နေပြည်တော်၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရလမ်းပေါ်၌ ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲတွင် ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရ လမ်းပေါ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးခြောက်လှန့်ပစ်ခတ်၍ လိုက်လံဖမ်းဆီးခဲ့ရာအသက်(၆၀)နှစ်ခန့်အမျိုးသားတစ်ဦး(စိစစ်ဆဲ)နှင့် အသက်(၃၀)နှစ်ခန့်အမျိုးသားတစ်ဦး(စိစစ်ဆဲ)တို့အားကျည်ထိမှန်ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးထံမှ MG-1 လက်ပစ် ဗုံး ၁ လုံး၊ လေးခွ ၁ လက်နှင့် လောက်စာလုံး ၁၅ လုံးတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဒဏ်ရာရရှိသူနှစ်ဦးအား ဆေးကုသပေးနိုင်ရေး ရွှေဘို ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Source- People Media

နိုဝင်ဘာလ ၁၈ ရက်
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄)ဖြစ်ကြောင်း UEC ကကြေညာလိုက်သည်။
Source- Myanmar National Post

၁၄.၁၁.၂ဝ၂၄
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရလို့ ဒေသနေ ပြည်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ရခိုင့်လက်နက်ကိုင် AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကို ဖော်ဆောင်နေပြီး ပြည်နယ်တစ်ခုလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ကြီးထွားနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေဟာလည်း ယနေ့အထိပြန်လည်ကောင်းမွန်လာခြင်းမျိုးမရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“အင်တာနက်နဲ့ ဖုန်းလိုင်းတွေက ဒီနေ့အထိ မရဘူးလေ။ ဖုန်းလိုင်းကတော့ တစ်ခါတလေရတယ်။ ဒါတောင် မိတစ်ချက်၊ မမိတစ်ချက်ပါပဲ။ အင်တာနက်လိုင်းကတော့ လုံးလုံးမရဘူး။ စစ်တွေလို မြို့ကြီးပေါ်မှာတောင် ဖုန်းလိုင်းက မမိပါဘူး။နယ်ဘက်တွေ အဝေးဘက်တွေဆို ပိုဆိုးပါတယ်။ ဘာအဆက်အသွယ်မှလုပ်လို့မရပါဘူး”လို့ အမည်မဖော်လိုသူ စစ်တွေမြို့ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဟုဆိုကာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ မြို့သိမ်း တိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်နေသလို ဒီနေ့အထိ ချင်းနဲ့ ရခိုင်ပြည်နယ်က မြို့(၁၁)မြို့နဲ့ အဲ့ဒီမြို့တွေက တပ်စခန်းတွေ သိမ်းယူခဲ့တဲ့အပြင် နပခ တပ်စခန်း ၈ ခုကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်လက်နက်ကိုင်အဖွဲ့ AA က ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
သို့သော်လည်း ဒီလိုနယ်မြေဒေသမတည်ငြိမ် မအေးချမ်းမှုပြည်တွင်းစစ်ပွဲတွေရဲ့စစ်ဘေး၊ စစ်ဒဏ်နဲ့ အတိဒုက္ခတွေကို ပြည်သူတွေကသာ ခါးစည်းခံနေရကြတာဖြစ်ပါတယ်။
စစ်ရေးအရ အသာစီးရပြီး နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ဒါတွေက ခေတ္တခဏသာဖြစ်ပြီး တရားဝင်နယ်မြေခွဲဝေအုပ်ချုပ်မှုတွေမဟုတ်တဲ့အတွက် ဒီလိုစစ်ရေးအရသိမ်းယူထားတဲ့နယ်မြေတွေကို ရေရှည်မှာထိန်းချုပ်ဖို့ခက်နိုင်တယ်လို့လည်း ပြည်တွင်းရှိ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကိုပြောပါတယ်။
“အခုက သူတို့က စစ်ရေးအရ အသာရတဲ့သဘောပဲရှိတယ်လေ။ ဒါတွေကိုရေရှည်မှာ ဘယ်လိုထိန်းချုပ်မလဲ။ မြို့တစ်ခုအတွက် ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဒါတွေကို ဘယ်လိုလုပ်မလဲ။ သိရသလောက်ဒါတွေကိုလုပ်ဖို့အတွက် AA မှာ ဘတ်ဂျက်အလုံအလောက်မရှိဘူး။ နောက်ကျန်းမာရေးစနစ်တွေ ပညာရေးစနစ်တွေ ဒေသခံတွေရဲ့ လူမှု့စီးပွားဘဝတွေ နောက်ဆုံးဆက်သွယ်ရေးအပိုင်းကအစ ဒါတွေကိုပေါ့လေ၊ သူတို့ ဘယ်လိုလုပ်မလဲ။ ဒီလိုအပိုင်းတွေအများကြီးရှိတယ်။ အခုစစ်ရေးအရအသာစီးရလို့သာ သိမ်းထားတယ်။ ပြီးရင်ပြန်ပေးရမှာပဲလေ။ တပ်က ဒါတွေကိုပြန်တိုက်ယူမှာပဲ။ အဲ့တော့ ဒါတွေက ရေရှည်မှာ ထိန်းချုပ်ဖို့ဆိုတာ အုပ်ချုပ်ဖို့ဆိုတာ AA အတွက်မလွယ်ပါဘူး။ အတော်ခက်ပါတယ်”လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာ ယနေ့အထိ လုံးလုံးမရဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရှိရပါတယ်။
“စစ်ကိုင်းဘက်တွေလည်း အတူတူပဲလေ။ ရခိုင်ဘက်တွေလိုပဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရဘူး။ တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေအားလုံးက တူတူပါပဲ။ ဆက်သွယ်ရေးလိုင်းတွေရဖို့ဆိုတာက အင်မတန်ခက်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာနေထိုင်သူတစ်ဦးက MT News ကို ဆက်လက်ပြောပြပါတယ်။
Source- Myanmar Transparency News

နိုဝင်ဘာ ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mmတွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - (၂၀-၁၁-၂၀၂၄) ထုတ် မြန်မာ့အလင်းသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် အောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ရရှိခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကြာသေးမီက မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်းစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အပြုသဘောဆောင် နိုင်ခဲ့သောအောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။
ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ မြန်မာနိုင်ငံဆောင်ရွက်နေသည့်အခြေအနေ၊ နိုင်ငံအလိုက်နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ၊ နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံအားပေးမှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်၏ ဆွေးနွေးချက်များမှ အဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံ အားပေးနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှုကိုလည်း ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် - မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးပါကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်အတူတကွ ဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့်အခြေအနေနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ကြောင်း။
မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို ပြောကြားခဲ့ကြောင်း၊ အပြုသဘောဆောင်သော ကောင်းမွန်သည့် ဆွေးနွေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိခဲ့ရကြောင်း။
GMS အစည်းအဝေးသို့တက်ရောက်လာသည့် အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးချိန်တွင်လည်း မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှ လေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်သွား မည့်အခြေအနေကို ရှင်းလင်းပြောကြားခဲ့ရာ နိုင်ငံများအလိုက် ထောက်ခံသည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြားခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ် - မြန်မာ စီးပွားရေးပူးပေါင်းမှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သဖြင့် အောင်မြင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ ကတိကဝတ်များအတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ဆက်လက်ဆွေးနွေးရန်အတွက် EAO များ၊ နိုင်ငံရေးပါတီများနှင့် သဘောတူဆွေးနွေးချက်များ ရရှိပြီးဖြစ်ကြောင်း။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကောက်ယူရန် ကျန်ရှိနေသည့်နေရာများ၌ အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးအထိရရှိအောင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟု ခန့်မှန်းထား ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အင်မတန်အကျည်းတန်အရုပ်ဆိုးသည့် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီ ခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ်အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံ မဲဆန္ဒနယ်တစ်ခုတည်းတွင်သာမကဘဲ ဒေသတစ်ခုလုံးတွင်အနိုင်ရရှိအောင် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး၌ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကို ပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မသမာမှုကျူးလွန်မှုသည် အတိမ်အနက် ကြီးမားကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့်ပါတီအား ရွေးကောက်ပွဲဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲမဲမသမာမှုများတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များဖြစ်ကြောင်း၊ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် (CEC) များသည် ပါတီကိုကိုယ်စားပြုသူများဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်း ကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဖြစ်သဖြင့် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကိုအသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန်အတွက် အထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေး
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိမြို့နယ်တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံ၏သမိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်သေဆုံး ပျက်စီးမှုများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။
အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေ
သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ လူတို့၏လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဆောက်အဦများ၊ လမ်း၊ တံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း။
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိပညာ၊ အတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးအရအားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်မှုများ ရရှိမည်ဖြစ်ကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးအားကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အချက်သုံးချက်ဖြစ်သည့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧက တိုးချဲ့ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေလုံလောက်စွာရရှိရေး မြစ်ချောင်းများကို အကျိုးရှိစွာအသုံးချရန်လို
စိုက်ပျိုးရေးတွင် ရေသည်မရှိမဖြစ်လိုအပ်သဖြင့် ရေအရင်းအမြစ်များရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ရောက်ရှိသည့် ဒေသများတွင် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေ အသုံးချရာတွင် မိုးကောင်းသောက်၊ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ စသည်ဖြင့် သုံးစွဲကြကြောင်း၊ ဆည်ရေသောက်စိုက်ပျိုးရေးအတွက် ဆည်များတည်ဆောက်ရန် လိုနေသေးကြောင်း၊ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့အား စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးရေများကို များစွာရရှိမည်ဖြစ်ကြောင်း၊ မြစ်ဘေးတစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းများတစ်လျှောက် အရေးကြီးသည့်နေရာများတွင် Low Head Dam များ တည်ဆောက်၍ စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ နိုင်ငံအတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေများ ရရှိစေရေးအတွက် မြစ်ချောင်းများကို အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ကြောင်း၊ မိုးနည်းသည့်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်ကြောင်း။
ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရေနှင့်ဆက်စပ်ပြီး စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖော်ဆောင်ပေးရန်လိုကြောင်း၊ မြို့ပြဧရိယာများ၌ သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော်ဆောင်ပေးထားရန်လိုကြောင်း၊ အိမ်ခြံဝင်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ချိန်အတွင်း Green Zone များကို ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။
MSME လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လို
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၅၀ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအကြီးများ ဆောင်ရွက်ရန်မဆိုလိုဘဲ စက်ယန္တရားအနည်းငယ်ဖြင့် ဆောင်ရွက်၍လည်းရကြောင်း၊ ပြည်တွင်းလိုအပ်ချက်ရှိသည့် အထည်အလိပ်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ သံနှင့် သံမဏိလုပ်ငန်းကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း တို့ဖြင့် ဒေသ၏လူသားအရင်းအမြစ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် ဒေသများအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ
ယင်းနောက် ကောင်စီဝင်များက လက်ရှိအချိန်တွင် လွိုင်ကော်ဒေသသည် ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်သဖြင့် လွိုင်ကော်ဒေသမှ ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၎င်းတို့နေရပ်တွင် ပြန်လည်အခြေချနေထိုင်လိုမှု၊ နိုင်ငံတော်၏ အနာဂတ်ကောင်းကို ပုံဖော်တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှု၊ သက်ဆိုင်ရာ ဒေသများအလိုက် ခရီးစဉ်များသွားရောက်၍ ဒေသခံပြည်သူလူထုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သူများနှင့် ထိတွေ့၍ ၎င်းတို့တင်ပြချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်မှုနှင့် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့မှု၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအနေဖြင့် ဒေသနှင့် နိုင်ငံတော်အတွက် အကျိုးမရှိသည့် လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ဆွေးနွေးအဖြေရှာ ဆောင်ရွက်ကြရန်လိုအပ်မှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ဒေသများ၌ စားရေးအတွက် အခက်အခဲမရှိအောင် နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကိုဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင် နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင်မြှောက်ပင့်မှုများကြောင့်လည်းဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးအတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ကောင်စီဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နောက်ဆုံးအချက်၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယ အကြီးအကဲ၊ ကျန်းမာရေးဝန်ကြီး Mrs. Ludupova Evgeniia lurevne နှင့်ကိုယ်စား လှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းစကားပြောကြားရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သည် မိမိတို့နိုင်ငံနှင့်ထူးခြားသော ဆက်ဆံရေးရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်မှုအတွက် ကြိုဆိုဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရက ယခုကဲ့သို့ သာယာလှပသည့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရသည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ လာရောက်လည်ပတ်သည့်အချိန်တွင်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများကို များစွာခံစားမိပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလည်ပတ်ချိန်များ၌လည်း မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် မြန်မာပြည်သူများ၏ ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆိုမှုနှင့် အထူးဧည့်ဝတ်ကျေပွန်မှုများကိုလည်း မြင်တွေ့ရသည့်အတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးနွေးထွေးသောဆက်ဆံရေးရှိသည့် ခံစားမှုများကို ရရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့်ပဲများကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများတည်ဆောက်လျက်ရှိမှုအခြေအနေများ၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှု တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေးနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရောက်ရှိနေချိန်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် အထင်ကရနေရာများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source: www.myanmar.gov.mm
ဘူရားတီးယားပြည်နယ်အကြောင်းဖတ်ရှုရန်
https://sacministry.gov.mm/my/news/695

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်း လောင်းကစားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာန အချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက် များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာအခြေအနေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မီဒီယာကဏ္ဍတွင်သာမက အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Source: ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး (11th Cambodia - Lao PDR – Myanmar - Viet Nam (CLMV) Summit) ကို နိုဝင်ဘာလ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များဖြစ်ကြသည့် ကမ္ဘောဒီယားနိုင်ငံ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ အာဆီယံ အတွင်းရေးမှူးချုပ် H.E.Dr. KAO KIM HOURN ၊ အဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ရောက်ရှိလာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အဖွဲ့ဝင်များကို ကြိုဆိုနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် (၈) ကြိမ်မြောက် ဂျီအမ်အက်စ် ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြသည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆွေတော် နိုင်ငံ့ ခေါင်းဆောင်အကြီးအကဲများကို ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် (၄) နှစ်တာကာလအတွင်း ထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကျင်းပခွင့်ရသည့်အတွက် ဝမ်းသာရပါကြောင်း၊ များပြားလှသည့် အစည်းအဝေးအချိန်ဇယား များမှ ယခုထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်ကြသည့် စီအယ်လ်အမ်ဗွီအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ယခု ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပခွင့်ရအောင် လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။
မိမိအနေဖြင့် စီအယ်လ်အမ်ဗွီ အဆင့်မြင့်အရာရှိကြီးများနှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုအောက်မှ သက်ဆိုင်ရာ ဦးဆောင်နိုင်ငံအလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များ၏ “(၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် (မူကြမ်း)” ကို အပြီးသတ် ရေးဆွဲနိုင်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးဂုဏ်ပြုလိုကြောင်း၊ တိုင်ဖုန်းရာဂီ၏ ဆက်စပ်အကျိုးဆက်များဖြစ်သည့် ရေကြီး၊ မြေပြိုမှုများကြောင့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများတွင်ရှိသည့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများအပေါ် များစွာဝမ်းနည်းရပါကြောင်းကို ပြောကြားလိုကြောင်း။
၂၀၂၄ ခုနှစ်သည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ နှစ် (၂၀) ပြည့်သည့် အချိန်အခါနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ ခရီးလမ်းတစ်လျှောက်၌ မိမိတို့ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ် (၈) ခုတွင် များပြားထူးခြားသည့် အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၃၀ ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီနိုင်ငံများကို စဉ်ဆက်မပြတ် စီးပွားရေးလုပ်ငန်းများနှင့် အလယ်အလတ် အဆင့် အထက်ဝင်ငွေရှိသော နိုင်ငံများဖြစ်လာရန် ရည်ရွယ်သည့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” ကိုလည်းချမှတ်နိုင်ခဲ့ကြောင်း။
စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် နားလည်မှုများသည် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှု အသီးအပွင့်များကို ပွင့်လန်းလာ စေခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှု စသည့်များကြားတွင် မိမိတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ယနေ့ မိမိတို့တွေ့ဆုံဆွေးနွေးမှုသည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုကို ပြန်လည်လေ့လာ ဆန်းစစ်ခွင့်ရရှိသည့်အပြင် “ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်အောက်တွင် စီအယ်လ်အမ်ဗွီမူဘောင်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးခွင့်ရရှိခြင်းလည်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့က “ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ဦးတည်ချက်အပေါ် အမြင်ချင်းဖလှယ်ခြင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေး ကြသည်။
ထို့နောက် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ် ဦးတည်ချက်အပေါ် အမြင်ချင်းဖလှယ်ခြင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေးရာ၌ ယနေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အက်ခ်မက်ထိပ်သီးအစည်းအဝေးတွင် စတင်သန္ဓေတည်ခဲ့သည့် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုယန္တရားကို မိမိတို့အနေဖြင့် ပြန်လည်အမှတ်ရမိကြောင်း၊ ယင်းအချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံ များသည် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပေါင်းစည်းထားသည့် အသိုက်အဝန်းတစ်ခု ဖန်တီးရန်အတွက် အားသွန်ခွန်စိုက် အတူတကွ ကြိုးစားခဲ့ကြကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စက်မှုနှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီအယ်လ်အမ်ဗွီအဖွဲ့ဝင်နိုင်ငံများ၏ အခြေခံ အဆောက်အဦနှင့် နည်းပညာချိတ်ဆက် ဆက်နွှယ်မှုများ ဆက်လက်တိုးတက်စေခြင်းသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံးကိစ္စရပ်ဖြစ်ကြောင်း၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု အောက်မှ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုအတွက် မိမိတို့သည် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” နှင့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေးအစီအစဉ်” များကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း။
မိမိအနေဖြင့် “စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ရေး အစီအစဉ် ရေးဆွဲရာတွင် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ၏ ကျွမ်းကျင်အမြော်အမြင်ရှိစွာ အသုံးဝင်သည့် အချက်အလက်များ ထည့်သွင်းထားရှိမှုများအတွက် အသိအမှတ်ပြု ချီးကျူးလိုကြောင်း၊ အဆိုပါ “အကောင်အထည်ဖော်ရေး အစီအစဉ်” သည် စီအယ်လ်အမ်ဗွီ၏ ၂၀၃၀ ရည်မှန်းချက်ရရှိရေးကို အထောက်အပံ့ပြုမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် COVID-19 အလွန်ကာလတွင် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် လမ်းညွှန်ချက် အဖြစ် အသုံးပြုနိုင်မည်ဟု ယုံကြည်မိကြောင်း။
ထို့ကြောင့် မိမိအနေဖြင့် အဆွေတော်တို့ကို အဆိုပါ “မူဘောင်” နှင့် “အကောင်အထည်ဖော်ရေး အစီအစဉ်” များကို ထိရောက်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းလိုကြောင်း၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ထို့ကြောင့် စီအယ်လ်အမ်ဗွီ နိုင်ငံများအနေဖြင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် နည်းပညာအသစ်များကို စဉ်ဆက်မပြတ်လေ့လာရန်နှင့် အရည် အသွေးမြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ပြီး ရေရှည်တည်တံ့သည့် အခြေအနေဖန်တီးပေးရန် လိုအပ်ကြောင်း။
ကပ်ရောဂါဆိုးကြောင့် စီအယ်လ်အမ်ဗွီနိုင်ငံများ၏ စက်မှုကဏ္ဍသည် သိသာထင်ရှားစွာ ထိခိုက်ခဲ့ရကြောင်း၊ အဆိုပါကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် စီးပွားရေးစင်္ကြံများ၊ စီးပွားရေးစင်္ကြံများအကြား ချိတ်ဆက်မှုများနှင့် အထူးစီးပွားရေးဇုံများမှတစ်ဆင့် စက်မှုနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် စက်မှုအဆောက်အအုံများကို တည်ဆောက်၊ အဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း။
ထို့ပြင် စက်မှုကုန်စည်ပြပွဲများကျင်းပရန်နှင့် စီအယ်လ်အမ်ဗွီနိုင်ငံများရှိ လုပ်သားကုန်ထုတ် စွမ်းအားအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းအားပေးသင့်ကြောင်း၊ ယနေ့ခေတ်အချိန်တွင် သန့်ရှင်း၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နေ့ထက်တစ်နေ့ ပိုအရေးပါလာကြောင်း၊ ထို့ပြင် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် လျှပ်စစ်ကားများ အသုံးပြုခြင်း သည်လည်း အခြားရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားရန်လိုအပ်ကြောင်း။
ဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီအယ်လ်အမ်ဗွီနိုင်ငံများသည် ဒေသတွင်းနိုင်ငံများအတွင်း ထိခိုက်လွယ်ပြီး ထိခိုက်ခံရမှုအများဆုံးပင်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသအတွက် အရေးကြီးသည့် စိန်ခေါ်မှု ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုကို စုပေါင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုယန္တရားနှင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး၊ ဒေသတွင်းထိခိုက်မှုလျှော့ချရေးနှင့် ကြိုတင် အသိပေးခြင်းဆိုင်ရာထိရောက်သော အစီအစဉ်များနှင့် စီမံခန့်ခွဲမှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလာရေးလုပ်ငန်းသည် ပြည်သူချင်းထိတွေ့ ဆက်ဆံမှုအတွက် အလွန်ပင်အရေးပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများတွင် ရေမြေတောတောင် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ ဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအလေ့အထများကို ထိန်းသိမ်းနိုင်သည့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများနှင့် MSMEs ကဏ္ဍများကို အားပေးထောက်ပံ့သင့်ကြောင်း။
မိမိအနေဖြင့် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ (၆) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင်ကျင်းပနိုင်ခဲ့ခြင်းနှင့် (၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းတို့အပေါ် အလေးထား ပါကြောင်း၊ မိမိအနေဖြင့် “စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၅)” သည် စီအယ်လ်အမ်ဗွီနိုင်ငံများအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အကောင်အထည်ဖော်ရာတွင် များစွာအသုံးဝင်မည်ဟုလည်း ယုံကြည်ကြောင်း။
စီအယ်လ်အမ်ဗွီနိုင်ငံများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စီအယ်လ်အမ်ဗွီ မူဘောင်အောက်မှ နယ်ပယ်အသီးသီးတွင်ရှိသည့် ပညာသင်ဆုပေးအပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း၊ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် ပညာသင်ဆုများ ပေးအပ်နေခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် အခြားစိတ်ဝင်စားသည့် အဖွဲ့ဝင်နိုင်ငံ များကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များရှာဖွေဖော်ထုတ်ကာ စီစဉ်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။
ရန်ပုံငွေရရှိခြင်းသည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု ယန္တရားအပါအဝင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားတိုင်း၏ အောင်မြင်တိုးတက်မှုအတွက် အရေးပါသည်ဟု သုံးသပ်မိကြောင်း၊ မိမိအနေဖြင့် IAI လုပ်ငန်းအစီအစဉ်များမှတစ်ဆင့် အကူအညီ အထောက်အပံ့ရအောင် ဆောင်ရွက်ပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် စီအယ်လ်အမ်ဗွီစီမံကိန်းများအတွက် အထောက်အပံ့ပေးသည့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်နိုင်ငံများ၏အကူအညီနှင့် အထောက်အပံ့များကိုလည်း အလေးထားကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့ဒေသကို ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံသည့် ကြံ့ကြံ့ခံနိုင်ပြီး သာယာဝပြောသည့် အသိုက်အဝန်းဖြစ်စေရေးအတွက် ဒေသတွင်းသာမက နိုင်ငံတကာတွင်ရှိသည့် နိုင်ငံများနှင့် ဆက်လက်လက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့သော အလုံးစုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်ကို ထပ်လောင်းအတည်ပြုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များက (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး၏ ထုတ်ပြန်ချက်များကို ဆွေးနွေးကြပြီး အတည်ပြု ထုတ်ပြန်သည်။
ထို့နောက်(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကအစည်းအဝေး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးကို (၂) နှစ် (၁) ကြိမ်ကျင်းပလေ့ရှိကြောင်း၊ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း ထိပ်သီးအစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ရေးနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ရလဒ်များ ထွက်ပေါ်လာစေရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါမှာတွင် ထိပ်သီးအစည်းအဝေးကိုကျင်းပကာ မိမိတို့စီအယ်လ်အမ်ဗွီ နိုင်ငံများသာမက အခြားနိုင်ငံများအတွက်ပါ အများအကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ခြင်းအတွက် အလွန်ပင်ဝမ်းမြောက်မိကြောင်း။
ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်ကာလအတွင်းတွင် အဆွေတော်တို့၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှု၊ နားလည်ပေးမှုနှင့် အဖိုးမဖြတ်နိုင်သည့် အားပေးထောက်ခံမှုများ အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့သည် စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုများနှင့် ယခုနှစ်များအတွင်း ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ သာယာဝပြောမှုနှင့် ကြီးပွား တိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် ပိုမိုခိုင်မာသည့် ကတိကဝတ်များနှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ အရှိန်အဟုန်ကို ဆက်လက် အရှိန်မြှင့်တင်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်ထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံရခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေချင်း ထိစပ်နေပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထူထောင်ခဲ့ကြပါကြောင်း၊ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲသည့်ဆက်ဆံရေးဖြင့် အတူတကွ လက်တွဲကျော်ဖြတ်နိုင်ခဲ့ကြပြီး ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်အတွင်း ဧည့်ဝတ်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ တတိယ အကြိမ်မျက်နှာစုံညီအစည်းအဝေးတို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် မိမိအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်း၊ ယနေ့တွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံတည်ထောင်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော် ကာလအတွင်း၌လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရအတွက် အလွန် အရေးကြီးသည့် မူဝါဒတစ်ရပ်ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံနေမှုအား လေးနက်စွာထပ်လောင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် တရုတ်အနေဖြင့် ကူညီ ထောက်ပံ့ပေးခဲ့မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက် ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့် နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် တရုတ် နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ စီးပွားရေးအရ တက်ကြွသည့်အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာ ဘက်မှ လိုအပ်သောအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေးစင်္ကြံ တည်ဆောက်မှု စီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်နေကြောင်းဖြင့် ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံ များအား အသေးစိတ်ညှိနှိုင်းပြောကြားသည်။
ဆက်လက်ပြီး ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း လက်နက်ကိုင် အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးသည် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရန် အတွက် နယ်စပ်ကုန်သွယ်ရေးသည် အရေးပါပြီး တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ယွမ်-ကျပ် တိုက်ရိုက် ကုန်သွယ်မှုကိုလည်း ဖော်ဆောင်လျက်ရှိကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်း ကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမို တိုးတက်လာစေရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် လာမည့်သံတမန်ဆက်ဆံမှု ၇၅ နှစ်စိန်ရတု ကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Kunming Intercontinental ဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion Economic Cooperation Program (GMS) Summit ကြိုဆိုညစာစားပွဲအခမ်းအနားသို့ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ကြမည့် နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံများမှ အကြီးအကဲများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကြိုဆိုညစာစားပွဲကို ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများသည် ညစာကို အတူတကွ သုံးဆောင်ကြရာ တရုတ်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။