လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု RT သတင်းဌာနမှ ဖော်ပြထားသည်။

နိုဝင်ဘာ ၂၃ ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် Lotarevka ရွာအနီးရှိ S-400 လေယာဉ်ပစ်ဒုံးကျည်ဌာနခွဲ ကို ATACMS ဒုံးကျည် ၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒုံးကျည် ၅ စင်းအနက် ၃ စင်း ပျက်စီးခဲ့ပြီး ၂ စင်း သည် ပစ်မှတ်သို့ ရောက်ရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ Vostochny လေယာဉ်ကွင်းကို ATACMS ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်ခုနစ်စင်းမှာ ပစ်ချခံခဲ့ ရပြီး တစ်စင်းမှာ ပစ်မှတ်သို့ထိမှန်ခဲ့ကြောင်း၊ ဒုံးကျည် အပိုင်းအစများပြုတ်ကျမှုကြောင့် ရုရှားတပ်မတော်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါသည်။
Kursk ဒေသရှိ တိုက်ခိုက်ခဲ့သည့်နေရာများကို စစ်တမ်း ကောက်ယူမှုအတွင်း ယူကရိန်း စစ်သွေးကြွများက အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
Kursk ဒေသတွင် ATACMS ဒုံးကျည်များဖြင့် တိုက်ခိုက် ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း နိုင်ငံအပေါ် လက်တုံ့ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ကိုးကား - RT သတင်းဌာန

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်၍ မေးမြန်း ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Maria Zakharova ပြောကြားခဲ့ပါသည်။
မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Wilkes Edward သည် ထောက်လှမ်းရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကိုးကား- ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြုထားကြောင်း၊ ၎င်းတို့တွင် အမေရိကန် ပြည်ထောင်စု၏ Tomahawks ပဲ့ထိန်းဒုံးကျည် အပါ အဝင် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ မှ ကီလိုမီတာ ၅,၅၀၀အထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များပါဝင် ကြောင်း၊ အဆိုပါဒုံးကျည်များသည် ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အတွင်းပိုင်းနေရာများကို တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။
ကိုးကား - ယူကရိန်းပါလီမန်အဖွဲ့ဝင်၏ပြောကြားချက်

နိုဝင်ဘာလ ၁၈ ရက်
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄)ဖြစ်ကြောင်း UEC ကကြေညာလိုက်သည်။
Source- Myanmar National Post

၁၄.၁၁.၂ဝ၂၄
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရလို့ ဒေသနေ ပြည်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ရခိုင့်လက်နက်ကိုင် AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကို ဖော်ဆောင်နေပြီး ပြည်နယ်တစ်ခုလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ကြီးထွားနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေဟာလည်း ယနေ့အထိပြန်လည်ကောင်းမွန်လာခြင်းမျိုးမရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“အင်တာနက်နဲ့ ဖုန်းလိုင်းတွေက ဒီနေ့အထိ မရဘူးလေ။ ဖုန်းလိုင်းကတော့ တစ်ခါတလေရတယ်။ ဒါတောင် မိတစ်ချက်၊ မမိတစ်ချက်ပါပဲ။ အင်တာနက်လိုင်းကတော့ လုံးလုံးမရဘူး။ စစ်တွေလို မြို့ကြီးပေါ်မှာတောင် ဖုန်းလိုင်းက မမိပါဘူး။နယ်ဘက်တွေ အဝေးဘက်တွေဆို ပိုဆိုးပါတယ်။ ဘာအဆက်အသွယ်မှလုပ်လို့မရပါဘူး”လို့ အမည်မဖော်လိုသူ စစ်တွေမြို့ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဟုဆိုကာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ မြို့သိမ်း တိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်နေသလို ဒီနေ့အထိ ချင်းနဲ့ ရခိုင်ပြည်နယ်က မြို့(၁၁)မြို့နဲ့ အဲ့ဒီမြို့တွေက တပ်စခန်းတွေ သိမ်းယူခဲ့တဲ့အပြင် နပခ တပ်စခန်း ၈ ခုကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်လက်နက်ကိုင်အဖွဲ့ AA က ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
သို့သော်လည်း ဒီလိုနယ်မြေဒေသမတည်ငြိမ် မအေးချမ်းမှုပြည်တွင်းစစ်ပွဲတွေရဲ့စစ်ဘေး၊ စစ်ဒဏ်နဲ့ အတိဒုက္ခတွေကို ပြည်သူတွေကသာ ခါးစည်းခံနေရကြတာဖြစ်ပါတယ်။
စစ်ရေးအရ အသာစီးရပြီး နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ဒါတွေက ခေတ္တခဏသာဖြစ်ပြီး တရားဝင်နယ်မြေခွဲဝေအုပ်ချုပ်မှုတွေမဟုတ်တဲ့အတွက် ဒီလိုစစ်ရေးအရသိမ်းယူထားတဲ့နယ်မြေတွေကို ရေရှည်မှာထိန်းချုပ်ဖို့ခက်နိုင်တယ်လို့လည်း ပြည်တွင်းရှိ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကိုပြောပါတယ်။
“အခုက သူတို့က စစ်ရေးအရ အသာရတဲ့သဘောပဲရှိတယ်လေ။ ဒါတွေကိုရေရှည်မှာ ဘယ်လိုထိန်းချုပ်မလဲ။ မြို့တစ်ခုအတွက် ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဒါတွေကို ဘယ်လိုလုပ်မလဲ။ သိရသလောက်ဒါတွေကိုလုပ်ဖို့အတွက် AA မှာ ဘတ်ဂျက်အလုံအလောက်မရှိဘူး။ နောက်ကျန်းမာရေးစနစ်တွေ ပညာရေးစနစ်တွေ ဒေသခံတွေရဲ့ လူမှု့စီးပွားဘဝတွေ နောက်ဆုံးဆက်သွယ်ရေးအပိုင်းကအစ ဒါတွေကိုပေါ့လေ၊ သူတို့ ဘယ်လိုလုပ်မလဲ။ ဒီလိုအပိုင်းတွေအများကြီးရှိတယ်။ အခုစစ်ရေးအရအသာစီးရလို့သာ သိမ်းထားတယ်။ ပြီးရင်ပြန်ပေးရမှာပဲလေ။ တပ်က ဒါတွေကိုပြန်တိုက်ယူမှာပဲ။ အဲ့တော့ ဒါတွေက ရေရှည်မှာ ထိန်းချုပ်ဖို့ဆိုတာ အုပ်ချုပ်ဖို့ဆိုတာ AA အတွက်မလွယ်ပါဘူး။ အတော်ခက်ပါတယ်”လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာ ယနေ့အထိ လုံးလုံးမရဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရှိရပါတယ်။
“စစ်ကိုင်းဘက်တွေလည်း အတူတူပဲလေ။ ရခိုင်ဘက်တွေလိုပဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရဘူး။ တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေအားလုံးက တူတူပါပဲ။ ဆက်သွယ်ရေးလိုင်းတွေရဖို့ဆိုတာက အင်မတန်ခက်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာနေထိုင်သူတစ်ဦးက MT News ကို ဆက်လက်ပြောပြပါတယ်။
Source- Myanmar Transparency News

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သော အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးရန် လက်ရှိမြန်မာအစိုးရကို အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့က တောင်းဆိုလိုက်သည်။
အင်ဒိုနီးရှားသမ္မတသစ် ဆူဘီယန်တိုနှင့် မကြာခင် တာဝန်ပြီးဆုံးမည့် အမေရိကန်သမ္မတဘိုင်ဒန်တို့ နိုဝင်ဘာ ၁၂ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံသဘောတူကြေညာချက်ထုတ်ပြန်မှုအတွင်း အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့၏ နှစ်ဦးသဘောတူတောင်းဆိုချက်ကို အိမ်ဖြူတော်က ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် ဘိုင်ဒန်က မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့သလို အာဆီယံ၏ သဘောတူညီဆန္ဒငါးရပ်ကို အကောင်အထည်ဖော်မှုကိုလည်း အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ဆောင်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
ထို့အပြင် အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သလို ပဋိပက္ခတွင် ပါဝင်နေသူအားလုံးအနေဖြင့် အရပ်သားများအပေါ် ကျူးလွန်မှုများ အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်ရန်နှင့် အရပ်သားများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအတွက် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်လည်း အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့က နှစ်ဦးသဘောညီစွာ တိုက်တွန်းတောင်းဆိုခဲ့သည်။
Source: https://www.mtnewstoday.com/?p=81611

နိုဝင်ဘာ ၁၄
မြန်မာ့စစ်ထောက်လှမ်းရေးအဖွဲ့ MI (Military Intelligence) ကို ပြန်လည်ဖွဲ့စည်းတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်းနှင့် ထောက်လှမ်းရေးအရာရှိဟောင်းများကလည်း ပြန်လည်ပါဝင် ဖွယ်မရှိကြောင်း အရာရှိဟောင်းအချို့က ထုတ်ဖော်ပြောကြားသည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်သိန်းဆွေ ဦးဆောင်သောအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်ဖြစ်စဉ်များအတွင်း MI နှင့်ပတ်သက်သောသတင်းများ ဆက်တိုက်ထွက် ပေါ်လာခြင်းဖြစ်ပြီး ထောက်လှမ်းရေးဟောင်းများအသိုင်းအဝိုင်းတွင် ကျယ်လောင်လာခဲ့သည်ဟု ကြားသိရသည်။ ‘‘ ပြန်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။ အခုအချိန်အထိ ကျွန်တော်တို့အသိုင်းအဝိုင်းမှာ ဆွေးနွေးတာမရှိသလို ပြန်ခေါ်လည်း လုပ်ကြမှာ မဟုတ်ဘူး။ ပြီးတော့ အသစ်နဲ့အဟောင်း။ မတူတာတွေအများကြီးဗျ။ ပြန်ဖွဲ့မယ်ဆိုရင် ကျွန်တော်မပါတောင် မသိရ ဘဲဖြစ်တာမရှိပါဘူးဗျာ။ တစ်ခုရှိတာက ထောက်လှမ်း ရေးသက်တမ်းက နှစ်(၂၀)။ (၂၀ဝ၄)မှာ ထောက် လှမ်းရေးကို ဖျက်တယ်။ အခု (၂၀၂၄)။ (၁၉၈၃) တုန်းကလည်း (၂၀ဝ၃) အကုန် (၂၀ဝ၄)မှာ ဒါမျိုးရှိခဲ့ ဖူးတယ်။ နှစ်(၂၀) သက်တမ်း ပေါ့ဗျာ။ ထောက်လှမ်း ရေးဆိုတာက အောင်မြင်လေလေ အကုသိုလ်ကြီးလေ လေပဲ။ သူများကိုဖမ်းရတာကိုးဗျ”ဟု ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက NP News ကို ပြောသည်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေး MI (ကကလှမ်း)ကို (၂၀ဝ၄)ခုနှစ်တွင် အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးနောက် ယင်းနေရာတွင် တပ်မတော် စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ဖြင့် ပြန်လည်အစားထိုးခဲ့သည်။ အဆိုပါအဖွဲ့ကို လက်ရှိ ယာယီသမ္မတ တာဝန်ထမ်း ဆောင်နေသူ ဦးမြင့်ဆွေ(ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)က ဌာနကြီး (၆)ခုဖြင့် ဦးဆောင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်တာဝန်ယူနေ သည်။ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သည့် MI သည် (၁၉၈၈)အရေးအခင်းအပါအဝင် နိုင်ငံတော်၏အရေးကြီးသောကိစ္စရပ်များစွာကို ဖြေရှင်းပေးနိုင်ခဲ့သည့်အပြင် တန်ခိုး ဩဇာကြီးထွားလာသော အဖွဲ့အစည်းအဖြစ်လည်း နိုင်ငံရေးအသိုင်း အဝိုင်းတွင် အမည်ထွက်ခဲ့သည်။ လက်ရှိကာလ တွင်မူ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီးလှမင်းတို့၏ တရုတ်ခရီးစဉ်ကိုအကြောင်းပြု၍ နှပ်ကြောင်းပေးသံ များထွက်ပေါ်ခဲ့ခြင်းမျိုးသာဖြစ်နိုင်ပြီး ၎င်းတို့၏ခေါင်း ဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့်ထံသို့ MI ပြန်ဖွဲ့ မည်ဆိုသော ကောလာဟလသတင်းများ မရောက်သည့်အပြင် မည်သည့်သဘောထားမှတ်ချက် မှမထွက်သေးကြောင်း ကြားသိရသည်။ ‘‘ထောက် လှမ်းရေးအရာရှိဟောင်းတွေကို (အဘ)ကမှာထား တာရှိတယ်။ နိုင်ငံ့အရေးတွေမှာ ကူညီဖို့ပဲ။ တပ်မ တော်ကို မဝေဖန်နဲ့။ တိုင်းရင်းသားကိစ္စကို မဝေဖန်နဲ့။ ဘာသာရေးကိစ္စကို မဝေဖန်နဲ့။ တိုင်းပြည် ပျက်ရာပျက်ကြောင်း မလုပ်ကြနဲ့။ ပရဟိတကိုတော့ မင်းတို့ လုပ်ချင်သလောက် အစွမ်းကုန်လုပ်။ လာကန်တော့ သူတိုင်းကို ဒါပဲမှာတယ်”ဟု ထောက်လှမ်းရေးဖျက် သိမ်းခံရမည့်ကာလနှင့် အကျဉ်းထောင်မှ ပြန်လွတ် လာသည့် ကာလများ အတွင်းကမှာကြားချက်အကြောင်းကို ၎င်းက ပြန်လည်ဖွင့်ဟသည်။ ပြည်ပြေး သတင်းဌာနအချို့ကမူ စစ်ထောက်လှမ်း ရေးဟောင်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကူအညီတောင်းခံ၍ ပြန်လည်အသုံးပြုနေရပြီဟုဖော်ပြ နေကြပြီး စစ်ထောက်လှမ်းရေးများ ပြန်လည်ပါဝင်လာမည်ကို စိုးရိမ်နေကြဟန်ရှိသည်။ ‘‘အောင်ဇော် (ဧရာဝတီ သတင်းဌာန)က ထောက်လှမ်းရေးအကြောင်း ဘာနားလည်မှာမို့လို့လဲဗျာ။ ဒီလိုပေါက်တတ်ကရ ပြောနေမှ ထမင်းစား ရမယ့်ကောင်ဆိုတော့ ပြောချင်တာ လျှောက်ပြောနေမှာပဲ”ဟု MI ကိစ္စနှင့်ဆက်စပ်၍ ၎င်းကပြောသည်။
ထောက်လှမ်း ရေးအရာရှိဟောင်းများက တပ်မတော်အတွက် ဝိုင်းဝန်းကူညီမှုများရှိနေ ပင်လျှင် တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းသာ ကူညီကြ ခြင်းမျိုးဖြစ်ပြီး ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံး၏ ဦးဆောင်ပါဝင်မှုမျိုးမဟုတ်ကြောင်းလည်း ဆိုသည်။ အခြားတစ်ဖက်တွင်မူ လူထုကြားတွင် တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော ထောက်လှမ်းရေးကွန်ရက် မျိုးကို ယခုခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖွဲ့စည်း ထားသင့်သည်ဟု ပြောစမှတ်ရှိနေသည်။ နီးနီးစပ်စပ် အဖြစ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မင်းသူ ဦးဆောင်သော အဖွဲ့တစ်ခုလည်း (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ဖူးပြီး ယင်းအဖွဲ့သည် သိုသိပ်လွန်းနေကြောင်းလည်း တွေ့ရသည်။ ‘‘ကျွန်တော် တို့တုန်းက တပ်မတော်ပါတယ်။ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လဝက၊ အကောက်ခွန်ဘက်က အကုန်ပါတယ်။ ဒါပေမဲ့ ဒါက ပြီးသွားပါပြီ။ ဘယ်သူမှပြန်ဖွဲ့ဖို့ စိတ်မဝင်စားကြတော့ ပါဘူး”ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။
Source- NP News

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီအတွက် ထုတ်ပေးလျက်ရှိသည့် UID (Unique Identification Number)များကို နံပါတ်အတုများ အသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

UID နံပါတ်သည် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို အခြေခံထားသည့် ဂဏန်း ၁၀ လုံးပါ သီးသန့်နံပါတ်ဖြစ်ပြီး၊ လက်ရှိတွင် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများနှင့် Mobile Team များမှ အခမဲ့ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။
သို့သော် အချို့ပြည်သူများသည် ကြားပွဲစားများမှတစ်ဆင့် UID နံပါတ်အတုများ ရယူအသုံးပြုနေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် UID နံပါတ်ရယူလိုသူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ UID နံပါတ်အတုများ အသုံးပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ထို့ပြင် UID နံပါတ်ရယူရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
Source- Popular Journal

နေပြည်တော်၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရလမ်းပေါ်၌ ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲတွင် ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရ လမ်းပေါ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးခြောက်လှန့်ပစ်ခတ်၍ လိုက်လံဖမ်းဆီးခဲ့ရာအသက်(၆၀)နှစ်ခန့်အမျိုးသားတစ်ဦး(စိစစ်ဆဲ)နှင့် အသက်(၃၀)နှစ်ခန့်အမျိုးသားတစ်ဦး(စိစစ်ဆဲ)တို့အားကျည်ထိမှန်ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးထံမှ MG-1 လက်ပစ် ဗုံး ၁ လုံး၊ လေးခွ ၁ လက်နှင့် လောက်စာလုံး ၁၅ လုံးတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဒဏ်ရာရရှိသူနှစ်ဦးအား ဆေးကုသပေးနိုင်ရေး ရွှေဘို ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Source- People Media

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့များစေလွှတ်ရန် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြင်သစ်သတင်းစာ Le Mondeကဖော်ပြခဲ့ပါသည်။

အဆိုပါ ဆွေးနွေးမှုများသည် ထရန့်၏ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် ဆွေးနွေးပွဲများ အရှိန်ရလာပြီး၊ အနောက်နိုင်ငံမှ စစ်သားများအား ယူကရိန်းနိုင်ငံအတွင်း သို့စေလွှတ်ခြင်းနှင့်ပတ်သက်၍ အခြေအတင်ဆွေးနွေးမှု များပြန်လည်အသက်ဝင်လာပြီး ပုဂ္ဂလိကကာကွယ်ရေး ကန်ထရိုက်တာများ သို့မဟုတ် ပုံမှန်စစ်တပ်တပ်ဖွဲ့များအသွင်ဖြင့် ယူကရိန်းနိုင်ငံတွင်းသို့ စေလွှတ်လာနိုင်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ Le Monde က အစီရင်ခံ ဖော်ပြခဲ့ပါသည်။
ကိုးကား - ပြင်သစ်သတင်းစာ Le Monde