သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၁/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂ဝ၂၅)ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ကျန်းမာမှပညာသင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် တင်ပြသည်။

ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)အား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: moi.gov.mm

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၃/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၉/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၂/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၄/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

မြန်မာနိုင်ငံ၏ ပြည်တွင်းအရေးကိစ္စကို မြန်မာပြည်သူများကသာ ဆုံးဖြတ်မည်

ဇန်နဝါရီလ ၁၉ ရက်က လန်ကာဝီ(Langkawi)ကျွန်း၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော်နေသော ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး မလေးရှား၏သဘောထားကိုမေးမြန်းခဲ့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်က “ရွေးကောက်ပွဲဆိုသည်မှာ အင်အားစုအသီးသီး စုံစုံညီညီပါဝင်ရန်လိုအပ်ပြီး အစုအဖွဲ့တစ်ခုတည်းက သီးခြားကျင်းပ၍မရကြောင်း၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့် အင်အားစုအားလုံး အကျုံးဝင်နိုင်ရမည်ဖြစ်ကြောင်း၊ လောလောဆယ် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စသည် ကြမ်းတမ်းရက်စက်မှ

ဇန်နဝါရီလ ၁၉ ရက်က လန်ကာဝီ(Langkawi)ကျွန်း၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော်နေသော ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး မလေးရှား၏သဘောထားကိုမေးမြန်းခဲ့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်က “ရွေးကောက်ပွဲဆိုသည်မှာ အင်အားစုအသီးသီး စုံစုံညီညီပါဝင်ရန်လိုအပ်ပြီး အစုအဖွဲ့တစ်ခုတည်းက သီးခြားကျင်းပ၍မရကြောင်း၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့် အင်အားစုအားလုံး အကျုံးဝင်နိုင်ရမည်ဖြစ်ကြောင်း၊ လောလောဆယ် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စသည် ကြမ်းတမ်းရက်စက်မှုများကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးကိုပြန်လည်ဖော်ဆောင်ရန်သာဖြစ်သင့်ကြောင်း” မိုဟာမက် က ပြောကြားသွားခဲ့သည်။

ထို့အပြင် ဆွစ်ဇာလန်နိုင်ငံ၊ Davos(ဒါဗို့စ်)မြို့မှာ ဇန်နဝါရီလ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr Sugion(ဆူဂီရိုနို) ဆိုသူက “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအားလုံးနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် သက်ဆိုင်သူအားလုံးပါဝင်သည့် အမျိုးသားအဆင့်ဆွေးနွေးပွဲအား ဦးစားပေးလုပ်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အဆိုပါပြောဆိုမှုများသည် မြန်မာနိုင်ငံကိုခုတုံးလုပ်ပြီး ထင်ပေါ်ကျော်ကြားလိုသည့်စိတ်ဖြင့် အဆင့်အတန်းမဲ့စွာပြောဆိုခဲ့သည့် ပြောဆိုမှုများသာဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ပြည်သူများမျှော်လင့်စောင့်စားနေသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အကြိမ်ကြိမ်ဖိတ်ခေါ်လျက်ရှိပြီး ငြိမ်းချမ်းရေးအတွက်လည်း အမြဲတမ်းတံခါးဖွင့် ကြိုဆိုလျက်ရှိပါသည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်များအပါအဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဂဃနဏမသိဘဲ ဝင်ရောက်စွက်ဖက်ပြီး ပြောဆိုဝေဖန်စရာအကြောင်းမရှိပေ။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးသည် အဆိုပါနိုင်ငံ၏အစိုးရနှင့် ပြည်သူများက စိတ်ကြိုက် စီမံဆုံးဖြတ်ကြခြင်းပင်ဖြစ်ပါသည်။ထို့အတူပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စအဝဝသည် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများနှင့်သာသက်ဆိုင်ပြီး မည်သည့်အချိန်တွင် ရွေးကောက်ပွဲလုပ်မည်၊ မည်သည့်အချိန်တွင် ငြိမ်းချမ်းရေးလုပ်မည်ဆိုသည်မှာ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကသာ စီမံဆုံးဖြတ်ကြရမည်သာဖြစ်သည်။ မည်သည့်ပြည်ပနိုင်ငံကမျှ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားတို့ကဲ့သို့ အာဆီယံဒေသတွင်းမှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ပါလျက်နှင့် လက်ရှိအစိုးရ၏ လုပ်ဆောင်မှုများကို အပြုသဘောဆောင်ကာ ဝိုင်းဝန်းကူညီဆောင်ရွက်ရမည့်အစား ထင်ပေါ် ကျော်ဇောမှုအတွက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ထင်မြင်ချက်နှင့်ဝေဖန်ပြောဆိုမှုများသည် ရှက်ဖွယ်ကောင်းသော ပြောဆိုမှုများသာဖြစ်ပါသည်။

ကိုးကား-NP News

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက် ကျင်းပ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စအား နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများအားအကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများ၏လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်း ပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူလက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စ ရပ်များ၊ နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှုများပြားလာစေရေး အကြံပြုတင်ပြခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရအရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ၂ ရက်တာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ဆက်လက် ဆွေးနွေးရန် လိုအပ်သည့် နှစ်ဖက်အဆိုပြုချက်များ၊ နှစ်ဖက်ညှိနှိုင်းရရှိသည့် သဘောထားများကို သဘောထားစုစည်းချက်အဖြစ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား - နေ့စဉ်ထုတ်သတင်းစာ

မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ် သဘောတူမှုရပြီဟု တရုတ်ဘက်က အသိပေးလာ

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က ယနေ့ ဇန်နဝါရီ (၂၀) ရက်တွင် သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။

တရုတ်၏ ကြားဝင်မှုဖြင့် နှစ်ဘက်တာဝန်ရှိသူများ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုကို ဒုတိယအကြိမ်အနေဖြင့် ဇန်နဝါရီ (၁၆)ရက်နှင့် (၁၇)ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုအရ တစ်နှစ်ကျော်ကြာ စစ်ရေးတင်းမာခဲ့သည့် မြန်မာ့တပ်မတော် နှင့် MNDAA တို့ အကြား တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီမှုသည် ဇန်နဝါရီ (၁၈) ရက်တွင် စတင်အသက်ဝင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် ရှမ်းမြောက်တိုက်ပွဲများအတွင်း MNDAA က လောက်ကိုင်နှင့် လားရှိုးအပါအဝင် ရှမ်းမြောက်ရှိ မြို့အချို့ကို ထိန်းချုပ်ထားပြီး နယ်မြေပိုင်းခြားမှုများနှင့်ပတ်သက်၍ မည်သည့် သဘောတူညီမှုများ ရယူခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်ထိ မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းကလည်း ပထမအကြိမ်ဆွေးနွေးမှုကို တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပင် ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှု မပြေလည်ခဲ့သည့်အတွက် တစ်လအကြာတွင် ဒုတိယအကြိမ်ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Source: Popular Myanmar

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1818

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၁၇-၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းမှာကြား ခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် “သဘာဝဘေးအန္တရာယ်” ဆိုသည့် စကားရပ်အားအဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင် ပါဝင်သောကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှလိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင်ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့ နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ် စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး အန္တရာယ် စိုးရိမ်ရသဖြင့် ခေတ္တနေရပ် စွန့်ခွာလာရသူများလည်းပါဝင်ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူများ အားလုံးသည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်းသိရသည်။ သို့ပါ၍ ယာယီ နေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံးပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post