ဆောင်းပါးများ

ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ
-

(ယမန်နေ့မှအဆက်)

၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ

(ယမန်နေ့မှအဆက်)

၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ

၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာအတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက် တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်းလိုက်နာကျင့်ကြံရပေ တော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက် များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။ 

ဂျိုကိုဝီလည်း အသက်ရခဲ့ပြီ။ ၁၉၆၁ ခုနှစ်ဖွား ဂျိုကိုဝီသည် အသက် ၆၃ နှစ် ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် သမ္မတဆက်လုပ်ရန်လည်း အခွင့်မရှိ တော့ပြီဖြစ်ရာ သူ၏မျိုးဆက်ရင်သွေး နန်းညွန့်များကိုသာ နန်းစဉ်နိုင်ငံရေးအမွေပေးခဲ့ရန် စဉ်းစားရတော့မည်ဖြစ်သည်။ ထိုသို့ နိုင်ငံခေါင်းဆောင် သားသမီးများ ခေါင်းဆောင်ဆက်လုပ်ကြသည်မှာ ဒီမိုကရေစီနိုင်ငံကြီးများအပါအဝင် ကမ္ဘာပေါ်၌ ထူးဆန်းလှသည့် ကိစ္စတော့မဟုတ်ပေ။ အမေရိကန်၌ သမ္မတဘုရှ်သားအဖ၊ အိန္ဒိယ၌ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ နန်းဆက်၊ ပါကစ္စတန်၌ ဘူတိုဖခင်နှင့်သမီး၊ ဘင်္ဂလားဒေ့ရှ်၌ ရှိမူဂျစ်နှင့် ရှိတ်ဟာဆီနာ၊ ဖိလစ်ပိုင်၌ အကွီနို၊ မားကို့စ်၊ အာရိုယို၊ ထိုင်းနိုင်ငံ၌ သက်ဆင်နန်းဆက်၊ ကမ္ဘောဒီးယား၌ ဟွန်ဆန် သားအဖ၊ စသည် စသည်ဖြင့် များပြားလှသည်။

သို့ရာတွင် ဂျိုကိုဝီ၏ ရင်သွေးများအား နိုင်ငံရေးနန်းဆက်အမွေပေးရေးတွင် အဖုအထစ် အခက်အခဲ အချို့ရှိနေခဲ့သည်။ ဂျိုကိုဝီတွင် အရွယ်ရောက်ပြီးဖြစ်သော သားနှစ်ဦးရှိရာ သားအကြီး ဂီဘရန် ရာကာဘူမင်နှင့် သားအငယ် ကေဆန်ပန်ဂါရက်တို့ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်မှာ အသက် ၁၀ နှစ်ခန့်ကွာကြလေရာ သားအကြီးက သမ္မတသက်တမ်း ၁၀ နှစ်ပြည့်ချိန်တွင် သားအငယ်က သမ္မတအသစ်အဖြစ် ထီးမွေနန်းမွေဆက်ခံရန် အသင့်ဖြစ်နေပေလိမ့်မည်။ ယင်းစိတ်ကူးမှာ သမ္မတ ဂျိုကိုဝီကတော် မဒမ်အီရိယန်နာက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း မီဒီယာအချို့က ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ သားများအတွက် ပဒေသရာဇ်စနစ်ကဲ့သို့ အဖေနန်းစွန့်သည်နှင့် သားဖြစ်သူဥပရာဇာက အကြားအလပ်မရှိ ချက်ချင်းထီးနန်း ဆက်ခံသည့် “အဝိဂတပစ္စယော” ပုံစံတော့လုပ်၍ ရမည်မဟုတ်ပေ။ ဒီမိုကရေစီနိုင်ငံဖြစ်သည့် အားလျော်စွာသားများအတွက် “နိုင်ငံရေးအလုပ်သင်” ကာလတစ်ရပ်ကိုမူ ဖြတ်သန်းပေးရပေလိမ့်မည်။ ယင်းမှာလည်း မဖြစ်နိုင်သည်မဟုတ်။ နောက်ရွေးကောက်ပွဲတွင် အလားအလာရှိသည့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းနှင့် “ဆန်ပေး၍ ဆေးရ” သည့် နိုင်ငံရေး အပေးအယူလုပ်ကာ ယင်းသမ္မတလောင်း၏ တွဲဖက်ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းပေး လိုက်ရန်သာဖြစ်၏။ ဤနည်းဖြင့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းလည်း ပါတီနှစ်ခု ပေါင်း ထောက်ခံမှုဖြင့် ရှောရှောရှူရှူ သမ္မတဖြစ်၊ သားတော်မောင်လည်း ဒုတိယသမ္မတဖြစ်၊ ဆိတ်နှင့်ခွေး ဇာတ်လမ်းကဲ့သို့ မိမိတို့လိုရာကို လဲလှယ်ရယူနိုင်ကြမည် ဖြစ်လေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြိုင်ဘက်ပါတီမှ သမ္မတ ဟောင်း ဖာဒီနန်မားကို့စ်၏ သားမားကို့စ်ဂျူနီယာ (ဘွန်ဘွန်း)နှင့်အတူ အာဏာရပါတီမှ သက်တမ်းကုန် သမ္မတ ဒူတာတေး၏သမီးကို ဒုတိယသမ္မတလောင်းအဖြစ်တွဲ၍ ရွေးကောက် ခံစေသောသာဓကမှာလည်း လောလောလတ်လတ် ရှိနေလေသည်။

သို့သော် အဓိကအခက်အခဲမှာ ဂျိုကိုဝီ၏ သားတော်မောင်များက ရည်မှန်းထားသည့် နိုင်ငံရေး ရာထူးများအတွက် အခြေခံဥပဒေက သတ်မှတ်ထားသည့် အသက်များမပြည့်မီသေးခြင်းဖြစ်သည်။ သားအကြီးဂီဘရန်ကသမ္မတ/ ဒုတိယသမ္မတလောင်း ရွေးကောက်ပွဲဝင်ရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် အသက် ၄၀ နှစ် မပြည့်သေး။ အသက် ၃၇ နှစ်သာ ရှိသေးသည်။ သားအငယ် ကေဆန်ကိုလည်း ဂျာကာတာမြို့တော်ဝန် မျှော်မှန်းထားရာ သူကလည်း သတ်မှတ်ထားသော အသက် ၃၀ မပြည့်သေးပေ။

ယင်းအတွက် “လိုလျှင်ကြံဆ၊ နည်းလမ်းရ” ဆိုသကဲ့သို့ ဥပဒေ၏ ဟာကွက် လစ်ကွက်၊ မျှော့ကြိုးကဲ့သို့ ဆွဲဆန့်ရမည့် အကွက်များကို ရှာကြံရတော့သည်။ သားအကြီး ဂီဘရန်အတွက်မူ ဂျိုကိုဝီ၏ ယောက်ဖ၊ ဂီဘရန်၏ ဦးလေးဖြစ်သူ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ် အန်နဝါအူစမန်က၊ သမ္မတ/ဒုတိယသမ္မတလောင်းသည် ယခင်ကရာထူးတစ်ခုအတွက် ရွေးကောက်တင်မြှောက်ခံရဖူးသူ ဖြစ်လျှင် အသက်ကန့်သတ်ချက်ထားရှိရန်မလိုဟူ၍ စီရင်ဆုံးဖြတ်လိုက်သည့်အတွက် အဆင်ပြေသွား ခဲ့သည်။ ဂီဘရန်မှာ ဖခင်ဖြစ်သူ၏ အရိုက်အရာကိုဆက်ခံ၍ ၂၀၂၀ ပြည့်နှစ်တွင် ဆူရာကာတာ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသောကြောင့်ဖြစ်၏။ တရားရုံးစီရင်ချက်မှာ သမ္မတ/ ဒုတိယ သမ္မတလောင်းများ မှတ်ပုံတင်ရန်သုံးရက်အလိုတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤစီရင်ချက်မှာ ယခင်က တရားရုံးဆုံးဖြတ်ချက်များကို ချိုးဖောက်၍ မျက်နှာ လိုက်သည်ဟုဆိုကာ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တရားရေးကျင့်ဝတ်ကောင်စီကို တိုင်တန်းအရေးဆိုကြသောကြောင့် ဦးလေးဖြစ်သူ အန်နဝါမှာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ 

သို့ရာတွင် သားငယ်ကေဆန်မှာမူ အစ်ကိုဖြစ်သူကဲ့သို့ ကံမကောင်းခဲ့ပေ။ ပါလီမန်တွင် ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့ ဦးစီးသည့်ပါတီများမှ အမတ်များက မြို့တော်ဝန်အဖြစ် အရွေးခံမည့်သူများသည် ရွေးကောက်ပွဲနေ့၌ အသက် ၃၀ မပြည့်သေးလျှင်ပင် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ အသက် ၃၀ ပြည့်ပြီးလျှင်ရွေးကောက်ပွဲ ဝင်ခွင့်ပြုနိုင်သည်ဟူသော ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ တစ်နိုင်ငံလုံးက မကျေမနပ်ဖြစ်၍ ဆူပူဆန္ဒပြကြသောကြောင့်၊ အခြေခံဥပဒေတရားရုံးကလည်း ယင်းကိစ္စကို ပယ်ချသည့် စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့်ကေဆန်မှာ ဂျာကာတာမြို့တော်ဝန်ရာထူးနှင့်လွဲခဲ့ရသည်။ သားကြီး ဖြစ်သူဂီဘရန် ဒုတိယသမ္မတဖြစ်ရေးအတွက် ဂျိုကိုဝီသည်သူ၏ နိုင်ငံရေးအခြေကုပ်ဖြစ်သော PDI-P ပါတီ၏ ဥက္ကဋ္ဌ မီဂါဝတီနှင့်အတိုက်အခံပြုကာ ညောင်ညိုပင်စခန်းမှ လမ်းခွဲခဲ့ရသည်။ မီဂါဝတီက သူကြိုးဆွဲနိုင်မည့် လူယုံဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ ဂန်ဂျာကို ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလို သော်လည်း ဂျိုကိုဝီက ပြိုင်ဘက်ဟောင်း ပရာဘိုဝို ကို ထောက်ခံ ခဲ့သည့်အတွက် စိတ်ဝမ်းကွဲခဲ့ရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့၏ စနစ်တကျအကွက်ချထားသော ရွေးကောက်ပွဲ စီမံကိန်းကြီးကား ကောင်းစွာအောင်မြင်ထမြောက်သွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က သမ္မတလောင်း ပရာဘိုဝိုနှင့် ဒုတိယသမ္မတလောင်း ဂီဘရန်တို့သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ခုနစ်လကျော်အချိန်ယူ၍ အောက်တိုဘာလ ၂၀ ရက်နေ့ကျမှ ကျင်းပရန် စီစဉ်ခဲ့သည်။ ထိုကာလအတွင်း သမ္မတဟောင်း ဂျိုကိုဝီကအာဏာကို နောက်ကွယ်မှ ရေရှည်ထိန်းချုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ကျားကွက်ရွှေ့နေသကဲ့သို့ သမ္မတအသစ်ဖြစ်လာမည့် ပရာဘိုဝိုကလည်း နိုင်ငံတကာသို့ လှည့်ပတ်သွားလာ၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ၏ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ ပရာဘိုဝိုတွေ့ဆုံခဲ့သော ခေါင်းဆောင်များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့အပါအဝင် ဥရောပနှင့် အာရှမှ နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည်။ ပရာဘိုဝိုအနေဖြင့် သူ့အရင် သမ္မတဂျိုကိုဝီကဲ့သို့နိုင်ငံခြား ဆက်ဆံရေးကိစ္စများကို နိုင်ငံခြားရေးဝန်ကြီးဖြင့်သာ လွှဲအပ်တာဝန်ပေးထားမည့်ပုံမရှိဘဲ သူကိုယ်တိုင် ကိုင်တွယ်မည့်ပုံရှိသည်ဟု လေ့လာသူများက မှန်းဆခဲ့ကြသည်။ 

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်နှင့် ရှေ့အလားအလာ

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်သည် ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ဝန်ကြီး ၄၈ ဦး၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းအကြီးအကဲ ငါးဦးပါဝင်သည်။ ဒုတိယဝန်ကြီးများနှင့် အဆင့်တူများပါ ပေါင်းပါက ၁၀၉ ဦးပါဝင်ပြီး ၁၉၆၆ ခုနှစ်က သမ္မတဆူကာနို၏ ဝန်ကြီးအဖွဲ့ ၁၃၂ ဦး ပြီးလျှင်၊ အင်ဒိုနီးရှားတွင် အင်အားအများဆုံး အစိုးရအဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ပရာဘိုဝိုက သူ၏အစိုးရအဖွဲ့သည် အင်အားတောင့်တင်းသော အစိုးရဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်း ထားသည်ဟု ပြောကြားခဲ့ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် အနီနှင့်အဖြူ (အင်ဒိုနီးရှား အလံ) အစိုးရဖြစ်သည်ဟုဆိုသည်။ ပရာဘိုဝို ပြောကြားသည့်အတိုင်းပင် သူ၏ အစိုးရအဖွဲ့မှာ ဖက်စပ်ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သည်ကို တွေ့ရသည်။ အစိုးရအဖွဲ့အတွင်း၌ အမာခံအင်အားစု သုံးဖွဲ့ရှိရာ ဂျိုကိုဝီ၏ အတွင်းလူများ၊ ပရာဘိုဝို၏ အတွင်းလူများနှင့် ဂျိုကိုဝီလက်ထက်က ခန့်အပ်တာဝန်ပေးခဲ့သော ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များဖြစ်သည်။ ထို့ပြင် မိတ်ဖက်ပါတီများမှ ခေါင်းဆောင်များကိုလည်း ဒုတိယဝန်ကြီးချုပ် အဆင့်သဘောမျိုးဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးများအဖြစ် ခန့်ထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် သမ္မတဟောင်း ယူဒိုယိုဒို (SBY) ၏ ဒီမိုကရက်ပါတီ (PD)မှ ပါတီခေါင်းဆောင် (SBY ၏ သား) အာဂုစ်ဟာရီ မူရ်တီ ယူနိုယိုဒို (AHY)အား အခြေခံအဆောက်အအုံနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဂိုလ်ကာပါတီခေါင်းဆောင် ဟာတာတိုအား စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အစ္စလမ္မစ်ဝါဒီ National Awakering Party ခေါင်းဆောင် မူဟိုင်းမင်းအစ္စကန်ဒါအား လူမှုအသိုက်အဝန်းအားမြှင့်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ဂျိုကိုဝီ၏ စီးပွားဖက်ဖြစ်သူ လူဟွတ်မှာ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပရာ ဘိုဝို၏ လူယုံဖြစ်သည့် ဆူဂျီယိုနိုမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှာမူ ဂျိုကိုဝီလက်ထက်က လူဟောင်းများ ဆက်လက်ပါဝင်လာ ကြသည်ကို တွေ့ရသည်။ ဤနည်းအားဖြင့် ပရာဘိုဝို၏ အစိုးရအဖွဲ့သစ်မှာ အားလုံးကျေနပ်အောင် အားလုံးပါဝင်နေရာရကြသည့် အင်အားကြီးမားသော အစိုးရအဖွဲ့တစ်ခုဖြစ်လာခဲ့သည်ကိုတွေ့ရ လေသည်။ 

ပရာဘိုဝို ရှေ့ဆက်သွားမည့် မူဝါဒနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေးတွင် အများကြိုက် မူဝါဒများဖြင့် လူထုထောက်ခံမှုကို ဆက်လက်ဆွဲဆောင် ထိန်းသိမ်းသွားရန် ရည်ရွယ်ထားဟန်ရှိသည်။ ဒေါ်လာဘီလီယံ ၃၀ ခန့်ကုန်ကျမည့် “ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် စာသင် ကျောင်းများ၌ အခမဲ့နေ့လယ်စာကျွေးရေး” အစီအစဉ်မှာ ထင်ရှားသောသာဓကဖြစ်၏။ ယင်းပမာဏမှာ အင်ဒိုနီးရှား အစိုးရ၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက်တစ်ခုလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။ စာသင်ကျောင်း အခမဲ့ နေ့လယ်စာ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားရေရိက္ခာဖူလုံရေး၊ အခြေခံပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး၊ လူမှုဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာတိုးမြှင့်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အိုးအိမ်အခြေခံ အဆောက်အအုံနှင့် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု၊ အခွန်အကောက်များ တိုးတက်ရရှိရေးစသည့် ကာလတိုအစီအစဉ်ရှစ်ရပ်နှင့် ရေရှည်ဦးစားပေး အစီအစဉ် ၁၇ မျိုးကိုလည်း ပရာဘိုဝိုအစိုးရက ချမှတ်ထားသည်။

စီးပွားရေးအပိုင်းတွင် လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းခန့်မှ ပရာဘိုဝို၏ ပထမအစိုးရသက်တမ်းအဆုံး လာမည့်ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထား သည်။ နှစ်စဉ် ဒေါ်လာဘီလီယံ ၂၀ ဖိုးခန့်ဒီဇယ်လောင်စာဆီ တင်သွင်းနေရမှုကိုလျှော့ချရန် ပြည်တွင်း ထွက်စားအုန်းဆီမှ ဇီဝလောင်စာဆီ တိုးမြှင့်ထုတ်လုပ်ရန်၊ ဟွန်ဒိုင်း၊ LG စသော ကုမ္ပဏီ များနှင့်ပူးပေါင်း၍ ပြည်တွင်း၌ လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်ရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်တွင်းဈေးကွက်၌ လိုအပ်သော ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားရန် စသည့် အချက်များပါဝင်သည်။

ကာကွယ်ရေးအပိုင်းတွင် အင်ဒိုနီးရှားတပ်မတော်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်မှန်း ထားသော်လည်း နိုင်ငံခြားရေးမူဝါဒတွင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမည်ဟုဆိုသဖြင့် မည်သည့်စစ်ရေးအုပ်စုဖွဲ့ မဟာမိတ်ပြုမှုများတွင်မျှ ပါဝင်ခြင်းမပြုဘဲ မဟာဗျူဟာ ချိန်ခွင်လျှာညီမျှစေရန် လိမ္မာပါးနပ်စွာ ထိန်းညှိသွားမည်ဟု မှန်းဆရပေသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံကြီး ဖြစ်သည့်အားလျော်စွာ အစ္စလမ္မစ်အဖွဲ့ချုပ်အတွင်း ဦးဆောင်နေရာတစ်ခုရရှိရေး ကြိုးပမ်းသွားဖွယ် ရှိပြီး ပါလက်စတိုင်းအရေးတွင် ဘာသာတူ ပါလက်စတိုင်းဘက်မှရပ်တည်ကာ ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပါဝင်ကြိုးပမ်းသွားမည်ဟု ယူဆရသည်။ အာဆီယံအဖွဲ့ အတွင်း၌ အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့်အတိုင်း ဦးဆောင်နေရာကို ဆက်လက်ထိန်းသိမ်းသွားမည့် သဘောရှိသော်လည်း အနောက်လိုလားသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို၏ ဖိအားပေး လှုပ်ရှားမှုပုံစံမျိုး ဆက်လက်ကျင့်သုံးဖွယ်မရှိဟု မှန်းဆရပေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာ

ပရာဘိုဝိုအစိုးရလက်ထက် အင်ဒိုနီးရှား နိုင်ငံ၏ရှေ့အလားအလာကို သုံးသပ်ရမည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော နယ်မြေပမာဏ၊ ကြီးမားသော လူဦးရေ၊ အရှေ့တောင်အာရှ ဒေသတွင်အကြီးမားဆုံးစီးပွားရေးပမာဏနှင့် မဟာဗျူဟာအချက်အချာကျသော တည်နေရာ တို့ကြောင့် ကမ္ဘာက အာရုံစိုက်အလေးထားနေရသည့် နိုင်ငံကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ ယခင်အစိုးရနှစ်ဆက် (SBY နှင့် ဂျိုကိုဝီ) လက်ထက် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့ ကြောင့် ယေဘုယျအားဖြင့် အလားအလာကောင်းလျက်ရှိပြီး ယင်းတိုးတက်မှု ဒီရေမြင့်သည်နှင့်အတူ အောင်မြင်စွာ လိုက်ပါဆောင်ရွက်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာနိုင်ပေသည်။

သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအနေအထားများအရ အင်ဒိုနီးရှားအတွက် သတိထားရမည့် အန္တရာယ်များလည်း ရှိနေပေသည်။ နိုင်ငံတကာတွင် ကမ္ဘာ့မဟာဗျူဟာ အားပြိုင်ပွဲက ပြင်းထန်တင်းမာလာလျက်ရှိရာ မဟာဗျူဟာအရ အရေးပါသော အင်ဒိုနီးရှားကို နှစ်ဖက်စလုံးက သူ့ဘက်ကိုယ့်ဘက်ပါအောင် လွန်ဆွဲကြမည့် အလားအလာရှိနေသည်။ အထူးသဖြင့် “ငါနှင့်မတူ ငါ့ရန်သူ” ဟု ရှုမြင်တတ်လေ့ ရှိသော မဟာအင်အားကြီးအုပ်စုက မျက်မာန်ရှခြင်း မခံရရေးနှင့် စီးပွားရေးအရ ပစ်ပယ်မရနိုင်သော အနီးကပ်အင်အားကြီးနှင့်လည်း သင့်မြတ်စွာ ဆက်ဆံနိုင်ရေးမှာ “နိုင်ငံခြားရေး သမ္မတ” ဟု ကင်ပွန်းတပ်ခံရဖွယ်ရှိသည့် ပရာဘိုဝိုအတွက် အရေးပါသော အရည်အချင်းစစ် စာမေးပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။

သမ္မတသစ် ပရာဘိုဝိုအနေဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့် သဘောရှိ

ပြည်တွင်းနိုင်ငံရေး၌မူ ဂျိုကိုဝီ၏ အားပေးထောက်ခံမှုဖြင့် သက်သောင့်သက်သာ သမ္မတဖြစ်ခဲ့ရပြီး ဂျိုကိုဝီ၏ ဝန်ကြီးဟောင်းများနှင့် မူဝါဒဟောင်းများကို ဆက်ခံထားကာ ဂျိုကိုဝီ၏သားကို ဒုတိယ သမ္မတအဖြစ် ထွေးပိုက်ထားရသော သမ္မတသစ်ပရာဘိုဝိုအနေဖြင့် မည်ရွေ့မည်မျှ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ချက်ဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့်သဘောရှိပါ၏။ ဂျိုကိုဝီသာမက အခြားသောပါတီအကြီးအကဲများစွာလည်း အနီနှင့်အဖြူအစိုးရအဖွဲ့အတွင်း ပါဝင် လျက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံရေးထုံးစံဓလေ့အရ (Consultation and Concensus) ညှိနှိုင်း ပေါင်းစပ်၍ အားလုံးသဘောတူမှု ရရှိရေးမှာများစွာခက်ခဲဖွယ်ရှိပါသည်။

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံရေးအသိုက်အဝန်း၌ အမြစ်စွဲဖြစ်တည်နေကြသော နိုင်ငံခေါင်းဆောင် ဟောင်းများ၏ သားမြေးမိသားစုတို့က နန်းစဉ် နန်းဆက်နိုင်ငံရေးအမွေခံရန်နေရာယူထားမှု (ဥပမာ၊ SBY ၏သား ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးAHY၊ မီဂါဝတီ၏သမီး အောက်လွှတ်တော်ဥက္ကဋ္ဌပူအန်မဟာရာနီ)နှင့် နေရာယူရန် ကြိုးစားနေသည့် ဂျိုကိုဝီ၏ သားများအကြား နိုင်ငံရေးနန်းလုပွဲ ဖြစ်လာနိုင်သည့် အလားအလာနှင့် ထိုနိုင်ငံရေးမျိုးဆက်သစ်များအကြား စီးပွားရေးလောကသားများနှင့် ထွေးရောယှက်တင်ကာ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ ကြီးထွားလာသည့်ပြဿနာတို့မှာလည်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနှောင့်ယှက်လာနိုင်ဖွယ်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   ။

Source- www.moi.gov.mm

ကိုကိုလှိုင်
ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ (အပိုင်း - ၂)

(ယမန်နေ့မှအဆက်)

၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ

နိဒါန်း

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို - ပစိဖိတ် ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုး ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခု အဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။

ထိုသို့ ကွဲပြားမှုများစွာရှိသည့်အကြားမှပင် စုစည်းညီညွတ်မှုရရှိနိုင်ရန် နိုင်ငံကို ၁၉၄၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များက အဓိကချမှတ်ဖော်ဆောင်ခဲ့သည့် လုပ်ငန်းကြီးသုံးရပ်ကို ယနေ့ထက်တိုင် လေးလေးစားစား ထိန်းသိမ်းထားကြသည်မှာ အံ့ဩဖွယ်ဟုပင် ဆိုနိုင်သည်။ ယင်း လုပ်ငန်းကြီးသုံးရပ်မှာ နိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးလုံးလျားလျား ပယ်ဖျက် ပစ်ခြင်းမရှိဘဲ ပြင်ဆင်ချက်များ ပြုလုပ်၍သာ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိခြင်း၊ အင်ဒိုနီးရှား နိုင်ငံအား လူမျိုး၊ ဘာသာ၊ စကား၊ ပထဝီအနေအထား ကွဲပြားမှုများစွာ ရှိသည့်တိုင်အောင် တစ်ပြည်ထောင်နိုင်ငံ (Unitary State) အဖြစ်သာ ထူထောင်ဖွဲ့စည်းထားခြင်းနှင့် သုံးစွဲသောဘာသာ စကားကိုလည်း “ဘဟာဆာ အင်ဒိုနီးရှား” ဟု ခေါ်သော ရုံးသုံးဘာသာစကား တစ်မျိုးတည်းကိုသာ မသုံးစွဲမနေရ ပြဋ္ဌာန်းထားရှိပြီး လူတိုင်းတတ်မြောက်အောင် သင်ကြားထားစေခဲ့သဖြင့် နိုင်ငံသားချင်း ဆက်သွယ်ရာ၌ အခက်အခဲမရှိအောင် စီမံထားခြင်းတို့ ဖြစ်လေသည်။

ထပ်မံ၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ်တည်လာသည့် ၁၉၄၅ ခုနှစ်မှ ယနေ့ကာလတိုင်အောင် နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည့်တိုင်အောင် နိုင်ငံခေါင်းဆောင် သမ္မတ ရာထူး တာဝန်ထမ်းဆောင်သူများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဗျန်တိုအပါအဝင်မှ ၈ ဦးမျှသာ ရှိနေသေးခြင်းဖြစ်၏။

အထက်ပါအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်၏ နိုင်ငံအုပ်ချုပ်မှု အတတ် ပညာ (Statecraft) နှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဒဿနအမြင်များကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံရေးသိပ္ပံအမြင်ရှုထောင့်မှ လေ့လာဖို့ကောင်းလှသောအချက်များပင် ဖြစ်ပေသည်။

အင်ဒိုနီးရှားနိုင်ငံရေးနောက်ခံ

၁၉၄၅ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ ဂျပန်အကူအညီဖြင့် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာကာ နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် လမ်းစဉ်မူဝါဒ အပြောင်းအလဲအမျိုးမျိုးအကြားမှ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများကို ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်မှာ အင်ဒိုနီးရှားနိုင်ငံရေးတွင် ခေတ်အလိုက် အရေးပါသောနိုင်ငံရေးအင်အားစုများကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံဖြစ်တည်စ ကနဦးကာလတွင် အဓိကအင်အားအကြီးဆုံးအုပ်စုမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် ဒုတိယသမ္မတဖြစ်လာကြမည့် ဆူကာနိုနှင့် ဟာတာတို့ဦးဆောင်သော အမျိုးသားရေး အင်အားစုဖြစ်သည်။ အမျိုးသားရေးအုပ်စုအပြင် အခြားအင်အားကြီးအုပ်စုမှာ ၁၉၄၂ ခုနှစ်မှစ၍ ဝင်ရောက်လာသည့် ဂျပန်တို့အကူအညီဖြင့် အမိမြေကာကွယ်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့သည့် အင်ဒိုနီးရှားတပ်မတော်ဖြစ်သည်။ ယင်းတပ်မတော်သည် ၁၉၄၅ ခုနှစ် ဂျပန်တို့ စစ်ရှုံး ဆုတ်ခွာချိန်တွင် ဝင်ရောက်လွှမ်းမိုးရန် ကြိုးစားခဲ့သည့် ဗြိတိသျှနှင့်ဒတ်ချ်တို့ကို တော်လှန်ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး နောင်တွင် ဆူကာနိုကို ဆက်ခံသည့် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှာ ဂျပန်စစ်ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။ 

ထိုအင်အားစုနှစ်ခုအပြင် အင်ဒိုနီးရှား၌ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြသည့် အစ္စလာမ် ဘာသာရေးအင်အားစုကြီးကလည်း နိုင်ငံရေးတွင် အရေးပါသောအုပ်စုတစ်ခုဖြစ်သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အပြီး၌ အင်အားတောင့်တင်းလာသည့် လက်ဝဲကွန်မြူနစ်အုပ်စုကလည်း ရှိနေပြန်သည်။

အထက်ပါ နိုင်ငံရေးအင်အားစုအားလုံး ကျေနပ်လက်ခံနိုင်သည့် နိုင်ငံရေးစနစ်မျိုးကို ရှာဖွေထုတ်ဖော် ချမှတ်နိုင်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဆူကာနိုက အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်ချိန်တွင် “နိုင်ငံရေးပဉ္စသီလ” (Pantjasila) ဟု ထင်ရှားသော မူငါးချက်ကို ကြေညာခဲ့သည်။ ယင်းပဉ္စသီလငါးချက်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတ၍ ယဉ်ကျေး သောလူ့အဖွဲ့အစည်း၊ အင်ဒိုနီးရှား အမျိုးသားစည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒီမိုကရေစီ တည်ဆောက်ခြင်းနှင့် နိုင်ငံသားအားလုံး လူမှုရေးအရ သာတူညီမျှမှုတို့ ဖြစ်သည်။

နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်မှုစတင်ခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှားနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုကာလမှာ ကမ္ဘာပေါ်၌ အရှေ့အုပ်စုနှင့် အနောက် အုပ်စုအကြား စစ်အေးတိုက်ပွဲ ပြင်းထန်နေခိုက်ဖြစ်၍ အင်ဒိုနီးရှားတွင်လည်း စစ်အေးတိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး တည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများလည်း ပေါ်ပေါက်နေခဲ့ပြီး မြေပေါ်နိုင်ငံရေးပါတီများအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုများနှင့် မညီမညွတ်ဖြစ်နေ ခဲ့ရာ မကြာခဏ အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် သမ္မတ ဆူကာနိုက လမ်းညွှန်ဒီမိုကရေစီ(Guided Democracy)ပုံစံကို ပြန်လည်ကျင့်သုံးခဲ့လေသည်။ လမ်းညွှန် ဒီမိုကရေစီကြောင့် သမ္မတထံတွင် အာဏာပိုမိုရရှိလာသကဲ့သို့ ဆူပူ သောင်းကျန်းမှုများကို နှိမ်နင်းရသဖြင့် စစ်ဘောင်ကျယ်လာကာ အင်ဒိုနီးရှားတပ်မတော်၏ အခန်းကဏ္ဍမှာလည်း ပို၍အရေးပါလာခဲ့သည်။

တန်ခိုးဩဇာကြီးမားလာသော တပ်မတော်၏ အခန်းကဏ္ဍကို ထိန်းညှိနိုင်ရန် သမ္မတဆူကာနိုသည် ထိုစဉ်က မြေပေါ်၌ တရားဝင်တည်ရှိသော အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ဘက်သို့ အားပြုလာခဲ့သည်။ (ဆူကာနို၏ နိုင်ငံရေးအမြင်အရ Nasakom ခေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိရာ- အမျိုးသားရေး၊ ဘာသာတရားနှင့် ကွန်မြူနစ်ဝါဒ- တို့ဖြစ်သည်။) ဆူကာနို၏ လက်ဝဲယိမ်းလာမှုက အနောက်အုပ်စုခေါင်းဆောင် အမေရိကန် ကို စိုးရိမ်မှုဖြစ်လာစေခဲ့သည်။ အင်ဒိုနီးရှားတပ်မတော်နှင့် အနောက်အုပ်စုတို့ ပိုမိုနီးကပ်သွားခဲ့သည်။

၁၉၆၅ ခုနှစ်တွင် တပ်မတော်အတွင်းရှိ လက်ဝဲလိုလားသူ အရာရှိတစ်စုက အင်ဒိုနီးရှားတပ်မတော်မှ ထိပ်တန်းအရာရှိကြီး ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လုပ်ကြံခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ယင်းကြိုးပမ်းမှုကို မဟာဗျူဟာအထူးတပ်ဖွဲ့ တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုက နှိမ်နင်းခဲ့ပြီး ဆူဟာတို၏ဩဇာကြီးမားလာခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်များအတွင်း ယင်းအာဏာသိမ်းရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို အင်ဒိုနီးရှား တပ်မတော်က ဦးဆောင်၍ နှိမ်နင်းချေမှုန်းခဲ့ရာ လူပေါင်းလေးသိန်းမှ တစ်သန်းအကြား သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုမှနောက်ပိုင်းတွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီမှာ နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ သမ္မတ ဆူကာနိုမှာလည်း ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုထံ နိုင်ငံတော်အာဏာကို သမ္မတအမိန့်ဒီကရီဖြင့် လွှဲပြောင်းပေးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် တရားဝင် သမ္မတအဖြစ် ခံယူခဲ့သည်။

ဆူဟာတိုခေတ်နိုင်ငံရေး

ဤတွင် သမ္မတဆူကာနို၏ ခေတ်စနစ်ဟောင်း “Old Order” (ပုံစံဟောင်း) ပြီးဆုံးသွားခဲ့ပြီး သမ္မတ ဆူဟာတို၏ ခေတ်သစ်စနစ်သစ် ပုံစံသစ်“New Order” စတင်ခဲ့လေသည်။ ဆူဟာတို၏ ပုံစံသစ်တွင် အင်ဒိုနီးရှားတပ်မတော်သည် ကာကွယ်ရေးသာမက နိုင်ငံရေးတာဝန်ကိုပါ ဝင်ရောက်ထမ်းဆောင်သည့် (Dwi-Fungsi) လုပ်ငန်းနှစ်ရပ်မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးတွင် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ဂိုလ်ကာ(Golkar)ခေါ် တပ်ပေါင်းစုကို ဖန်တီးခဲ့သည်။ ပါတီစုံစနစ်ဟူသောအသွင်ကို ရယူရန်အတွက် လူနည်းစု ခရစ်ယာန်၊ ဟိန္ဒူနှင့် လူငယ်များ ပါဝင်သည့် PDI ခေါ် နိုင်ငံရေးပါတီတစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ဆူဟာတိုခေတ် လွှတ်တော်တွင် အတိုက်အခံပါတီဟူ၍မရှိ။ တပ်မတော် (ABRI) ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၇၅ နေရာကို ရယူထားသည်။ အစိုးရအဖွဲ့အတွင်း၌လည်း ဗဟိုမှစ၍ ရပ်ကွက်/ ကျေးရွာ အဆင့်အထိ တပ်မတော်သားများ ပါဝင်နေခဲ့သည်။ ဤသို့ဖြင့် သမ္မတဆူဟာတို၏ လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့သည်။

ကာကွယ်ရေးနှင့်လုံခြုံရေးအပိုင်းတွင် အနောက်အုပ်စုအကူအညီဖြင့် သောင်းကျန်းမှုနှိမ်နင်းရေးကို ထိရောက်ပြင်းထန်စွာ အင်အားသုံးလုပ်ဆောင်ခဲ့သည်။ စီးပွားရေးအပိုင်းတွင်လည်း အမေရိကန် ဘာကလေတက္ကသိုလ်ဘွဲ့ရ စီးပွားရေးပညာရှင်များ (ဘာကလေအုပ်စု)ကို တာဝန်ပေး၍ ဈေးကွက် စီးပွားရေးစနစ်ကို အထိန်းအကွပ်ဖြင့် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ ဆူဟာတိုလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ စီးပွားရေးကောင်းမွန်လာခဲ့သည်။ (စီးပွားရေး ကောင်းမွန်လာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုကလည်း ကျယ်ပြန့်လာခဲ့လေသည်။)

သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုစံနှုန်းတန်ဖိုးများ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့လာခြင်း၊ ၁၉၉၇ ခုနှစ် တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အရှေ့တောင်အာရှစီးပွားပျက်ကပ်တို့ကို တစ်ဆက်တည်း ခံစားခဲ့ရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ စီးပွားရေးအကျပ်အတည်းပြင်းထန်စွာ ခံစားခဲ့ရခြင်းတို့ ပေါင်းစပ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ ဆူဟာတို အာဏာ လက်လွှတ်လိုက်ရစေသည်။ Reformasi (ရီဖော်မာစီ) ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တော့သည်။

ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေး

နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားသည့် သမ္မတဆူဟာတို ခေတ်ကုန်ဆုံးသွားပြီးနောက် တည်ငြိမ် နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရေးကို ပုံစံသစ်တစ်ခုအဖြစ် ဒီမိုကရေစီသို့ ဦးတည်ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်မှုများရှိခဲ့သလို မတည်ငြိမ်မှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လေသည်။ ထူးခြားသော အောင်မြင်မှုမှာ အင်ဒိုနီးရှားတပ်မတော် (ယခုအခါ TNI အဖြစ် ပြောင်းလဲဖွဲ့စည်းထား) သည် နိုင်ငံရေး ကဏ္ဍမှ အေးချမ်းစွာစွန့်လွှတ် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အဖြစ် အင်ဒိုနီးရှားနိုင်ငံရေး ခေါင်းဆောင်များကလည်း အင်ဒိုနီးရှားတပ်မတော်ကို အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုး ထောက်ပံ့ပေးခဲ့သည်။

မတည်ငြိမ်မှုများမှာမူ နိုင်ငံရေးအင်အားစုပါတီများအကြား အားပြိုင်မှုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်၏။ အဓိကအားဖြင့် အမျိုးသားရေးအင်အားစု၊ အစ္စလမ္မစ်ဘာသာရေးအုပ်စုနှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအုပ်စုတို့အကြား အားပြိုင်မှုဖြစ်သည်။

ဂိုလ်ကာပါတီဦးဆောင်သော အမျိုးသားရေးအုပ်စုသည် လူထုအုံကြွမှုကြောင့် အာဏာစွန့်လွှတ် လိုက်ရလင့်ကစား နိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံနှင့် နိုင်ငံအနှံ့ ဖြန့်ကြက်တည်ဆောက်ထားသော ပါတီ၏အင်အားတို့ကြောင့် အားကြီးနေဆဲဖြစ်၏။ သမ္မတဆူဟာတိုက ဂိုလ်ကာကိုအားပြု၍ နိုင်ငံရေးအာဏာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် သူ၏ ဒုတိယသမ္မတဖြစ်သူ ဟာဘီဘီကို ကြားဖြတ်သမ္မတအဖြစ် လက်လွှဲပေးခဲ့သော်လည်း နိုင်ငံရေးလှိုင်းတံပိုးက ပြင်းထန် လှသောကြောင့် ဟာဘီဘီသည် တစ်နှစ်အတွင်းမှာပင် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ဘာသာရေးအုပ်စုမှ အဗ္ဗဒူရာမန်ဝါဟစ် (ခေါ်) ဂူစ်ဒူးတက်လာခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီး မျက်စိမမြင်သော ဝါဟစ်သည်လည်း နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် သမ္မတဟောင်း ဆူကာနို၏ သမီး PDI–P ခေါင်းဆောင် မီဂါဝတီ ဆူကာနိုပူထရီကို လွှဲပြောင်းပေးလိုက်ရပြန်သည်။ မီဂါဝတီ၏ PDI-P မှာ လူထုအုံကြွဆူပူမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မီဂါဝတီကိုယ်တိုင်မှာလည်း နိုင်ငံဖခင်ကြီး၏ သမီးဖြစ်၍ အများက အထင်ကြီးမျှော်လင့်ခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ မီဂါဝတီ၏ လက်ထက်တွင် ဆူမတြားမြောက်ဘက် အာချေးဒေသမှ ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းမှုမှာ အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စလမ္မစ်အစွန်းရောက် အကြမ်းဖက် အုပ်စုများက လူ ၂၀၀ ကျော် သေဆုံးသော ဘာလီညကလပ်ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးမှာလည်း ကျဆင်းနေခဲ့သည့်အပြင် မီဂါဝတီအစိုးရမှာလည်း အကျင့်ပျက်ခြစားမှုများနှင့် နာမည်ပျက်နေသည့်အတွက် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူ၏ အစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကို ရှုံးနိမ့် သွားခဲ့ရသည်။

SBY ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် သမ္မတယူဒိုယိုနိုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် ပထမဆုံး လွတ်လပ်စွာယှဉ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဖြစ်သည်။ SBY အနေဖြင့် အာချေးဒေသတွင် ၂၀၀၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေးကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ အာချေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စွာ အဆုံးသတ်ပေး နိုင်ခဲ့သည်။ နိုင်ငံစီးပွားရေးကိုလည်း အောင်မြင်စွာပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးခဲ့သည်။ SBY သည် အင်ဒိုနီးရှားဒီမိုကရေစီခေတ်ဦးတွင် သမ္မတ သက်တမ်း ၅ နှစ် နှစ်ဆက်၊ ၁၀ နှစ်ကြာ အောင် တာဝန်ထမ်းဆောင်ခဲ့ရသော ရွေးကောက်ခံ သမ္မတဖြစ်ခဲ့သည်။

သမ္မတ ဂျိုကိုဝီ

SBY ၏ သမ္မတ ၁၀ နှစ်သက်တမ်းတွင် နိုင်ငံရေးဇာတ်ဆောင်အသစ်များ စတင်ပေါ်ထွက် လာခဲ့သည်။ SBY ၏အောင်မြင်မှုကို အားကျ၍ အဆင့်မြင့်အရာရှိဟောင်းများ ဖြစ်ကြသည့် ပရာဘိုဝို ဆူဗျန်တို၊ ဗိုလ်ချုပ်ကြီး ဟာတိုနိုစသူတို့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီများထောင်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့ကြသည်။ အလားတူပင် အရပ်သားများထဲမှ ထင်ပေါ်လာသူမှာ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) ဖြစ်သည်။ မူလက အောင်မြင်သည့် ပရိဘောဂလုပ်ငန်းပိုင်ရှင်အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဂျိုကိုဝီသည် ၂၀၀၅ ခုနှစ်တွင် မွေးဇာတိဖြစ်သည့် ဂျာဗားကျွန်းရှိ ဆူရာဘာတာမြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဂျိုကိုဝီအနေဖြင့် နာမည်ကြီးအဆင့်မြင့် စစ်ဘက်အရာရှိဟောင်းကြီးများကဲ့သို့ နိုင်ငံရေးအသိုက်အဝန်း ကျောထောက် နောက်ခံ များစွာမရှိသည့်အတွက် မီဂါဝတီ၏ PDI-P ပါတီလက်မှတ်ဖြင့် ဝင်ရောက်အရွေးခံခဲ့ခြင်း ဖြစ်သည်။ ဂျိုကိုဝီ၏ ရိုးဖြောင့်၍ ချိုသာစွာပြောဆိုတတ်မှု၊ အောက်ခြေလူတန်းစားများနှင့် လက်ပွန်းတတီး ရင်းနှီးစွာရောနှောဆက်ဆံပြီး အများပြည်သူတို့၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းတတ်မှုကြောင့် မြို့နေလူထုက ဂျိုကိုဝီကို များစွာသဘောကျထောက်ခံခဲ့ကြပြီး ဒုတိယအကြိမ် မြို့တော်ဝန်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။ ထို့အပြင် မီဒီယာခေတ်ဖြစ်၍ ဂျိုကိုဝီ၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအတွင်း/အပြင်တို့၌ လူသိများလာသည်။ ကမ္ဘာ့အထူးချွန်ဆုံး မြို့တော်ဝန်စာရင်း၌ တတိယနေရာ ရရှိခဲ့သည်။ PDI-P ပါတီကလည်း ဂျိုကိုဝီကို ထင်ပေါ်၍ စင်တော်ကောက်ခဲ့လေရာ ၂၀၁၂ ခုနှစ် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါတီ၏ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ဇာတာစန်းလဂ် တက်လာသည့် ဂျိုကိုဝီသည် ဂျာကာတာမြို့တော် ဝန်ရွေးကောက်ပွဲ၌လည်း အနိုင်ရခဲ့ပြန်ရာ အထွတ် အထိပ်သို့ ရောက်ရှိရန် လမ်းပွင့်သွားခဲ့လေတော့သည်။

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် SBY သည် သမ္မတသက်တမ်းနှစ်ဆက် ပြည့်သွား၍ ဆက်လက် ပါဝင်ယှဉ်ပြိုင်၍ မရတော့ပေ။ သူ၏ ဒီမိုကရေစီပါတီ PD မှာလည်း အကျင့်ပျက်ခြစားမှု အပုပ်နံ့များကြောင့် ပါလီမန်ရွေးကောက်ပွဲ၌ အခြေအနေမကောင်းတော့ဘဲ လူကြိုက်နည်းလာသည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ပါတီအဖြစ် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သော PDI-P ပါတီနှင့် ပရာဘိုဝို၏ ဂျယ်ရင်ဒရာ(Gerindra) (Great Indonesia Movement) ပါတီတို့သာ ပေါ်ထွက်ခဲ့သည်။ ထိုပြိုင်ပွဲ၌ အကျင့်ပျက်ခြစားမှုသတင်းဆိုးမရှိဘဲ လူချစ်လူခင်များပြားသူ ဂျိုကိုဝီအား ယခင်သမ္မတဟောင်း ဆူဟာတို၏ သမက်ဖြစ်ပြီး တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က အရှေ့တီမောတွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ရန် အမိန့်ပေးခဲ့မှု ကြောင့် နာမည်ပျက်ရှိခဲ့သော ပရာဘိုဝိုက မယှဉ်နိုင်ဘဲ အရေးနိမ့်သွားခဲ့သည်။

ရိုးဂုဏ်တစ်ခုဖြင့် တောနယ်ကျေးလက်မှ သမ္မတအဆင့် တက်ဖြစ်လာသူ ဂျိုကိုဝီအနေဖြင့် ကျယ်ပြန့် ရှုပ်ထွေးလှသော သမ္မတတာဝန်များကို ထမ်းဆောင်ရန်မှာ လိုအပ်ချက်များစွာရှိခဲ့သည်။ ထို့အပြင် လွှတ်တော်အတွင်း၌လည်း ပရာဘိုဝို၏ ဂျယ်ရင်ဒရာပါတီ (တပ်မတော်အင်အားစု)၊ အစဉ် အလာရှိခဲ့သော ဂိုလ်ကာ (အုပ်စု) နှင့် PPP (အစ္စလမ္မစ်အုပ်စု)တို့ စုပေါင်း၍ သမ္မတဂျိုကိုဝီ၏ အာဏာရ (PDI-P) ပါတီထက်ပို၍ အင်အားတောင့်တင်းနေခြင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ စင်စစ်၌ PDI-P ပါတီသည် ပင်လျှင် ဂျိုကိုဝီ၏ ကိုယ်ပိုင်ပါတီ မဟုတ်ပေ။ သမ္မတဟောင်း ဆူကာနို၏သမီး မီဂါဝတီ၏ ပါတီဖြစ်သည်။ မီဂါဝတီအနေဖြင့် ဂျိုကိုဝီကို စင်တင်ပေးခဲ့သည့်တိုင်အောင် သူ၏ PDI-P ပါတီကိုမူ ဂျိုကိုဝီလက်ထဲသို့ ထိုးအပ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပါတီခေါင်းဆောင် မီဂါဝတီနှင့် သမ္မတ ဂျိုကိုဝီတို့အကြား ဆက်ဆံရေးမှာ များစွာနွေးထွေးခြင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ သမ္မတဂျိုကိုဝီအနေဖြင့် သူ၏ လူကြိုက်များမှုနှင့် လူထုထောက်ခံမှုကို အားပြု၍ နိုင်ငံရေး ကွန်ရက်၊ အဆက်အသွယ်၊ ခြေကုပ်များကို ထူထောင်ခဲ့ရသည်။ သူ၏ အစိုးရအဖွဲ့အတွင်း အရေးပါသော ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နေရာဌာနများတွင် ကျွမ်းကျင်သူ တက္ကနိုခရက်များကို တာဝန်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်သော ရက်တနိုမာဆူဒီအား ခန့်အပ်ခဲ့သည်။ စစ်ဘက်ကျောထောက် နောက်ခံမရှိခဲ့သော ဂျိုကိုဝီသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ပြေလည်စေရေးအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် စစ်ဘက်အရာရှိကြီးများကိုသာ လွှဲအပ်တာဝန်ပေးခဲ့သည်။ ဂျိုကိုဝီ၏ ပထမအစိုးရသက်တမ်း (၂၀၁၄-၂၀၁၉) ၌ ကာကွယ်ရေးဝန်ကြီးမှာ ယခင်အင်ဒိုနီးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟောင်း ရီယာမီဇတ် ရီယာကူဒူးဖြစ်ပြီး ဒုတိယအစိုးရသက်တမ်း (၂၀၁၉-၂၀၂၄) တွင် ယင်း၏နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဗျန်တိုဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှား တပ်မတော်အတွင်း၌ ဩဇာရှိသူ အရာရှိကြီးများ၏ အဆက်အနွယ်များကိုလည်း နေရာပေး မြှောက်စားခဲ့၏။ ဥပမာအားဖြင့် ဂျိုကိုဝီနှင့် စီးပွားဘက်လည်းဖြစ်ခဲ့သော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျိုင်တန်မှာ ဂျိုကိုဝီ၏ ဒုတိယသက်တမ်းတွင် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး လူဟွတ်၏ သမက်တော်စပ်သူမှာ သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အင်ဒိုနီးရှား အမျိုးသားထောက်လှမ်းရေး အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟန်ဒရို (ငြိမ်း)၏ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကာဆာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

စင်စစ်၌ ဂျိုကိုဝီ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ပရာဘိုဝို (ငြိမ်း)ကို ဒုတိယသက်တမ်းကာလတွင် ကာကွယ်ရေးဝန်ကြီး ရာထူးပေးခဲ့ခြင်းမှာ ဂျိုကိုဝီ၏ နိုင်ငံရေး အရင်းအနှီးစုဆောင်းသည့် ရွှေ့ကွက်တစ်ခုဟု ဆိုနိုင်သည်။ ပရာဘိုဝိုသည် နန်းစဉ်နိုင်ငံရေးအရ သမ္မတ ဟောင်းဆူဟာတို၏ သမက်ဖြစ်ခဲ့ပြီး စစ်ဘက်ကျောထောက်နောက်ခံရှိသူလည်း ဖြစ်သည်။ ထို့အပြင် အစ္စလမ္မစ်အဖွဲ့ချုပ် (OIC) မှ အဓိက အာရပ်နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ လစ်ဘရယ် ဆန်သော ဂျိုကိုဝီနှင့် OIC နိုင်ငံများ၏ဆက်ဆံရေးမှာ ပရာဘိုဝိုလောက် နွေးထွေးမှုမရှိလှပေ။ သို့ဖြစ်၍ ပရာဘိုဝိုကို အိတ်ထဲသို့ ထည့်လိုက်ခြင်းမှာ ဂျိုကိုဝီအတွက် ကြီးမားသောနိုင်ငံရေးအမြတ်ထွက်မှု ဖြစ်လေသည်။

(ဆက်လက်ဖော်ပြပါမည်။)

Source-www.moi.gov.mm

ကိုကိုလှိုင်
ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ (အပိုင်း - ၁)

နိဒါန်း

မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု ပြည်ထောင်စုမှခွဲထွက်လိုမှုနှင့် ပထဝီနိုင်ငံရေးအရအရေးပါသော အနောက်ဘက်တံခါးပြဿနာ
-

နိဒါန်း

ယနေ့ရခိုင်ပြည်နယ်တွင်   ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည်   နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့်  နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။ 

နိဒါန်း

ယနေ့ရခိုင်ပြည်နယ်တွင်   ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည်   နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့်  နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။ 

အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ Choke Point ဆုံရာဒေသ အိန္ဒိယ-မြန်မာဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသော  ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်တွင်  တရားဝင်စတင်ခဲ့သော်လည်း တရုတ်နိုင်ငံ အနေဖြင့်မူ  ၁၉၅၀  ပြည့်နှစ်  ဇွန်လ ၈ ရက်တွင်မှသာ တရားဝင်စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ပထဝီအနေအထားဆက်စပ်မှုအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ကီလိုမီတာ ၂၂၀၀ အထိ ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ၏အရှေ့မြောက်ဒေသဖြစ်သော ပြည်နယ် ၄ ခုနှင့်လည်း   နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၁၆၄၃ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံကုန်းနယ်နိမိတ်နှင့် ၇၂၅ ကီလိုမီတာရှည်လျားသော ရေကြောင်းနယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်  အိန္ဒိယနိုင်ငံအတွက် ကုန်းနယ်နိမိတ်နှင့်   ရေနယ်နိမိတ်တို့နှစ်ခုစလုံးထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်နေသည်ကို  တွေ့ရှိရသည်။  အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် အတိတ် ကာလများ၌ သာမန်အားဖြင့် တိုးတက်မှုမရှိဟု ယူဆနိုင်သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ  ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ဖြစ်သူ  နာရန်ဒရာမိုဒီ  ချမှတ်ခဲ့သည့် အရှေ့လမ်း မူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမှု မူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေး မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ 

ထို့ပြင် ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲတွင်လည်း တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံ၏  မဟာဗျူဟာကျကျတည်ရှိမှုသည် အရေးပါလျက်ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊  အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံးစုဆုံရာ  ပထဝီအနေအထားတွင် ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်ထားခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတ <ကယ်ဝခြင်းတို့နှင့် အိန္ဒိယ၏ အရှေ့ဘက်ပြည်နယ်များ၏ အဓိကဝင်ပေါက်၊ တရုတ်နိုင်ငံ၏ အနီးစပ်ဆုံး မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက် ဖြစ်နေခြင်းတို့သည် အိမ်နီးချင်းနိုင်ငံကြီးများကြား အကျိုးစီးပွား ပြိုင်ဆိုင်မှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီနယ်မြေအနေအထားတည်ရှိမှုသည် ဗြိတိသျှပထဝီပညာရှင် ဆာဟန်ဖို့ ဂျွန်မက်ကင်းဒါဖော်ထုတ်ခဲ့သည့်     နှလုံးသားနယ်မြေ (Heartland Theory) နှင့် ယေးတက္ကသိုလ် နိုင်ငံတကာဆက်သွယ်ရေး ပညာပါမောက္ခ စပိုက်မင် ဖော်ထုတ်ခဲ့သည့် အစွန်အဖျားနယ်မြေ(Rimland Theory) တို့နှင့်လည်း ဆက်စပ်နေလျက်ရှိသည်။ အထူးသဖြင့်  စစ်ရေးနှင့်စီးပွားရေးတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့်  တရုတ်၊  အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အားပြိုင်မှုတွင် မြန်မာနိုင်ငံသည်  Rimland Theory အရ  Heartland Theory ၏ အနားသတ်မျဉ်းတွင် မဟာဗျူဟာကျကျ တည်ရှိလျက်ရှိနေသည်ကို တွေ့ရှိရသည်။  ထို့ပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်သည့် တရုတ်နိုင်ငံ၏ ပုလဲသွယ်စီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်း၊ အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းတို့သည် ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊  သံတမန်ရေးနှင့် စီးပွားရေးတို့အတွက်သော်လည်းကောင်း  အရေးကြီးဒေသ Choke Point အဖြစ် မဟာဗျူဟာကျကျ တည်ရှိနေလျက်ရှိသည်။ 

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အကျိုးစီးပွားတည်ရှိမှု

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းသည် မလက္ကာရေလက်ကြားအား ဖြတ်ကျော်တင်ပို့နေရခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေကြောင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်အပေါ် ပိတ်ဆို့နိုင်ရေး၊ မလက္ကာရေလက်ကြားအား ထိန်းချုပ်နိုင်ရေးနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန်အတွက်  ဘင်္ဂလားပင်လယ်အော် ကျောက်ဖြူ(စစ်တွေ) ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ယူနန်ပြည်နယ် ကူမင်းမြို့သို့ တိုက်ရိုက်သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် အချိန်တိုသည့်  လမ်းကြောင်းဖြစ်သည်။ ထို့ပြင် အဆိုပါကျောက်ဖြူပိုက်လိုင်းသည် မြန်မာနိုင်ငံမှတစ်ဆင့်  အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းသစ်အတွက် အရေးကြီးသည့် မဟာဗျူဟာစီမံကိန်းတစ်ခုအဖြစ်ရှုမြင်နိုင်သည့်အပြင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် စွမ်းအင်လုံခြုံရေးအတွက် ပထဝီနိုင်ငံရေးအရအရေးပါကြောင်း တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ယူနန်ပြည်နယ်မှတစ်ဆင့် မူဆယ်၊ မန္တလေး၊ ကျောက်ဖြူလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျသောလမ်းကြောင်းအဖြစ်  တည်ရှိနေကြောင်း တွေ့ရှိနိုင်သည်။ 

အိန္ဒိယနိုင်ငံသည် ၎င်းင်းတို့၏ အရှေ့မျှော်မူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက်   ဒေါ်လာ သန်း ၄၈၀ ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နိုင်ငံ၏  မြောက်ပိုင်းရှိ   မီဇိုရမ်ပြည်နယ်များသို့ ပြည်မမှ ကုန်ပစ္စည်းများကို ကိုးလ်ကတ္တားမှတစ်ဆင့် ပို့ဆောင်နိုင်ရေးဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းများသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း၍ စစ်တွေမြို့မှတစ်ဆင့်   ကုလားတန်မြစ်ကို  ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော အရှေ့ဘက်ပြည်နယ်များသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ကျောက်ဖြူဆိပ်ကမ်းကို ဆောင်ရွက်ထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည် ထိန်းညှိနိုင်ရေးအတွက် ကုလားတန်စီမံကိန်းသည် အရေးပါနေလျက်ရှိကြောင်း  တွေ့ရှိနိုင်ပေသည်။  ထို့ပြင် ကီလိုမီတာ ၁၄၀၀ ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံတို့၏ အဝေးပြေးလမ်းစီမံကိန်းကို အရှေ့မျှော်မူဝါဒအရ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူး၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ကာ  အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသများသို့ ပထမဆုံးဆက်သွယ်ပေးမည့် အရေးပါသော စီမံကိန်းတစ်ခုအဖြစ် တွေ့ရှိနိုင်သည်။ 

အထက်တွင်ဖော်ပြခဲ့သောအချက်အလက်များကြောင့် ပထဝီနိုင်ငံရေးနှင့်  စီးပွားရေးအရ  ရခိုင်ပြည်နယ်သည်  မဟာဗျူဟာကျသည့်နေရာတစ်ခုအဖြစ် ကောင်းစွာတည်ရှိနေသော်လည်း ၎င်းဒေသသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ အားပြိုင်မှုများအပြင် ရခိုင်ပြည်နယ်တွင်း    အခြေချတပ်စွဲထားသည့် AA လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် မျှော်မှန်းသလောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုမရှိခဲ့သည်ကိုလည်း တွေ့ရှိနေရသည်။

AA  လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တည်မှုနှင့်   ရခိုင်ပြည်နယ်ပျက်စီးခြင်းအစ 

AA လက်နက်ကိုင်အဖွဲ့သည်  ုှုဗ အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌ ၂၀၀၉ ခုနှစ်တွင် စတင်အခြေချ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅  ခုနှစ်တွင်  ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်လာခဲ့ကာ လူမျိုးရေးစိတ်ဓာတ်များ တွန်းအားပေးခြင်းဖြင့် တစ်စတစ်စကြီးထွားလာခဲ့ပြီးနောက် တိုက်ပွဲများ စတင်ဖော်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် AA လက်နက်ကိုင်တပ်ဖွဲ့ အင်အားကြီးမားလာသည့် အဓိကအခြေခံ အကြောင်းတရားသည် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟုဆိုကာ လူမျိုးရေးအရ ဝါဒမှိုင်းသွတ်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်များကြောင့်ပင် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုကြီးအတွင်း၌ လူမျိုးစွဲ၊ ဒေသစွဲရှိသည့် စိတ်ဓာတ်များ ရှင်သန်ကြီးထွားလာပြီးနောက် ဒေသတွင်းနေထိုင်သည့်  တိုင်းရင်းသားလူမျိုးစုများကြားတွင် လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများ  ပိုမိုပြင်းထန်လာခဲ့သည်ကို တွေ့ရှိရသည်။     

ထို့ပြင် ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုမှတစ်ဆင့် ယာယီအပစ်အခတ်ရပ်စဲထားနိုင်ခဲ့သည့် ရခိုင်ပြည်နယ်သည်AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်အားနည်းသည့် ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။ AA လက်နက်ကိုင်တို့သည် အင်အားနည်းသည့် ရဲစခန်းများကို တိုက်ခိုက်ခြင်းများအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင်လည်း ရပ်^ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လမ်းပြင်လုပ်သားယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ  လုပ်ဆောင်ခဲ့သည်။ AA လက်နက် ကိုင်တပ်ဖွဲ့များ၏ အဆိုပါလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေပြီး ပြည်ပရင်းနှီးမြုှပ်နှံမှုလုပ်ငန်းများကိုလည်း ရပ်တန့်စေခဲ့သည်။ 

ရခိုင်ပြည်နယ်သည်  ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြားတွင်  တည်ရှိသော ကမ်းမြောင်ဒေသတစ်ခုဖြစ်ပြီး  ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော ဒေသတစ်ခုလည်းဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုသည် ရခိုင်ပြည်နယ်၏ အဓိကအားသာချက်ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကိုလည်း မကြာခဏ ကြုံတွေ့ခံစားရသော ဒေသတစ်ခုလည်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ထိုသို့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည့်အပြင် လူလုပ်ဘေးအန္တရာယ်ဖြစ်သော အကြမ်းဖက်စစ်မီးကိုလည်း ဗဗ လက်နက်ကိုင်တပ်ဖွဲ့များမှ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ  စစ်မီးတောက်လောင်မှုသည် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးအား အချိန်တိုအတွင်း လျင်မြန်စွာကူးစက် တောက်လောင်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီးမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ  ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များ တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိနိုင်ပေသည်။ ထို့ပြင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်သောတိုက်ပွဲများသည် ဒေသတွင်းပြည်သူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိစေသည်သာမက ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များလည်း ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်လည်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များသည် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အပြင် သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဟုဆိုသည့်အတိုင်း များလှစွာသော ရှေးဟောင်းစေတီပုထိုးများသည် ရှေးဘိုးဘွားများထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက များစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်လည်းဖြစ်သည်။

မိုခါမုန်တိုင်းတွင် လက်ရှောင်နေခဲ့သည့် AA လက်နက်ကိုင်တပ်ဖွဲ့များ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအား မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ မုန်တိုင်းထွက်ခွာသွားချိန်အထိ နာရီပေါင်း ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အား ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည်။ မေလ ၁၅ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများသို့ ရောက်ရှိပြီး  ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအားလုံးတို့၏ စားဝတ်နေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဝန်ကြီးဌာနတို့အနေဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုခဲ့သည်ကိုတွေ့ရှိရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်းမြန်ဆန် ပြီးစီးနိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ဦးစီးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး  လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်ရေး ပစ္စည်းများ၊ စားသုံးဆီနှင့် စက်သုံးဆီများပါဝင်သော ကူညီကယ်ဆယ်ရေး ရေယာဉ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။ 

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်း ၅၉၆ လုံး၊ အလယ်တန်းကျောင်း ၆၄၇ လုံး၊ အထက်တန်းကျောင်း ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း ၉ လုံးအထိ ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင်   ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦပေါင်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးအတွက် တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံ လရေယာဉ်(သံလွင်)ကို သံတွဲ၊ မာန်အောင်နှင့်ကျောက်ဖြူမြို့တို့သို့ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ပေးခဲ့သည်။ 

ထို့ပြင် စစ်တွေမြို့ပေါ်ရှိ မီတာ ၆၀ အမြင့်ရှိသော ရုပ်သံထပ်ဆင့်လွှင့်စက်  တာဝါတိုင်ပြိုကျခဲ့ရပြီး ဆက်သွယ်မှုများပြတ်တောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခုဆက်သွယ်မှုပြတ်တောက်ခဲ့သည့်အပြင် မဟာဓာတ်အားလိုင်း ပို့လွှတ်ဆောင်ရွက်သည့် တာဝါတိုင်နှင့် ကွန်ကရစ်တိုင်  ၂၆၃၆ တိုင် ရှိသည့်အနက် တာဝါတိုင် ၅၂ တိုင်နှင့် ကွန်ကရစ်တိုင် ၄၂၈ တိုင်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့်  ရခိုင်ပြည်နယ်အား အစိုးရ၊  ဌာနဆိုင်ရာအလိုက်  ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သင်တန်းကျောင်းမှ သင်တန်းသားတို့၏ စုပေါင်းဆောင်ရွက်မှုကြောင့် မြို့တွင်းလျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းများသည် ဇွန်လ ၁၃ ရက်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့သည်ကိုတွေ့ရှိရသည်။ 

မိုခါကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိကအဆောက်အအုံ အများအပြားပျက်စီးမှုရှိခဲ့ပြီး ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်း အဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးတို့ ချို့ယွင်းပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တို့၏ထောက်ပံ့မှုများ၊ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို အသုံးပြု၍ တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)၊ စစ်ရေယာဉ်(မုတ္တမ)၊ စစ်ရေယာဉ်(ပြည်တော်အေး-၂)၊ ကမ်းထိုးရေယာဉ် (၁၇၁၁)၊ (၁၇၂၂)၊ တင့်ကားတင် ကမ်းထိုးယာဉ် (၁၆၁၃)၊ (၁၆၁၄)နှင့်တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု၍ အစိုးရ၊ ပြည်သူနှင့်တပ်မတော် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် မိမိလူမျိုးနေထိုင်ရာဒေသ၏ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လက်ရှောင်နေခဲ့သည်ကို တွေ့ရှိနိုင်သည်။   မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီခြင်းမရှိရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီး၍ စီးပွားရေးပြန်လည်နာလန်ထူတော့မည့်အချိန်တွင် စစ်မီးတစ်ဖန် မွှေးခဲ့ကြခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ တရားမဝင်လူသစ်စုခြင်းနှင့် AA လက်နက်ကိုင်တို့၏ ခွဲထွက်ရေးအိပ်မက် ရခိုင်ပြည်နယ်အတွင်း အခြေချတပ်စွဲလျက်ရှိသည့် AA လက်နက်ကိုင်တပ်ဖွဲ့တို့၏ အဓိကဝင်ငွေရလမ်းတစ်ခုမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အခကြေးငွေများရယူ၍ ဘင်္ဂါလီလူမျိုးများအား အခြားနိုင်ငံများသို့ ပို့ဆောင်ပေးနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် AA အကြမ်းဖက် တပ်ဖွဲ့ဝင်များအနေဖြင့် မျိုးဆက်သစ် လူငယ်များ အပါအဝင် လူသားမျိုးနွယ်စု တစ်စုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့်  မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေသည့်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်းတို့အကြမ်းဖက်အဖွဲ့မှ လူ၊ လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားများအတွက် တရားမဝင် ဘင်္ဂါလီခိုးဝင်မှုများကိုလည်း ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။  ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၂၄)တွင် AA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ပြည်မကိုဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိနေပြီး ရှစ်ကြိမ်ခန့်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားလူမျိုးများသာမက ချင်းပြည်နယ် ပလက်ဝဒေသရှိ ချင်းတိုင်းရင်းသားများကိုပါ တရားမဝင်အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ဆောင်ရွက်နေခဲ့သည်ကို တွေ့ရှိရသည်။ AA လက်နက်ကိုင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို အတင်းအကျပ်စစ်သင်တန်းတက်ရောက်စေခြင်း၊ မတက်ရောက်လိုပါက ငွေကြေး တောင်းခံခြင်းနှင့် ၎င်းင်းတို့၏ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထားသည့် ဆန်စပါးများ ပေးဆောင်စေခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမပြုသည့် ဒေသခံများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအပြင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို   AA အကြမ်းဖက်အဖွဲ့က  လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၄ ဦး သေဆုံးခဲ့သည့်အပြင် ဧပြီလ ၂၂ ရက်တွင်လည်း သရက်အုပ် ကျေးရွာအုပ်စု အဘူဂျာကျေးရွာရှိ ဘင်္ဂါလီ ၅ ဦးသည်လည်း AA လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တွေ့ရှိရသည်။  

ထိုသို့ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ခိုးဝင်ဘင်္ဂါလီများအား အခကြေးငွေရယူ၍   အခြားဒေသများသို့ ပို့ဆောင်ခြင်း၊ ဒေသတွင်း တိုင်းရင်းသားများအပေါ်  အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းနှင့် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စစ်ပွဲများဖော်ဆောင်ခြင်းတို့သည် ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် "Arakan Dream 2020" ဖြစ်ပြီး ရခိုင်ပြည်နယ်အား လွတ်မြောက်နယ်မြေဒေသအဖြစ် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ 

နိဂုံး

၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် AA လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်ကိုအကြောင်းပြု၍ ရခိုင်ပြည်နယ်အား လွတ်မြောက်ဒေသတစ်ခုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်နိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲများဖော်ဆောင်နေခြင်း ဖြစ်သည်ဟု  သုံးသပ်ရသည်။ မျိုးချစ်စိတ်အားအခြေခံ၍ လူမျိုးရေးမုန်းတီးစိတ်များ ထွန်းကားလာစေရေး တွန်းအားပေးခြင်းကို အခြေခံဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင် အင်အားစု လက်အတွင်းသို့ အလုံးစုံကျရောက်စေရေးအတွက်  စစ်ပွဲများဖော်ဆောင်၍ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌လည်း လူသားမျိုးနွယ်တစ်စုလုံး ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့်လုပ်ငန်းများအပြင် ဘာသာရေးအရ ခြားနားမှုရှိပြီး အပြန်အလှန်သတ်ဖြတ်မှုနှင့် ပြင်းထန်သော လူမျိုးရေးပဋိပက္ခများဖြစ်ခဲ့ဖူးသည့် ဘင်္ဂါလီလူမျိုးများ အပေါ်တွင်လည်း အတင်းအကျပ် စစ်မှုထမ်းစေခြင်းနှင့် သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်ပင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယနေ့ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ စစ်မီးတောက်လောင်မှုသည် မိုခါမုန်တိုင်းဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများစတင်ရန် ကြိုးပမ်းနေသည့် ပြည်သူလူထု၏ ဘဝလုံခြုံရေးကဏ္ဍများကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်ကောင်းစားရေးဖြစ်သော  ရခိုင်နိုင်ငံထူထောင်လိုမှု၊ ပြည်ထောင်စုမှခွဲထွက်လိုသော ဆန္ဒတို့ကို ရှေ့တန်းတင်သည့် ထွန်းမြတ်နိုင်ခေါင်းဆောင်သော AA အဖွဲ့၏ ဆောင်ရွက်ချက်သည်သာ အဓိကအကြောင်းတရား ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြလိုက်ရပါသည်။   ။

Source-Myawady Webportal

အမည်မသိ
မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု ပြည်ထောင်စုမှခွဲထွက်လိုမှုနှင့် ပထဝီနိုင်ငံရေးအရအရေးပါသော အနောက်ဘက်တံခါးပြဿနာ

နိဒါန်း

ယနေ့ရခိုင်ပြည်နယ်တွင်   ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည်   နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့်  နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။ 

သန်းခေါင်စာရင်းကောက်ယူရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး
-

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။

မိမိတို့နိုင်ငံအတွင်း သဘာဝအရ အကြောင်း တရားများစွာတို့၏ ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လူဦးရေစာရင်းနှင့်ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များကို တိကျမှန်ကန်စွာကောက်ယူပြုစုရမည်ဖြစ်သည်။ ရရှိလာမည့်စာရင်းများကိုအခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေမည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက်အကူများ ရရှိနိုင်မည်ဖြစ်သည်။ 

သန်းခေါင်စာရင်း သမိုင်းကြောင်း

သန်းခေါင်စာရင်းသဘောသက်ရောက်သည့် စစ်တမ်းတစ်ခုကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်နှင့် ၁၁၄၅ ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်များတွင် နိုင်ငံတော်၏လူဦးရေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းများပါဝင်သည့် စီးပွားရေးစစ်တမ်းအသွင် ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ 

ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်၌ ညသန်းခေါင်အချိန်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် စာရင်းကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်၏ လူဦး ရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာရှိသည်ဟုဆိုပါသည်။ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ပြီးနောက် ၁၈၉၁ ခုနှစ်မှစတင်၍ တစ်ပြည်လုံးစာရင်းကောက်ယူခဲ့ရာ အောက်မြန်မာပြည်တွင် ၄၄၀၈၄၆၆ ဦးနှင့် အထက်မြန်မာပြည်တွင် ၃၃၁၃၅၈၇ ဦးရှိခဲ့သည်။ ထိုအချိန်က ဗြိတိသျှအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး အစီအမံများအရ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခုကယား) တို့ မပါဝင်ခဲ့ပေ။

၁၉၃၁ ခုနှစ်တွင် စာရင်းကောက်ယူရာ၌ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၄ ဒသမ ၄၇ သန်းခန့်ရှိခဲ့ပြီး ၁၀ နှစ် အကြာတွင် ကောက်ယူခဲ့သည့် ၁၉၄၁ ခုနှစ် လူဦးရေစာရင်းအရ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၆ ဒသမ ၂၃ သန်းကျော် ရှိကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား မှုကြောင့် ၁၉၄၁ ခုနှစ် အဆိုပါစာရင်းများ၊ မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ဗြိတိသျှအစိုးရ လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေသိရှိနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝသယံဇာတအဆီအနှစ်များကို ထုတ်ယူနိုင်ရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို စီမံကိန်းများရေးဆွဲကာ စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၀ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၁၉၅၃ ခုနှစ်မှသာ မြန်မာပြည်တစ်ဝန်းလုံးမှ မြို့ပေါင်း ၂၅၂ မြို့တွင် စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရတာဝန်ယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းပြီး ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်းကူညီမှုဖြင့် လူဦးရေနှင့်စီးပွားရေးစစ်တမ်းကောက်ယူခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ လက်ထက် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း ဥပဒေကိုပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ အထိ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ယင်းသို့ ကောက်ယူရာတွင် ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါရှိသည့် သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲ၍ ထုတ်ပြန်ပေးခဲ့ သည်။ အဆိုပါစာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ကချင် ၁၂ မျိုး၊ ကယားကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ကိုးမျိုး၊ မွန်တစ်မျိုး၊ ရခိုင်ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုး တို့ဖြစ်ကြောင်း သိရသည်။ 

သန်းခေါင်စာရင်းကောက်ယူရာတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေ သန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်း စားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားကွဲပြားပြီး ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းလည်းဖြစ်သည်။ 

၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာ ပြန်လည်အပ်နှံရန် ၁၉၇၄ ခုနှစ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏လူမှုရေး၊ စီးပွားရေးစီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန် အခြေခံစာရင်း အချက်အလက်များရရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုသည်။ ၁၉၈၃ ခုတွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ တိုင်အောင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစုစစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေနှင့်အိမ်အကြောင်းအရာ စသည်တို့ကို ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။

စာရင်းကောက်ရမည့်သူများနှင့် မကောက်ရမည့်သူများ

သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူများနှင့် နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများအပါအဝင် နိုင်ငံခြားတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများစာရင်းကို ထည့်သွင်းကောက်ယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများကို စာရင်းတွင်ထည့်သွင်းမကောက်ပါ။

သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့လာရောက်စာရင်းကောက်ပါမည်။ စာရင်းလာကောက်မည့်နေ့တွင် ကြိုတင် အကြောင်းကြားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ထည့်မကောက်ရသူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဘဲ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုအပ်ပေ။

မေးမြန်းမည့် မေးခွန်းများ

စာရင်းကောက်သူများက မေးခွန်းများ မေးမြန်းမည်ဖြစ်ရာ မှန်ကန်စွာဖြေဆိုပေးကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မေးမြန်းမည့်မေးခွန်းများမှာ အမည်၊ အိမ်ထောင်စု ဦးစီးနှင့် တော်စပ်ပုံ၊ ကျား /မ၊ ပြည့်ပြီး အသက်၊ မွေးသက္ကရာဇ် (ရက်/ လ / နှစ်)၊ ကိုးကွယ်သည့် ဘာသာ၊ အိမ်တွင်အဓိကပြောဆိုသော ဘာသာ စကား၊ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်းရှိ/ မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း( အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ နေအိမ် အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ် ရေးပစ္စည်းများ၊ အိမ်ရှိ အခန်းအရေအတွက်နှင့် အိပ်ခန်းအရေအတွက်၊ သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်း အကြောင်းအရာနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှုစသည့်အချက် အလက်များ ဖြစ်ပါသည်။

မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် မိမိနေထိုင်ရာနယ်မြေအတွင်းတွင် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ/ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံအဆောက် အအုံ (လမ်း၊ တံတား၊ အိမ်ရာ) များ တည်ဆောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင်လည်း ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုအတွက် အကာအကွယ်ပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့က မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေကြားပေးရန် လိုအပ်ပါသည်။ ဖြေဆိုသည့် အချက်အလက်များ မမှန်ကန်ပါက ပြည်သူများသာ နစ်နာရမည်ဖြစ်ပါသည်။ 

၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံ၍ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှု စွမ်းအားများဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။ သန်းခေါင်စာရင်းမှရရှိလာမည့် ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး အသုံးချ သွားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် ကိန်းဂဏန်းအချက် အလက်များဖြစ်ခြင်းကြောင့် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Source-Myawady Webportal

ကိုယဉ်ချစ်(မန္တလေး)
သန်းခေါင်စာရင်းကောက်ယူရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။

(ယမန်နေ့မှအဆက်) 

ဂျော်ဒန်မြစ်  အနောက်ဘက်ကမ်းတွင် ဂျူးအခြေချနေထိုင်သူဦးရေမှာ ငါးသိန်းခန့်အထိ ရှိလာပြီး ၂၀၂၃ ခုနှစ်တွင် အရှိန်အဟုန်မြှင့်၍ တိုးချဲ့ဆောက်လုပ် နေရာချထားလာခဲ့သည်။ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းလူဦးရေ သုံးသန်းခန့်မှာ ဂျူးအခြေချအိမ်ရာများတွင် ပတ်ဝိုင်းပိတ်ဆို့မှုများနှင့် ကြုံတွေ့လာခဲ့ရပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အုပ်ချုပ်သည် ဟုဆိုသော်လည်း လက်တွေ့၌အစ္စရေးစစ်ဘက်၏ ထိန်းချုပ်မှုအောက်တွင် နေကြရသည့်ဘဝ ဖြစ်နေလေသည်။ ဤအချက်မှာလည်း ပါလက်စတိုင်းတို့က အစ္စရေးအပေါ် မကျေနပ်မှုများတွင် အကြောင်း အချက်တစ်ခုအဖြစ်ပါဝင်ပြီး သဘောထားပြင်းထန်သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ပါလက်စတိုင်း သီးခြားနိုင်ငံထူထောင်ခွင့်ကို မည်သည့်အခါမျှ ပေးအပ်တော့မည်မဟုတ်ဟု ယုံကြည်ယူဆလာစေခဲ့သည်။

 

ဤသို့ဖြင့် ဂါဇာတွင်လည်း ညက်ညက်ကျေအောင် တိုက်ခိုက်ခံနေရသကဲ့သို့ အနောက်ဘက် ကမ်းတွင်လည်း အာရပ်တဲထဲသို့ဝင်လာသည့် ကုလားအုတ်ပုံပြင်ကဲ့သို့ ဂျူးအခြေချများ တိုးချဲ့ ဝင်ရောက်လာနေမှုများကို တွေ့မြင်နေကြရသော ပါလက်စတိုင်းတို့၏ စိတ်တွင်း၌ ယင်းတို့ အလွန်လိုလား တောင့်တလျက်ရှိသော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးမှာ လက်နက်စွဲကိုင်၍ “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး” သဘောထားဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ရုံမှတစ်ပါး အခြား မရှိတော့ပြီဟူသော အတွေး၊ အကြံများ ဖြစ်ပေါ်လာခဲ့လေတော့သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ယွန်ကစ်ပူးစစ်ပွဲ နှစ်ငါးဆယ်ပြည့် အကြမ်းဖက်တိုက်ခိုက်မှု

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့သည် ၁၉၇၃ ခုနှစ် ယွန်ကစ်ပူးစစ်ပွဲ၏ နှစ်ငါးဆယ် ပြည့်မြောက်သောနေ့ဖြစ်သည်။ ယွန်ကစ်ပူးမှာ အစ္စရေးနိုင်ငံ၌ ဂျူးလူမျိုးတို့၏ ဘာသာရေး အထွတ်အမြတ် နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး မိတ်ဆွေသင်္ဂဟများနှင့် ဆွေမျိုးမိသားစုများ ပြန်လည်ဆုံစည်းကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ကြသည့် အခါသမယလည်းဖြစ်သည်။ ထို့ကြောင့် ယွန်ကစ်ပူး ပွဲတော်ကာလ၌ အစ္စရေးတစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် ၁၉၇၃ ခုနှစ်က အာရပ်တပ်ဖွဲ့များ အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ကြသည့်အတွက် ယွန်ကစ်ပူးစစ်ပွဲဟု အမည်တွင်ခြင်းဖြစ်သည်။ 

 

ယင်းစစ်ပွဲမှာ အစ္စရေးနှင့်အာရပ်တို့ စစ်ဖြစ်ခဲ့ကြသည့် သမိုင်းတစ်လျှောက်လုံးတွင် အာရပ်တို့ ဘက်မှ အလစ်အငိုက်ရယူ၍ ဦးစွာဝင်ရောက် တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသောစစ်ပွဲလည်း ဖြစ်လေသည်။ ထို့အပြင် ယင်းစစ်ပွဲ၌ အစ္စရေးတို့ အနိုင်ရရှိခဲ့လင့်ကစား အာရပ်တို့က ဆိုဗီယက်လုပ် လက်နက်များဖြင့် အစ္စရေးကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။

 

ထို့ကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်း၊ ဟားမားစ်အဖွဲ့အတွက် ယွန်ကစ်ပူးနှစ်ငါးဆယ်ပြည့် ရွှေရတုကာလသည် အစ္စရေးတို့ကို အထိနာအောင် ပြန်လည်တိုက်ခိုက်ရန် အဓိပ္ပာယ်ပြည့်ဝ ဆုံးအချိန် ဖြစ်တော့သည်။ ယွန်ကစ်ပူးပွဲတော် ကာလဖြစ်၍ အစ္စရေးတစ်နိုင်ငံလုံးမှာလည်း ပျော်ပွဲရွှင်ပွဲများဖြင့် အလုပ်များနေကြသည်။ စစ်သည်အများအပြားမှာလည်း မိသားစုနှင့် ပြန်လည် ဆုံစည်းရန်ခွင့်ပြန်နေကြသည်။ ဤအခြေအနေမှာ အလစ်အငိုက်ရယူရန် အခွင့်ကောင်းပင် ဖြစ်သည်။ 

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ဟားမားစ်တို့၏ တိုက်ခိုက်မှုစတင် ခဲ့သည်။ ဟားမားစ်တို့က ဂါဇာနှင့် အစ္စရေး လူနေဒေသကို ပိုင်းခြားကာရံထားသည့် ခြံစည်းရိုး တံတိုင်းမှ အားအနည်းဆုံးနေရာများအား ဖောက်ခွဲ၍ လမ်းပေါက်ဖွင့်လိုက်ပြီးနောက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားများဖြင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အချို့က ပါရာဂလိုက်ဒါများကိုသုံး၍ ခြံစည်းရိုးနံရံကို အပေါ်မှဖြတ်ကျော်ကာ ပျံသန်းဝင်ရောက်ခဲ့ကြသည်။ အချို့တပ်ဖွဲ့များက မော်တော်ဘုတ်များဖြင့် ပင်လယ်ကမ်းစပ်ကို ရေပြင်မှပတ်၍ ဝင်ရောက်သွားခဲ့ကြသည်။ ထိုအချိန်တွင် ဟားမားစ် ဒုံးပျံတပ်ဖွဲ့က အစ္စရေး လူနေမြို့ရွာများ အပေါ်သို့ ဒုံးပျံများ ရာနှင့်ချီ၍ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

 

အစ္စရေးတို့မှာ ဟားမားစ်၏ အလစ်အငိုက် ရယူတိုက်ခိုက်မှုကြောင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ စုစုပေါင်း အစ္စရေးဘက်မှ ၁၂၀၀ ကျော် သေဆုံးခဲ့၍ လူ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။ 

 

နောက်ပိုင်းထွက်ပေါ်လာသည့် သတင်းများအရ ဟားမားစ်ဘက်မှ ဤစစ်ဆင်ရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်ခန့်ကပင် စတင်ရေးဆွဲခဲ့သည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ် အစ္စရေးတို့၏ ပြင်းထန်သော ဂါဇာတိုက်ခိုက်မှု၏နောက်တွင် ပြန်လည်လက်စားချေရေးအတွက် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဂါဇာရှိ စစ်ဘက်ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချပြီး စတင်ပြင်ဆင်ခဲ့ကြသည်ဟုဆိုသည်။ စစ်ဆင်ရေးစီမံချက်ကို ရေးဆွဲဖော်ဆောင်ခဲ့သူများမှာ ဟားမားစ်စစ်ရေးခေါင်းဆောင် ယာယာဆင်ဝါ ဦးဆောင်သည့် ထိပ်ပိုင်းစစ်ရေး ခေါင်းဆောင် ငါးဦးခန့်သာဖြစ်ပြီး ဟားမားစ်နိုင်ငံ ရေးခေါင်းဆောင် အစ္စမေးဟာနီယာနှင့် ဒုတိယ ခေါင်းဆောင် ဆလားအယ်လ်အာရူရီတို့ကိုပင် အလွန်ကြီးမားသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်မည်ဟု အသိပေးရုံမျှ ပြုလုပ်ခဲ့ပြီး အစီအစဉ်အသေးစိတ်ကို မပြောခဲ့ဟုဆိုသည်။ ကြိုတင်လေ့ကျင့်မှုများကို အထူးလျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီး မြေအောက်တွင် နက်ရှိုင်းစွာ တူးဖော်ဆောက်လုပ်ထားသည့် စစ်ဌာနချုပ်အတွင်း၌သာ ပြင်ဆင်လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ လက်အောက်တပ်မှူးများကို စစ်ဆင်ရေးမစမီ သုံးရက်အလိုကျမှသာ မိမိတို့ပါဝင် ဆောင်ရွက်ရမည့်အပိုင်းများကို အသိပေးခဲ့သည်။ 

 

ခြုံ၍ဆိုရလျှင် ဂါဇာပါလက်စတိုင်းတို့၏ သေမထူးနေမထူးစိတ်ဓာတ်နှင့် လက်စားချေလိုသည့် ပြင်းထန်သော အာဃာတ၊ စစ်ဆင်ရေးကို စနစ်တကျ လျှို့ဝှက်သိုသိပ်စွာပြင်ဆင်ခဲ့မှု၊ ရရှိ နိုင်သမျှသော အရင်းအမြစ်လက်နက်ပစ္စည်းများဖြင့် အချိုးမညီစစ်ဆင်မှု (Asymmetric Warfare)၊ စွမ်းရည်နှင့် အစ္စရေးဘက်မှ အလစ်အငိုက် ဖြစ်ပေါ်စေခဲ့သည့် အချိန်ကာလကို ရွေးချယ်နိုင်မှုတို့က ဤတိုက်ခိုက်မှု၏ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့ သည်ဟု ဆိုနိုင်ပေသည်။

 

နောက်ကွယ်မှ အင်အားစုများ

 

အဘက်ဘက်မှ တံတိုင်းများ ကာရံပိတ်ဆို့၍ တင်းကျပ်စွာ ကန့်သတ်ထိန်းချုပ်ခံရသည့်အပြင် မကြာခဏ အစ္စရေးဘက်မှ ပြင်းထန်စွာတိုက်ခိုက်မှုကို ခံစားနေရသော ဟားမားစ်အဖွဲ့အနေဖြင့် ပြင်ပမှ ထောက်ကူအားပေးမှုကိုမရရှိဘဲ ဤသို့ထိရောက်သည့် တိုက်ခိုက်မှုမျိုးကို ဆောင်ရွက် နိုင်ဖွယ်မရှိဟု လေ့လာသူအများစုက ကောက်ချက်ချကြသည်။ ဟားမားစ်ကို နောက်ကွယ်မှ အဓိက အားပေးထောက်ခံကူညီနေသူမှာလည်း အီရန်နိုင်ငံဖြစ်သည်ဟု လေ့လာသူအားလုံးလိုလိုက သဘောကိုက်ညီကြသည်။

 

ဤနေရာတွင် မေးခွန်းတစ်ခုပေါ်ပေါက်လာသည်မှာ ဒေသတွင်းနိုင်ငံရေးတွင် ရှီယိုက်မွတ်စလင် နိုင်ငံဖြစ်သော အီရန်သည် ဘာသာတူဖြစ်သော ဆီးရီးယားမှ အာရှတ်အစိုးရ၊ ယီမင်မှ ဟူသီအဖွဲ့နှင့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကို ထောက်ခံအားပေးခြင်းမှာ သဘာဝကျသော်လည်း ဆွန္နီ မွတ်စလင်များဖြစ်သည့် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ကို အဘယ်ကြောင့် များစွာထောက်ပံ့ အားပေးနေရပါသနည်းဟူသော မေးခွန်းဖြစ်သည်။

 

ထိုမေးခွန်းကို ဖြေဆိုရန်မှာ ဒေသတွင်းအင်အား နိုင်ငံရေးဆက်ဆံမှုကို သဘောပေါက်နားလည်ရန် လိုအပ်ပေသည်။ စင်စစ်၌ အီရန်သည် ဟားမားစ်အဖွဲ့ စတင်ပေါ်ပေါက်လာချိန်မှစ၍ အစ္စရေးကို တိုက်ခိုက်မည့်အဖွဲ့ဖြစ်၍ အားပေးထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သော်လည်း များများစားစား မဟုတ်ပေ။ ဟားမားစ်အနေဖြင့် ဆွန္နီဘာသာတူ နောက်ကွယ်အင်အားစုများကို ပို၍ အားထားခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဂါဇာဒေသရွေးကောက်ပွဲ၌ ဟားမားစ်အဖွဲ့ အာဏာရရှိလာချိန်တွင် ထိုစဉ်က အင်အားကြီး ဆွန္နီအကြမ်းဖက်အဖွဲ့ဖြစ်သော အယ်လ်ကေဒါအဖွဲ့နှင့် အယ်လ်ကေဒါ ထောက်ခံသော အစ္စလမ္မစ်ဂျေဟဒ်အဖွဲ့တို့အကြား အာဏာလုပွဲဖြစ်ခဲ့ပြီး လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွားကာ ဟားမားစ်တို့ အနိုင်ရခဲ့ပြီးနောက် ဟားမားစ်နှင့် အယ်လ်ကေဒါတို့ လမ်းခွဲခဲ့ကြသည်။ 

 

ထို့ကြောင့် ဟားမားစ်သည် အီရန်နှင့်ပိုပြီး ထိတွေ့ဆက်ဆံ၍ အကူအညီများ ပိုမိုရယူလာခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်နှင့် အစ္စရေးတပ်ဖွဲ့များ အကြီးအကျယ်တိုက်ခိုက်ခဲ့ကြပြီးနောက် ဟားမားစ် ထိပ်သီးခေါင်းဆောင်များကို အစ္စရေးက ပစ်မှတ်ထား၍ လိုက်လံသုတ်သင်ချေမှုန်းခဲ့ရာ ဟားမားစ်အဖွဲ့မှာ ခေါင်းဆောင်မှုအားနည်းသွားခဲ့သကဲ့သို့ အောက်ခြေတွင်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။   

 

ထို့နောက်ပိုင်းမှစ၍ ဟားမားစ်အနေဖြင့် အဖွဲ့ပြန်လည်ထူထောင်ရေးအတွက် အီရန်ကို ပိုမိုအားကိုးပြု လာခဲ့ရသကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်တို့က ယင်းတို့၏ လက်လုပ်ဒုံးပျံ အများအပြားဖြင့် အစ္စရေးဘက်သို့ တိုက်ခိုက်ခဲ့မှုကို တွေ့မြင်ရသည့် အီရန်ကလည်း ဟားမားစ်အဖွဲ့ကို ‘မွေးစား’လိုက်ကာ ယင်းတို့လိုအပ်သော ဒုံးပျံနည်း ပညာ၊ စက်အစိတ်အပိုင်းများ၊ စစ်လက်နက်ပစ္စည်းများကို အီဂျစ် အစ္စရေးနယ်စပ်၊ ဆိုင်းနိုင် ဒေသမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ မြေအောက်၌ နက်ရှိုင်းစွာ တူးဖော်ထားသော ဥမင်လိုဏ်ခေါင်းများမှ တင်ပို့ပေးခဲ့သည်။ ထို့အပြင် ဟားမားစ်အဖွဲ့ဝင်များကို အီရန်သို့ ခေါ်ယူသင်တန်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများကိုလည်း အင်တိုက်အားတိုက်ပြုလုပ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း တွင် အီရန်က ဟားမားစ်အဖွဲ့အား တစ်နှစ်လျှင် ဒေါ်လာသန်း ၇၀ မှ ၁၀၀ ခန့်အထိ ငွေကြေး ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ 

 

စင်စစ်၌ အစ္စရေးနယ်စပ်မှ မိုင် ၁၀၀၀ ခန့် ဝေးကွာနေသော အီရန်နိုင်ငံသည် အစ္စရေးကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးပစ်ရန် လိုလားနေလင့်ကစား မြေပြင်နှင့်ရေကြောင်းမှ သွားရောက် တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ရှိပြီး လေကြောင်းမှ တိုက်ခိုက်နိုင်မည့် ခေတ်မီလေတပ်လည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ အီရန်က ပိုင်ဆိုင်ထားသည်မှာ ဒရုန်းအမျိုးမျိုးနှင့် ဒုံးပျံများသာဖြစ်ပြီး ယင်းတို့မှာလည်း မိုင် ၁၀၀၀ ခရီးကိုဖြတ်၍ ပျံသန်းရန် အချိန်ယူရမည်ဖြစ်၍ အစ္စရေးတို့၏ လေကြောင်းကာကွယ်ရေးစနစ်များအတွက် ကောင်းစွာပြင်ဆင်ချိန် ရနိုင်သည်။ သို့ဖြစ်ရာ အစ္စရေးတို့ကို အနီးကပ်တိုက်ခိုက်နိုင်သော ဟားမားစ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီအဖွဲ့တို့ကို ၎င်းတို့ ပိုင်ဆိုင်သည့် ဒုံးပျံများထောက်ပံ့ခြင်းဖြင့် ထိရောက်သည့် ကိုယ်စားစစ်ပွဲကို ဆင်နွှဲနိုင်မည် ဖြစ်လေသည်။

 

ဤသို့ဖြင့် အစ္စရေးနိုင်ငံမှာ ပတ်လည်ဝန်းကျင်မှ ရန်သူများ ဝန်းရံခြင်းကို ခံနေရသည်ဟု ဆိုနိုင်သည်။ မြောက်ဘက်မှ ဟစ်ဇ်ဘိုလာကြီးစိုးထားသော လက်ဘနွန်နှင့် အီရန်ထောက်ခံအားပေးသော သမ္မတအာဆတ်၏ ဆီးရီးယား၊ အရှေ့ဘက်ခပ်လှမ်းလှမ်းတွင် အီရန်က လွှမ်းမိုးထားသော အီရတ်၊ တောင်ဘက်တွင် ဆော်ဒီအာရေဗျကိုကျော်၍ မဟာဗျူဟာအရေးပါသော ပင်လယ်နီထိပ်ဝမှ ဟူသီတို့ ထိန်းချုပ်ထားသည့် ယီမင်တို့ ရှိနေသည်။ အစ္စရေးကို ပေါ်ပေါ်ထင်ထင် ရန်လိုမှု မပြသသည့် ဒေသတွင်း အင်အားကြီးများဖြစ်သော ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့မှာလည်း ပါလက်စတိုင်း တို့အပေါ် စာနာမှုရှိသည့် မွတ်စလင်အာရပ်နိုင်ငံများ ဖြစ်နေသည်။ အာရှ၊ ဥရောပအစပ်မှ တူကီယဲသည်ပင် ပါလက်စတိုင်းတို့ဘက်မှ ရှိနေသည်။

 

ထို့အပြင် အီရန်၏နောက်ကွယ်မှ ကမ္ဘာ့အင်အားကြီးများဖြစ်ကြသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေ ကြသည်။ ရုရှားနှင့် တရုတ်တို့ဦးစီးနေသည့် BRICS အုပ်စုတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိက အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကပါဝင်ရန် ဆန္ဒပြင်းပြနေကြလေရာ ကမ္ဘာကြီးနှစ်ခြမ်းကွဲစ အခြေအနေ၌ အစ္စရေးဘက်မှာ အခိုင်အမာရပ်တည်နေသည်မှာ အမေရိကန်နှင့်အပေါင်းအပါ အနောက်နိုင်ငံတစ်စုသာ ရှိနေသည်ကို တွေ့ရသည်။

 

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အမေရိကန်နှင့် အနောက်အုပ်စုအတွင်း၌ပင် ပါလက်စတိုင်းတို့ကို စာနာထောက်ထားအားပေးသည့် အင်အားစုတစ်စု လျင်မြန်စွာ ကြီးထွားလာခြင်းဖြစ်သည်။ ယင်းတို့ကို တိုးတက်သောဒီမိုကရက် (Progressive Democrat) အုပ်စုက ဦးဆောင်နေခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ အသားအရောင်လူမျိုး ခွဲခြားဖိနှိပ်ခြင်းကို အပြင်းအထန်ဆန့်ကျင်သည့် တစ်ကမ္ဘာလုံး တန်းတူညီမျှရေး သဘောထားရှိသူများဖြစ်သည်။ ထုံးစံအတိုင်း ဤအင်အားစုကို ထောက်ပံ့အားပေး နေသူတစ်ဦးမှာ ဂျော့ဆိုးရော့စ်ဖြစ်လေသည်။

 

အစ္စရေးတို့က ပါလက်စတိုင်းဂါဇာကမ်းမြောင် ဒေသရှိ ဟားမားစ်အဖွဲ့ကို မြေလှန်ချေမှုန်းပစ်မည်ဟု ကြွေးကြော်ကာ အင်အားအလုံးအရင်းဖြင့် ဂါဇာနယ်တွင်းသို့ ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ အမေရိကန်ပြည်တွင်းရှိ နာမည်ကြီးတက္ကသိုလ် များတွင် ကျောင်းသားများက စာသင်ခန်းများနှင့် ကျောင်းပရိဝုဏ်နေရာများကို သိမ်းပိုက်၍ ပါလက်စတိုင်းဘက်မှ ထောက်ခံဆန္ဒပြခြင်း၊ တောင်အာဖရိကနိုင်ငံက အစ္စရေးအစိုးရအား ICJ ၌ လူမျိုးတုံးစေမှုဖြင့် တရားစွဲဆိုခြင်း၊ ကမ္ဘာ့နာမည်ကြီးမီဒီယာများ၌ ဂါဇာစစ်ပွဲတွင် အစ္စရေးတပ်ဖွဲ့များ၏ ပါလက်စတိုင်း အရပ်သားများအပေါ် တိုက်ခိုက်မှု၊ လူနေအဆောက်အအုံများ အကြီးအကျယ်ပျက်စီးမှု၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်းကို နှောင့်ယှက်မှုစသည့် အစ္စရေးနိုင်ငံ၏ မကောင်း သတင်းများကို လှိုင်လှိုင်ကြီးထုတ်လွှင့်နေမှုများမှာ နောက်ကွယ်မှ ယင်းအင်အားစု၏ လှုံ့ဆော်အားပေးမှုများ ပါဝင်သည်ဟု အစ္စရေးနှင့် အမေရိကန်ရှေးရိုးစွဲ ဂျူးအသိုက်အဝန်းက ယူဆကြသည်။

 

မှေးမှိန်သွားပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်မှုနည်းလမ်း

 

ယခုအခါ အစ္စရေးတို့၏ ဂါဇာကမ်းမြောင် ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ရက်ပေါင်း ၃၄၀ ကျော် ရှိပြီဖြစ်သည်။ ဟားမားစ်ဘက်မှ ထုတ်ပြန်ချက်အရ ကလေး ၁၆၀၀၀ ကျော် အပါအဝင် အရပ်သား ၄၀၀၀၀ ကျော် သေဆုံး၍ ၉၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ဂျော်ဒန် မြစ် အနောက်ဘက်ကမ်းဒေသ၌လည်း အစ္စရေး တို့က စစ်ဆင်ရေးဝင်ရောက်လျက်ရှိသည်။

 

ဂါဇာဒေသမှာ အစ္စရေးတို့၏ စစ်ရေးအင်အားသုံး ချေမှုန်းနေမှုကြောင့် ပြားပြားဝပ်ပျက်စီးနေချိန် တွင် အစ္စရေးတို့ကို မြောက်ဘက်ရှိ ဟစ်ဇ်ဘိုလာတို့နှင့် တောင်ဘက်ရှိ ဟူသီအဖွဲ့တို့က ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

 

ဤအခြေအနေတွင် သဘောထားပြင်းထန်သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း သီးခြားနိုင်ငံ ထူထောင်ရေးအဆိုကို ခါးခါးသီးသီး ပယ်ချလျက်ရှိပြီး ပါလက်စတိုင်း တို့ဘက်မှလည်း ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်အကြား နယ်မြေအားလုံးကို ယင်းတို့ပိုင်ဆိုင် သည်ဟု ကြွေးကြော်လျက်ရှိရာ သီးခြားနှစ်နိုင်ငံ ထူထောင်ရေးနည်းလမ်းမှာ ပို၍မှေးမှိန်သွားခဲ့သည်။

 

နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံသစ် ထူထောင်ရေးကို ခါးခါးသီးသီး ငြင်းပယ်နေခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ အော့စလို သဘောတူညီချက်အရ ပါလက်စတိုင်းနိုင်ငံသစ် ပေါ်ပေါက်လာပါက ပြည်ပရောက် ပါလက်စတိုင်း ဒုက္ခသည် ခြောက်သန်းသည် ယင်းပါလက်စတိုင်း နိုင်ငံသစ်ဂါဇာနှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြမည် ဖြစ်သည်။ ထိုအခါ ရှိရင်းစွဲ ပါလက်စတိုင်းများနှင့် ပေါင်းပါက အစ္စရေး၊ ဂျူး ခုနစ်သန်းကို ကျော်လွန် သွားမည်ဖြစ်ကာ အစ္စရေးအတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှုဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဂျူးလူဦးရေမှာ မှန်မှန်ကျဆင်းနေပြီး ပါလက်စတိုင်း လူဦးရေတိုးနှုန်းက မြင့်မားနေရာ ရေရှည်တွင် လူဦးရေဖိအားဒဏ်ကို ခံစားလာရမည်ဖြစ်၏။ ထို့ကြောင့်လည်း သဘောထားပြင်းထန်သော အစ္စရေးနိုင်ငံရေးသမားများက သီးခြားနှစ်နိုင်ငံအယူအဆကို လုံးဝလက်မခံနိုင်ဘဲ ဖြစ်နိုင်လျှင် ပါလက်စတိုင်း အာရပ်တို့ကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ဖယ်ရှားပစ်လိုခြင်း ဖြစ်လေသည်။ 

 

အမေရိကန်နှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံအချို့ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆိုများမှာလည်း နှစ်ဖက်သဘော တူညီမှုမရရှိဘဲ ထစ်ငေါ့နေဆဲဖြစ်ပြီး အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရှိန်မြှင့်လာနေသည်။ အစ္စရေးတို့က ဂါဇာတွင် ဟားမားစ်ချေမှုန်းရေးစစ်ဆင်မှု လက်စသတ်သည်နှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရန် စစ်ပြင်နေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။

 

သုံးသပ်ချက်နှင့် ရှေ့အလားအလာ

 

အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ နေလင့်ကစား နှစ်ဦးနှစ်ဖက် စစ်ကြေညာတိုက်ခိုက်မည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ ပိုမို ကျယ်ပြန့်စွာ ရောက်ရှိလာရန် မလွယ်ကူလှသေးကြောင်း တွက်ဆရသည်။ အမေရိကန်၌ နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲရှိနေခြင်း၊ ရုရှားနိုင်ငံသည်လည်း ယူကရိန်းစစ်ပွဲတွင် အာရုံစိုက်နေရပြီး အီရန်ထံမှပင် ဒရုန်းနှင့်ဒုံးများ ဝယ်ယူနေရခြင်းတို့ကြောင့် နောက်ကွယ်မှ ဆရာကြီးများက ဤစစ်ပွဲကို အားပေးအားမြှောက်ပြုဖွယ်မရှိပေ။ 

 

အစ္စရေးနှင့် အီရန်တို့ကိုယ်တိုင်လည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ဓားစာခံခြောက်ဦး အသတ်ခံရမှုနောက်ပိုင်း နိုင်ငံရေးဖိအားများစွာကို ခံစားနေရသည်ဖြစ်ရာ ၎င်း၏ညွန့်ပေါင်းအစိုးရ ပြုတ်မကျရေးမှာ အဓိက ဦးစားပေးဖြစ်နေသည်။ ထို့ကြောင့်စွန့်စားရမှုကြီးမားသည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ တက်လှမ်းလိုဖွယ်မရှိပေ။ အီရန်အနေဖြင့်လည်း အစ္စရေးနှင့် ထိပ်တိုက်စစ်ဖြစ်မည့်အစား ယခုကဲ့သို့ ကိုယ်ပွားစစ်ပွဲဆင်နွှဲကာ အစ္စရေးတို့ကို ဒုက္ခပေးနေသည့် ခြွေစစ်မဟာဗျူဟာကိုသာ ဆက်လက်ကိုင်စွဲနေမည်ဟု မှန်းဆရပါသည်။ အစ္စရေးတို့အနေဖြင့်လည်း အီရန်ကို တိုက်ရိုက်စစ်ဆင်မည့်အစား အီရန်၏ဩဇာခံ ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့ကိုသာ ဦးစားပေး နှိမ်နင်းသွားဖွယ်ရှိပြီး ယခင်လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းများအတိုင်း ယင်းအကြမ်းဖက် အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းကို နိုင်ငံပြင်ပတွင် လိုက်လံရှင်းလင်း သုတ်သင်သွားလိမ့်မည်ဟု မှန်းဆရပါသည်။ ဤသို့ဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှု သံသရာ ဆက်လက်လည်ပတ်နေဖွယ်ရှိပြီး ကမ္ဘာဆုံးတိုင် ပြီးဆုံးဖွယ်မရှိသော ပဋိပက္ခအသွင်ကို ဆောင်နေဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source-Myawady Webportal

ကိုကိုလှိုင်
ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

(ယမန်နေ့မှအဆက်) 

ကြက်ဥအယောင် တိမ်တောင်သဖွယ်  မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)
-

ဤနေရာဒေသတွင် ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှု လူ့အဖွဲ့အစည်း  Civilization    စတင်ခဲ့သည်။ ဤနေရာမှာပင် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခက ရှိနေပြန်သည်။  ဤနေရာ၏ အမည်သညာ ခေါ်တွင် ရာကား “အရှေ့အလယ်ပိုင်းဒေသ” ဖြစ်လေသည်။ 

ဤနေရာဒေသတွင် ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှု လူ့အဖွဲ့အစည်း  Civilization    စတင်ခဲ့သည်။ ဤနေရာမှာပင် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခက ရှိနေပြန်သည်။  ဤနေရာ၏ အမည်သညာ ခေါ်တွင် ရာကား “အရှေ့အလယ်ပိုင်းဒေသ” ဖြစ်လေသည်။ 

စင်စစ်၌ “အရှေ့အလယ်ပိုင်း”   ဆိုသည်မှာ အနောက်တိုင်းသားတို့၏   သူတို့ရပ်တည်ရာမှ လှမ်းမျှော်ကြည့်သည့် အခေါ်ဖြစ်၏။  ပထဝီဝင် ဘာသာရပ်ဆိုင်ရာအမည်ကား  အနောက်အာရှ၊ ဒေသခံအာရပ်တို့၏အခေါ်ကား   “အယ်လ်ရှတ် အယ်လ်အော်ဆတ်” (Alsharq Al’ Awsat) (အရှေ့ အလယ်ပိုင်း) သို့မဟုတ်   မာရှရစ်   (Mashriq) (နေထွက်ရာအရပ်)ဟု ခေါ်ကြသည်။  ယင်းမာရှရစ် နယ်မြေမှ  အနည်းငယ်ပိုကျဉ်း၍    ယခုခေတ် ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ဂျော်ဒန်တို့ ပါဝင်သော နယ်မြေကိုမူ လီဗန့် (Levant) (အရှေ့)ဟု ခေါ်သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အခြေခံအား ဖြင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးစုတို့၏ ပဋိပက္ခ ဖြစ်၏။ နောင်သော် ကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခအသွင်ပါ ဆောင်လာ၍ ရဟူဒီဘာသာဝင် (ဂျူး)များနှင့် အစ္စလာမ်ဘာသာဝင်(အာရပ်ဆွန္နီ)၊ ပါရှန်(ရှီယိုက်)တို့၏ ပဋိပက္ခအဖြစ်လည်း ကျယ်ပြန့် လာသည်။   

ဤပဋိပက္ခ၏ စတင်မြစ်ဖျားခံရာမှာ ကမ္ဘာဦး အစကပင် ဖြစ်သည်ဟု ဆိုနိုင်သည်။  ခရစ်ယာန် ဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်း (Old Testa-ment) အပါအဝင်ဖြစ်သော အာဒီကပ္ပ ကမ္ဘာဦးကျမ်း (The Book of Genesis) အရ  ဣသရေလ လူမျိုး (အစ္စရေး) များနှင့် အာရပ်လူမျိုးများသည် ဧဗြာဟံ (Abram)ဟုခေါ်သော နယ်မြေအကြီးအကဲ တစ်ဦး ထံမှ  ဆင်းသက်လာခဲ့သည့် ဖအေတူ၊ မအေကွဲ ညီနောင်များဖြစ်သည်ဆို၏။  ဧဗြာဟံနှင့်   ဇနီးကြီး ဆာရာ (Sarah) တို့မှ မွေးဖွားသူ အီဆတ်(Isaac) (သားငယ်)နှင့် ကိုယ်လုပ်တော် မောင်းမငယ် ဟာဂါ (Hagar)တို့မှ အလျင် မွေးဖွားသူ အစ္စမေး(Ismael) တို့အကြား မိခင်ချင်းမပြေနိုင်သည့် အာဃာတများမှ တစ်ဆင့် အမွေဆက်ခံလာသည့် ပဋိပက္ခများက ယနေ့ထက်တိုင်   စစ်မီးများ    မငြိမ်းနိုင်သေးဘဲ တောက်လောင်နေဆဲ ဖြစ်၏။

မြေပြင်မှ သမိုင်းအထောက်အထားများအရ လည်း ရှေးယခင်ကစ၍ ဤဒေသတွင် အစ္စရီလိုက်၊ ဖီလစ္စတင်းနှင့် အီဂျစ်လူမျိုးစုများအကြား အားပြိုင် စစ်ထိုး လွှမ်းမိုးမှုများဖြင့် ပဋိပက္ခများ  စဉ်ဆက် မပြတ်  ရှိနေခဲ့သည်။   ရောမ၊ အောတိုမန်၊ ပါရှန်၊ အစ္စလမ္မစ်ခါလီဖိတ် အင်ပါယာများ ခေတ်တွင်လည်း ဤနယ်မြေ၌ စစ်မီးမငြိမ်းခဲ့၊ ခေတ်များပြောင်းကာ ၂၀ ရာစု စက်မှုခေတ်တိုင်အောင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့၌လည်း ဤနယ်မြေမှာ အေးချမ်း သည်ဟု မရှိခဲ့ပေ။

အာရပ်-အစ္စရေး စစ်ပွဲများ

ရောမအင်ပါယာလက်ထက် အေဒီ ၁ ရာစု ခန့်မှစ၍ အစုလိုက်အပြုံလိုက်  နေရပ်မှ  စွန့်ခွာ ကြရကာ နိုင်ငံပျောက်ခဲ့ရသော ဂျူးလူမျိုးများသည် ကမ္ဘာအရပ်ရပ်၌ ပြန့်ကျဲနေထိုင်ကြရာမှ  ပထမ ကမ္ဘာစစ်အပြီး ဗြိတိသျှကာကွယ်စောင့်ရှောက်မှု အောက်တွင် ယင်းတို့၏ မူလဘူတနယ်မြေဒေသသို့ ပြန်လည်ဝင်ရောက် အခြေချကြရာတွင် ထိုနယ်မြေ များ၌ နှစ်ပေါင်းထောင်နှင့်ချီ၍  နေထိုင်အခြေကျ ခဲ့ကြပြီးဖြစ်နေသော ပါလက်စတိုင်း အာရပ်များနှင့် ပဋိပက္ခ ဖြစ်ကြရပြန်တော့သည်။ 

ဒုတိယကမ္ဘာစစ်လွန်သော်   ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှုဖြင့် ၁၉၄၈ ခုနှစ်တွင် ထိုဒေသကို အစ္စရေးနှင့်  ပါလက်စတိုင်းဟု  လူမျိုးအလိုက် နှစ်နိုင်ငံခွဲခြား သတ်မှတ်ပေးခဲ့သော်လည်း၊ ပါလက် စတိုင်း အာရပ်တို့အတွက် နယ်မြေခွဲဝေမှု နည်းပါး သည်ဟု ယူဆသဖြင့်   မကျေမနပ်သောကြောင့် လည်းကောင်း၊  အာရပ်ဒေသအတွင်း ကမ္ဘာ့ရန်ဖြစ် သော ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့  နိုင်ငံသစ် ထူထောင်လာမည်ကို မရှုဆိတ် လက်မခံလိုသော အာဃာတစိတ်ကြောင့်လည်းကောင်း၊ ဂျူးနိုင်ငံသစ် ထူထောင်သည့် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ပတ်ဝန်းကျင်မှ  အာရပ်ငါးနိုင်ငံက  အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် အာရပ်-အစ္စရေး ပထမ စစ်ပွဲ ဖြစ်ပွားခဲ့ရသည်။

ထိုစစ်ပွဲတွင် အစ္စရေးတို့က    အနိုင်ရရှိခဲ့ပြီး အတင်းအကျပ်နှင်ထုတ်ခဲ့မှုကြောင့် ပါလက်စတိုင်း၊ အာရပ် ၇၅၀၀၀၀  ခန့်မှာ   နယ်မြေပျောက်၍ ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။  ယခုအခါ ပါလက်စတိုင်းဒုက္ခသည်   ခြောက်သန်းခန့်ရှိနေပြီး အများစုမှာ အစ္စရေးနယ်နိမိတ်မျဉ်းမှ ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အတွင်း နေထိုင်ကြရသည်ဟုဆိုသည်။  သုံးပုံတစ်ပုံခန့်မှာ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင် (ပါလက်စတိုင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)တို့ရှိ ဒုက္ခသည် စခန်း ၅၈ ခုတွင် နေထိုင်ကြရသည်။   

လက်ရှိ အခြေအနေတွင် စတုရန်းမိုင် ၁၄၀ ခန့် သာရှိသော ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်း လူမျိုးနှစ်သန်းကျော်  နေထိုင်လျက်ရှိကြသည်။ (ယခုဖြစ်ပေါ်နေသော ပဋိပက္ခကြောင့်  ပါလက် စတိုင်း ၅၀၀၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု ဆိုပါသည်။)

၁၉၄၈ ခုနှစ် စစ်ပွဲပြီးနောက်တွင် ၁၉၅၆ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တို့တွင် အာရပ်-အစ္စရေးစစ်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။   သို့သော်လည်း     ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ လုံးလုံးလျားလျား ကင်းမဲ့ နေသည်တော့ မဟုတ်ပေ။ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံဖြစ်ပြီး   အစ္စရေးကို ကူညီစောင့်ရှောက်ပေးနေ သည့် နိုင်ငံလည်းဖြစ်သော အမေရိကန်နိုင်ငံ၏ ကမကထပြုမှုဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ပြုလုပ် ခဲ့ကြပြီး  ၁၉၇၈ခုနှစ် အမေရိကန် သမ္မတ ကာတာ လက်ထက်တွင် ဒေးဗစ်စခန်း သဘောတူညီချက်၊ သမ္မတကလင်တန်လက်ထက်တွင်  ၁၉၉၃ ခုနှစ် အော့စလိုသဘောတူညီချက် (ပထမအကြိမ်)နှင့် ၁၉၉၅ ခုနှစ် အော့စလိုသဘောတူညီချက် (ဒုတိယ အကြိမ်) တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် သီးခြားနှစ်နိုင်ငံ (Two State) ထူထောင်ရေး အယူအဆ

အမေရိကန်နိုင်ငံတွင် သဘောထားပျော့ပျောင်း သည့် ဒီမိုကရက်ပါတီသမ္မတများ (ဂျင်မီကာတာနှင့် ဘီလ်ကလင်တန်) လက်ထက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့်   လက်မှတ်ထိုးခဲ့ကြသော အာရပ် နှင့်  အစ္စရေးခေါင်းဆောင်နှစ်စုံတွဲ (ဒေးဗစ်စခန်းတွင် အီဂျစ်သမ္မတ အန်ဝါဆာဒတ်နှင့် အစ္စရေးဝန်ကြီးချုပ်  မီနာချမ်ဘီဂင်၊  အော်စလိုတွင်   ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်နှင့်    အစ္စရေး ဝန်ကြီးချုပ်  ယစ်ဇတ်ရာဘင်) စလုံး    နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြခြင်းဖြစ်သည်။

ဒေးဗစ်စခန်း သဘောတူညီချက်တွင် အဓိက အားဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ဂါဇာနှင့် ဂျော်ဒန်မြစ်    အနောက်ဘက်ကမ်းနယ်မြေများ တွင် ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင်ရေး၊ ယင်းနယ်မြေများမှ အစ္စရေးတပ်ဖွဲ့ နှင့် အရပ်သားများ ဆုတ်ခွာပေးရေး၊ ပါလက်စတိုင်း ပြည်သူများအား ငါးနှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ် ခွင့် အပြည့်အဝပေးရေးတို့ဖြစ်သည်။ နောက်ဆက် တွဲ အပြန်အလှန်အဖြစ် အစ္စရေးနိုင်ငံ တည်ရှိမှုကို အီဂျစ်နိုင်ငံက အသိအမှတ်ပြုခဲ့ကာ အမေရိကန် ကလည်း ထိုနှစ်နိုင်ငံစလုံးကို  ဒေါ်လာဘီလီယံနှင့် ချီ၍  အကူအညီပေးခဲ့သည်။  (အစ္စရေးကို အသိ အမှတ်ပြုခဲ့မှုကြောင့် အာရပ်နိုင်ငံများက အမျက် ထွက်ခဲ့ကြပြီး အီဂျစ်ကို အာရပ်အဖွဲ့ချုပ်မှ ထုတ်ပစ် ကာ သမ္မတ ဆာဒတ်မှာလည်း ၁၉၇၉ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။)

အော့စလို      သဘောတူညီချက်နှစ်ရပ်မှာ အထက်ပါ ဒေးဗစ်စခန်း သဘောတူညီချက်ကိုပင် အခြေခံ၍ ဆွေးနွေးရရှိခဲ့ခြင်းဖြစ်၏။     အဓိက အားဖြင့်  ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestine Authority) ကို ဖွဲ့စည်းရေး၊ အနောက်ဘက်ကမ်း ဒေသတွင်     ပါလက်စတိုင်းထိန်းချုပ်နယ်မြေ၊ အစ္စရေးထိန်းချုပ်နယ်မြေနှင့် ရောနှောထိန်းချုပ် နယ်မြေ (အစ္စရေးစစ်ဘက်နှင့် ပါလက်စတိုင်း အရပ် ဘက် ရောနှောအုပ်ချုပ်မှု) ဟူ၍ ခွဲခြားအုပ်ချုပ်ရေး၊ ဂါဇာနှင့် ဂျယ်ရီချိုဒေသမှ အစ္စရေးတပ်များ ဆုတ်ခွာ ပေးရေးတို့ကို သဘောတူခဲ့ကြသည်။ (ဤဆွေးနွေးပွဲ အပြီး ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ရာဘင်ကို ဂျူးအစွန်းရောက် တစ်ဦးက လုပ်ကြံခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်မှာလည်း ၂၀၀၄ ခုနှစ်တွင် အဆိပ်ခတ် ခံရ၍ သေဆုံးခဲ့သည်။)

ဤဖြစ်ရပ်များက     ရည်ညွှန်းနေသည်မှာ အာရပ်-အစ္စရေး ငြိမ်းချမ်းရေးလမ်းကြောင်းသည် ပန်းခင်းလမ်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူများမှသည် ထိပ်သီးခေါင်းဆောင်များအထိ အသက်သွေးပေါင်း များစွာ ရင်းနှီးခဲ့ရပြီး ခလုတ်တံသင်း ဆူးငြှောင့် များဖြင့် ပြွမ်းတီးသော ခယောင်းလမ်းဖြစ်နေသည် ကို ထင်ရှားစွာ တွေ့ရပေသည်။

စင်စစ်၌ ဤပြဿနာ၏အဖြေမှာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းနှင့်   အစ္စရေးတို့ လွတ်လပ်ရေး ကြေညာချိန်ကပင် ထင်ရှားစွာပါဝင်ခဲ့ပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်ရေးပင် ဖြစ်၏။ သို့သော် ဤအဖြေကို နှစ်ဖက်စလုံးက   လက်မခံနိုင်ကြ သဖြင့်သာ  ယနေ့ထက်တိုင်အောင်   ပဋိပက္ခ သက်ဆိုးရှည်နေရခြင်းပင် ဖြစ်လေသည်။

သီးခြားနှစ်နိုင်ငံ အယူအဆနှင့် ရေတစ်လှည့် မီးတစ်လှည့်ကာလများ

အစ္စရေးနိုင်ငံသည်    ၁၉၄၈   ခုနှစ်တွင် ကုလသမဂ္ဂကထူထောင်ပေးခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်း သီးခြားနှစ်နိုင်ငံဘဝမှ ဖြစ်တည်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က   အာရပ်နိုင်ငံ အားလုံးလိုလို  ဂျူးလူမျိုးတို့၏  နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာမည်ကို  မလိုလားသည့်အတွက် အစ္စရေးကိုဝိုင်း၍ တိုက်ခဲ့ကြသည်။ သို့သော် အကျိုးရလဒ်မှာ ယင်းတို့လိုလားသည်နှင့်  ပြောင်းပြန်ဖြစ်သွားသည်။   ပါလက်စတိုင်းနိုင်ငံပျောက်၍ ပါလက်စတိုင်းအတွက်သတ်မှတ်ထားသော နယ်မြေအားလုံးကို အစ္စရေးက သိမ်းပိုက်လိုက်သည်။ ပါလက်စတိုင်းအများစု ထွက်ခွာသွားရကာ နိုင်ငံမဲ့ဒုက္ခသည်များ ဖြစ်သွားကြသည်။

နောက်ပိုင်းတွင် အာရပ်တို့  အင်အားစုစည်း မိလာတိုင်း အစ္စရေးကိုစစ်ဆင်နွှဲရန် ကြိုးစားရာ အစ္စရေးကလည်း လက်ဦးမှုယူ၍ အလျင်ဦးအောင် တိုက်လေ့ရှိသည်။ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူး စစ်ပွဲ တစ်ခုသာလျှင် အာရပ်ဘက်မှ  စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အစ္စရေးတို့က အများနှင့်တစ်ယောက်ဖြစ်၍ စစ်ရေးစွမ်းရည်ကို အစဉ်ထက်မြက်အောင်  လုပ်ဆောင်ထားခြင်း၊ ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာကျင့်သုံးနိုင်ခြင်းနှင့်နောက်ပိုင်းမှ   မဟာအင်အားကြီး အမေရိကန်နိုင်ငံက အစစကူညီပံ့ပိုး ထောက်ပံ့နေခြင်းတို့ကြောင့် အင်အားနည်းပါးလျက် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သို့ရာတွင် ၁၉၈၂ ခုနှစ်၌ အစ္စရေးက လက်ဘနွန်ကို   ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်ပိုင်း အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား  နိုင်ငံချင်း စစ်ပွဲများ မဖြစ်ပွားတော့သော်လည်း အစ္စရေးနိုင်ငံ အတွင်း ပါလက်စတိုင်းနယ်မြေများ၌ ကျန်ရစ်ခဲ့ကြ သည့် ပါလက်စတိုင်း၊ အာရပ်များနှင့်   အစ္စရေး တို့အကြား အာဃာတမီးက  ငြိမ်းအေးမသွားဘဲ အကြောင်းသင့်တိုင်း အရှိန်မြင့်စွာတောက်လောင် ခဲ့သည်။ အထူးသဖြင့် အစ္စရေးနိုင်ငံ၌ သဘောထား တင်းမာသည့် လီကွဒ်ပါတီအာဏာ ရရှိသည့်ကာလ များ၌ အစ္စရေးနှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခကြီးမားလေ့ရှိသည်ကို တွေ့ရ ၏။

ပါလက်စတိုင်းတို့မှာ အာဏာလက်မဲ့ လူနည်းစု ဖြစ်ရာ သဘောထားတင်းမာသည့် အစ္စရေးအစိုးရ ကို ဆန့်ကျင်တွန်းလှန်ရာတွင် လူအုပ်စုဖွဲ့၍ မင်းမဲ့ စရိုက်ဆန်ဆန်ရရာနည်းဖြင့်   ရရာလက်နက်ကို သုံးကာ တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်သည့် နည်းများတွင်  ဂျူးလူမျိုးများကို   ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်၊ ကားနှင့်တိုက်ခြင်း၊  ခဲနှင့်ပေါက် ခြင်းမှသည် ဗုံးခွဲခြင်းနှင့်  လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများအထိ ပါဝင်သည်။ ဤသို့ လူအင်အား ဖြင့်  အုပ်ဖွဲ့အုံကြွမှုကို   အင်တီဖာဒါလှုပ်ရှားမှု (Intifada) ဟုခေါ်ပြီး  ၁၉၈၇  ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် အကြီးကျယ်ဆုံး Intifada   များ ဖြစ်သွားခဲ့၏။   ပထမအင်တီဖာဒါအုံကြွမှုတွင် လူပေါင်း ၃၀၀၀ ခန့်၊   ဒုတိယအင်တီဖာဒါတွင် လူပေါင်း ၄၃၀၀ ခန့် သေဆုံးခဲ့ပြီး ယင်းအရေအတွက် ၏  သုံးပုံ  နှစ်ပုံကျော်ခန့်မှာ  ပါလက်စတိုင်းများ ဖြစ်ကြလေသည်။   

အစ္စရေးနိုင်ငံ၌ သဘောထားပျော့ပျောင်းသည့် လေဘာပါတီ အာဏာရရှိချိန်များ၌မူ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား အတော်အတန်ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ကာ ပါလက် စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်  သီးခြား ပါလက် စတိုင်းနိုင်ငံ  ထူထောင်ရေးအထိ  မျှော်မှန်းလုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပေသည်။

သို့ရာတွင် သဘောထားပြင်းထန်သူများ အာဏာရရှိလာချိန်၌မူ ထိပ်တိုက်ဆန့်ကျင်မှု ပိုမိုများပြားပြီး  အစ္စရေးအစိုးရဘက်ကလည်း လူအုပ်ဖွဲ့အုံကြွမှုများအား မျက်ရည်ယိုဗုံး၊ အဓိကရုဏ်း နှိမ်နင်းရေး သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခြင်း၊ အကြမ်းဖက်ကျူးလွန်သူများကို နေရာတွင်ပင် သုတ်သင်ရှင်းလင်းပြီး အကြမ်းဖက်သမား၏ နေအိမ်ကိုလည်း မြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခြင်း စသည့်နည်းလမ်းများဖြင့် အင်အားသုံး ဖြေရှင်းခဲ့သည်။ အလွန်သဘောထား ပြင်းထန်သည့် အစ္စရေး ဝန်ကြီးချုပ်ဟောင်း အေရီယယ်ရှရွန်၏လက်ထက် (၂၀၀၁-၂၀၀၆)တွင် သိမ်းပိုက်ပါလက်စတိုင်းနယ်မြေ များကို တံတိုင်းကာရံခြင်း၊ ဂါဇာနှင့် အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးမိသားစုများကို ဝင်ရောက်အခြေချနေထိုင်စေပြီး၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်းများ  ပြုလုပ်ခဲ့ သည်။ 

အကျိုးဆက်အနေဖြင့် ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ရှိ မြို့ရွာများကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းများနည်းပါးသွားခဲ့သော်လည်း ပါလက်စတိုင်းနယ်မြေအတွင်းရှိ ဂျူးအခြေချသူ များအပေါ် တိုက်ခိုက်မှုများ   ပြင်းထန်လာခြင်း၊ အထူးသဖြင့် ဂါဇာတွင်  ၁၉၈၇ ခုနှစ်မှ   စတင် ပေါ်ပေါက်လာသည့် ဟားမားစ်အကြမ်းဖက်အဖွဲ့က ပါလက်စတိုင်းဒေသတစ်ခုလုံးကို  ပါလက်စတိုင်း အာရပ်နိုင်ငံသစ်ထူထောင်ရေးနှင့် အစ္စရေးနိုင်ငံ လုံးဝချုပ်ငြိမ်းရေးဦးတည်ကာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းတို့ကြောင့်  ဂါဇာမှ အစ္စရေးအခြေချသူများကို  လုံးဝဆုတ်ခွာဖယ်ရှား ကာ ပိုင်းခြားထားသည့် ခြံစည်းရိုးတံတိုင်းကို တင်းကျပ်စွာပိတ်ဆို့ထားခဲ့သည်။ အနောက်ဘက်ကမ်းဒေသတွင်မူ အစ္စရေးအခြေချနေထိုင်မှုများ ပိုမိုတိုးမြှင့်ကာ နယ်မြေများတိုးချဲ့ရယူ ထိန်းချုပ် ခဲ့သည်။

ထို့ပြင်ဂါဇာတွင်ပြွတ်သိပ်နေထိုင်ရသည့် ပါလက်စတိုင်းတို့မှာ ယခင်က အစ္စရေးမြို့ရွာများဘက်သို့ ထွက်ခွင့်ရပြီး  သီးနှံစိုက်ပျိုးခြံများတွင်အလုပ်လုပ်ကိုင်ခွင့်ရခဲ့ကြသော်လည်း   ဂါဇာကို ပိတ်ဆို့ထားပြီးနောက်  အလုပ်လက်မဲ့ဖြစ်ကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ထို့အပြင်  ဂါဇာဒေသကိုအစ္စရေးက  ထောက်ပံ့ပေးထားသည့် ရေ၊ မီး၊ စက်သုံးဆီတို့မှာလည်း အစ္စရေးက နိုင်ငံရေးအရ ထိန်းချုပ်ကန့်သတ်မှုများရှိခဲ့ရာ ပါလက်စတိုင်း တို့အတွက် ဘဝရပ်တည်မှုခက်ခဲလာကာ အစ္စရေးကို ပို၍မုန်းတီးလာခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ပါလက်စတိုင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (အနောက်ဘက်ကမ်း + ဂါဇာ)၌ ရွေးကောက်ပွဲကျင်းပရာ  အနောက်ဘက်ကမ်း၌ သဘောထားပျော့ပျောင်းသည့် PLO ဖာတာအဖွဲ့က အနိုင်ရရှိခဲ့သော်လည်း ဂါဇာဒေသ၌မူ သဘောထားပြင်းထန် သည့် ဟားမားစ်က မဲအပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သည်။ ဤတွင် အစ္စရေး-ဟားမားစ် ထိပ်တိုက် ရင်ဆိုင်မှုဇာတ်လမ်း စခဲ့ခြင်းဖြစ်လေသည်။

ပါလက်စတိုင်းတို့၏ သေမထူးနေမထူး ဇာတ်လမ်းမှသည် ယွန်ကစ်ပူး နှစ်ငါးဆယ်ပြည့် တိုက်ခိုက်မှုသို့

ဂါဇာတွင် ဟားမားစ်အဖွဲ့ အနိုင်ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံ၏ လျှို့ဝှက်ကူညီမှုဖြင့် အစ္စရေးလူနေ မြို့ရွာများသို့ ဂါဇာမှ ဒုံးကျည်များဖြင့် တိုက်ခိုက် မှုများ ပြုလုပ်လာခဲ့သည်။ ထိုသို့ ဟားမားစ်တို့၏ တိုက်ခိုက်မှုပြုလုပ်တိုင်း   အစ္စရေးတို့ကလည်း ဂါဇာနယ်မြေအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ အမြောက်သံချပ်ကာနှင့်     ခြေလျင်တပ်များဖြင့် ဝင်ရောက်ချေမှုန်းခြင်းတို့ကို     ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် Operation Cast Lead၊ ၂၀၁၂ ခုနှစ်တွင် Operation Pillar of Defense၊ ၂၀၁၄ ခုနှစ်တွင် Operation Protective Edge၊ ၂၀၂၁ မေလတွင် ၁၁ ရက်ကြာစစ်ပွဲ၊ ၂၀၂၂ တွင် သုံးရက်ကြာ ပဋိပက္ခနှင့် ၂၀၂၃ ခုနှစ် မေလတွင် Operation Shield and Arrow တို့ကို ပြုလုပ်ခဲ့ရာ  အစ္စရေးတို့၏ ပြင်းထန်သော ပစ်အားဒဏ်ကြောင့် ဂါဇာဒေသတွင် အကြီးအကျယ် သေကျေပျက်စီးမှု များ ဖြစ်ခဲ့သည့်အပြင် ပါလက်စတိုင်းတို့ကို အပြစ် ပေးသည့်အနေဖြင့် ရေဖြတ်၊ မီးဖြတ်၊ ဆီဖြတ်၊ အစ္စရေးနယ်မြေသို့     ဝင်ရောက်အလုပ်လုပ်ခွင့် ပိတ်ဆို့ စသည့် ဖြတ်တောက်ပိတ်ဆို့မှုများကြောင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများမှာ ဒုက္ခပေါင်းစုံကို ခါးစည်း၍  ခံခဲ့ကြရသည်။ ယင်းအတွက် အလွန် ခါးသီးသော နာကြည်းခံစားမှုများက အစ္စရေးအပေါ် အခဲမကျေနိုင်သော မုန်းတီးမှုနှင့် သေမထူးနေမထူး စိတ်များဖြင့် မိုက်မိုက်ကန်းကန်း  အကြမ်းဖက် တိုက်ခိုက်လိုသည့်လမ်းကြောင်းပေါ်သို့ တွန်းတင် ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

၂၀၀၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်၏ တွန်းအားပေးမှုကြောင့်  အစ္စရေးအစိုးရများက အနောက်ဘက်ကမ်းရှိ  သဘောထားပျော့ပျောင်း သော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အခါအားလျော်စွာ  ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်ယုံကြည်မှုကို မတည်ဆောက် နိုင်ခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် စဉ်ဆက်မပြတ် အာဏာရရှိလာခဲ့သည့် လီကွဒ်ပါတီမှ သဘောထား ပြင်းထန်သော ဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာဒေသမှ ဟားမားစ်တို့၏ တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်မှုများဖြင့် “ဓား-ဓားချင်း၊ လှံ-လှံချင်း” တုံ့ပြန်ထိန်းချုပ်ထားပြီး  သဘောထား ပျော့ပျောင်းသည့် ဖာတာအဖွဲ့အုပ်ချုပ်သော အနောက်ဘက်ကမ်းဒေသကိုမူ ဂျူးအခြေချ နေထိုင် မှုများ ပိုမိုချဲ့ထွင်ဆောင်ရွက်၍ အစ္စရေးထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာစေခဲ့သည်။ ပါလက်စတိုင်းတို့က နိုင်ငံထူထောင်လျှင် မြို့တော်အဖြစ် သတ်မှတ် ရန် ရည်စူးထားသည့် အရှေ့ဂျေရုဆလင်၌လည်း ဒေသခံပါလက်စတိုင်းတို့၏     အိမ်ခြံမြေများကို ဂျူးများက ငွေကြေးမတန်တဆပေး၍ ဝယ်ယူခြင်း ဖြင့် ဂျူးလူနေအိမ်ခြေများ တိုးချဲ့လာခဲ့ကြသည်။

(အစ္စရေးက ဂျေရုဆလင်တစ်မြို့လုံးကို   နိုင်ငံမြို့တော်အဖြစ်  တရားဝင်ကြေညာထားပြီး အမေရိကန်နိုင်ငံက   သမ္မတထရမ့်လက်ထက်တွင် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ စတိသဘော အရွှေ့ပြကာ အစ္စရေး၏ကြေညာချက်ကို အားပေး ထောက်ခံခဲ့သည်။) 

(ဆက်လက်ဖော်ပြပါမည်) 

Source-Myawady Webportal

ကိုကိုလှိုင်
ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

ဤနေရာဒေသတွင် ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှု လူ့အဖွဲ့အစည်း  Civilization    စတင်ခဲ့သည်။ ဤနေရာမှာပင် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခက ရှိနေပြန်သည်။  ဤနေရာ၏ အမည်သညာ ခေါ်တွင် ရာကား “အရှေ့အလယ်ပိုင်းဒေသ” ဖြစ်လေသည်။ 

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား
-

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား 

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား 

  ကြိုတင်မျှော်လင့်နိုင်သော၊ ကြိုတင်မျှော်လင့်ထားခဲ့သော အရာကဖြစ်ပေါ်လာခဲ့ပြန်ပါပြီ။ ဘယ်လို အကြောင်းအရာလဲဆိုရင် အမေရိကန်နဲ့ဗြိတိန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာအသုံး ပြုခွင့်ပေးလိုက်ခြင်းပါပဲ။ ဒီလိုအခြေအနေဟာ စစ်ပွဲ ကိုပိုပြီးကြာရှည်စေမယ်၊ ယူကရိန်းကို ပိုပြီးအထိနာ စေမယ်ဆိုတာသိသိကြီးနဲ့ အနောက်အုပ်စုက အခုလို လုပ်ရပ်တွေကို လုပ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒါဆိုရင် သူတို့ကဘာကြောင့်များ တင်းမာမှုတွေပိုပြီး ဖြစ်ပေါ်လာအောင် လုပ်နေရတာလဲ။

အနောက်အုပ်စုအနေနဲ့ အခုလိုအခြေအနေမျိုး မရောက်ရောက်အောင် လှမ်းလာလိမ့်မယ်ဆိုတာကို အစောကြီးကတည်းက ကြိုတင်တွက်ဆ ထားပြီးသားပါ။ အရင်တုန်းကတော့ ယူကရိန်းကို ထောက်လှမ်းရေး သတင်းတွေပေးတယ်။ ကြေးစားစစ်သည်တွေ စေလွှတ်တယ်။ စစ်ရေးအကြံပေးတွေပို့ပေးတယ်။ ဒီလောက်နဲ့ ရုရှားကိုအလဲမဖြိုနိုင်တဲ့အခါမှာ အမျိုးမျိုးသောတင့်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေနဲ့ မကြာသေးမီကဆိုရင် F-16 တိုက် လေယာဉ်တွေကိုတောင်မှ ပေးပို့ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီတိုက်လေယာဉ်တွေထဲက တစ်စင်းကတော့ ယူကရိန်းဆီရောက်ပြီး မကြာမီမှာပဲ ပျက်ကျသွားပါ တယ်။

အခုတော့ Storm Shadow ဒုံးကျည်ကို အသုံးပြုဖို့အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ အဲဒါပြီးရင် တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုလာပါတော့မယ်။ ဒီလိုဒုံးကျည်တွေ အသုံးပြုဖို့အတွက် သူတို့ပြလာတဲ့အကြောင်းကတော့ အီရန်နိုင်ငံက ရုရှားနိုင်ငံကို တာတိုပစ်အမြင့် ပျံဒုံးကျည်တွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပါပဲ။ ဒီလိုစွပ်စွဲလာသူက အမေရိကန်နဲ့ အပေါင်းအပါတွေပါ။ အီရန်ကတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမေရိကန်တွေဆိုတာ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေချင်ပြီဆိုရင် ပြင်းထန်တဲ့ ကောလာဟလတွေ၊ စွပ်စွဲချက်တွေနဲ့ အရင်စွပ်စွဲပါတယ်။ ပြီးတော့မှ အဲဒီနိုင်ငံမှာ ဒီလိုတွေရှိနေလို့ ကျွန်တော်တို့က အခုလိုလုပ်ရတာပါဆိုပြီး အသံကောင်းဟစ်တာပါ။ အီရတ်မှာဆို ရင်လည်း အဖျက်စွမ်းအားပြင်း လက်နက်တွေရှိနေတယ်။ အဲဒီလက်နက်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုနေပါတယ်လို့ ပြောပြီး ကျူးကျော်မှုတွေ လုပ်ရာမှာ အီရတ်ဆိုတာ လက်ရှိမှာပြာပုံဘဝကနေ မနည်းရုန်းကန်ထနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ တကယ်လို့များ အီရန်က ဒုံးကျည်တွေကို ပို့ဆောင်ပေးနေတယ် ဆိုစေဦးတော့။ ဒါဟာ အချုပ် အခြာအာဏာပိုင် နိုင်ငံများကြားက လုပ်ပိုင်ခွင့်တစ်ခုသာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဘာမဟုတ်တဲ့ ဒီလိုကိစ္စတွေကို ပြဿနာတစ်ရပ်အဖြစ်ရှုမြင်ခြင်းကြောင့်လည်း အခုလိုအချိန် ကမ္ဘာတစ်ဝန်းမှာ သူတို့ မွှေးတဲ့မီးတွေ လောင်ကျွမ်းနေရတာပါ။

ယူကရိန်းအရေးကိုပြန်ဆက်ရရင် အနောက်အုပ်စုအနေနဲ့ ယူကရိန်းနိုင်ငံကို အခုလိုမျိုး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အဲဒီနိုင်ငံအနေနဲ့ ရုရှားနဲ့ပဋိပက္ခမှာ အရှုံးကြီးရှုံးနေတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ မကြာသေးခင်ကဖြစ်သွားတဲ့ တိုက်ပွဲများကို ကြည့်မယ်ဆိုရင် ယူကရိန်းဘက်က ခု(စ်)ဒေသကို အသေခံကျူးကျော် တိုက်ခိုက်မှုတွေလုပ်တယ်။ အဲဒီတိုက်ခိုက်မှုတွေကို ရုရှားက ထိန်းချုပ်လိုက်နိုင်တယ်။ ပြီးတဲ့အခါ တန်ပြန်တိုက်စစ်ဆင်နွှဲတယ်။ ယူကရိန်းတို့ရဲ့ထိုးစစ်က အသက်သွေးချွေး ဆုံးရှုံးမှုများစွာနဲ့ စတေးလိုက်ရပေမယ့် မြေပြင်မှာတော့ ရုရှားတို့ရဲ့ တန်ပြန်တိုက်စစ်ကြောင့် ယူကရိန်းအနေနဲ့ အရှေ့ပိုင်းနယ်မြေ အများအပြားကို စွန့်လွှတ်လာနေရတယ်လို့  အမေရိကန်နိုင်ငံရဲ့ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာ အမေရိကန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ  အသုံးပြုခွင့်ပေးပေမယ့်လည်း ဇီလန်စကီအစိုးရရဲ့ ရှုံးနိမ့်မှုနဲ့ ပြိုလဲမှုကိုမကယ်တင် နိုင်တော့ပါဘူး။ အထင်ရှားဆုံးတစ်ခု ပြောရမယ်ဆိုရင် ယူကရိန်းမှာ ဒီလိုတာဝေးပစ်ဒုံးကျည် ပမာဏက သိပ်များများစားစား မရှိပါဘူး။ အနောက်အုပ်စုရဲ့နိုင်ငံရေး အခြေအနေတွေနဲ့ ထုတ်လုပ်မှုပမာဏက ယူကရိန်း ကို အမြောက်အမြားပံ့ပိုးပေးစေဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍ ယူကရိန်းက  ကံကောင်းပြီး ရုရှားနိုင်ငံထဲမှာ ပျက်စီးမှုတချို့ဖြစ်သွားစေတယ် ဆိုရင်တောင်မှ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့လမ်းကြောင်းကတော့ ပြောင်းလဲသွားမှာ မဟုတ်တော့ပါဘူး။

ဒီလက်နက်တွေနဲ့ ရုရှားအပေါ် တိုက်ခိုက်မှုတွေ လုပ်လာရင် ရုရှားကလည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမှာပါ။ အဲဒီတန်ပြန် တိုက်ခိုက်မှုတွေက ယူက ရိန်းကြောင့် သူတို့ခံစားရတာထက် အဆပေါင်းများစွာ ပိုပါလိမ့်မယ်။ ယူကရိန်းအစိုးရအနေနဲ့ကလည်း ကောက်ရိုးမျှင်ကို တစ်မျှင်ပြီးတစ်မျှင် လှမ်းဆွဲတတ် တဲ့ အကျင့်လေးကရှိနေပြန်ပါတယ်။ ဒါကြောင့် ယူကရိန်းအနေနဲ့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဝါဒဖြန့်မှုတွေလုပ်နိုင်စေဖို့ အတွက် တိုက်ခိုက်မှုကြီးကြီး မားမားတွေကို ဆက်လုပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဒေသတွင်းဖြစ်တဲ့ ဥရောပဒေသစစ်ပွဲ သာမက တစ်ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးအထိပင်ဖြစ်သွားနိုင်ပါလိမ့်မယ်။   ဒီလိုမျိုးကမ္ဘာပျက်လုမတတ် စစ်ပွဲကြီးတွေဖြစ်ပွားခြင်းက ယူကရိန်းအနေနဲ့ အရှုံးကို တွန်းလှန်ပယ်ရှားနိုင်မယ့် နောက်ဆုံး အခွင့်အရေးလို့ သတ်မှတ်ထားပုံရပါတယ်။

အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံ အလွန်မှာရှိတဲ့ ထိန်းချုပ်ဖို့ရန်ခက်ခဲသော အန္တရာယ်ကြီးတစ်ခုက ထင်သာမြင်သာ ပေါ်ထွက်လာပါပြီ။ ဒီအခြေအနေကိုမှ မထိန်းချုပ်ကြဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲလောက်အောင်ကို ဖြစ်လာမှာ အသေအချာပါပဲ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က တော့ ယူကရိန်းအနေနဲ့ ဒီလိုမျိုးလက်နက်တွေရလာတာဟာ အနောက်အုပ်စု အထူးသဖြင့် NATO အုပ်စုရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေဖြစ်ကြောင်း၊ ယူကရိန်းကသာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်မယ်ဆိုရင် ဒါဟာ NATO နဲ့ရုရှားတို့ကြားစစ်ဖြစ်တာ နဲ့အတူတူပဲဖြစ်ကြောင်း၊ ဒီအချိန်မှာ အနောက်အုပ်စုအနေနဲ့ ဖြေရှင်းချက် ကောင်းကောင်းပေးရမှာဖြစ်ကြောင်းနဲ့ ဒီလိုသာမဟုတ်ဘဲ တာဝေးပစ်ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်လိုက်မယ်ဆိုရင် ဒါက လက်ရှိပဋိပက္ခမှာ တိုက်ရိုက်ပါဝင်လာတာလို့ မှတ်ယူရမှာဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။

အကယ်၍များ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် ပိုလန် နဲ့ ရိုမေးနီးယားတို့မှာရှိတဲ့ NATO တပ်ဖွဲ့ရဲ့စစ်စခန်းတွေဟာလည်း ရုရှားရဲ့တရားဝင် စစ်ရေးပစ်မှတ်ကြီးတွေဖြစ်သွားပြီး တိုက်ခိုက်မှုတွေ ခံရမှာမလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။   သို့သော် တခြားသောနည်းနဲ့ တုံ့ပြန်လာနိုင်ပါတယ်။ အဲဒီနည်းကတော့ အနောက်အုပ်စုရဲ့ ပြိုင်ဘက်နိုင်ငံတွေကို လက်နက်တွေထောက်ပံ့ ပေးလာနိုင်ခြင်း ဖြစ်ပါတယ်။ အခု အနောက်အုပ်စုက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေသလို မျိုးပါပဲ။

နောက်တစ်ချက်က ရုရှားအစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒီမီထရီပက်စကော့ရဲ့ ပြောဆိုချက်တချို့ကို ကြည့်မယ်ဆိုရင် ယူကရိန်းအစိုးရ အနေနဲ့စိုးရိမ်သင့် တဲ့အချက် ပါဝင်နေတာကိုတွေ့ရမှာပါ။ အဲဒါကတော့ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုဆိုတာက ငရဲပြည်မှမိတ်ဆွေများ ဖြစ်တယ်လို့ပြောထားတာပါ။ ဒါ့အပြင် အနောက်အုပ်စုရဲ့ ယူကရိန်းအပေါ် ထားရှိတဲ့မူဝါဒကိုကြည့်မယ်ဆိုရင်လည်း ယူကရိန်းဆိုတာ   သူတို့ရဲ့ပထဝီနိုင်ငံရေး လိုဘများအတွက် ထားရာနေစေရာသွားမယ့် နယ်ရုပ်တစ်ရုပ်လောက်သာ သဘောထားကြတာပါ။

ဒီတော့ ယူကရိန်းက ရုရှားကိုတာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာပြီဆိုရင် ရုရှားရဲ့လက်တုံ့ပြန်မှုကို အရင်ဆုံးခံစားရမှာက ယူကရိန်းပါ။ ဒီစစ်ပွဲမှာ အနောက်အုပ်စုက ဘယ်လောက်ပဲ   ထဲထဲဝင်ဝင် ပါတယ်ပြောပြော ရှေ့တန်းကနေ အရင်ဆုံးအသေခံပေးရမှာက ယူကရိန်းဖြစ်လို့နေပါတယ်။ သူကနယ်ရုပ် ဆိုတော့ ထိုးကျွေးခံရတဲ့သဘောပါပဲ။ ဒီအခြေအနေ ဖြစ်လာမှာကို အနောက်အုပ်စုက မတွေးထားဘဲမနေပါဘူး။ တွေးထားပါတယ်။ ဒီလိုဖြစ်အောင်ပဲ သူတို့က တမင်ရည်ရွယ်ချက် ရှိရှိလုပ်လိုက်တာပါ။ အဲဒီရည်ရွယ် ချက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားနဲ့အပေးအယူ အလျှော့အတင်းလုပ်   ညှိနှိုင်းလာစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် အရှေ့မှာပြောခဲ့သလိုမျိုးပဲ ယူကရိန်းမှာ ရုရှားကိုပစ်ဖို့  တာဝေးပစ်ဒုံးကျည်တွေ အလုံအလောက်မရှိပါဘူး။ ရသမျှတာဝေးပစ်ဒုံးကျည် တွေနဲ့ပစ်လိုက်မယ် ဆိုရင်လည်း ရုရှားရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ နောက် ဆုံးမှာတော့ ယူကရိန်းနိုင်ငံစိစိညက်ညက်အကြေခံ မလား။ ဆွေးနွေးညှိနှိုင်းပြီး  စစ်ပြေငြိမ်းမလားဆိုတဲ့ ရွေးချယ်မှုနှစ်ခုကိုသာ ရွေးသွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာဆိုရင် ယူကရိန်းရဲ့ ဆုံးရှုံးမှုက ပိုမိုကြီးမားလာဖို့သာ ရှိမှာပါ။

ဒါဆိုရင် ဒီစစ်ပွဲကြီးဖြစ်နေရခြင်းရဲ့ နောက်ဆုံးရလဒ်က ဘာလဲ။ အနောက်အုပ်စုကရော သူတို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်မှန်း သိသိကြီးနဲ့ ဘာကြောင့်မို့ ယူကရိန်းကို ရုရှားဆီမှာ ထိုးကျွေးရတာလဲ။  ယူကရိန်းအစိုးရကရော   ဒီအခြေအနေတွေကို ထည့်သွင်း မစဉ်းစားဘူးလား အစရှိတဲ့မေးခွန်းပေါင်းများစွာကတော့ သမိုင်းမှာကျန်ရှိနေခဲ့တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနောက်အုပ်စုဟာ ယူကရိန်းအတွက် ငရဲပြည်ကလာတဲ့ မိတ်ဆွေတွေဖြစ်နေပြီလားဆိုတာ ယုံရတော့ မလိုတောင်ဖြစ်နေပါပြီ။   

Source-Myawady Webportal

အမည်မသိ
အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား 

(ယမန်နေ့မှအဆက်)
ထိုသို့ ယမ်းအိုးက  အဆင်သင့်ဖြစ်လာချိန်၌ မီးပွားတစ်စကလည်းတိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည်။ ယင်းမှာ အလုပ်အကိုင်ခွဲတမ်းကိစ္စဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၌ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့ကြသူများ၏ မိသားစုများအတွက်  အစိုးရဝန်ထမ်းအလုပ်အကိုင်၏  ၃၀ ရာခိုင်နှုန်းအား  ခွဲတမ်းသတ်မှတ်ပေးခဲ့သည်။ နောင်အခါ  ဤကိစ္စနှင့်ပတ်သက်၍ ဆန့်ကျင်ဆူပူမှုများရှိခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင်  ဤစနစ်ကိုဖျက်သိမ်းခဲ့သည်။  သို့သော် သက်ဆိုင်ရာ  မိသားစုများက  တရားရုံး အဆင့်ဆင့်တွင် အယူခံဝင်ခဲ့ကြရာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗဟိုတရားရုံးက ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးရန် အမိန့်ချ ခဲ့သည်။   ယင်းမှာ အဝါမီလိဂ်ကို ဆန့်ကျင်ထိုးနှက်လိုသူများအတွက်    လက်နက်ကောင်းဖြစ်သွားခဲ့သည်။
အကြောင်းမှာ  လွတ်လပ်ရေး  တိုက်ပွဲဝင်သူအများစုမှာ အဝါမီလိဂ်မှဖြစ်ပြီး ဆွေစဉ်မျိုးဆက် အဝါမီလိဂ်ပါတီဝင်နှင့် ထောက်ခံသူများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်လေသည်။  လူဦးရေများပြီး အလုပ်အကိုင် ရှားပါးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နှစ်စဉ်အစိုးရအရာထမ်း ရာထူးဝင်ပေါက် ၃၀၀၀ ခန့်သာ ရှိရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူ ငါးသိန်းခန့်ရှိသည့်အတွက် ယင်းဝင်ပေါက်နေရာ အနည်းငယ်မှ  ၃၀  ရာခိုင်နှုန်းထပ်၍ လျော့သွားမည့်အပေါ်မကျေနပ်မှုက အဝါမီလိဂ်ကို  ဆန့်ကျင်မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ထိုမကျေနပ်မှု ဆန့်ကျင်မုန်းတီးမှုမှာ အလုပ်ရှာနေသည့် ပညာတတ်လူငယ်များအကြား၌  အများဆုံး  ပေါ်ပေါက်ခဲ့ရာ  လူထုအုံကြွမှုကို အစပျိုးသည့်နေရာမှာ လူငယ်ထုဖြစ်လာသည်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေ သန်း ၁၇၀တွင် လူငယ် ၃၂ သန်းခန့်မှာ အလုပ်လက်မဲ့ဖြစ်နေကြသည်ဟုဆိုပါသည်။ယင်းပညာတတ် လူငယ်ထုအတွင်းအစိုးရဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားမည့်သူများမှာလည်းအဆင်သင့်ရှိပြီးဖြစ်၏။ ယင်းမှာ (ရှေးယခင်က မြန်မာ့နိုင်ငံရေးမှအလံဖြူကွန်မြူနစ်ပါတီက ထိန်းချုပ်သောတပ်ဦးကျောင်းသား၊ အလံနီကွန်မြူနစ်က ထိန်းချုပ်ထားသော တပ်ဦးသစ်ကျောင်းသား အုပ်စုများကဲ့သို့အတိုက်အခံ နိုင်ငံရေးပါတီများက ထိန်းချုပ်ကြိုးကိုင်ထားသောကျောင်းသားအဖွဲ့များဖြစ်သည်။
အထူးသဖြင့် ပါကစ္စတန် ကျောထောက်နောက်ခံရှိသည့် ဘာသာရေးအယူအစွဲ ပြင်းထန်သော ပါတီ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သော (Islamic Chatra Shibir: ICS) အဖွဲ့က လူထုအုံကြွမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အဓိကရုဏ်းများတွင် ဆန္ဒပြသူများဘက်မှ   အင်အားသုံး  အကြမ်းဖက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အစိုးရက ပိတ်ပင်ခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။ ICSအဖွဲ့အနေဖြင့် အရေးအခင်းမတိုင်မီ နှစ်နှစ်ခန့်ကပင် ဘင်္ဂလားဒေ့ရှ်တစ်ဝန်းရှိ တက္ကသိုလ်များ၏ ကျောင်းသားသမဂ္ဂများတွင် စိမ့်ဝင်လှုပ်ရှားနေခဲ့သည်ဟု အိန္ဒိယထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ အိန္ဒိယသတင်းစာများက ဖော်ပြခဲ့သည်ကို တွေ့ရသည်။
အရောင်တော်လှန်ရေး ဖော်မြူလာအလုပ်သမားခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခွင့်အမိန့်ကြောင့် ၂၀၂၄ ခုနှစ်ဇွန်လတွင်တက္ကသိုလ်ကျောင်းသားများကဦးဆောင်၍ဒါကာမြို့တော်တွင်ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများဖြင့်  စတင်ခဲ့သည်။   အခြေအနေတည်ငြိမ်လာစေရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗဟိုတရားရုံးချုပ်က အလုပ်ခွဲတမ်း စနစ်အား  အနိမ့်ဆုံး   ၅  ရာခိုင်နှုန်းသို့  လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း အရှိန်မြင့်လာသော လူအုပ်စု အုံကြွမှုအဟုန်ကို မထိန်းသိမ်းနိုင်တော့ပေ။   ရက်အလိုက်ဖြစ်ရပ်များကိုကြည့်ပါက လူထုအုံကြွမှုအရောင်တော်လှန်ရေးနည်းစဉ်များအတိုင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်လ  ၇  ရက်နေ့တွင်  “ဘင်္ဂလားပိတ်ဆို့မှု” (Balgla   Blockade)  အမည်ဖြင့်  ဘင်္ဂလားဒေ့ရှ် မြို့ကြီးများတွင်  ပြည်သူလူထု  အပြင်မထွက်ရေး လုပ်ဆောင်ခဲ့သည့်အတွက် ရုံးများ၊ စက်ရုံများ၊အလုပ်ရုံများလုပ်ငန်းရပ်ဆိုင်းသွားသည်။မီးရထားလမ်း၊ ကားလမ်း သယ်ယူပို့ဆောင်ရေးများ ရပ်တန့် ကုန်သည်။ဇူလိုင်လ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖြိုခွဲရာမှ အဓိကရုဏ်းများစတင်ဖြစ်ပွားသည်။ဇူလိုင်လ ၁၅ ရက်နေ့တွင်  အာဏာရနှင့်အတိုက်အခံကျောင်းသားအဖွဲ့များအကြား တိုက်ခိုက်မှုများ စတင်ဖြစ်ပွားသည်။   ဇူလိုင်လ ၁၆ ရက်နေ့တွင် အနောက်နိုင်ငံများမှ ချိတ်ဆက် နှီးနွှယ်သည့်ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများပါဆန္ဒပြအုံကြွမှု၌ ပါဝင်လာသည်။  ထူးခြားချက်မှာ နာမည်ကြီး BRAC တက္ကသိုလ်မှ ကျောင်းသားများက ဦးဆောင်၍ လူအသွားအလာများသော စီးပွားရေးရပ်ကွက် လမ်းဆုံကို ပိတ်ဆို့ခြင်း၊ ရဲစခန်းများကို မီးရှို့ခြင်း၊ ဆိုင်ကယ်များကို မီးရှို့ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်လာခြင်းဖြစ်သည်။ ယင်း BRAC တက္ကသိုလ်တည်ထောင်သူမှာ နာမည်ကျော် ဂျူးဘီလီယံနာသူဌေးကြီး ဆိုရော့စ်၏ မိတ်ဆွေရင်း ဖြစ်ပြီး BRAC တက္ကသိုလ်သည် ဆိုရော့စ်က ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ထားသော Open Society University    Network   တက္ကသိုလ်ကွန်ရက်မှ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ယင်းတက္ကသိုလ်ကျောင်းသားများသည် ဒါကာမြို့တွင်းရှိ အရေးပါသော လမ်းများနှင့်ဒါကာမြို့မှထွက်သော မီးရထားလမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ယင်းမှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံမှ Milk Tea Alliance  ကျောင်းသားလှုပ်ရှားမှုပုံစံများနှင့် ထပ်တူဖြစ်သည်။ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့်BRACတက္ကသိုလ်ကျောင်းသားအုပ်စုတို့အဓိကရုဏ်းဖြစ်ပွားသည်။ ဒါကာမြေအောက်ရထားဘူတာရုံ မီးရှို့ခံရသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြားဌာန မီးရှို့ခံရသည်။ နိုင်ငံပိုင်ဒေတာစင်တာ ဖျက်ဆီးခံရသည်။ ကျောင်းသားအချို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အရေးပါသော အင်တာနက်ဝက်ဘ်ဆိုက်များတိုက်ခိုက်ခံရသည်။ အစိုးရက အင်တာနက်လိုင်းအားလုံးကိုပိတ်လိုက်သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင်   အတိုက်အခံဘက်မှ လက်နက်ကိုင်များကနာဆင်ဒီ ခရိုင်ရှိ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်း ပြီး ထောင်သားများကိုလွှတ်ပေးကာ လက်နက်ခဲယမ်းများကို လုယူသွားသည်။   
ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အစိုးရနှင့်   ဆန္ဒပြကျောင်းသားအုပ်စုတို့အကြား စေ့စပ် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း  မအောင်မြင်ခဲ့ပေ။  ဆန္ဒပြသူများဘက်မှ တောင်းဆိုချက် ၉ ချက် တင်ပြရာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆန္ဒပြသူများကို   တောင်းပန်ရေးနှင့်    ပြည်ထဲရေးဝန်ကြီးနှင့် လမ်းပန်း သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ ရာထူးမှ နုတ်ထွက်ပေးရေးတို့  ပါဝင်ပါသည်။ အစိုးရဘက်မှ အလုပ်ခွဲတမ်းကို စုစုပေါင်း၅၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းလျှော့ချပေးခဲ့မှုနောက်ပိုင်းတွင်ဆန္ဒပြမှုများ ခေတ္တရပ်ဆိုင်း သွားခဲ့သော်လည်း ကျောင်းသားခေါင်းဆောင်အချို့ကိုလုံခြုံရေးတပ်ဖွဲ့များကထိန်းသိမ်းခေါ်ဆောင်သွားမှုကြောင့်ဇူလိုင်လ   ၁၉  ရက်နေ့တွင်   အင်အားအလုံးအရင်းဖြင့် ဆန္ဒပြမှုများ  ပြန်လည်ပေါ်ပေါက်လာပြီး  ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် “တရားမျှတမှုအတွက် ချီတက်ကြ” (March for Justice) လှုပ်ရှားမှုကို ပြုလုပ်ပြီး ထိန်းသိမ်းခံထားရသူများနှင့် သေဆုံးသူများအတွက် ရည်ညွှန်း၍ ဒါကာတစ်မြို့လုံး ချီတက် ဆန္ဒပြမှု ပြုလုပ်သည်။
ဩဂုတ်လ  ၁  ရက်နေ့တွင်  ထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ခဲ့သော်လည်း ဆန္ဒပြပွဲမှာ မရပ်တန့်သွားဘဲ ပို၍ကျယ်ပြန့်လာသည်။ ဩဂုတ်လ ၂  ရက်နေ့တွင်  ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စေ့စပ်ညှိနှိုင်းရန် ဖိတ်ခေါ်ခဲ့သော်လည်း ဆန္ဒပြသူများဘက်မှ ပယ်ချကာ တစ်ခုတည်းသော တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ယင်းမှာဝန်ကြီးချုပ်နှင့်အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်ပေးရေးဖြစ်သည်။ ဩဂုတ်လ  ၃  ရက်နေ့တွင်  အစိုးရဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရေး  (Non-cooperation   Movement) ကို  စတင်ခဲ့သည်။ ယင်းမှာ   ဂျင်းရှပ်၏  နိုင်ငံရေးအန်တုမှုနည်းလမ်းဖြစ်ပြီး အစိုးရကို အခွန်အခမပေးရေးနှင့် ထိတွေ့ ဆက်သွယ်မှုမပြုရေးဖြစ်သည်။ စစ်တကောင်းဒေသတွင် အစိုးရဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာသည်။
အစိုးရက  ဩဂုတ်လ  ၄  ရက်နေ့တွင် အပြင် မထွက်ရအမိန့် ထုတ်ပြန်ကာ   ဘင်္ဂလားဒေ့ရှ် တပ်မတော် လုံခြုံရေးတပ်ဖွဲ့များမြို့တွင်းသို့ စေလွှတ်ချထားခဲ့သော်လည်းလူအုပ်ကြီးက မပြိုကွဲသွားဘဲမင်းမဲ့စရိုက်ဆန်ဆန် ထိန်းမနိုင် သိမ်းမရဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်က ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် အင်အားသုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့သည့်အတွက် ဒါကာမြို့တော်တွင် တရားဥပဒေစိုးမိုးမှု   လုံးဝပျက်ပြားသွားသည့်သဘောရှိခဲ့သည်။ ဘာသာရေးအယူအစွဲပြင်းထန်သူများကလူနည်းစုဟိန္ဒူလူမျိုးများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို  တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။  ရဲစခန်းအများစုမှာလည်း ဖျက်ဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများလည်း လုယူခံရကာ ရဲတပ်ဖွဲ့ဝင်များလည်း လူအုပ်ကြီး၏ တိုက်ခိုက်မှုမှလွတ်ကင်းရန် ထွက်ပြေးရှောင်ပုန်း နေခဲ့ကြရသည်။
ဩဂုတ်လ   ၅   ရက်နေ့  နေ့လယ်ပိုင်းတွင်မူ လူအုပ်ကြီးက ဝန်ကြီးချုပ်   ရှိတ်ဟာဆီနာ၏ အိမ်တော်ဘက်သို့ ဦးတည်လာခဲ့သည်။ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်က ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက် ၍  နိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ပြီး  ထိုသို့ ထွက်ခွာရန်အတွက် ပြင်ဆင် ချိန် ၄၅ မိနစ်သာပေးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ စီစဉ်ပေးသည့် ရဟတ် ယာဉ်ဖြင့် ကသုတ်ကရက် “ထွက်တော်မူ နန်းကခွာ” ခဲ့ရတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ် နှစ်ခုပင် မပြည့်မီ ကာလအတွင်းဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘဝမှဖွံ့ဖြိုးမှုအမြန်ဆုံးထွန်းသစ်လာမည့်နိုင်ငံတစ်ခုအဖြစ်  ဆွဲတင်ပေးခဲ့သော အမျိုးသမီးကြီးမှာ ရက်သုံးဆယ်ခန့် လူအုပ်စုအုံကြွမှုကြောင့်ရာထူးမှ    နုတ်ထွက်၍   မျက်ရည်စက်လက်ဖြင့် နိုင်ငံမှ ထွက်ခွာသွားရသည်မှာ နိုင်ငံရေးသံဝေဂ ပွားဖွယ်ဖြစ်တော့သည်။ ရှေ့အလားအလာ
လက်ရှိအခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၅ နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အဝါမီလိဂ်ပါတီမှာ ရုတ်ခြည်းဆိုသလိုပင်တောပုန်းပါတီ ဖြစ်သွားရလေပြီ။ပါတီခေါင်းဆောင်  ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာမှာ နိုင်ငံရေးခိုလှုံရန်မူလရည်မှန်းထားသည့်ဗြိတိန်နိုင်ငံနှင့်အနောက်အုပ်စုနိုင်ငံများအားလုံးလိုလိုကလက်မခံသဖြင့် အိန္ဒိယနိုင်ငံတွင် သောင်တင်လျက်ရှိနေဆဲဖြစ်သည်။ အဝါမီလိဂ်ပါတီမှ ခေါင်းဆောင်များကိုလည်း စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။ ရှိတ်ဟာဆီနာနှင့်နီးစပ်သည်ဟု ယူဆရသော ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိကြီးများမှာလည်းရာထူးမှဖယ်ရှားခံကြရသည်။အလားတူပင်  ရှေ့နေချုပ်၊   တရားသူကြီးချုပ်၊  ဗဟိုဘဏ် ဥက္ကဋ္ဌ   စသော   ထိပ်တန်းပုဂ္ဂိုလ်များမှာလည်း လူအုပ်စုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုကြောင့် နုတ်ထွက်သွားခဲ့ကြရသည်။ အစိုးရဌာနအသီးသီးတွင်လည်း မိမိဆန္ဒအလျောက် နုတ်ထွက်သွားသူ၊ ထုတ်ပယ် ခံရသူ၊ ဖိအားပေး၍ နုတ်ထွက်ခိုင်းခံရသူ စသည်တို့ကြောင့်အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ဟုဆိုသည်။ ရှေးယခင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကို ထိန်းသိမ်းပေးနိုင်သည့် ဩဇာကြီးမားသော တပ်မတော်မှာလည်း  ယခုအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်များအား မလွန်ဆန်နိုင်တော့ သည်ကိုတွေ့ရသည်။ရှိတ်ဟာဆီနာ ထွက်ခွာသွားပြီးနောက် ကျောင်းသားခေါင်းဆောင်များက ရှိတ်ဟာဆီနာနှင့် လုံးဝအဆင်မပြေခဲ့သည့်  စီးပွားရေးပညာရှင်နှင့် ဂရာမင်းဘဏ်လုပ်ငန်းရှင် နိုဘယ်ငြိမ်းချမ်းရေးဆုရ ဒေါက်တာ မိုဟာမက်ယူနွတ်စ်ကို ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် အကြံပေးအရာရှိချုပ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့ရာ တောင်းဆိုသည့်အတိုင်း ခန့်အပ်ပေးခံရသည်။  ကျောင်းသားခေါင်းဆောင်များက  တပ်မတော်မှ  တင်မြှောက်သည့် အစိုးရကို လုံးဝလက်ခံမည်မဟုတ်ဟုရာဇသံပေးခဲ့သည့်အတိုင်း    လိုက်နာခဲ့ရပြီး   ကာကွယ်ရေးဝန်ကြီး အပါအဝင် ဝန်ကြီးအဖွဲ့ဝင်အားလုံးကို ကျောင်းသားများ၏ အတည်ပြုချက်ဖြင့်သာ ခန့်အပ်ခဲ့ရသည်။ ကျောင်းသားခေါင်းဆောင်နှစ်ဦးကိုလည်း အစိုးရအဖွဲ့တွင် ထည့်သွင်းခဲ့ရကာတစ်ဦးလျှင် ဝန်ကြီးဌာနနှစ်ခုစီ ကိုင်တွယ်တာဝန်ယူထားသည်ကိုတွေ့ရသည်။ လက်ရှိအနေအထားအရ အနောက်အုပ်စုနှင့် အထူးနီးစပ်သည့် အသက် ၈၄ နှစ်အရွယ် မိုဟာမက်ယူနွတ်စ် ဦးဆောင်ပြီး ဆန္ဒပြကျောင်းသားများကကြိုးကိုင်ထားသောကြားဖြတ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအချိန်ကာလအတိုင်းအတာတစ်ရပ်အထိအုပ်ချုပ်နေဦးမည့်သဘောရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဩဂုတ်လ ၁၈ ရက်နေ့က   ရုပ်သံလွှင့်ပြောကြားခဲ့သည့်  ယူနွတ်စ်၏ မိန့်ခွန်းတွင်  ရွေးကောက်ပွဲကျင်းပမည့်ကာလကို နိုင်ငံရေးအရ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်    နိုင်ငံရေး၊   စီးပွားရေး၊ လူမှုရေးအောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု (ခေတ်ပြောင်းတော်လှန်ရေး)ပြုလုပ်ပြီးစီးကာသတင်းအချက်အလက်စီးဆင်းမှုမှာလည်းအဖြတ်အတောက်  အဆီးအတားမရှိချောမွေ့လာသည့်အခါမှသာရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားသွားခဲ့သည်။ ယူနွတ်စ်သည် အမေရိကန် သမ္မတဟောင်းကလင်တန်နှင့် ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမ္မတဟောင်း အိုဘားမားတို့နှင့် အထူးရင်းနှီးပြီး ဂျော့ဆိုရော့စ်၏ လူရင်းလည်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်ကို အနောက် လစ်ဘရယ်အုပ်စုများအကြိုက်  ပြုပြင်ပြောင်းလဲသွားရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။ နိုင်ငံရေးအပိုင်းတွင် ထိုင်းနိုင်ငံမှ လူငယ်မျိုးဆက်သစ်တို့၏ Future Forward ပါတီကဲ့သို့ လူငယ်ပါတီသစ် ထူထောင်ရန်လည်း ကျောင်းသားခေါင်းဆောင်များက    ပြောကြားလာခဲ့ကြခြင်းကြောင့်  ယင်းသို့ ပေါ်ပေါက်လာမည့် လူငယ်ပါတီသစ် အင်အားခိုင်မာသည်အထိ ရွေးကောက်ပွဲမကျင်းပသေးဘဲ စောင့်ဆိုင်းနေဖွယ်ရှိကြောင်း မှန်းဆရပါသည်။
သို့ရာတွင်  ထိုသို့ရွေးကောက်ပွဲကာလမသေချာမှုအပေါ် အာဏာလိုချင်လှပြီဖြစ်သောBNPပါတီက စိတ်မရှည်နိုင်ဖြစ်သကဲ့သို့ အဝါမီလိဂ်ပါတီ ထောက်ခံသူများကလည်း အဝါမီလိဂ်ကို နိုင်ငံရေးပါတီအဖြစ်မှ ပိတ်ပင်တားမြစ်ခြင်း မရှိသေးသဖြင့်   ပါတီကို ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲဝင်ခွင့်ရရန် လိုလားလျက်ရှိကြသည်။ သို့ဖြစ်ရာ  အနာဂတ်တွင်  အနောက်လိုလားသော လစ်ဘရယ်လူငယ်အုပ်စု၊ ပါကစ္စတန်လိုလားသော ဘာသာရေး အခြေခံဝါဒီ   BNP  နှင့်  ဂျမ္မတ်အုပ်စု၊ အိမ်နိမ့်စံ အဝါမီလိဂ်အုပ်စုဟူ၍ အုပ်စုကြီးသုံးခု၏ သုံးပွင့်ဆိုင် နိုင်ငံရေးကျားကစားကွက်များကို တွေ့မြင်ရဖွယ်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးတွင်မူ  အမေရိကန်နှင့် အနောက်အုပ်စု၏ထောက်ခံအားပေးမှုရရှိထားသော ကျောင်းသားအုပ်စုသာ အာဏာရလာပါက အနောက် လိုလားသည့်  နိုင်ငံခြားဆက်ဆံရေးပေါ်ထွက်လာပြီး တရုတ်နှင့်ဆက်ဆံရေး ယိုယွင်း ကျဆင်းသွားနိုင်ဖွယ်ရှိသည်။
ပါကစ္စတန် လိုလားသော BNP နှင့် ဂျမ္မတ်အုပ်စုတက်လာပါက အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာမည်မှာ သေချာသလောက်ရှိသည်။အဝါမီလိဂ်ပါတီအနေဖြင့်မူလတ်တလောကာလတွင်   လူထုသဘောထား   ပြောင်းပြန် ပြောင်းလဲသွားကာပြည်သူ့ချဉ်ဖတ်သဖွယ်ဖြစ်သွားခဲ့သဖြင့်အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးဆောင်းခိုကာလ(Political Hibernation)ကို ဖြတ်သန်းရဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ အဝါမီလိဂ်အစိုးရနှင့် နှစ်ရှည်လများ မဟာမိတ်ဖြစ်ခဲ့သော တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အကျိုးစီးပွားအရ မူဝါဒပြန်လည်ထိန်းညှိမှု ပြုလုပ်ရဖွယ်ရှိပြီး မည်သူပင်အနိုင်ရစေကာမူ အလုပ်ဖြစ်နိုင်သည့် လုပ်ငန်းသဘောဆက်ဆံရေးကို ထူထောင် ရဖွယ်ရှိပါသည်။သို့ရာတွင် ကျွဲလေးကောင်ခတ်သည့်အကြားမှ မြေစာပင်ဖြစ်နေရသည့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပေါ်ယံမြင်တွေ့ရန်ခက်ခဲသော   ကန့်လန့်ကာ နောက်ကွယ်တွင်မူ ဇာတ်ရှုပ်များ ပေါ်ပေါက်နိုင်ဖွယ်ရှိသည်။ ပထဝီနိုင်ငံရေးအရ ဘင်္ဂလားဒေ့ရှ်ကုန်းမြေ နယ်နိမိတ်၏ အများစုကို ဝိုင်းရံထားသော အိန္ဒိယနိုင်ငံကို ကလန်ကဆန်ပြုမိသည်နှင့် အိန္ဒိယနိုင်ငံမှ စီးဆင်းလာသောမြစ်ရေကို မှီခိုနေရသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွက် အကြောင်းဆိုးသွားနိုင်သည်များလည်းရှိသည်။
အလားတူပင်ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုမဖြစ်မနေလိုအပ်နေသည့်တရုတ်နိုင်ငံအား နတ်မြစ်ဝထိပ်မှ  အနောက်အုပ်စုကထိန်းချုပ်ရန် အခွင့်ပေးလိုက်ပါက နိုင်ငံကာကွယ်ရေးတွင် တရုတ်စစ်လက်နက်ပစ္စည်းများကိုအားပြုနေရပြီး  နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု၊တရုတ်နည်းပညာနှင့် တရုတ်ချေးငွေကို လိုအပ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်  အိပ်မက်ဆိုးများ  ရောက်ရှိလာနိုင်သည်။ လက်ရှိအခြေအနေမှာ အရေးအခင်းကာလတွင်မင်းမဲ့စရိုက်များကြောင့်ဒေါ်လာ၁ဒသမ၂ဘီလီယံဖိုးခန့် အခြေခံအဆောက်အအုံများ  ပျက်စီးဆုံးရှုံးခဲ့ရပြီး အရေးအခင်းအလွန်ကာလတွင် အိန္ဒိယဘက်မှ မြစ်ရေလျှံကျစီးဆင်းလာမှုကြောင့် လူပေါင်း ၅ သန်းကျော်ရေဘေးကြုံတွေ့နေရကာအစားအစာ၊ဆေးဝါးနှင့်အဝတ်အထည်စသည့်အထောက်အပံ့များ အရေးပေါ် လိုအပ်နေသည်ဟုဆိုသည်။ စီးပွားရေးဘက်၌   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်သည့်  အထည်ချုပ် လုပ်ငန်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အထိနာခဲ့ပြီး အော်ဒါမှာယူမှုများလည်း ကျဆင်းနေသည်ဟု ဆိုသည်။ဘဏ္ဍာရေးဘက်၌ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ဘီလီယံ ၁၀၀ ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြွေးမြီနှင့် ပို့ကုန်အချိုးမှာ ၁၁၆ ဒသမ ၆ ရာခိုင်နှုန်း သို့ ရောက်ရှိနေသည်။ နိုင်ငံခြားသုံးငွေ အရန်ပမာဏမှာလည်းများစွာကျဆင်းနေပြီး  ဒေါ်လာ  ၁၈ ဘီလီယံခန့်သာရှိရာ သွင်းကုန် သုံးလစာခန့်အတွက်သာ လုံလောက်ရုံရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ရှိတ်ဟာဆီနာ မနုတ်ထွက်ရမီကာလက တရုတ်နိုင်ငံမှ ဒေါ်လာဘီလီယံ  ၂၀  ချေးယူရန်  စီစဉ်ခဲ့သည်ဟုဆို၏။ အချုပ်အားဖြင့် သုံးသပ်ရပါမူ နှစ်ရှည်လများအထိုင်ကျနေသည့်တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ရုတ်ခြည်းပြောင်းပြန်လှန်ကာ အရာခပ်သိမ်းဖျက်သိမ်း မြေလှန်၍ အသစ်ပြန်လည်တည်ဆောက်မည်ဟုကြုံးဝါးနေချိန်တွင်နိုင်ငံအခြေအနေမှာ“သည်မိုး၊  သည်လေ၊  သည် လူတွေ”နှင့်  ရေရှည် မည်သို့ကူးခတ်ကြမည်ကို စောင့်ကြည့်ရန်သာ ရှိပါတော့သတည်း။        ။

Source-Myawady Webportal

ကိုကိုလှိုင်
ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

(ယမန်နေ့မှအဆက်)

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)
-

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း   မမှားပါ။  ၁၉၇၁  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပေါ်ပေါက်လာပြီးနောက်ပိုင်း  အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊  ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း   မမှားပါ။  ၁၉၇၁  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပေါ်ပေါက်လာပြီးနောက်ပိုင်း  အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊  ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
ထိုမှနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော  ခါလီဒါဇီယာ ဦးဆောင်သည့် BNP ပါတီနှင့် ရှိတ်ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီတို့ကသာ အားပြိုင်နေခဲ့ကြကာ တစ်လှည့်စီ အာဏာရနေခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီဟုဆိုသော်လည်း တစ်ပါတီအာဏာရလျှင်အတိုက်အခံပါတီက  လွှတ်တော်မတက်ဘဲ   သပိတ်မှောက်သည်။ရွေးကောက်ပွဲလုပ်သည့်အခါ   တစ်ဖက်နှင့်တစ်ဖက်   လုံးဝ မယုံကြည်သဖြင့် သမ္မတက ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်ပေးရသည်။
ခါလီဒါဇီယာ၏ ပါတီက ၁၉၉၁ မှ ၁၉၉၆ အထိ အာဏာရခဲ့ပြီး ရှိတ်ဟာဆီနာက ၁၉၉၆ မှ ၂၀၀၁ အထိ အာဏာရခဲ့သည်။ တစ်ဖန် ခါလီဒါဇီယာက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ အာဏာရခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်သဖြင့် ၂၀၀၆ မှ ၂၀၀၉ နှစ်စပိုင်းအထိ ကြားဖြတ်အစိုးရများက အုပ်ချုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်    ရှိတ်ဟာဆီနာ၏ ပါတီရွေးကောက်ပွဲ အနိုင်ရပြီးသည့် နောက်ပိုင်းမှစ၍ ခါလီဒါဇီယာ၏ ပါတီမှာ  ခေါင်းမထောင်နိုင်တော့ပေ။  ကြားဖြတ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးရသည့် အခြေခံ ဥပဒေပြဋ္ဌာန်းချက်ကို ၂၀၁၁ ခုနှစ်တွင် အဝါမီလိဂ် ပါတီက  ပယ်ဖျက်လိုက်သည့်နောက်ပိုင်း၊  ၂၀၁၄ ခုနှစ်တွင်BNP  ပါတီက  ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်   BNP  က  ရွေးကောက်ပွဲဝင်ခဲ့သော်လည်း မရှုမလှအရေးနိမ့်ခဲ့သည်။ BNP ပါတီက ရွေးကောက်ပွဲတွင် မဲမသမာမှု အလွန်များပြားကြောင်း စွပ်စွဲခဲ့သည်။ ၂၀၂၄ရွေးကောက်ပွဲ၌BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ပြန်သည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်၏ နှစ်ပါတီနိုင်ငံရေး ဘတစ်ပြန်၊ ကျားတစ်ပြန် အုပ်စီးမှု (Duopoly) မှာ အာဏာရပါတီက လွှတ်တော်၌ တစ်ဖက်သတ် အုပ်စီးထားချိန်တွင် အတိုက်အခံပါတီက လွှတ်တော်ကို   သပိတ်မှောက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်၊ တစ်နိုင်ငံလုံး အိမ်ထဲမှ အပြင်မထွက်ရဟု  အတင်းအကျပ်  အကြမ်းဖက်ပိတ်ဆို့သည့် ဟာတားလ် (Hatel)ခေါ် အထွေထွေသပိတ်ပြုလုပ် စသည်ဖြင့် ရွေးကောက်ပွဲပြင်ပလူအုပ်စု နိုင်ငံရေး ပြုလုပ်ကာ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသည့် လူ့အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံရေးပါတီအလိုက်အသင်းအပင်းများ ဖွဲ့စည်းကာ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်လက်နက်ခဲယမ်းများ ရောယှက်ပါဝင်လာသောအခါ တက္ကသိုလ်ကျောင်းဝင်းများအတွင်း ကျောင်းသားအဆောင် တစ်ဆောင်နှင့်တစ်ဆောင် လက်နက်ငယ်များနှင့်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လူထုစည်းဝေးပွဲများတွင် ဗုံးဖောက်ခွဲမှု၊ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်မှု စသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ရှိတ်ဟာဆီနာ ကိုယ်တိုင်ပင်လျှင် အတိုက်အခံခေါင်းဆောင်ဘဝက ၂၀၀၄ ခုနှစ်တွင် လူထုစည်းဝေးပွဲတစ်ခု၌ လက်ပစ်ဗုံးဖြင့်  ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးပြီး  အသက်ဘေးမှ  သီသီလေးလွတ်ခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့မှာ ကမ္ဘာကြေသော်လည်း ရန်ငြိုးမပြေသည့် ကမ္ဘာရန်များ ဖြစ်သွားခဲ့ကြရလေသည်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီ ဆက်တိုက်အာဏာကို ကိုင်စွဲထားနိုင်ခဲ့သောအခါ အတိုက်အခံပါတီများနှင့် ဘာသာရေးအစွန်းရောက်  အကြမ်းဖက်အဖွဲ့အစည်းများကိုအင်အားသုံး၍   ဖိနှိပ်ချေမှုန်းခြင်းဖြင့်  နိုင်ငံရေးတည်ငြိမ်မှုကို အကြမ်းနည်းဖြင့် တည်ဆောက်ခဲ့သည်။ အခြားတစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့သည်။
အကျိုးဆက်အနေဖြင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးမှာ   ရှိတ်ဟာဆီနာ၏   လက်ထက်တွင် သိသိသာသာ  တိုးတက်ခဲ့သည်။   ရှိတ်ဟာဆီနာ စတင်တာဝန်ယူသည့် ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ   ၅   ဘီလီယံသာ  ရှိခဲ့ရာမှ  ၂၀၂၃  ခုနှစ်သို့ ရောက်သောအခါ ၄၃၇ ဒသမ ၄၂ ဘီလီယံ ရှိလာ ခဲ့ပြီး လေးဆကျော် ဖြစ်လာခဲ့သည်။ တစ်ဦးချင်း ဝင်ငွေမှာ ၂၀၀၉ ခုနှစ်တွင် ၆၉၈ ဒသမ ၅ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၆၈၈ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ အထင်ကြီးလေးစားလောက်ဖွယ် အောင်မြင်မှုများရရှိလာသည်နှင့်အမျှ ရှိတ်ဟာဆီနာ က “ဘင်္ဂလားဒေ့ရှ်၏   ၂၀၄၁   မျှော်မှန်းချက်” (Bangladesh Vision 2041) ဆိုသည်ကို ထုတ်ဖော်လာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အမြင့်ပိုင်း  ဝင်ငွေရှိသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၅၇၀၀)၊ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီး ဝင်ငွေ မြင့်မားသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၂၅၀၀) အဖြစ် ရောက်ရှိလာစေရန် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။
အခြေခံအဆောက်အအုံ အပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခင်က မမြင်ဖူး၊ မကြားဖူးသည့် မြစ်ကူးတံတားကြီးများ၊ အဝေးပြေးလမ်းမကြီးများ၊ဒါကာ-စစ်တကောင်း မြန်နှုန်းမြင့် ရထားလမ်း၊ ဒါကာမြို့ပတ်မြေအောက်ရထားလမ်း စသည်တို့ကို   (တရုတ်နိုင်ငံ၏   ချေးငွေနှင့်  နည်းပညာအကူအညီဖြင့်) တည်ဆောက်ခဲ့သည်။ စွမ်းအင်အပိုင်းတွင်လည်း   ဒါကာအနောက်မြောက်ဘက် ရုပ္ပူးဒေသ၌    စက်ရုံတစ်ရုံလျှင်   ၁၂၀၀  မဂ္ဂါဝပ် စွမ်းအားရှိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှစ်ရုံကို(ရုရှားနည်းပညာဖြင့်) တည်ဆောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တတိယသက်တမ်း (၂၀၁၉-၂၀၂၃) ကုန်ဆုံးလုနီးကာလ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနေအထားမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင်လည်း ကမ္ဘာပေါ် ၌ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်နေသကဲ့သို့ နိုင်ငံရေးအပိုင်းတွင်လည်း အတိုက်အခံမှန်သမျှကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားမှုကြောင့် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။ အကြမ်းဖက်အုပ်စုများကိုလည်း RAB (Rapid Action Battalion)အထူးတပ်ဖွဲ့ဖြင့် ပိုက်စိပ်တိုက်နှိမ်နင်းခဲ့သဖြင့် အကြမ်းဖက်ခေါင်းဆောင်အများစုမှာ သေသူသေ၊ ထောင်ကျသူကျ၊ တောထဲတောင်ထဲသို့ထွက်ပြေးသူပြေးဖြင့် အင်အားပြိုကွဲလျက်ရှိသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် လူထု၏ထောက်ခံမှုမှာလည်း လူထုသဘောထားစစ်တမ်းများအရ ၇၀ ရာခိုင်နှုန်း ရှိနေရာ  ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက်  သပိတ်ဝင်အိတ်ဝင်  အနိုင်ရမည့်အခြေအနေဟု ဆိုနိုင်လေသည်။
သို့တိုင်အောင်   ၂၀၂၄   ခုနှစ်  ဇန်နဝါရီလရွေးကောက်ပွဲ၌  အနိုင်ရပြီး   ရှစ်လအကြာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ချက်ပြီး ထမင်းဟင်းများကိုပင် မစားလိုက်ရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် နိုင်ငံမှထွက်ခွာသွားခဲ့ရသည့်အဖြစ်မှာ မယုံနိုင်လောက်အောင်ပင်  ဆန်းကြယ်လွန်းလှသည်။  အဘယ် အကြောင်းတရားများကြောင့် ထိုသို့ ဖြစ်ခဲ့ရပါသနည်း။


အတိုက်အခံတို့၏ နည်းဗျူဟာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို “ဇိကုပ်၍ နတ်ပြည်တင်” လိုသည့် ရှိတ်ဟာဆီနာ၏ စီမံကိန်းမှာ ခြောက်ပြစ် ကင်းသဲလဲစင် အောင်မြင်သည်တော့ မဟုတ်ပေ။ နှစ်ရှည်လများနှိပ်ကွပ်ခံခဲ့ကြရသည့်အတိုက်အခံများက ရှိတ်ဟာဆီနာနှင့်အဝါမီလိဂ်ပါတီကိုဆတ်ဆတ်ခါအောင်နာကြည်းခဲ့ကြသည်။ ၂၀၂၄ ရွေးကောက်ပွဲနီးကပ်လာချိန်၌ အတိုက်အခံတို့၏ နိုင်ငံရေးနည်းဗျူဟာမှာ ပြည်တွင်းလွှတ်တော်နိုင်ငံရေး၌ အဝါမီလိဂ်ပါတီကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်သဖြင့်လွှတ်တော်ပြင်ပလူထုအုံကြွ ဆန့်ကျင်လှုပ်ရှားမှုဖြင့် ရှိတ်ဟာဆီနာ အစိုးရကို ဖြုတ်ချရန်၊ နိုင်ငံတကာနယ်ပယ်တွင် အဝါမီလိဂ် ပါတီ၏ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ ရွေးကောက်ပွဲမသမာမှုနှင့် ဒီမိုကရေစီကိုဆန့်ကျင်၍ အတိုက်အခံများကို အဓမ္မဖိနှိပ်မှုများကို အကြောင်းပြု၍ နိုင်ငံတကာဒီမိုကရေစီဦးဆောင်နိုင်ငံများ (အနောက်နိုင်ငံများ)နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ချဉ်းကပ်ကာ ရှိတ်ဟာဆီနာအစိုးရကို ဖိအားပေးစေရန်ဟူသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ရန်ဖြစ်လေသည်။
ရွေးကောက်ပွဲမတိုင်မီကာလ လူထုအုံကြွဆန့်ကျင်မှုနည်းလမ်းမှာမူ များစွာမအောင်မြင်လှပေ။ အဓိကအကြောင်းရင်းမှာ အတိုက်အခံ BNP ၏ ခေါင်းဆောင်ပိုင်း   အားလုံးလိုလိုမှာ  လှုပ်မရအောင် ဖိနှိပ်ခံထားရသဖြင့် ဦးဆောင်မှု ကင်းမဲ့နေခြင်းကြောင့်ဖြစ်၏။ BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာမှာအဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျနေပြီး ကျန်းမာရေးလည်း အကြီးအကျယ်ချို့ယွင်းကာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးရောဂါပေါင်းစုံဖြင့် အိပ်ရာထဲ၌ လဲနေသည်။ ခါလီဒါဇီယာ၏ သား တာဂျစ်ရာမန်မှာလည်း အဂတိလိုက်စားမှုဖြင့် မျက်ကွယ်တွင် တရားစီရင်ပြစ်ဒဏ်ချခံထားရကာ ဗြိတိန်နိုင်ငံတွင် တိမ်းရှောင်နေရသည်။  အခြား ထိပ်တန်းပါတီခေါင်းဆောင်များနှင့်  အလယ်အလတ်တန်း ခေါင်းဆောင်များမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် လူထုအုံကြွမှုပြုလုပ်သော်လည်း မှန်းသလောက် လူမစုနိုင်သည့်အပြင် ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုကိုခံရသဖြင့် အရေးနိမ့်ခဲ့ရသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဖိအားပေးရေးနည်းလမ်းမှာမူ အတော်အတန် အလုပ်ဖြစ်ခဲ့သည်ဟုဆိုနိုင်သည်။  အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက  တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအား အမြင်မကြည်လင်တော့သည့်အလျောက်  လူ့အခွင့်အရေးကို အကြောင်းပြကာ သံတမန်ရေးနှင့် နိုင်ငံရေးအရ လှည့်ပတ်၍ ပြဿနာရှာကာ  ဖိအားပေးခဲ့သည်။  ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ကျော်စောသတင်းရှိသူများနှင့် အကြမ်းဖက်အုပ်စုများအား နှိမ်နင်းရာတွင် အလွန်အကျွံအင်အားသုံးသည်ဟု  စွပ်စွဲခံရသည့် RAB အထူးတပ်ဖွဲ့ခေါင်းဆောင်များကို အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃   ခုနှစ်တွင်   အမေရိကန်၌  ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ထိပ်သီးညီလာခံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  မဖိတ်ကြားဘဲ  ဖယ်ကြဉ်ထားခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိများကို စေလွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးမထားလျှင် ဘင်္ဂလားဒေ့ရှ်နှင့်  ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များကလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်လွှတ်တော်၌   ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံကိုတဲ့တိုးပင်ဖော်ထုတ်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။  ရှိတ်ဟာဆီနာက အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီကို ဆိတ်သုဉ်းအောင်ပြုလုပ်နေပြီး  ဒီမိုကရေစီ မကျင့်သုံးသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီစံနှုန်းများအား အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်လွန်၍ ကျင့်သုံးမှုမရှိ (ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီကို ဘေးချိတ်ထားကာ ဝင်ရောက်စွက်ဖက်သည်)ဟုဆိုခဲ့သည်။  “သူတို့က  ဘယ်နိုင်ငံက   အစိုးရကိုမဆို  ဖြုတ်ချနိုင်တယ်။  အထူးသဖြင့်  မွတ်စလင်နိုင်ငံတွေကတော့  ပိုပြီးဆိုးတာပေါ့”ဟု ဟာဆီနာက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ရှိတ်ဟာဆီနာ၏အာဏာရပါတီကို  တစ်ဖက်က ဖိအားပေးခဲ့သလို အခြားတစ်ဖက်တွင်လည်း အတိုက်အခံအုပ်စုများနှင့် ပိုမိုထိတွေ့ဆက်သွယ်လာခဲ့ရာ  အဝါမီလိဂ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့လေသည်။


၂၀၂၄ ခုနှစ်ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အဓိက အတိုက်အခံ BNP ပါတီက ၄၈ နာရီ ပြည်လုံးကျွတ် သပိတ်မှောက်ကြရန် လှုံ့ဆော်နေသည့်အကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။   ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူ ၁၁၉ သန်းအနက်မှ သန်း ၅၀ ကျော်လာရောက် မဲပေးခဲ့ကြပြီးဆန္ဒမဲပေးသူ ရာခိုင်နှုန်းမှာ ၄၁  ရာခိုင်နှုန်း ကျော်ဖြစ်သည်ဟုဆိုသည်။ လွှတ်တော်တစ်ရပ်တည်းသာရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ခံအမတ်နေရာ  ၃၀၀  ရှိသည့်အနက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီက ၂၂၄ နေရာ (၇၄ ဒသမ ၆) ရာခိုင်နှုန်း အနိုင်ရရှိသည်။   အာရှတ်ထူထောင်ခဲ့သည့်  ဂျာတီယပါတီက  ၁၃  နေရာ၊ ပါတီငယ်သုံးခုက သုံးနေရာနှင့်အဝါမီလိဂ်နှင့် နီးစပ်သော တစ်သီးပုဂ္ဂလများက  ၆၂  နေရာ ရရှိသည်ဟုဆိုသည်။ အဓိကအတိုက်အခံပါတီများ ဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။  
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့သစ်နှင့်အတူ အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှိတ်ဟာဆီနာသည် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အသက်အရွယ်အနေအထားအရ ဤသက်တမ်းသည် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးဘဝတွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် အတိုက်အခံများနှင့် အဝါမီလိဂ်အစိုးရကိုဖြုတ်ချလိုသူ ပယောဂများကမူ ဤနောက်ဆုံးသက်တမ်းပြီးဆုံးသွားသည်အထိပင် စောင့်ဆိုင်းလိုဟန် မရှိပေ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအကြိုနှင့်  ရွေးကောက်ပွဲလွန်ကာလများတွင် နိုင်ငံရေးလှုပ်ရှားမှုများကို  သိုသိပ်စွာ စတင်ခဲ့ကြသည်။


ကျွဲလေးကောင်အကြားမှ မြေစာပင်ဘဝ


အင်အားကြီးအုပ်စုနှစ်ခု၏အားပြိုင်မှုအကြားမှ နိုင်ငံငယ်တစ်ခု၏ဘဝကို ကျွဲနှစ်ကောင်ခတ်သည့်အကြားမှ မြေစာပင်နှင့်နှိုင်းကြသည်ဟုဆိုပါလျှင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ အဖြစ်သနစ်မှာမူ “ကျွဲလေး ကောင်အကြားမှ မြေစာပင်” ဟု ဆိုရဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့မဟာဗျူဟာအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့်အမေရိကန်တို့၏ အားပြိုင်မှုအကြား၌လည်းကောင်း၊ တောင်အာရှ အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့်  ပါကစ္စတန်တို့၏  အားပြိုင်မှုအကြား၌လည်းကောင်း ကျရောက်နေခဲ့ရသောကြောင့် ဖြစ်ပါ၏။
ရှိတ်ဟာဆီနာ၏  အဝါမီလိဂ်ပါတီအစိုးရမှာ နောက်ပိုင်းတွင် အိန္ဒိယ၊ တရုတ်တို့နှင့် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့မြင်ရသည်။ အတိုက်အခံဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့မှာ ပါကစ္စတန်နှင့် အနောက်အုပ်စုတို့နှင့် ပို၍ အလွမ်းသင့်သည်။
ရှိတ်ဟာဆီနာနှင့်အနောက်အုပ်စုတို့၏ သဘောထားကွဲပြားတင်းမာမှုမှာ ရွေးကောက်ပွဲလွန်ကာလတွင် ပို၍ထင်ရှားသိသာလာသည့်သဘောကို တွေ့မြင်ရပါသည်။   ၂၀၂၄   ခုနှစ်  ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်ကို အိန္ဒိယ၊ တရုတ်နှင့် ရုရှား နိုင်ငံတို့က  လျင်မြန်စွာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း၊ အမေရိကန်နှင့် ဗြိတိန်တို့ကမူ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲမဟုတ်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှိတ်ဟာဆီနာကလည်း အနောက်အုပ်စု၏ လျှို့ဝှက်ကြံစည်မှုကို  ၂၀၂၄   ခုနှစ်  မေလတွင် ထုတ်ဖော်ဖွင့်ချခဲ့သည်။   မေလ  ၂၃  ရက်နေ့တွင် မဟာမိတ် ၁၄ ပါတီ တွေ့ဆုံသည့် အစည်းအဝေး၌ ရှိတ်ဟာဆီနာက  “ဘင်္ဂလားဒေ့ရှ် (စစ်တကောင်းဒေသ)နှင့်  မြန်မာနိုင်ငံမှ  နယ်မြေများပါဝင်သည့် အရှေ့တီမောကဲ့သို့ အလားတူ ခရစ်ယာန်နိုင်ငံသစ်တစ်ခုကို ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒေသ၌ လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးရန်  လူဖြူတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ ကာလက မိမိထံလာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဤကိစ္စကိုသဘောတူပါက  ရွေးကောက်ပွဲတွင် မည်သည့်အနှောင့်အယှက်အဟန့်အတားမျှ မဖြစ်စေဘဲ အောင်မြင်စွာပြီးစီးစေရမည်ဟု အာမခံခဲ့ကြောင်း” ပြောကြားခဲ့သည်။ “ထိုကမ်းလှမ်းမှုကို မိမိက သဘောမတူ ပယ်ချခဲ့ခြင်းသည်ပင်လျှင် ထိုသူတို့အတွက် မိမိ၏  အကြီးဆုံးပြစ်မှုကြီးဖြစ်သွားခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ဒုက္ခပေးလာဖွယ်ရှိ‌ကြောင်း၊ သို့သော် မစိုးရိမ်ကြစေလိုကြောင်း” လည်း ဟာဆီနာက ပြောကြားခဲ့သည်။
ရှိတ်ဟာဆီနာက လာရောက်ချဉ်းကပ်သူ လူဖြူသည် မည်သည့်နိုင်ငံမှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်း မရှိသော်လည်း   အဝါမီလိဂ်ပါတီ၏   ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒ်ရူး အာမက်ခန်းကမူ အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်း၌ ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိခွင့်ရရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် NUG နှင့်PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီး-ချင်း သူပုန်များကို ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍ လမ်းကြောင်း ဖောက်လုပ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားလှကြောင်း၊  အိန္ဒိယသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
မဟာမိတ် ၁၄ ပါတီနှင့် တံခါးပိတ်ဆွေးနွေးရာ၌ မိမိတို့အစိုးရကို ဖြုတ်ချရေးအတွက်  လျှို့ဝှက် ကြံစည်မှုများရှိနေပြီး၊   မိမိသည်လည်း  မိမိ၏ ဖခင် (ရှိတ်မူဂျီဘူရာမန်)ကဲ့သို့ ကံကြမ္မာမျိုးဖြင့် တွေ့ကြုံ ရနိုင်ကြောင်း၊ သို့သော် မိမိကတော့ အောက်ကျို့ အရှုံးပေးမည်မဟုတ်ကြောင်းလည်း ရှိတ်ဟာဆီနာ က ပြောကြားခဲ့သည်ဟု ဆိုသည်။


ယမ်းအိုးနှင့်မီးပွား


ရှိတ်ဟာဆီနာအနေဖြင့် သူ့ကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေမှုအပေါ်   ကြိုတင်သိရှိခဲ့သည့်တိုင်အောင် အခြေအနေကို ကောင်းစွာထိန်းသိမ်း ကျော်လွှားနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူသည်။ ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီးပြီ။ လူထုထောက်ခံမှုလည်း ရှိနေသည်။ အတိုက်အခံ အများစုကိုလည်း ထိန်းချုပ်ထားသည်။ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ်ကိုလည်း ဟာဆီနာ၏ လူယုံတစ်ဦးဖြစ်၊ တူမဝမ်းကွဲ၏ ခင်ပွန်းလည်းဖြစ်သော ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်ကို စစ်ဦးစီး အရာရှိချုပ်(ကြည်း)အဖြစ်  ရွေးကောက်ပွဲမတိုင်မီကလေးတွင်ပင်ခန့်ထားခဲ့ပြီး  ရာထူးသက်ခြောက်လမျှနှင့်ပင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းဖြင့် စိတ်ချရအောင် ပြုလုပ်ထားခဲ့သည်။
သို့ရာတွင်  နိုင်ငံရေးစစ်တုရင်ပွဲ၌  တစ်ဖက်မှ ယှဉ်ပြိုင်ကစားနေသူများတွင်လည်း အားသန်သည့် ကစားကွက်များရှိနေသည်။ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့် အစိုးရတစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေးကို တရားဝင်ဆောင်ရွက်ခွင့်ရှိရာ ယင်းကို  နိုင်ငံရေးအန်တုမှုဖြင့်  လူထုအုံကြွဖြုတ်ချရေးမှာ  လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။
ပထမဆုံးလိုအပ်ချက်မှာ အုံကြွမှုတွင်ပါဝင်မည့် လူထု၌  အစိုးရအပေါ်   မကျေနပ်သည့်စိတ်များ အခြေခံအားဖြင့်ရှိနေရေးဖြစ်သည်။  ယင်းမှာ ပေါက်ကွဲလွယ်သည့် ယမ်းအိုးကြီးနှင့် တူသည်။ ထို့နောက် လူထု၏ မကျေနပ်စိတ်များကို ပေါက်ကွဲသွားအောင် ဖောက်ခွဲပစ်နိုင်သည့် ပြဿနာ မီးပွားတစ်ခု ပေါ်ပေါက်လာပါက ယင်းမီးပွားကို စနက်တံ၌  ရှို့၍  အစပျိုးပေးလိုက်ကာ  အခြေအနေကို ထိန်းမရအောင်ဖောက်ခွဲလိုက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းကိုတက်တက်ကြွကြွ  ဦးဆောင် လုပ်ကိုင်ပေးမည့် တက်ကြွလှုပ်ရှားသူများကိုမူ ကြိုတင်မွေးမြူ စုစည်းထားရန်လိုသည်။
ဘင်္ဂလားဒေ့ရှ်အရေးအခင်းတွင် အခြေခံယမ်းအိုးမှာ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး မပြေလည်မှုဖြစ်သည်။ ရှိတ်ဟာဆီနာလက်ထက်တွင် နိုင်ငံ၏စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည် မှန်သော်လည်း၊   စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုကလိုက်ပါလာပြီး အခြေခံလူသုံးကုန်နှင့်စားကုန်ဈေးနှုန်းတို့ ကြီးမြင့်လာသည်။  သို့သော် အောက်ခြေလူတန်းစားတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေက လုံလောက်အောင် တိုးတက်မလာသဖြင့် မကျေနပ်မှုများ ရှိနေကြသည်။ ဤအထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူယှဉ်တွဲပါလာလေ့ရှိသော ဗျူရိုကရေစီယန္တရား၏ အကျင့်ပျက်ခြစားမှုနှင့်အောက်ခြေလူထုအပေါ် ဖိစီးအနိုင်ကျင့်မှုများကအစိုးရကို အမြင်ဆိုးများဖန်တီးပေးခဲ့သည်။  ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနှင့်  အတိုက်အခံများအား စုပြုံဖမ်းဆီးမှုများကလည်း  အတိုက်အခံဘက်နှင့် နှီးနွှယ်သူများ၏ နာကြည်းမုန်းတီးမှုများကို ကြီးထွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)

Source-Myawady Webportal

ကိုကိုလှိုင်
ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း   မမှားပါ။  ၁၉၇၁  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပေါ်ပေါက်လာပြီးနောက်ပိုင်း  အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊  ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင

ပွတ်တိုက်မှုများကြားက တင်းမာမှုတွေ မြင့်တက်လာဉီးမယ့် အင်ဒိုနီးရှားနိုင်ငံရေး
-

ဒီရက်ပိုင်းအတွင်း အာရှဒေသမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာသည်ကို မြင်တွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဝန်ကြီးချုပ်က ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီး ပြည်ပနိုင်ငံကို   တိမ်းရှောင်သွားရသည်အထိဖြစ်သည်။

ဒီရက်ပိုင်းအတွင်း အာရှဒေသမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာသည်ကို မြင်တွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဝန်ကြီးချုပ်က ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီး ပြည်ပနိုင်ငံကို   တိမ်းရှောင်သွားရသည်အထိဖြစ်သည်။

ယခုအင်ဒိုနီးရှားနိုင်ငံမှာလည်း နိုင်ငံရေးအရ ပွတ်တိုက်မှုတွေဖြစ်လာသည်ကို တွေ့လာရပြန်သည်။   ဆန္ဒပြသူထောင် ပေါင်းများစွာ အထူးသဖြင့်လူငယ်များက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာ အပါအဝင်      တခြားမြို့ကြီးများစွာ၌ ဆန္ဒပြမှုများကို  လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများထဲတွင် ကျောင်းသားများ၊ ပညာရှင်များ၊ အလုပ်သမားများ၊ ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူများအပြင် အနု ပညာရှင်များလည်း ပါဝင်သည်။ ရဲတပ်ဖွဲ့ ဝင်များကလည်း ဆန္ဒပြသူများကို မျက် ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း၊ ရေပိုက်ကြီးများဖြင့် ထိုးခြင်းတို့ကို လုပ်ဆောင်ပြီး ဆန္ဒပြမှုများကို ဖြိုခွဲကြရသည်။

ဒီနေရာမှာ အဓိကဖော်ပြပေးချင်သည့် အကြောင်းအရာက ဆန္ဒပြမှုလုပ်ဆောင် သည့်အခြေအနေကို မဟုတ်။ ဆန္ဒပြမှုဖြစ်ပွားရလောက်အောင် ကြီးမားလာသည့် နိုင်ငံရေးအရ  ပွတ်တိုက်မှုအကြောင်းပင် ဖြစ်သည်။

နိုင်ငံရေးအရ ပွတ်တိုက်မှုဆိုသည်မှာ ဦးဆောင်အဖွဲ့အစည်းများကြား တစ်ဖွဲ့နှင့် တစ်ဖွဲ့သဘောထား၊   ခံယူချက်များ မညီညွတ်ကြခြင်းကြောင့်သာ  ဖြစ်ရခြင်းဖြစ်သည်။

ယခုအင်ဒိုနီးရှားနိုင်ငံအရေးမှာဆိုရင်လည်း တစ်ဖက်က ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး တခြားတစ်ဖက်က ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့်အဖွဲ့ ဖြစ်နေသည်။

ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖြစ်ပြီး ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့် အဖွဲ့ကတော့ လွှတ်တော်အမတ်များစွာ ပါဝင်ရာ လွှတ်တော်ကြီးပင် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားရသည့်အကြောင်းရင်းကို အစက နေပြောရမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက စရမည်ဖြစ်သည်။ သူက ဩဂုတ်လ ၂၁ ရက်တွင် အမိန့်တစ်ခုချမှတ်လိုက်သည်။

ထိုအမိန့်မှာ ပြည်ထောင်စုလွှတ်တော်များဆီသို့ အမတ်တစ်ဦးစီအဆိုပြုနိုင်ရေး အတွက် ပြည်နယ်လွှတ်တော်များ၌ ပါတီများအနေဖြင့် အနည်းဆုံးကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းပါရှိရမည် ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ကာ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာစေရေးအတွက် လိုအပ် သည့်အနည်းဆုံး အသက်ကန့်သတ်ချက်ကိုမူ     ယခင်အတိုင်းထားရှိကြောင်း ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ဩဂုတ်လ ၂၂ ရက်တွင် အင်ဒို နီးရှားလွှတ်တော်က အရေးပေါ်အစည်း အဝေးတစ်ရပ်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ရေးအတွက် ဆွေးနွေးကြ ပြီး     မဲခွဲဆုံးဖြတ်ရန်ပြင်ဆင်ကြသည်။ 

သို့ရာတွင် လွှတ်တော်တက်သည့်အမတ် အရေအတွက်မဲခွဲဆုံးဖြတ်ရန် လုံလောက် ခြင်း မရှိသည့်အတွက်   ထိုအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။

ဒီနေရာမှာ အဓိကကျသည့်အကြောင်း အရာပေါ်ပေါက်လာသည်။ ဒါ့အပြင် နိုင်ငံရေးကို စိုးမိုးခြယ်လှယ် လိုသည့် ပုံစံများကို လည်းမြင်တွေ့လာရသည်။

အင်ဒိုနီးရှား ရွေးကောက်ပွဲဥပဒေတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အသက်အပိုင်းအခြားကို အသက် ၃၀ နှစ်နှင့်အထက်သာ သတ်မှတ်ထားသည်။ အသက် ၃၀ အောက်ဆိုလျှင် ရွေးကောက် ပွဲဝင်ပြိုင်ခွင့်မရှိ။

အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်းများစွာ ကြာအုပ်ချုပ်လာခဲ့သည့် သမ္မတဂျိုကိုဝီ ဒိုဒို၌ သားအငယ်ဆုံး တစ်ယောက်ရှိသည်။ သူ၏အသက်က အခုမှ ၂၉ နှစ်သာရှိသေး သည်။ ဒီအရွယ်နဲ့ဆိုလျှင် နိုဝင်ဘာလတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပေ။

ယခု ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးလာချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးက ထုတ်ပြန်လိုက်သည့် ဥပဒေ၌ အသက် ၃၀ အောက်ရှိသူများ ရွေးကောက် ပွဲဝင်မပြိုင်ရဟုပါရှိလာသည်။

ဒီကန့်သတ်ချက်ကို လွှတ်တော်အမတ်များက သဘောမကျကြပေ။ ဘာကြောင့်လဲဆိုရင်   လွှတ်တော်အမတ်အများစုသည် သမ္မတဂျိုကိုဝီဒိုဒို၏လူများဖြစ်နေ ခြင်းကြောင့်ဖြစ်သည်။ ဝီဒိုဒိုက သူ့သား ကိုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုသည်။ ဒီအတွက် လွှတ်တော်ကိုအား ကိုးပြီး ခုံရုံး၏အမိန့်ကို လူအင်အားဖြင့် ပယ်ဖျက်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

နောက်တစ်ချက်က ခုံရုံး၏ဆုံးဖြတ် ချက်ကြောင့် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးဘာဆွယ်ဒန်အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရလာခြင်းဖြစ်သည်။ အန်နီးဘာဆွယ်ဒန်ဆိုသူမှာ လူကြိုက်များသူဖြစ်ပြီး နောက်တက်မည့်သမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ လူနှင့်ထိပ်တိုက်ရင် ဆိုင်ရဖွယ်ရှိသည်။ တစ်နည်းပြောရရင် ပရာဘိုဝိုဆူဘီယန်တို ဆိုသည်မှာလည်း ဂျိုကိုဝီဒိုဒို၏လူပင် ဖြစ်သည်။

ဂျိုကိုဝီဒိုဒိုတွင်  သားအကြီးတစ်ဦးရှိသေးသည်။ နာမည်က ဂီဘရန်ရာကာဖြစ်သည်။  လာမည့်အောက်တိုဘာလတွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူသွားမည့် သူဖြစ်သည်။

ဂီဘရန်ရာကာအနေဖြင့် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ်ပါဝင်ယှဉ်ပြိုင် နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ် သည်။ ထိုသို့ဖြစ်လာအောင်လည်း ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လုပ်ပေး လိုက်ခြင်းဖြစ်သည်။   အဲဒီအချိန်တုန်းက ခုံရုံးဥက္ကဋ္ဌက ဂျိုကိုဝီဒိုဒို၏ယောက်ဖဖြစ် သည်။ သူက ပြည်နယ်ရွေးကောက်ပွဲများတွင် ရွေးကောက်ခံဖူးသူများအနေဖြင့် ဒုတိယသမ္မတ ရာထူးနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု အမိန့်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အခုတစ်ခေါက်မှာတော့ ဂျိုကိုဝီဒိုဒို၏ ယောက်ဖမဟုတ်သောတခြားသူက ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အသက် ၃၀ နှစ် နှင့်အထက်များကိုသာ ရွေးကောက်ပွဲဝင် ပြိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်လိုက်ခြင်းက ဂျိုကိုဝီဒိုဒို၏ သားအငယ်ဆုံးကို နိုင်ငံရေး လောကထဲသို့ ဆွဲသွင်းမည့် အစီအစဉ်ကို ပျက်သွားစေခြင်း ဖြစ်သည်။

ဂျိုကိုဝီဒိုဒိုအနေဖြင့် အောက်တိုဘာလတွင် ၁၀ နှစ်ကြာရယူခဲ့သောရာထူးကို စွန့်လွှတ်ပေးရတော့မည် ဖြစ်သည်။ သို့ပေသော်လည်း သူ့ရဲ့စိတ်အစဉ်မှာတော့ ဒီလိုရာထူးမရှိပေမယ့် ဒီလိုရာထူးရှိသူတွေရဲ့ နောက်ကွယ်ကနေ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးကိုထိန်းကျောင်းလိုသည့်ဆန္ဒရှိနေသည်ကို အင်ဒိုနီးရှား ပြည်သူများက အတိုင်းသားမြင်ခွင့်ရလိုက်ခြင်းကြောင့် ယခုလို ဆန္ဒပြမှုများ လုပ်ဆောင်လာရခြင်းဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ ဂျိုကိုဝီဒိုဒို၏ သားငယ်အတွက် နိုင်ငံရေးတွင်နေရာမရှိတော့ အောင်ဖြစ်လာပြီကို တွေ့ရသည်။ အခုလို ဆန္ဒပြမှုများကြောင့် လွှတ်တော်ကလည်း ခုံရုံး၏အမိန့်ကိုမပြင်တော့ဟုဆိုသည်။ အကယ်၍ ပြင်ဆင်ဖို့ကြိုးစားလျှင်လည်း အချိန်မရှိတော့ပေ။ ဩဂုတ်လ ၂၇ ရက် တွင် ပြည်နယ်ရွေးကောက်ပွဲများအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ မှတ်ပုံတင်ရတော့မည်ဖြစ်သည်။ ဒီကြားထဲမှာတော့ လွှတ်တော်က ဘယ်လိုမှလုပ်နိုင်စွမ်းမရှိတော့ပေ။

သို့သော် နိုင်ငံရေးကိုနောက်ကွယ်က နေထိန်းကျောင်းလိုသူဆိုတာ သူတို့ရဲ့ဆန္ဒကိုတော်ရုံနှင့် မလျှော့တတ်သော သဘောရှိသောကြောင့် အင်ဒိုနီးရှား နိုင်ငံရေးဟာ တင်းမာမှုတွေ မြင့်တက်လာဦးမယ့် အရိပ်အယောင်ရှိနေကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။      

 Ref: Agencies

Source-www.moi.gov.mm

ထက်မြက်
ပွတ်တိုက်မှုများကြားက တင်းမာမှုတွေ မြင့်တက်လာဉီးမယ့် အင်ဒိုနီးရှားနိုင်ငံရေး

ဒီရက်ပိုင်းအတွင်း အာရှဒေသမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာသည်ကို မြင်တွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဝန်ကြီးချုပ်က ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီး ပြည်ပနိုင်ငံကို   တိမ်းရှောင်သွားရသည်အထိဖြစ်သည်။