ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမှောင်မှ အမှောင်သို့မသွား၊ အမှောင်မှအလင်း အလင်းမှအလင်းသို့သာ
-

ဒီမိုကရေစီ အမည်ယူထားသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မဲမသမာမှုများ ပြည့်နှက်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏တန်ဖိုးများကို အမှန်အကန်ပြသခဲ့သည်ဟု ဆိုနိုင်ပါသလား။ ပြည်ပငွေကြေးအထောက်အပံ့ဖြင့် တန်ဖိုးသင့်ခဲ့သော ဒီမိုကရေစီတစ်နည်းပြည်ပသြဇာခံဒီမိုကရေစီဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ဒီမိုကရေစီတန်ဖိုးများ ဘာကြောင့်ကျဆင်းခဲ့ရသလဲ

ယိမ်းယိုင်ခဲ့ရသည့် မြန်မာတို့၏အတွေးအခေါ်များ၊ ယုတ်လျော့ခဲ့ရသည့် မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စံတန်ဖိုးနှင့် အမျိုးသားရေးလက္ခဏာများ၊ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသည့် မြန်မာ့သမိုင်းကြောင်း တရားခံအစစ်ကို ဖွေရှာလိုက်တော့ မှားယွင်းသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အတူ ကျင့်သုံး ခဲ့သူများ၊ အဖွဲ့အစည်းများကို တွေ့ရသည်။ ဒီမိုကရေစီနိုင်ငံတွင် ဒီမိုကရေစီကျင့်သုံးသူများ ကိုယ်တိုင်ပြည်ပနိုင်ငံ၊ ပြည်ပကုမ္ပဏီ၊ INGO ယောင်ယောင် ဖောင်ဒေးရှင်းများ၊ လူပုဂ္ဂိုလ်များ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ငွေကြေး၊ နည်းပညာ၊ ကကွက်ကကြိုးအောက်တွင် အသုံးတော်ခံ၊ အချည်ခံရသည့် ဘဝရောက်ရလျှင် ထိုနိုင်ငံများ၏ သြဇာခံဘဝအဖြစ် အလိုလိုရောက်သွားရတော့သည်။

ဤသို့ဖြင့် ပြည်ပသြဇာခံဘဝရောက်ခဲ့ရသည့် မြန်မာနိုင်ငံရှိ ကျွန်တော်တို့လို ဒီမိုကရေစီချစ်မြတ်နိုးသော ပြည်သူများမှာ ဒီမိုကရေစီကို အလွဲသုံးစားလုပ်ခဲ့သော ပါတီနှင့် အစိုးရနှင့်အတူ နိုင်ငံရေးသမားအချို့၏ မရောင်ရာဆီလူး၊ တလွဲအတွေး၊ တလွဲအပြုအမူများကြောင့် ဒီမိုကရေစီတန်ဖိုးကျဆင်းခဲ့ရပြီး ပြည်သူတို့၏ဘဝများလည်း ရေတိမ်နစ်ခဲ့ရသည်။ အမှောင်သို့သာ သက်ဆင်းခဲ့ရသည်။

အနှစ်သာရမဲ့သည့်ရွေးကောက်ပွဲဟု ဘာကြောင့်ဆိုရပါသလဲ

ဒီမိုကရေစီရွေးကောက်ပွဲတစ်ခု၌ လူထုဆန္ဒအမှန်ကို မထင်ဟပ်သည့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ထောက်ပံ့သည့်ငွေကို မိမိပါတီအကျိုးငှာ အသုံးပြုဖို့ လိုအပ်ပါသလား။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ထိုစဉ်က UEC နှင့် NLD တို့သည် အမေရိကန်သံရုံးဆီမှ ဒေါ်လာ ၄၆ သန်းကို မည်သည့်အတွက်ကြောင့် ရယူခဲ့ကြပါသလဲ။ အစိုးရနှင့် NLD အတွက် အမေရိကန်ကပေးခဲ့သည့် ဒေါ်လာသန်း ၉၅၀ ကကော မြန်မာပြည်သူအားလုံးအတွက် ပွင့်လင်းမြင်သာမှုရှိခဲ့ပါရဲ့လား။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုကော စောင့်ကြည့်ခွင့်မည်သည့်အတွက်ကြောင့် မပေးခဲ့ပါသလဲ။ အောက်ခြေမှာ ပေါက်ပြဲနေသည့်ကြိုတင်မဲစာအိတ်များ၊ အထောက်အထားမရှိဘဲ မဲပေးခဲ့သူများ၊ မဲပေးနိုင်သည့်အရေအတွက်ထက် ပိုသွား​သော တရားမဝင်ပိုလျှံမဲအရေအတွက်များ၊ ပြည်သူအများစု သိခွင့်မရခဲ့သည့် ရိုက်နှိပ်မဲအရေအတွက်၊ နှစ်ခါ၊ သုံးခါပြန်မဲပေးခွင့်ရပြီး သေပြီးသူ၊ အသက်ရာကျော်အဘိုးအဘွားရာဂဏန်းမျှ မဲပေးခဲ့ကြသည့်ရွေးကောက်ပွဲ၊ မဲမသမာမှုဗီဒီယို၊ ဓာတ်ပုံအထောက်အထားများအပြင် နိုင်ငံရေးပါတီများနှင့် ပြည်သူများဆီမှ ထောင်ဂဏန်းရှိ တိုင်တန်းစာများ၊ ရွေးကောက်ပွဲအပေါ် မကျေနပ်သည့်ဆန္ဒပြပွဲများ စသည်စသည် အားလုံးကိုဖြေရှင်းမပေးဘဲမည်သည့်အတွက်ကြောင့် လျစ်လျူရှုခဲ့ကြပါသလဲ၊ တပ်မတော်ဘက်က သက်သေအခိုင်အလုံဖြင့် ထုတ်ပြန်ခဲ့သည့် မဲမသမာမှုစာရင်းများအပေါ် တုံ့ပြန်မှုမရှိခဲ့သည့်အခြေအနေများ၊ ဒုတိယအကြိမ် နောက်ဆုံးပြည်ထောင်စုလွှတ်တော်ကိုပင် မခေါ်ယူနိုင်ခဲ့သည့် အငြင်းပွားဖွယ်ကိစ္စ၊ တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၅ မဲစာရင်းများ မီးရှို့ခံရမှု၊ ထိုစဉ်က ဥပဒေကို လေးစားလိုက်နာပါသည်ဆိုသူတို့ကိုယ်တိုင် လုပ်ရပ်များက ဥပဒေနှင့် ညီ၊ မညီ၊ NLD အစိုးရနှင့် NLD ပါတီ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ​ပုဂ္ဂိုလ်​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ မသိခဲ့ခြင်းမှာ ဝမ်းနည်းစရာကောင်းလှသည်။

ထို့အတူ ပြည်ပအကူအညီရယူသော ရွေးကောက်ပွဲတစ်ခု၏ ရလဒ်သည် ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်ပါရဲ့လား၊ အနှစ်သာရကောရှိခဲ့ရဲ့လား မေးခွန်းထုတ်နေရမည်သာဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲကမ်ပိန်းကာလသည် ကိုဗစ် - ၁၉ ကို မြန်မာပြည်သူတစ်ရပ်လုံး အသည်းအသန်ရင်ဆိုင်နေရချိန်ဖြစ်သည်။ ပြည်သူကိုဗဟိုပြုသည်ဆိုသော အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးအန္တရာယ်ကို မည်သည့်အတွက်ကြောင့် မျက်ကွယ်ပြုခဲ့ကြပါသလဲ။ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ပြီးမှ ရွေးကောက်ပွဲလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲကို မည်သည့်အတွက်ကြောင့် အလျင်စလိုလုပ်ခဲ့ကြသနည်း။ စဉ်းစားစရာများ ရှိခဲ့မည်ဖြစ်သည်။ လွယ်လွယ်ကူကူ ကောက်ချက်ချနိုင်လောက်အောင်ကို ဘယ်အချိန်ပြိုင်ပြိုင်နိုင်သည်ဆိုသော NLD ပါတီဝင်များက ဤမျှ မိုက်မဲခဲ့ကြသည်ကို အံ့သြမဆုံးနိုင်ပါ။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တပ်မဲရုံများကို တပ်ပြင်ပသို့ ဘာကြောင့်ထုတ်ရပါသလဲ၊ နိုင်ငံအကျိုးစီးပွားနှင့် နိုင်ငံလုံခြုံရေးအတွက် အမြဲစဉ်းစားဆောင်ရွက်နေရသည့်တပ်မတော်ကို တစ်ချိန်လုံးဆန့်ကျင်ရလောက်အောင်ကို မိုက်တွင်းနက်ခဲ့ကြပါသည်။ တပ်စစ်သည်၊ ရဲမေအင်အား၊ တပ်တည်တပ်လှုပ်သတင်းအချက်အလက်များစွာ ရန်သူ့လက်ထဲပါသွားနိုင်သည်ကို မသိရလောက်အောင်ပင် ဆင်ခြင်တုံတရားကင်းမဲ့ခဲ့ကြသည်။

နောင်အနာဂတ်ရွေးကောက်ပွဲများတွင် ဒီမိုး၊ ဒီလေ၊ ဒီလူများနှင့် အလုပ်ဖြစ်ပါ့မလား။ တပ်မတော်နှင့် ပြည်သူသောကအပူထပ်မဖြစ်ရလေအောင် ကြိုတင်မြော်တွေးစဉ်းစားထားသင့်ပါသည်။ IFES ဟုခေါ်သည့် International Foundation of Electoral System ကို တချို့ကြားဖူးကြပါလိမ့်မည်။ နိုင်ငံတကာရွေးကောက်ပွဲအချို့မှာ ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုအတွက် ဆိုပြီးနည်းပညာပိုင်းအရ အကူအညီပေးရေးအစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် ထိုအစီအစဉ်သည် အမေရိကန်အလိုကျရလဒ်ထွက်ပေါ်စေရန် CIA အစီအစဉ်ဖြင့် မဲကစားခြင်းတစ်ခုထက်မပိုခဲ့ပါ။ ထုံးစံအတိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာ IFES အကူအညီဖြင့် ပံ့ပိုးထားသော ကွန်ပျူတာပညာရှင်များနှင့် ကွန်ပျူတာများအသုံးပြု၍ မဲမသမာမှုများ ပြုလုပ်ခဲ့ပုံရသည်ဟု ဆိုလိုပါသည်။

မလုပ်သင့်မလုပ်ထိုက်သည်ကို ဘာကြောင့် ကျူးလွန်ဝံ့ခဲ့ကြပါသလဲ

သို့ဖြစ်လျှင် ဤလူများက ယခုလို မလုပ်သင့်မလုပ်ထိုက်သည့် မဲမသမာမှုမျိုးကို မည်သည့်အတွက်ကြောင့် ကျူးလွန်ဝံ့ခဲ့ကြပါသလဲ၊၊ NLD နှင့် ပါတီထောက်ခံသူများစွာက ဤလို မသမာမှုမျိုးကို သူတို့ပါတီ၊ သူတို့ခေါင်းဆောင်များက ဘယ်တော့မှ ကျူးလွန်ခဲ့ခြင်းမရှိ၊ ကျူးလွန်မှာလည်းမဟုတ်ဟု မျက်စိပိတ်ငြင်းကြသည်။ အချို့က ပါတီနှင့် ခေါင်းဆောင်များအပေါ် ယုံကြည်မှုအစွန်းရောက် အစွဲလွန်ဝေဒနာဖြင့် ဗြောင်ငြင်းသည်။ အချို့က သိသိကြီးနှင့် ဘယ်လိုမှ အမှန်သိခွင့်ပေး​၍မရသည့် အခြေအနေများကြောင့် ငြင်းဆန်ရခြင်းဖြစ်သည်။

တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်က UEC နှင့် NLD မဲမသမာမှု များဖြစ်နေသည်၊ တိုင်းသိပြည်သိကမ္ဘာသိ ရှင်းလင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုသည်၊ အဆင့်ဆင့်စနစ်တကျတောင်းဆိုခဲ့သည်။ နိုင်ငံရေးပဋိပက္ခတစ်ခုကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းရန် လမ်းဖွင့်ပေးသည်။ နိုင်ငံကို အဆိုးဘက်ရောက်မသွားစေရန် အနုနည်းဖြင့်အနူးအညွတ် တောင်းဆိုမှုအပေါ် တင်းမာခက်ထန်စွာ တုံ့ပြန်ခံရသည့် အထောက်အထားများ လည်းရှိခဲ့သည်။ နားမလည်နိုင်သည်က ဥပမာမိမိကို သူခိုးဟု အကြိမ်ကြိမ်စွပ်စွဲခံရလျှင် မိမိ၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် ပြန်လည်ချေပရမည်သာဖြစ်သည်။ တကယ်သူခိုးဖြစ်ခဲ့လျှင်တော့ ငြင်းဆန်ကောင်းငြင်းဆန်မည် သို့မဟုတ် တုဏှီဘာဝေနေကောင်းနေမည်။ ယခုမူ NLD ဘက်က ဘာကြောင့်များ တရားလွန်နှုတ်ဆိတ်နေခဲ့ကြသလဲ၊ ဆိတ်ဆိတ်နေခြင်းသည်ပင် ဝန်ခံရာရောက်ပါသည်။

မထိန်းထိန်းအောင် မသိမ်း သိမ်းအောင် ထောင်ချောက်ဆင်ခဲ့ကြလေသလား

ပြည်သူအတွက်၊ နိုင်ငံအတွက်၊ မိမိပါတီဂုဏ်သိက္ခာအတွက် တစ်ခုခုထွက်မရှင်းသင့်ဘူးလား။ တစ်နည်း NLD ဘက်က တပ်မတော်အပေါ် အာဏာမသိမ်းသိမ်းဖြစ်အောင်ကို ထောင်ချောက်ဆင်ခဲ့ခြင်းလား၊ ဖြစ်တန်ရာသည်ဟုသာ မှတ်ချက်ပြုရမည်ဖြစ်သည်။ တကယ်တမ်းတပ်မတော်ခေါင်းဆောင်များကသာ အာဏာမက်ခဲ့လျှင် ထိုအဆင့်များကို လုပ်နေမည်မဟုတ်ပါ။ အကယ်၍ တပ်မတော်က အာဏာမထိန်းခဲ့လျှင်လည်း NLD အနေဖြင့် ပိုနေမြဲ ကျားနေမြဲ ခပ်တည်တည်ဆက်လျှောက်မည်၊ အစီအစဉ်အတိုင်း လုပ်စရာရှိတာလုပ်မည်။ တပ်မတော်က အာဏာထိန်းခဲ့လျှင်လည်း ပြည်သူနှင့် ထိပ်တိုက်တွေ့မည်၊ နိုင်ငံနှင့် ပြည်သူအထိနာပြီး တပ်နှင့်ပြည်သူသွေးကွဲမည်၊ တပ်ကို ပြည်သူက ပိုမုန်းသွားလိမ့်မည်။ နောက်ဆုံး အဖြူအမည်းမသဲကွဲကတပ်လည်း ပြိုကွဲ၊ နိုင်ငံလည်း တစ်စစီဖြစ်၊ အနောက်အုပ်စုအလိုကျဖြစ်ရတော့မည်။ အမှန်မှာ တပ်မတော်က အာဏာသိမ်းခြင်း၏ အကျိုးဆက်များကို တပ်မတော်ခေါင်းဆောင်များက ပိုသိ၊ ပိုနားလည်ပါသည်။ ပြည်သူနာမည့်၊ တိုင်းပြည်နာမည့်အလုပ်ကို တပ်မတော်က မလုပ်လိုသော်လည်း NLD ဘက်က အပြုအမူများကသာ တိုင်းပြည်နှင့် ပြည်သူအထိနာမည့်အခြေအနေဆီ တွန်းပို့သလိုဖြစ်ခဲ့ကြောင်းကို မြင်အောင်ကြည့်နိုင်ရမည်ဖြစ်သည်။

ဘာကြောင့် နှုတ်ပိတ်နေရသနည်း

ဤတွင် NLD ဘက်က ဘာကြောင့် နှုတ်ပိတ်နေသည်ကို စဉ်းစားစရာများရှိလာသည်။ ကြားဖြတ်ရွေးကောက်ပွဲများတွင် တဖြည်းဖြည်းရလဒ်မကောင်းတော့သည့် NLD ၏ အခြေအနေများ၊ ရွေးကောက်ပွဲမှာ NLD ပါတီက ရာနှုန်းပြည့် နိုင်ကို နိုင်ရမည်ဟူသည့် တိကျသော ရည်မှန်းချက်ကြီး ပြည့်မီရန်၊ အနောက်အုပ်စုနှင့် OIC အလိုကျ ဖျက်သိမ်းပြီးသား နိုင်ငံလုံခြုံရေးဥပဒေများ၏ ကတိကဝတ်များ ပိုမိုခိုင်မာအားကောင်း​စေရန်၊ NLD သက်တမ်းအတွင်း စိတ်တိုင်းကျမပြင်ဆင်နိုင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်သက်တမ်းမှာ ပြင်ဆင်သွားနိုင်ရန်နှင့် နိုင်ငံအမာခံတပ်မတော်ကို ပို၍ အင်အားချည့်နဲ့သွားစေရန် စသည့် အကြောင်းတရားများကြောင့်ဖြစ်ကြောင်း သုံးသပ် နိုင်ပါသည်။ ထို့ကြောင့်လည်း တပ်မတော်အပေါ် ပြည်သူများအထင်အမြင်လွဲအောင်၊ ဇာတ်နာအောင် အကြိမ်ကြိမ်ဇာတ်လမ်းဆင် ထိုးနှက်ခဲ့ကြ၊ လော်ဘီအင်အားများစွာဖြင့် ပြည်သူနှင့်တပ်မတော်အကြား သွေးခွဲခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံး လွှတ်တော်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူအများ အကျိုးအတွက်မေးခွန်း၊ အဆိုများမေးမြန်းတင်သွင်း၊ ဥပဒေများပြုရမည့်အစား သူတို့ပါတီအကျိုးအတွက် အနောက်အုပ်စုအလိုကျ ဘယ်လိုမှမဖြစ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ငြင်းခုံခြင်းဖြင့် အချိန်ကုန်ခဲ့ကြသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံအကျိုးငှာ လတ်တလောမလိုအပ်သေး၍ ဆန့်ကျင်ခဲ့ကြသည့် တပ်မတော်နှင့် ပြိုင်ဘက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုမူပြည်သူများ အထင်လွဲဇာတ်နာအောင် ဖန်တီးနိုင်ခဲ့၍ NLD ၏လိုလားချက်များ ပြည့်ခဲ့သည်ဟုတော့ ဆိုရမည်ဖြစ်သည်။ ရွေးကောက်ပွဲနီးမှ ရွေးကောက်ပွဲ Campaign အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားခဲ့ကြသည့် NLD ၏ စေတနာနှင့် လုပ်ရပ်ကို တွေးဆစေလိုပါသည်။

ဘာပဲဖြစ်ဖြစ် ယခုလိုကာလ ယနေ့လိုအခြေအနေမျိုးတွင် မြန်မာ့နိုင်ငံရေးနှင့်အတူ မြန်မာပြည်သူတို့ ကြုံတွေ့နေရသည့်ဒုက္ခအပေါင်းအစု၏ တရားခံမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ထိုစဉ်က UEC မှာသာ အဓိကတာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်ခဲ့ခြင်းက ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအနှစ်သာရတို့ကို ဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့် မျှခြေနိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်မည့် စေတနာနှင့် ခံယူချက်ကောင်းများကို မထားနိုင်ခဲ့ကြခြင်းနှင့် ညှိနှိုင်းမှုစွမ်းရည် အရည်အချင်းများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်ပါသည်။ ကောင်းမွန်သော ညှိနှိုင်းမှုစွမ်းရည်မျိုးကသာ အမှန်တရားကိုရရှိစေပြီး သို့မှသာ လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူရာတွင် အမှန်ထက်အများဆန္ဒအလေးထားသည့်စရိုက်ကို ရရှိစေမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။

အတွေ့အကြုံအရ ထိုကဲ့သို့မဖြစ်ခဲ့သော ပါတီနှင့် နိုင်ငံရေးသမားများကို မြန်မာပြည်သူတို့ အနာဂတ်မှာ ဘယ်လိုယုံကြည်လို့ရနိုင်မည်လဲ၊ ဒီလိုပါတီနှင့် ဒီလိုနိုင်ငံရေးသမားမျိုးတို့က ကောင်းမွန်မျှတသည့် နိုင်ငံရေးရေခံမြေခံတစ်ခုကို ဖန်တီးနိုင်စွမ်းရှိပါ့မလား၊ မြန်မာတို့၏ စရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်ပါဆောင်ရွက်နိုင်သည့် အရည်အချင်းဒီလူတွေမှာရှိပါ့မလား။ သူတို့အတော်မှားခဲ့ကြပါသည်။ သူတို့မှားသည့် ဒဏ်ကို ကျွန်တော်တို့ အတော်ခံနေရသည်။ အရေးကြီးသည်က ပြည်သူ၏ ယုံကြည်မှုဖြစ်ပြီး ထိုယုံကြည်မှုကို လျစ်လျူရှု၍မဖြစ်ပါ။ နောက်တစ်ကြိမ် လက်ညှိုး ထိုးမခံရဖို့ အရေးကြီးနေပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်) 

Source: MOI

မိုးမြင့်

အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား တကယ်ပဲညှိနှိုင်းလို့မရနိုင်တော့ဘူးလား
-

ပါဟယ်ဂမ်ဒေသဆိုတာ သိပ်ကိုအေးချမ်းတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ပါ။ သူ့ရဲ့တည် နေရာက အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ တို့ကြား ကက်ရှမီးယားဒေသမှာဖြစ်ပါတယ်။ သူတို့ နှစ်နိုင်ငံကြား စစ်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း ပါဟယ်ဂမ်မြို့က ငြိမ်းချမ်းတဲ့နေရာတစ်ခု၊ အပန်းဖြေလို့ ကောင်းတဲ့နေရာတစ်ခု၊ ခရီးသွားတွေကိုဆွဲဆောင်ပေးနိုင်တဲ့နေရာတစ်ခု၊   ပြောရရင်သိပ်ကိုသာယာနာပျော်ဖွယ်ကောင်းလွန်းတဲ့ နေရာလေးတစ်ခုပေါ့။

ဒါပေမဲ့ ဧပြီလ ၂၂ ရက်မှာတော့ အဲဒီလိုသာယာလွန်းလှတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ဟာ အကြမ်းဖက်သမားများကြောင့် ငရဲခန်းတစ်ခုသဖွယ် ချောက်ခြားခဲ့ရပါတော့တယ်။ တကယ်တော့ အကြမ်းဖက်သမားဆိုတာ အကြမ်းဖက်သမားစိတ်ပဲရှိတာပါ။ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ လူသတ်နေရရင်၊ သူတို့စိတ်ပျော်ရွှင်အောင် အဖျက်အမှောင့်လုပ်ငန်း တွေလုပ်နေရရုံနဲ့ ကျေနပ်နေတဲ့လူတန်းစားတစ်ရပ် ဖြစ်ပါတယ်။ အခုလည်း အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ပါဟယ်ဂမ်မြို့လေးကိုအလည် လာတဲ့ ခရီးသွား ၂၆ ယောက်ဟာ အသက်ဆုံးရှုံးခဲ့ရ ပါတယ်။ သူတို့ထဲကမှ ၂၅ ယောက်က အိန္ဒိယနိုင်ငံ သားတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ နီပေါနိုင်ငံသားပါ။

အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံထဲ မှာအခြေချနေတဲ့ The Resistance Front အမည်ရှိ အကြမ်းဖက်အဖွဲ့ငယ်လေးက သူတို့လုပ်တာပါဆိုပြီး အတိအလင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခု တိုက်ခိုက်မှုမှာ ပါကစ္စတန်အစိုးရရဲ့ထောက်ပံ့မှုပါနေ တယ်ဆိုပြီး အိန္ဒိယအစိုးရကပြောထားပါတယ်။ တစ် ချိန်တည်းမှာပဲ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီ တွေကလည်း ပါကစ္စတန်ထောက်လှမ်းရေးဌာနဖြစ် တဲ့ ISI က ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ လက်သည် အနေနဲ့ပါဝင်နေတယ်ဆိုတဲ့ သတင်းအချက်အလက် တွေကို အခိုင်အမာရရှိထားတယ်လို့ ဆိုထားပြန်ပါ တယ်။ အဲဒီအချက်အလက်တွေထဲမှာ တိုက်ခိုက်မှု လုပ်သူတွေဟာ မူဇာဖာရာဘတ်နဲ့ ကရာချိမြို့တို့မှာ ရှိတဲ့ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ရဲ့ လျှို့ဝှက် နေအိမ်တွေဆီသွားခဲ့တာကိုတွေ့ရှိထားမှုလည်းပါဝင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာပါကစ္စတန်ဘက်က ပါဝင် ကူညီမှုတွေ မလွဲမသွေရှိနေတယ်လို့ အိန္ဒိယဘက်က အတိအလင်းပြောထားတာဖြစ်ပါတယ်။ ပါကစ္စတန် ကတော့ သူတို့အနေနဲ့ဒီကိစ္စမှာပါဝင်မှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

အဲဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့သူတွေထဲကသုံးဦးဟာ ပါကစ္စတန်နိုင်ငံအခြေစိုက် လက်ရှကာ-အီး-တိုင်ဘာ (LeT) လို့အမည်ရတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ LeT အဖွဲ့ဆိုတာ ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြောရရင် ကမ္ဘာသိအကြမ်းဖက်အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့် အိန္ဒိယရဲတပ်ဖွဲ့က အဲဒီအကြမ်းဖက်သမားသုံးဦးကိုဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို ဆုတော်ငွေအဖြစ် ရူပီးနှစ်သန်းစီပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ကနေအသက်ရှင်သန်လွတ်မြောက်လာသူတွေရဲ့ ပြန်ပြောချက်အရသိရတာကအကြမ်းဖက် သမားများဟာ ဘာသာရေးကိုအခြေခံတဲ့အကြမ်း ဖက်တိုက်ခိုက်မှုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ပထမ ဦးစွာ စစ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ အကြမ်း ဖက်သမားများက ခရီးသွားတွေသာယာစွာရှုခင်းကြည့်နေတဲ့ မြက်ခင်းပြင်ရှိရာနေရာကိုဝင်လာပြီး တစ်ဦးချင်းစီရဲ့နာမည်တွေကိုမေးပါတယ်။ ပြီးရင် အစ္စလာမ်မစ်အဆိုအမိန့်တွေကို ရွတ်ခိုင်းပါတယ်။ မရွတ်နိုင်တဲ့သူတွေကိုတော့ သေနတ်နဲ့တေ့ပစ်သွားကြတာဖြစ်တယ်လို့ဆိုပါတယ်။

အခုကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အိန္ဒိယအစိုးရ က ပါကစ္စတန်နိုင်ငံနဲ့ဆက်ဆံရေးအဆင့်ကို လျှော့ချ လိုက်ပါတယ်။ သံတမန်ဝန်ထမ်းအရေအတွက်ကိုလည်း ၅၅ ယောက်ကနေအယောက် ၃၀ အထိလျှော့ချလိုက်ပါတယ်။ နှစ်နိုင်ငံကြားအဓိကကျတဲ့ နယ်စပ် ဂိတ်ကိုလည်းပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံကြားမှာ အရေးပါလှတဲ့ ရေမျှဝေရေးသဘောတူစာချုပ်အပေါ် လိုက်နာမှုကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ရပ်ဆိုင်း လိုက်ပါတယ်။ ဒါ့အပြင် တခြားသောလုပ်ဆောင်ချက် တွေကိုလည်း ဆောင်ရွက်လိုက်ပါသေးတယ်။ ဒီအချိန် မှာပဲ ပါကစ္စတန်ဘက်ကလည်း နှစ်နိုင်ငံကြားကုန် သွယ်မှုကိုရပ်ဆိုင်းလိုက်ခြင်းအပါအဝင် လက်တုံ့ပြန်မှုများစွာကိုလုပ်ဆောင်ပါတယ်။ အိန္ဒိယကနိုင်ငံအတွင်းမှာရှိတဲ့ ပါကစ္စတန်နိုင်ငံသားတွေအားလုံးကို ဧပြီလ ၂၇ ရက်မတိုင်မီထွက်သွားခိုင်းပြီး ဗီဇာတွေ အားလုံးကိုပယ်ချလိုက်သလို ပါကစ္စတန်ကလည်း အိန္ဒိယနိုင်ငံသားတွေရဲ့ဗီဇာတွေကို ခွင့်မပြုတော့ပါဘူး။

ဧပြီလ ၂၄ ရက်မှာတော့ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက နိုင်ငံအရှေ့မြောက်ပိုင်း ဘီဟာပြည်နယ် မှာမိန့်ခွန်းပြောစဉ် “အိန္ဒိယအစိုးရအနေနဲ့ အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိ လိုက်လံရှာ ဖွေချေမှုန်းသွားမယ်” လို့ကတိပြုကြောင်းပြောခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အိန္ဒိယဝန်ကြီးချုပ်ဟာ မိန့်ခွန်းပြောတဲ့အခါ ဟင်ဒီဘာသာစကားနဲ့သာပြော လေ့ရှိပေမယ့်   အခုတစ်ခေါက်မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ပါပြောလာတာဖြစ်ပါတယ်။ သူက ဘာတွေပြောသွားလဲဆိုတော့-

“ကျွန်တော့်အနေနဲ့ ဘီဟာမြေပေါ်မှနေ၍ တစ်ကမ္ဘာလုံးကို ပြောချင်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အကြမ်းဖက်သမားမှန်သမျှကိုသာမက သူတို့အပေါ် ထောက်ပံ့ပေးနေသူတွေကိုပါ လိုက်လံရှာဖွေပြီးအပြစ် ပေးသွားမှာပါ။ အိန္ဒိယနိုင်ငံရဲ့စိတ်ဓာတ်ဟာ အကြမ်း ဖက်ဝါဒကြောင့် ပြိုကွဲသွားမှာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကိုလည်း ဒီအတိုင်းလွှတ်ပေးထားမှာမဟုတ်ပါဘူး။ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်နိုင်တာ မှန်သမျှအားလုံးလုပ်ဆောင်သွားမှာပါ။ တစ်နိုင်ငံလုံး ကလည်း ခိုင်ခိုင်မာမာရပ်တည်သွားမှာဖြစ်ပါတယ်။”

ဧပြီလ ၂၄ ရက်မှာပဲ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှီဘားရှာရစ်က တပ်မတော်ထိပ်တန်းအရာရှိကြီးတွေ ပါဝင်တဲ့ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေး ကိုကျင်းပပါတယ်။ အဲဒီအစည်းအဝေးပြီးနောက် ဝန်ကြီးချုပ်ကပါကစ္စတန်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့လုံခြုံရေးကိုထိခိုက်စေမယ့် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို  ပြင်းထန်တဲ့လက် တုံ့ပြန်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ပြောထားပါတယ်။

အဲဒီလိုပြောပြီးလို့မကြာခင်မှာပဲ ပါကစ္စတန်တပ်မတော်အနေနဲ့ ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ သူတို့ရဲ့ အထူးစီးပွားရေးဇုန်အတွင်းရှိကမ်းရိုးတန်းဒေသမှာမြေပြင်မှမြေပြင်ပစ်ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ လုပ်ဖို့သတိပေးချက်ထုတ်ထားတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများက ပါကစ္စတန်ရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်များကပြောထားတာတွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယလေကြောင်းလိုင်းတွေအတွက် ပါကစ္စတန်ရဲ့ ဝေဟင်ကိုပိတ်လိုက်ပြီလို့လည်း ကြေညာထားပါ သေးတယ်။

အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မကြာခဏဆိုသလိုဖြစ်လေ့ ရှိပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေဖြစ်တိုင်းလည်း အကြမ်းဖက်သမားတွေက ပါကစ္စတန်နိုင်ငံထဲအခြေ စိုက်ကြသူတွေများပါတယ်။ ပါကစ္စတန်ဘက်က သူတို့အနေနဲ့  အကြမ်းဖက်သမားတွေကိုလက်ခံထား တာမရှိဘူးလို့ ဘယ်လိုပင်ပြောပြော အိန္ဒိယကတော့ ပါကစ္စတန်ပိုင်နက်ထဲအထိဝင်ပြီး အကြမ်းဖက်သမား တွေရဲ့စခန်းကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဆိုတာ ဘာသာရေးကိုအခြေခံတဲ့ပဋိပက္ခတွေနဲ့အတူ   နယ်မြေလုစစ်ပွဲတွေလည်းဖြစ်ပွားခဲ့ဖူးပါတယ်။ ဖြစ်ပွားခဲ့ဖူးတဲ့စစ်ပွဲတွေတိုင်းမှာလည်း နှစ်ဖက်စလုံးကထိခိုက်ဆုံးရှုံး မှုများနဲ့သာရင်ဆိုင်ခဲ့ကြရတာပါ။ ဒီမတိုင်ခင်ကာလမှာလည်း နှစ်နိုင်ငံစလုံးက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ကင်းလို့မရနိုင်တဲ့အခြေအနေကြောင့်ကောင်းဟန်ဆောင်ကာ ဆက်ဆံခဲ့ရတဲ့အနေအထားဖြစ်ပါတယ်။ အခုတကယ်တမ်းဖြစ်လာပြီလည်း ဆိုရော တစ်ယောက်နဲ့တစ်ယောက်လက်တုံ့ပြန်မှုတွေနဲ့သာ စတင်ခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် နောက်ထပ်ဘာဆက်ဖြစ်လာနိုင်လဲဆိုရင် သူတို့နှစ်နိုင်ငံရဲ့ရှေ့ဆက်လှုပ်ရှားမှုအပေါ်မှာသာမူတည်နေပါတယ်။ လေ့လာသူတချို့ကတော့ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှု ဖြစ်တဲ့အဆင့်အထိရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ ခုနှစ် ဘလာကော့အရေးအခင်းမှာဆိုရင် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခြင်းနဲ့လက်တုံ့ပြန်ခဲ့ပါတယ်။ စစ်ရေးအရကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယတပ်မတော်ကအင်အားပိုမိုတောင့်တင်းလာကာ ပါကစ္စတန်ကတော့ ပြည်တွင်းရေးအကျပ်အတည်းကြောင့် အရင်ကထက်အင်အားတောင့်တင်းလာတာမျိုးမရှိပါဘူး။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံဘက်က  ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေအပေါ်  လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုရင် ပါကစ္စတန်ဘက်ကလည်း ငြိမ်ခံနေမယ့်အခြေအနေတော့မရှိပါဘူး။

ဒီတစ်ကြိမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာထူးခြားတာတစ်ခုက အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင်ကိုက အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိလိုက် ရှာပြီးချေမှုန်းသွားမယ်လို့ဆိုထားတာပါ။ အရင်ဖြစ် စဉ်တွေတုန်းက အခုလိုမျိုးကတိပြုမှုကို မတွေ့ခဲ့ဖူး ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်အကြမ်းဖက်သမား တွေရဲ့တိုက်ခိုက်မှုဖြစ်စဉ်ဟာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဘယ်လိုမှညှိနှိုင်းလို့မရနိုင်တဲ့အခြေအနေဆီကို ရောက်စေမှာလား။ ဒါမှမဟုတ် ကြားဝင်စေ့စပ်ပေး သူတွေကြောင့် ပြန်ပြီးပြေလည်သွားမှာလားဆိုရင် ကျွန်တော်ကတော့ သူတို့နှစ်နိုင်ငံကြားတင်းမာမှု ပြေလျော့စေဖို့က အချိန်တော်တော်ကြာဦးမယ်လို့ မှတ်ချက်ပြုရပါလိမ့်မယ်။          ။

Ref: AGC

Source: https://myawady.net.mm/stories

ထက်မြတ်

အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်တည်ဆောက်မယ့် တရုတ်သမ္မတ
-

တရုတ်သမ္မတရှီကျင့်ဖျင်က လာမယ့်သီတင်းပတ်ကစပြီး အရှေ့တောင်အာရှသုံးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်တော့မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်မှာထုတ်ပြန်လိုက်ပါတယ်။ တရုတ်သမ္မတအနေနဲ့ အခုလိုမျိုး အရှေ့တောင်အာရှနိုင်ငံတွေဆီကို ခြေဦးလှည့်လာတာက သူ့ဆီမှာခိုင်လုံတဲ့ အကြောင်းပြချက်ကောင်းတစ်ခု ရှိနေမှာပါ။

တရုတ်သမ္မတရှီကျင့်ဖျင်က ဧပြီလ ၁၄ ရက်မှာ ဗီယက်နမ်နိုင်ငံကို ပထမဆုံးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကို ဆက်သွားမှာပါ။ ဧပြီလ ၁၈ ရက်အထိ အရှေ့တောင်အာရှသုံးနိုင်ငံဆီကို ခရီးဆက်မှာဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ ရှီကျင့်ဖျင်အတွက် ဒီနှစ် အတွင်းပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ တစ်ဦးနဲ့တစ်ဦးစည်းကြပ်ခွန်အပြန်အလှန် တိုးမြှင့်ကောက်ခံရင်းနဲ့ အချေအတင် ဖြစ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ရှီကျင့်ဖျင်ရဲ့အရှေ့တောင်အာရှခရီးစဉ်ထွက်ပေါ်လာတာဟာ တိုက်ဆိုင်မှုတော့ဟုတ်ဟန်မတူပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အရှေ့ တောင်အာရှနိုင်ငံများနဲ့ ဆက်ဆံရေးကို   ပိုမိုခိုင်မာအောင်တည်ဆောက်ဖို့ ရည်ရွယ်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဒီအချိန်မှာ နိုင်ငံအများစုက အမေရိကန်နိုင်ငံနဲ့ ခပ်လန့်လန့်ဖြစ်နေကြပုံပါ။ ဘာကြောင့်လဲဆိုရင် ဒေါ်နယ်ထရမ့်ဆိုတာ ပထမတစ်ကြိမ်သမ္မတသက်တမ်းမှာကတည်းက စိတ်မထင်ရင်မထင်သလိုလုပ်တတ်တဲ့ အလေ့အကျင့်လေးလည်း ရှိထားတော့ သူတို့အနေနဲ့ တော်တော်လေးသတိထားနေရတာပေါ့။ တစ်နည်းပြောရရင် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာတော့ အမှန်ပါပဲ။ တရုတ်နိုင်ငံကလည်း ဒီအခြေအနေမှာ အခွင့်အရေးကို လက်မလွတ်တမ်းအသုံးချတာလို့ ဆိုနိုင်ပါတယ်။

ဒေါ်နယ်ထရမ့်ကချမှတ်လိုက်တဲ့ စည်းကြပ်အခွန် ကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံမှစီးပွားရေးဝန်ကြီးများက အပြန်အလှန်စည်းကြပ်ခွန်ချမှတ် ခြင်းနဲ့တုံ့ပြန်မယ့်အစား အမေရိကန်နဲ့သာပြေလည်အောင်ညှိနှိုင်းဖို့ကို ပိုပြီးဦးစားပေးလိုတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင် အာရှနိုင်ငံများအတွက် တရုတ်နိုင်ငံက ပိုမိုယုံကြည်ကိုးစားလို့ရတဲ့ နိုင်ငံအဖြစ်ရပ်တည်နေကြောင်းကို ပြသလိုတဲ့အနေနဲ့ ရှီကျင့်ဖျင်က သူ့ရဲ့ခရီးစဉ်ကိုစတင်တာပါ။ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်မှာ မလေးရှားနိုင်ငံကို ထည့်သွင်းရွေးချယ်ထားခြင်းကလည်း ဒီအချက်ကို ပိုမိုထင်ရှားစေပါတယ်။  မလေးရှားနိုင်ငံဆိုတာ   ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတာပါ။

ဒီလအစောပိုင်းမှာတုန်းကတည်းက ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့သဘောထားကိုထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံက ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ ခိုင်မာမှုရှိတဲ့ ဆက်ဆံရေးကို ထူထောင်သွားဖို့ရှိနေတယ်လို့ ပြောခဲ့တာပါ။ ဒီလိုပြောဆိုချက်ကို အိမ်နီးချင်းနိုင်ငံများနဲ့ ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးတဲ့ အဆင့်မြင့်အရာရှိကြီးများအဆင့်ဗဟိုအစိုးရ အစည်းအဝေးမှာပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံများ နဲ့အပြန်အလှန်ယုံကြည်မှုခိုင်မာအောင်တည်ဆောက်ဖို့နဲ့ စက်မှုလုပ်ငန်းသာမက ထောက်ပံ့ရေး ကွင်းဆက်မှာပါ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်သွားဖို့ အတွက်တိုက်တွန်းထားတယ်လို့ Xinhua သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့က တရုတ်နိုင်ငံမှတင်သွင်းမယ့် ကုန်ပစ္စည်းများအပေါ်မှာ စည်းကြပ်အခွန် ကို ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်လို့ ဧပြီလ ၉ ရက်မှာထုတ်ပြန်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီစည်းကြပ်ခွန်ကို ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့လုပ်ဆောင်မှုကို လက်တုံ့ပြန်သွားမယ်လို့ဆိုထားပြီး အဲဒီကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိတိုက်သွားမယ်လို့ လည်းပြောထားပါသေးတယ်။

အရှေ့တောင်အာရှနိုင်ငံများကလည်း ထရမ့်ရဲ့ စည်းကြပ်အခွန်တိုးမြှင့်ကောက်ခံမှုကနေ ကင်းလွတ်ခွင့်မရခဲ့ပါဘူး။ အခုတရုတ်သမ္မတသွားမယ့်နိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့အပေါ် အမေရိကန်ကစည်းကြပ်အခွန် ၄၉ ရာခိုင်နှုန်း၊ ၄၆ ရာခိုင်နှုန်းနဲ့ ၂၄ ရာခိုင်နှုန်းစီအသီး သီးတိုးမြှင့်ကောက်ခံသွားမယ်လို့ ထုတ်ပြန်ထားတာပါ။ လက်ရှိမှာတော့ အမေရိကန်က တရုတ်ကလွဲလို့ ကျန်နိုင်ငံတွေအပေါ်ကောက်ခံမယ့်စည်းကြပ်အခွန်တွေကို  ရက် ၉၀ ကြာဆိုင်းငံ့ထားပေမယ့် အခြေခံ စည်းကြပ်အခွန်တိုးမြှင့်ကောက်ခံမှုဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

အခုအခြေအနေက အရှေ့တောင်အာရှဒေသရှိ နိုင်ငံများအပါအဝင် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ အမေရိကန်ဘက်ကို လိုက်ပါရမယ့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံအများစုကလည်း ထရမ့်ရဲ့ စည်းကြပ်ခွန်တင်းကျပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရနဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားဖို့ စိုင်းပြင်းနေကြပါတယ်။ အဓိကကတော့ အမေရိကန်ရဲ့စည်းကြပ်ခွန်ကနေ ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်ရရှိစေဖို့ အတွက်ပါ။

အရှေ့တောင်အာရှနိုင်ငံများထဲမှာဆိုရင် ဗီယက်နမ်နိုင်ငံက အမေရိကန်ဆီကနေ စည်းကြပ်ခွန်ကင်းလွတ်ခွင့်ရဖို့အတွက် သူ့ဆီကိုတင်သွင်းနေတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် သတ်မှတ်ထားတဲ့စည်း ကြပ်ခွန်တွေကိုဖယ်ရှားပေးဖို့ ကမ်းလှမ်းပေးထားပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ သူတို့ဆီကနေ အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်ပြီး အမေရိကန်နဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေလုပ်သွားမယ်လို့ဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်းမှာလွှမ်းမိုးမှုရှိလာတဲ့ နိုင်ငံတစ်နိုင်ငံလို့ပြောရရင်မမှားပါဘူး။ တစ်ဖက်မှာလည်း သူတို့ရဲ့ပို့ကုန်တင်ပို့မှုပမာဏက အလွန်ကို များပြားပါတယ်။ ဒီအချိန်မှာ တရုတ်အပေါ်ပစ်မှတ်ထားပြီး အမေရိကန်က စည်းကြပ်အခွန်တွေကိုအဆမတန်တိုးမြှင့်လိုက်တာဟာ တစ်နည်းအားဖြင့် ဆိုရင် ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်တာနဲ့ အတူတူပါပဲ။

ကုန်သွယ်ရေးစစ်ပွဲကို   စတင်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် နှစ်ဖက်စလုံးကအရှုံးနဲ့သာရင်ဆိုင်ရဖို့ကို ကြိုတင်ပြင်ဆင်ထားရမှာပါ။ ဆုံးရှုံးမှုနည်းတာနဲ့များတာသာ ကွာသွားပါလိမ့်မယ်။ ဒီအချိန်မှာ မိတ်ဖက်နိုင်ငံများကြား စီးပွားရေးအရ ဆက်ဆံရေးတိုးတက်နေဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့်လည်း တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံနဲ့ချစ်ကြည် ရင်းနှီးမှုရှိပြီးသားဖြစ်တဲ့ အရှေ့တောင်အာရှရှိနိုင်ငံများဆီကို ကိုယ်တိုင်အရောက်လာပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်လာတာကို  မြင်တွေ့လာရတာ ဖြစ်ပါတယ်။

Ref: SCMP

အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒ အကျိုးအမြတ်ကို ငလျင်ဘေးနှင့်အတူ ခံစားသိရှိရ
-

အိန္ဒိယ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First) အယူအဆသည် (၂၀ဝ၈) ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း မိုဒီ လက်ထက် (၂၀၁၄) ခုနှစ်တွင်သာ အကောင်အထည်ဖော်ဆောင် ရွက်ရန် တွန်းအားပေးမှုများရရှိခဲ့သည်။ယင်းမူဝါဒသည် ရလဒ်ကိုသာဦးတည်ပြီး အပြန်အလှန် အကျိုး မမျှော်ကိုးဘဲ အခြေခံအားဖြင့် အိမ်နီးချင်းများနှင့် ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မွေးမြူ ထူထောင်နိုင်ရန် ရည်ရွယ်နေသည်။ ယင်းမူဝါဒသည် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီဂျစ်တယ်၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အတူ အိမ်နီးချင်းနိုင်ငံများနှင့်အချင်းချင

အိန္ဒိယ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First) အယူအဆသည် (၂၀ဝ၈) ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း မိုဒီ လက်ထက် (၂၀၁၄) ခုနှစ်တွင်သာ အကောင်အထည်ဖော်ဆောင် ရွက်ရန် တွန်းအားပေးမှုများရရှိခဲ့သည်။ယင်းမူဝါဒသည် ရလဒ်ကိုသာဦးတည်ပြီး အပြန်အလှန် အကျိုး မမျှော်ကိုးဘဲ အခြေခံအားဖြင့် အိမ်နီးချင်းများနှင့် ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မွေးမြူ ထူထောင်နိုင်ရန် ရည်ရွယ်နေသည်။ ယင်းမူဝါဒသည် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီဂျစ်တယ်၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အတူ အိမ်နီးချင်းနိုင်ငံများနှင့်အချင်းချင်း ချိတ်ဆက်မှုတိုးမြှင့်ရေးတို့ကို အာရုံစိုက်ထားသည်။ အိမ်နီးချင်း ဦးစားပေး မူဝါဒအရ အိန္ဒိယ၏ မဟာဗျူဟာနှင့်လုံခြုံရေးဆိုင်ရာတွက်ချက်မှုတွင် အရှေ့တောင်အာရှ ကို ပြန်လည် ဦးစားပေးလာခဲ့သည်။အိန္ဒိယသည် လုံခြုံရေး၊ မဟာဗျူဟာနှင့် အခြေအနေအကြောင်း အရင်းများစွာကြောင့် တောင်အာရှတွင် အခိုင်အမာ တည်ရှိနေသည်။ အိန္ဒိယနှင့် ၎င်း၏အိမ်နီးချင်းများ သည် နယ်နိမိတ်ချင်းထိစပ်နေခြင်းနှင့်အတူ လူမျိုးရေး၊ သမိုင်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုများဖြင့် ချည်နှောင်ထားကြသည်။ရည်ရွယ်ချက်အားဖြင့် မည်သို့ပင်ခိုင်မာစေကာမူ ယင်းမူဝါဒသည် ထောင်စုနှစ် အစပိုင်းကတည်းက အပြောင်းအလဲများကိုကြုံတွေ့ခဲ့ရသည်။ဆယ်စုနှစ်ကုန်ပိုင်းတွင် ဘူတန်၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊နီပေါ၊မော်လ်ဒိုက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးမတည်ငြိမ်မှု များနှင့် သီရိလင်္ကာ ပြည်တွင်းစစ်တို့က အိန္ဒိယအတွက် အကျပ်ရိုက်စေခဲ့ပြီး စိန်ခေါ်မှုအသစ်များ ဖြစ်လာစေခဲ့သည်။ထိုအချိန်က ပြည်တွင်း၌လည်း အမျိုးမျိုးသောပဋိပက္ခများကြောင့် အိန္ဒိယအစိုးရ သည် ထွန်းသစ်စ တရုတ်နိုင်ငံကို ကျော်တက်ဖို့ရာ အခက်အခဲများစွာရှိခဲ့သည်။ ထို့နောက် (၂၀၁၄) ခုနှစ်တွင် BJP အစိုးရသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပြန်လည်အာရုံစိုက်ရန်ကြိုးပမ်း လာခဲ့သည်။မိုဒီ၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီနှင့် သဘာဝဘေးတုံ့ပြန်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊နိုင်ငံရေးအရ ထိတွေ့ဆက်ဆံ မှုများ၊ရင်းနှီးမြှုပ်နှံမှုများနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ကျယ်ပြန့်လာခဲ့ပြီး အဆိုပါနိုင်ငံများ၏ အကျိုးစီးပွားများကို ပိုမိုမြော်မြင်လာခဲ့သည်။ အိန္ဒိယသည် ပူးပေါင်းဆောင်ရွက်မှု၊ပူးပေါင်းပါဝင်မှုများ ကိုအရှိန်မြှင့်တင်ရန်နှင့် ၎င်း၏ လုံခြုံရေးအကျိုးစီးပွားများ၊ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို မြှင့်တင်ရန်အတွက် မိတ်ဖက်အစိုးရများ၊ ခေါင်းဆောင်များ၊ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုးမြှင့်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးအင်အားကြောင့် မိတ်ဖက်အစိုးရများသည်ပင် တရုတ်ကို လွန်ဆန်၍မရကြောင်း သိမြင်လာခဲ့သည်။ ထို့နောက် မိုဒီသည် ၎င်း၏ မူဝါဒကို အတင်းအကျပ်ပြုခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကြား မျှတအောင်ထိန်းညှိပေးထားပြီး တင်းကြပ် သော အစီအမံများက ပို၍သိမ်မွေ့လာခဲ့သည်။အစောပိုင်း အတင်းအကျပ်ပြုသည့် အစီအမံများတွင်နီပေါနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မော်လ်ဒိုက်နိုင်ငံအပေါ် စစ်ရေးအရ အင်အားပြခြင်းတို့ ပါဝင်ခဲ့သော်လည်း ယခုအခါ အိန္ဒိယဈေးကွက်များသို့ ဝင်ရောက်ခွင့်ပေးခြင်းနှင့် အကူအညီများပေးခြင်း တို့အပေါ် အဓိကထားအာရုံစိုက်လာခဲ့သည်။ အတင်းအကျပ်ပြုသည့် အစီအမံများကို အသုံးပြုခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးရာများတွင်ပါဝင်ခြင်းသည် ယင်းနိုင်ငံများကို အိန္ဒိယနိုင်ငံနှင့် ပို၍ဝေးကွာစေပြီး အခြားရွေးချယ်စရာဖြစ်သော တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စေမည်ကို နားလည် သဘောပေါက်လာခဲ့သည်။မူဝါဒ၏ အဓိကလက်နက်ကိရိယာတစ်ခုမှာ ဆက်သွယ်ရေးနှင့်စီးပွားရေး ဆက်စပ်မှုများမှ တစ်ဆင့် အိမ်နီးချင်းများနှင့် အပြန်အလှန်မှီခိုမှုများ၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန်ဖြစ်သည်။အပြန်အလှန်မှီခိုမှုများမှတစ်ဆင့် တရုတ်ဩဇာကို တန်ပြန်နိုင်ပြီး ၎င်း၏လုံခြုံ ရေးကို အားကောင်းစေကာ ၎င်း၏အကျိုးစီးပွားများကိုမြှင့်တင်နိုင်သည်ဟု အိန္ဒိယက ယုံကြည်လာသည်။ထို့ကြောင့် အိန္ဒိယသည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့နှင့်အတူ လမ်း၊ ရထား၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်း ဆိပ်ကမ်းဆက်သွယ်ရေးဆိုင်ရာစီမံကိန်းပေါင်း(၁၀ဝ)ကျော်ကို စတင်ခဲ့သည်။အိမ်နီးချင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ကူညီရန် ထောက်ပံ့ငွေများ နှင့်အတူ အတိုးနှုန်း (၁ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၇၅) ရာခိုင်နှုန်းဖြင့် ချေးငွေများ ပေးအပ်ခဲ့ သည်။(၂၀၁၅) ခုနှစ်တွင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၈) ဘီလီယံ၊ နီပေါနိုင်ငံသို့ (၁ ဒသမ ၃) ဘီလီယံ၊ သီရိ လင်္ကာနိုင်ငံသို့ (၁ ဒသမ ၇) ဘီလီယံနှင့် မော်လ်ဒိုက် နိုင်ငံသို့ သန်း(၈၀)တန်ဖိုးရှိချေး ငွေများ ချပေးခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များသည် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကိုဖြည့်ဆည်းပေးခဲ့ပြီး စီးပွားရေး အခက် အခဲများနှင့် ရင်ဆိုင်နေရသော တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများကို အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသည် ပထဝီနိုင်ငံရေးအရ အိန္ဒိယအပေါ် တဖြည်းဖြည်း ယုံကြည် ကိုးစား လာကြသည်။ အိန္ဒိယ၏မူဝါဒသည် ကိုဗစ်ကပ်ရောဂါ၊ ယူကရိန်းပဋိပက္ခနှင့်အတူ ပေါ်ပေါက် လာသော စွမ်းအင်နှင့်စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန် ကဲ့သို့သော အခက်အခဲကြုံတွေ့ရချိန်များတွင်လည်း ၎င်း၏အိမ်နီးချင်းနိုင်ငံများကို မျက်ကွယ်ပြု မထားခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာပေါ် ပေါက်လာ ချိန်တိုင်း အိန္ဒိယသည် ပထမဦးဆုံး တုံ့ပြန်သူဖြစ်သည်သာမက ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက် ဘေးကင်းလုံခြုံရေး ကွန်ရက်တစ်ခုလည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ယင်းမူဝါဒမှ အကျိုးအမြတ်များစွာ ရရှိခံစားနေသည်။ အိန္ဒိယသည် မည်သည့်အစိုးရ၊ မည်သည့်အုပ်ချုပ်မှုပုံစံတွင်ဖြစ်စေ မြန်မာနိုင်ငံအား အလေးထား ပြုမူဆက်ဆံခဲ့သည့်နိုင်ငံဖြစ်ခဲ့သည်။ မကြာသေးမီက မတ်လ (၂၈) ရက် တွင် ကြုံတွေ့ခဲ့ရသော ငလျင် ဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း အိန္ဒိယအစိုးရသည် မြန်မာနှင့် တစ်သားတည်း ရပ်တည်ပေး ခဲ့သည်။ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းနည်းကြောင်း တိုက်ရိုက်ဆက်သွယ် စကားပြောကြား၍ မြန်မာ့အကျပ်အတည်း ကာလ အတွင်း အိန္ဒိယက တစ်သားတည်းရပ်တည်လျက် ရှိနေကြောင်း မိုဒီ၏ လူမှုကွန်ရက် X စာမျက်နှာ ထက်တွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကို အကြီးအကျယ်ပျက်စီးစေခဲ့သော ငလျင်ကြီး အပြီး တွင် အိန္ဒိယနိုင်ငံသည် “ဗြဟ္မာစစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ငလျင် ဖြစ်ပွားပြီး (၂၄) နာရီပင်မပြည့်သော အချိန် ကာလအတွင်းမှာပင် လေယာဉ်ဖြင့် အရေးပေါ်အကူအညီများ ပေးပို့ခဲ့သည်။ အဆိုပါ အရေးပေါ် အကူအညီများတွင် စောင်၊တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊sleeping bags၊ နေရောင်ခြည် သုံးမီးအိမ်များ၊အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။ ထို့ပြင် ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ၃၁ ရက်) ကလည်း အိန္ဒိယ စစ်ရေယာဉ်နှစ်စင်းဖြင့် တန်ချိန် (၅၀)ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးပို့လာခဲ့ပြန်သည်။ လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လေယာဉ် (၅) စင်း အပြင် စစ်ရေယာဉ် (၅) စင်းစာ အထောက်အပံ့များ ပေးပို့ကူညီလာကြောင်းတွေ့ရသည်။ ထို့ပြင် အိန္ဒိယ သည် အထူးပြုရှာဖွေကယ်ဆယ်ရေးကိရိယာများဖြစ်သည့် ကွန်ကရစ်ဖြတ်စက်များ၊တူးဖော်စက် များနှင့် ခွေးတပ်သားများအပါအဝင် အဖွဲ့ဝင် (၈၀) ပါဝင်သော အမျိုးသားသဘာဝဘေး တုံ့ပြန်ရေး တပ်ဖွဲ့ (NDRF) ကိုလည်း စေလွှတ်ခဲ့သည်။အဆိုပါအဖွဲ့သည် အပျက်အစီးများအောက်တွင် ပိတ်မိ နေသော အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဂျေဆဝါလ်က တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဆောင်ရွက်ခဲ့သော“Operation Dost”ကဲ့သို့ ယခင်အကူအညီပေးရေးမစ်ရှင် များကိုကိုးကား၍ ဒေသတွင်း သဘာဝဘေးအန္တရာယ်များတွင် အိန္ဒိယသည် “ပထမဦးဆုံးတုံ့ပြန်သူ” ဖြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံအား ထောက်ပံ့ပေးနေသော “ဗြဟ္မာစစ်ဆင်ရေး” နှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ “ကမ္ဘာကြီးသည် မိသားစုတစ်ခု တည်းသာဖြစ်သည်”ဟူသော အယူအဆကိုရည်ညွှန်း၍ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ကူညီ ဖေးမမှုများက ထိုအယူအဆကို အားဖြည့်ပုံဖော်လျက်ရှိကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြား ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံအတွက် ရှေ့အစဉ်အဆက်ကတည်းက အိမ်နီးချင်းနိုင်ငံကောင်း ဖြစ်ပေးခဲ့သည်။ယခုကဲ့သို့ ဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် ၎င်းတို့၏ ဖေးမကူညီမှုများကို ပို၍ပင် ခံစားသိမြင်လာရသည်။ အိန္ဒိယအနေဖြင့် ၎င်း၏အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိမ်နီးချင်းနိုင်ငံများ အပေါ် ကောင်းမွန်စွာဆက်ဆံပေးနေသည်ဆိုစေကာမူ မိတ်ဖက်နိုင်ငံများအပေါ် ချည်နှောင်မှုမရှိသော ထိုအကူအညီများကြောင့် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးက အချိန်ကြာလာ သည်နှင့်အမျှ တိုးတက်လာရန်လမ်းသာရှိပါကြောင်း ရေးသားလိုက်ရပါသည်။

တင်ဇာ (NP News)

မဲခေါင်-လန်ချန်း ဒေသတွင်းပေါင်းစည်းမှုနှင့် မျှဝေသော အနာဂတ်
-

ဒေသတွင်းပေါင်းစည်းမှု

ဒေသတွင်းပေါင်းစည်းမှု(Regional Integration)များသည် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် ဦးစားပေးမူဝါဒတစ်ရပ်အဖြစ် ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပေါင်းစည်းခြင်းဖြင့် ဒေသတွင်းပေါင်းစည်းမှု အနေဖြင့်သာမက နိုင်ငံတကာ အသိုက်အဝန်းတွင်ပါ ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်ကောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော  ပေါင်းစည်းမှုမဟာဗျူဟာ (Competitive Integration Strategy)ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

အချိန်နှင့်အမျှတိုးတက် ပြောင်းလဲလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းများနှင့် မမျှော်မှန်းနိုင်သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြောင့် နိုင်ငံများသည် ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အတွေးအမြင်သစ်များဖြင့် ရှုမြင်လာခဲ့ကြပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်(Regional Cooperation Mechanism)များမှာလည်း ပိုမိုအားကောင်းလာခဲ့သည်ကို လေ့လာတွေ့ရှိရသည်။  ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ၏   ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအပေါ်   အကျိုးသက်ရောက်မှုများနှင့်ရလဒ်များကို လက်တွေ့သိမြင်ခဲ့ကြပြီးနောက် ယင်းလုပ်ငန်းစဉ်များမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို   ဖော်ထုတ်ဖြည့်ဆည်းနိုင်မည့် ဦးစားပေး အစီအစဉ်များ ချမှတ်ကာ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ လျှော့ချရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးတို့ကို ပေါင်းစည်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။

ဒေသတွင်းပေါင်းစည်းမှု မြှင့်တင်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများအကြား  အကျိုးစီးပွားမျှဝေမှု၊ ဒေသတွင်း ဘုံစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းမှု၊ တည်ငြိမ်အေးချမ်းမှု၊    အပြန်အလှန် နားလည်လေးစားမှု၊ ဒေသတွင်းရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် ကဏ္ဍစုံအစုအဖွဲ့(Stakeholder)များအကြား   ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ်  ဆန်းယမြို့၌ “Shared River, Shared Future”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း(Sanya Declaration)ကို ထုတ်ပြန်ကြေညာ၍ တရားဝင်စတင် ထူထောင်ခဲ့သော မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုသည်     ယခုအခါ ကိုးနှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု ကိုးနှစ်တာ ကာလအတွင်း  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများ၏ လူမှုဘဝသာယာ ဝပြောရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရေး၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပြုရေး၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်  ၂၀၃၀ ကို တိုးမြှင့်အကောင်အထည်ဖော်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဦးတည်ကာ  စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အခြေခံမူများဖြစ်သည့် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု(Equality)၊ အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်မှု(Mutual Consultation and Coordination)၊ ဆန္ဒအလျောက်ပါဝင်မှု(Voluntarism)၊ စုပေါင်းပါဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုးအမြတ်များမျှဝေခံစားမှု   (Shared Benefits)၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု(Respect for UN Charter and International Laws)တို့နှင့်အညီ ခေါင်းဆောင်များ၏ လမ်းညွှန်မှုနှင့်အစိုးရကဦးစီးမှု (Leaders’ Guidance and Government-Guided)၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့်  ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှု (All-Round Cooperation and Broad Participation)နှင့် စီမံကိန်းဦးစားပေးပူးပေါင်း ဆောင်ရွက်မှုပုံစံ (Project-Oriented Model)တို့ဖြင့် စနစ်တကျပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်(၃)ရပ်ဖြစ်သည့် နိုင်ငံရေးနှင့်လုံခြုံရေး (Political and Security Issues)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး (Economic and Sustain-able Development)နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့်ပြည်သူ အချင်းချင်း အပြန်အလှန်ဆက်သွယ်ရေး (Social, Cultural and People-to-People Exchanges)တို့အပေါ်အခြေခံကာ ဦးစားပေးကဏ္ဍ ငါးခုဖြစ်သည့်ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု(Cross-border Economic Cooperation)၊ ရေအရင်းအမြစ်(Water Resources)နှင့်စိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး (Agriculture and Poverty Reduction)နှင့် ထပ်မံထည့်သွင်းခဲ့သည့် ဦးစားပေးကဏ္ဍ ၁၀ ခုဖြစ်သော ဘဏ္ဍာရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အကောက်ခွန်၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာနှင့်လျှပ်စစ်စွမ်းအင်တို့ကို ပေါင်းစပ်ကာ 3+5+X Framework  မူဘောင်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ကိုပါ ဦးစားပေးကဏ္ဍများ အဖြစ် ထည့်သွင်း၍ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၌ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းသွားရန် ၂၀၁၆ ခုနှစ်   ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့်   ဒုတိယအကြိမ် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) [Mekong-Lancang Cooperation-National Coordination Unit (Myanmar)-MLC-NCU(Myanmar) ကို ၂၀၁၇ ခုနှစ် မေလ ၁၂  ရက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့(မြန်မာ)သည် အဓိကတာဝန်များဖြစ်သည့် စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရေးအတွက် စီမံကိန်း အကောင်အထည်ဖော်သည့်  ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်ဝန်ကြီးဌာနများအား မူဝါဒပိုင်းဆိုင်ရာ အထောက်အကူပြုခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့် ကိုက်ညီသည့် စီမံကိန်းများကို အဆိုပြုနိုင်ရေး ကူညီဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်းများ အရည်အသွေးပြည့်မီရေး၊   အချိန်မီပြီးစီးရေး၊  စီမံကိန်းအကောင်အထည်ဖော်မှုနှင့် စီမံကိန်းအဆိုပြုလွှာ ကိုက်ညီမှုရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း တို့ကိုအချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုပုံရိပ်များကို နိုင်ငံတကာနှင့် ပြည်သူလူထုသို့ အသိပေး မျှဝေလျက်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်သည်။

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေစီမံကိန်းများ

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(MLC Special Fund)ကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် လည်းကောင်း၊ အတိုးနှုန်း သက်သာသောချေးငွေ(Concessional Loan)ကို ယွမ် ၁၀ ဘီလီယံဖြင့် လည်းကောင်း၊ အခြားချေးငွေ(Credit Line)ကို အမေရိကန်ဒေါ်လာ ၁၀ဘီလီယံဖြင့် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ(South-South Cooperation Fund)ကို အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီးမတည် ထူထောင်ပေးရန် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ပုံငွေ(၄)ရပ်ကို မတည်ထူထောင်ပေးခဲ့သည်။

အဆိုပါရန်ပုံငွေ(၄)ရပ်အနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူအကျိုးပြုစီမံကိန်း  ၈၈၀ ကျော်ကို ၂၀၁၇ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များစွာကို ဖော်ဆောင်နိုင်ခဲ့ကြောင်း အသိအမှတ်ပြု ဖော်ပြအပ်သည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(Mekong-Lancang Cooperation Special Fund) ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၁၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး စီမံကိန်းများ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကာ ကျန်စီမံကိန်းများမှာလည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် စီမံကိန်းဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူပြုသကဲ့သို့ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၇ ခုအနက် ရည်မှန်းချက်(၁)ဆင်းရဲမှု အဆုံးသတ်ရေး၊ ရည်မှန်းချက်(၂) စားနပ်ရိက္ခာ ဖူလုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး၊ ရည်မှန်းချက်(၆) သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရည်မှန်းချက်(၉) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စက်မှုအသွင်ကူးပြောင်းရေးနှင့် တီထွင်ဆန်းသစ်မှုများ အားပေးရေး၊ ရည်မှန်းချက်(၁၀)အဖွဲ့ဝင် နိုင်ငံများအကြား မညီမျှမှုများလျှော့ချရေး၊ ရည်မှန်းချက်(၁၁)မြို့ပြများ ဘေးကင်းလုံခြုံ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက်(၁၅) ဂေဟစနစ်၊ သစ်တော၊ မြေဆီလွှာနှင့် ဇီဝမျိုးစိတ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ ရည်မှန်းချက်(၁၆) ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်းများ အားပေးထူထောင်ရေး တို့ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်ခဲ့ကြောင်း ဂုဏ်ပြုဖော်ပြအပ်သည်။

မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း မြန်မာနိုင်ငံသည်   မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်တွင်ကျင်းပခဲ့သော တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခဲ့သည်။ ထို့နောက် စတုတ္ထအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  Video  Conferencing စနစ်ဖြင့်  လက်ခံကျင်းပခဲ့ပြီး ထိပ်သီးအစည်းအဝေး ရလဒ်များ အဖြစ် နေပြည်တော်ကြေညာစာတမ်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  ငါးနှစ်တာလုပ်ငန်း အစီအစဉ်(၂၀၂၃-၂၀၂၇)နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှု စင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်တို့ကို  အတည်ပြု ကြေညာနိုင်ခဲ့သည်။ အစည်းအဝေးတွင် အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို  ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုပူးတွဲဥက္ကဋ္ဌ  တာဝန်ယူစဉ်ကာလအတွင်း   စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသဆိုင်ရာအစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေး၊  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ လူ့အဖွဲ့အစည်းများအကြား အပြန်အလှန်သင်ယူမှုနှင့် အမြင်ချင်းဖလှယ်မှု တိုးမြှင့်ရေးနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး    စသည့်ကဏ္ဍများတွင် ဦးစားပေးပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေသော အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်မှု  ဦးစားပေးကြွေးကြော်သံ (Development First)ဆောင်ပုဒ်နှင့်အညီ မျှဝေသော အနာဂတ်နှင့်အတူ ပိုမိုနီးကပ်သည့် အသိုက်အဝန်းတစ်ခု ထူထောင်သွားရေး၊ ပိုမိုချိတ်ဆက်နိုင်မည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုစင်္ကြံတစ်ခု တည်ဆောက်သွားရေး၊ ပိုမိုစိတ်ချလုံခြုံ၍ ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်တစ်ခု တည်ဆောက်သွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများသို့ ဦးတည်လှုပ်ရှားရေး၊ ပိုမိုထူးခြားသည့် ဝိသေသလက္ခဏာရပ်များဖြင့်  ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ရေး တို့ကို    ထိရောက်စွာဆောင်ရွက် သွားရေးနှင့် အလုံးစုံပါဝင်သော  ပူးပေါင်းဆောင်ရွက်မှုကို  တိုးမြှင့်ဖော်ဆောင်သွားရေး တို့ကို  ဦးစားပေး လုပ်ငန်းရပ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ကိုးနှစ်တာကာလ တစ်လျှောက်  ပူးပေါင်းဆောင်ရွက်မှု ရလဒ်များသည်  အောင်မြင်သော ဒေသတွင်းပေါင်းစည်းမှု လုပ်ငန်းစဉ်များ၏ ဝိသေသ လက္ခဏာများဖြစ်သည့်    အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အပေါ် ရပ်တည်ချက် သဘောထားတူညီမှု၊ ဒေသတွင်းအဖွဲ့အစည်းများ အကြား အပြန်အလှန် အကျိုးပြုမှု၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ရန်ပုံငွေထူထောင်ထားရှိမှုနှင့် စနစ်ကျသော ပူးပေါင်းဆောင်ရွက်မှု မူဘောင်ချမှတ် ဆောင်ရွက်မှု စသည်တို့နှင့် ကိုက်ညီမှုရှိသဖြင့် အောင်မြင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှီတင်း နေထိုင်ကြသည့်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို    များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း ဂုဏ်ပြုဖော်ပြအပ်သည်။

မြန်မာနိုင်ငံသည်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာပါဝင်၍  အဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊   အပြန်အလှန်လေးစားမှု၊  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်ယုံကြည်မှု၊   သာတူညီမျှရှိမှု    စသည့်မူများအပေါ် အခြေခံကာ  ဒေသတွင်း ပေါင်းစည်းမှုကို ဦးစားပေးမူဝါဒတစ်ရပ်အဖြစ် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိသည့်    ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို   အကျိုးရှိစွာအသုံးချ၍ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးတို့ကို တစ်ပြိုင်နက် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(Global Development Initiative)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်   (Global   Security Initiative)နှင့်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအစဉ်(Global CivilizationInitiative)တို့တွင်လည်း   တက်ကြွစွာ   ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ထပ်လောင်းဖော်ပြ၍  (၉)ကြိမ်မြောက်  မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။   ။

ထက်ထက်အောင် MLC-NCU (Myanmar)

လူသားချင်း စာနာမှုအတွက် စည်းလုံးညီညွတ်ခဲ့ပြီး မယုံကြည်မှုတံတိုင်းကြီးကို အပြီးအပိုင် ဖြိုချနိုင်ခဲ့သည့် ထရမ့်နှင့် ပူတင်တို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
-

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံမှ ထူးခြားသည့် ခေါင်းဆောင်များသည် လူသားချင်း စာနာမှုအတွက်   စည်းလုံးညီညွတ်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ဦးဖြစ်သူ စတိဝှစ်ကော့က ပြောကြားခဲ့သည်ကို တွေ့ရသည်။

စတိဝှစ်ကော့၏ အဆိုပါပြောကြားချက်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က အမေရိကန်အစိုးရ၏ အဆိုပြုချက်ကို   သဘောတူလိုက်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ထရမ့်နှင့်ပူတင်တို့ကြား သဘောတူညီချက် ချမှတ်နိုင်ခဲ့သည့်နည်းတူ အမေရိကန်-ရုရှား ဆက်ဆံရေးမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာမည့် အလားအလာရှိသည်ဟု     စတိဝှစ်ကော့က ဆက်လက်ပြောကြား ထားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ သမ္မတများဖြစ်သည့် ထရမ့်နှင့်ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ခြင်းသည် အမေရိကန်နှင့်ရုရှားနိုင်ငံတို့ကြား ကာလရှည်ကြာဖြစ်ပေါ်နေခဲ့သည့် မယုံကြည်မှု တံတိုင်းကြီးကို အပြီးအပိုင်ဖြိုချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရုရုားအစိုးရကလည်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထရမ့်နှင့်ပူတင်တို့သည် ယူကရိန်းနှင့်ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မတ်လ ၁၈ ရက်တွင် ၂ နာရီခွဲခန့်ကြာမြင့်သည့် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးစဉ် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးကြား တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုကို မော်စကိုစံတော်ချိန်  ညနေ ၅ နာရီတွင် စတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားတို့ကြား ချမှတ်ခဲ့သည့် သဘောတူညီချက်အရ ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် တစ်နိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို  အခြားတစ်နိုင်ငံက တိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိ ဝှစ်ကော့ကပြောသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံရှိ အဓိကစွမ်းအင် စက်ရုံများအပေါ် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်နေခဲ့ပြီး ရုရှားတပ်မတော်ကလည်း ယူကရိန်းက လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်များအား ပစ်ချ၍ ယူကရိန်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်နေခဲ့သည်။ သို့သော် ယခုအခါ   အဆိုပါတိုက်ခိုက်မှုများအား ရပ်တန့်ရမည်ဖြစ်သည်။

ထို့ပြင် ရုရှားအနေဖြင့် ထရမ့်ကအဆိုပြုသည့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်ခြင်းအား ရက်ပေါင်း ၃၀ ကြာ ရပ်တန့်ရန်၊ ရုရှားနှင့် ယူကရိန်းတို့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်ရန်၊ ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်လွှဲပြောင်းရန်နှင့် ပင်လယ်ပြင်အတွင်း၌လည်း အပစ်အခတ်ရပ်စဲရန်တို့ကို သဘောတူခဲ့သည်။

အမေရိကန်နှင့် သဘောတူညီချက် ချမှတ်ပြီးနောက်ပိုင်းတွင်  ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်ဆိုင်းရန်နှင့် စွမ်းအင်စက်ရုံများအား တိုက်ခိုက်ရန် လွှတ်တင်ထားသည့် ရုရှားမောင်းသူမဲ့ လေယာဉ်ခုနစ်စင်းအား ပစ်ချရန် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို သမ္မတပူတင်ကအမိန့်ပေးခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေနိုင်ရန်အတွက်  အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု   သမ္မတပူတင်က   အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်။

သမ္မတပူတင်သည် စိတ်ဓာတ်ခိုင်မာသူ တစ်ဦးဖြစ်ပြီး   ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ဆန္ဒရှိနေကြောင်း၊ ၎င်းနှင့်ဖုန်းပြောဆိုမှုသည်  အလွန်ကျေနပ်ဖွယ် ကောင်းသည်ဟု ထရမ့်က နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။

ထရမ့်၏ပြောဆိုမှုများကို လေ့လာမည်ဆိုပါက ယူကရိန်းပဋိပက္ခသည် ယခင်ဂျိုးဘိုင်ဒင် အစိုးရ၏ ရုရှားဆန့်ကျင်ရေး သဘောထားကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်ကို တွေ့ရပြီး အကယ်၍ ဘိုင်ဒင်၏နေရာတွင် ၎င်းသာသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည် ဆိုပါက ယူကရိန်းပဋိပက္ခသည် မည်သည့်အခါမျှဖြစ်လာနိုင်စရာ အကြောင်းမရှိဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။

ထို့ပြင် ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာ  တန်ဖိုးရှိ အကူအညီများ ပေးအပ်ခြင်းသည် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခကို ပိုမိုရှည်ကြာစေရန် ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ထရမ့်ကဆိုထားသည်။

အမေရိကန်နှင့် ရုရှားတို့ကြား သဘောတူညီခဲ့သည့် စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်မှုနှင့် ပင်လယ်ရေပြင်အတွင်း ယာယီအပစ်အခတ် ရပ်စဲမှုကို ယူကရိန်းက ထောက်ခံလျက်ရှိသော်လည်း အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရက ထုတ်ပြန်သည့် အချိန်အထိ စောင့်ဆိုင်းမည်ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီက မတ်လ ၁၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော် ထရမ့်နှင့် ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်မှုအပြီးတွင် ယူကရိန်းက တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရက ထုတ်ပြန်ထားသည်။ ထို့ကြောင့် ယူကရိန်း၏ လုပ်ဆောင်ချက်များကို  ရုရှားကစောင့်ကြည့်သွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ ထရမ့်နှင့်ပူတင်တို့ကြား ချမှတ်နိုင်ခဲ့သည့် ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကြုံတောင့်ကြုံခဲဖြစ်သည့် သဘောတူညီချက်ဖြစ်ပြီး ယင်းသဘောတူညီချက်သည် ယူကရိန်းတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် အမေရိကန်-ရုရှားဆက်ဆံရေးအား ပုံမှန်အတိုင်းပြန်လည်ဖြစ်စေရန် အတွက် အထောက်အပံ့ပြုနိုင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

(မောင်ယုယစုစည်းတင်ပြသည်။)

G7 ERA ဆိုတာ ဘာလဲ
-

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အမေရိကန် အပါအဝင် ဥရောပနိုင်ငံအချို့က ယူကရိန်းအပေါ် ငွေကြေးအား၊ စစ်လက်နက်တို့ကို သွယ်ဝိုက်သောနည်းဖြင့်တစ်မျိုး၊ တိုက်ရိုက်တစ်ဖုံ ထောက်ပံ့ ပေးပို့ခဲ့ကြပါသည်။ တစ်ချို့မှာ ပြောင်ပြောင်တင်းတင်း၊ တစ်ချို့မှာ နောက်ကွယ်မှ ပုန်းလျှိုးကွယ်လျှိူး‌ ထောက်ပံ့ နေသည်မှာ ရုရှားအင်အားကို အတတ်နိုင်ဆုံး ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကို ပေါ်လွင်နေပါသည်။ ထိုအကူအညီ ပေးမှုများထဲတွင် ထူးခြားဖွယ်ကောင်းသည့် ထောက်ပံ့မှုတစ်ခုမှာ “G7 ERA” ဟု နာမည်ပေးထားသည့် ထောက်ပံ့ ချေးငွေအစီအစဉ် ဖြစ်ပါသည်။

G7 ERA ဆိုတာ ဘာလဲ?

“G7 ERA 3 Extraordinary Revenue Acceleration for Ukraine Emergency Leading Programe” ဟု ခေါ်ကြပါသည်။ ဆိုလိုရင်းက ယူကရိန်းကို အဖက်ဖက်အတွက် အသုံးပြု၍ရနိုင်ရန် G7 ဟု ခေါ်သည့် အီတလီ၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျပန်နှင့် ကနေဒါ စသည့်နိုင်ငံတို့ အားလုံးသဘောတူညီချက်ဖြင့် ယူကရိန်းကို ထောက်ပံ့နေသည့် ချေးငွေအစီအစဉ် ဖြစ်ပါသည်။

G7 ERA ရန်ပုံငွေတွေက ဘယ်ကငွေတွေလဲ? 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲလိုက်သည့် ရုရှားအပေါ် အမေရိကန်အပါအဝင် ဥရောပ နိုင်ငံများက ပိတ်ဆို့မှုများ အမြောက်အမြား ချမှတ်လိုက်ကြပါသည်။ အမျိုးမျိုးသော ပိတ်ဆို့အရေးယူမှုများအနက် ပြည်ပနိုင်ငံများရှိဘဏ်များတွင် လည်ပတ်လျက်ရှိနေသော ရုရှားပိုင်ငွေများကို G7 နိုင်ငံများက ထိန်းချုပ်လိုက်ကြပြီး ထိုငွေများကို ချေးငှားပြီး ရရှိလာသည့် အတိုးရငွေဖြင့် G7 ERA ရန်ပုံငွေကို ထူထောင်လိုက်ခြင်းပဲ ဖြစ်ပါသည်။

G7 နိုင်ငံများ ချုပ်ကိုင်ထားသည့် ရုရှားပိုင်ဆိုင်မှုများမှာ ထိုနိုင်ငံများရှိ ဘဏ်များတွင် လည်ပတ်နေသော ရုရှားအစိုးရ ပိုင်ငွေနှင့် ပိုင်ဆိုင်မှုများ ၊ ရုရှားဗဟိုဘဏ်ခွဲတမ်း ဘဏ္ဍာငွေများ၊ အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်များ၊ အထွေထွေ လုပ်ငန်းများမှဝင်နေသော ငွေကြေးအရပ်ရပ်ပါဝင်နေပါသည်။ ထို့ပြင်ရုရှားနိုင်ငံနှင့် ဆက်နွှယ်ပြီး လုပ်ဆောင်နေသည့် လုပ်ငန်းရှင်အချို့၏ ငွေကြေးနှင့်ပိုင်ဆိုင်မှုများလည်း ပါဝင်နေပါသည်။ ပြည်ပရှိ ထိုရုရှားပိုင်ဆိုင်မှုများကို G7 နှင့်ဥရောပသမဂ္ဂတို့က ပိုင်ဆိုင်မှု ချုပ်ကိုင်ခြင်း (Frozen Assets ) ပြုလုပ်လိုက်ခြင်းဖြစ်ပါသည်။

G7 ERA ရန်ပုံငွေတွေကို ဘယ်လိုအသုံးချနေကြလဲ? 

G7 နှင့် ဥရောပနိုင်ငံများသည် ယူကရိန်းစစ်ပွဲစတင်ချိန်မှ ၂၀၂၃ ခုနှစ် အကုန်အထိ ရုရှားပိုင် ပြည်ပငွေများကို Frozen Assets ပြုလုပ်ထားသည်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ခန့်ရှိပါသည်။ ထိုငွေရပ်များကို ရုရှားအသုံးပြုခွင့်မရရှိစေဘဲ ၎င်းတို့၏ ဘဏ်များတွင် ထိန်းချုပ်ထားကြပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂသည် ရုရှားပိုင် ယူရို ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၈ ဘီလီယံ) ကို ဘယ်ဂျီယန်၊ ဘရပ်ဆဲလ်ရှိ EUROCLEAR (ဘဏ္ဍာရေးအဖွဲ့) တွင် ထိန်းချုပ် ထားကြပါသည်။ ထိုငွေများမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ယူရို ၃ ဘီလီယံ ( အမေရိကန် ၃.၂ ဘီလီယံ) အမြတ်ရရှိနေပြီး ထိုအမြတ်ငွေများကို ယူကရိန်းအတွက် အသုံးချနိုင်ရန် G7 နှင့် ဥရောပသမဂ္ဂတို့က ချေးပေးနေခြင်းလည်း ဖြစ်ပါသည်။

မကြာသေးမီကပင် ကနေဒါနိုင်ငံက ယူကရိန်းကို G7 ERA ရန်ပုံငွေမှ ဒေါ်လာ ၁.၇ ဘီလီယံခန့်ကို ယခုမတ်လ ၁၄ ရက်မှာ ချေးပေးလိုက်ပါသည်။ ယူကရိန်း ဝန်ကြီးချုပ် အယ်နစ်ရှ်မီဂဲလ်ကလည်း ထိုချေးငွေရရှိကြောင်းကို တရားဝင် ကြေညာခဲ့ပါသည်။ ဒေါ်လာ ၁.၇ ဘီလီယံက ကနေဒါဒေါ်လာနှင့်တွက်ကြည့်ပါက ၂.၅ ဘီလီယံ ခန့်ရှိပါသည်။ တစ်ဆက်တည်းမှာပင် ကနေဒါက ယူကရိန်းကို အဆိုပါအစီအစဉ်အောက်မှ ဒေါ်လာ ၅ ဘီလီယံအထိ ပေးချေးမည်ဟု ဆိုထားပါသည်။

G7 က ချေးပေးထားသည့် “ယူကရိန်းအတွက် အရေးပေါ်ငွေကြေးထောက်ပံ့ စီးဆင်းမှုငွေ” ဟု အမည်ပေးထားသော ထိုငွေများကို ယူကရိန်းအနေဖြင့် စစ်ပွဲကာလအတွင်း နိုင်ငံရေးတည်ငြိမ်ရန်၊ စီးပွားရေးနှင့် စစ်ဘက်ရေးရာ လိုအပ်ချက်များကို အသုံးပြုသွားမည်ဟု ယူကရိန်းဝန်ကြီးချုပ်က ကတိကဝတ် ပြုထားပါသည်။

G7 နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ကို အမြဲတစေ ခြိမ်းခြောက်နေသော ရုရှားကို မီးလောင်ရာ လေပင့် ဆိုသလို ဒုက္ခရောက်စေရန်၊ စစ်ဘက်ဆိုင်ရာ ပင်ပန်းနွမ်းနွယ်စေရန်၊ ရုရှားစစ်အင်အား ပမာဏ ခန့်မှန်းနိုင်စေရန်၊ စစ်အင်အား တတ်နိုင်သမျှ လျော့ကျစေပြီး ကမ္ဘာ့စစ်ရေးချိန်ခွင်လျှာတွင် အဆင့်ချနိုင်ရန် စသည့်အချက်များဖြင့် ယူကရိန်းကို ပြောင်ပြောင်တင်းတင်း တွန်းတိုက် ထောက်ပံ့နေခြင်းလည်း ဖြစ်ပါသည်။

ရုရှားဘက်က ဘယ်လိုတုံ့ပြန်ထားလဲ? 

G7 နှင့် ဥရောပသမဂ္ဂတို့၏ G7 ERA အစီအစဉ်သည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေမှု ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရဘက်က ပြင်းပြင်းထန်ထန်ဝေဖန် ပြောကြားထားပါသည်။ ထိုအစီအစဉ်မှာ G7 နှင့် ဥရောပတို့ “သူခိုးကျင့်သူခိုးကြံ” လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြေညာထားပါသည်။ ထိုကျူးလွန်မှုအတွက် အနာဂတ်တွင် မိမိလုပ်ဆောင်ချက်ကို မိမိတို့ တာဝန်ခံကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဥပဒေအကြောင်းအရ အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံ ပြန်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြုံးဝါးထားပါသည်။

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့
-

၂၀၂၅ ခုနှစ်  မတ်လ  ၁၇  ရက်တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော် ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ၇ ခု ၏  အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး  စီမံကိန်းများစွာကိုလက်တွေ့သွားရောက်  စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏  ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်

၂၀၂၅ ခုနှစ်  မတ်လ  ၁၇  ရက်တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော် ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ၇ ခု ၏  အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး  စီမံကိန်းများစွာကိုလက်တွေ့သွားရောက်  စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏  ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ‌ ဝေဝေဆာဆာဖူးပွင့်နေသည်ကို    ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏အမြန်နှုန်း၊ အင်အားနှင့်နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း”၏ “ထိရောက်မှုနှုန်းထား” သည် အလွန်မြင့်ပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဖွံ့ဖြိုးရေးကို အဓိကထားပြီး ပြည်သူ့လူနေမှုဘဝကို  အခြေခံသောရည်ရွယ်ချက်နှင့်   မူလရည်မှန်းချက်ကို စွဲကိုင်ထားသောကြောင့်  လက်တွေ့ဘဝနှင့်နီးစပ်ပြီး  ပြည်သူများအတွက်အကျိုးကျေးဇူးများစွာရရှိစေကာ ထိရောက်သောလုပ်ဆောင်မှုများကို  ဖော်ဆောင်နေပါသည်။ တရုတ်နိုင်ငံ၏ထောက်ပံ့ထားသော ရန်ပုံငွေဖြင့် တည်ထောင်ထားသော  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည်မြန်မာနိုင်ငံတွင်စီမံကိန်း ၁၁၈ ခုလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက်စီမံကိန်း ၇၂ ခုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။  ထိုစီမံကိန်းများသည် ပြည်သူများ၏ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့်ဝင်ငွေတိုးတက်ရေးစသောဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူနေမှုဘဝနှင့် သက်ဆိုင်သော ပြဿနာများကို  အဓိကဖြေရှင်းပေးနေပါသည်။  ရန်ပုံငွေ၏ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း၊ ဆင်တောင်၊ ကျောက်တော်ကျေးရွာတို့မှ   ရွာသူရွာသား၂၀၀၀ ခန့်သည် သန့်ရှင်းသောသောက်သုံးရေကို ရရှိခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ဘုတ်ပြင်းခရိုင်မှ ကံမော်ကြီးကျေးရွာ၊ ရေငံကြီး ကျေးရွာတို့မှ ရွာသူရွာသား ၂၇၀၀ ခန့်သည် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှတစ်ဆင့် ၂၄ နာရီလျှပ်စစ်မီးရရှိခဲ့ပြီး လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ်ကို ၆၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ကြသည်။ ကော်ဖီ၊ ရော်ဘာ၊  သစ်သီး၊ပိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းများစသည့်    စိုက်ပျိုးမွေးမြူရေးစီမံကိန်းများမှတစ်ဆင့်  ကျေးလက်ဒေသမှ လယ်သမားများကို  အရည်အသွေးမြင့်မျိုးစေ့များ၊ လေ့ကျင့်ရေးသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးခဲ့ပြီး  ထုတ်လုပ်မှုတိုးတက်စေရန်၊ ဝင်ငွေတိုးစေရန်နှင့် အလုပ်အကိုင်ဝင်ရောက်ခွင့်များ   တိုးပွားလာအောင်ကူညီပေးခဲ့သည်။ “သေးငယ်သော်လည်းလှပဆဲ” စီမံကိန်းများသည် မြန်မာပြည်သူများ၏ တောက်ပသောဘဝ အတွက်မျှော်လင့်ချက်များကို  ပံ့ပိုးပေးနေပြီး   သာယာလှပသောအိမ်များကိုတည်ဆောက်ရာတွင် ကူညီပေးနေပါသည်။လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်  အိမ်နီးချင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမြဲကျင့်သုံးပါသည်။ပူးပေါင်းဆောင်ရွက်မှုတွင် တိုင်ပင်ဆွေးနွေးမှုများရှိပြီး  ဆက်ဆံရေးတွင်ချစ်ကြည်ရင်းနှီးမှုရှိ၍   အချင်းချင်းသက်သောင့်သက်သာရှိမှုကို အပြည့်အဝထည့်သွင်းစဉ်းစားပြီး မည်သည့်နိုင်ငံရေးအကြောင်းအရာများကိုမှ မချိတ်ဆက်ထားပါ။ မိမိတို့၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အပြန်အလှန်ထောက်ခံကြပါသည်။ မြန်မာနိုင်ငံရှိ လန်ချန်း-မဲခေါင် စီမံကိန်းများ၏ အကောင်အထည်ဖော်သူများသည် မြန်မာပြည်သူများ၏လက်တွေ့လိုအပ်ချက်များကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများကိုလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။တရုတ်သံရုံးသည် စီမံကိန်းအကောင်အထည်ဖော်သူများ၊ ပါဝင်သူများနှင့်အကျိုးခံစားသူများ၏ လိုအပ်ချက်များကို အခြေခံ၍မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့်ရင်းနှီးစွာတွဲဖက်ဆောင်ရွက်ပြီး  တရုတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် လုပ်ငန်းများကို စီမံကိန်းများအတွက်အကူအညီပေးရန် ညှိနှိုင်းပေးကာ ပိုမိုကောင်းမွန်သော စီမံကိန်းရလဒ်များရရှိစေရန် အတူတကွကြိုးပမ်းဆောင်ရွက်နေပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည်  အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပွင့်လင်းမြင်သာသော  သဘောထားနှင့် ဦးတည်ချက်ကို အမြဲကျင့်သုံးပါသည်။ ပိတ်ဆို့ခြင်း  “အသေးစားစက်ဝိုင်း” များကို မလုပ်ဆောင်ဘဲ တံခါးများပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြီးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊  ဧရာဝတီ-ကျောက်ဖရား-မဲခေါင်  စီးပွားရေးပူးပေါင်း‌ဆောင်ရွက်မှု  ယန္တရားများနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းအသိုက်အဝန်းတည်ဆောက်ရာတွင် ပူးပေါင်းကူညီကာ ဒေသတွင်းအုပ်ချုပ်မှုကို ပြည့်စုံစေရန်အတွက် “လန်ချန်း-မဲခေါင် အစီအစဉ်” နှင့် “လန်ချန်း-မဲခေါင် ဉာဏ်ပညာ” ကို ပံ့ပိုးပေးနေပါသည်။

လွန်ခဲ့သော ၉ နှစ်အတွင်းက ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တဖြည်းဖြည်းပိုမိုပြည့်စုံလာပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဆက်လက်ကျယ်ပြန့်လာကာ အတွင်းအားများအဆက်မပြတ်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုသည် ဆက်လက်နက်ရှိုင်းလာပြီးနှစ်နိုင်ငံဆက်ဆံရေးနှင့်ဘက်ပေါင်းစုံ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို အကောင် အထည်ဖော်ရာတွင် အပြည့်အဝလွှမ်းခြုံနိုင်ခဲ့သည်။ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးခေတ်၏ ရှေ့ဆုံး၌ အတူတကွလျှောက်လှမ်းနေကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားသည် တစ်နေ့တခြားပိုမိုအားကောင်းလာပြီး တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသငါးနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၀၀ ဘီလီယံကျော်လွန်သွားခဲ့သည်။ ယခုပမာဏသည် လွန်ခဲ့သော ၁၀ နှစ်ကထက် နှစ်ဆပိုများပြီး တရုတ်-လာအို၊ တရုတ်-ထိုင်း ရထားလမ်းများ၊ ကမ္ဘောဒီးယား-တရုတ် အမြန်လမ်းမကြီးကဲ့သို့သောစီမံကိန်းများသည် “ရွှေလမ်းမကြီး”ကို ဖောက်လုပ်ပေးခဲ့သည်။ အမြန်ရထား၊ လေဆိပ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းအားတို့သည်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော လန်ချန်း-မဲခေါင်အဖြစ် အရှိန် မြှင့်ပေးနေသည်။ “လန်ချန်း-မဲခေါင် ချစ်ကြည်ရေး” သည် ပိုမိုနက်ရှိုင်းလာပြီး “နေရောင်ခြည်စွမ်းအင်ကျေးရွာစီမံကိန်း” သည် ထောင်ပေါင်းများစွာသောအိမ်ထောင်စုများအတွက် လျှပ်စစ်မီးဖြင့် အလင်းရောင်ထွန်းလင်းစေခဲ့သည်။ “စမ်းရေချိုလှုပ်ရှားမှု” (Operation Sweet Spring)သည် ထောင်ပေါင်းများစွာသော ရွာသူရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေကို ရရှိစေခဲ့သည်။“လန်ချန်း-မဲခေါင် အမြင်အာရုံပြန်လည်ရရှိရေးလှုပ်ရှားမှု” သည် ရေတိမ်ရောဂါခံစားနေရသော လူနာရာပေါင်းများစွာကိုပြန်လည်အမြင်အာရုံရစေခဲ့သည်။  တရုတ်နိုင်ငံမှ ထုတ်ပေးသော “လန်ချန်း-မဲခေါင်ဗီဇာ” သည်   နိုင်ငံခြောက်နိုင်ငံမှပြည်သူများကြား ပိုမိုရင်းနှီးစွာဆက်ဆံလာစေရန် တွန်းအားပေးခဲ့သည်။ “လန်ချန်း-မဲခေါင် လုံခြုံအေးချမ်းရေး” တည်ဆောက်မှုသည် ပိုမိုနက်ရှိုင်းစွာ အကောင် အထည်ဖော်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ၏ “စင်ရော်” ပူးပေါင်းလှုပ်ရှားမှုဖြင့် မှုခင်းသံသယရှိ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဤသို့ဖြင့်ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့်ပစ္စည်းဥစ္စာများကို ထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်မှုကို  ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခဲ့သည်။

မကြာသေးမီက အောင်မြင်စွာ ပြီးဆုံးခဲ့သော တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ထာဝရတံခါးဖွင့်  ပွင့်လင်းမြင်သာမှုကို မြဲမြံစွာကိုင်စွဲထားမည်ဖြစ်ပြီး စနစ်တကျ တံခါးဖွင့်ပွင့်လင်းမြင်သာမှုကို တည်ငြိမ်စွာတိုးချဲ့သွားမည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင်  ကိုယ်ပိုင်ပွင့်လင်းမှုနှင့်  တစ်ဖက်သတ်ပွင့်လင်းမှုကို စနစ်တကျ တိုးချဲ့သွားမည်ဖြစ်ကာ ပွင့်လင်းမှုဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် Two Sessions အစည်းအဝေးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထူးဖော်ပြခဲ့သည်မှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ပွင့်လင်းမှုကို  ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး   တစ်ဖက်သတ်ပွင့်လင်းမှုများလည်း  ပါဝင်မည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှဝေသွားမည်ဖြစ်သည်။ ၎င်းသည် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းအတွက်စွမ်းအားအသစ်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များ ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။ ဒီနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်စမှတ်အသစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ကျွန်တော်တို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအသစ်ရရှိစေရန် မြှင့်တင်ပေးနိုင်မည်ဟု  ယုံကြည်ပါတယ်။

မြန်မာစကားပုံတွင် “တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက်” ဟူသော ဆိုရိုးစကားအတိုင်း  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလက်တွဲကာ၊ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သမိုင်းဝင်ခရီးတွင် အပြန်အလှန်ဖေးမကူညီကာတရုတ်-မြန်မာနှင့် လန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းတို့၏ စာမျက်နှာသစ်ကို အတူတကွ ရေးသား၍  တရုတ်-မြန်မာဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတို့၏    ပိုမိုလှပသောအနာဂတ်ကို အတူတကွဖန်တီးရန် ဆန္ဒရှိပါသည်။   ။
(စာရေးသူ၏အာဘော်သာဖြစ်ပါသည်)

Source: https://myawady.net.mm/stories

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး  H.E.Ms. Ma Jia

ခြေလှမ်းညီညီ အားသစ်တည်၍
-

ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့၏ လုပ်ငန်းအချိန်ဇယားမှာ  မပြီးဆုံးသေး။  ဒေသစံတော်ချိန် ညပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ရုရှား-အာဆီယံစီးပွားရေး ကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov  ဦးဆောင်သည့်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲတွင် ရုရှား-မြန်မာစီးပွားရေး ကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့်  ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ  ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီး စသည့်သီးနှံများကို ရုရှားနိုင်ငံသို့တင်ပို့နိုင်သည့် အခြေအနေများ၊ စွန့်ပစ်အမှိုက်များ Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေး  ကိစ္စရပ်များ၊ အာကာသနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကို  အကျယ်တဝင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ပြသသောအားဖြင့် လက်ဆောင်ပစ္စည်းများ လဲလှယ်ပေးအပ်ခြင်းဖြင့် ဆွေးနွေးပွဲကို လှပစွာအနားသတ်နိုင်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲသည် ဟိုတယ်အစည်းအဝေးခန်းမမှ Conference Hall သို့ကူးသည်။ Conference Hall အတွင်းဝယ် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့်စစ်ဘက်၊ အရပ်ဘက်မှသင်တန်းသားအရာရှိများ စုံညီစွာရောက်ရှိနေကြပြီဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည်  မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင်  အချိန်ကိုမရရအောင်  ကြံဆထုတ်နုတ်၍ ပညာတော်သင်ကျောင်းသားများကို တွေ့ဆုံအားပေးခြင်းဖြစ်သည်။ အကြီးအကဲတစ်ယောက်၏ မိမိတပည့်သားမြေးများအပေါ် ထားရှိသည့် အကြားအလပ်မရှိသော ချစ်ခြင်းမေတ္တာကိုပြသလိုက်ခြင်းပင်ဖြစ်သည်။ ရေခြားမြေခြားသို့ရောက်နေသည့်တိုင် ရနိုင်သမျှသောအချိန်ကလေးမှာပင် အပင်ပန်းခံ၍ ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြစ်သည်။ ထိုတပည့်သားမြေးတို့၏ တင်ပြချက်များကို အရေးတယူနားစွင့်၍   နွေးထွေးကြင်နာစွာ အားပေးစကားဆိုခြင်း၊    ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက ပညာတော်သင်ကျောင်းသားများကို ပညာတော်သင်များ စေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သူများကို ရွေးချယ်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကား တတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊   ယခင်တပ်မတော် ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားစွာဖြင့် ဆောင်ရွက်ပေးခဲ့မှုများကြောင့်  နိုင်ငံအတွက်  တန်ဖိုးမဖြတ်နိုင်သည့်  လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကို တန်ဖိုးထားကြစေချင်ကြောင်း၊ နိုင်ငံအတွက်  လိုအပ်ချက်များရှိခြင်းကြောင့်  ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခံရသည့် ထူးချွန်သူများဖြစ်သည်နှင့်အညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်    တိုက်တွန်းမှာကြားသည်။

မြန်မာနိုင်ငံသည် ပညာတတ်လူသား အရင်းအမြစ်များ ပေါ်ထွန်းရေးကို အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝရန် အထူးလိုအပ်သည်။ သို့မှသာ အခြားသောနိုင်ငံများနှင့်အတူ    ရင်ပေါင်တန်း၍ အောင်မြင်မှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မှာဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရက နိုင်ငံသားအားလုံး ပညာတတ်များဖြစ်စေရန်နှင့် ပညာရည်မြင့်မားစေရန် KG+9 အထိ ပညာသင်ကြားနိုင်ရေးကို အားပေးဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့ပြင်  နိုင်ငံသားတစ်ယောက်အဖို့ အထူးလိုက်နာရန် လိုအပ်သည်မှာ မိမိကိုယ်တိုင် မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်ပင်ဖြစ်သည်။   ပြည်ပတွင် ပညာသင်ယူနေသူများ အနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေတည်၍  မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို  ရည်မြော်တွေးကာ ပညာကိုကျွမ်းကျင် တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။

တွေ့ဆုံမှာကြားမှုအပြီးတွင် နိုင်ငံတော်အကြီးအကဲက ပညာတော်သင်ကျောင်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

နိုင်ငံတော်အကြီးအကဲသည်  ပြည်ပရောက်ပညာတော်သင်များကို နာယကဂုဏ်ခြောက်ပါးလာ “ဒယာ”တည်းဟူသော သနားချစ်ခင်ကြင်နာခြင်းတို့ဖြင့် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများကို   ဤသို့လျှင် ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးအပ်လေ့ရှိသည်။

မတ်လ ၅ ရက်နေ့သည်လည်း ခရီးစဉ်ဒုတိယနေ့နည်းတူ လုပ်ငန်းအချိန်ဇယားများနှင့် ပြည့်နှက်နေသည်။ ကနဦးအစီအစဉ်အနေဖြင့်  ဒေသစံတော်ချိန်နံနက်ပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးကြသည်။

နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင်  ပူးပေါင်းဆောင်ရွက်သွားမှုနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု  ထပ်မံမြှင့်တင်သွားမည့်အခြေအနေများကို  ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

နိုင်ငံတော်အကြီးအကဲဆိုသည်မှာ နိုင်ငံ၏အမိအဖပင်ဖြစ်သည်။  အမိအဖဟူသည် မိမိတို့၏ သားသမီးများအပေါ် နီးသည်ဝေးသည်မရှိ တူညီသောမေတ္တာဓာတ်ဖြင့် ဖေးမစောင့်ရှောက်ကြသည် သာဖြစ်သည်။  နိုင်ငံတော်အကြီးအကဲသည် မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှ ယင်းနေ့ နံနက်ပိုင်းမှာပင် ‌ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများကို  သွားရောက်တွေ့ဆုံအားပေးသည်။

အကြီးအကဲမှာ ထိုနေ့နံနက်ပိုင်းမှာပင် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့တက်ရောက်ရန် မြန်မာသံရုံးမှ Radisson Collection ဟိုတယ်သို့ ပြန်လည်ထွက်ခွာသည်။

နိုင်ငံတစ်နိုင်ငံ၏အဓိကမောင်းနှင်အားတွင် စီးပွားရေးကလည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ ရုရှား - မြန်မာစီးပွားရေးဖိုရမ်ကို မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall တွင်  ကျင်းပပြုလုပ်ခဲ့သည်။    ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့်  Myanmar  Airways  International (MAI)၊ Roscon-gress Foundation၊ Fund RC-Investments၊   Russia-ASEAN Business Council နှင့် Russia- Myanmar Business Council တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

၎င်းစီးပွားရေးဖိုရမ်သို့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Resh-etnikov၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

သက်ဆိုင်ရာဝန်ကြီးများက အဖွင့်အမှာစကားအသီးသီး ပြောကြားပြီးသည်နှင့်  မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌက  “မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းဆိုင်ရာ အကျဉ်းချုပ်”ကိုရှင်းလင်းသည်။ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှကိုယ်စားလှယ်များကလည်း  ခေါင်းစဉ်များအလိုက် အကျဉ်းချုပ် ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  မြန်မာနိုင်ငံတွင် ရုရှား MIR Card များလက်ခံသုံးစွဲနိုင်ရေး ဆောင်ရွက်မှုလုပ်ငန်း အခြေအနေများ Video Clip ကိုကြည့်ရှုကြပြီး ဖိုရမ်အား ခေတ္တရပ်နားလိုက်သည်။

နေ့လယ်ပိုင်းတွင် ဖိုရမ်အားဆက်လက်ကျင်းပရာ နိုင်ငံတော်အကြီးအကဲက ဖြည့်စွက် အမှာစကားပြောကြားသည်။ အကြီးအကဲက  ယခုလအတွင်း  ပဉ္စမအကြိမ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံ အကြား အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏  သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုး ခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ခြင်းတို့ဖြင့်  အစပြုစကားဆိုသည်။

ယင်းအစည်းအဝေးများမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊  သတင်းအချက်အလက်၊   ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေး စောင့်ရှောက်မှု  စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ခဲ့ပုံကို ဆက်စပ်ပြသည်။

အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူး စီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းသစ်စတင်နိုင်ခြင်းမှာ များစွာအရေးပါသည်။ တိုးတက်လာမည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုပြည်တွင်းနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ   စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦများမှာလည်း    လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာအတွက် တက်ရောက်လာသည့်  ဧည့်သည်တော်များကို ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် စီးပွားရေးအမြင် ကျယ်ပြန့်နက်ရှိုင်းမှုနှင့် သိမ်မွေ့ညင်သာသော    သံတမန်စွမ်းရည်ကိုပြသည်။

အကြီးအကဲ၏ ဆက်လက်ပြောကြားမှုတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့်နည်းပညာ လွှဲပြောင်းမှုအပိုင်းနှင့်စပ်လျဉ်း၍     အလေးထားပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ အကြောင်းပါသည်။ စက်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများတွင် နည်းပညာအသစ်များဖြင့်   ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအကြောင်းပါသည်။  နှစ်နိုင်ငံအကြား  ငွေပေးချေမှုဆိုင်ရာ  နည်းလမ်းများ၊ သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦကဏ္ဍ တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်သင့်သည်များ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့်   ဆေးဝါးထုတ်လုပ်မှုကဏ္ဍများ အကြောင်းပါသည်။

၎င်းအပြင် ယခုဖိုရမ်သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်  ဖိတ်ခေါ်မှုပြုသည်။  လုပ်ဆောင်နိုင်သည့်စီးပွားရေးလုပ်ငန်းများမှာ အနည်းငယ်မျှသော အရေအတွက်မဟုတ် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် လာရောက်ရင်းနှီး မြှုပ်နှံနိုင်ကြောင်းနှင့်အခြား  ပြည်ပကုန်သွယ်ရေး အတွက် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသည်။ များပြားလှစွာသော  စီးပွားရေးကဏ္ဍများနှင့် ပြည်ပကုန်သွယ်ရေးအတွက်    ဆွေးနွေးပြောကြားမှုတွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုသည်။ အလားတူ အာမခံချက်အဖြစ် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိသည်ဟု တည်ကြည်သော စကားကိုဆိုသည်။

ဖိုရမ်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှာ  စီးပွားရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည့် အတွက်  အကြီးအကဲ၏ဆွေးနွေးမှုကို ပိုမိုစူးစိုက်ကြသည်။ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ရင်းနှီးမြှုပ်နှံပါက ဖြစ်ပေါ်တိုးတက်လာနိုင်မည့် အလားအလာများကို တွက်ဆကြသည်။ လိုအပ်လာမည့်  စွမ်းအင်အရင်းအမြစ် အတွက်လည်း အခြေအနေကောင်းများကို အချိန်တိုအတွင်း ရရှိနိုင်မှုရှိနေသကဲ့သို့ အခြား   ကူးသန်းရောင်းဝယ်မှုအတွက်လည်း ပထဝီအနေအထားအရ ကောင်းမွန်လှသည်မို့  သူတို့စိတ်ပါဝင်စားမှု ပိုမိုနေသည်မှာ မဆန်းလှ။

ဈေးကွက်နှင့်ပတ်သက်၍လည်း  နိုင်ငံတော်အကြီးအကဲကအမြော်အမြင်ကြီးမားစွာ တွက်ချက်ပြသည်။

မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ   နိုင်ငံများ၏လူဦးရေမှာမူ နှစ်ဘီလီယံကျော် သုံးဘီလီယံနီးပါးခန့်ရှိပြီး အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ မြန်မာနိုင်ငံနှင့်ထိစပ်နေသည်။    ထိုမျှကြီးမားသော ဈေးကွက်ကြီးရှိနေသည့်အတွက် မြန်မာနိုင်ငံမှ သဘာဝထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊  တိုက်ရိုက်ရင်းနှီးမြှုပ်နှံ၍ နည်းပညာနှင့်တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်ခြင်း စသည်ဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို မုချအကျိုးရှိစေနိုင်မည်ဖြစ်သည်။

ရုရှားနှင့်မြန်မာနှစ်နိုင်ငံမှာ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။   ရုရှားနိုင်ငံ၏ ကြွယ်ဝမှုနှင့်နည်းပညာများကို   အာရှဒေသတွင် လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုဆိုလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲ၏  ဖြည့်စွက်အမှာစကားပြောကြားမှု အပြီးတွင် ထွက်ပေါ်လာသည့် ဩဘာလက်ခုပ်သံများက မြန်မာနိုင်ငံအတွက်ရည်ရွယ်သည့် လက်ခုပ်သံများဟုထင်မိသည်။  ခေတ်မီတိုးတက်ခြင်းဟူသော အကျိုးတရားကိုရရှိစေမည့် အကြောင်းတရားကို ဆောင်ရွက်နိုင်ခဲ့မှုအတွက်   ဩဘာသံများက နားဝင်ပီယံရှိလှသည်။

အပြန်အလှန်    ဆွေးနွေးမှုများမှာ ချစ်ကြည်ရင်းနှီးခင်မင်မှုကို အခြေတည်သည်မို့ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုသလို ဆွေးနွေးကြသည်။ နိုင်ငံနှင့် ပြည်သူများအတွက်ဟု ကိုယ်စီရည်မှန်းထားသူများ ဖြစ်၍ ဆွေးနွေးမှုများမှာ  အားပါအသက်ဝင်လှသည်။

မြန်မာနိုင်ငံရှိ ထားဝယ်အထူးစီးပွားရေးဇုန်မှာမဟာဗျူဟာ ပင်လယ်ထွက်ပေါက်ဖြစ်သည်။ ထားဝယ်အထူး စီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းသစ်စတင်နိုင်ခြင်းမှာ ပြည်သူများအတွက် ဝမ်းသာဖွယ် သတင်းကောင်းပင်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲမှာ  မိမိနိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

 ရုရှား-မြန်မာစီးပွားရေး ဖိုရမ်အပြီးတွင် ခဏတာမျှအနားရသော  မွန်းလွဲအချိန်လေးမှာပင် အနားမယူနိုင်သေးဘဲ ဂါရဝပြုလာရောက်တွေ့ဆုံသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool အားလက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား  ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားသည့်အချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊  ဒူးမားလွှတ်တော်သို့ မြန်မာနိုင်ငံမှလေ့လာရေးအဖွဲ့များ စေလွှတ်၍ အတွေ့အကြုံများ ဖလှယ်ရေးဆိုင်ရာ   ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တစ်ဆက်တည်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲ H.E.Mr. Batu KHASIKOV နှင့်အဖွဲ့ဝင်များက လာရောက်တွေ့ဆုံ၍ ဂါရဝပြုနှုတ်ဆက်ကြသည်။ ယင်းအဖွဲ့က ကာမီးကီယာပြည်နယ်ရှိ  ဗုဒ္ဓဥယျာဉ်အတွင်း မြန်မာနိုင်ငံမှ စေတီတော် သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်အား လာရောက်တည်ထား ကိုးကွယ်စေလိုမှု၊ မြန်မာနိုင်ငံမှ လေ့လာရေးကိုယ်စားလှယ် အဖွဲ့အား ကာမီးကီယာပြည်နယ်သို့    လာရောက်လေ့လာစေလိုမှုများကို ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

နိုင်ငံတော်အကြီးအကဲ   ဦးဆောင်သော  အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ စိန့်ပီတာစဘတ်သို့ ဆက်လက်ခရီးနှင်ရန် ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့  ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ရောက်ရှိကြသည်။ လေဆိပ်တွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြသည်။

စိန့်ပီတာစဘတ်မြို့၏ ရာသီဥတုမှာ အနည်းငယ် ပို၍အေးမြသည်။ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မျှရှိသည်။ နိုင်ငံတော်အကြီးအကဲမှာ ခရီးပန်းဟန်မရှိ။ လန်းဆန်းတက်ကြွစွာပင် လာရောက်ကြိုဆိုသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေသည်။

တစ်ဆက်တည်းမှာပင်   နိုင်ငံတော် အကြီးအကဲဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏    ဖိတ်ကြားချက်အရ  ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်(Official State Visit)  ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။

ဤသည်တို့မှာ  အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ခြေလှမ်းညီညီ အားသစ်တည်၍ ရှေ့သို့လှမ်းချီလျက်ရှိသော သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများပင် ဖြစ်ပါသတည်း။    ။

Source: https://myawady.net.mm/stories

ပြည်စိုးညိမ်း

ပွင့်ပန်းရာထောင် ရနံ့ဆောင်သို့
-

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်  မတ်လ ၅ ရက်  ဒေသစံတော်ချိန် ညနေပိုင်းတွင်   စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ ဆိုက်ရောက်ကြသည်။ စိန့်ပီတာစဘတ်မြို့သို့ရောက်ရှိပြီး  မကြာမီ ယင်းနေ့ညနေပိုင်းမှာပင် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို စိန့်ပီတာစဘတ်အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပခဲ့ပြီး    နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်  တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ  နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို  အရှိန်အဟုန်မြှင့်တင်နိုင်စေရေးအတွက်  အချက်အချာကျသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Description: C:\Users\TinTunAung\Desktop\13-3-2025\133113.JPG

ရုရှားနိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီသိပ္ပံနှင့် နည်းပညာထွန်းကား တိုးတက်နေသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းအားဖြင့် မိမိတို့နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ပေါင်းကူးတံတားသဖွယ် ပိုမိုဖော်ဆောင်နိုင်တော့မည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် ကောင်စစ် ဝန်ချုပ်ရုံးဖွင့်ပွဲအပြီး  ယင်းနေ့ဒေသစံတော်ချိန် ညနေပိုင်းမှာပင်    အစိုးရဧည့်ဂေဟာ K2 ရှိ အစည်းအဝေးခန်းမတွင် စိန့်ပီတာစဘတ်မြို့    အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့ကို လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

စိန့်ပီတာစဘတ်မြို့တွင် စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျသည်။ ယခုအခါ မန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံ   နိုဗိုစီဗစ်မြို့နှင့် လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းပြေးဆွဲလျက်ရှိသည်။   စိန့်ပီတာစဘတ်မြို့နှင့်လည်း တိုးချဲ့ပျံသန်းနိုင်ရန်   စီမံဆောင်ရွက်လျက်ရှိသည်။

ထိုနေ့ညပိုင်းတွင်   စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးက  နိုင်ငံတော်အကြီးအကဲနှင့် တကွ ချစ်ကြည်ရေး ကိုယ်စားလှယ်များကို စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ခရီးစဉ်စတုတ္ထနေ့ဖြစ်သော  မတ်လ ၆ ရက် နံနက်ပိုင်းတွင်  နိုင်ငံတော်အကြီးအကဲသည် ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်း မိသားစုများနှင့်  သင်တန်းတက်ရောက်နေသော   သင်တန်းသားအရာရှိများကို တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ရာ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ မင့်စ်မြို့၏ ရာသီဥတုမှာ အနည်းငယ်အအေးဓာတ် လျော့နည်း၍ သာယာလျက်ရှိသည်။

ဘယ်လာရုစ်နိုင်ငံက နိုင်ငံတော်အကြီးအကဲအား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့်     နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ယင်းနေ့ဒေသစံတော်ချိန် ညနေပိုင်းမှာပင် မင့်စ်မြို့ President ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ဘယ်လာရုစ်သမ္မတနိုင်ငံ  ဒုတိယဝန်ကြီးချုပ်   Mr. Yuri Shuleiko နှင့် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်   နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို   တွေ့ဆုံဆွေးနွေးခဲ့သည်။

၎င်းဟိုတယ်မှာပင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ဆက်လက်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများစွာကို ဖော်ဆောင်နိုင်ခဲ့သည်။ မြန်မာ- ဘယ်လာရုစ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာများကို မြန်မာနိုင်ငံဘက်မှ  စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘယ်လာရုစ်နိုင်ငံဘက်မှ တာဝန်ရှိသူများ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

မတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင်   နိုင်ငံတော်အကြီးအကဲအား ဘယ်လာရုစ်နိုင်ငံသမ္မတက  သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ ထို့နောက်    နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲနှင့်     နှစ်နိုင်ငံနိုင်ငံတော်အဆင့်တွေ့ဆုံ ဆွေးနွေးပွဲများ   ဆောင်ရွက်ခဲ့ကြသည်။  တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များကို ထုတ်ပြန်နိုင်ခဲ့သည်။

 မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်မှစတင်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုကို အခိုင်အမာ တည်ဆောက်ထားသည်။ ယနေ့တိုင် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်ဆံရေး၊ အစိုးရဌာနအချင်းချင်း ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများ တိုးတက် ခိုင်မာလျက်ရှိသည်။    အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုတို့မှတစ်ဆင့် နှစ်ဦးနှစ်ဖက်တူညီသည့်အနာဂတ်ကို လျှောက်လှမ်းနိုင်ရန် စတင်လျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲသည် ယင်းနေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်ကို ပြန်လည်အသက်သွင်းနိုင်ရန်  မြန်မာနိုင်ငံဘက်က ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့အကြား ပညာရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုလက်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်     ပညာသင်ကျောင်းသားများကို   စေလွှတ်နိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးမှု ညှိနှိုင်းမှုများကို အစပြုနိုင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်   ဘယ်လာရုစ်နိုင်ငံ၏     ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့်  ဝင်ငွေများပိုမိုရရှိနိုင်ရေးနှင့် စားနပ်ရိက္ခာပိုမိုဖူလုံမှု ရှိစေရေးတို့ကို အလေးထားလေ့လာကာ နှစ်နိုင်ငံအကြား   ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုပါ တိုးမြှင့်နိုင်တော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင်   နှစ်နိုင်ငံအကြား   ကုန်သွယ်မှုများမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လျက်ရှိနေပြီလည်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၈ ရက်နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ  မင့်စ်မြို့    အပြည်ပြည်ဆိုင်ရာလေဆိပ်မှ   ရုရှားနိုင်ငံ   ဆာမားရာမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက် ထွက်ခွာခဲ့သည်။

နိုင်ငံတော်အကြီးအကဲသည် ပြည်ပခရီးစဉ်များတွင် နိုင်ငံတော်သမ္မတကြီးများအပါအဝင် အစိုးရအဖွဲ့အစည်း အသီးသီးမှ  တာဝန်ရှိပုဂ္ဂိုလ်များနှင့်  ဆွေးနွေးခြင်း၊ အစည်းအဝေးများ တက်ရောက်ခြင်း၊  စီးပွားရေးဖိုရမ်များ တက်ရောက်ခြင်းတို့အပြင် မိမိအနားယူရမည့် ကိုယ်ပိုင်အချိန်များကိုပင် အသုံးပြု၍   တက္ကသိုလ်များ၊  စက်ရုံ၊ အလုပ်ရုံများသို့ မနားမနေသွားရောက် လေ့လာလေ့ရှိသည်ကို သတိပြုမိသည်။

မည်သည့်နိုင်ငံကိုရောက်ရှိသည်ဖြစ်စေ မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အတတ်ပညာ၊      အသိပညာရပ်တို့၏ ရင်းမြစ်ဖြစ်ထွန်းရာနေရာများကို စိတ်ဝင်တစား လေ့လာစူးစမ်းလေ့ရှိသည်။ အကြီးအကဲအနေဖြင့်   အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် ပညာရေး၏ အရေးကြီးပုံကို အလေးအနက်ထားမှုက ထင်ရှား လှသည်။  ယခုလည်း   ဆာမားရာမြို့သို့ ရောက်ရှိနေစဉ်အတွင်း  Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့သွားရောက် လေ့လာခဲ့ပြီး နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နိုင်ငံနှင့် ပြည်သူ အတွက်အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာသင်တန်းများ တက်ရောက်နိုင်ရန် ပညာတော်သင်များပိုမိုစေလွှတ်နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\13-3-2025\133112.JPG

ထို့ပြင်မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဆာမားရာဒေသနှင့် တာလီကာတီဒေသတို့အကြား စက်မှုကဏ္ဍ၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲသည်     တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်    ဆာမားရာမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညပိုင်းတွင်  နိုဗိုစီဗစ်မြို့   သာမာရှဲဗာလေဆိပ်သို့ရောက်ရှိကြသည်။ နိုဗိုစီဗစ်မြို့မှာ နှင်းများထူထပ်စွာ ကျဆင်းလျက်ရှိသည်။   အပူချိန်မှာ  ရေခဲမှတ်အောက်ရောက်ရှိနေသည်။   အနုတ် ၆ ဒီဂရီစင်တီဂရိတ်ရှိသည်။

နိုင်ငံတော်အကြီးအကဲသည်   မတ်လ ၉ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့ Grand Autograph ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌    နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအခမ်းအနားကို ၎င်းဟိုတယ်မှာပင် ကျင်းပခဲ့ရာ   နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရုရှားနိုင်ငံ၏    အာရှတိုက်ဘက်အခြမ်းတွင်ရှိသည့် အဓိကစီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ စက်မှုနှင့် ငွေကြေးဆိုင်ရာဗဟိုချက်ဖြစ်သည့် နိုဗိုစီဗစ်မြို့သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းပြေးဆွဲလျက်ရှိသည့်  တစ်ခုတည်းသော ရုရှားနိုင်ငံမှမြို့တစ်မြို့ဖြစ်သည်။ မန္တလေးမြို့နှင့်     ညီအစ်မမြို့အဖြစ် ထူထောင်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် မြို့လည်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် ဖွင့်ပွဲအပြီးတွင် ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်၍ ဝန်ထမ်းမိသားစုများနှင့် သင်တန်းတက်ရောက်နေသည့်    သင်တန်းသားအရာရှိများကို နွေးနွေးထွေးထွေး တွေ့ဆုံခဲ့သည်။ လိုအပ်ချက်များ မေးမြန်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမိမြန်မာနိုင်ငံသို့     ပြန်လည်ထွက်ခွာရန် မတ်လ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ် မြို့ သာမာရှဲဗာလေဆိပ်သို့ ရောက်ရှိကြသည်။ လေယာဉ်ကွင်းတစ်ခုလုံးမှာ နှင်းတွေဖွေးဖွေးလှုပ်လှုပ် ကျဆင်းနေသည်။  အအေးဓာတ်က သိသိသာသာ လွှမ်းခြုံနေသည်။

လေယာဉ်ကွင်းအဆောက်အအုံများမှာ ဝါဂွမ်းဆိုင်များဖုံးအုပ်ထားသည့်နှယ် ဖြူဖြူပုံ့ပုံ့ရှိနေကြလျက်။    နံဘေးဝန်းကျင်ရှိ သစ်ပင်ပန်းပင်တို့မှာ အကိုင်း၊ အခက်၊ အရွက်ကလေးတွေကအစ တစ်ကိုယ်လုံးကို နှင်းသင်တိုင်းလွှမ်းခြုံထားကြသည်။ အထူးလေယာဉ်၏ တောင်ပံနှစ်ဖက်၌ပင် ထူထပ်သော  နှင်းထုလွှာကြီး ဖုံးအုပ်နေသဖြင့် စက်ကိရိယာများဖြင့်   ရှင်းလင်းဖယ်ရှားရသည်။

မကြာမီ အထူးလေယာဉ်ကြီးသည် ခရီးမိုင်တစ်သောင်းမှ အခွင့်အလမ်းကောင်းများစွာကို သယ်ဆောင်လျက်  အမိနိုင်ငံတော်ဆီသို့ ဦးတည်ပျံသန်းခဲ့လေသည်။

Description: C:\Users\TinTunAung\Desktop\13-3-2025\133114.JPG

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း အမိမြန်မာနိုင်ငံတော် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ကြိုးပမ်းဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြန်ကြားပေးလျက်ရှိသဖြင့်  နိုင်ငံသူ နိုင်ငံသားအပေါင်းတို့မှာ   နှစ်ထောင်းအားရကျေနပ် ဝမ်းသာပီတိဖြစ်လျက်ရှိနေကြသည်။

ထို့ကြောင့်ပင် နိုင်ငံတော်အကြီးအကဲပြန်လည်ရောက်ရှိမည့်  နေပြည်တော်   တပ်မတော်လေဆိပ်မှာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသူများနှင့် တိုး၍မျှမပေါက်နိုင်အောင်ရှိနေခဲ့သည်။

တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွားအကအဖွဲ့များ၊ ရိုးရာအကအလှအဖွဲ့များ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများက လေဆိပ်တွင်အသင့်စောင့်ကြို၍ နေကြသည်။

Description: C:\Users\TinTunAung\Desktop\13-3-2025\133115.JPG

လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်ထိလည်း သောင်းသောင်းဖြဖြ    ကြိတ်ကြိတ်သည်းသည်း။  တပ်မတော်လေဆိပ်မှ အဝိုင်းနေရာထိလည်း လမ်းဘေးဝဲယာတစ်လျှောက်   လူအုပ်အစဉ်အတန်းကြီးမှာ အဆက်ပြတ်သွားသည်မရှိဘဲ   ခရီးစဉ်အတွင်း စွမ်းစွမ်းတမံလှုပ်ရှား ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ ရုပ်ပုံများကိုကိုင်ဆောင်၍ လည်းကောင်း၊ ဆုမွန်ကောင်းတောင်းပေးသည့် ကြွေးကြော်သံများကို သံပြိုင်ညီညီဟစ်ကြွေး၍ လည်းကောင်း၊ ရိုးရာအကအလှ၊ အတီးအမှုတ်များဖြင့်လည်းကောင်း  နိုင်ငံတော်အကြီးအကဲကို     ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြသည်။   ထိုမြင်ကွင်းကျယ်ကြီးမှာ ပီတိဖြင့်ဖုံးလွှမ်း၍ ကြက်သီးမွေးညင်းထဖွယ်ဖြစ်သည်။ ခရီးမိုင်ပေါင်းသောင်းနှင့်ချီ၍  ခရီးနှင်ခဲ့သောနိုင်ငံတော် အကြီးအကဲကလည်း   ကားမှန်ကိုချ၍လက်ပြလျက်  အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက်သည်။ မိမိနိုင်ငံသားများ၏ စေတနာစိတ်ဖြင့် ကြိုဆိုမှုများကို နိုင်ငံတော်အကြီးအကဲက မေတ္တာစိတ်ဖြင့် ကမ်းလင့်တုံ့ပြန်ခြင်းပါပင်။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကြိုးပမ်းဆောင်ရွက်ချက်များမှာ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရလဒ်ကောင်းများစွာဖြင့် ရှေးရှုဦးတည်လျက်ရှိသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးဆက်လက် သွားရောက်ခဲ့ပြီး  တွေ့ဆုံဆွေးနွေးမှုများ အပါအဝင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တက်ရောက်ခြင်း၊ သဘောတူစာချုပ်များချုပ်ဆိုခြင်း၊ နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခြင်း    စသည့်တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို ထပ်မံ၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲမှာ     ထိုသို့နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်သန်မျှော်မှန်း၍ မတ်လ ၃ ရက်မှ ၉ ရက်အထိ   ရက်သတ္တပတ်မျှ ကာလအတွင်းမှာပင်     နိုင်ငံသုံးနိုင်ငံအတွင်းရှိ မြို့ကြီး ခြောက်မြို့သို့ ခရီးအကွာအဝေးအားဖြင့် မိုင်ပေါင်း ၁၀၂၇၉ မိုင်အား အပူချိန် အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီစင်တီဂရိတ်အထိ ရာသီဥတုကွာခြားလျက်ရှိသော အခြေအနေမျိုးမှာပင် တစ်နေရာမှတစ်နေရာ၊ ဟိုမှသည်သို့ ကူးလူးသွားလာ၍    မမောမပန်းနိုင်ဘဲ စွမ်းစွမ်းတမံ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။     နိုင်ငံတော်အကျိုးစီးပွားကို   တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း   နေ့မအားညမနားဖြင့်  နိုင်ငံများအကြား   စိုက်ပျိုးရေးကဏ္ဍ၊    စီးပွားရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှု မြှင့်တင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာကိစ္စများတွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ထိုသို့သောကြိုးပမ်း ဆောင်ရွက်မှုများကြောင့်ပင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနေသော ချစ်ကြည်ရေးခရီးစဉ် သတင်းစကားကိုစောင့်မျှော်နေကြသည့်     နိုင်ငံသူ နိုင်ငံသားတို့၏ ရင်တွင်းကိုယ်စီ၌ ပိုမိုအားကောင်းသောမျှော်လင့်ချက်ရောင်စဉ်တန်းများ လင်းလက်တောက်ပလာခဲ့ရသည်။  

သို့ဖြစ်ရကား  နိုင်ငံတော်အကြီးအကဲ ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများမှာ သမိုင်းစဉ်တစ်လျှောက် အမိနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု  ဥယျာဉ်ကြီးအတွင်း အောင်မြင်မှုအသီးအပွင့်များအဖြစ် “ပွင့်ပန်းရာထောင်    ရနံ့ဆောင်သို့” သင်းပျံ့ကြိုင်လှိုင် နေတော့မည်ဖြစ်ပါသတည်း။     ။