သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်း ချက်များဖြစ်ကြောင်း၊ ဦးတည်ချက်(၉)ရပ်သည် မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန် အနှစ်ချုပ်ပင်ဖြစ်ကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ပြန်လည်သုံးသပ်ကြည့်ရန်လိုကြောင်း။

နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခြင်းသည် အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ်ဆောင်ရွက်ထားခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့မည်မျှ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို ဝန်ကြီးဌာနအလိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သုံးသပ်ကြည့်စေလိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ခေတ္တဝင်ရောက်တာဝန်ယူရသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း နောက်တွင်မကျန်ခဲ့စေရန်အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လို

နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များရရှိစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် KG +9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း (Agro Base Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုး မွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့ သွားရန်လိုကြောင်း၊ ၎င်းအတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှုအတတ်ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်လည်း လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ဥပမာအားဖြင့် ယွန်းအတတ်ပညာကဲ့သို့ မြန်မာ့ယဉ်ကျေးမှုအတတ်ပညာများကို တတ်မြောက်သည့် ယွန်းအတတ်ပညာရှင်များလည်း စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အခြေခံလိုအပ်သည့် အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ်များကိုလည်း ထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လို

ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေရာခိုင်နှုန်းများ လျော့နည်းနေသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းမှုရှိသည့် မြို့နယ်တိုင်းတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အစိုးရတာဝန်ယူချိန်တွင် စာသင်ကျောင်းများ၏ ဥပဓိရုပ်များကောင်းမွန်ရေးနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်များရရှိစေရေး ရရှိထားသည့်ဘွဲ့များအလိုက် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုရန်၊ ချီးမြှင့်ပေးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် အတွင်း ကျောင်းပေါင်းစုံအားကစားပွဲများ၊ အမျိုးသားအားကစားပွဲတော်နှင့် တပ်မတော်အားကစားပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းသည် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေရေး၊ အားကစားကိုမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့် စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေကြစေလိုကြောင်း။

လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့် လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့်အတွက် ဈေးကွက်ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်

မိမိအနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနှင့် ပြင်ဦးလွင်ဒေသတို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အားရကျေနပ်ဖွယ်ကောင်းသည်ကိုတွေ့ခဲ့ရကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ယခင်ထက်ပိုမိုထုတ်လုပ်လာနိုင်သည်ကိုတွေ့ရှိရပြီး ထုပ်ပိုးမှုပိုင်းနှင့် အရည်အသွေးပိုင်းများသည်လည်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ချောပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားရှိသည့် ထုတ်ကုန်ပစ္စည်းများ ကုန်ကြမ်းမပြတ်ရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီတို့နှင့်ပတ်သက်၍ MSME လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက်လည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းသည့် နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အသားငါးများ ဈေးနှုန်းကြီးမြင့်မှုကို တတ်နိုင်သမျှ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ယူဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများရှိသည်ဖြစ်သဖြင့် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေး၍ စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။

ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လို

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟု မူဝါဒချမှတ်ပေးထားပြီးဖြစ်သော်လည်း အချို့သောဆေးရုံများ၌ ဆရာဝန်များမရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် စိစစ်ဆောင်ရွက်တင်ပြသွားရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများကို လျှော့ချဆောင်ရွက်သွားမည်ဆိုပါက တစ်ဦးချင်းစီ၊ မိသားစုတစ်စုချင်းစီအတွက် အကျိုးရှိစေနိုင်သည်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့် နိုင်ငံ၏အကျိုးနှင့်ပတ်သက်ပါက ပြောသင့်ပြောထိုက်သည်များကို မဖြစ်မနေပြောဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို တွန်းတွန်းတိုက်တိုက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ရည်မှန်းချက်များကို ခိုင်ခိုင်မာမာဖြင့် ရပ်တည်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အသီးသီးရှင်းလင်းတင်ပြ

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ဧကလျာထားမှုနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး တိုးချဲ့စိုက်ပျိုးဆောင်ရွက်ထားမှုအခြေအနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ကြားသင်ယူမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု ပိုမိုလွှမ်းခြုံနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသားငါးကဏ္ဍဖူလုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုန်များ တိုးတက်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကောက်ခံရရှိမှုအခြေအနေများ၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားငွေရရှိမှုအခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် သုံးစွဲမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်ချေးငွေများ ထုတ်ချေးပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ အဝေးသင်ပညာရေးသည် နိုင်ငံတကာတွင်လည်း အောင်မြင်နေသည့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အရေးပေးဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအဝေးသင်ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်မှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းတွင် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီတို့ကို အရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရေး ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရော်ဘာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ အလုံအလောက်ထွက်ရှိပြီးဖြစ်သဖြင့် နည်းပညာနှင့် အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြုသည့် တာယာနှင့် ကျွတ်များ အများအပြားထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း အရည်အသွေးမြင့် ရော်ဘာထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေး အားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်အမှာ စကားပြောကြား

နေပြည်တော်     ဇန်နဝါရီ ၇

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အွန်လိုင်းစနစ်ဖြင့် တက်ရောက်

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်‌ရောက်ကြသည်။

တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း(Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ‌ ဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်းအဖြေရှာသွားကြရမည် ဖြစ်ပါကြောင်း။

ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ(Infrastructure) ဖြစ်နေသည့်အတွက် ကဏ္ဍ (၂) ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း။ 

လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။ 

လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။

ပြန်လည်လေ့လာသုံးသပ်

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်အနေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အမြန်ဆုံးအကောင်အထည်ဖော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်‌ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။ 

နိုင်ငံတကာတွင် ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။

ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်

စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထညဖော်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်‌ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် သုံးစွဲမှုအခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

Source: မြန်မာ့အလင်းသတင်းစာ

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့်လမ်းကြောင်းကို မျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ ကြိုးစားလျှောက်လှမ်းခဲ့ကြလို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့နိုင်ငံသားများရဲ့ ကောင်းကျိုးကို မလိုလားသူတွေအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့ရွာများလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြပါတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ရဲ့ဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေတဲ့ အသိဉာဏ်မဲ့တဲ့သူများရဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အကြောင်းအရာများကို အကြမ်းဖက်လုပ်ရပ်များအပေါ် ခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အောက်ကျနောက်ကျ လုပ်နေတာပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ကာကွယ်တားဆီးကြဖို့၊ ရပ်တန့်အောင် ကြိုးစားကြဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းမြင့်မားအောင် အုတ်မြစ်ချနိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စားစွာ ဆောင်ရွက်နေကြသူများ ရှိနေကြလို့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးကို ကျွန်တော်အလေးအနက်ဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တမ်းတွေအဖြစ် ကျန်ရစ်ခဲ့မှာဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို ဖော်ထုတ်ပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကိုပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလို ဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းမတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။

ဒီကမ္ဘာလောကကြီးမှာ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနဲ့ မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝရပ်တည်ရေးကို ကိုယ်စွမ်းကိုယ်စနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝကို ကျရောက်စေနိုင်တာကိုလည်း သတိချပ်စေလိုပါတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေဖို့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက သွေးစည်းညီညွတ်ကြရပါမယ်။ နိုင်ငံတော်ကို ဘေးအန္တရာယ်ကျရောက်လာရင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိတဲ့ တပ်မတော်နဲ့ ပြည်သူတို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝနဲ့ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ကာကွယ်ပြီး နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြရပါမယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်၍တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူများက ၂၀၂၄ ခုနှစ်မှာ ပြသနိုင်ခဲ့ကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသား မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး တစ်ဦးပေါ်တစ်ဦး အပြန်အလှန်မေတ္တာထားပြီး နိုင်ငံနဲ့လူမျိုးကောင်းကျိုးကို ဖော်ဆောင်နိုင်ကြသူများဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။

Source: myanmar.gov.mm

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံအတွင်း၌ လူဦးရေ (၅၁,၃၁၆,၇၅၆) ဦး ရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်း အရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့အင်အားဦးစီး ဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန် ထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှရရှိသော ရှေ့ပြေး လူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံ အတွင်း၌ ရှိနေသူဦးရေမှာ (၅၁,၃၁၆,၇၅၆) ဦး ဖြစ်ပါသည်။ အဆိုပါစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂,၁၉၁,၄၀၇) ဦးနှင့် စာရင်းမကောက်ယူနိုင်သည့်ဒေသများ အတွက် ခန့်မှန်း လူဦးရေ (၁၉,၁၂၅,၃၄၉) ဦး ပါဝင်ပါသည်။ ကောက်ယူ ရရှိသည့် စာရင်းအရ ကျား ဦးရေမှာ (၁၅,၁၀၅,၂၁၅) ဦးနှင့် မ ဦးရေမှာ (၁၇,၀၈၆,၁၉၂) ဦးဖြစ်၍ အမျိုးသမီး ဦးရေ ပိုများသည်ကို တွေ့ရှိရပါသည်။ အမျိုးသား (၄၆.၉) ရာခိုင်နှုန်းဖြစ်၍ အမျိုးသမီး (၅၃.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး / ပြည်နယ် များတွင် ကျား/မ အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု (စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်း လူဦးရေအပါအဝင်)ကို ဇယားများဖြင့် ဖော်ပြထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေ စာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် https://www.dop.gov.mm တွင် ရယူ နိုင်ရန် ထုတ်ပြန်ထားသည်။

Source: ပြည်သူ့အင်အားဦးစီးဌာန (DOP)

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်း အရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့အင်အားဦးစီး ဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန် ထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှရရှိသော ရှေ့ပြေး လူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံ အတွင်း၌ ရှိနေသူဦးရေမှာ (၅၁,၃၁၆,၇၅၆) ဦး ဖြစ်ပါသည်။ အဆိုပါစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂,၁၉၁,၄၀၇) ဦးနှင့် စာရင်းမကောက်ယူနိုင်သည့်ဒေသများ အတွက် ခန့်မှန်း လူဦးရေ (၁၉,၁၂၅,၃၄၉) ဦး ပါဝင်ပါသည်။ ကောက်ယူ ရရှိသည့် စာရင်းအရ ကျား ဦးရေမှာ (၁၅,၁၀၅,၂၁၅) ဦးနှင့် မ ဦးရေမှာ (၁၇,၀၈၆,၁၉၂) ဦးဖြစ်၍ အမျိုးသမီး ဦးရေ ပိုများသည်ကို တွေ့ရှိရပါသည်။ အမျိုးသား (၄၆.၉) ရာခိုင်နှုန်းဖြစ်၍ အမျိုးသမီး (၅၃.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး / ပြည်နယ် များတွင် ကျား/မ အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု (စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်း လူဦးရေအပါအဝင်)ကို ဇယားများဖြင့် ဖော်ပြထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေ စာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် https://www.dop.gov.mm တွင် ရယူ နိုင်ရန် ထုတ်ပြန်ထားသည်။

Source: ပြည်သူ့အင်အားဦးစီးဌာန (DOP)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၃

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်သည် နိုင်ငံတော်၏ ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်ကြောင်း၊ ဦးတည်ချက် (၉) ရပ်သည် နိုင်ငံတော်၏မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်အနှစ်ချုပ်ပင်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာနများအလိုက် တိုက်ရိုက်ဆောင်ရွက်ရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှ တိုက်ရိုက် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းများလည်းရှိကြောင်း၊ ဥပမာအားဖြင့် နိုင်ငံရေးဦးတည်ချက်ဖြစ်သည့် “ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဆိုသည့်အချက်နှင့်ပတ်သက်၍ ၎င်းအပေါ် အခြေခံ၍ မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားသည့်လုပ်ဆောင်ချက်မျိုးဖြစ်ရန်လိုကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးသည်လည်းအလားတူပင်ဖြစ်ကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အဆင့်ဆင့်ခွဲဝေပေးထားပြီးဖြစ်၍ မှန်မှန်ကန်ကန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တာဝန်ပေးမှဆောင်ရွက်ခြင်းထက် လုပ်သင့်လုပ်ထိုက်သည်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း။

အလားတူ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုသည့်အချက်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ဆောင်ရွက်ရခြင်းရှိသကဲ့သို့ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရခြင်းများလည်းရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ဆောင်ရသည်များလည်းရှိကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှလည်း ဆောင်ရွက်ရသည်များလည်းရှိကြောင်း၊ ထိုသို့အဆင့်ဆင့်ဆောင်ရွက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးနှင့်ပတ်သက်သော နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ဥပမာများသာဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ်ရာတွင် တစ်ချက်ချင်းစီအလိုက် သက်ဆိုင်ရာဖော်ပြချက်များအားလုံးသည် အဓိပ္ပါယ်ရှိပြီးဖြစ်ကြောင်း၊ အဆိုပါအချက်များကို မိမိတို့ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်မှုရှိ/မရှိ ပြန်လည်သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များကို အားသွန်ခွန်စိုက် အောင်မြင်အောင် ဆောင်ရွက်ကြစေလို

အစိုးရတစ်ရပ်ဟူသည်မှာ တာဝန်ထမ်းဆောင်ရာတွင် အချိန်ကာလအရကန့်သတ်မှုများရှိကြောင်း၊ ထို့ကြောင့်ရရှိသည့်အချိန်ကာလအတွင်း ထမ်းဆောင်ရမည့် နိုင်ငံ့တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ချိန်တွင် ကိုဗစ် - ၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေးအကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာရယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ တိုးတက်မှုနည်းပါးနေသေးသည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရအောင်မြင်မှုများဖြင့်ကျေနပ်နေ၍မရဘဲလက်တွေ့မြေပြင်၌လည်းအမှန်တကယ်တိုးတက်အောင်မြင်မှုရှိရန် လိုကြောင်း၊ ကိန်းဂဏန်း အချက် အလက်များ မှန်ကန်မှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲရာတွင် မှားယွင်းမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စီးပွားရေးရာဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများအနေဖြင့် စီမံကိန်းများ ရေးဆွဲရာတွင် လက်တွေ့ကျသည့်စီမံကိန်းနှင့် ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျ အသေးစိတ်တွက်ချက်ရေးဆွဲရန်လိုကြောင်း၊ မြေပြင်အခြေအနေမှန်များကို လေ့လာသုံးသပ်ပြီးမှသာ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင်လည်း လက်တွေ့အကျိုးပြုစေနိုင်မည့် နေရာများ၌သာ သုံးစွဲသွားရန်လိုကြောင်း။

ကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်

စီးပွားရေးနှင့်ပတ်သက်၍ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း၊ ပြည်သူများအား ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထုသက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း။

ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း၊ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးရန်လိုကြောင်း၊ အလုပ်အကိုင်များဖန်တီးရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်ဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

အချက်အလက်များ မှန်ကန်မှုရှိရန်လိုအပ်မှု

ကိန်းဂဏန်းအချက်အလက်များ ခိုင်မာမှန်ကန်ရေးနှင့်ပတ်သက်၍လည်း ထပ်မံပြောကြားလိုကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်အလက်များအရသိရှိရပြီး ပြည်ပသို့တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့် အချက်အလက်များ ကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍လည်း နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် ပိုလျှံသည့်ဆန်နှင့် ပြည်ပသို့တင်ပို့သည့် ဆန်ပမာဏ ကွာခြားနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မှ တင်ပြသည့်အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ရခြင်းဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်များအရ လွဲမှားမှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်ထွက်ရှိသည့် အထွက်နှုန်းများနှင့် အစိုးရတာဝန်ရှိသူများထံသို့ တင်ပြသည့်အချက်အလက်များ ကိုက်ညီမှုရှိရန်နှင့် မြေပြင်အမှန်အတိုင်းဖြစ်ရန်လိုကြောင်း။

Green Zone Area များ ဖော်ဆောင်ပြီး စိမ်းလန်းစိုပြည်သည့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ရေး

စိမ်းလန်းသာယာစိုပြည်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Green Zone Area များ ဖော်ဆောင်သွားရန်လိုပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိန်းသိမ်းကြပ်မတ်ရမည့်လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ကြပ်မတ်မှုအားနည်းပါက နောင်အနာဂတ်တွင် သစ်တောသစ်ပင်ပြုန်းတီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကို ကြုံတွေ့ရနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးခဲ့သည့်အပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ အချိန်၊ ငွေကြေးနှင့် လုပ်အားအရင်းအနှီးများ များစွာကုန်ကျခံပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် အောင်မြင်မှုရှိအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာများတွင်လည်း သစ်ပင်သစ်တောများ ရှင်သန်မှုရှိအောင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားကြရန်လိုပြီး ဒေသအလိုက်၊ နယ်အလိုက် အနီးကပ်ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ လမ်းနယ်များ၊ မီးရထားလမ်းနယ်များနှင့်ပတ်သက်၍လည်း လမ်းမကြီးများ ဥပဒေ၊ မီးရထားလမ်းဥပဒေတို့နှင့်အညီ စနစ်တကျဖြစ်ရန်လိုကြောင်း၊ ခေတ်အဆက်ဆက် ထိန်းသိမ်းကြပ်မတ်မှုအားနည်းခဲ့၍ လမ်းနယ်များ၊ မီးရထားလမ်းနယ်များနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုစွမ်းအားရှိသည့်နိုင်ငံဖြစ်စေရေး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လို

အလုပ်သမားရှားပါးမှုပြဿနာနှင့်ပတ်သက်၍ အချို့လုပ်ငန်းရှင်များ၏ တင်ပြချက်များအရ သိရှိရကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်သည် ပညာအရည်အချင်း အားနည်းကြကြောင်း၊ ၄၁ ရာခိုင်နှုန်းခန့်သည် လယ်ယာသစ်တောသားငါးကဏ္ဍတွင် လုပ်ကိုင်ကြသူများဖြစ်သဖြင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမှ အလုပ်အကိုင်များဖော်ဆောင်ပေးနိုင်ရေး လက်ရှိအခြေအနေ၌ မဖြစ်မနေလိုအပ်လျက်ရှိကြောင်း၊ လူဦးရေသန်းပေါင်းများစွာရှိသည့် နိုင်ငံများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့်ပမာဏမှာ မသိသာသော်လည်း မိမိတို့ကဲ့သို့ လူဦးရေနည်းပါးသောနိုင်ငံအတွက်မူ လျော့သွားသည်မှာ သိသာကြောင်း၊ အလုပ်လုပ်ကိုင်မည့် စွမ်းအားများ လျော့နည်းသွားသည်ဖြစ်သဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအားများ မြင့်တက်လာပြီး Supply နှင့် Demand မျှအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပို့ကုန်များ တိုးတက်လာပြီး ဝင်ငွေတိုးတက်လာပါက ငွေကြေးဈေးနှုန်းများလည်း ကျဆင်းလာနိုင်မည်ဖြစ် ကြောင်း။

ပြည်တွင်းဆီစားသုံးမှု ဖူလုံရေး

ဆီဖူလုံရေးနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းမှစ၍ ၄၁ ကြိမ်တိုင် တိုက်တွန်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်တွင်လည်း “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ကို ထည့်သွင်းချမှတ်ထားပြီး မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို စနစ်တကျအဖြေရှာ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ နည်းလမ်းရှာ၍ လုပ်ဆောင်မည်ဆိုပါက ဖြစ်ထွန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လူသာလျင်အရေးကြီးပြီး လူတို့၏စီမံခန့်ခွဲမှုနှင့် ဦးဆောင်မှုသည် အဓိကအရေးကြီးကြောင်း။

စီမံကိန်းအသစ်များဖော်ဆောင်ရာ၌ မူအားဖြင့် သဘောတူညီချက် ရယူဆောင်ရွက်ရန်လို

စီမံကိန်းအသစ်များဖော်ဆောင်မှုနှင့်ပတ်သက်၍လည်း အနည်းငယ်ပြောကြားလိုပြီး စီမံကိန်းအသစ်များဖော်ဆောင်ရာ၌ မူအားဖြင့် သဘောတူညီချက်ယူဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့်စီမံကိန်းများကိုသာ ဆောင်ရွက်ကြစေလိုပြီး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်လည်း တာဝန်ယူရန်လိုကြောင်း။

စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများနှင့်ပတ်သက်၍လည်း အကျိုးအမြတ်ကို ဖော်ဆောင်ပေးနိုင်သည့်ဌာနများရှိသကဲ့သို့ အောင်မြင်မှုမရှိသည့် ဌာနများလည်းရှိကြောင်း၊ နိုင်ငံအတွက်အကျိုးရှိမည့်လုပ်ငန်းများကို ဆက်လက်အားပေးရမည်ဖြစ်သကဲ့သို့ အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှုမရှိသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ ရပ်တန့်သင့်က ရပ်တန့်သွားရန်လိုကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပါက အကျိုးရှိစေလိုပြီး စီးပွားရေးအရ တွက်ချက်ဆောင်ရွက်စေလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဖြည့်စွက်မှာကြား

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ တင်ပြချက်များအရ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား ပြည်သူလူထုသို့ သက်သာသောဈေးနှုန်းများဖြင့် မည်ကဲ့သို့ ရောင်းချပေးလျက်ရှိသည်၊ ဆန်ဖူလုံမှု၊ ဆန်ဖူလုံမှု မည်မျှရှိသည်တို့ကို ရာခိုင်နှုန်းများဖြင့် တင်ပြကြသည်ကိုတွေ့ရကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ အစိုးရကဆောင်ရွက်ပေးမှမဟုတ်ဘဲ လူတိုင်းက လုပ်ဆောင်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖူလုံမှုများရှိနေသည်ဟုဆိုပါက အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရန် အကြောင်းမရှိကြောင်း၊ ထို့ကြောင့် အခြေခံစားကုန်ဖူလုံရေးကို အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းအပြည့်အဝရရှိအောင်ဆောင်ရွက်ရန်၊ ယခုကျောင်းတက်နေသည့် ကျောင်းတက်နေသူအားလုံး စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မူလတန်းနှင့် အလယ်တန်းပြဆရာ ဆရာမများသည် လက်ဦးဆရာများဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝရန် လိုအပ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Polytechnic တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ဝါနှင့် ဝါးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝါးကုန်ကြမ်းများ ပေါများစွာရှိသည့်အတွက် ဝါးကိုအခြေခံသည့် စက္ကူနှင့် ပျော့ဖတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက်လည်း အကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကိုသက်သာစေမည်ဖြစ်ကြောင်း၊ ရာဘာနှင့်ပတ်သက်၍လည်း ကုန်ကြမ်းသာမက ရာဘာကုန်ချောများ ထုတ်လုပ်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ကြက်သွန်စိုက်ပျိုးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် မိမိတို့နိုင်ငံ၏ အနီးပတ်ဝန်းကျင်တွင် ဈေးကွက်ရှိပြီးဖြစ်သဖြင့် ကြက်သွန်ကို တိုးချဲ့စိုက်ပျိုးပြီး ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝကောက်ခံရရှိပြီး ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ပိုမိုအသုံးပြုနိုင်စေရန် ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်ကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားအမျိုးအစားများအလိုက် စံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်အောင်လည်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အလားတူ နံနက်ပိုင်းကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုဝင်ဘာ ၁၉

အမေရိကန်နိုင်ငံ၏ Burma Act ဥပဒေသည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့က ရှုမြင်နေကြသည်။

သမ္မတဘိုင်ဒန်လက်ထက် (၂၀၂၂) ခုနှစ်တွင် အမေရိကန်အမျိုးသားကွယ်ရေး လုပ်ပိုင်ခွင့်အက် ဥပဒေ(NDAA)၌ မြန်မာ့အရေးနှင့်ပတ်သက်၍ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် Burma Act ကို ထည့်သွင်းကာ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

Burma Act အရ မြန်မာနိုင်ငံခေါင်းစဉ်ဖြင့် ပြီးခဲ့သော(၂၀၂၃ )ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၃၆)သန်း ထောက်ပံ့ခဲ့သကဲ့သို့ ယခု (၂၀၂၄) ခုနှစ်တွင် လည်း အမေရိကန်ဒေါ်လာ (၁၂၁) သန်းထက်မနည်း ထောက်ပံ့ရန် လျာထားမှုများရှိခဲ့ကြောင်း သိရသည်။

အထက်ပါကဲ့သို့သော ထောက်ပံ့ငွေများသည် နစကအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းများဖြစ်သော NUG ၊CRPH အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဓိကရောက်ရှိကြောင်းသိရပြီး လက်နက်မဟုတ်သည့် နည်းပညာ အကူအညီများဖြစ်သာကြောင်း ပြောဆိုနေကြသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံကို ဘိုင်ဒန်အစိုးရ၏ ပြိုင်ဘက် သမ္မတထရမ့်က ပြန်လည် ဦးဆောင်တော့မည်ဖြစ်၍ Burma Act ကို ဆက်လက်အတည်ပြု ဖွယ်ရှိ၊ မရှိကို နိုင်ငံရေးအသိုင်းအဝိုင်းဘက်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ “အမေရိကန်မှာလည်း ဘိုင်ဒန်အစိုးရရှုံးပြီးတော့ ထရမ့်အစိုးရတက် လာတဲ့အခါမှာ Burma Act ဆိုတဲ့ဟာကို ထရမ့်က ဆက်လုပ်မလား။ ဒါကို ကျွန်တော်တို့ကတော့ စဉ်းစား ရတော့မယ်။ Burma Act ကြောင့် သူတို့က ကျွန်တော်တို့နိုင်ငံကို ပိုက်ဆံတွေ ထောက်ပံ့နေတာလေ။ အများစုထောက်ပံ့တာက ဒီတိုင်းရင်းသားဒေသတွေ မှာပဲ။ Burma Act ဆိုတာက ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို ပေးတာမှမဟုတ်တာ။ စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာကို မီးမွှေးသလိုပဲ ရေနံလိုက်လောင်းနေတဲ့ ဟာပဲလေ။ ဓာတ်ဆီလိုက်လောင်းနေတဲ့ဟာပဲ။ မီး ဟုန်းဟုန်းတောက်ရုံပဲ ရှိတယ်လေ” ဟု ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NP News ကို ပြောသည်။

နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် Burma Act အရ ငွေကြေးတစ်စုံတစ်ရာ ရရှိနေသည့် အတွက်သာ တိုက်နေခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ “Burma Act ဥပဒေကို အမေရိကန်မှာ ဘိုင်ဒန်အစိုးရတုန်းက ပြဋ္ဌာန်း လိုက်တယ်။ ကျွန်တော်တို့ ဒီဘက်မှာ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ချပေးတယ်။ နိုင်ငံတကာက ထောက်ပံ့မှုအားလုံးသည် တကယ်တမ်း ကျွန်တော်တို့ နိုင်ငံအပေါ် စေတနာရှိမယ်ဆိုရင် ပြည်သူတွေကို တိုက်ရိုက်ပေးနိုင်တဲ့ဟာတွေကို ပေးရမှာဗျ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲ ပေးနေတော့ သူတို့ကလည်း ဒီငွေနဲ့၊ ဘိန်းငွေနဲ့ တိုက်ပွဲဖြစ် လာတာဗျ။ ဒီလိုမျိုးသာ ဘေးနားကနေ မမြှောက် ပေးဘူးဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိတာပေါ့လေ။ ရမှန်းသိလို့ တိုက်ပွဲတိုက်တာဗျ။ မရဘူးဆိုရင် သူတိုက်စရာကို အကြောင်းမရှိဘူး” ဟု ၎င်းကသုံးသပ်ထားသည်။

အမေရိကန်၏ Burma Act အရ ရရှိသည့် ငွေကြေးများသည် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံသို့ အဓိက စီးဆင်းနေလျက်ရှိကြောင်း သုံးသပ်နေကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းကလည်း Burma Act သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများကို အားပေးကူညီထောက်ပံ့နေခြင်းသာဖြစ်ကြောင်း ရှုမြင်ထားသည်။

“အမေရိကန်က Burma Act ထုတ်ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့မယ်ဆိုတဲ့ဟာက စစ်ရေးမဟုတ်တဲ့ အကူအညီတွေကို ထောက်ပံ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ စကားက အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ သဘောထားက ကျွန်တော်တို့ တိုင်းပြည်အပေါ်မှာ ဘယ်တုန်းကမှ ကောင်းခဲ့တာမျိုး မရှိဘူးလေ။ အဲဒီ တော့ ဒီ Burma Act ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခပေးဖို့ သူတို့လုပ်တဲ့ လုပ်ရပ်ပေါင်း များစွာထဲက တစ်ခု။ ဒီဟာက ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့ကိစ္စပဲ။ အဓိကတော့ Burma Act ဆိုတာကို ရှင်းရှင်းလင်း လင်းပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကြမ်း ဖက်သမားတွေကို အားပေးကူညီထောက်ပံ့တဲ့ဟာပဲ။ မိတ်ဆွေကောင်းတွေ လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ သူခိုးကို ဓားရိုးကမ်းတဲ့ အလုပ်ပဲ” ဟု ဦးခိုင်မင်းက ပြောသည်။

မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာ ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး ယခုအချိန်ထိပါ နိုင်ငံပျက်စီးသွားနိုင်သည့် တိုက်ပွဲများဆီသို့ ဦးတည်နေဆဲဖြစ်သည်။

Source : NP News

UID နံပါတ်အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဖော်ထုတ်အရေးယူမည်

နိုဝင်ဘာလ ၁၈ ရက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီအတွက် ထုတ်ပေးလျက်ရှိသည့် UID (Unique Identification Number)များကို နံပါတ်အတုများ အသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

UID နံပါတ်သည် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို အခြေခံထားသည့် ဂဏန်း ၁၀ လုံးပါ သီးသန့်နံပါတ်ဖြစ်ပြီး၊ လက်ရှိတွင် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများနှင့် Mobile Team များမှ အခမဲ့ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။

သို့သော် အချို့ပြည်သူများသည် ကြားပွဲစားများမှတစ်ဆင့် UID နံပါတ်အတုများ ရယူအသုံးပြုနေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် UID နံပါတ်ရယူလိုသူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ UID နံပါတ်အတုများ အသုံးပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ပြင် UID နံပါတ်ရယူရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Source- Popular Journal

MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန်မရှိကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းအချို့ ဖွင့်ဟ

နိုဝင်ဘာ ၁၄

မြန်မာ့စစ်ထောက်လှမ်းရေးအဖွဲ့ MI (Military Intelligence) ကို ပြန်လည်ဖွဲ့စည်းတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်းနှင့် ထောက်လှမ်းရေးအရာရှိဟောင်းများကလည်း ပြန်လည်ပါဝင် ဖွယ်မရှိကြောင်း အရာရှိဟောင်းအချို့က ထုတ်ဖော်ပြောကြားသည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်သိန်းဆွေ ဦးဆောင်သောအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်ဖြစ်စဉ်များအတွင်း MI နှင့်ပတ်သက်သောသတင်းများ ဆက်တိုက်ထွက် ပေါ်လာခြင်းဖြစ်ပြီး ထောက်လှမ်းရေးဟောင်းများအသိုင်းအဝိုင်းတွင် ကျယ်လောင်လာခဲ့သည်ဟု ကြားသိရသည်။ ‘‘ ပြန်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။ အခုအချိန်အထိ ကျွန်တော်တို့အသိုင်းအဝိုင်းမှာ ဆွေးနွေးတာမရှိသလို ပြန်ခေါ်လည်း လုပ်ကြမှာ မဟုတ်ဘူး။ ပြီးတော့ အသစ်နဲ့အဟောင်း။ မတူတာတွေအများကြီးဗျ။ ပြန်ဖွဲ့မယ်ဆိုရင် ကျွန်တော်မပါတောင် မသိရ ဘဲဖြစ်တာမရှိပါဘူးဗျာ။ တစ်ခုရှိတာက ထောက်လှမ်း ရေးသက်တမ်းက နှစ်(၂၀)။ (၂၀ဝ၄)မှာ ထောက် လှမ်းရေးကို ဖျက်တယ်။ အခု (၂၀၂၄)။ (၁၉၈၃) တုန်းကလည်း (၂၀ဝ၃) အကုန် (၂၀ဝ၄)မှာ ဒါမျိုးရှိခဲ့ ဖူးတယ်။ နှစ်(၂၀) သက်တမ်း ပေါ့ဗျာ။ ထောက်လှမ်း ရေးဆိုတာက အောင်မြင်လေလေ အကုသိုလ်ကြီးလေ လေပဲ။ သူများကိုဖမ်းရတာကိုးဗျ”ဟု ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက NP News ကို ပြောသည်။ 
ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေး MI (ကကလှမ်း)ကို (၂၀ဝ၄)ခုနှစ်တွင် အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးနောက် ယင်းနေရာတွင် တပ်မတော် စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ဖြင့် ပြန်လည်အစားထိုးခဲ့သည်။ အဆိုပါအဖွဲ့ကို လက်ရှိ ယာယီသမ္မတ တာဝန်ထမ်း ဆောင်နေသူ ဦးမြင့်ဆွေ(ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)က ဌာနကြီး (၆)ခုဖြင့် ဦးဆောင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်တာဝန်ယူနေ သည်။ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သည့် MI သည် (၁၉၈၈)အရေးအခင်းအပါအဝင် နိုင်ငံတော်၏အရေးကြီးသောကိစ္စရပ်များစွာကို ဖြေရှင်းပေးနိုင်ခဲ့သည့်အပြင် တန်ခိုး ဩဇာကြီးထွားလာသော အဖွဲ့အစည်းအဖြစ်လည်း နိုင်ငံရေးအသိုင်း အဝိုင်းတွင် အမည်ထွက်ခဲ့သည်။ လက်ရှိကာလ တွင်မူ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီးလှမင်းတို့၏ တရုတ်ခရီးစဉ်ကိုအကြောင်းပြု၍ နှပ်ကြောင်းပေးသံ များထွက်ပေါ်ခဲ့ခြင်းမျိုးသာဖြစ်နိုင်ပြီး ၎င်းတို့၏ခေါင်း ဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့်ထံသို့ MI ပြန်ဖွဲ့ မည်ဆိုသော ကောလာဟလသတင်းများ မရောက်သည့်အပြင် မည်သည့်သဘောထားမှတ်ချက် မှမထွက်သေးကြောင်း ကြားသိရသည်။ ‘‘ထောက် လှမ်းရေးအရာရှိဟောင်းတွေကို (အဘ)ကမှာထား တာရှိတယ်။ နိုင်ငံ့အရေးတွေမှာ ကူညီဖို့ပဲ။ တပ်မ တော်ကို မဝေဖန်နဲ့။ တိုင်းရင်းသားကိစ္စကို မဝေဖန်နဲ့။ ဘာသာရေးကိစ္စကို မဝေဖန်နဲ့။ တိုင်းပြည် ပျက်ရာပျက်ကြောင်း မလုပ်ကြနဲ့။ ပရဟိတကိုတော့ မင်းတို့ လုပ်ချင်သလောက် အစွမ်းကုန်လုပ်။ လာကန်တော့ သူတိုင်းကို ဒါပဲမှာတယ်”ဟု ထောက်လှမ်းရေးဖျက် သိမ်းခံရမည့်ကာလနှင့် အကျဉ်းထောင်မှ ပြန်လွတ် လာသည့် ကာလများ အတွင်းကမှာကြားချက်အကြောင်းကို ၎င်းက ပြန်လည်ဖွင့်ဟသည်။ ပြည်ပြေး သတင်းဌာနအချို့ကမူ စစ်ထောက်လှမ်း ရေးဟောင်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကူအညီတောင်းခံ၍ ပြန်လည်အသုံးပြုနေရပြီဟုဖော်ပြ နေကြပြီး စစ်ထောက်လှမ်းရေးများ ပြန်လည်ပါဝင်လာမည်ကို စိုးရိမ်နေကြဟန်ရှိသည်။ ‘‘အောင်ဇော် (ဧရာဝတီ သတင်းဌာန)က ထောက်လှမ်းရေးအကြောင်း ဘာနားလည်မှာမို့လို့လဲဗျာ။ ဒီလိုပေါက်တတ်ကရ ပြောနေမှ ထမင်းစား ရမယ့်ကောင်ဆိုတော့ ပြောချင်တာ လျှောက်ပြောနေမှာပဲ”ဟု MI ကိစ္စနှင့်ဆက်စပ်၍ ၎င်းကပြောသည်။ 
ထောက်လှမ်း ရေးအရာရှိဟောင်းများက တပ်မတော်အတွက် ဝိုင်းဝန်းကူညီမှုများရှိနေ ပင်လျှင် တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းသာ ကူညီကြ ခြင်းမျိုးဖြစ်ပြီး ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံး၏ ဦးဆောင်ပါဝင်မှုမျိုးမဟုတ်ကြောင်းလည်း ဆိုသည်။ အခြားတစ်ဖက်တွင်မူ လူထုကြားတွင် တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော ထောက်လှမ်းရေးကွန်ရက် မျိုးကို ယခုခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖွဲ့စည်း ထားသင့်သည်ဟု ပြောစမှတ်ရှိနေသည်။ နီးနီးစပ်စပ် အဖြစ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မင်းသူ ဦးဆောင်သော အဖွဲ့တစ်ခုလည်း (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ဖူးပြီး ယင်းအဖွဲ့သည် သိုသိပ်လွန်းနေကြောင်းလည်း တွေ့ရသည်။ ‘‘ကျွန်တော် တို့တုန်းက တပ်မတော်ပါတယ်။ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လဝက၊ အကောက်ခွန်ဘက်က အကုန်ပါတယ်။ ဒါပေမဲ့ ဒါက ပြီးသွားပါပြီ။ ဘယ်သူမှပြန်ဖွဲ့ဖို့ စိတ်မဝင်စားကြတော့ ပါဘူး”ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

Source- NP News