ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍မေးမြန်း

News Image

  • ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍မေးမြန်း

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်၍ မေးမြန်း ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Maria Zakharova ပြောကြားခဲ့ပါသည်။

မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Wilkes Edward သည် ထောက်လှမ်းရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း  ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကိုးကား- ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန