မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ် နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံ များဖြစ်ကြပြီး ရှည်လျားခိုင်မာသည့် ဆက်ဆံရေးသမိုင်းကြောင်းရှိကာ လာမည့် ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် စိန်ရတုနှစ်သို့ ရောက်ရှိမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသောနိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည့်အခြေအနေများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို စတင်သဘော တူဆောင်ရွက်ခဲ့သည့် နိုင်ငံများဖြစ်သည့်အားလျော်စွာ တည်ငြိမ်အေးချမ်းရေးကို အလေးထားသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံတွင်ပါဝင်မှုအခန်းကဏ္ဍနှင့် အာဆီယံ၏ ပဋိဉာဉ်အတိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီ အားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင် မည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဦးစွာဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေပါကြောင်း၊ တရုတ်တစ်နိုင်ငံ တည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှု အပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာဘက်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်များကိုမဆို မြန်မာနိုင်ငံမှတဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြား သည်။
ယင်းနောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင် မာမာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိ ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Daba Debele Hunde ကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါရုံး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Daba Debele Hunde ကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါရုံး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်ရေး၊ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ သဘာဝ ဘေးတုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေဆုံခဲ့ပြီး မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုး မြှင့်ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ် ဆွေးနွေးခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Daba Debele Hunde ကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါရုံး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ဇန်နဝါရီပထမပတ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေး ပါတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဦးစွာပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေပြင်ဆင်မှုများအား ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း ပါတီများအနေဖြင့်လည်း ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း။
ပါတီဝင်များ၏ဝန်းရံမှုများ ခိုင်မာရန်လို
ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့်ပါတီ၊ ဒေသကိုကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံကိုယ်စားပြုသည့်ပါတီဟူ၍ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန် လိုပြီးပါတီတွင်း ဒီမိုကရေစီတည်ဆောက်ရန်လည်းလိုကြောင်း၊ ပါတီကိုဦးဆောင်သူမရှိသဖြင့် ပါတီ ယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများ မဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့်ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ ဝန်းရံမှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီအလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စည်းလုံးညီညွတ်မှု လက္ခဏာသည်လည်း ခံ့ခံ့ညားညားရှိရန် လိုကြောင်း။
ပါတီများဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရလုပ်နိုင်ကိုင်နိုင်သည့်အခြေအနေတွင် ရှိစေရေး လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားတွင်ရှိရန်လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သောမြို့နယ်များ၌ လုံခြုံရေးအရပါတီလှုပ်ရှားမှုများဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့ လုပ်နိုင်သည့်အခြေအနေတွင်ရှိသည့်ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန်ရည်ရွယ်ထားသည့် မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လို ပြီး နိုင်ငံသည်သာလျှင် အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့်ပါတီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင် ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ များက ပါဝင်ဆောင်ရွက်ရန် အချက်သုံးခုရှိကြောင်း။
စီးပွားရေးတိုးတက်အောင် ကြိုးပမ်း
နိုင်ငံ၏ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် ပါတီများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၆ သန်းအနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ ဆောင်ရွက်သူ ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ လက်မှုပညာနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်သူ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ ၁၀ ဒသမ ၄ ရာခိုင်နှုန်း၊ အခြေခံအလုပ်သမား ဆောင်ရွက်သူ ၁၁ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ယင်းကဏ္ဍကြီး ၄ ရပ်ကို သာ အခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍကြီး ၄ ရပ် တိုးတက်စေရေး၊ ပိုမိုအားကောင်းလာစေရေး ပါတီများအနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းက ပါတီဝင်များဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ်ခံယူ၍ ပါတီများအနေဖြင့် ဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။
ပညာရေးနှင့်ပတ်သက်ပါကလည်း မိမိတို့နိုင်ငံတွင် အားနည်းချက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်နိုင်ငံတော်ကို ပညာတတ်လူသားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေး အတွက်လည်း ပါတီများအလိုက် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိအချိန်၌လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အချို့သောနယ်မြေများ၌ ကျောင်းနေ အရွယ်ကလေးငယ် များစွာ၏ ပညာရေးများစွာထိခိုက်နစ်နာနေရကြောင်း၊ ပညာရေးတွင် အားနည်းချက်များရှိခဲ့ပါက နောင်အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပြီး အတွေးအခေါ်၊ အသိအမြင်နှင့် စည်းကမ်းလိုက်နာမှုအပိုင်းတို့၌ ကွာဟမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီများ အနေဖြင့် ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက်ကောင်းမွန်သည့်လမ်းကြောင်းပေါ်မှ မြှင့်တင်ပေးနိုင်ရေး၊ လမ်းညွှန်ပေးနိုင်ရေးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ပါတီများအနေဖြင့်လည်း နိုင်ငံ့အရေးဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ပညာရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင်လာစေရေး တိုက်တွန်းပြောကြားရခြင်းဖြစ်ကြောင်း။
ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်
တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမို ကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့် လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော် အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း။
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့် ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရန် လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန် ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်
ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည် ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်း ဟောင်း အားလုံးကို ပြန်လည်ခေါ်ယူမည်ဟုမဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေး အင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန် လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို
တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ် များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေး ပါတီများ၊ တိုင်းသူပြည်သားများအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကို ကိုယ်စားပြုမည့် သူများကို နိုင်ငံရေးပါတီများမှသာ ရွေးချယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ဒေသနှင့်နိုင်ငံ့အကျိုးအတွက် ဆွေးနွေးကြရန်နှင့် လိုအပ်သည်များကို အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာ ကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက် လျက်ရှိမှု၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ပါတီရုံးများ ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်မှုနှင့်ထောက်ခံမှု၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ပါတီများအနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပါဝင်အားဖြည့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ပါတီများမှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် ပါတီများ၏ တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေဆိုင်ရာကိစ္စ၊ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာကိစ္စများနှင့် ပါတီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှု ဆိုင်ရာများနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြသွားကြကြောင်း၊ နိုင်ငံရေး ပါတီများသည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များတွင် ပါဝင် ဆောင်ရွက်ကြကြောင်း၊ ဥပဒေပြုရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပါတီခေါင်းဆောင်များအနေဖြင့် ဥပဒေကို ပိုမိုနားလည်သိရှိရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲပေးရာတွင် ကြိုက်နှစ်သက်သည့်ပါတီကို မဲပေး၍ရသော်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း။
ပါတီတွင်းနှင့် ပါတီများစည်းလုံးညီညွတ်ရေးသည်လည်း အရေးကြီးကြောင်း၊ ယခုအတည်ပြုပြီး သော ပါတီများသည် တရားဝင်ခွင့်ပြုထားသည့် နိုင်ငံရေးဦးဆောင်ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်လိုအပ်ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လို ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ကြရန်လို ကြောင်း။
ပညာရေးအားကောင်းအောင် ဆောင်ရွက်
တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းအားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင်ချက်များ များစွာပေးကြကြောင်း၊ ယင်းအတွက် ပြည်သူများ အသိပညာအားကောင်းစေရေး ပညာရေးအားကောင်း အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ်ပေးနိုင်ရေးအချိန်ပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်နေသည်များ ရှိကြောင်း၊ တိုင်းရင်းသားအားလုံး ပြည်သူများအားလုံး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် လိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန်အရေးသုံးပါးကို အလေးထားမည်ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော် မှုများနှင့် အသိဉာဏ်အား နည်းပါးမှုများကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်ညီညွတ်ခြင်းအင်အားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေမည့်လုပ်ရပ်များ မလုပ်ဆောင်မိစေရေး သတိထား ဆောင်ရွက်ကြစေလိုကြောင်း။
ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ရာတွင် ဥပဒေနှင့်သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းသည့်စိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းသည့်ရလဒ်များရရှိမည်ဖြစ်ပြီး မကောင်းသည့် စိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက မကောင်းသည့်ရလဒ်များ ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေပြုမဏ္ဍိုင်တွင် ဆောင်ရွက်ရမည့် ပါတီများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေ သည့်ကာလဖြစ်ပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့်ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာ မှုများဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း မှားယွင်းမှုများမှာ မည်သို့မျှလက်ခံ၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးပင် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏ စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့် အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိမိကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော်လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက်ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ကြောင်း။
လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့် သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ ၇၆ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိလွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှု ရှိသည့်နိုင်ငံများ ရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ် အေးချမ်းမှုရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘော ထားကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်း မှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်လာသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ်ဆောင်ရွက်ထားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပါတီများ အနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်များ အားလုံး ပညာသင်နိုင်ရေး၊ အလုပ်လုပ်နိုင်သူများ အားလုံးအလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပညာသင်ကြားနိုင်သည့် အရွယ်တွင်ပညာသင်ကြားနိုင်မည်ဆိုပါက အသိပညာ၊ အတတ် ပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားရမည့် အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။
လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခု ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။
ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှုဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်ကောင်းရာ ကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုကြရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက်လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာ ကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီ များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင် စေရေးပါတီများမှ ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင်ပါတီများမှ ပါဝင်အားဖြည့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တိုင်းချစ်ပြည်ချစ် စိတ်များ တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများ နှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်များအနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာ ဖြစ်ပေါ်လာ ရေးတို့အတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများဖွင့်လှစ်ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ သန်းခေါင်စာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုံးမှ မရှိစေရေး နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုမှုများကို အသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့မှု အခြေအနေများ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့်အချို့ပါတီများကို ဖျက်သိမ်းခဲ့မှုအခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ဥပဒေ သတ်မှတ်ချက်များ ပြည့်မီစေရေး ဆောင်ရွက်ရန်လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေး ရာတွင် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ အနည်းငယ်ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှုမရှိခဲ့ကြောင်း၊ အစိုးရ အနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရှိအောင် တွန်းအားပေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိခဲ့မှုမရှိသည့်အပြင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရရှိသည့် ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီ လိုအပ်ချက်အတွက် နိုင်ငံခြားငွေအများအပြားသုံးစွဲနေရကြောင်း၊ ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးနိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ရငွေ ဘက်ဂျက်အပေါ်တွင် မူတည်၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီးမြှင့်ငွေများကို ဆောင်ရွက်ပေးထားကြောင်း။
နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက်စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီတစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့် အလေးထားမှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင်သည်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများအားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် အတတ် နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။