်းကြီးလက်ထက်မှသည် မယိမ်းမယိုင် တည်တံ့ခိုင်မြဲသော ကျွန်ုပ်တို့ နိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁၀၄၄) ပထမမြန်မာနိုင်ငံတော်၊ အင်းဝခေတ် ဘုရင့်နောင်မင်းလက်ထက် (အေဒီ ၁၅၅၁) ဒုတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် (အေဒီ ၁၇၅၂) တတိယမြန်မာနိုင်ငံတော် စသဖြင့် အင်ပါယာ ဘဝသို့ပင် ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော နိုင်ငံဖြစ်ပါသည်။[1]

ရှေးယခင်က မြန်မာဘုရင်မင်းမြတ်များသည် ဘုန်းမီးနေလ တောက်ပခဲ့ကြသဖြင့် မြန်မာဘုရင်များထံသို့ စော်ဘွားများ၊ နယ်စား၊ နယ်ရှင်များက အခွန်ဘဏ္ဍာများ ဆက်သခဲ့ ကြပြီး ဘုန်းတော်ရိပ်တွင် ခိုလှုံခဲ့ကြသည်မှာ ငြင်းမရနိုင်သည့် သမိုင်းအမှန်ပင်ဖြစ်ပါသည်။ ခိုင်လုံသော သမိုင်းသက်သေအထောက်အထားများအရ ဗမာတိုင်းရင်းသားများသာ လူဦးရေ အရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ၊ စီးပွားရေးအင်အားအရဖြစ်စေ အင်အား တောင့်တင်းကာ တစ်ထီးတစ်နန်းဖြင့် အနီးပတ်ဝန်းကျင်နယ်မြေများသာမက ယိုးဒယားစသည့် တိုင်းတပါးနယ်မြေများအထိပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရား ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့နောက်တွင်ကား ဗြိတိသျှနယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိတိ အနိုင်ကျင့်ဗိုလ်ကျ၍ ကျူးကျော်စစ် ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်)တွင် ထီးကျိုးစည်ပေါက်၍ တစ်နိုင်ငံလုံးသူ့ကျွန် ဘဝ ကျရောက်ခဲ့ရသည်။
ကမ္ဘာ့သမိုင်းတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ခင်းကြရာဝယ် စစ်နိုင်သည့်နိုင်ငံက စစ်ရှုံးသည့် နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အင်္ဂလိပ် တို့က မြန်မာနိုင်ငံအပေါ် ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းများဖြင့် စစ်ပြုခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပါသည်။ ကောက်ကျစ်စဉ်းလဲသော နယ်ချဲ့အင်္ဂလိပ် တို့၏ လုပ်ရပ်အဖြစ် ထင်ရှားသည့်သာဓကတစ်ခုမှာ “မြင်ကွန်းအရေးတော်ပုံ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်အကြံအစည်ရှိသည့် နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် နောင်တစ်ချိန် မြန်မာနှင့် တတိယအကြိမ် စစ်ပွဲဖြစ်ပွားမည့်အချိန်၌ အနှောင့်အယှက် ဖြစ်နိုင်သည့် မြန်မာဘုရင် မင်းတုန်းမင်းကြီး၏ ညီတော်ဖြစ်သောဘက်စုံထူးချွန်သူ အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နယ်ချဲ့အင်္ဂလိပ်တို့က ပြည်တွင်း သစ္စာဖောက် များဖြစ်ကြသည့် ဘုရင့်အာဏာရယူလိုသော မြင်ကွန်းနှင့် မြင်ခုံတိုင်မင်းသား တို့ကို အသုံးချခဲ့ကြောင်း တွေ့ရှိရပါသည်။
လွတ်လပ်ရေးဆုံးရှုံးပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ တိုင်းရင်းသားလူမျိုး များက အမျိုးသားဇာတိမာန်တက်ကြွစွာဖြင့် ရရာလက်နက်စွဲကိုင်ကာ ကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် နှင့်အခြေအနေ၊ အချိန်အခါကို တွက်ဆထောက်ချင့်၍ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျွန်သက် ၁၂၃ နှစ်တိုင်တိုင် သက်ဆိုးရှည်ခဲ့ရပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ရေး (Divide and Rule) နည်းဗျူဟာဖြင့် မြေပြန့် ဒေသနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားမှုများပြုလုပ်ခဲ့ခြင်း၊ ‘တောင်တန်းဒေသများရှိ တိုင်းရင်းသား များသည် မြေပြန့်ဒေသများရှိ ဗမာတိုင်းရင်းသားများထက် အဆင့်အတန်း မြင့်မားစွာနေထိုင်ခဲ့သည်၊ ဗမာတိုင်းရင်းသားများက လွှမ်းမိုးသိမ်းပိုက်ခဲ့သည်’စသဖြင့် သမိုင်း အချက်အလက် အမှားများဖြင့် ရိုးသားသောတိုင်းရင်းသားများကို သွေးထိုးမြှောင့် ပင့်လှုံ့ဆော် ခြင်းနှင့် သေးငယ်သော ချီးမြှင့်မြှောက်စားခြင်းတို့ဖြင့် မြန်မာတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်စွာဖြင့် တည်ရှိနေသော အခြေအနေကို ရည်မှန်းချက်ရှိရှိ၊ အကွက်ကျကျ ဖျက်ဆီးခဲ့ပေသည်။
အလားတူ ဂျပန်ခေတ်အတွင်း၌လည်း နယ်ချဲ့အင်္ဂလိပ်တို့က ခလောက်ဆန်အကြံဖြင့် မရိုးသားသောလုပ်ရပ်များ ဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအချို့ တင်ပြရမည်ဆိုပါက ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ “ဗမာပြည်စီမံကိန်း”(Blueprint for Burma) အစီရင်ခံစာအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ(တောင်တန်းဒေသ) နှင့်ပတ်သက်၍ “သီးခြားဒေသများဖြစ်ကြသည့် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်ဒေသတို့မှာ မြန်မာ ဒိုမီနီယံနိုင်ငံနှင့် ပူးပေါင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်မပြမချင်း ထိုဒေသများကို မြန်မာဒိုမီနီယံ နိုင်ငံထူထောင်ရာတွင် သီးခြားဒေသများ၏ လက်ရှိအနေအထားကို ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်ဟူ၍ ကော်မတီက သဘောမထားပေ”[2]ဟူ၍ စဉ်းလဲသောဉာဉ်ဖြင့်ဖော်ပြခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားလူမျိုးများအကြား သပ်လျှိုသွေးခွဲခဲ့သည့် ထင်ရှားသည့် သာဓကတစ်ခုပင် ဖြစ်ပါသည်။
နောက်ထပ်သာဓကတစ်ခုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာပြည်စိုးမိုးရေး လမ်းစဉ် (Burma Statement Policy by X.M.J, 1945) သို့မဟုတ် ဆင်းမလား စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် “မြန်မာနိုင်ငံတော်အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာ လူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့၊ ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့နေထိုင်သော တောတောင် ဒေသများ ပါဝင်သည့်စာရင်းပါ နယ်မြေများကိုမူကား ထိုလူမျိုးများက မိမိတို့ နေထိုင်သော ရပ်ကွက်ဒေသများကို မြန်မာလူမျိုးတို့နှင့် သင့်တော်သောနည်းဖြင့် ပေါင်းစပ် လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့်အချိန်သို့ မရောက်သေးမီ အတေ အတွင်း ၌ ဘုရင်ခံမင်းကြီးက အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း” [3] စသဖြင့် သွေးခွဲစကား ဖော်ပြထားပြန်သည်ကိုတွေ့ရှိနိုင်ပါသည်။
တစ်ဖန်မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၏ သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံ စာချုပ် မချုပ်ဆိုနိုင်သေးမီကာလများ၌လည်း ဗြိတိသျှအစိုးရက စေလွှတ်ခဲ့သော မစ္စတာ ဘော်တွမ်လေ ကဲ့သို့ နယ်ချဲ့ကိုယ်စားလှယ်များသည် တောင်တန်းဒေသများမှ တိုင်းရင်းသား များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မတွေ့ဆုံမီ သွေးထိုးအကြံပေးမှုများဖြင့် မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏ သွေးထိုးပေးမှုကြောင့် ပင်လုံညီလာခံကာလတွင် ရှမ်းနှင့်ကချင်တို့က ဦးဆောင်၍ စာတမ်းရှည်တစ်ခုတင်သွင်းခဲ့ပြီး အဆိုပါစာတမ်းတွင် “လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ ပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့် ရှိစေမည်”[4] ဟူသောအချက်ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။
အထက်ပါဥပမာများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ စဉ်းလဲသော မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအနက် မပြောပလောက်သော ဆောင်ရွက်ချက်အချို့သာဖြစ်ပြီး မြန်မာတိုင်းရင်းသားများအကြား အချင်းချင်းသွေးကွဲပြီး အစဉ်ဒုက္ခကြုံ တွေ့နေရစေရန်အတွက် သမိုင်းစဉ်ဆက် တစ်လျှောက် ထိုထက်မက ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့က သမိုင်းအချက်အလက်အမှားများဖြင့် သွေးထိုးမှုများကို လွတ်လပ် ရေး ရပြီးသည့် ကာလနောက်ပိုင်းတွင်လည်း တွေ့ရှိခဲ့ရပါသည်။ သာဓကတစ်ရပ်အနေဖြင့် ရန်ကုန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ်လူမျိုး ပါမောက္ခဂေါ်ဒင်လုစ် (Gordon Luce) က ခေတ်ပြိုင်သမိုင်းအထောက်အထားများ ခိုင်လုံစွာမပြနိုင်ဘဲ “မြန်မာအစ ကျောက်ဆည်က” ဟူ၍ အတင်းအကြပ် ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအချက်မှာ မှန်သည်/ မမှန်သည် အပထား၊ မြန်မာ့သမိုင်းတွင် အငြင်းပွားမှုနှင့် ရှုပ်ထွေးမှုများသာပိုမိုဖြစ်ပေါ်ခဲ့ပြီး စုပေါင်းအဖြေရှာရန်ထက် သူ့ဘက်ကိုယ့်ဘက် အုပ်စုများသာ ကွဲသွားခဲ့ကြပါသည်။ ထိုမျှ သာမက ကျောက်ဆည်တွင် ဗမာ၊ ကရင်နှင့် မွန်စသည့် တိုင်းရင်းသားများနေထိုင်ကြရာမှ ဗမာများက လွှမ်းမိုးသိမ်းပိုက် အုပ်ချုပ်ခဲ့သည်ဟူ၍လည်း သမိုင်းလိမ်၊ သမိုင်းညာများ ထုတ်လွှင့်ကာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှုကို အဆိပ်မှိုင်း တိုက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
အချို့ရာဇဝင်ဆရာများကလည်း မြန်မာလူမျိုးအစမှာ အရှေ့တစ်လွှားရှိ တိဗက်တိုဘား မင်းအနွယ်များဖြစ်ပြီး ကနဦးကာလ မြန်မာ့မြေပေါ်တွင် လာရောက်နေထိုင်လျက် ထိုမှ မွန်ခမာ၊ မွန်မြန်မာဟူ၍ ဖြစ်လာဟန်ရှိကြောင်း၊ ပျူ၊ ကမ်းယံ၊ သက် အစရှိသည်တို့ပင် တိဗက် အနွယ်မှ ကွဲပြားဆင်းသက်လာဟန်ရှိကြောင်း ဒွိဟသံသယများဖြစ်စေရန် ခိုင်မာသော အထောက်အထား များမရှိဘဲ ရေးသားခဲ့ကြပါသည်။[5]
ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲအုပ်ချုပ်မှုလုပ်ရပ်များ၏ ဆိုးကျိုးအဖြစ် ထိုစဉ်က တိုင်းရင်းသားအချို့မှာ လွတ်လပ်သောပြည်ထောင်စု နိုင်ငံကြီးအဖြစ် ဝင့်ကြွားစွာ နေထိုင်ရခြင်းထက် တောင်တန်းဒေသအုပ်ချုပ်ရေး အောက်တွင် နေထိုင်လိုသည့် ဆန္ဒများ ရှိလာခဲ့ခြင်း (ယခုအချိန်တွင်လည်း အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကြောင်းပြ၍ ခွဲထွက်ခွင့်ကို ဦးတည်လုပ်ဆောင်နေခြင်း)၊ လူမျိုးရေးအတ္တအကျိုးစီးပွားနှင့် စစ်ဘုရင်ဝါဒကို ရှေ့တန်းတင် အသားပေးလာခဲ့ခြင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ရန် “ဗမာလူမျိုးကြီး ဝါဒ”ဟူသော နယ်ချဲ့အင်္ဂလိပ်တို့၏ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းလှည့်ဖျားမှု စကားရပ် ကို ယနေ့အချိန်ထိ အသုံးပြုနေခြင်းတို့သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်များပင် ဖြစ်ပါသည်။
တစ်ထီးတစ်နန်းနေခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ရှိခဲ့စဉ် မည်သည့် ဒေသမှ ကြွင်းကျွန်ရစ်ခဲ့ခြင်းမရှိဘဲ အားလုံးအတူတူ ကျွန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကချင်း၊ ချင်း၊ ရှမ်း၊ ကရင်ဟူ၍ ကွက်ကျန်နေခဲ့ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုစဉ်အချိန်ကတည်းက မြန်မာနိုင်ငံဟု တစ်စုတစ်စည်းတည်းရှိခဲ့ပြီး ကျွန်ဖြစ်ခဲ့ချိန်တွင်လည်း တိုင်းရင်းသားအားလုံး ကျွန်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်းသာဖြစ်ပါသည်။ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ၊ ချင်းနိုင်ငံဟူ၍ တိုက်ခိုက်ခဲ့သည်ဟု မည်သည့်သမိုင်းမှာမျှ တွေ့ရှိခဲ့ရခြင်းမရှိချေ။ အနောက်နိုင်ငံများက ဘက်လိုက်စွာဖြင့် ပြုစုရေးသားသည့် မြန်မာ့သမိုင်းများတွင်သော်မှ ထိုကဲ့သို့ တွေ့ရှိရခြင်း မရှိချေ။[6] လွတ်လပ်ရေး မဆုံးရှုံးမီကာလနှင့် သူ့ကျွန်ဘဝရောက်ခဲ့ရစဉ်ကာလများ၌ တစ်စု တစ်စည်းတည်း စုပေါင်းနေထိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ရှေ့ဆောင်ရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးရရှိချိန်မှသာ ပြည်ထောင်စုမှ ခွဲထွက်ကာ တစ်သီးတစ်သန့်နေလိုသည့် ပြည်တွင်း/ပြည်ပ အမျိုးဖျက်များကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲမည့် အန္တရာယ်များ ကျရောက်ကြုံတွေ့လျက်ရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏“အမျိုးသားစည်းလုံးညီညွတ်ရေး”အပေါ် အဆိပ်မှိုင်း၊ ဝါဒမှိုင်းတိုက်ခဲ့ သော အင်္ဂလိပ်နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲသော၊ သွေးထိုးလှုံ့ဆော်လှည့်ဖျားသော လုပ်ရပ်များ၏ အကျိုးဆက်များကြောင့်သာမက အနောက်အုပ်စုနိုင်ငံများက သတင်းမီဒီယာ များနှင့် ငွေကြေး အင်အားများအသုံးပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်းများသည် ယနေ့ အချိန်ထိ အမျိုးသား စည်းလုံးညီညွတ်ရေး (National Solidarity)အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေလျက်ရှိပြီး ကိုယ်ကျိုးစီးပွား ရှေ့တန်းထားတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ သဘောထားနှင့် လုပ်ရပ်များ၊ NUG နှင့် CRPH စသည့် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သမား PDF များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း နှောင့်နှေးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုသည့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့် အလှမ်း ဝေးကွာလျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ပြည်တွင်း ရေးကို မိမိတို့နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို လစ်လျူရှု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းတို့ကြောင့် ယနေ့အချိန်အခါတွင် အမျိုးသားရင်ကြားစေ့ရန်၊ တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရန် ခက်ခဲနှောင့်နှေးလျက် ရှိသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခြင်းသာဖြစ်ပါသည်။
ပြည်ထောင်စုနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ၊ စိတ်ခံစားချက်များထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်ကာ အမြင်ကျယ်ကျယ်၊ နားလည်မှုရှိရှိဖြင့် အင်အားကြီးနိုင်ငံအချို့၏ ဖိနှိပ်ခြယ်လှယ်အုပ်စိုးလိုသည့် ဘေးအန္တရာယ်များ၊ တန်းတူနိုင်ငံအချို့၏ ပျက်စီးရာ ပျက်စီးကြောင်း လိုလားသည့် လုပ်ဆောင်ချက်များကို လက်တွဲပူးပေါင်း၊ ဝိုင်းဝန်းဖြေရှင်းသွားရန် ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
[1]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀။
[2]။ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့၊ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ’။ စာ-၇၅။
[3]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။
[4]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။
[5]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၄၉။
[6]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀၊ ၅၁။
Photo: Pinterest

နိဒါန်း
ကမ္ဘာ့ပေါ်တွင် သတ္တမမြောက်နယ်မြေအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုး တိုးတက်စေသည့် အကြောင်းအရင်းများစွာရှိသည့်အနက် ၎င်းနိုင်ငံက ကျင့်သုံးလျက် ရှိသော နိုင်ငံရေးစနစ်ကောင်းမွန်မှုရှိသည်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံ၏ နိုင်ငံရေးစနစ်သည် အခြားနိုင်ငံများကဲ့သို့ပင် ပြည်ထောင်စုအဆင့်၌ နိုင်ငံတော်သမ္မတ (President) နှင့် နိုင်ငံတော်ဝန်ကြီးချုပ် (Prime Minister) တို့ရှိသော်လည်း ထူးခြားမှုတစ်ခုမှာ ပြည်နယ်များ၌ ရွေးကောက်ခံ ပြည်နယ်ဝန်ကြီးချုပ်များအပြင် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) များပါရှိကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ဝန်ကြီးချုပ်တို့အကြား Power Balance ဟုဆိုနိုင်သည့် အပြန်အလှန်ထိန်းကျောင်းမှု စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်နယ်အဆင့်တွင်လည်း ပြည်နယ်အုပ်ချုပ် ရေးမှူးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အကြား အပြန်အလှန် ထိန်းကျောင်းမှုစနစ်ဖြင့် အောင်မြင်စွာချီတက်နိုင်လျက်ရှိသောကြောင့် ယခုကဲ့သို့ နိုင်ငံရေးတည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်လျက်သည်ဟု မှတ်ယူနိုင်မည် ဖြစ်ပါသည်။
အိန္ဒိယသမ္မတနိုင်ငံရှိ ပြည်နယ် ၂၈ ခုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများ (State Governors) များရှိကြပြီး ဒေလီမြို့ (တရားဝင်အမည် အပြည့်အစုံမှာ National Capital Territory (NCT) of Delhi ဖြစ်ပါသည်) အပါအဝင် ပြည်ထောင်စု နယ်မြေ ၈ ခုတွင် ဒုတိယအုပ်ချုပ်ရေးမှူးများ (Lieutenant Governors)၊ သို့မဟုတ် စီမံအုပ်ချုပ်သူများ (Administrators) ရှိကြပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governors) ၏ အခွင့်အာဏာများ (Powers) နှင့် လုပ်ငန်းတာဝန်များ (Functions) မှာ နိုင်ငံတော်သမ္မတနိုင်ငံ၏ အခွင့်အာဏာများ (Powers)၊ လုပ်ငန်းတာဝန်များ (Functions) နှင့်ဆင်တူမှုရှိကြောင်း တွေ့ရှိရပါသည်။
ပြည်ထောင်စုနယ်မြေများတွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနေရာမရှိဘဲ ဒုတိယအုပ်ချုပ်ရေးမှူးများသာရှိပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီး များ ကောင်စီ (Council of Minister) နှင့် အခွင့်အာဏာတူညီစွာခွဲဝေ အုပ်ချုပ်လျက် ရှိကြောင်း သိရှိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒုတိယအုပ်ချုပ်ရေးမှူး များကို နိုင်ငံတော်သမ္မတက ခန့်အပ်ပြီး သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံရှိ ပြည်နယ်များတွင် ပြည်နယ်အစိုးရခေါင်းဆောင်ဖြစ်သည့် ပြည်နယ် ဝန်ကြီးချုပ် (Chief Minister of the State) များက အခွင့်အာဏာ ပိုမိုရှိကြသည်ဟု ယူဆနိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အကြီးအကဲများအဖြစ် တာဝန်ထမ်းရွက်ကာ ပြည်နယ်များ၏ နိုင်ငံရေးယန္တရားတွင် အဓိကထိန်းကျောင်း ပါဝင်လျက်ရှိသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ဗဟုသုတ ဖြစ်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution of India) ပုဒ်မ ၁၅၇ နှင့် ပုဒ်မ ၁၅၈ တို့တွင် အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုက်ညီရမည့် အရည်အချင်း များနှင့်စပ်လျဉ်း၍ ဖော်ပြထားပြီး အောက်ပါအတိုင်းဖြစ်ပါသည် -
အသက် ၃၅ နှစ် ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။
ပြည်ထောင်စုလွှတ်တော် (Parliament) နှင့် ပြည်နယ်လွှတ်တော် (State Legislature) တို့မှ ကိုယ်စားလှယ်မဖြစ်စေရ။
မည်သည့်ရုံးဌာနတွင်မှ တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။
ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့၏ဇာတိပြည်နယ် များတွင် ခန့်အပ်လေ့မရှိကြောင်းနှင့် အဆိုပါအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း
ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) ကို ပြည်ထောင်စုအစိုးရက အမည်စာရင်းတင်သွင်းပြီး နိုင်ငံတော်သမ္မတ (The President) က ခန့်အပ်ပါသည်။ အုပ်ချုပ်ရေးမှူးဖြစ်လာမည့် ကိုယ်စားလှယ်လောင်းကို သမ္မတအနေဖြင့် မည်သည့် အချက်များကိုအခြေခံ၍ ထည့်သွင်းစဉ်းစားသည်ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားခြင်း မရှိသော်လည်း အောက်ပါအချက် ၂ ချက်ကို ထည့်သွင်း စဉ်းစား၍ ဆောင်ရွက်ကြောင်း သိရှိရပါသည်-
ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းသည် အဆိုပါပြည်နယ်တွင် နေထိုင်သောသူ မဖြစ်စေရ။
ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရန်လျာထားသည့် ကိုယ်စားလှယ်လောင်းနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (Chief Miniter) ၏ အကြံဉာဏ်ရယူဆောင်ရွက်လေ့ရှိပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး အခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များ
အုပ်ချုပ်ရေးမှူးတစ်ဦး၏ အဓိကလုပ်ငန်းတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၉ တွင် ဖော်ပြထားသော အုပ်ချုပ်ရေးမှူးတာဝန်မထမ်းဆောင်မီ ပြုလုပ်ရ မည့် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို စောင့်ထိန်း၊ လိုက်နာ၊ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၇(ဂ)၊ ပုဒ်မ ၂၀၀၊ ပုဒ်မ ၂၁၃ နှင့် ပုဒ်မ ၃၅၅ တို့တွင် ဖော်ပြထား သည့်အတိုင်း အုပ်ချုပ်ရေးမှူးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အဖွဲ့အစည်းများအပေါ် ကြီးကြပ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ရ ပါသည်။
အုပ်ချုပ်ရေးအာဏာ (Executive Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) တွင် မဲအများစု ရရှိသော ကိုယ်စားလှယ်အား ပြည်နယ်ဝန်ကြီးချုပ် (Chief Minister) အဖြစ် ခန့်အပ် နိုင်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးသည် ဝန်ကြီးချုပ်၏ အကြံဉာဏ်ဖြင့် ဝန်ကြီးများ ကောင်စီ (Council of Ministers) အဖွဲ့ဝင်များကို ခန့်အပ်ခြင်းနှင့် ဝန်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
ဝန်ကြီးများကောင်စီအဖွဲ့ဝင်များသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားအပေါ်မူတည်၍ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်အခြေအနေမှာ အောက်လွှတ်တော်၏ ထောက်ခံမှုအပေါ် များစွာ မူတည်ပါသည်။ အောက်လွှတ်တော်တွင် အစိုးရအပေါ်ထောက်ခံမဲအများစု ရှိနေသမျှ ကာလပတ်လုံး ပြည်နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးများကောင်စီကို ဖျက်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ် (Advocate General)၊ ပြည်နယ်ဝန်ထမ်းရေးရာကော်မရှင် (State Public Service Commission) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ်နိုင်ခွင့်ရှိပါသည်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နာ (State Election Commissioner) ကို အုပ်ချုပ်ရေးမှူးက ခန့်အပ်နိုင်သော်လည်း ၎င်းကော်မရှင်နာအား ရာထူးမှဖယ်ရှားခွင့်ကိုမူ နိုင်ငံတော်သမ္မတကသာ ဆောင်ရွက် နိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့ပြည်နယ်ရှိ တက္ကသိုလ်အများစုက အဓိပတိ (Chancellor) အဖြစ် ဂုဏ်ပြုခန့်အပ်ထားကြပါသည်။ တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် သမာသမတ်မြင့်မားသည့် အဓိပတိရာထူး၌ ပြည်နယ်အုပ်ချုပ် ရေးမှူးအား ခန့်အပ်ထားခြင်းဖြင့် ၎င်းတက္ကသိုလ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အကာအကွယ်ပေးနိုင်သည့်အပြင် ပြင်ပမှ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်း တို့ကိုလည်း ကာကွယ်တားဆီးရာရောက်နိုင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသို့ ခန့်အပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တက္ကသိုလ်တစ်ခု၏ အဓိပတိဖြစ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အဆိုပါတက္ကသိုလ်၏ မည်သည့်ဌာနကိုမဆို စစ်ဆေး ပိုင်ခွင့်နှင့် စစ်ဆေးတွေ့ရှိချက်များအရ လိုအပ်သော အရေးယူဆောင်ရွက်မှုများအား လုပ်ပိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။
တက္ကသိုလ်တစ်ဦး၏ အဓိပတိသည် တက္ကသိုလ်ပညာရေးအဖွဲ့ (Senate) ၏ ဥက္ကဋ္ဌဖြစ်သဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေးအဖွဲ့၏ အကြံပြုထောက်ခံချက်ဖြင့် ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေး အဖွဲ့က တင်ပြသည့် နည်းဥပဒေများကို အတည်ပြုခြင်းနှင့် ပယ်ချခြင်းတို့ ပြုလုပ် နိုင်သည့်အပြင် သက်ဆိုင်ရာကော်မတီများ၏အကြံပြုထောက်ခံချက်ဖြင့် တက္ကသိုလ် ဆရာ/ဆရာမများကို ခန့်အပ်နိုင်ကြောင်း သိရှိရပါသည်။
ဥပဒေပြုရေးအာဏာ (Legislative Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ၂ ရပ်စလုံးအား လွှတ်တော် အစည်းအဝေးကျင်းပရန် ဆင့်ခေါ် ခြင်းနှင့် အစည်းအဝေးကျင်းပမှု ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထား ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) ကို ဖျက်သိမ်းနိုင်ခွင့် အာဏာရှိပါသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်မည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ၏ အကြံဉာဏ်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပြုလုပ်သော ပထမဆုံးအကြိမ်လွှတ်တော်အစည်းအဝေးကို မိန့်ခွန်း တက်ရောက်ပြောကြား၍ လွှတ်တော်အစည်းအဝေး စတင်ဖွင့်လှစ်ပေးရပါသည်။ အဆိုပါလွှတ်တော်အစည်းအဝေးတွင် ပြောကြားသော အုပ်ချုပ်ရေးမှူး၏ မိန့်ခွန်းတွင် ပါရှိသည့် အချက်များမှာ ပြည်နယ်အစိုးရ၏ မူဝါဒသစ်များကို ဖော်ညွှန်းလေ့ရှိ ပါသည်။
ပြည်နယ်လွှတ်တော်တွင် အတည်ပြုသည့် ဥပဒေကြမ်း (Bill) တစ်ရပ်သည် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ရရှိမှသာ ဥပဒေအဖြစ် အသက်ဝင်မည်ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းမှလွဲ၍ လွှတ်တော်က တင်ပြလာသော ကျန်ဥပဒေကြမ်းများကို ပြန်လည်စဉ်းစားသုံးသပ်ရန် လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ပါသည်။ သို့သော်လည်း လွှတ်တော်က အဆိုပါ ဥပဒေကြမ်းကိုပင် ဒုတိယအကြိမ်မြောက် ပြန်လည်တင်ပြလာပါက ပြည်နယ် အုပ်ချုပ်ရေးမှူးက မဖြစ်မနေ အတည်ပြုပေးလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့သောဖြစ်စဉ်မှာ ပြည်နယ်များ၏ သမိုင်းတွင် ဖြစ်တောင့် ဖြစ်ခဲကိစ္စရပ်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်လွှတ်တော်က ထောက်ခံတင်သွင်းသော အမျိုးသားကျောင်းဝင် ဆန်းစစ် ကင်းလွတ်ခွင့်ဆိုင်ရာ ဥပဒေကြမ်း [National Eligibility cum Entrance Test (Undergraduate)-NEET Exemption Bill] ကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ အဆိုပါဖြစ်စဉ်သည် ပြည်နယ်စတင်ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြည်နယ်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်နယ်အတွင်း လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ထင်မြင် ယူဆပါက လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပရန် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းလျက်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် (Election Commission) က မှတ်ချက်ပြုတင်ပြလာပါက ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပုဒ်မ ၁၉၂ အရ အဆိုပါ ကိုယ်စားလှယ်ကို ရာထူးမှဖယ်ရှားနိုင်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၅ နှင့် ၁၇၇ တို့အရ “ဥပဒေနှင့်မညီသောလုပ်ဆောင်ချက်များ ရှိ/မရှိ လေ့လာဆန်းစစ်၊ အစီရင်ခံတင်ပြစေရန်ရည်ရွယ်ချက်ဖြင့်” ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ရှေ့နေ့ချုပ် (Advocate General) အား လွှတ်တော်နှစ်ရပ်စလုံးက ကျင်းပသည့် အစည်းအဝေး များသို့ တက်ရောက်ရန် တောင်းဆိုနိုင်ကြောင်း သိရှိရပါသည်။
တရားစီရင်ရေးအာဏာ (Judicial Power) ။ ပြည်နယ်တရားရုံးများ (High Courts) အတွက် တရားသူကြီးများ ခန့်အပ်ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရပြီး ခရိုင်တရားရုံးများ (District Courts) အတွက် တရားသူကြီးများ ခန့်အပ်ခြင်းနှင့် ရာထူးတိုးပေးခြင်းကိစ္စရပ်တို့ တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရပါသည်။ ပြည်နယ်တရားရေးဌာနများ၌ ဝန်ထမ်းများခန့်အပ်ခြင်းကိစ္စရပ် တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံး၊ ပြည်နယ်ဝန်ထမ်းရေးရာ ကော်မရှင်တို့နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခြင်းတို့ ဆောင်ရွက်ရန် အခွင့်အာဏာရှိကြောင်း သိရှိရပါသည်။
ဘဏ္ဍာရေးအာဏာ (Financial Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်ဆိုင်ရာ ထုတ်ပြန်ချက်ကို ပြည်နယ် လွှတ်တော် ရှေ့မှောက်တွင် ချပြနိုင်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါဘဲ မည်သည့်အသုံးစရိတ်ကိုမျှ ထုတ်ယူခွင့် မရှိချေ။ အရေးပေါ် အသုံးစရိတ်များအတွက်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ထောက်ခံခွင့်ပြုပေးနိုင် ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ဘဏ္ဍာရေးကော်မရှင် (Financial Commission) ကိုလည်း ဖွဲ့စည်းပေးနိုင်ခွင့် အာဏာရှိပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်က အတည်ပြုတင်ပြလာသော ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်အပေါ် ခွင့်ပြုခြင်း၊ ဆိုင်းငံ့ခြင်းတို့ ပြုလုပ် နိုင်ကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အထူးအခွင့်အာဏာများ (Discretionary Powers) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်ပါအခြေအနေများတွင် အထူး အခွင့်အာဏာကို ကျင့်သုံးနိုင်သည်-
အောက်လွှတ်တော်အတွင်း မည်သည့်ပါတီကမှ ပြတ်သားသော မဲရလဒ် ရရှိခြင်း မရှိသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်နိုင်သည့် အခွင့်အာဏာရှိပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ အရေးအရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာများ ပေးပို့တင်သွင်းနိုင် သည့် အခွင့်အာဏာရှိပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ သဘော တူညီအတည်ပြုခြင်း မပြုဘဲ ထားနိုင်သကဲ့သို့ သဘောထားမှတ်ချက် တောင်းခံရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်တင်သွင်း နိုင်သည့် အခွင့်အာဏာရှိပါသည်။
ပုဒ်မ ၃၅၃ အရ အရေးပေါ်အခြေအနေကာလအတွင်း ပြည်နယ် အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးများ ကောင်စီ၏ အကြံဉာဏ်ပေးမှုများကို ကျော်လွန်ပယ်ဖျက်နိုင်သည့် အခွင့် အာဏာရှိပါသည်။
အရေးပေါ်အခြေအနေ (Contigency Situation) ။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၀၊ ပုဒ်မ ၃၅၆ နှင့် ပုဒ်မ ၃၅၇ တို့အရ နိုင်ငံတော်သမ္မတ၏ အထူးခွင့်ပြုချက် မရှိလျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အရေးပေါ်အခြေအနေကြေညာရန် အခန်း ကဏ္ဍ (Role) နှင့် အခွင့်အာဏာ (Power) မရှိချေ။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) (Part VI) ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ခံအစိုးရတစ်ရပ်က တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် အစိုးရအဖွဲ့ (State Cabinet) ၏ အကြံဉာဏ် ရယူခြင်းမရှိဘဲ မည်သည့်ဆုံးဖြတ် ချက်မျှ ချမှတ်ခြင်း မပြုရကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့်ခံစားခွင့်များ
ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် “အုပ်ချုပ်ရေးမှူးများ ချီးမြှင့်ငွေ၊ စရိတ် များနှင့် အထူးအခွင့်အရေးများဆိုင်ရာအက်ဥပဒေ (၁၉၈၂ ခုနှစ်) [Governors (Emoluments, Allowances and Privileges) Act 1982 ] ပါ သတ်မှတ်ပြဋ္ဌာန်းချက် များအရ လစာနှင့်ခံစားခွင့်များအား ခံစားပိုင်ခွင့်ရှိပါသည်။ အဆိုပါဥပဒေအရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လစာမှာ တစ်လလျှင် ရူပီး ၃၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၅၂၀၀ ခန့်) ဖြစ်ပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အိမ်ငှားခ ကင်းလွတ်ခွင့်ရသည့် အစိုးရ အိမ်တော် (Official Residence) ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဆောင် အယောင် မော်တော်ယာဉ်များ ရရှိပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် များသည် အခမဲ့ဆေးကုသခွင့်အား ရာသက်ပန်ခံစားခွင့်ရှိကြောင်း သိရှိရပါသည်။
ထူးခြားချက်အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ပြည်နယ် ၂ ခု၊ သို့မဟုတ် ၂ ခုပိုသော ပြည်နယ်များတွင်ပါ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ရပါက အုပ်ချုပ်ရေးမှူးရရှိမည့် လစာမှာ နိုင်ငံတော်သမ္မတက သတ်မှတ်ပေး သည့်အတိုင်းဖြစ်ပြီး သတ်မှတ်ပေးသည့်ငွေပမာဏအား ၎င်းတာဝန်ယူထားသည့် ပြည်နယ်များက အချိုးကျ ကျခံရမည် ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့် စရိတ်များအား ပြည်ထောင်စုလွှတ်တော် (Parliament) က ရုပ်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရရှိနိုင်သည့် ဥပဒေကင်းလွတ်ခံစားခွင့်များ
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၁ အရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အကြောင်း ပြချက်ဖြင့် ၎င်းပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်း၏ကိုယ်ပိုင်သဘောထားဆန္ဒအရ လာရောက်ထွက်ဆိုခြင်းမှလွဲ၍ တရားရုံးသို့ ဆင့်ခေါ်ပိုင်ခွင့် မရှိချေ။ အဆိုပါအမှုအား တရားရုံးများက ပြည်ထောင်စုအစိုးရ (Union Government) ၏ အချက်အလက် ထောက်ပံ့မှုများဖြင့် ဆုံးဖြတ်နိုင်ပါသည်။ သို့ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်းတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပြစ်ဒဏ်စီရင်ချမှတ်နိုင်ခြင်း မရှိဘဲ ရာထူးမှ အနားယူချိန်မှသာ အဆိုပါအမှုအတွက် ၎င်းအား တရားစွဲဆိုနိုင်ကြောင်း သိရှိရပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်ရှားခြင်း
ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသော်လည်း နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒရှိသည့် ကာလအတွင်း တာဝန်ထမ်းဆောင်ရသည်ဖြစ်၍ ယေဘုယျအားဖြင့် သမ္မတ သက်တမ်းအတိုင်း ၅ နှစ်တာကာလ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသည် ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးအား အခြားပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးအဖြစ်လည်း ပြောင်းရွှေ့ခန့်အပ်နိုင်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် အောက်ပါအချက် ၂ ချက်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးလစ်လပ်နိုင်ပါသည်-
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၆ အရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်ထမ်းဆောင်မှုအပေါ် ကျေနပ်မှုမရှိပါက နိုင်ငံတော်သမ္မတက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရာထူးမှ ဖယ်ရှားလျှင်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက ရာထူးမှ နုတ်ထွက်ခွင့်တင်ပြလျှင်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ (အကျဉ်းချုပ်)

ပုဒ်မ ၁၅၃ ။ ပြည်နယ်တစ်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးရှိရမည်။
ပုဒ်မ ၁၅၄ ။ ပြည်နယ်၏ အုပ်ချုပ်ရေးအာဏာသည် အုပ်ချုပ်ရေးမှူးထံတွင် တည်ရှိပြီး အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ပေးအပ်စေခိုင်းနိုင်သည်။
ပုဒ်မ ၁၅၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးအား နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးအတည်ပြုခန့်အပ်ရမည်။
ပုဒ်မ ၁၅၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အသက် ၃၅ နှစ်ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။
ပုဒ်မ ၁၅၈ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် အကျိုးအမြတ်ရရှိသော ရုံးဌာနတစ်ခုတွင် အလုပ်လုပ်နေသူ မဖြစ်စေရ။လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါက အဆိုပါလွှတ်တော်ကိုယ်စားလှယ်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။
ပုဒ်မ ၁၅၉ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်သည် တာဝန်မထမ်းဆောင်မီ ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုလုပ်ရမည်။
ပုဒ်မ ၁၆၀ ။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၂) တွင် ဖော်ပြထားခြင်းမရှိသော အရေးပေါ်အခြေအနေတစ်ရပ်တွင် ပြည်နယ်တစ်ခုမှအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းရန်အတွက် လိုအပ်သည်ဟု ထင်မြင်ယူဆပါက သတ်မှတ်ပြဋ္ဌာန်းချက်အချို့ ထုတ်ပြန်နိုင်သည်။
ပုဒ်မ ၁၆၁ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းတို့ ဆောင်ရွက်နိုင်ခွင့်ရှိသည်။
ပုဒ်မ ၁၆၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးအခွင့်အာဏာအသုံးပြုချိန်မှတစ်ပါး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ (Council of Ministers) ထံမှ အကြံဉာဏ်ကို ရယူဆောင်ရွက် ရမည်။
ပုဒ်မ ၁၆၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ခန့်အပ်ရမည်။
ပုဒ်မ ၁၆၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ်အား ခန့်အပ်ရမည်။
ပုဒ်မ ၁၆၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင် ချက်အားလုံးတွင် အုပ်ချုပ်ရေးမှူး၏ အမည်နာမကို ဖော်ပြဆောင်ရွက်ရမည်။
ပုဒ်မ ၁၇၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော် အစည်း အဝေးကျင်းပရန် ဆင့်ခေါ်ခြင်းနှင့် ရပ်ဆိုင်းခြင်း၊ အောက်လွှတ်တော်ကို ဖျက်သိမ်း ခြင်းတို့ ဆောင်ရွက်နိုင်သည်။
ပုဒ်မ ၁၇၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်း၊ အောက်လွှတ်တော်သို့သဝဏ်လွှာပေးပို့ခြင်းတို့ဆောင်ရွက်နိုင်သည်။
ပုဒ်မ ၁၇၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် အထူး မိန့်ခွန်း ပြောကြားနိုင်သည်။
ပုဒ်မ ၂၀၀ ။ အောက်လွှတ်တော်က အတည်ပြုတင်ပြသော ဥပဒေကြမ်း တစ်ရပ်အား ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောတူခြင်း၊ ပြန်လည်ပေးပို့ခြင်းနှင့် နိုင်ငံတော်သမ္မတ၏ သဘောထားတောင်းခံရန် သီးသန့်ချန်ထားခြင်းတို့ ဆောင်ရွက် နိုင်သည်။
ပုဒ်မ ၂၀၂ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းအား အောက်လွှတ်တော်၌ ရှင်းလင်းချပြနိုင်သည်။
ပုဒ်မ ၂၀၃(၃) ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါရှိဘဲ မည်သည့်ထောက်ပံ့ငွေမှ ထုတ်ယူသုံးစွဲခွင့်မရှိ။
ပုဒ်မ ၂၀၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ခန့်မှန်းခြေအသုံး စရိတ်ရှင်းတမ်းအား အောက်လွှတ်တော်ရှေ့မှောက်တွင် ရှင်းလင်းချပြရမည်။
ပုဒ်မ ၂၁၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တိကျသော အကြောင်းအရင်း တစ်ရပ်ရပ်အရ ညွှန်ကြားချက်များကို ရပ်ဆိုင်းနိုင်သည်။
ပုဒ်မ ၂၁၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်မှုအတွက် နိုင်ငံတော်သမ္မတထံသို့ အကြံဉာဏ်များပေး နိုင်သည်။
ပုဒ်မ ၂၁၉ ။ ခန့်အပ်ခံရသော ပြည်နယ်တရားလွှတ်တော် တရားသူကြီး များသည် တာဝန်မထမ်းဆောင်မီ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုရမည်။
နိဂုံး
အိန္ဒိယနိုင်ငံ၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်သမ္မတက အတည်ပြုရွေးချယ်ခန့်အပ်ထားသည့် ဂုဏ်သိက္ခာကြီးမားသူ၊ လူမှုနယ်ပယ်တွင် ထူးချွန်သူများဖြစ်ကြပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့၏ ဆောင်ရွက်ချက် များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန်အတွက် ထိန်းကျောင်းပေးလျက်ရှိကြသူများဖြစ်ကြသဖြင့် ပြည်နယ်၏ အာဏာ ၃ ရပ် အပြန် အလှန်ထိန်းကျောင်းတည့်မတ်ရာတွင်လည်းကောင်း၊ ပြည်နယ်၏အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
မှီငြမ်းကိုးကား
- T. Ramakrishnan (8 February 2022). House Will Create History if It Re-Adopts NEET Bill Today
- The Governors (Emoluments, Allowances and Privileges) Act, 1982
The Dismissal of Governors. The Hindu. 13
- https://www.india.gov.in/my-government/whos-who/lt-governors-administrators
- https://byjus.com/free-ias-prep/governor/

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ယူကရိန်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် ဗြိတိန်စစ်တပ်များကို စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ပြောကြားလိုက်ပါသည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန်နှင့်ရုရှားအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဉရောပနိုင်ငံများကို ပါဝင်လာစေရန် ကြိုးပမ်းမှုဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖုန်းခေါ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပြီး ဥရောပနိုင်ငံများကိုမူ ဆွေးနွေးမှုမှန် ချန်လှပ်ထားခဲ့ပါသည်။
Starmer သည် ဗြိတိန်စစ်သားများကို အန္တရာယ်များပြားလှသည့်နေရာများသို့ ပို့ဆောင်ရန် ဆုံးဖြတ်ချက်မှာ လွယ်ကူစွာ ချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း ယူကရိန်း၏ လုံခြုံရေးကို အာမခံပေးရန် ငြိမ်းချမ်းရေးတည်တံ့မှုသည် အရေးကြီးကြောင်း ပြောကြားထားပါသည်။
အဆိုပါထုတ်ဖော်ပြောကြားချက်မှာ ပြင်သစ်သမ္မတ Macron ၏ ဖိတ်ကြားချက်အရ ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာအရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပါရီမြို့တွင် မကျင်းပမီ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
Starmer သည် ဥရောပနိုင်ငံများက ယူကရိန်း၏ လုံခြုံရေးအာမခံချက်များတွင် ပိုမိုပါဝင်လာကြရန် အထူးလိုအပ်နေကြောင်း၊ ဥရောပနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးတည်တံ့မှုအတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားပါသည်။
ပါရီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး ဥရောပလုံခြုံရေးနှင့် ယူကရိန်း အနာဂတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည့် ၂၀၂၅ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှာလည်း ဥရောပလုံခြုံရေးကို မိမိဘာသာတာဝန်ယူကြရန် အမေရိကန်ဒုတိယသမ္မတ JD Vance ၏ သတိပေးပြောကြားချက်ကြောင့် လက်ရှိအချိန် စစ်ရေးဘဏ္ဍာငွေ အကျပ်အတည်းကြောင့် လက်ရှောင်နေကြသော ဥရောပခေါင်းဆောင်များအတွက် ကြိတ်မနိုင်ခဲမရ အနေအထားဖြင့် အဆုံးသတ်သွားကြပါသည်။
ဒေါ်နယ်ထရန့်၏ ယူကရိန်းကိစ္စအပေါ် ဥရောပကို လျစ်ရှုပြုမှုနှင့် အမေရိကန်ဒုတိယသမ္မတက မြူးနစ်ညီလာခံတွင် ပြောကြားသည့် ဥရောပအပေါ် အမေရိကန်ရပ်တည်ချက်တို့ကြောင့် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲနေကြပြီး အချို့နိုင်ငံများက နေတိုးမှ တရားဝင်နုတ်ထွက်သွားမည် မဆိုသော်လည်း ကိုယ်ပိုင်တပ်မတော် ထူထောင်ရန် အဆင့်ထိ လမ်းကြောင်းရှာနေကြပါသည်။ ယူကရိန်းအနာဂတ်နှင့် ဥရောပလုံခြုံရေးကို လာမည့် ပါရီလုံခြုံရေးဆိုင်ရာ အရေးပါ်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးရတော့မည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ အတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်-ဥရောပအခင်းအကျင်း (transatlantic )ရွေ့လျားပြောင်းလဲသွားပြီလား စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။

အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယသက်တမ်းကာလအတွင်း မူဝါဒ ပြောင်းလဲမှုများသည် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများ စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် လွတ်လပ်မှုများကို ထိန်းညှိဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ဆောင်းပါးကို China Daily သတင်းဌာနတွင် ရေးသားဖော်ပြထားရှိပါသည်။"
တွေ့ရှိချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖိလစ်ပိုင်တက္ကသိုလ် အာဆီယံစင်တာ (Asian Center-AC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲ (Webinar) တွင် ပညာရှင်များသည် အာရှဒေသနှင့် Trump ဒုတိယသက်တမ်းအကြား အခြေအနေများ (Asia and Trump 2.0) ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် သမ္မတ Trump လက်ထက်အတွင်း ပထဝီနိုင်ငံရေးအခြေအနေများပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်းများအပေါ် ပြည်ပမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ASEAN အဖွဲ့သည် သမ္မတ Trump ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကဦးစားပေးအဖြစ် ပါဝင်နေခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြားအင်အားကြီးနိုင်ငံများကြား မိတ်ဖက်ဆက်ဆံရေးနှင့် သဘောတူညီချက်များသည် အမေရိကန်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ Trump ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မြှင့်တင်ခြင်းမူဝါဒသည် တရုတ်နိုင်ငံထောက်ပံ့ရေးကွင်းဆက်များတွင် တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေသည့် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်မှုများရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ထို့နောက် ပညာရှင်များက သမ္မတ Trump ၏ ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Paris သဘောတူညီမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ နုတ်ထွက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း၌ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီးနိုင်ငံများ မဟုတ်သော်လည်း နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်ဟု University of Copenhagen မှ ပညာရှင် Melissa Hubahib Loja က ပြောကြားထားကြောင်း၊ အင်အားကြီးနိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းများ ဆက်လက်ခိုင်မာအားကောင်းစေရန် နိုင်ငံရေးကဏ္ဍများတွင် စဉ်းစားချင့်ချိန်၍ နည်းလမ်းများချမှတ်ရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း၊ စင်ကာပူနိုင်ငံ Nanyang Technological University မှ ပညာရှင် Collin Koh Swee Lean က စင်ကာပူနိုင်ငံသည် သေးငယ်ပြီး အဓိကစီးပွားရေးအနေဖြင့် ကုန်သွယ်ရေးကို အလေးထားလုပ်ကိုင်နေရသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သည့် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ASEAN အဖွဲ့ဝင်ကဲ့သို့သော ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ ကမ္ဘာ့လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန် မိတ်ဖက်ရွေးချယ်ဆက်ဆံခြင်းထက် နိုင်ငံအများနှင့်လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ခြိမ်းခြောက်စေသည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံအချင်းချင်း သဘောတူညီချက်များ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး ASEAN အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့နိုင်လိမ့်မည်ဟု ပညာရှင် Koh က ထပ်လောင်းပြောကြားခဲ့ကြောင်း၊ University of Tokyo မှ ပညာရှင် Maria Thaemar Tana က ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အုပ်စုတစ်စုတည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အခြားသောအုပ်စုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်သည်ဟု ယူဆ လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဤသို့ဆက်လက်ယူဆနေမည်ဆိုပါက အာဆီယံအဖွဲ့၏ ဒေသအတွင်းဩဇာလွှမ်းမိုးနိုင်မှုသည် အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှု၊ ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းနှင့်ပြည်ပဖိအားများကြီးထွားလာခြင်းကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
Asian Center မှ တွဲဖက်မောက္ခ Aaron Jed Rabena က Asian အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ Trump ၏ ခန့်မှန်း၍မရသော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံအပေါ်မှီခိုနေမှုများ လျှော့ချလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာများသည် ၎င်းတို့၏သဘောထားအမြင်၊ လက်တလောကြုံတွေ့ရသည့် ခြိမ်းခြောက်မှုနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှု မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာမူ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံနှင့်ပင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း၊ ၎င်းအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံအတွက် မဟာဗျူဟာမြောက် စိန်ခေါ် မှုများဖြစ်ပြီး ၎င်းတို့အကြားသင့်တော်သည့် နိုင်ငံခြားရေးမူဝါဒများကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
Asian Center မှ ပညာရှင် Noel Christian Moratilla က ကြားနေဝါဒဆိုသည်မှာ အချိန်တစ်ခု၌ အရေးကြီးသောအရာနှင့် ဆက်စပ်နိုင်မှုများကို ရှာဖွေသိရှိခြင်းပင်ဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်၊ စစ်အေးကာလအတွင်း Non-Aligned Movement (NAM) ကို တည်ထောင်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် အငြင်းပွားခြင်းထက် အခြား ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နည်းလမ်းများကိုလေ့လာ၍ နှစ်နိုင်ငံအကြား ချိန်ညှိလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားထားကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံမှ သုတေသနပညာရှင် Irine Hiraswari Gayatri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ရန် အခြားစီးပွားရေးမိတ်ဖက်များ ရှာဖွေလျက်ရှိကြောင်း၊ ဥပမာအားဖြင့် BRICS အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံပါဝင်လာမှုသည် မဟာမိတ်အသစ်များ ဖန်တီးလိုသည့်ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် မဟာဗျူဟာဆိုင်ရာလွတ်လပ်မှု (strategic autonomy) ကို ထိန်းသိမ်းထားသော်လည်း တရုတ်၊ အမေရိကန်နိုင်ငံတို့နှင့်ပါ မဟာမိတ်ဆက်ဆံရေးကို ထိန်းညှိစီမံလျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ASEAN အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏မူဝါဒများမှ သက်ရောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် လိုအပ်သည်ဟု Webinar ဆွေးနွေးပွဲတစ်ခုအတွင်း ပညာရှင်များက သုံးသပ်ချက်များ၊ ခန့်မှန်းချက်များကို ရေးသားဖော်ပြထားရှိပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းတို့အပေါ် စိုးရိမ်လျက်ရှိပြီး ဒေသအတွင်း သက်ရောက်မှုများဖြစ်ပေါ်မလာစေရေး ကြိုတင်ပြင်ဆင် နေခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအရ ပညာရှင်များသည် ASEAN နိုင်ငံများအား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် အကြံပြုနေခြင်းဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပေးပြောကြားနေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားနေမှုများမှ အာဆီယံအပေါ်သက်ရောက်မှုများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးတည်ဆောက်ထားရှိမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် မြန်မာနိုင်ငံအတွက် အဟန့်အတားအချို့ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား အလွန်အကျွံမှီခိုအားထားနေမှုကို သတိထားခြင်းဖြင့် စီးပွားရေးအရ ASEAN အဖွဲ့အပြင် အခြားနိုင်ငံများနှင့် ဈေးကွက်စီးပွားရေးချဲ့ထွင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပြည်တွင်းကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံခြားရေးမှုဝါဒများ ချိန်ညှိချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်ဟု ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် နိုင်ငံ၏သဘောထားအမြင်နှင့် မူဝါဒများအပေါ် များစွာမူတည်လျက်ရှိသောကြောင့် ပြောင်းလဲလာနိုင်သည့် ကမ္ဘာ့နိုင်ငံရေးရေချိန်ကို စောင့်ကြည့်လေ့လာ၍ သင့်တော်မှန်ကန်သည့်နိုင်ငံရေးမူဝါဒများချမှတ်နိုင်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

လွန်ခဲ့သော ၇၈ နှစ်။ မြန်မာ့သမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်မည့် ပင်လုံညီလာခံကြီးကို သုံးရက်ကြာမျှ ဆွေးနွေးတိုင်ပင်ပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာပြည်နှင့် တောင်တန်းနယ်များပူးပေါင်းရေး အခြေခံသဘောတူညီချက်ရရှိသည့် အထိမ်းအမှတ်အဖြစ် ညစာစားပွဲကို ကျင်းပခဲ့ကြသည်။

ညစာစားပွဲတွင် တောင်ပိုင်းစော်ဘွားကြီးက “ယနေ့ညဟာ နေ့ကောင်းနေ့မြတ်ဖြစ်တဲ့ညပါပဲ။ ယခုဒုတိယအကြိမ်မြောက် ပင်လုံအစည်းအဝေးကြီးမှာ ရာဇဝင်တွင်မကြုံဖူးသော အစည်းအဝေးကြီး ဖြစ်ပါတယ်။ ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားတို့အချင်းချင်း အထင်မှား သဘော ကွဲလွဲချက်များရှိသော်လည်း ယခုတော့ ထိုသဘောကွဲလွဲချက်များမရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်သားများအားလုံး ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ။
လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်
“ဒီအစည်းအဝေးကြီးမှာ ကျွန်တော်တို့အချင်းချင်းတွေ သွေးကွဲအောင် ခြေထိုးသူတွေရှိကြောင်းကို သိပါတယ်။ သူတို့ရှိပေမယ့် ကျွန်တော်တို့ (မအ) ပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာယုံကြည်ပါ။ ချုပ်ချယ်တဲ့စနစ်ကြောင့်သာ ကျွန်တော်တို့ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတာပါ။ ရှေ့အဖို့ လွတ်လပ်တဲ့အခါမှာ အခြား လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်ပါတယ်။ ယခု နယ်ရှင် စော်ဘွားများဟာ အရင်ကလို မဟုတ်တော့ပါဘူး။ တိုင်းပြည်ကိုယ်စားလှယ်တော်များနှင့် တန်းတူ ပူးပေါင်းကာ ဆောင်ရွက်ကြပါတော့မယ်။
“အထူးအားဖြင့် ဗိုလ်ချုပ် ဦးအောင်ဆန်း ကြွရောက်လာပြီး ညီညီညွတ်ညွတ်ဖြစ်အောင် ဆောင်ရွက်ပေးတာကိုလည်း အလွန်ပဲကျေးဇူးတင်ဝမ်းမြောက်ကြပါတယ်။ ရှေ့အဖို့မှာ ဗိုလ်ချုပ် ဦးအောင်ဆန်း၏ အလိုဆန္ဒအတိုင်း တစ်သွေးတစ်သားတည်း ညီညွတ်ကြမည်ကို ယုံကြည်စေလိုပါတယ်”ဟု ပြောကြားခဲ့ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ယခုအစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီကိုရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုပဲရှိပါတယ်။ ဘာလဲဆိုရင် မြန်မာပြည် လွတ်လပ်စေချင်တယ်။ ညီညွတ်စေချင်တယ်။ ကြီးပွားစေချင်တယ်။ ဒီဟာပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ကြိုးစားလာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ် တဲ့ကိစ္စပြီးပြတ်သည်အထိ ကြိုးစားပါမယ်။
“တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့အခြေမျိုး မရနိုင်ကြပါဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆိုတဲ့ အချက်ပါပဲ။
“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်မယ်” စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင်မူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များသည် ရာဇဝင်တွင်မည့် “ပင်လုံစာချုပ်”ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် နေရာတည့်တည့်ပေါ်တွင် အမှတ်တရမော်ကွန်း ကျောက်တိုင် စိုက်ထူရန်လည်း ဆုံးဖြတ်ခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌအဖြစ် ငွေတစ်ထောင် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာပြည်အား မလွဲမသွေ လွတ်လပ်ရေးပေးရတော့မည်ကို ရိပ်စား မိ၍ တောင်တန်းဒေသများကို ချန်လှပ်ထားနိုင်ရန် အမျိုးမျိုးကြိုးစားခဲ့ကြလေသည်။ မြန်မာပြည်မအား လွတ်လပ်ရေးပေးရသော်လည်း တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ်ထားနိုင်လျှင် ဗြိတိသျှ နယ်ချဲ့သမားသည် လွတ်လပ်ခါစ မြန်မာနိုင်ငံကို မိမိတို့စိတ်တိုင်းကျ ကြိုးကိုင်နိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် တောင်တန်းဒေသများ မပါသော မြန်မာပြည်လွတ်လပ်ရေးသည် ပြီးပြည့်စုံ သော လွတ်လပ်ရေးဖြစ်မည် မဟုတ်ချေ။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရဖွဲ့ပြီးနောက်တွင် တောင်တန်းဒေသများပါမကျန် မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေးရရှိရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားသို့လည်းကောင်း၊ ကရင်နီပြည်နယ် (ယခုကယားပြည်နယ်) လွိုင်ကော်မြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့လည်းကောင်း မနားမနေ သွားရောက်၍ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ရလေသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နှင့် ၅ မိုင်ဝေးသော (မန်ခင်ရွာ) စာသင်ကျောင်းဝင်းအတွင်း ဂျင်းဖောအမျိုးသားတို့၏ ဧည့်ခံပွဲ၌ ဗိုလ်ချုပ်က “ကျွန်တော်သည် ဂျင်းဖောအမျိုးသားများအား မေတ္တာရှိ၍ သွေးသားရင်းချာကဲ့သို့ သဘောထားပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်များကို မေးမြန်းစုံစမ်းကြည့်ပါက သိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်းတို့အပေါ်၌ ရင်းချာသောညီအစ်ကိုကဲ့သို့ သဘောထားကြောင်းမှာ အပြောအားဖြင့်သာမဟုတ်၊ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။
တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်
“ကျွန်တော်တို့အစိုးရအဖွဲ့၏ ပေါ်လစီကို ထုတ်ပြန်ကြေညာရာမှာလည်း တောင်တန်းနယ်များတွင် သူ့နယ်နှင့်သူဆိုင်ရာ တိုင်းရင်းသားကိုယ်တိုင်အုပ်ချုပ်၍ မြန်မာပြည်နှင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ကြေညာပြီးဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်ပါပဲ။
“ကျွန်တော်တို့မြန်မာပြည်အစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့၏ ကြီးပွားတိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့ စိတ်တိုင်းကျ လွတ်လပ်ရေးမရသေးတဲ့အတွက် လုပ်ချင်သလောက် မလုပ်ပေးနိုင်ဘဲ ရှိနေရပါသေးတယ်။ ယခုတောင်တန်းနယ်များကို ဘုရင်ခံတစ်ဦးတည်းက တာဝန်ယူအုပ်ချုပ်နေပါတယ်။ ကျွန်တော်တို့ လိုလားချက်က ထိုတောင်တန်းနယ်များဆိုင်ရာ ရှမ်း၊ ဂျင်းဖော၊ ချင်းအမျိုးသားများအား တာဝန်ပေးကာ ဆောင်ရွက်စေရန်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း အင်္ဂလိပ်အစိုးရထံမှာ တောင်းဆိုထားဆဲ ရှိပါတယ်။ ယခုလိုဆောင်ရွက်ချက်သည်ပင် ကျွန်တော်တို့က ဂျင်းဖောစတဲ့ တိုင်းရင်းသားတို့အပေါ်မှာ စေတနာကောင်းထားကြောင်း သက်သေများပင်ဖြစ်ပါတယ်။
“ကရင်အမျိုးသားများနဲ့ ချစ်ခင်ရင်းနှီးတဲ့အတွက် ယခုအစိုးရအဖွဲ့တွင် ဝန်ကြီး ၂ နေရာကိုပင် ပေးထားသည်မှာ အထင်အရှားဖြစ်ကာ အခြားအရေးကြီးတဲ့ကိစ္စများကိုလည်း အကူအညီပေး လျက်ရှိနေပါသေးတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အတွင်း မဝင်ရောက်မီကပင် ကရင်နီနယ်တွင် ဆန်နှင့် ဆား အထူးလိုအပ်စဉ်အခါက ကျွန်တော်တို့ ငွေနှင့် ဝယ်ပြီး ဆန်နှင့်ဆားအမြောက်အမြား ပို့ခဲ့ပါတယ်။
“အထူးသတိပြုစေလိုတဲ့ အချက်တစ်ခုမှာ ကမ္ဘာပေါ်တွင် အရေးပါအရာရောက်နေတဲ့ နိုင်ငံကြီး များပင်လျှင် တစ်ဦးတည်းအပေါင်းအသင်းမရှိဘဲ မနေနိုင်၊ မတည်တံ့နိုင်။ နီးစပ်ရာနိုင်ငံများနှင့် ပူးပေါင်းရေးအတွက် ဆောင်ရွက်ကြိုးစားနေကြရတယ်။ မြန်မာပြည်လည်း နီးစပ်ရာ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ မြန်မာတိုင်းရင်းသားအချင်းချင်းတို့ စည်းလုံး ညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျင်းဖောက တခြား၊ ချင်းက တစ်ဖုံ၊ ရှမ်းက တစ်မျိုး ဆိုသလို အကွဲကွဲအပြားပြားဖြစ်နေလျှင် ဘယ်သူမှအားကိုးရှိမှာမဟုတ်ဘူး။ ယခုလိုဖြစ်ခဲ့လျှင် ဂျင်းဖောတို့အတွက် ပို၍အရေးကြီးတာကိုလည်း သတိပြုကြစေလိုပါတယ်။ ဒါကြောင့် တသီးတခြားနေလျှင် ဘေးအန္တရာယ်မကင်းသည်ကို သတိပြုကြပြီးလျှင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အထူးလိုလားကြစေလိုပါတယ်” စသည်ဖြင့် ပြောကြားခဲ့ပေသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက်က ညောင်ရွှေစော်ဘွားကြီး၏ စီစဉ်မှုဖြင့် ကျင်းပသော လူထုတရားပွဲကြီးတွင်လည်း ဗိုလ်ချုပ်က “မြန်မာပြည်မှာတော့ မကြာမီလွတ်လပ်ရေးရတော့မယ်။ ရှမ်းပြည်နယ်ကိုတော့ အင်္ဂလိပ်က ခြေကုပ်ထားပြီး အခွင့်ရေးတွေကို သူတို့လက်ထဲမှာထားဖို့ စိတ်ကူးရှိနေကြတယ်။ ကျွန်တော်တို့က ရှမ်းပြည်နယ်ကို လွတ်လပ်စေချင်တယ်။ လွတ်လပ်တယ်ဆိုတာမှာလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံခြားအစိုးရက ချုပ်ချယ်မှုမရှိစေတဲ့ လွတ်လပ်မှု မျိုးကို ဆိုလိုတယ်။ ယခုနှယ်အခါမှာ တိုင်းရင်းသားအချင်းချင်းတွေ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့အချင်းချင်းတွေသာမက အာရှတိုက်တိုင်းပြည်နိုင်ငံများပင် ပေါင်းစု ဖို့ဟာ အရေးကြီးတယ်”စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။
၁၉၄၇ ခုနှစ် မတ် (၄၊ ၅၊ ၆)ရက်နေ့များတွင် ထီးလင်းမြို့၌ ကျင်းပခဲ့သော ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးတွင်လည်း ဗြိတိသျှနယ်ချဲ့ စနစ်အောက်မှ လွတ်မြောက်ရန် ချင်း၊ မြန်မာ အမျိုးသားများ သွေးစည်းညီညွတ်ကာ ဆောင်ရွက်ကြမည်။ ဗြိတိသျှနယ်ချဲ့သမားတို့က မည်သို့ပင် သွေးခွဲစေကာမူ ချင်း၊ မြန်မာအမျိုးသားတို့ စိတ်ဝမ်းမကွဲဘဲ ဆောင်ရွက်ကြမည်။ လွတ်လပ်ပြီးသော မြန်မာပြည်ရိပ်မြုံကြီးတွင် တာဝန်ခွဲဝေလုပ်ကိုင်ကြရာ၌လည်းကောင်း၊ အကျိုးခံစားမှုများ၌လည်းကောင်း ချင်း၊ မြန်မာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်သွားကြမည်ဟူသော အဓိကအချက်ကြီးများကို လေးနက်ယုံကြည်စွာ အဓိဋ္ဌာန်ပြုခဲ့ကြ၏။ ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးကို ဗိုလ်ချုပ်ကိုယ်စား အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် သခင်ဝတင်တို့ တက်ရောက်ခဲ့ကြသည်။
မြစ်ကြီးနားမှအစ ရခိုင်ပါမကျန် မြိတ်မြို့အဆုံး မြန်မာပြည်တစ်ပြည်လုံး ခရီးပြင်းထွက်နေသည့်ကြားမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်အနောက်မြောက်နယ်စပ်ရှိ ချင်းပြည်နယ် (မြောက်ပိုင်း) နှင့် နာဂနယ်များကို မရောက်သေး၍ ‘ဟာ - ချင်းတောင်နဲ့ နာဂ နယ်ကလူတွေနဲ့ တွေ့ဦးမှပဲ။ သူတို့နယ်တွေကို ပစ်ထားရာကျနေပြီ’ဟုဆိုကာ ခရီးစဉ်အတွက် ပြင်ဆင်စီစဉ်ခိုင်းခဲ့သေးသည်။
သို့ရာတွင် ရန်ကုန်ရှိ လုပ်ဖော်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများက ရန်ကုန်မြို့မှာလည်း အရေးတကြီးအလုပ်တွေ ရှိသေးသည်။ မေမြို့ (ယခုပြင်ဦးလွင်) မှာ တောင်တန်းနယ် စုံစမ်းရေးကော်မတီ ရှိသေးသည်။ ခရီးဝေးကြီးကို သီတင်းကျွတ်မှ သွားပါဟု ဝိုင်း၍ဖျက်ကြသောအခါ ဗိုလ်ချုပ်က အလျှော့ပေးရကာ ၁၉၄၇ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ တွင် အထက်ချင်းတွင်းမဟုတ်ဘဲ မေမြို့သို့ နောက်ဆုံးအကြိမ် နယ်လှည့်ခရီးထွက်ခဲ့ရရှာသည်။
လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပုဂ္ဂိုလ်ရေးချစ်ကြည်ရင်းနှီးခင်မင်မှုများသည် ပင်လုံမြေကို သက်သေတည်၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရပါမည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်များက အသည်းစွဲချစ်ခင်လေးစားခဲ့ကြခြင်းမှာ ဗိုလ်ချုပ်၏ ရိုးသားပွင့်လင်းမှုနှင့် တောင်ပေါ်မြေပြန့်မကျန် ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေးရယူလိုသည့် သူ၏စေတနာတို့ကြောင့်ဖြစ်သည်။
ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောစံဖိုးသင် (လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး) ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉ ရက်တွင် ခရီးလွန်နေ၍ အသက်ဘေးမှ သီသီကလေး လွတ်သွားရသော်လည်း သူ၏ချစ်မိတ်ဆွေကြီး ဗိုလ်ချုပ်နှင့် လည်ပင်းဖက်၍ မသေလိုက်ရသည်ကို ဝမ်းနည်းမဆုံးဖြစ်ရသည်ဟု ဆိုပါသည်။
“ကျွန်တော့်ကိုယ်စား ဦးအုန်းမောင် ဝင်ခံရခြင်းနှင့် ကျွန်တော်သေဘေးလွတ်ခဲ့ခြင်းအတွက် ဝမ်းမသာမိပါ။ ဦးအုန်းမောင်အတွက် နှမြောတသ မဆုံးဖြစ်ရသလိုပင် ကျွန်တော့်မိတ်ဆွေ ဗိုလ်ချုပ်အောင်ဆန်းနှင့် လည်ပင်းဖက်၍ မသေလိုက်ရသောကြောင့် ဝမ်းနည်းနေပါသည်။ ကျွန်တော်ပါ ရောသေလိုက်ရလျှင် ဗိုလ်ချုပ်အတွက် ဤမျှပူဆွေးနေရမည်မဟုတ်ဟုတွေးမိသည်။ ယခုတော့ ကျွန်တော်သည် ကြေကွဲဝမ်းနည်းမဆုံးဖြစ်၍ ဗိုလ်ချုပ်ကျဆုံးသော နေရာကြမ်းပြင်၌ ထိုင်ချပြီး ငိုနေမိပါတော့သည်”ဟု တက္ကသိုလ်စိန်တင်၏ “မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ စောစံဖိုးသင်”စာအုပ်တွင် ဖော်ပြခဲ့ပါသည်။
ထို့အတူပင် ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်မှာလည်း အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးလေသောအခါ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်ထားရှိရာ ဂျူဗလီ ဟောသို့ လာရောက်ဂါရဝပြုရင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့လေသည်။
ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံး၍ တိုင်းပြုပြည်ပြုလွှတ်တော်၏ ကြေကွဲဝမ်းနည်းကြောင်းအဆိုကိုလည်း အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ညောင်ရွှေစော်ဘွား၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးဝမ်ကိုဟော၊ ကရင်တိုင်းရင်းသားခေါင်းဆောင် စောစံဖိုးသင်တို့နှင့်အတူ ထောက်ခံ ဆွေးနွေးပြောဆိုခဲ့ကြပါသည်။
ချင်းတိုင်းရင်းသားခေါင်းဆောင်နှင့် ဝန်ကြီးဖြစ်သူ ဦးဝမ်ကိုဟောကလည်း “ချင်းအမြင်နှင့် ဗိုလ်ချုပ်”ဆောင်းပါးတွင် “ဗိုလ်ချုပ်အောင်ဆန်း နယ်စပ်ဒေသရှိ တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အဆက်အသွယ်ပြုလုပ်ရသည်မှာ မကြာလှသော်လည်း ဗိုလ်ချုပ်သည် လူမသမာများ၏ လုပ်ကြံခြင်းမခံရမီ ထိုဒေသများ၏တိုးတက်ရေးစီမံကိန်းအုတ်မြစ်များကို ချပြီးခဲ့လေသည်။ ဆိုရန်တိုဗီလာတွင် နေ့စဉ်ကျင်းပခဲ့သည့် ကွန်ဖရင့်များတွင် ဗိုလ်ချုပ်သည် ထိုဒေသများ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျောက်မီးသွေးတူးဖော်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စများအပြင် စစ်ဘက်ဆိုင်ရာ အရပ်ရပ်ကိုလည်း ဆွေးနွေးခဲ့လေသည်။
နယ်စပ်ဒေသများ၏ တိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးသည် အထူးသဖြင့် ချင်းနှင့် ကချင်ပြည်နယ်များအတွက် အရေးကြီးဆုံးအချက်များဖြစ်သည်ဟု ဗိုလ်ချုပ်က အမြဲပြောဆိုခဲ့လေသည်” စသည်ဖြင့် ရေးသားခဲ့သည်။
ပြည်ထောင်စုနိုင်ငံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပါလီမန်ဒီမိုကရေစီခေတ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဖြစ်သူ ဖဆပလ ဦးကျော်ငြိမ်းက “လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရယ်လို့ ကမ္ပည်းထိုးခဲ့ကြပါတယ်။ ပြီးတော့ ပြည်ထောင်စုနေ့ရယ်လို့လည်း ဒုတိယညီလာခံမှာ သဘောတူလက်မှတ်ရေးထိုးတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုအစွဲပြုပြီး နှစ်စဉ်ခမ်းခမ်းနားနား ကျင်းပပါတယ်။
“နိုင်ငံရဲ့ပြဿနာ၊ လူမျိုးရဲ့ပြဿနာဆိုတာ မလွယ်လှပါဘူး။ အတွေးအခေါ်အမြော်အမြင်မရှိဘဲ၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်ကြမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ရတတ်သော ကမ္ဘာ့သမိုင်းမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။
“ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အသီးသီးက မိမိတို့ကွဲလွဲတဲ့အယူအဆတွေကို အကြိမ်ကြိမ်အဖန်ဖန် ဖော်ထုတ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် နားလည်မှုရအောင် ယူသူကယူ၊ နားလည်မှု မရအောင် ရည်ရွယ်ချက်ဖြင့် သွေးခွဲသူကခွဲဆိုတော့ သဘာဝအဖြစ်အပျက်တွေထဲမှာ ရုန်းကန်ရပါတယ်။ စားပွဲဝိုင်းမှာညှိနှိုင်းပြီး သဘောတူညီမှုရနိုင်သမျှရအောင် သည်းခံစိတ်ရှည်ဆွေးနွေးရတာပဲ။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်”ဟူသည့် မိန့်ဆိုချက်ကလည်း ဒီမိုကရေစီကို လိုလားသူတိုင်းအတွက် မှတ်သားဖွယ်ကောင်းလှပါသည်။
သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်နှင့် “ညီညွတ်ရေးနဲ့၊ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်၊ လက်ရေတပြင်စီး၊ ရှေးကတော့ ပိုချစ်ကြတယ်”ဟူသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတို့ကို ပြန်ပြောင်းအမှတ်ရကြပြီး တိုင်းရင်းသားအပေါင်း လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တည်ဆောက်ကြပါစို့။ ။
ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”
Source: moi.gov.mm

လူ၏ သဘောသဘာဝသည်ပင်လျှင် တစ်ဦးတည်း သီးခြားရပ်တည်နေထိုင်သည့် အမူအကျင့်မရှိဘဲ မိဘနှစ်ပါးမှ မွေးဖွားလာကတည်းက မိသားစုဘဝကိုရရှိခဲ့ကြသည်။ သွေးရင်းသားရင်းမိသားစုများမှ ဆွေမျိုးသားချင်းများဟူ၍ ဖြစ်လာကြပြီး ထိုမှတစ်ဆင့် ဆွေမျိုးစု၊ မျိုးနွယ်စုများအဖြစ် ပိုမိုကြီးမားသည့် လူ့အဖွဲ့အစည်းဖြစ်လာကာ လူမျိုးစုအထိ ကျယ်ပြန့်လာသည့်သဘောဖြစ်ပါသည်။

ထို့အပြင် လူဟူသည် အခြားသတ္တဝါများထက် ပို၍အသိဉာဏ်ရှိပြီး ဆည်းပူးလေ့လာသင်ယူနိုင်စွမ်းလည်းရှိကြသည်။ မိမိသင်ယူမှတ်သားထားသည်များကို အခြေခံကာ ဆင့်ပွားတွေးခေါ်ဆင်ခြင်နိုင်စွမ်းလည်းရှိပေသည်။ ထိုမှတစ်ဆင့် တီထွင်ဖန်တီးခြင်း၊ ပိုမိုကောင်းမွန်ဆန်းသစ်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်ကြပေသည်။ ထို့ပြင် ခံစားတတ်သည့် နှလုံးသားလည်းရှိသည်မို့ စိတ်ခံစားမှုအမျိုးမျိုးကို ကူးစက်ခံစားနိုင်ကြသည်။ ထိုမှ နားလည်စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်စသည့် အကောင်းမြင်စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတတ်သကဲ့သို့ မခံချင်စိတ်၊ ရန်လိုအမုန်းပွားစိတ်၊ နာကြည်းစိတ် စသည့်အဆိုးမြင် အာဃာတတရားများလည်း ပေါ်ပေါက်လာတတ်ကြပါသည်။
လူသားတာဝန်
အကောင်းမြင်စိတ်ရှိမှသာ တိုးတက်မှုကို ရှေးရှုနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဟူသည် ပျက်စီးရာ ပျက်စီးကြောင်းကိုသာ ဦးတည်တတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ လူဟူ၍ဖြစ်လာလျှင် မိမိကိုယ်တိုင်ပါဝင်သည့် လူ့အဖွဲ့အစည်းလူ့လောက လူ့အသိုင်းအဝိုင်းကို အကောင်းမြင်စိတ်ဖြင့် တိုးတက်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ တာဝန်ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုတာဝန်ကို မည်သူကပေးထားသနည်းဟုမေးလျှင် မွေးကတည်းကပါလာသည့် လူသားတာဝန်ဟုသာ ဖြေဆိုရပါမည်။ အဆိုပါတာဝန်ကိုလည်း တခုတ်တရ သတ်သတ်မှတ်မှတ် လုပ်ဆောင်ရန်မဟုတ်ဘဲ မိမိက စိတ်စေတနာကောင်းထားခြင်း၊ အများအကျိုးကို လိုလားခြင်း၊ မိမိကြောင့် သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို ရှောင်ရှားခြင်း၊ လူအချင်းချင်း ရိုင်းပင်းညှာတာထောက်ထားခြင်းတို့ဖြင့် ပြုမူကျင့်ကြံပြောဆိုနေထိုင်ရုံလောက်ဖြင့်ပင် လူသားတာဝန်ကို ကျေပွန်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။
မိမိနေထိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အရေးကြုံလာပြီဆိုလျှင်တော့ မိမိအနေဖြင့် သည်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် မိမိတွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် အသိစိတ်ဓာတ်မျိုးအထိ ရှိထားရန်လိုသည်။ သို့မှသာ နိုင်ငံသားတာဝန် ကျေပွန်ရာရောက်ပေမည်။ ယင်းသို့သော အသိစိတ်ဓာတ်မျိုးသည် တစ်စုံတစ်ယောက်က နှိုးဆော်တိုက်တွန်းရန်မလိုဘဲ နေရာဒေသ အချိန်အခါ အခြေအနေများအရ ဖြစ်ပေါ်လာရမည့်အသိ စိတ်ဓာတ်ဟုပင် ဆိုချင်ပါသည်။ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များ၊ မိမိနယ်မြေ၊ မိမိဒေသ၊ မိမိနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ မိမိအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပေးရမည်နည်းဆိုသည့် အသိစိတ်ဓာတ်မျိုး နိုင်ငံသားအားလုံးတွင် ရှိထားကြမည်ဆိုလျှင် အဆိုပါနိုင်ငံသည် စည်းလုံးညီညွတ်မှုရှိသောနိုင်ငံသားများကို ပိုင်ဆိုင်ထားပြီး တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။
ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်
နိုင်ငံသားများသည် အဆိုးဘက်တွင် ညီညွတ်သည်ထက် အကောင်းဘက်တွင်သာ ညီညွတ်ကြရန် လိုအပ်ပါသည်။ ယနေ့မိမိတို့နိုင်ငံတွင် အကောင်းမြင်စိတ်ဖြင့် အကောင်းဘက်သို့ ဦးတည်သည့် ညီညွတ်မှုမျိုး အထူးလိုအပ်နေချိန်ဖြစ်ပါသည်။ လတ်တလောနိုင်ငံအခြေအနေကို ပြန်ကြည့်လိုက်လျှင် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ သည်လိုအနေအထားမျိုးတွင် နိုင်ငံသားများက မိမိနှင့်မဆိုင်ဟုဆိုကာ နေသာသလိုနေရမည့်အချိန်မဟုတ်ပေ။ တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လိုအပ်သလို ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်သည်။
နိုင်ငံသားပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ဥပမာ မိမိဒေသတွင် ပြည်သူ့စစ်အဖွဲ့များရှိလျှင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းမျိုး၊ မိမိရပ်ကွက်ကို လုံခြုံအောင် အလှည့်ကျကင်းစောင့်ခြင်းမျိုး၊ အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်း မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုမှုများ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး၊ ပုံမှန်မဟုတ်သည့်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းမျိုးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့သောလုပ်ရပ်များသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များပင် ဖြစ်သည်။ ထိုသို့သော အသိစိတ်ဓာတ်ဖြင့် အစဉ်အမြဲသတိရှိနေမည်၊ အသိရှိနေမည်၊ အသင့်ရှိနေ မည်ဆိုလျှင် နိုင်ငံအတွက် အားထားရသည့် နိုင်ငံသားတစ်ယောက်ဖြစ်ပြီဟု ဆိုချင်ပါသည်။ အသိစိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံသားများနေထိုင်သော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုဆီ အစဉ်အမြဲ ဦးတည်နေမည်သာဖြစ်ပေသည်။
နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့်လည်း တစ်သားတည်းရှိရန်လိုအပ်ပါသည်။ သာမန်အားဖြင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို ပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်မည့်သူများကို ဝိုင်းဝန်းတားဆီးကာကွယ်ခြင်း၊ ဥပဒေထိန်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သည်ဆိုလျှင်ပင် အစိုးရနှင့် တစ်သားတည်းရှိနေပြီဟု ဆိုနိုင်ပါသည်။ အစိုးရအဖွဲ့ဟူသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒများချမှတ် ဆောင်ရွက်ကြသည် ချည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ရည်ရွယ်ထားကြခြင်းဖြစ်၍ နိုင်ငံသားများကလည်း အစိုးရနှင့် ရည်မှန်းချက်တူသူများအဖြစ် ပြည်ထောင်စုအကျိုး လိုလားသူများလည်းဖြစ်သည်။ ယင်းကိုပင် ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်ဟူသည်
ပြည်ထောင်စုစိတ်ဓာတ်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သကဲ့သို့ အစုအဖွဲ့အလိုက်၊ တိုင်းရင်းသား လူမျိုးစုအလိုက်နှင့်လည်း သက်ဆိုင်နေပါသည်။ ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေး ကို ဖော်ပြထားရာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ဝမ်းမကွဲရေးကို ဆိုလိုရာရောက်ပြီး ပြည်ထောင်စု၏ နယ်မြေအစိတ်အပိုင်းတစ်ခု တလေမျှကိုပင်လျှင် ပြိုကွဲမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ဆိုလိုခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ချစ်ခင်စည်းလုံးကြရန်၊ နိုင်ငံနယ်နိမိတ်အတွင်းရှိ မည်သည့်နယ်မြေအစိတ်အပိုင်းကိုမျှ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ်လာများ မည်သို့ပင် ကွဲပြားသည်ဖြစ်စေ ပြည်ထောင်စုတစ်ဝန်းလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အရေးကိစ္စမျိုးတွင် ကွဲပြားခြားနားမှုမရှိ တစ်သွေးတည်း တစ်သားတည်းဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဤတွင် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသည့် ဖဆပလညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုတာ ဒုက္ခသုခ အတူခံစားကြပြီးတော့ နီးနီးစပ်စပ် အကျိုးထပ်ပြီး နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပဲလို့ စိတ်ထားရှိသူတွေကို တစ်စုတည်းပေါင်းပြီးခေါ်တာပဲဖြစ်တယ်။ အမျိုး အနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ ပြောဆိုတဲ့ ဘာသာစကားတို့ကို အရေးထားရမှာဖြစ်ပေမယ့် တကယ်စင်စစ်ကတော့ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက်ပေါင်းပြီး နေထိုင်လိုတဲ့အစဉ်အလာဆန္ဒပေါ်မှာ ဝံသာနုရက္ခိတတရားက တည်နေတာဖြစ်တယ်” ဟု မိန့်ကြားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများအားလုံး မည်သို့ပင် မတူကွဲပြားခြားနား ကြစေကာမူ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်းနေထိုင်ကြရမည့်စိတ်ထားကို မွေးမြူကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်နှင့် ထပ်တူကျနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံခြင်းမရှိဘဲ မိမိတို့နယ်မြေဒေသအလိုက် လွှမ်းမိုးခြယ်လှယ်လိုသည့် ကိုယ်ကျိုးအတ္တအတွက်သာ ဦးတည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအတ္တအကျိုးစီးပွားများသည် ၎င်းတို့၏ နယ်မြေဒေသအတွက် လည်းအကျိုးမရှိ၊ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ အတွက်လည်း အကျိုးမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရသည့်အပြင် ဒေသတွင်းရှိ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်စသည့် အခြေခံအဆောက်အအုံများပါ ပျက်စီးဆုံးရှုံး နေရသည်။ ယင်းသည် ပြည်ထောင်စု၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုများလည်း ဖြစ်ပေသည်။
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေသော လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာပြီး တရားဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျစွာ လက်တွဲဖြေရှင်းကြရန် ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြပြီဖြစ်၍ ပြည်ထောင်စုအကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါသည်။ ။

တိုင်းရင်းသားများ မျိုးနွယ်စဉ်ဆက်မပြတ်စတမ်းနေထိုင်ခဲ့ကြပြီး ကျူးကျော်လာသူဟူသမျှကို အသက်သွေးချွေး ရင်းနှီးပေးဆပ် ကာကွယ်လာခဲ့ကြသည့် ဇာတိမြေဟုခေါ်ဆိုသောဒေသသည် မိုးကျပစ္စည်းမဟုတ်သလို ငွေကြေးဖြင့် ဝယ်ယူရရှိနိုင်သောပစ္စည်း၊ အဓမ္မတိုက်ခိုက် သိမ်းပိုက် နယ်ပယ်ချဲ့ထွင် ရရှိထားသောနေရာမျိုး မဟုတ်ချေ။ ထို့ကြောင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်သွားရန် လွန်စွာအရေးကြီးသကဲ့သို့ အမိပြည်ထောင်စုနိုင်ငံတော်၏ ပိုင်နက်နယ်မြေကို တစ်လက်မသော်မျှ ပြုန်းတီးဆုံးရှုံးရခြင်းမရှိရေးသည်လည်း မြန်မာနိုင်ငံသားအားလုံးနှင
တိုင်းရင်းသားများ မျိုးနွယ်စဉ်ဆက်မပြတ်စတမ်းနေထိုင်ခဲ့ကြပြီး ကျူးကျော်လာသူဟူသမျှကို အသက်သွေးချွေး ရင်းနှီးပေးဆပ် ကာကွယ်လာခဲ့ကြသည့် ဇာတိမြေဟုခေါ်ဆိုသောဒေသသည် မိုးကျပစ္စည်းမဟုတ်သလို ငွေကြေးဖြင့် ဝယ်ယူရရှိနိုင်သောပစ္စည်း၊ အဓမ္မတိုက်ခိုက် သိမ်းပိုက် နယ်ပယ်ချဲ့ထွင် ရရှိထားသောနေရာမျိုး မဟုတ်ချေ။ ထို့ကြောင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်သွားရန် လွန်စွာအရေးကြီးသကဲ့သို့ အမိပြည်ထောင်စုနိုင်ငံတော်၏ ပိုင်နက်နယ်မြေကို တစ်လက်မသော်မျှ ပြုန်းတီးဆုံးရှုံးရခြင်းမရှိရေးသည်လည်း မြန်မာနိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး တာဝန်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံတော်၏ နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သော အမျိုးသားရေးဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ဘာသာသာသနာနှင့် ကိုယ်ပိုင်စာပေ၊ ဂီတအနုသုခုမ၊ ဗိသုကာနှင့် ယဉ်ကျေးမှုအစဉ်အလာတို့အတွက်လည်းကောင်း စစ်မှန်ငြိမ်းချမ်းသည့် စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာရေး နိုင်ငံသားတိုင်းအပေါ်၌ ကိုယ်စီတာဝန်သက်ရောက် လျက်ရှိသည်။
အမျိုးဘာသာ၊ အယူဝါဒ မတူညီသော တိုင်းတစ်ပါးသားနယ်ချဲ့တို့က မြန်မာနိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မှေးမှိန်ပျောက်ကွယ်သွားစေရန် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုများနှင့် ဘာသာအယူဝါဒများကို အတင်းအကျပ် ရိုက်သွင်းခဲ့ကြသည်။ ထို့ကြောင့် ပြန်လည်ရရှိပြီးသော လွတ်လပ်ရေးကြီးထပ်မံဆုံးရှုံးရခြင်းမရှိစေရန် လောကပါလတရားနှင့်အညီအမျိုးဘာသာအပေါ် ချစ်မြတ်နိုးကြရမည်၊ အသက်တမျှ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ဟူသည် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ဓာတ်ဖြစ်သည့်အတွက် လူ့အသိုက်အဝန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ မြန်မာနိုင်ငံသားတိုင်းအနေဖြင့် ဇာတိသွေးဇာတိမာန် အစဉ်နိုးကြား ထက်သန်နေသော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် အခြေခံကောင်းရှိရန် လွန်စွာပင် လိုအပ်သည်။
ထို့အပြင် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အပြည့်အဝကာကွယ်မှုပြုနိုင်ရန်နှင့် တိုင်းပြည်ညီညွတ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာ ငြိမ်းချမ်းရေးဖြစ်သည်။
နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော တိုက်ပွဲသံတွေကြားမှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည့် တိုင်းရင်းသား ပြည်သူလူထုတို့၏ဘဝကို ကိုယ်နှင့်ထပ်တူ ကိုယ်ချင်းစာ မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မည်သည့် ဒေသတွင်မျှ တိုက်ပွဲမဖြစ်ပွားဖို့ဆိုလျှင် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့လိုသည်။ ပစ်ခတ်တိုက်ခိုက်မှုမရှိမှ ထိုဒေသသည် ငြိမ်းချမ်းနိုင်မည်၊ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် လက်ရှိ ပကတိ လိုအပ်ချက် ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင်လည်း နယ်ချဲ့တို့ လှည့်ဖျားထားသော လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာများနှင့် ခေတ်ကာလသစ်အခြေအနေအရပ်ရပ်အပေါ် သိမြင်သုံးသပ်နိုင်သူ နည်းပါး နေဆဲပင်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် တိုင်းပြည်ညီညွတ်မှုပိုင်း၊ အချင်းချင်း ယုံကြည်မှုပိုင်းတို့၌ယိုယွင်းလျော့ရဲမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံသူနိုင်ငံသားများ၏ စစ်မှန်သည့်မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့အပေါ် မြတ်နိုးယုံကြည်စိတ် လျော့ပါးနေဆဲဖြစ်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် အဆိုစကားရပ်မှာ အဓိပ္ပာယ်အားဖြင့် လွန်စွာပင် လေးနက်လှသည့် အဆိုအမိန့်စကားရပ်ဖြစ်သည်။ မည်သည့်ခေတ်ကာလတွင်မဆို အမြဲတစေမှန်ကန်နေမည့် အဆိုအမိန့်လည်းဖြစ်သည်။ မိမိတို့နိုင်ငံတော်၏ အောင်မြင်တိုးတက်ခြင်း၊ ဆုတ်ယုတ်နိမ့်ပါးခြင်းတို့သည်လည်းကောင်း၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းခြင်း၊ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ခြင်းတို့သည်လည်းကောင်း မိမိတို့နိုင်ငံသားများ၊ တိုင်းရင်းသား ညီအစ်ကိုများသာ လက်တွေ့ကျကျ ပိုင်ဆိုင်ကြ၊ ထိတွေ့ခံစားကြရမည်ဖြစ်သည်။
အတိတ်ကိုပြန်ကြည့်လျှင် ကျွန်တော်တို့နိုင်ငံက တိုင်းတစ်ပါးလက်အောက်ခံအဖြစ် နှစ်ကာလတာရှည်စွာ နေထိုင်ဖြတ်သန်းခဲ့ရသည်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ထက်သန်မှုတို့ကို စနစ်တကျ စီစဉ်၍ သွေးခွဲအုပ်ချုပ်ခဲ့သည်ကို တွေ့ရသည်။တိုင်းရင်းသားညီနောင်အချင်းချင်း အထင်အမြင်လွဲမှားအောင်၊ စိတ်ဝမ်းကွဲအောင်၊ အချင်းချင်း ရန်သူသဖွယ် ထင်မြင်လာအောင် နည်းမျိုးစုံဖြင့် သပ်လျှို သွေးခွဲခဲ့ကြသည်။ နယ်ချဲ့တို့ဖန်တီးခဲ့သည့် သွေးခွဲသပ်လျှိုမှုများကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မသင့်မမြတ်ဖြစ်ခဲ့ကြရသည်။ ထိုမသင့်မမြတ်ဖြစ်မှုက လက်နက်ကိုင်လမ်းစဉ်ကို ဦးတည်သွားခဲ့ရာ ယနေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု အမွေဆိုးကို ဖြေရှင်းနေကြရသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလထိ တိုင်အောင်ပင် တိုင်းရင်းသားညီအစ်ကိုများ သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံးဖြစ်လာမည်ကို မလိုလားသည့် အဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံ အသုံးပြုကာ နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်နေကြသည်ကို သတိကြီးစွာထားကြဖို့ လိုပါသည်။ ‘နွားကွဲလျှင် ကျားဆွဲတတ်သည်’ကို သိပါလျက်နှင့် ‘ငါ့လှေငါထိုး ပဲခူးရောက်ရောက်’ စိတ်မျိုး မမွေးကြဖို့လိုသည်။ ဒါတွေဖြစ်ပွားရတဲ့ အကြောင်းတရား ၃ ခုကတော့ နိုင်ငံရေးဝါဒတစ်ခုကို ကိုယ်စားပြု၍ လက်နက်ကိုင်မှု၊ လူမျိုးရေးဝါဒအမြင်ကြောင့် လက်နက်စွဲကိုင်မှု၊ တရားမဝင် စီးပွားရေးကို အကြောင်းပြုကာ လက်နက်စွဲကိုင်မှုဆိုတဲ့ အချက်တွေကို လေ့လာတွေ့ရှိကြမှာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးပန်းများ ပွင့်ဖူးဝေသည့် ငြိမ်းချမ်းရေး ပန်းခင်းကြီးထဲမှာ အရောင်အသွေး စုံလင်သောပန်းများစွာကို ပျံ့သင်းစေဖို့ အားလုံးမှာ တာဝန်ရှိသည်။ ငြိမ်းချမ်းရေးကိစ္စသည် ကာလံဒေသံ ရာသီဥတုအချိန်အခါကို စောင့်ဆိုင်းလုပ်ဆောင်ရသည်မျိုးမဟုတ်၊ ချက်ချင်း လုပ်လေပိုကောင်းလေ၊ စောနိုင်သမျှစောလေ တန်ဖိုးရှိလေ ဖြစ်ပါသည်။ ရရှိလာမည့် ငြိမ်းချမ်းရေးအကျိုးကျေးဇူးများကို ခံစားပိုင်ခွင့်ရရှိမည့်သူများမှာလည်း ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုများသာဖြစ်ကြသည်မို့ ပြည်တွင်း၊ ပြည်ပက ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီး ကြောင်း ဝေဖန်အပုပ်ချနေမှုများကို လုံးဝနားမယောင်မိကြဖို့ လိုပါသည်။
ထို့ကြောင့် ယနေ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးလိုလားသူ တိုင်းရင်းသားခေါင်းဆောင်များ အားလုံးက အလေးအနက်ထား ဖော်ဆောင်လျက် ရှိကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရပ်ရပ်က ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည်သူလူထုတစ်ရပ်လုံးခံစားနိုင်ဖို့ ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းပံ့ပိုးကြရပါမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လေ့လာကြည့်သောအခါ လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူသည့် လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားသည်ကို တွေ့ရသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ နိုင်ငံရေးဦးတည်ချက်တွင်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေးဟူသည့် ဦးတည်ချက်တစ်ခုကိုလည်း ထည့်သွင်းချမှတ်ထားသည်ကို တွေ့ရှိရသည်။
NCA စာချုပ်ဆိုသည်က တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက ရေးဆွဲထားသည့်စာချုပ်မျိုး မဟုတ်ပါ။ တိုင်းရင်းသားညီအစ်ကိုများဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကနဦး အဆိုပြုချက်များအပေါ်အခြေခံပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားသောစာချုပ် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာ၏ နိုင်ငံအချို့နှင့် အဖွဲ့အစည်းအသီးသီးတို့၏ အသိအမှတ်ပြု ပါဝင်လက်မှတ် ရေးထိုးထားသည့် စာချုပ်ဖြစ်ပါသည်။ ယခုလိုအခိုင်အမာ အတည်ပြုပြီးသားစာချုပ်တစ်ခုမှ ဆင့်ပွားဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများအားလုံး တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့လိုသည်။ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဟူသည်က ဒီမိုကရေစီ၏ ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ နိုင်ငံ၏လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရသည့် လုပ်ငန်းစဉ်ကသာလျှင် အကောင်းမွန်ဆုံး ရလဒ်ကို ဖော်ဆောင်နိုင်မည်ဟုထင်မိပါသည်။
အမျိုးသားနိုင်ငံရေး အတွေးအမြင် ကြွယ်ဝသည့်၊ နိုင်ငံသားသစ္စာတရားပြည့်ဝသည့်၊ နိုင်ငံကြီးသားစိတ်ထားရှိသည့်၊ ပြည်ထောင်စုစိတ်ဓာတ် ကိန်းဝပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအဖြစ်ခံယူပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်ခင်စိတ်ဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ကြစေလိုကြောင်း ဆန္ဒမွန်ဖြင့် လှိုက်လှိုက်လှဲလှဲ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်…….
မှီငြမ်း
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော ဘုန်းရဲနိုင်(ဂန့်ဂေါ) ရေးသားသည့် “NCA မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော “NCA မှသည်….. ထာဝရ ငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး
၁-၁၀-၂၀၂၃ ရက်ထုတ် မြဝတီသတင်းစာ
၉-၁၀-၂၀၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖော်ဆောင်မှု အဆင့်ဆင့်
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော “ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့” ဆောင်းပါး

ယနေ့ကာလသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါ အခြေခံအုတ်မြစ်ကို အလွယ်တကူ စိုက်ထူနိုင်ခဲ့ခြင်း မဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် အချို့နှင့်နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှုများကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနားကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်းတစ်သားတည်း စုစည်းညီညွတ်မှုဖြင့် အခိုင်အမာစိုက်
ယနေ့ကာလသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါ အခြေခံအုတ်မြစ်ကို အလွယ်တကူ စိုက်ထူနိုင်ခဲ့ခြင်း မဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် အချို့နှင့်နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှုများကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနားကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်းတစ်သားတည်း စုစည်းညီညွတ်မှုဖြင့် အခိုင်အမာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
သမိုင်းဝင်ပင်လုံစာချုပ်
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သမိုင်းတွင်ရစ်မည့် အောင်ဆန်း-အက်တလီစာချုပ် ဟု အမည်တွင်သောစာချုပ်တွင် သဘောတူညီချက် ၁၂ ချက်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာခေါင်းဆောင်များ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရက သဘောတူညီခဲ့သည်။ သို့သော် အောင်ဆန်း-အက်တလီ စာချုပ်ပါကောက်နုတ်ချက်များကို လေ့လာကြည့်လျှင် တောင်တန်းဒေသများကိုမူ တောင်တန်းဒေသ ခေါင်းဆောင်များကိုယ်တိုင်က ပြည်မနှင့်အတူ လွတ်လပ်ရေးယူလိုပါသည်ဟု အခိုင်အမာစာချုပ်တွင် လက်မှတ်ရေးထိုးမှသာလျှင် ဗြိတိသျှအစိုးရအနေဖြင့် ပြည်နယ်နှင့်ပြည်မ ပေါင်းစည်းပါဝင်သော ပုံသဏ္ဌာန်ဖြင့် လွတ်လပ်ရေးပေးမည်ဟု ဆိုလိုထားသည်။ နယ်ချဲ့တို့၏ပရိယာယ်နှင့်အတွင်းအကြံကို သိမြင်နိုင်သည်။
နယ်ချဲ့တို့ကို တော်လှန်စဉ်အချိန်က စည်းလုံးညီညွတ်ခဲ့ကြသော်လည်း လွတ်လပ်ရေးကိုရယူမည့်အချိန်တွင် ခေါင်းဆောင်များ၏ ခံယူချက်အမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ သည်။ အောင်ဆန်း-အက်တလီစာချုပ် မချုပ်ဆိုမီနှင့် ချုပ်ဆိုအပြီးတွင် နိုင်ငံရေးခေါင်းဆောင်များက အပြင်းအထန်ကန့်ကွက်ကြပြီး ပဒေသရာဇ်စော်ဘွားများက ၎င်းတို့နယ်တွင် ခွဲထွက်ရန်စည်းရုံးလှုပ်ရှားကြသည်။ ထိုသို့ အခက်အခဲအနှောင့်အယှက် အမျိုးမျိုးကြားမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးအချက် ၉ ချက် ပါဝင်သည့် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။
သောင်းကျန်းမှုများ
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတွင် နိုင်ငံရေးအရ ခက်ခဲကြမ်းတမ်းဆုံးအချိန်မှာ အောင်ဆန်း-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ်ချုပ်ဆိုမည့် ကာလများအတွင်း ဖြစ်သည်ဟု ဆိုရမည်။ ထိုကာလတွင် နိုင်ငံရေးခေါင်းဆောင်များ၏ အပြင်းအထန်ကန့်ကွက်မှုများ၊ ပဒေသရာဇ်စော်ဘွားများ၏ နယ်ချဲ့လက်အောက်နေလိုမှုများ၊ နယ်ချဲ့ကိုယ်စားလှယ်တို့၏ ပရိယာယ်အမျိုးမျိုး ပြုလုပ်မှုများမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေသည်။ ဇာစ်မြစ်မှာ ဗြိတိသျှနယ်ချဲ့အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေးစနစ်ကြောင့် တစ်ပြည်ထောင်ဖွား တိုင်းရင်းသားညီအစ်ကိုများအချင်းချင်း စိတ်ဝမ်းကွဲကြသည်။ ရန်လိုမုန်းထား၊ အာဃာတများဖြစ်လာကြသည်။ သို့သော် ပြည်ထောင်စုသားအားလုံးတွင် မဖြစ်ပေါ်ဘဲ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တို့တွင် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသည့်၊ မြန်မာလူမျိုးကို တန်ဖိုးထားကြသည့် မြန်မာလူမျိုးများ အားလုံး၏ တစ်သံတည်းသော တောင်းဆိုချက်မှာ မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်ရေးပင်ဖြစ် သည်။ ဂျပန်ခေတ်က လွတ်လပ်ရေးအတုကို ရရှိခဲ့ရာ လွတ်လပ်ရေးအတွက် မြန်မာလူမျိုးအားလုံးတို့သည် စစ်ဘေးစစ်ဒဏ်ကိုပင် ဂရုမစိုက်တော့ဘဲ ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့ကြသည်။ အင်္ဂလိပ်တို့ ပြန်ဝင်လာသောအခါ မြန်မာများက လွတ်လပ်ရေးကိုမျှော်လင့်ခဲ့ရာ လွတ်လပ်ရေးမပေးဘဲ ဖိနှိပ်အုပ်ချုပ်မှုများသာ ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းရုန်းကန်နေချိန်တွင် နိုင်ငံရေး၊ ဝါဒရေး၊ ဂိုဏ်းဂဏရေး၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ဆူပူ သောင်းကျန်းမှုများဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်တွင်လည်း သဘောထားများ ဆက်လက်ကွဲပြားကြပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။
ကာကွယ်တားဆီး
ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုမှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါး ရှိလာပြီဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုမှာ အဓိကကျသည့်အချက်ဖြစ်သည်။ စည်းလုံးညီညွတ်မှုကို သံမဏိကဲ့သို့၊ ကျောက်ဆိုင်ကျောက်သားကဲ့သို့ အခိုင်အမာတည်ဆောက်ထားရမည်။ စည်းလုံးညီညွတ်သောတိုင်းပြည်သည် အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကိုတွေ့ရမည်။ စည်းလုံးညီညွတ်မှုပျက်ပြားသော တိုင်းပြည်တွင် ပဋိပက္ခများ၊ မတည်ငြိမ်မှုများ၊ မဖွံ့ဖြိုးမှုများနှင့် ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ၊ ပဋိပက္ခအဖြစ်ပွားဆုံးနိုင်ငံဟု သတ်မှတ်ကြသည်မှာ ဂုဏ်ယူစရာမဟုတ်၊ ရှက်စရာဖြစ်သည်။
ပြီးခဲ့သည့်နှစ်များတွင် နိုင်ငံနှင့်နိုင်ငံသားများ ကောင်းကျိုးကိုမလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများက မြို့ရွာများ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိက ပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြသည်။ မိမိတို့နေထိုင်ရာ မိမိတို့ဒေသနှင့် မိမိလူမျိုးကို ထိခိုက်ပျက်စီးစေသည့် အသိဉာဏ်ဆင်ခြင်တုံ တရားမဲ့သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဟူသည့် ကောင်းမွန်မြင့်မြတ်သည့် အကြောင်းတရားများကို အကြမ်းဖက်လုပ်ရပ်များဖြင့် တလွဲ အသုံးချပြီး မိမိလူမျိုး၊ မိမိဒေသကို အောက်ကျနောက်ကျဖြစ်ပြီး ပျက်စီးအောင်ဖျက်ဆီးနေခြင်းဖြစ်သည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးကြရန်၊ ရပ်တန့်အောင်ပြုလုပ်ကြရန်လိုသည်။
အလေးအနက်ဂုဏ်ပြု
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်သောအားမာန်များဖြင့် အမျိုးသားလှုပ်ရှားမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်နေသူများ ရှိနေသောကြောင့်ဖြစ်သည်။ နိုင်ငံတော်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို အလေးအနက်ဂုဏ်ပြု ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှု၊ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားမှုအပေါ်တွင် အဓိကမူတည်သည်ဟုဆိုချင်သည်။ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသောအခြေအနေမှာ ပညာတတ်သော်လည်း အသိဉာဏ်ဆင်ခြင်တုံတရား ခေါင်းပါးခြင်း၊ အသိဉာဏ်ဆင်ခြင်တုံတရားရှိသော်လည်း ပညာမတတ်ခြင်း၊ ပညာလည်းမတတ်၊ အသိဉာဏ်ဆင်ခြင်တုံတရားလည်း နည်းပါးခြင်းကြောင့် မနှစ်မြို့ဖွယ်ရာအခြေအနေများ၊ စိတ်မချမ်းမြေ့ဖွယ် အခြေအနေများဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားလာသည်နှင့်အမျှ စည်းလုံးညီညွတ်မှုခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယင်းတို့အတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။
အသိဉာဏ်မြင့်မား
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘက်စုံပညာရေးကို အကောင်အထည်ဖော်လျက်ရှိပြီး ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းတု၊ သတင်းယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့သော သတင်းအချက်အလက်များဖြင့် ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ ယင်းတို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်သည်။ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် အသိဉာဏ်မြင့်မားသည့် ပညာအရင်းအမြစ်များ လိုအပ်သည်။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ နမူနာအားဖြင့် ဂျပန်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် “ကျန်းမာရေး အမျိုးသားရေးဝါဒ (Healthy Nationalism)”၊ “နိုင်ငံကို ချစ်မြတ်နိုးမှု (Love for one’s country)နှင့် ဘိုးဘေးဘီဘင်များကို လေးစားမှု (Respect for one’s ancestors)” စသည့် သင်ရိုးညွှန်းတမ်းများပါဝင်သည်ကို လေ့လာတွေ့ရသည်။ ရပ်ရွာနှင့် မိသားစုပါဝင်ပတ်သက်မှုကို အလေးပေးသည့် လူထုဝန်ဆောင်မှု၊ မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရားနှင့် ရပ်ရွာနိုင်ငံအပေါ် ချစ်ခင်တွယ်တာမှုစသည့်ဘာသာရပ်များ လေ့ကျင့် သင်ကြားပေးသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ဘိုးဘေးဘီဘင်များကို လေးစားစိတ်၊ စုပေါင်း လုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ကျောင်းများတွင်သာမက ရပ်ရွာမိသားစုတွင်ကိုပါ လေ့ကျင့်ပေးသည်။
နိုင်ငံချစ်စိတ်တိုးပွား
မြန်မာနိုင်ငံတွင်လည်း ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါအချက်များလည်း ပါဝင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်များကို ပျိုးထောင်လျက် ရှိသည်။ ဘိုးဘေးဘီဘင်များကို တန်ဖိုးထားလေးစား ခြင်းသည် နိုင်ငံကို ချစ်မြတ်နိုးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်များသည် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြသည်။ အင်အားတောင့်တင်းခိုင်မာသော နိုင်ငံတော်ကြီးကို ဖန်တီးခဲ့ကြသည်။ နိုင်ငံလွတ်လပ်ရေးအတွက် အသက်၊ ခန္ဓာများပေးဆပ်ခဲ့ကြသည်။ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးစေရန်၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် အသက်၊ သွေး၊ ချွေး၊ ဇွဲ၊ လုံ့လ၊ အားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းများ အမြောက်အမြား ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ ၎င်း ပုဂ္ဂိုလ်များကို ဂုဏ်ယူလေးစားတန်ဖိုးထားလျှင် နိုင်ငံချစ်စိတ်များ တိုးပွားလာမည်ဖြစ်သည်။
မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ မိမိလူမျိုး၊ မိမိရပ်ရွာ နိုင်ငံအပေါ်တွင် ချစ်ခင်တွယ်တာမှု စသည့်စိတ်ဓာတ်များ တိုးပွားလာအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အတိတ်သမိုင်းက ကိုလိုနီနယ်ချဲ့စနစ်၏ သွေးခွဲအုပ်ချုပ်မှု စနစ်ဆိုးများကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားသည့် အမွေဆိုးကိုရရှိခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့ လက်သစ်တို့၏ အိမ်ကြက်ချင်း အိုးမဲသုတ်ပေးမှု၊ သွေးခွဲမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။ လက်ရှိတွင် လက်နက်ကိုင်သောင်းကျန်းသူ ခေါင်းဆောင်များက ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးအမျိုးမျိုးပြပြီး လက်တွေ့တွင် ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်နှင့် ပြည်ထောင်စုပြိုကွဲအောင် လက်နက်ကိုင်ပဋိပက္ခများ ဖန်တီးနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာအချင်းချင်းသွေးကွဲပြီး အသုံးချခံ၊ စတေးခံဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။
ကာကွယ်စောင့်ရှောက်
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံခဲ့ကြသည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေးတစ်သားတည်း တစ်အူထုံ့ဆင်းဆွေမျိုးရင်းချာ စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကိုအရယူနိုင်ခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ထိန်းသိမ်း စောင့်ရှောက်ရေးတွင်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။ ယနေ့မျိုးဆက်များသည် အတိတ်သမိုင်းကြောင်း၏ မြန်မာတို့၏ထွန်းပြောင်မှုကို သိရှိမှ၊ တန်ဖိုးထားမှ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်တိုးပွား ပြီး အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည်၊ တည်ဆောက်နိုင်သူများ ဖြစ်လာကြမည်ဖြစ်သည်။
ယနေ့ကာလ ကမ္ဘာ့ရေးရာအခြေအနေများမှာ လွန်စွာနက်နဲရှုပ်ထွေးလာနေသလို မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လျက်ရှိသဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်သည်။ “နွားကွဲလျှင် ကျားဆွဲမည်”ဟူသော စကားပုံအတိုင်း စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ရန်စွယ်အမျိုးမျိုးရောက်ရှိပြီး အန္တရာယ်ကျရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေ ထိုင်ကြသော မြန်မာနိုင်ငံအတွင်း အချင်းချင်း ညီညွတ်မှုမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကိုအကြောက် တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း များလုပ်ဆောင်မှုများသည် နိုင်ငံတော်ကို အင်အား ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ထိပါးစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ယုံကြည်စွာဝန်းရံ
အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန်အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါသည်။ မျိုးဆက်များအား မိမိတို့၏နိုင်ငံတော်ကြီးကို အသက်ပေး ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည့် ဘိုးဘေးဘီဘင်များအား တန်ဖိုးထားလေးစားစိတ်၊ စုပေါင်းလုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ပျိုးထောင်ပေးရန်လိုအပ်သည်။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသော တရားသောစစ်အောင်မြင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်စွာဖြင့် ဝန်းရံကူညီပေးကြရန် လိုအပ်ပါသည်။
မိမိတို့၏ ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စားရယူပေးခဲ့ကြသည့် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးသည် ပြည်ထောင်စုဖွားအားလုံးတို့၏ မွေးရာပါတာဝန်ဖြစ်သောကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော် ကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် ဝါးအစည်းပြေသလိုပြိုကွဲကာ သမိုင်းအတွင်း ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သော တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။

ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်တီတိုးက ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယူဂိုဆလားဗီးယားသည် ဧရိယာစတုရန်းမိုင် ၉၈၇၆၆ ရှိပြီး ထိုစဉ်က လူဦးရေ ၁၇ သန်းကျော်မျှသာရှိသည်။ သို့သော် ပြည်နယ်နှင့် လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိသောကြောင့် ဒေသနယ်ပယ်အစွဲရှိကြသော တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်သူ့သမ္မတနိုင်ငံ ခြောက်နိုင်ငံထူထောင်ရန် မာရှယ်တီတိုးက လက်ခံသဘောတူခဲ့သည်။
ပြည်ထောင်စု ယူဂိုဆလားဗီးယားသမ္မတနိုင်ငံ
သို့ဖြင့် ဆားဘီးယား၊ ခရိုအေးရှား၊ ဆလိုဗီးနီးယား၊ မွန်တီနီဂရိုး၊ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား၊ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံတို့ကို စုပေါင်း၍ ပြည်ထောင်စု ယူဂိုဆလားဗီးယား သမ္မတနိုင်ငံအဖြစ် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ဆားဘီးယားသမ္မတနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှစ်ခုအဖြစ် ကိုဆိုဗိုနှင့် ဗော့ချ်ဗိုဒီနာတို့ ပါဝင်သည်။ ယူဂိုဆလားဗီးယား ဖက်ဒရယ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တစ်ခုလုံးကို ရှစ်ဦးပါ သမ္မတအဖွဲ့က ဦးဆောင်သော်လည်း အလုံးစုံအာဏာပိုင်အဖွဲ့မှာ ယူဂိုဆလားဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်သည်။
မာရှယ်တီတိုးသည် စစ်ထောင်း၍ ကျေခဲ့သော ယူဂိုဆလားဗီးယားနိုင်ငံကို အမြန်ဆုံးပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ရသည်။ မာရှယ်တီတိုးသည် ယူဂိုဆလားဗီးယားနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် တည်ဆောက်ခဲ့သော်လည်း တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယူဂိုဆလပ်စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့လေသည်။
သို့ရာတွင် မာရှယ်တီတိုးခေတ်မှာပင် ယူဂိုဆလားဗီးယားသည် ဖြေရှင်းရန် ပြဿနာများစွာရှိခဲ့သည်။ လူဦးရေအများဆုံး ဆာ့ဗ်လူမျိုးများနှင့် ဒုတိယအများဆုံးဖြစ်သော ခရိုအေးရှန်းတို့မှာ သမိုင်းရန်ငြိုးရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ခရိုအေးရှားနယ်သား အများစုသည် နာဇီဂျာမနီတို့နှင့်ပူးပေါင်းကာ ခရိုအေးရှားနယ်၌ နေထိုင်ကြသော ဆာ့ဗ်လူမျိုးများကို လူမျိုးရေးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ ဆာ့ဗ်လူမျိုး တစ်သိန်းခန့်အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထိုဖြစ်စဉ်များကြောင့် ဆာ့ဗ်နှင့် ခရိုအေးရှန်းတို့မှာ ရန်ငြိုးမပြေရှိခဲ့ကြသည်။
တစ်ဖန် မြောက်ပိုင်း / တောင်ပိုင်းပြဿနာလည်း ရှိပြန်သည်။ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့ ပါဝင်သော မြောက်ပိုင်းဒေသများသည် ရေမြေသယံဇာတကြွယ်ဝသဖြင့် အစဉ်အဆက် ပြည့်စုံကြွယ်ဝချမ်းသာခဲ့သော်လည်း တောင်ပိုင်းဒေသများမှာမူ သယံဇာတရှားပါး၍ ဆင်းရဲသည်။ မြောက်ပိုင်း ခရိုအေးရှားနှင့် ဆလိုဗီးနီးယားမှ လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၀၀၀ ရှိသော်လည်း တောင်ပိုင်းမွန်တီနီဂရိုးနယ်နှင့် ကိုဆိုဗိုတွင် ဒေါ်လာ ၇၀၀ မျှသာရှိလေသည်။
ထိန်းမနိုင်သိမ်းမရ
သို့နှင့် မာရှယ်တီတိုးက ပြည်ထောင်စုမူအရသမ္မတနိုင်ငံများ အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်မှုအပေါ် ပြည့်စုံကြွယ်ဝသော မြောက်ပိုင်းက ဆင်းရဲသော တောင်ပိုင်းဒေသများကို အမြဲတမ်းဝေမျှပေးနေရသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ အချိုးညီညီ တိုးတက်ရေးဟူသော ဗဟိုအစိုးရ၏ လှုံ့ဆော်ချက်သည် မြောက်ပိုင်းသားများအကြားတွင် အရာမဟုတ်ဘဲရှိနေခဲ့သည်။ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနေချိန်၌ ပြဿနာအကြီးအကျယ်မတက်ခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှု ကို ၁၉၆၆ ခုနှစ်မှစ၍ လျှော့ပေးလိုက်သည့်နောက်တွင် သမ္မတနိုင်ငံများအကြား ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ကြသည်။
ခရိုအေးရှားအရေးအခင်းသည် မာရှယ်တီတိုးအဖို့ ခေါင်းခဲစရာ ပြည်တွင်းရေးပြဿနာတစ်ရပ် ဖြစ်လာခဲ့လေသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများ အလာများ၍ နိုင်ငံခြားဝင်ငွေ အလွန် ကောင်းသော ခရိုအေးရှားနိုင်ငံက နိုင်ငံခြားဝင်ငွေ ခွဲဝေသုံးစွဲရာတွင် ခရိုအေးရှားနိုင်ငံအတွက် ခွဲတမ်းအများဆုံးပေးရမည်ဟု တောင်းဆိုရာမှ စတင်ခဲ့သည်။
ခရိုအေးရှားမြို့တော် ဇာဂရက်တွင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလကဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲကြီးမှတစ်ဆင့် ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်လေကြောင်းဆက်သွယ်ရေး၊ ကုလသမဂ္ဂသို့ သီးခြားဝင်ရောက်ရေးအပါအဝင် ခရိုအေးရှားသမ္မတနိုင်ငံ သီးခြားခွဲထွက်ရေးအထိ တောင်းဆိုလာခဲ့ကြသည်။
အစွန်းရောက်မှုကို သည်းမခံနိုင်
ခရိုအေးရှားသီးခြားခွဲထွက်ရေး အယူအဆမှာ ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ တည်ရှိခဲ့သည်။ ခွဲထွက်ရေးသမား ၁၀၀၀ ခန့်သည် အနောက်ဥရောပ နိုင်ငံအချို့နှင့် ကနေဒါ၊ အမေရိကန်နိုင်ငံများတွင် ပြည်ပြေးများအဖြစ် နေထိုင်ခဲ့ကြပြီး ခရိုအေးရှား ပြည်တွင်းဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် အခွင့်ကြုံတိုင်း အားပေးအားမြှောက်လုပ်ခဲ့ကြသည်။ ဇာဂရက်ဆန္ဒပြပွဲကြီးသည် ပြည်ပြေးများနှင့် တစ်လေသံတည်း ထွက်လာသောအခါ မာရှယ်တီတိုးသည် ခရိုအေးရှားနယ်သားဖြစ်သော်လည်း မိမိဇာတိဌာနေသားတို့၏ အစွန်းရောက်မှုကို သည်းမခံနိုင်တော့ဘဲ ခပ်ကြမ်းကြမ်းကိုင်တွယ် ခဲ့လေသည်။ တစ်ဖက်တွင်လည်း မာရှယ်တီတိုးသည် ပြည်ထောင်စုကြီးတည်မြဲရေး၊ သမ္မတနိုင်ငံများ ခွဲမထွက်ဘဲ သင့်မြတ်စွာ ပူးပေါင်းနေထိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် ဆွေးနွေးခဲ့သည်။
သို့ရာတွင် ခွဲထွက်ရေးသမားပြည်ပြေးတို့က ယူဂိုဆလားဗီးယားလေကြောင်းပိုင် လေယာဉ်တစ်စင်းနှင့် အမြန်ရထားတစ်စင်းတို့ကို ဗုံးပေါက်ခွဲ၍ အပြစ်မဲ့ခရီးသည်အချို့ သေကျေဒဏ်ရာရရှိခဲ့ကြသည်။ ထို့ပြင် ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းရှိ ယူဂိုဆလပ်သံအမတ်ကြီးကိုလည်း ခရိုအေးရှား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ခရိုအေးရှားအကြမ်းဖက်သမားများသည် မာဖီးယားဂိုဏ်းကြီးပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီးနိုင်ငံခြားတွင် အလုပ်လုပ်နေကြသော ခရိုအေးရှား လူမျိုးများထံမှ နှစ်စဉ်ဆက်ကြေးကောက်ခံ၍ ရန်ပုံငွေအဖြစ် စုဆောင်းခဲ့ကြသည်။
၁၉၈၀ ပြည့်နှစ် မေလတွင် မာရှယ်တီတိုးကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သော်လည်း ခေါင်းဆောင်ကောင်းပီပီ နိုင်ငံတစ်နိုင်ငံကို ၃၅ နှစ်လုံးလုံး ဦးဆောင်မှုပေးခဲ့သည်။ မာရှယ်တီတိုး မကျန်းမမာဖြစ်စဉ်ကတည်းက လေ့လာသူများက ယူဂိုဆလားဗီးယားနိုင်ငံ၏ အခြေအနေကို သုံးသပ်တွက်ချက်ခဲ့ကြရာ ဘာသာအမျိုးမျိုးနှင့် စကားအထွေထွေရှိသည့် လူမျိုးစုများအနေဖြင့် ဆက်လက်ပြီး စည်းလုံးညီညွတ်ပါ့မလား၊ ကိုယ်ကျိုးစီးပွားအခြေခံသည့် အယူအဆများ လွှမ်းမိုးပြီး ရှေ့တန်းရောက်သူက နောက်ကျကျန်သူကို အနစ်နာခံပြီး တွဲခေါ်နိုင်ပါ့မလား၊ အစဉ်အလာအရ သမိုင်းနှင့်ချီပြီး ရန်ဘက်ပဋိပက္ခဖြစ်ခဲ့မှုတွေကို ဆက်လက်ပြီးပြည်ဖုံးကားချနိုင်ပါ့မလား စသည်ဖြင့် မေးခွန်းများစွာထုတ်ခဲ့ကြပြီး ယူဂိုဆလားဗီးယား နိုင်ငံအတွက် အန္တရာယ်အရှိဆုံးမှာ ပြည်တွင်းရေး ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
အက်ကြောင်းပေါ်ပေါက်လာ
လေ့လာသူများ သုံးသပ်အဖြေထုတ်သကဲ့သို့ပင် ယူဂိုဆလားဗီးယားနိုင်ငံသည် မာရှယ်တီတိုးကွယ်လွန်ပြီး ၁၀ နှစ်မျှအကြာတွင် စတင်အက်ကြောင်းပေါ်ပေါက်လာသည်။ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း တစ်စစီပြိုကွဲသွားခဲ့လေသည်။
၁၉၈၈ ခုနှစ်တွင် ဆားဘီးယားပါတီဥက္ကဋ္ဌအဖြစ် ဆလိုဘိုဒန်မီလိုဆီဗစ် တက်လာသည်။ မီလိုဆီဗစ်သည် ယူဂိုဆလားဗီးယားပြည်ထောင်စုတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဆာ့ဗ်တို့က ပြန်လည်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဆာ့ဗ်လူမျိုးစုမဟုတ်သော တိုင်းရင်းသားလူမျိုးများ စိုးရိမ်ထိတ်လန့်လာကြသည်။ ၁၉၈၈ နှင့် ၁၉၈၉ ခုနှစ်တွင် မီလိုဆီဗစ်သည် ဗော့ချ်ဗိုဒီနာနှင့် မွန်တီနီဂရိုးပါတီ နှင့် ပြည်နယ်ခေါင်းဆောင်များကို ဖယ်ရှားပစ်ခဲ့သည်။ ကိုဆိုဗိုနှင့်ဗော့ချ်ဗိုဒီနာပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကိုလည်း ရုပ်သိမ်းလိုက်သည်။ ကိုဆိုဗိုတွင် လူများစုဖြစ်သော အယ်လ်ဘေးနီးယား လူမျိုးများကို နှိပ်ကွပ်လွန်းဟုယူဆပြီး အယ်လ်ဘေးနီးယားများ သူပုန်ထကြသည်။
၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယားကွန်မြူနစ်အဖွဲ့ချုပ် ပြိုကွဲလေသောအခါ ထိုနှစ်နှောင်းပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများတွင် အမျိုးသားရေးပါတီများ နေရာရလာကြသည်။ ထိုအခါ သီးခြားခွဲထွက်ရေးတောင်းဆိုမှု ဖြစ်ပေါ်လာ၍ ဆန္ဒခံယူပွဲများပြုလုပ်ခဲ့ကြရာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆလိုဘင်းတို့ကစတင်၍ ခွဲထွက်မည်ဟုဆန္ဒပေးကြသည်။ ၁၉၉၁ ခုနှစ် ဇွန်လတွင် ခရိုအေးရှားကလည်း ခွဲထွက်မည်ဟု ဆန္ဒပေးကြပြန်သည်။ သို့နှင့် ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့က လွတ်လပ်ရေးကြေညာခဲ့ကြသည်။
မကြာမီ ခရိုအေးရှားတွင် ပြည်တွင်းစစ်ထဖြစ်လာတော့သည်။ ယူဂိုဆလပ်တပ်မတော်၏ ထောက်ပံ့မှုရရှိသော ခရိုအေးရှားဆာ့ဗ်ပြည်သူ့စစ်များက တစ်ဖက်၊ အရေးပေါ် ခရိုအေးရှားလွတ်လပ်ရေးတပ်ကတစ်ဖက် တိုက်ခိုက်ကြရာ ကုလသမဂ္ဂက အထူးကိုယ်စားလှယ်စေလွှတ်၍ ကြားဝင်ဖျန်ဖြေခဲ့ရသည်။ ဥရောပအဖွဲ့ EC (ယခု EU)က ယူဂိုဆလားဗီးယား ပြန်လည်စည်းလုံးညီညွတ်ရေးကို ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အဆုံး ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ဆလိုဗီးနီးယားနှင့် ခရိုအေးရှားကို အသိအမှတ်ပြုလိုက်သည်။
ထိုအခါ မက်ဆီဒိုးနီးယားနှင့် ဘော့စနီးယား နှစ်နိုင်ငံစလုံးကလည်း ဆာ့ဗ်များကြီးစိုးနေသည့် လက်ကျန် ယူဂိုဆလားဗီးယားပြည်ထောင်စုထဲတွင် မနေလိုတော့ဟုဆိုကာ လွတ်လပ်ရေးကြေညာရန် စိုင်းပြင်းခဲ့ကြပြန်သည်။ EC က အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ် နှစ်ကုန်ခါနီးတွင် လျှောက်ထားခဲ့ကြသည်။
၁၉၉၂ ခုနှစ် နွေဦးတွင် ယူဂိုဆလပ်နှင့် မက်ဆီ ဒိုးနီးယားတို့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့ပြီး ယူဂိုဆလပ်စစ်တပ်များ ငြိမ်းချမ်းစွာ ပြန်လည်ရုပ်သိမ်းပေးခဲ့၍ မက်ဆီဒိုးနီးယားသည် စစ်မဖြစ်ဘဲ လွတ်လပ်ရေးရသော ယူဂိုဆလားဗီးယား၏ အမွေခံနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။
ဘော့စနီးယားတို့မှာမူ ကံမကောင်းခဲ့ချေ။ ၁၉၉၂ ခုနှစ် ဧပြီလတွင် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ စစ်ဖြစ်ချိန်မှာပင် အမေရိကန်နှင့် EC (ယခု EU) က ဘော့စနီးယားကို အသိအမှတ်ပြုခဲ့သည်။ ဘော့စနီးယားတွင် ဆာ့ဗ်၊ ခရိုအက်နှင့် ဘော့စနီးယား မူဆလင်တို့သည် လူမျိုးရေးကို ရှေ့တန်းတင်၍ အပြင်းအထန်တိုက်ခိုက်ကြရာ အပြစ်မဲ့ပြည်သူ အမြောက်အမြားသေကျေပျက်စီးခဲ့ကြရလေသည်။
တစ်ဖန် ဆားဘီးယားနိုင်ငံ၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ကိုဆိုဗိုပြည်နယ်ကလည်း သီးခြားလွတ်လပ်ခွင့်တောင်းဆိုရာမှ ၁၉၉၈ ခုနှစ်တွင် ကိုဆိုဗိုစစ်မီး ထပ်ဆင့်လောင်ကျွမ်းခဲ့လေရာ ယခုတစ်ကြိမ်တွင် အမေရိကန် ဦးဆောင်သော နေတိုးစစ်အုပ်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မပါဘဲ ယူဂိုဆလားဗီးယားကို လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နေတိုးစစ်အုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်မှာပင် စစ်ရေးပစ်မှတ်များကို ပြင်ဆင်နေခဲ့ပြီး ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လေကြောင်းမှ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဆားဘီးယားနှင့် မွန်တီနီဂရိုးသည် ၁၉၉၂ ခုနှစ် ဧပြီလတွင် ယူဂိုဆလား ဗီးယားဖက်ဒရယ်သမ္မတနိုင်ငံဟု ကြေညာခဲ့ရာ ထိုကြေညာချက်သည် ကျန်လေးနိုင်ငံ ခွဲထွက်သွားသည်ကို အသိအမှတ်ပြုလုပ်သည့်သဘော သက်ရောက်သွားလေသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ယူဂိုဆလားဗီးယားဖက်ဒရယ် သမ္မတနိုင်ငံကို ဆားဘီးယားနှင့် မွန်တီနီဂရိုးနိုင်ငံဟု အမည်ပြောင်းလိုက်သည်။
ဝါးအစည်းပြေသလို ဖရိုဖရဲ
ဤသို့ဖြင့် ၃၅ နှစ်ကြာမျှ မာရှယ်တီတိုး တည်ဆောက်ခဲ့သော ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် တီတိုးလွန်ပြီး ဆယ်စုနှစ်တစ်ခုမျှအကြာတွင် ဝါးအစည်းပြေသလို ဖရိုဖရဲပြိုကွဲသွားခဲ့ရလေသည်။
ယခင်က အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများထဲတွင် စံပြတစ်နိုင်ငံအဖြစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကာလအတွင်း ထောင်းလမောင်း ကြေမွပျက်စီးသွားခဲ့သည်။ စစ်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူများ သိန်းနှင့်ချီ သေကျေပျက်စီးခဲ့ကြရသလို ကျန်ရှိသူများမှာလည်း စားရမဲ့၊ သောက်ရမဲ့ စစ်ဘေးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများတွင် ခိုလှုံနေခဲ့ကြရသည်။ ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်များသည် ပြည်ထောင်စုနိုင်ငံများအတွက် သမိုင်းသင်ခန်းစာတစ်ရပ်ဖြစ်ပေသည်။
သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားတိုင်းက ဥမကွဲသိုက်မပျက်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အေးအတူပူအမျှဟူသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ကျင့်ကြံမွေးမြူကြရပါမည်။
နွားကွဲလျှင် ကျားဆွဲပေလိမ့်မည်။ ယခုမျက်မှောက်ကာလမှာပင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့ကြီးစိုးနေသော ဒေသအချို့တွင် လက်နက်ကိုင်အချင်းချင်း သူတစ်လူငါတစ်မင်း နယ်မြေလုရင်း ပဋိပက္ခများဖြစ်ပေါ်နေသည်ကို သင်ခန်းစာအဖြစ် ကျွန်ုပ်တို့ ပြည်ထောင်စုသားအားလုံး ရှုမြင်သတိချပ်ကြရပေမည်။ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ပြည်ထောင်စု၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်ကိုသာ ဦးထိပ်ပန်ဆင်ကြရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေမှသာ ပြည်ထောင်စု၏အရိပ်ကို ကျွန်ုပ်တို့ သားစဉ်မြေးဆက် ငြိမ်းချမ်းပျော်ရွှင်စွာ ခိုလှုံနိုင်ကြမည်ဖြစ်ပါသည်။ ။