သတင်းများ

2020 election

နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ 

ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mmတွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား - (၂၀-၁၁-၂၀၂၄) ထုတ် မြန်မာ့အလင်းသတင်းစာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

buritia

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယ အကြီးအကဲ၊ ကျန်းမာရေးဝန်ကြီး Mrs. Ludupova Evgeniia lurevne နှင့်ကိုယ်စား လှယ်အဖွဲ့များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းစကားပြောကြားရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သည် မိမိတို့နိုင်ငံနှင့်ထူးခြားသော ဆက်ဆံရေးရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်မှုအတွက် ကြိုဆိုဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရက ယခုကဲ့သို့ သာယာလှပသည့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရသည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ လာရောက်လည်ပတ်သည့်အချိန်တွင်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများကို များစွာခံစားမိပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလည်ပတ်ချိန်များ၌လည်း မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် မြန်မာပြည်သူများ၏ ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆိုမှုနှင့် အထူးဧည့်ဝတ်ကျေပွန်မှုများကိုလည်း မြင်တွေ့ရသည့်အတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးနွေးထွေးသောဆက်ဆံရေးရှိသည့် ခံစားမှုများကို ရရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့်ပဲများကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများတည်ဆောက်လျက်ရှိမှုအခြေအနေများ၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှု တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေးနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရောက်ရှိနေချိန်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် အထင်ကရနေရာများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.myanmar.gov.mm

ဘူရားတီးယားပြည်နယ်အကြောင်းဖတ်ရှုရန်
https://sacministry.gov.mm/my/news/695

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်း လောင်းကစားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာန အချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက် များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာအခြေအနေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မီဒီယာကဏ္ဍတွင်သာမက အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 Source: ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး (11th Cambodia - Lao PDR – Myanmar - Viet Nam (CLMV) Summit) ကို နိုဝင်ဘာလ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များဖြစ်ကြသည့် ကမ္ဘောဒီယားနိုင်ငံ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ အာဆီယံ အတွင်းရေးမှူးချုပ် H.E.Dr. KAO KIM HOURN ၊ အဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ရောက်ရှိလာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အဖွဲ့ဝင်များကို ကြိုဆိုနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် (၈) ကြိမ်မြောက် ဂျီအမ်အက်စ် ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြသည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆွေတော် နိုင်ငံ့ ခေါင်းဆောင်အကြီးအကဲများကို ကြိုဆိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် (၄) နှစ်တာကာလအတွင်း ထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကျင်းပခွင့်ရသည့်အတွက် ဝမ်းသာရပါကြောင်း၊ များပြားလှသည့် အစည်းအဝေးအချိန်ဇယား များမှ ယခုထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်ကြသည့် စီအယ်လ်အမ်ဗွီအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ယခု ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပခွင့်ရအောင် လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။

မိမိအနေဖြင့် စီအယ်လ်အမ်ဗွီ အဆင့်မြင့်အရာရှိကြီးများနှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုအောက်မှ သက်ဆိုင်ရာ ဦးဆောင်နိုင်ငံအလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များ၏ “(၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် (မူကြမ်း)” ကို အပြီးသတ် ရေးဆွဲနိုင်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးဂုဏ်ပြုလိုကြောင်း၊ တိုင်ဖုန်းရာဂီ၏ ဆက်စပ်အကျိုးဆက်များဖြစ်သည့် ရေကြီး၊ မြေပြိုမှုများကြောင့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများတွင်ရှိသည့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများအပေါ် များစွာဝမ်းနည်းရပါကြောင်းကို ပြောကြားလိုကြောင်း။

၂၀၂၄ ခုနှစ်သည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ နှစ် (၂၀) ပြည့်သည့် အချိန်အခါနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ ခရီးလမ်းတစ်လျှောက်၌ မိမိတို့ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ် (၈) ခုတွင် များပြားထူးခြားသည့် အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၃၀ ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီနိုင်ငံများကို စဉ်ဆက်မပြတ် စီးပွားရေးလုပ်ငန်းများနှင့် အလယ်အလတ် အဆင့် အထက်ဝင်ငွေရှိသော နိုင်ငံများဖြစ်လာရန် ရည်ရွယ်သည့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” ကိုလည်းချမှတ်နိုင်ခဲ့ကြောင်း။

စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် နားလည်မှုများသည် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှု အသီးအပွင့်များကို ပွင့်လန်းလာ စေခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှု စသည့်များကြားတွင် မိမိတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ယနေ့ မိမိတို့တွေ့ဆုံဆွေးနွေးမှုသည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုကို ပြန်လည်လေ့လာ ဆန်းစစ်ခွင့်ရရှိသည့်အပြင် “ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်အောက်တွင် စီအယ်လ်အမ်ဗွီမူဘောင်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးခွင့်ရရှိခြင်းလည်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့က “ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ဦးတည်ချက်အပေါ် အမြင်ချင်းဖလှယ်ခြင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေး ကြသည်။

ထို့နောက် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ် ဦးတည်ချက်အပေါ် အမြင်ချင်းဖလှယ်ခြင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေးရာ၌ ယနေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အက်ခ်မက်ထိပ်သီးအစည်းအဝေးတွင် စတင်သန္ဓေတည်ခဲ့သည့် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုယန္တရားကို မိမိတို့အနေဖြင့် ပြန်လည်အမှတ်ရမိကြောင်း၊ ယင်းအချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံ များသည် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပေါင်းစည်းထားသည့် အသိုက်အဝန်းတစ်ခု ဖန်တီးရန်အတွက် အားသွန်ခွန်စိုက် အတူတကွ ကြိုးစားခဲ့ကြကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စက်မှုနှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီအယ်လ်အမ်ဗွီအဖွဲ့ဝင်နိုင်ငံများ၏ အခြေခံ အဆောက်အဦနှင့် နည်းပညာချိတ်ဆက် ဆက်နွှယ်မှုများ ဆက်လက်တိုးတက်စေခြင်းသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံးကိစ္စရပ်ဖြစ်ကြောင်း၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု အောက်မှ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုအတွက် မိမိတို့သည် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” နှင့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေးအစီအစဉ်” များကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း။

မိမိအနေဖြင့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ရေး အစီအစဉ် ရေးဆွဲရာတွင် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ၏ ကျွမ်းကျင်အမြော်အမြင်ရှိစွာ အသုံးဝင်သည့် အချက်အလက်များ ထည့်သွင်းထားရှိမှုများအတွက် အသိအမှတ်ပြု ချီးကျူးလိုကြောင်း၊ အဆိုပါ “အကောင်အထည်ဖော်ရေး အစီအစဉ်” သည် စီအယ်လ်အမ်ဗွီ၏ ၂၀၃၀ ရည်မှန်းချက်ရရှိရေးကို အထောက်အပံ့ပြုမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် COVID-19 အလွန်ကာလတွင် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် လမ်းညွှန်ချက် အဖြစ် အသုံးပြုနိုင်မည်ဟု ယုံကြည်မိကြောင်း။

ထို့ကြောင့် မိမိအနေဖြင့် အဆွေတော်တို့ကို အဆိုပါ “မူဘောင်” နှင့် “အကောင်အထည်ဖော်ရေး အစီအစဉ်” များကို ထိရောက်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းလိုကြောင်း၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ထို့ကြောင့် စီအယ်လ်အမ်ဗွီ နိုင်ငံများအနေဖြင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် နည်းပညာအသစ်များကို စဉ်ဆက်မပြတ်လေ့လာရန်နှင့် အရည် အသွေးမြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ပြီး ရေရှည်တည်တံ့သည့် အခြေအနေဖန်တီးပေးရန် လိုအပ်ကြောင်း။

ကပ်ရောဂါဆိုးကြောင့် စီအယ်လ်အမ်ဗွီနိုင်ငံများ၏ စက်မှုကဏ္ဍသည် သိသာထင်ရှားစွာ ထိခိုက်ခဲ့ရကြောင်း၊ အဆိုပါကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် စီးပွားရေးစင်္ကြံများ၊ စီးပွားရေးစင်္ကြံများအကြား ချိတ်ဆက်မှုများနှင့် အထူးစီးပွားရေးဇုံများမှတစ်ဆင့် စက်မှုနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် စက်မှုအဆောက်အအုံများကို တည်ဆောက်၊ အဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း။

ထို့ပြင် စက်မှုကုန်စည်ပြပွဲများကျင်းပရန်နှင့် စီအယ်လ်အမ်ဗွီနိုင်ငံများရှိ လုပ်သားကုန်ထုတ် စွမ်းအားအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းအားပေးသင့်ကြောင်း၊ ယနေ့ခေတ်အချိန်တွင် သန့်ရှင်း၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နေ့ထက်တစ်နေ့ ပိုအရေးပါလာကြောင်း၊ ထို့ပြင် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် လျှပ်စစ်ကားများ အသုံးပြုခြင်း သည်လည်း အခြားရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားရန်လိုအပ်ကြောင်း။

ဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီအယ်လ်အမ်ဗွီနိုင်ငံများသည် ဒေသတွင်းနိုင်ငံများအတွင်း ထိခိုက်လွယ်ပြီး ထိခိုက်ခံရမှုအများဆုံးပင်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသအတွက် အရေးကြီးသည့် စိန်ခေါ်မှု ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုကို စုပေါင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုယန္တရားနှင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး၊ ဒေသတွင်းထိခိုက်မှုလျှော့ချရေးနှင့် ကြိုတင် အသိပေးခြင်းဆိုင်ရာထိရောက်သော အစီအစဉ်များနှင့် စီမံခန့်ခွဲမှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလာရေးလုပ်ငန်းသည် ပြည်သူချင်းထိတွေ့ ဆက်ဆံမှုအတွက် အလွန်ပင်အရေးပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများတွင် ရေမြေတောတောင် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ ဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအလေ့အထများကို ထိန်းသိမ်းနိုင်သည့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများနှင့် MSMEs ကဏ္ဍများကို အားပေးထောက်ပံ့သင့်ကြောင်း။

မိမိအနေဖြင့် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ (၆) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင်ကျင်းပနိုင်ခဲ့ခြင်းနှင့် (၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းတို့အပေါ် အလေးထား ပါကြောင်း၊ မိမိအနေဖြင့် “စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၅)” သည် စီအယ်လ်အမ်ဗွီနိုင်ငံများအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အကောင်အထည်ဖော်ရာတွင် များစွာအသုံးဝင်မည်ဟုလည်း ယုံကြည်ကြောင်း။ 

စီအယ်လ်အမ်ဗွီနိုင်ငံများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စီအယ်လ်အမ်ဗွီ မူဘောင်အောက်မှ နယ်ပယ်အသီးသီးတွင်ရှိသည့် ပညာသင်ဆုပေးအပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း၊ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် ပညာသင်ဆုများ ပေးအပ်နေခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် အခြားစိတ်ဝင်စားသည့် အဖွဲ့ဝင်နိုင်ငံ များကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များရှာဖွေဖော်ထုတ်ကာ စီစဉ်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

ရန်ပုံငွေရရှိခြင်းသည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု ယန္တရားအပါအဝင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားတိုင်း၏ အောင်မြင်တိုးတက်မှုအတွက် အရေးပါသည်ဟု သုံးသပ်မိကြောင်း၊ မိမိအနေဖြင့် IAI လုပ်ငန်းအစီအစဉ်များမှတစ်ဆင့် အကူအညီ အထောက်အပံ့ရအောင် ဆောင်ရွက်ပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် စီအယ်လ်အမ်ဗွီစီမံကိန်းများအတွက် အထောက်အပံ့ပေးသည့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်နိုင်ငံများ၏အကူအညီနှင့် အထောက်အပံ့များကိုလည်း အလေးထားကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့ဒေသကို ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံသည့် ကြံ့ကြံ့ခံနိုင်ပြီး သာယာဝပြောသည့် အသိုက်အဝန်းဖြစ်စေရေးအတွက် ဒေသတွင်းသာမက နိုင်ငံတကာတွင်ရှိသည့် နိုင်ငံများနှင့် ဆက်လက်လက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့သော အလုံးစုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်ကို ထပ်လောင်းအတည်ပြုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များက (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး၏ ထုတ်ပြန်ချက်များကို ဆွေးနွေးကြပြီး အတည်ပြု ထုတ်ပြန်သည်။

ထို့နောက်(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကအစည်းအဝေး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးကို (၂) နှစ် (၁) ကြိမ်ကျင်းပလေ့ရှိကြောင်း၊ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ‌ချိန်အတွင်း ထိပ်သီးအစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ရေးနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ရလဒ်များ ထွက်ပေါ်လာစေရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါမှာတွင် ထိပ်သီးအစည်းအဝေးကိုကျင်းပကာ မိမိတို့စီအယ်လ်အမ်ဗွီ နိုင်ငံများသာမက အခြားနိုင်ငံများအတွက်ပါ အများအကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ခြင်းအတွက် အလွန်ပင်ဝမ်းမြောက်မိကြောင်း။

ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်ကာလအတွင်းတွင် အဆွေတော်တို့၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှု၊ နားလည်ပေးမှုနှင့် အဖိုးမဖြတ်နိုင်သည့် အားပေးထောက်ခံမှုများ အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့သည် စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုများနှင့် ယခုနှစ်များအတွင်း ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ သာယာဝပြောမှုနှင့် ကြီးပွား တိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် ပိုမိုခိုင်မာသည့် ကတိကဝတ်များနှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ အရှိန်အဟုန်ကို ဆက်လက် အရှိန်မြှင့်တင်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်ထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံရခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး (11th Cambodia - Lao PDR – Myanmar - Viet Nam (CLMV) Summit) ကို နိုဝင်ဘာလ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး၊ ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေချင်း ထိစပ်နေပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထူထောင်ခဲ့ကြပါကြောင်း၊ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲသည့်ဆက်ဆံရေးဖြင့် အတူတကွ လက်တွဲကျော်ဖြတ်နိုင်ခဲ့ကြပြီး ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်အတွင်း ဧည့်ဝတ်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ တတိယ အကြိမ်မျက်နှာစုံညီအစည်းအဝေးတို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် မိမိအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်း၊ ယနေ့တွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံတည်ထောင်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော် ကာလအတွင်း၌လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရအတွက် အလွန် အရေးကြီးသည့် မူဝါဒတစ်ရပ်ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံနေမှုအား လေးနက်စွာထပ်လောင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် တရုတ်အနေဖြင့် ကူညီ ထောက်ပံ့ပေးခဲ့မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက် ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့် နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် တရုတ် နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ စီးပွားရေးအရ တက်ကြွသည့်အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာ ဘက်မှ လိုအပ်သောအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေးစင်္ကြံ တည်ဆောက်မှု စီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်နေကြောင်းဖြင့် ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံ များအား အသေးစိတ်ညှိနှိုင်းပြောကြားသည်။

ဆက်လက်ပြီး ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း လက်နက်ကိုင် အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးသည် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရန် အတွက် နယ်စပ်ကုန်သွယ်ရေးသည် အရေးပါပြီး တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ယွမ်-ကျပ် တိုက်ရိုက် ကုန်သွယ်မှုကိုလည်း ဖော်ဆောင်လျက်ရှိကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်း ကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမို တိုးတက်လာစေရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် လာမည့်သံတမန်ဆက်ဆံမှု ၇၅ နှစ်စိန်ရတု ကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Kunming Intercontinental ဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion Economic Cooperation Program (GMS) Summit ကြိုဆိုညစာစားပွဲအခမ်းအနားသို့ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ကြမည့် နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်သည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံများမှ အကြီးအကဲများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကြိုဆိုညစာစားပွဲကို ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများသည် ညစာကို အတူတကွ သုံးဆောင်ကြရာ တရုတ်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး၊ ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေး 

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့် အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌လည်းကောင်း သီးခြားစီတွေ့ဆုံ ဆွေးနွေးသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လက်ရှိပကတိအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လိုအပ်သည့် အခြေအနေများနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာ နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source-www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေး 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia - Lao PDR – Myanmar - Vietnam (CLMV) Summit တို့သို့ တက်ရောက်ရန်အတွက် အောက်တိုဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

အဆိုပါခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက် မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးကျရောက်ခဲ့သည့် အခြေအနေများ၊ လက်ရှိအစိုးရ၏ ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ လူသားချင်းစာနာမှုအကူအညီများကို ဘေးဒဏ် သင့်‌ဒေသများရှိ ပြည်သူများလက်ဝယ်သို့ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် သဘာဝဘေးနှင့် ပဋိပက္ခဒဏ်သင့်ဒေသများမှ ပြည်သူများ၏ လူမှုဘဝ ပြန်လည် ထူထောင်ရေးအပေါ် အကူအညီပေးနိုင်မည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဝန်ကြီး ဌာနများနှင့် UNHCR အကြားနားလည်မှုစာချွန်လွှာများ ပုံမှန်သက်တမ်းတိုးဆောင်ရွက်သွားရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးခဲ့ကြသည်။

 တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးနှင့် အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

Source- မြန်မာ့အလင်း

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းစတင်ကောက်ယူ

အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့ လာရောက်၍ စာရင်းကောက်ယူကြသည်။

ပြည့်ပြည့်စုံစုံဖြေကြား

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းဖြည့်စွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံဖြေကြားခဲ့သည်။

အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ မိသားစုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းတို့ကိုလည်း ၎င်းတို့၏နေအိမ်များသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြသည်။

နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ်အခြေခံ၍ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင် တစ်ကြိမ် ဆောင်ရွက်လျက်ရှိသည်။

အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်

သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များသည် နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲနိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြုရသည့် အချက်အလက်များဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကကောက်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းတစ်ခုဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက်ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်အကြောင်းကြားမည်ဖြစ်

ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းဆက်လက် မတက်ရောက်ရသည့်အဓိက အကြောင်းရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ်စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကိုတွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများဖြစ်သဖြင့် လက်တွေ့အသုံးဝင်သည့် အချက်အလက်များပင်ဖြစ်ကြောင်း၊ စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/ မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းထည့်သွင်းမကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။

Source- www.moi.gov.mm

နိုင်ငံတစ်ဝန်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူ

အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။